Saturday, 7 April 2018

ဟလင္းရဲ႕ နန္းေတာ္ၾကီး ဘယ္လိုပ်က္ဆီးခဲ႔သလဲ

(Zawgyi)
ဟလင္းနန္းေတာ္ၾကီး ဘယ္လိုပ်က္ဆီးခဲ႔သလဲ ဘယ္သူဖ်က္ဆီးတာခံခဲ႔ရတာလဲ အျပင္ကရန္သူလား အတြင္းက အနီးကပ္ရန္ပဲလား ဒါမွမဟုတ္ ေနရာသစ္ကို သြားဖို႔ စြန္႔ခြာသြားခဲ႔ၾကလား တကယ္႔ကို သိခ်င္စရာေကာင္းတဲ႔ ပုစာၦေတြပဲ ျဖစ္ပါတယ္ 
ဒီလိုပုစာၦမ်ိဳးကို ေျဖဖို႔ဆိုရင္ ျမန္မာ႔မွတ္တမ္း၊ နွဳတ္ေျပာရာဇဝင္နဲ႔ နိုင္ငံရပ္ျခားက မွတ္တမ္းေတြ( written evidence ) ထံက လိုက္ရွာေနတာမ်ိဳးထက္ ဟလင္းက လက္ရွိၾကြင္းက်န္ေနဆဲျဖစ္တဲ႔ နန္းေတာ္ရာကုန္းကို တူးေဖာ္ၾကည္႔ျပီး အေျဖထုတ္နိုင္ရင္ အခိုင္လံုဆံုးပဲ ျဖစ္ပါလိမ္႔မယ္
ဟလင္းကြင္းဆင္းခရီးဟာ ပိုျပီး နက္နဲလာခဲ႔ပါတယ္ တည္းခိုေဆာင္ကေန သြားရတဲ႔ ခရီးဟာ ပိုပိုေဝးလာျပီး ေတာင္ဘက္ ျမိဳ႕ရိုး အေရွ႕ဘက္ ေထာင္႔တဝိုက္က ကုန္းမ်ားကို ဒုတိယရက္တြင္ ကုန္စင္ေအာင္ ေလ႔လာခဲ႔ျပီး တတိယရက္ နံနက္ေစာေစာခ်ိန္မွာ ေတာင္ဘက္ျမိဳ႕ရိုးရဲ႕ အလယ္ဘက္ အက်ဆံုး ျမိဳ႕ဝင္ေပါက္ကို HL-31 ကိုျဖတ္သန္းကာ ျမိဳ႕ရိုးၾကီးရဲ႕ တဘက္ပိုင္း ျမိဳ႕ေဟာင္းရာထဲကို လံုးလံုးလ်ားလ်ား ေျခခ်ခြင္႔ရခဲ႔ပါျပီ
နန္းေတာ္ရာေလ႔လာေရးခရီးစဥ္ ကဲ့သို႔ ပ်ဴတိုရဲ႔ လူေနမႈကို တတိယ စတုတၳနဲ႔ ပဥၥမ ေလးရက္တိုက္ေလ႔လာေရးရလာဒ္မ်ားဟာ စာေရးသူတို႔ ေရွးေဟာင္းသုေတသန သမားမ်ားအတြက္ သစ္လြင္ေတာက္ပလြန္းခဲ႔ပါတယ္ ပံုနွိပ္ မီဒီယာမ်ားတြင္ ေဖာ္ျပျခင္း မရွိေသးတဲ႔ တူးေဖာ္မႈမ်ားကို လက္ေတြ႕ ဦးေဆာင္တူးေဖာ္ခဲ႔သူကိုယ္တိုင္ ရွင္းလင္းျပသေပးခဲ႔တာေၾကာင္႔ ေတာ္ေတာ္တြက္ေျခကိုက္ခဲ႔တဲအျပင္ ပညာေရးဝမ္းစာ ေတာ္ေတာ္ျပည္႔ဝခဲ႔ပါတယ္
ကြင္းဆင္းဖို႔အျပင္ ထပ္ေပးတဲ႔ မစ္ရွင္တစ္ခုက အိုးျခမ္းကြဲ ငါးစကို ေနရာမွတ္သားျပီး ေကာက္ယူဖို႔ပါ အိုးျခမ္းမ်ားကိုလည္း အိုးရဲ႕ အထင္ကရ အစိတ္အပိုင္းမ်ားပါေအာင္ ေကာက္လာဖို႔လဲ မွာၾကားတာေၾကာင္႔ စာေရးသူတို႔ ေက်ာင္းသားတစ္စု ေခါင္းေတြ ညြတ္ျပီး တစ္လမ္းလံုး မ်က္စိေဒါင္းေတာက္ေအာင္ ရွာၾကရပါတယ္ ရွာရင္းေလွ်ာက္ရင္းနဲ႔ ကုန္းအမွတ္ ၃၉ နန္းေတာ္ရာ၏ အရံအတား ဂိတ္ဆီသို႔ ေရာက္ခဲ႔ပါတယ္ နန္းေတာ္ရာကို နံရံကုန္းရဲ႕ ဝင္ေပါက္ျဖစ္တဲ႔ ထိုေနရာမွာ စစ္မက္ေရးရာ ၾကံဳေတြ႔ခဲ႔ရတဲ႔ လကၡဏာေတြ ေတြ႕ရပါတယ္ ဒီအရံအတား နံရံၾကီးကို မနွစ္က ခ်ဲ႕ျပီး တူးေဖာ္ျဖစ္ခဲ႔တာမို႔ နံရံေလးဘက္ေလးတန္စလံုး ဖမ္းမိထားပါျပီ စာေရးသူတို႔ရဲ႕ ဦးစီးၾကီး ေဒါက္တာဂ်ံဳးကိုယ္တိုင္ တူးေဖာ္ထားတဲ႔ ကုန္းအမွတ္ ၄၁ဟာ နန္းေတာ္နံရံၾကီး တိတိပပ ခ်ိဳးေကြ႔သြားတဲ႔ ေဒါင္႔ခ်ိဳးကို မိမိရရ ဖမ္းလိုက္နိုင္ပါတယ္ ထို႔ေၾကာင္႔ ယခင္က တူးခဲ႔ေပမဲ႔ ယခုေျမျပန္ဖို႔ျပီး ထိမ္းသိမ္းထားတဲ႔ HL -1,2,6, 7 တို႕ရဲ႕ ပံုစံက တဆင္႔နန္းေတာ္ၾကီးကို ေထာင္႔မွန္စတုပံုစံလို႔ သတ္မွတ္ထားေပမဲ႔ HL 36, 39, 42, 43 တို႔ရဲ႕ အခင္းအက်င္း မ်ားဟာ ဟလင္းတို႔ရဲ႕ နန္းေတာ္ၾကီးကို စတုရန္းပံုစံစင္စစ္ ျဖစ္ေနတယ္ ဆိုတာကို ေဖာ္ျပနိုင္ခဲ႔ပါတယ္ ေျမျပန္ဖို႔ျပီး ထိမ္းသိမ္းထားတဲ႔ HL -1,2,6, 7ကို ဝိုင္းပတ္ျပီး တည္ရွိေနတဲ႔ နန္းေတာ္ရာ အသစ္ကို စာေရးသူတို႕ရဲ႕ ဦးစီးမွဴးၾကီး ေဒါက္တာဂ်ံဳး ကိုယ္တိုင္တူးေဖာ္ကာ ေဖာ္ထုတ္နိုင္ခဲ႔ပါတယ္ အုတ္ရိုးတန္းကိို ရိုးရိုးတူးတာ မဟုတ္ပဲ ေထာင္႔ခ်ိဳးေနရာမ်ားကို ထိထိမိမိ တူးခဲ႔တဲ႔ နည္းပညာသစ္က အခ်ိန္နဲ႔ စားရိတ္ကို မ်ားစြာ ေခၽြတာနိုင္ကာ အျမင္သစ္ကို တင္ျပနိုင္ခဲ႔ပါတယ္ HL- 39 ေနရာကေတာ႔ နန္းေတာ္ဝင္ေပါက္ျဖစ္ျပီး ထူးျခားတဲ႔ ဝိေသသ လကၡဏာမ်ားနဲ႔ ဟလင္းရဲ႕ ကံၾကမၼာကို ေဖာ္ျပေနပါတယ္
ျမိဳ႕ဝင္ေပါက္ၾကီး နီးပါး ထုထည္ၾကီးမားခိုင္ခံ႔တဲ႔ နန္းေတာ္အဝင္ၾကီးတြင္ ေရွ႕ကျဖတ္ပိတ္ထားတဲ႔ သဲေက်ာက္တံုး ၾကီးတစ္ခု ေျမေပၚကို ေမွာက္ရက္က်ေနတဲ႔ အပိုင္းမွာ ကနုတ္ပန္းတို႔ ျခယ္သလ်က္ရွိတာကို အနီးကပ္ၾကည္႔ရင္ ျမင္နိုင္ျပီး နန္းဝရဲ႕ မုခ္ဦးေနရာက ျပဳတ္က်ထားတယ္လို႔ ယူဆနိုင္ပါတယ္ ထိုေနရာရဲ႕ ထူးျခားခ်က္မွာ နန္းေတာ္ ဝင္ေပါက္ေဘးက အုတ္နံရံမ်ားဟာ ေအာက္ဘက္မွာ ညီညီညာညာ စီစဥ္တက် စီထားေပမဲ႔ အထက္ပိုင္းမွာ အုတ္စီပံု ကေမာက္ကမနဲ႔ ဗရမ္းဗတာ အစီအရင္ေတြ ရွိေနတာေၾကာင္႔ အေရးေပၚ ဝင္ေပါက္ ပိတ္ပစ္ရတဲ႔ လကၡ ဏာလားစဥ္းစားခ်င္စဖြယ္ျဖစ္ေနတာကို နန္းေတာ္ဝင္ေပါက္အလယ္တည္႔တည္႔မွာ ေတြ႔ရတဲ႔ လူလက္ဆုပ္တစ္နိုင္ ပစ္နိုင္တဲ႔ ေက်ာက္တံုးပံုၾကီးက အားျဖည္႔ေပးထားပါတယ္ နန္းေတာ္ထဲက လူေတြဟာ ေက်ာက္တံုးေတြနဲ႔ ဦးစြာခုခံခဲ႔ေသာ္လည္း ေနာက္ဆံုးမွာ ေက်ာက္တံုးေတြနဲ႔ စုပံုပိတ္ဆို႔ထားတယ္လို႔ စဥ္းစားၾကည္႔ပါမယ္
