(Zawgyi)
ေလ႔လာေရးခရီးစဥ္ နွစ္ရက္ေျမာက္မွာေတာ႔ နံနက္ ၆း၃၀ မွာ စတင္ထြက္ခြာရမွာမို႔ နံနက္ငါးနာရီ ေလာက္ကတည္းက ထျပီး ျပင္ရဆင္ရပါမယ္ ထို႔ေၾကာင္႔ အားလံုး ေစာေစာ အိပ္ယာဝင္ရမွာပါ ရန္ကုန္မွာဆို ညဆယ္နာရီိဆိုတဲ႔ အခ်ိန္ဟာ ေစာေနေသးတယ္ ဆိုေပမဲ႔ ထိုပထမေန႔ညမွာေတာ႔ ေက်ာင္းသားေတြ အားလံုး အိပ္ယာထဲေရာက္လို႔ အသံျငိမ္ကာ အိပ္ေနၾကပါျပီ
နံနက္ ငါးနာရီ နွိဳးစက္ေတြထမျမည္ေသးခင္ basic instinct နဲ႔ နာရီဝက္အလိုမွာ စာေရးသူ အလိုလို နိုးလာေပမယ္႔ ငါးနာရီထိ ထပ္နွပ္ေနပါေသးတယ္ ငါးနာရီ မထိုးခင္မွာပဲ ဟိုက သည္က နွိဳးစက္ေတြ ထျမည္ျပီး ကေလးေတြ လႈပ္ရွားလာၾကပါျပီ မိန္းကေလး အင္အားေကာင္းတာေၾကာင္႔ ဟိုေနရာ တန္းစီ ဒီေနရာ တန္းစီ မျဖစ္ရေအာင္ ဝီရိယထားျပီး ေစာေစာ ထလုပ္ၾကရပါတယ္ ဒါမွသာ ဝီစီမႈတ္သံၾကားတာနဲ႔ အသင္႔ျဖစ္ေနၾကမွာေပါ႔
နံနက္ခင္းအတြက္ ျပင္ဆင္ေပးထားတဲ႔ နံနက္စာဟာ ထမင္းဆီဆမ္းနဲ႔ ေျမပဲေၾကာ္ သရက္ခ်ဥ္သုပ္နဲ႕ အငံေၾကာ္ တို႔နဲ႔ ဝမ္းေရးျဖည္႔တင္းျပီး ဟန္လင္းျမိဳ႕ေဟာင္းသို႔ ေလ႔လာေရး စတင္ခဲ႔ပါတယ္ ျမိဳ႕ေဟာင္းမေရာက္ခင္ ျမိဳ႕ရိုးရဲ႕ အျပင္က သခ်ိဳ ၤင္းရာ ေတြကို ေလ႔လာဖို႔ အရင္သြားရပါတယ္ ယေန႔ခရီးစဥ္ကိုလည္း မေန႔ကလိုပဲ ဆရာဦးေစာနိုင္ကပဲ ဦးေဆာင္ရွင္းျပခဲ႔ပါတယ္
သခ်ိဳ ၤင္းရာ ေလ႔လာမႈဟာ မေန႔က ကုန္းနွစ္ခုနဲ႔ဆိုရင္ ၃ခုေျမာက္ပဲ ျဖစ္ပါတယ္ ဒီကုန္း၃ခုစလံုး ပ်ဴမဆန္တဲ႔ ျမွဳပ္ႏွံမႈေတြရွိျပီး ေနရာကလဲ ဟလင္းျမိဳ႕ေဟာင္းရာၾကီးရဲ႕ ျပင္ပမွာ လံုးလံုးလ်ားလ်ား တည္ရွိပါတယ္ ျမိဳ႕ထဲေနေနတဲ႔ လူေတြနဲ႔ ပတ္သက္မႈ ရွိနိုင္ေခ်နည္းတဲ႔ ေျမလႊာအေနထားမွာ ထိုအရိုးစုနဲ႔ အိုး လက္နက္စသည္ျဖင္႔တို႔ ေတြ႔ရပါတယ္ အလြယ္သေဘာေပါက္ေအာင္ ေျပာရရင္ ပ်ဴအရိုးအိုးေတြေတြ႕ရတဲ႔ ေျမလႊာထက္ ပိုနက္ျပီး ပိုေရွးက်တဲ႔ ေနရာက ေတြ႕ရျပီး ျမွဳပ္နွံပံုစနစ္ရယ္ တြဲေတြ႕ ပစၥည္းေတြ ကြာျခားမႈေၾကာင္႔ ပ်ဴေတြ ျမိဳ႕ျပရယ္လို႔ ထူေထာင္မႈ မရွိခင္ကာလ ကတည္းက ျမွဳပ္ခဲ႔ၾကတာ မို႔ ပ်ဴျမိဳ႕ရိုးၾကီးထဲ မွာေနထိုင္ၾကသူေတြနဲ႔ ဆက္စပ္ေပးလို႔မရနိုင္ပါဘူး