နန္းေတာ္ရဲ႕ ကံၾကမၼာဆိုးကို သူနဲ႔ အနီးဆံုးေနရာက ျမိဳ႕ဝင္ေပါက္ သံုးခုရဲ႕ အေနအထားက ေထာက္ခံပါတယ္ ျမိဳ႕ဝင္ေပါက္ၾကီးနဲ႔ တြဲဆက္လ်က္ ရွိတဲ႔ အခန္းငယ္ေလးေတြ ထဲတြင္ လူတစ္နိုင္ပစ္နိုင္တဲ႔ ေက်ာက္တံုးမ်ားကို သိုေလွာင္ထားပံု ေတြ႕ရပါတယ္ အခန္းငယ္မ်ားရဲ႕ မပီျပင္တဲ႔ အသြင္သ႑ာန္ေၾကာင္႔ သာမန္လူ မသိနိုင္ေပမဲ႔ ကၽြမ္းက်င္ပညာရွင္မ်ားကို နွိဳင္းယွဥ္ေလ႔လာခ်က္မ်ားေၾကာင္႔ ေကာင္းေကာင္းပံုေဖာ္နိုင္ပါတယ္ ထို႔ျပင္ ေက်ာက္တံုးပံုၾကီးမ်ား ျမိဳ႕ဂိတ္ၾကီးတစ္ေလွ်ာက္ ျပန္႔က်ဲေနတဲ႔ ေက်ာက္တံုးၾကီးမ်ားကလဲ သက္ေသခံပါတယ္ ဟလင္းပ်ဴတို႔ရဲ႕ ကာကြယ္ေရးလက္နက္ဟာ ေက်ာက္တံုးေက်ာက္ခဲမ်ား ျမွား လွံနဲ႔ ဓါးတို႔ျဖစ္ျပီး ျမိဳ႕ရိုး ျမိဳ႕ဝင္ေပါက္တို႔ကလည္း ေနာက္ဆံုးခံစစ္သဖြယ္ ကာကြယ္ေရး ျပဳလုပ္ထားပါတယ္
ေနာက္တခ်က္က ေရဒီယို ကာဗြန္ ဒိတ္တင္စမ္းသပ္ခ်က္အရ ျမိဳ႕ဝင္ေပါက္အားလံုးဟာ မီးေလာင္ျပီး ပ်က္ဆီိးခဲ႔ ေၾကာင္းသိရတာေၾကာင္႔ ဟန္လင္းဟာ စစ္မက္အေရးနဲ႔ ၾကံဳေတြ႕ဖူးပါတယ္လို႔ ေျပာနိုင္ပါတယ္ ျပီးေတာ႔ ဆိုဒ္တိုင္းလိုလို မီးေလာင္ခံရျခင္းကို ေျခရာခံမိေတာ႔ မီးေဘးကပ္ဆိုးဟာ ဟလင္္းပ်ဴတို႔ကို ေကာင္းေကာင္းၾကီး ဒုကၡေပးခဲ႔တယ္လို႔ ေျပာနိုင္ပါတယ္ ျမိဳ႕တံခါးအခ်ိဳ႕နဲ႔ နန္းေတာ္ဝင္ေပါက္ အားလံုးဟာ ၇ရာစုတြင္ အခ်ိဳ႕ကုန္းနဲ႔နန္းေတာ္ပိုင္းေနရာမ်ားတြင္ ၂ရာစု မီးေလာင္ဒိတ္တင္း ရလာဒ္ရခဲ႔တာေၾကာင္႔ မီးေၾကာင္႔လံုးလံုးလ်ားလ်ား ပ်က္ဆီးသြားခဲ႔တဲ႔ အျဖစ္ဆိုးက ၂ရာစုတြင္ၾကံဳခဲ႔တဲ႔ မီးေဘးမွ တဖန္ျပန္ထလာခဲ႔ျပီး ၇ရာစုက ၾကီးမားတဲ႔ မီးေဘးကို ေက်ာ္လႊားဖို႔ ျပင္ဆင္ေနတုန္း အေၾကာင္း တစံုတရာေၾကာင္႔ ဟလင္းပ်ဴတို႔ ျမိဳ႕ကို စြန္႔ခြာသြားခဲ႔ဟန္ရွိပါတယ္
ကုန္းအမွတ္ ၃၉ရဲ႕ ဝိေသသ လကၡဏာမ်ားအရ နန္းေတာ္ထဲမွာေနျပီး ေနာက္ဆံုးခုခံခဲ႔တဲ႔ ဟလင္းပ်ဴတို႔ဟာ ၇ရာစုတြင္ အေတာ္လံုးပါးပါးခဲ႔ျပီး ျမိဳ႕ကိုစြန္႕ခြာသြား၍လည္းေကာင္း ေခ်မွဳန္းခံရျခင္းေၾကာင္႔လည္းေကာင္း အင္အားေလ်ာ႔နည္းေနျပီး ၉ရာစုတြင္ ၎တို႔၏ ျမိဳ႕ေတာ္ၾကီးဟာ လံုးဝဆိတ္သုန္းသြားခဲ႔ပါတယ္
ေျမာက္ဘက္ျမိဳ႕ရိုးတြင္ ဟလင္းပ်ဴတို႔ရဲ႕ ကာကြယ္ေရးစနစ္ကို အားျဖည္႔ေပးတဲ႔ အခ်က္အလက္မ်ားစြာ ေတြ႕ရပါတယ္ ေျမာက္ဘက္ျမိဳ႕ရိုးေနရာဟာ မိုးတြင္းကာလ ေတာင္ေစာင္းက စီးက်လာတဲ႔ ေရမ်ားကို သိုေလွာင္ရာ ထုထည္ေကာင္းေကာင္း အနားကြပ္ထားတဲ႔ ေရေလွာင္ကန္ရွိတဲ႔ ဟလင္းျမိဳ႕ေဟာင္းရဲ႕ အျမင္႔ဆံုး အပိုင္းပါ ေရကိုဖမ္းတုပ္ထားတဲ႔ ေရထိမ္းနံရံရဲ႕ ခိုင္မာမႈက ဟလင္းပ်ဴတို႔ရဲ႕ ဖန္တီးမႈ စြမ္းအားကို ျပသေနပါတယ္ ထူးျခားခ်က္မွာ နန္းေတာ္ရာျပီးလွ်င္ ၾကီးမားေသာ လူေနဆိုဒ္ၾကီးတစ္ခုကို ေတြ႕ရတာပါပဲ ထိုကုန္း HL-27 သည္ ၾကီးမားလွသျဖင္႔ တူးေဖာ္ဖို႔ ခ်င္႔ခ်ိန္ရေသာ ကုန္းတစ္ခု ျဖစ္သည္ ထို႔ျပင္ ထိုဆိုဒ္နဲ႔ အလ်ားလိုက္ ျပင္ညီတန္းလ်က္ အကြာအေဝးညီမွ်ေသာ HL-23 HL-24 အေဆာက္အဦးငယ္နွစ္ခုတို႔ရဲ႕ ေနွာင္ဖြဲ႔မႈမ်ားသည္ ဘုရင္ျပီးလွ်င္ ၾသဇာရွိသူတစ္ဦးရဲ႕ အခင္းအက်င္းတစ္ခုအလား စဥ္းစားစရာျဖစ္ေၾကာင္း တာဝန္ရွိသူက ရွင္းျပပါသည္ ဟလင္းပ်ဴတို႔၏ ရန္သူသည္ ေျမာက္ဘက္အရပ္က လာခဲ႔ၾကသည္ ထိုအရပ္ကို တာဝန္ယူနိုင္ဖြယ္ရွိတဲ႔ စစ္ေရးအျမင္အျပည္႔နဲ႔ ပုဂိဳလ္ တစ္ဦးရဲ႕ အိမ္အေဆာင္အလား ခ်င္႔ခ်ိန္နိုင္စဖြယ္ရွိျပီး က်န္ အေဆာက္အဦးငယ္တို႔ရဲ႕ တြဲေတြ႕ပစၥည္းမ်ားအရ အေစာင္႔ဂိတ္တဲ သို႔တည္းမဟုတ္ လက္နက္သိုေလွာင္ရံု ဟု ယူဆၾကည္႔လွ်င္ မ်ားစြာဆီေလ်ာ္သည္ ထို႔ျပင္ အျခားျမိဳ႕ရိုးမ်ားနွင္႔ မတူထူးျခားခ်က္ အေနနဲ႔ watch tower ကင္းေမွ်ာ္စင္မ်ားကိုပါ ထည္႔သြင္းတည္ေဆာက္ ထားတာေၾကာင္႔ ေရကာတာ ေစာင္႔ၾကည္႔ေရးအျပင္ ရန္သူ ေထာက္လွမ္းေရးကိုပါ ပူးတြဲ က်င္႔သံုးထားသည္ ဟလင္းပ်ဴတို႔ရဲ႕ သတိၾကီးမႈက သူတို႔ရဲ႕ မတည္ျငိမ္ေသာ ျမိဳ႔ျပစနစ္ တစ္ခုကို လွစ္ဟျပေနသည္ ပ်ဴေတြဟာ ျမိဳ႕ရိုးစနစ္ကို အဆင္႔ျမွင္႔တင္ျခင္းဟာ မလံုျခံဳမႈကို ခံစားရ၍ ေကာင္းမြန္ခိုင္ခံ႔တဲ႔ ကာကြယ္ေရးစနစ္ကို တီထြင္ခဲ႔သည္ ပ်ဴတို႔ ဘယ္သူ႔ကိုမ်ား သတိထားသလဲဆိုတဲ႔အေျဖကို တြက္ထုတ္နိုင္ပါက ပ်ဴေတြေပ်ာက္သြားတဲ႔ အေၾကာင္းအရင္းကို ခိုင္ခိုင္မာမာရွာေတြ႕နိုင္မည္ ျဖစ္ပါသည္
ဒီလိုခန္႔မွန္းနိုင္ဖို႕အတြက္ ဟလင္းျမိဳ႕ေဟာင္းရဲ႕ ကုန္းမ်ားစြာကို တတိယေန႔ စတုတၳေန႔နဲ႔ ပဥၥမေန႔ သံုးရက္ ဆက္တိုက္ ေလ႔လာျပီးမွ ျပည္႔စံုပါတယ္ ဟလင္းသည္ ေထာင္႔မွန္စတုဂံပံုရွိ၍ ေတာင္နွင္႔ ေျမာက္ျမိဳ႕ရိုးနွစ္ခုသည္ တစ္မိုင္ေက်ာ္ခန္႕ရွည္လ်ား၍ အေရွ႕နဲ႔ အေနာက္ျမိဳ႕ရိုးတို႔မွာ နစ္မိုင္ေလာက္ ရွည္လ်ားပါတယ္ တူးေဖာ္ကြက္မ်ား နီးကပ္ရာ ေနရာဌာနမ်ားကို စုစည္းျပီးေလ႔လာပါတယ္ ဟလင္းကြင္းဆင္း ဇယားမွာ နံနက္ခင္းေတြ ကြင္းဆင္း၍ ေန႔လည္တြင္ စေကးကိုက္ပံုဆြဲျခင္း သင္ခန္းစာ သင္ၾကားရျပီး ညဘက္မွာ နံနက္ခင္းက သြား၍ စုေဆာင္းခဲ႔သမွ် အခ်က္အလက္မ်ားကို အုပ္စုလိုက္ ေဆြးေႏြးဖလွယ္ၾကရပါတယ္ လက္ေတြ႔ စာေတြ႕ ေပါင္းစပ္သင္ၾကားမႈေၾကာင္႔ အက်ိဳးမ်ားခဲ႔ေသာ ပညာရွာခရီးစဥ္တစ္ခု ျဖစ္ခဲ႔ပါေၾကာင္း
ေလးစားလ်က္
သွ်င္ေလညင္း

(Unicode)
ဟလင်းရဲ့ နန်းတော်ကြီး ဘယ်လိုပျက်ဆီးခဲ့သလဲ

ဟလင်းနန်းတော်ကြီး ဘယ်လိုပျက်ဆီးခဲ့သလဲ ဘယ်သူဖျက်ဆီးတာခံခဲ့ရတာလဲ အပြင်ကရန်သူလား အတွင်းက အနီးကပ်ရန်ပဲလား ဒါမှမဟုတ် နေရာသစ်ကို သွားဖို့ စွန့်ခွာသွားခဲ့ကြလား တကယ့်ကို သိချင်စရာကောင်းတဲ့ ပုစ္ဆာတွေပဲ ဖြစ်ပါတယ် 
ဒီလိုပုစ္ဆာမျိုးကို ဖြေဖို့ဆိုရင် မြန်မာ့မှတ်တမ်း၊ နှုတ်ပြောရာဇဝင်နဲ့ နိုင်ငံရပ်ခြားက မှတ်တမ်းတွေ( written evidence ) ထံက လိုက်ရှာနေတာမျိုးထက် ဟလင်းက လက်ရှိကြွင်းကျန်နေဆဲဖြစ်တဲ့ နန်းတော်ရာကုန်းကို တူးဖော်ကြည့်ပြီး အဖြေထုတ်နိုင်ရင် အခိုင်လုံဆုံးပဲ ဖြစ်ပါလိမ့်မယ်

ဟလင်းကွင်းဆင်းခရီးဟာ ပိုပြီး နက်နဲလာခဲ့ပါတယ် တည်းခိုဆောင်ကနေ သွားရတဲ့ ခရီးဟာ ပိုပိုဝေးလာပြီး တောင်ဘက် မြို့ရိုး အရှေ့ဘက် ထောင့်တဝိုက်က ကုန်းများကို ဒုတိယရက်တွင် ကုန်စင်အောင် လေ့လာခဲ့ပြီး တတိယရက် နံနက်စောစောချိန်မှာ တောင်ဘက်မြို့ရိုးရဲ့ အလယ်ဘက် အကျဆုံး မြို့ဝင်ပေါက်ကို HL-31 ကိုဖြတ်သန်းကာ မြို့ရိုးကြီးရဲ့ တဘက်ပိုင်း မြို့ဟောင်းရာထဲကို လုံးလုံးလျားလျား ခြေချခွင့်ရခဲ့ပါပြီ

နန်းတော်ရာလေ့လာရေးခရီးစဉ် ကဲ့သို့ ပျူတိုရဲ့ လူနေမှုကို တတိယ စတုတ္ထနဲ့ ပဥ္စမ လေးရက်တိုက်လေ့လာရေးရလာဒ်များဟာ စာရေးသူတို့ ရှေးဟောင်းသုတေသန သမားများအတွက် သစ်လွင်တောက်ပလွန်းခဲ့ပါတယ် ပုံနှိပ် မီဒီယာများတွင် ဖော်ပြခြင်း မရှိသေးတဲ့ တူးဖော်မှုများကို လက်တွေ့ ဦးဆောင်တူးဖော်ခဲ့သူကိုယ်တိုင် ရှင်းလင်းပြသပေးခဲ့တာကြောင့် တော်တော်တွက်ခြေကိုက်ခဲ့တဲအပြင် ပညာရေးဝမ်းစာ တော်တော်ပြည့်ဝခဲ့ပါတယ်

ကွင်းဆင်းဖို့အပြင် ထပ်ပေးတဲ့ မစ်ရှင်တစ်ခုက အိုးခြမ်းကွဲ ငါးစကို နေရာမှတ်သားပြီး ကောက်ယူဖို့ပါ အိုးခြမ်းများကိုလည်း အိုးရဲ့ အထင်ကရ အစိတ်အပိုင်းများပါအောင် ကောက်လာဖို့လဲ မှာကြားတာကြောင့် စာရေးသူတို့ ကျောင်းသားတစ်စု ခေါင်းတွေ ညွတ်ပြီး တစ်လမ်းလုံး မျက်စိဒေါင်းတောက်အောင် ရှာကြရပါတယ် ရှာရင်းလျှောက်ရင်းနဲ့ ကုန်းအမှတ် ၃၉ နန်းတော်ရာ၏ အရံအတား ဂိတ်ဆီသို့ ရောက်ခဲ့ပါတယ် နန်းတော်ရာကို နံရံကုန်းရဲ့ ဝင်ပေါက်ဖြစ်တဲ့ ထိုနေရာမှာ စစ်မက်ရေးရာ ကြုံတွေ့ခဲ့ရတဲ့ လက္ခဏာတွေ တွေ့ရပါတယ် ဒီအရံအတား နံရံကြီးကို မနှစ်က ချဲ့ပြီး တူးဖော်ဖြစ်ခဲ့တာမို့ နံရံလေးဘက်လေးတန်စလုံး ဖမ်းမိထားပါပြီ စာရေးသူတို့ရဲ့ ဦးစီးကြီး