ပညာရပ္ နယ္ပယ္မွာ ပ်ဴဆိုျပီး ခိုင္ခိုင္မာမာေျပာနိုင္ဖို႔ ဝိေသသအျဖစ္ အရိုးအိုးနဲ႔ ျမွဳပ္တဲ႔ဓေလ႔နဲ႔ သတ္မွတ္ ၾကပါတယ္ ေယ်ဘုယ်သတ္မွတ္တာမ်ိဳးပါ လူေသရင္ မီးရွိဳ႕ျပီး အရိုးေကာက္ အိုးထဲထည္႔ ပုတီးေစ႔ အသံုးအေဆာင္မ်ားနဲ႔ ေသဆံုးသူရဲ႕ အမွတ္တရ ပစၥည္းမ်ားနွင္႔ တပါတည္း တြဲျပီး ျမွဳပ္တတ္ၾကတယ္လို႔ ယူဆခ်က္ ရွိပါတယ္ ခၽြင္းခ်က္အေနအထားအရ အေကာင္လိုက္ ျမွဳပ္တတ္တဲ႔ ပံုစံမ်ိဳးကို အရိုးအိုး ဓေလ႔ရွိတဲ႔ အလႊာတူ ေျမထဲမွာ ေတြ႔ရတတ္ေသာ္လည္း ရွားပါတယ္ အခုထိ ေလ႔လာရတဲ႔ သခ်ိဳ ၤင္းရာေတြဟာ ျမိဳ႕ျပထူေထာင္ျပီး ေနၾကတဲ႔ ပ်ဴေတြထက္ ထိုေနရာမွာ ပိုေစာေစာေနခဲ႔တဲ႔ သူေတြလို႔ ယူဆနိုင္ပါတယ္ အရိုးစုနဲ႔ တြဲေတြ႕ပစၥည္းေတြလဲ ကြာျခားပါတယ္ အနက္ဆံုးေနရာက အရိုးစုနဲ႔ ေက်ာက္ကြင္း ေက်ာက္လက္နက္ေတြနဲ႔ တြဲ ေတြ႕တယ္ဆိုရင္ သူ႔အထက္က ေျမလႊာမွာ ေၾကးေခတ္လို႔ ယူဆနိုင္နဲ႔ ပစၥည္းေတြနဲ႔ တြဲေတြ႕ နိုင္ျပီး သူ႔ထက္ျမင္႔ တဲ႔ ေျမလႊာမွာေတာ႔ သံေခတ္အေထာက္အထားေတြနဲ႔ တြဲေတြ႔မွာပါ
ဒီကိစၥကို ေျပာမိေတာ႔ တခါလား သမိုင္းေဆာင္းပါးတစ္ပုဒ္ကို တိုင္းရင္းသားကိုယ္စားျပဳ အထူးထုတ္စာအုပ္ထဲမွာ ဖတ္မိတာေလး သတိရပါတယ္ သူက ေအဒီ ၈ရာစု ေျမလႊာလို႔ ေဖာ္ျပပါတယ္ သူ႔ေဖာ္ျပခ်က္ကို စာေရးသူ ခုထိ နားမလည္ပါဘူး ဒီလို လြယ္လြယ္ သံုးနွဳန္းလို႔ ရသလား ဆိုတာပဲ ပိုသိခ်င္ပါတယ္