ဒေါက်တာဂျုံးကိုယ်တိုင် တူးဖော်ထားတဲ့ ကုန်းအမှတ် ၄၁ဟာ နန်းတော်နံရံကြီး တိတိပပ ချိုးကွေ့သွားတဲ့ ဒေါင့်ချိုးကို မိမိရရ ဖမ်းလိုက်နိုင်ပါတယ် ထို့ကြောင့် ယခင်က တူးခဲ့ပေမဲ့ ယခုမြေပြန်ဖို့ပြီး ထိမ်းသိမ်းထားတဲ့ HL -1,2,6, 7 တို့ရဲ့ ပုံစံက တဆင့်နန်းတော်ကြီးကို ထောင့်မှန်စတုပုံစံလို့ သတ်မှတ်ထားပေမဲ့ HL 36, 39, 42, 43 တို့ရဲ့ အခင်းအကျင်း များဟာ ဟလင်းတို့ရဲ့ နန်းတော်ကြီးကို စတုရန်းပုံစံစင်စစ် ဖြစ်နေတယ် ဆိုတာကို ဖော်ပြနိုင်ခဲ့ပါတယ် မြေပြန်ဖို့ပြီး ထိမ်းသိမ်းထားတဲ့ HL -1,2,6, 7ကို ဝိုင်းပတ်ပြီး တည်ရှိနေတဲ့ နန်းတော်ရာ အသစ်ကို စာရေးသူတို့ရဲ့ ဦးစီးမှူးကြီး ဒေါက်တာဂျုံး ကိုယ်တိုင်တူးဖော်ကာ ဖော်ထုတ်နိုင်ခဲ့ပါတယ် အုတ်ရိုးတန်းကိို ရိုးရိုးတူးတာ မဟုတ်ပဲ ထောင့်ချိုးနေရာများကို ထိထိမိမိ တူးခဲ့တဲ့ နည်းပညာသစ်က အချိန်နဲ့ စားရိတ်ကို များစွာ ချွေတာနိုင်ကာ အမြင်သစ်ကို တင်ပြနိုင်ခဲ့ပါတယ် HL- 39 နေရာကတော့ နန်းတော်ဝင်ပေါက်ဖြစ်ပြီး ထူးခြားတဲ့ ဝိသေသ လက္ခဏာများနဲ့ ဟလင်းရဲ့ ကံကြမ္မာကို ဖော်ပြနေပါတယ်

မြို့ဝင်ပေါက်ကြီး နီးပါး ထုထည်ကြီးမားခိုင်ခံ့တဲ့ နန်းတော်အဝင်ကြီးတွင် ရှေ့ကဖြတ်ပိတ်ထားတဲ့ သဲကျောက်တုံး ကြီးတစ်ခု မြေပေါ်ကို မှောက်ရက်ကျနေတဲ့ အပိုင်းမှာ ကနုတ်ပန်းတို့ ခြယ်သလျက်ရှိတာကို အနီးကပ်ကြည့်ရင် မြင်နိုင်ပြီး နန်းဝရဲ့ မုခ်ဦးနေရာက ပြုတ်ကျထားတယ်လို့ ယူဆနိုင်ပါတယ် ထိုနေရာရဲ့ ထူးခြားချက်မှာ နန်းတော် ဝင်ပေါက်ဘေးက အုတ်နံရံများဟာ အောက်ဘက်မှာ ညီညီညာညာ စီစဉ်တကျ စီထားပေမဲ့ အထက်ပိုင်းမှာ အုတ်စီပုံ ကမောက်ကမနဲ့ ဗရမ်းဗတာ အစီအရင်တွေ ရှိနေတာကြောင့် အရေးပေါ် ဝင်ပေါက် ပိတ်ပစ်ရတဲ့ လက္ခ ဏာလားစဉ်းစားချင်စဖွယ်ဖြစ်နေတာကို နန်းတော်ဝင်ပေါက်အလယ်တည့်တည့်မှာ တွေ့ရတဲ့ လူလက်ဆုပ်တစ်နိုင် ပစ်နိုင်တဲ့ ကျောက်တုံးပုံကြီးက အားဖြည့်ပေးထားပါတယ် နန်းတော်ထဲက လူတွေဟာ ကျောက်တုံးတွေနဲ့ ဦးစွာခုခံခဲ့သော်လည်း နောက်ဆုံးမှာ ကျောက်တုံးတွေနဲ့ စုပုံပိတ်ဆို့ထားတယ်လို့ စဉ်းစားကြည့်ပါမယ်

နန်းတော်ရဲ့ ကံကြမ္မာဆိုးကို သူနဲ့ အနီးဆုံးနေရာက မြို့ဝင်ပေါက် သုံးခုရဲ့ အနေအထားက ထောက်ခံပါတယ် မြို့ဝင်ပေါက်ကြီးနဲ့ တွဲဆက်လျက် ရှိတဲ့ အခန်းငယ်လေးတွေ ထဲတွင် လူတစ်နိုင်ပစ်နိုင်တဲ့ ကျောက်တုံးများကို သိုလှောင်ထားပုံ တွေ့ရပါတယ် အခန်းငယ်များရဲ့ မပီပြင်တဲ့ အသွင်သဏ္ဍာန်ကြောင့် သာမန်လူ မသိနိုင်ပေမဲ့ ကျွမ်းကျင်ပညာရှင်များကို နှိုင်းယှဉ်လေ့လာချက်များကြောင့် ကောင်းကောင်းပုံဖော်နိုင်ပါတယ် ထို့ပြင် ကျောက်တုံးပုံကြီးများ မြို့ဂိတ်ကြီးတစ်လျှောက် ပြန့်ကျဲနေတဲ့ ကျောက်တုံးကြီးများကလဲ သက်သေခံပါတယ် ဟလင်းပျူတို့ရဲ့ ကာကွယ်ရေးလက်နက်ဟာ ကျောက်တုံးကျောက်ခဲများ မြှား လှံနဲ့ ဓါးတို့ဖြစ်ပြီး မြို့ရိုး မြို့ဝင်ပေါက်တို့ကလည်း နောက်ဆုံးခံစစ်သဖွယ် ကာကွယ်ရေး ပြုလုပ်ထားပါတယ်

နောက်တချက်က ရေဒီယို ကာဗွန် ဒိတ်တင်စမ်းသပ်ချက်အရ မြို့ဝင်ပေါက်အားလုံးဟာ မီးလောင်ပြီး ပျက်ဆီိးခဲ့ ကြောင်းသိရတာကြောင့် ဟန်လင်းဟာ စစ်မက်အရေးနဲ့ ကြုံတွေ့ဖူးပါတယ်လို့ ပြောနိုင်ပါတယ် ပြီးတော့ ဆိုဒ်တိုင်းလိုလို မီးလောင်ခံရခြင်းကို ခြေရာခံမိတော့ မီးဘေးကပ်ဆိုးဟာ ဟလင််းပျူတို့ကို ကောင်းကောင်းကြီး ဒုက္ခပေးခဲ့တယ်လို့ ပြောနိုင်ပါတယ် မြို့တံခါးအချို့နဲ့ နန်းတော်ဝင်ပေါက် အားလုံးဟာ ရရာစုတွင် အချို့ကုန်းနဲ့နန်းတော်ပိုင်းနေရာများတွင် ၂ရာစု မီးလောင်ဒိတ်တင်း ရလာဒ်ရခဲ့တာကြောင့် မီးကြောင့်လုံးလုံးလျားလျား ပျက်ဆီးသွားခဲ့တဲ့ အဖြစ်ဆိုးက ၂ရာစုတွင်ကြုံခဲ့တဲ့ မီးဘေးမှ တဖန်ပြန်ထလာခဲ့ပြီး ရရာစုက ကြီးမားတဲ့ မီးဘေးကို ကျော်လွှားဖို့ ပြင်ဆင်နေတုန်း အကြောင်း တစုံတရာကြောင့် ဟလင်းပျူတို့ မြို့ကို စွန့်ခွာသွားခဲ့ဟန်ရှိပါတယ်

ကုန်းအမှတ် ၃၉ရဲ့ ဝိသေသ လက္ခဏာများအရ နန်းတော်ထဲမှာနေပြီး နောက်ဆုံးခုခံခဲ့တဲ့ ဟလင်းပျူတို့ဟာ ရရာစုတွင် အတော်လုံးပါးပါးခဲ့ပြီး မြို့ကိုစွန့်ခွာသွား၍လည်းကောင်း ချေမှုန်းခံရခြင်းကြောင့်လည်းကောင်း အင်အားလျော့နည်းနေပြီး ၉ရာစုတွင် ၎င်းတို့၏ မြို့တော်ကြီးဟာ လုံးဝဆိတ်သုန်းသွားခဲ့ပါတယ်

မြောက်ဘက်မြို့ရိုးတွင် ဟလင်းပျူတို့ရဲ့ ကာကွယ်ရေးစနစ်ကို အားဖြည့်ပေးတဲ့ အချက်အလက်များစွာ တွေ့ရပါတယ် မြောက်ဘက်မြို့ရိုးနေရာဟာ မိုးတွင်းကာလ တောင်စောင်းက စီးကျလာတဲ့ ရေများကို သိုလှောင်ရာ ထုထည်ကောင်းကောင်း အနားကွပ်ထားတဲ့ ရေလှောင်ကန်ရှိတဲ့ ဟလင်းမြို့ဟောင်းရဲ့ အမြင့်ဆုံး အပိုင်းပါ ရေကိုဖမ်းတုပ်ထားတဲ့ ရေထိမ်းနံရံရဲ့ ခိုင်မာမှုက ဟလင်းပျူတို့ရဲ့ ဖန်တီးမှု စွမ်းအားကို ပြသနေပါတယ် ထူးခြားချက်မှာ နန်းတော်ရာပြီးလျှင် ကြီးမားသော လူနေဆိုဒ်ကြီးတစ်ခုကို တွေ့ရတာပါပဲ ထိုကုန်း HL-27 သည် ကြီးမားလှသဖြင့် တူးဖော်ဖို့ ချင့်ချိန်ရသော ကုန်းတစ်ခု ဖြစ်သည် ထို့ပြင် ထိုဆိုဒ်နဲ့ အလျားလိုက် ပြင်ညီတန်းလျက် အကွာအဝေးညီမျှသော HL-23 HL-24 အဆောက်အဦးငယ်နှစ်ခုတို့ရဲ့ နှောင်ဖွဲ့မှုများသည် ဘုရင်ပြီးလျှင် သြဇာရှိသူတစ်ဦးရဲ့ အခင်းအကျင်းတစ်ခုအလား စဉ်းစားစရာဖြစ်ကြောင်း တာဝန်ရှိသူက ရှင်းပြပါသည် ဟလင်းပျူတို့၏ ရန်သူသည် မြောက်ဘက်အရပ်က လာခဲ့ကြသည် ထိုအရပ်ကို တာဝန်ယူနိုင်ဖွယ်ရှိတဲ့ စစ်ရေးအမြင်အပြည့်နဲ့ ပုဂိုလ် တစ်ဦးရဲ့ အိမ်အဆောင်အလား ချင့်ချိန်နိုင်စဖွယ်ရှိပြီး ကျန် အဆောက်အဦးငယ်တို့ရဲ့ တွဲတွေ့ပစ္စည်းများအရ အစောင့်ဂိတ်တဲ သို့တည်းမဟုတ် လက်နက်သိုလှောင်ရုံ ဟု ယူဆကြည့်လျှင် များစွာဆီလျော်သည် ထို့ပြင် အခြားမြို့ရိုးများနှင့် မတူထူးခြားချက် အနေနဲ့ watch tower ကင်းမျှော်စင်များကိုပါ ထည့်သွင်းတည်ဆောက် ထားတာကြောင့် ရေကာတာ စောင့်ကြည့်ရေးအပြင် ရန်သူ ထောက်လှမ်းရေးကိုပါ ပူးတွဲ ကျင့်သုံးထားသည် ဟလင်းပျူတို့ရဲ့ သတိကြီးမှုက သူတို့ရဲ့ မတည်ငြိမ်သော မြို့ပြစနစ် တစ်ခုကို လှစ်ဟပြနေသည် ပျူတွေဟာ မြို့ရိုးစနစ်ကို အဆင့်မြှင့်တင်ခြင်းဟာ မလုံခြုံမှုကို ခံစားရ၍ ကောင်းမွန်ခိုင်ခံ့တဲ့ ကာကွယ်ရေးစနစ်ကို တီထွင်ခဲ့သည် ပျူတို့ ဘယ်သူ့ကိုများ သတိထားသလဲဆိုတဲ့အဖြေကို တွက်ထုတ်နိုင်ပါက ပျူတွေပျောက်သွားတဲ့ အကြောင်းအရင်းကို ခိုင်ခိုင်မာမာရှာတွေ့နိုင်မည် ဖြစ်ပါသည်

ဒီလိုခန့်မှန်းနိုင်ဖို့အတွက် ဟလင်းမြို့ဟောင်းရဲ့ ကုန်းများစွာကို တတိယနေ့ စတုတ္ထနေ့နဲ့ ပဥ္စမနေ့ သုံးရက် ဆက်တိုက် လေ့လာပြီးမှ ပြည့်စုံပါတယ် ဟလင်းသည် ထောင့်မှန်စတုဂံပုံရှိ၍ တောင်နှင့် မြောက်မြို့ရိုးနှစ်ခုသည် တစ်မိုင်ကျော်ခန့်ရှည်လျား၍ အရှေ့နဲ့ အနောက်မြို့ရိုးတို့မှာ နစ်မိုင်လောက် ရှည်လျားပါတယ် တူးဖော်ကွက်များ နီးကပ်ရာ နေရာဌာနများကို စုစည်းပြီးလေ့လာပါတယ် ဟလင်းကွင်းဆင်း ဇယားမှာ နံနက်ခင်းတွေ ကွင်းဆင်း၍ နေ့လည်တွင် စကေးကိုက်ပုံဆွဲခြင်း သင်ခန်းစာ သင်ကြားရပြီး ညဘက်မှာ နံနက်ခင်းက သွား၍ စုဆောင်းခဲ့သမျှ အချက်အလက်များကို အုပ်စုလိုက် ဆွေးနွေးဖလှယ်ကြရပါတယ် လက်တွေ့ စာတွေ့ ပေါင်းစပ်သင်ကြားမှုကြောင့် အကျိုးများခဲ့သော ပညာရှာခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါကြောင်း

လေးစားလျက် 
သျှင်လေညင်း