ေျမလႊာကို ေခတ္ကာလ သတ္မွတ္ခ်င္ရင္ ဟိုးေအာက္ဆံုး သဘာဝေျမလႊာထိေအာင္ တူးရပါမယ္ ဒီေျမလႊာက အျခားအေထာက္အထား ပါဝင္မႈ အနည္းဆံုး ျဖစ္ေနတဲ႔ အေစာဆံုးေျမလႊာပဲ ျဖစ္ပါတယ္ နွစ္ကာလ ေျပာင္းလဲမႈ နဲ႔အတူ ေျမသားေတြ ပံုလာျပီး ရာသီဥတုတိုက္စားမႈနဲ႔ အျခားေသာ ပါဝင္ပစၥည္းေတြရဲ႕ အစြမ္းေၾကာင္႔ ေအာက္ခံ သဘာဝေျမလႊာနဲ႔ ကြာ ျခားတဲ႔ အေရာင္အဆင္းရွိတဲ႔ ေျမလႊာေတြဟာ ကာလၾကာေညာင္းမႈအလိုက္ အေရာင္နဲ႔ ပါဝင္ပစၥည္း အမ်ိဳးမ်ိဳးရွိေနတဲ႔ အလႊာအထပ္ထပ္ေတြ ျဖစ္လာပါတယ္ သည္အထပ္ထပ္ျဖစ္လာတဲ႔ ေျမလႊာထဲမွာ ရွိေနတဲ႔ ပစၥည္းတစ္မ်ိဳး သို႔မဟုတ္ အတူတြဲေတြ႔ပစၥည္း ပစၥည္းဆိုတဲ႔ေနရာမွာ လူ႔အသံုးအေဆာင္ၾကည္႔ မဟုတ္ပဲ (ေက်ာက္ေတြ သတၱဳေတြ အေကာင္အမ်ိဳးမ်ိဳးရဲ႕ ေက်ာက္ျဖစ္ရုပ္ၾကြင္းေတြ အပင္ရုပ္ၾကြင္းေတြပါ ထည္႔စဥ္းစားရပါမယ္) အမ်ိဳးမ်ိဳးဟာ cultural sequence ယဥ္ေက်းမႈ ကြင္းဆက္ လို႔ေတာ႔ ျပန္လို႔မရဘူး …. ရုပ္ဝတၳဳေရာယွက္မႈ စက္ဝန္းၾကီး လို႔ေျပာရမလားပဲ အားလံုးဟာ တူညီတဲ႔ ကာလတစ္ ခုမွာ အတူခ်ိတ္ဆက္ ပက္သတ္ေနၾကတဲ႔ အရာမ်ား ျဖစ္သြားၾကပါတယ္
ဒီေတာ႔ အဆိုပါေျမလႊာနဲ႔ တြဲေတြ႔တဲ႔ ပစၥည္းေတြထဲမွာ absolute dating (အတိအက်သက္တမ္းတြက္ခ်က္မႈ) လုပ္နိုင္တဲ႔ ပစၥည္းတစ္ခုပါခဲ႔ရင္ ထို cultural layer ၾကီးရယ္ အတူေတြ႕ရတဲ႔ ပစၥည္းေတြရဲ႕ သက္တမ္းကို တိတိ က်က်ရနိုင္ပါျပီ ေျမလႊာသက္တမ္းတြက္ခ်က္မႈ စနစ္ရွိေသာ္ျငား တိက်သက္တမ္းရယူမႈမဟုတ္ပဲ နွိဳင္းဆ သက္တမ္းရယူမႈ relative dating ပဲျဖစ္ေနတာကို သတိျပဳရပါမယ္ ေျမလႊာ ဘယ္ေလာက္အျမင္႔ဟာ ဘယ္ကာလလဲလို႔ ေမးရင္ ေျဖဖို႔ခက္ေနမယ္ေလ
ဒီကိစၥကို ေရးျပမွ သခ်ိဳ ၤင္းရာ ထဲမွာ အထပ္ထပ္ ျဖစ္ေနတဲ႔ အရိုးစုေတြရဲ႕ ေခတ္ကြဲျပားမႈကို သေဘာေပါက္လိမ္႔ မယ္ထင္ပါတယ္ စဥ္းစားရမွာက သည္ေနရာကို သခ်ိဳ ၤင္းလို႔သိျပီး လူေပါင္းစံု ထပ္ထပ္ျမွွဳပ္ၾကတာလား သည္ေနရာမွာ ေနထိုင္ၾကတဲ႔ မိသားစုၾကီးတစ္ခုရဲ႕ ေဆြစဥ္မ်ိဳးဆက္ သခ်ိဳ ၤင္း ျဖစ္မလား လူမ်ိဳးစု တစ္ခုရဲ႕ အထင္ကရ လူေတြ ျမွဳပ္နွံရာလား စဥ္းစားၾကည္႔ရပါမယ္ သို႔ေသာ္ ေခတ္ကာလ ကြာဟမႈ နွစ္အပိုင္း အျခားၾကီးမားတာမို႔ အထက္ပါ ထင္ေၾကးေတြကို ေခ်ဖ်က္ပစ္နိုင္ပါတယ္ ျဖစ္နိုင္ေခ်ေတြကို လိုက္စဥ္းစားၾကည္႔မိရင္ မျဖစ္နိုင္ေခ်ကိုလဲ ထည္႔စဥ္းစား ရပါမယ္ ခ်ိန္ခြင္ေတြ ညီသြားေအာင္ အတတ္နိုင္ဆံုးခ်ိန္ညွိမယ္ အျပည္႔စံုဆံုးကို အေျဖထုတ္မယ္ ဆိုတဲ႔ သီအိုရီက ေတာ႔ စာအုပ္ပဲ ဖတ္ဖတ္ ကြင္းဆင္းျပီးေတာ႔ပဲ တူးၾကည္႔တူးၾကည္႔ ခ်ဥ္းကပ္ပံုကေတာ႔ တသတ္မတ္ထဲ ထြက္ေနတာပါ
ေလာဘနဲ႔ ခ်ဥ္းကပ္လို႔မရတဲ႔အထဲမွာ အမွန္တရားဆိုတာက ထိပ္ဆံုးကပဲ ျဖစ္ခ်င္သမွ်ကို လိုက္ျပီးေဘာင္ခတ္ ေပးတာက ေလာကသစၥာ သဘာဝတရားၾကီးနဲ႔ သီအိုရီတရားဥပေဒမ်ား သူတို႔က ဘက္လိုက္မႈ ကင္းတတ္ပါတယ္
ယေန႔ ကြင္းဆင္းခရီးကိုလဲ မေန႔ကလိုပဲ ဦးေစာနိုင္ဦး ကပဲ ဦးေဆာင္ပါတယ္ စာေရးသူနဲ႔ ဒီပလိုမာတန္းသားေတြ ရဲ႕ေမးခြန္းေပါင္းမ်ားစြာ အတြက္ ျပင္ဆင္ကာ ရင္ဆုိင္ဖို႔ အသင္႔ျဖစ္ေနတဲ႔ ပံုနဲ႔ စာေရးသူတို႔ရဲ႕ ဦးစီးအရာ ရွိၾကီးကို လန္းဆန္းတဲ႔ ပံုနဲ႔ေတြ႕ရပါတယ္ ဆရာနဲ႔အတူ လိုက္ပါအားျဖည္႔ေပးသူကေတာ႔ ဦးသိန္းေဇာ္ ဒုလက္ေထာက္ ကြန္ျပဴတာဌာနပဲ ျဖစ္ပါတယ္ မေန႔ကတည္းက အတူလိုက္ပါလာေပမဲ႔ အမည္နဲ႔ ရာထူးကို မေမး မိလိုက္တာမို႔ ယခုမွ ေဖာ္ျပခြင္႔ရပါတယ္ ၃.၄. ၂၀၁၈ ေန႔ရဲ႕ ေဗြေဆာ္ဦး ေလ႔လာေရးကို ကုန္းအမွတ္ ၂၅ နဲ႔စတင္ ပါတယ္ အထက္မွာေဖာ္ျပခဲ႔တဲ႔ သခ်ိဳ ၤင္းရာ ကုန္းတစ္ခုပဲ ျဖစ္ပါတယ္ ကနဦးတူးေဖာ္ေရး ကာလမ်ားရဲ႕ တူးေဖာ္ေရး အားနည္းခ်က္မ်ား ေၾကာင္႔ သိသင္႔သေလာက္ မသိခဲ႕ရတဲ႔ အေထာက္အထားမ်ားက ဟန္လင္းၾကီး ျမိဳ႕ေဟာင္း ရဲ႕ ပန္ခ်ီကားတစ္ခ်ပ္ကို ရင္သပ္ရွဳေမာဖြယ္ ရွဳစားခြင္႔ မရခဲ႔ပါဘူး
ဟန္လင္းျမိဳ႕ေဟာင္းဟာ cultural status ေတာ္ေတာ္ျမင္႔တဲ႔ ေဒသၾကီးပါ successive habitation စဥ္ဆက္မျပတ္ လူေနထိုင္မႈရွိတဲ႔ သမိုင္း ကြင္းဆက္ သိပ္ပီျပင္တဲ႔ ျမိဳ႕ျပတစ္ခုပါ လူမ်ိဳးစုေလးေတြ စုရံုးျပီး အၾကီး အကဲအုပ္ခ်ဳပ္ေနရာကေနျပီး ျမိဳ႕ျပၾကီးတစ္ခုကို ထူေထာင္လိုက္နိုင္တဲ႔ သာဓကေတြ အမ်ားၾကီး ရွိထားပါတယ္ ေရအရင္းျမစ္နဲ႔ ခပ္နီးနီးေနတာ လက္ေရးစင္းအုပ္ေတြ ထုတ္တာ ပုတီးေစ႔ ဒဂၤါးမ်ား အရိုးအိုးမ်ားနဲ႔ ပ်ဴအကၡရာ စသည္႔ ပ်ဴဝိေသသ လကၡဏာမ်ိဳးစံု ေတြ႔ျပီး မီးေလာင္ျပီး ပ်က္ဆီးခ်ိန္ အေထာက္အထားအထိ သက္ေသျပနိုင္ တဲ႔ ေဒသတစ္ခုျဖစ္တာေၾကာင္႔ မျဖစ္မေန ေလ႔လာသင္႔တဲ႔ ေနရာလဲျဖစ္ပါတယ္
ကုန္း၃ခုကေန ရတဲ႔ အသိတင္ ေရးမကုန္နိုင္ေအာင္ ျဖစ္ေနပါျပီ burial practiceရဲ႕ အေရးပါပံု ေခါင္းလွည္႔ထားတဲ႔ လားရာ အရိုးစုအသြင္ အမ်ိဳးမ်ိဳးနဲ႔ ျဖစ္ေပၚလာတဲ႔ ဆင္႔ပြား ေမးခြန္းမ်ား တြက္ခ်က္နိုင္တဲ႔ အေျဖမ်ားစြာကို ေဖာ္ျပခ်င္ေသာ္လည္း စာရွည္ရွည္ဆိုရင္ အနွစ္အရသာ ဘယ္ေလာက္ ရွိေနပါေစ လက္ေရွာင္သြားတတ္ၾကတာေၾကာင္႔ေကာ တျခားေျပာခ်င္တာေတြ က်န္ျပီး ေရးေနရင္း ေမ႔သြားမွာ စိုးတာေၾကာင္႔ေကာ ေရွ႕ကို ဆက္လိုက္ပါေတာ႔မယ္
ေနာက္ထပ္သြားရတဲ႔ေနရာကေတာ႔ HL- 17 ေတာင္ဘက္ျမိဳ႕ရိုးရဲ႕ အေရွ႕ေတာင္ဘက္ ျမိဳ႕ဝင္ေပါက္ပဲ ျဖစ္ပါတယ္ ပ်ဴျမိဳ႕၃ျမိဳ႕နဲ႔တကြ အျခားပ်ဴျမိဳ႕မ်ားတြင္ ေတြ႕ရေလ႔ရွိတဲ႔ ပံုစံေတြ အတိုင္းပဲ အဝက်ယ္ျပီး အတြင္းဘက္ကို က်ဥ္းေျမာင္းသြားျပီး ရွည္လ်ားတဲ႔ ျမိဳ႕ဂိတ္ေပါက္ၾကီးပါ ထူးျခားခ်က္အေနနဲ႔ ဆားခ်က္ေျမနဲ႔ လယ္ကြင္းေတြ ေရကန္ၾကီးေတြ ရွိတဲ႔ ဘက္မွာ ျမိဳ႕ဝင္ေပါက္ေပါင္း ၄ခု (၁ခု မတူးေဖာ္ရေသး အရာသာေတြ႕) ရွိေနျပီး အေရွ႕ဘက္နဲ႔ အေနာက္ဘက္ ျမိဳ႕ရိုးေတြမွာေတာ႔ ျမိဳ႕ဝင္ေပါက္ တစ္ခုသာ တူးေဖာ္ရရွိတဲ႔ အေနအထား တရပ္ ေတြ႕ရပါတယ္ စီးပြားေရး အလို႔ငွာ ထိုသို႔ ေဆာင္ရြက္ထားသလားလို႔ ရွင္းျပသူက မွတ္ခ်က္ေပးပါတယ္ စဥ္းစားရမဲ႔ အခ်က္ပါ ပ်ဴျမိဳ႕ေတြဟာ ဟိႏၵဴအယူေရာ ဗုဒၶဘာသာ အယူမွာပါ က်င္႔သံုးတတ္တဲ႔ မ႑လ စနစ္နဲ႔ တည္ေဆာက္တတ္တယ္လို႔ ေျပာၾကပါတယ္ ထိုအစီအရင္မွာ ျမိဳ႕ဝင္ေပါက္ေတြဟာ တစ္ဘက္ကို ၃ေပါက္စီ ထည္႔ေဆာက္တတ္တာမို႔ ဟန္လင္းမွာ တစ္ဘက္ထဲတင္ ေလးေပါက္ရွိေနတာ ထပ္ေလ႔လာရဦးမွာပဲ ျမိဳ႕ဝင္ေပါက္ အလယ္တည္႔တည္႔ က ေျမေအာက္မွာ မထင္မွတ္ပဲ လူအရိုးစုေတြ တူးေဖာ္မိထားပါတယ္ ျပန္လည္ ေျမဖို႔ ထိမ္းသိမ္းထားပါတယ္ ထိုအရိုးစုေတြကလဲ ျမိဳ႕ရိုးထဲက လူေတြနဲ႔ မဆိုင္ပဲ ေခတ္ေစာေစာက အရိုးစုေတြမို႔ သခ်ိဳ ္င္းရာေပၚ မသိပဲ ျမိဳ႕ဝင္ေပါက္ ျပဳထားတဲ႔ သေဘာေတြ႕ရတဲ႔အျပင္ ျမိဳ႕တစ္ျမိဳ႕ရဲ႕ အထြတ္အျမတ္ ဝင္ေပါက္ကို အမဂၤလာသေဘာရွိတဲ႔ သခ်ိဳ ၤင္းရာေပၚ တင္ထားတာဟာ ဒီေဒသကို စိမ္းေနတဲ႔ လူေတြ ျမိဳ႕လာတည္သလားလို႔ ေတြးစရာပါ ေတြးရံုေတြးတာပါေနာ္ ေတာင္ေတာင္အီအီေတြ ေလွ်ာက္ဆြဲစဥ္းစားျပီး စာေရးသူပို႔စ္ကို စခြင္ရွဳျပီး အဖြအေထာင္ေတြ မလုပ္ၾကဖို႔ ေတာင္းဆိုခ်င္ပါတယ္ ဘာျဖစ္လို႔လဲဆိုေတာ႔ စာေရးသူရဲ႕ အေတြးမ်ားကို ထိုေနရာတြင္ အရိုးအိုးျမွဳပ္နွံမႈပါ ေတြ႕ရတာေၾကာင္႔ ခပ္ျမန္ျမန္ပဲ ရုတ္သိမ္းခဲ႔နိုင္လို႔ပါ
ျမိဳ႕ဝင္ေပါက္အေၾကာင္း ေျပာမိတာနဲ႔ တလက္စတည္း အစဥ္လိုက္ သြားျဖစ္တဲ႔ ကုန္းအမွတ္ေတြကို ေက်ာ္ျပီး အေရွ႕ဘက္ျမိဳ႕ရိုးက ျမိဳ႕ဝင္ေပါက္ကိုပါ ဆက္ေျပာပါ႔မယ္HL-11 ဝင္ေပါက္ဟာလည္း ကုန္းအမွတ္ ၁၇လိုပဲ ျမိဳ႕ဝင္ေပါက္ရာ ထင္ရွားတဲ႔ structure remain ေတြအမ်ားၾကီး က်န္ ပါေသးတယ္ နွေျမာဖို႔ေကာင္းတာတစ္ခုက တူးေဖာ္စဥ္မွာ ေတြ႕ခဲ႔ရတဲ႔ အေစာင္႔ေနရာ နဲ႔ လက္နက္သိုေလွာင္ရာ ေနရာေတြ အခုခ်ိန္မွာ မရွိေတာ႔ပါဘူး ဒီလို ေပ်ာက္ဆံုးေနတာက ဝင္ေပါက္ ၂ခုလံုးမွာပါ ျပီးေတာ႔ မီးသင္႔ထားတဲ႔ အေထာက္အထားကိုလည္း ခိုင္ခိုင္မာမာ ေတြ႕ရပါတယ္ ကုန္းအမွတ္ ၁၇နဲ႔ တည္းခိုေဆာင္ဟာ အေတာ္လွမ္းပါတယ္ ဟန္လင္းၾကီးျမိဳ႕ေဟာင္းရဲ႕ ေတာင္ဘက္ ျမိဳ႕ရိုးဟာ တစ္မိုင္ေလာက္ ရွည္လ်ားတာမို႔ ထိုျမိဳ႕ရိုးရဲ႕ အေရွ႕ဘက္ကို ကပ္ေနတဲ႔ ျမိဳ႕ဝင္ေပါက္ နွစ္ခုကို ေျမပံုမွာ နွိဳင္းယွဥ္စဥ္းစားၾကည္႔ရင္ ဟန္လင္းျမိဳ႕ဟာ ေတာင္ဘက္ပိုင္းကို ဖြင္႔ေပးျပီး သြားလာဝင္ထြက္ ဖို႔ အေလးေပးထားတယ္ ဆိုတာ သိနိုင္ပါတယ္ ေနာက္ထပ္ ေတာင္ျမိဳ႕ရိုး ျမိဳ႕ဝင္ေပါက္ကေတာ႔ HL-10 ပါ ကုန္း ၁၇ရဲ႕ အေနာက္ဘက္ ကပ္ရပ္ ဝင္ေပါက္ပါပဲ ဦးဝင္းသူရညႊန္႔ၾကီး ခိုင္းလိုက္တဲ႔ မစ္ရွင္ထဲက ေစတီပံုသ႑န္ရွိ အရိုးအိုး အဖံုးကို ထိုကုန္းက တူးေတြ႕တာပဲ ျဖစ္ပါတယ္ ေဘာေဘာၾကီးတို႔လို ပံုစံမ်ိဳး မဟုတ္ပဲ မ်က္ေမွာက္ေခတ္ ေစတီပံုနဲ႔ သြားဆင္ေနပါတယ္ ပ်ဴေစတီပံုစံမ်ားရဲ႕ သတ္မွတ္ခ်က္ကို တမ်ိဳးတဖံု ျဖစ္ေစမလား လို႔ ခ်ိန္ဆၾကည္႔ရပါဦးမယ္ အိႏၵိယ ျမိဳ႕ရိုးပံုစံေတြကို အေျခခံထားတဲ႔ ျမိဳ႕ဝင္ေပါက္ေတြကတဆင္႔ တျခားေဒသမ်ားက ပံုစံတူ အေထာက္အထားေတြကိုလဲ ခ်ဲ႕ကားေလ႔လာရဦးမွာပဲ
ျမိဳ႕ဝင္ေပါက္အေၾကာင္း ေျပာမိတာနဲ႔ တလက္စတည္း အစဥ္လိုက္ သြားျဖစ္တဲ႔ ကုန္းအမွတ္ေတြကို ေက်ာ္ျပီး အေရွ႕ဘက္ျမိဳ႕ရိုးက ျမိဳ႕ဝင္ေပါက္ကိုပါ ဆက္ေျပာပါ႔မယ္HL-11 ဝင္ေပါက္ဟာလည္း ကုန္းအမွတ္ ၁၇လိုပဲ ျမိဳ႕ဝင္ေပါက္ရာ ထင္ရွားတဲ႔ structure remain ေတြအမ်ားၾကီး က်န္ ပါေသးတယ္ နွေျမာဖို႔ေကာင္းတာတစ္ခုက တူးေဖာ္စဥ္မွာ ေတြ႕ခဲ႔ရတဲ႔ အေစာင္႔ေနရာ နဲ႔ လက္နက္သိုေလွာင္ရာ ေနရာေတြ အခုခ်ိန္မွာ မရွိေတာ႔ပါဘူး ဒီလို ေပ်ာက္ဆံုးေနတာက ဝင္ေပါက္ ၂ခုလံုးမွာပါ ျပီးေတာ႔ မီးသင္႔ထားတဲ႔ အေထာက္အထားကိုလည္း ခိုင္ခိုင္မာမာ ေတြ႕ရပါတယ္ ကုန္းအမွတ္ ၁၇နဲ႔ တည္းခိုေဆာင္ဟာ အေတာ္လွမ္းပါတယ္ ဟန္လင္းၾကီးျမိဳ႕ေဟာင္းရဲ႕ ေတာင္ဘက္ ျမိဳ႕ရိုးဟာ တစ္မိုင္ေလာက္ ရွည္လ်ားတာမို႔ ထိုျမိဳ႕ရိုးရဲ႕ အေရွ႕ဘက္ကို ကပ္ေနတဲ႔ ျမိဳ႕ဝင္ေပါက္ နွစ္ခုကို ေျမပံုမွာ နွိဳင္းယွဥ္စဥ္းစားၾကည္႔ရင္ ဟန္လင္းျမိဳ႕ဟာ ေတာင္ဘက္ပိုင္းကို ဖြင္႔ေပးျပီး သြားလာဝင္ထြက္ ဖို႔ အေလးေပးထားတယ္ ဆိုတာ သိနိုင္ပါတယ္ ေနာက္ထပ္ ေတာင္ျမိဳ႕ရိုး ျမိဳ႕ဝင္ေပါက္ကေတာ႔ HL-10 ပါ ကုန္း ၁၇ရဲ႕ အေနာက္ဘက္ ကပ္ရပ္ ဝင္ေပါက္ပါပဲ ဦးဝင္းသူရညႊန္႔ၾကီး ခိုင္းလိုက္တဲ႔ မစ္ရွင္ထဲက ေစတီပံုသ႑န္ရွိ အရိုးအိုး အဖံုးကို ထိုကုန္းက တူးေတြ႕တာပဲ ျဖစ္ပါတယ္ ေဘာေဘာၾကီးတို႔လို ပံုစံမ်ိဳး မဟုတ္ပဲ မ်က္ေမွာက္ေခတ္ ေစတီပံုနဲ႔ သြားဆင္ေနပါတယ္ ပ်ဴေစတီပံုစံမ်ားရဲ႕ သတ္မွတ္ခ်က္ကို တမ်ိဳးတဖံု ျဖစ္ေစမလား လို႔ ခ်ိန္ဆၾကည္႔ရပါဦးမယ္ အိႏၵိယ ျမိဳ႕ရိုးပံုစံေတြကို အေျခခံထားတဲ႔ ျမိဳ႕ဝင္ေပါက္ေတြကတဆင္႔ တျခားေဒသမ်ားက ပံုစံတူ အေထာက္အထားေတြကိုလဲ ခ်ဲ႕ကားေလ႔လာရဦးမွာပဲ
burial practice လဲေတြ႕ျပီဆိုရင္ ေနာက္ထပ္ ယံုၾကည္မႈတစ္ခုျဖစ္တဲ႔ ဘာသာေရး အေထာက္အထားမ်ားကိုလဲ ျပီးျပည္႔စံုေသာ ျမိဳ႕ျပၾကီးတစ္ခုျဖစ္ဖို႔အတြက္ မျဖစ္မေနလိုက္ရွာရပါမယ္ HL-19, 12, 13, 15 တို႔ဟာဆိုရင္ျဖင္႔ ဘာသာေရးနဲ႔ ပတ္သက္ဖြယ္ရွိတဲ႔ အရာ အေဆာက္အဦး အၾကြင္းအက်န္မ်ားကို ေတြ႕ရပါတယ္ ကုန္း၁၉ ဆိုရင္ တပါးထိုင္ ေက်ာင္းေလးသဖြယ္ ယူဆလို႕ရျပီး ေရစင္ေတာ္သြန္းအိုး ဆီမီးခြက္ ကနုတ္အဆင္မ်ား ေတြ႕ပါတယ္ ပုဂံေခတ္ေႏွာင္းက အေဆာက္အအံုတစ္ခုပါ ကုန္း၁၂ကိုေတာ႔ အလယ္တြင္ အဝိုင္းရာ ေဘးေတြ ေလးေထာင္႔ ရာက ပတ္ေခြျပီး အဝိုင္းပံု အခ်င္းေနရာက ေလွ်ာက္လမ္းရာေလး ပါတဲ႔ တပိုင္းတစပံုစံနဲ႔ေတြ႕ရပါတယ္ ပါဠိအေျခခံ ဗုဒၶသာသနာ ထြန္းကားခဲ႔ရာလို႔ ယူဆနိုင္ေသာ လွဴဒါန္းရာမွာ ေမြ႕ေလ်ာ္သူ ဟု ပ်ဴစာေရးထိုးပါရွိတဲ႔ ေက်ာက္တံုးတံဆိပ္တစ္ခုကို ထိုေနရာမွာ တြဲေတြ႔ ပစၥည္းအျဖစ္ ေတြ႔ရပါတယ္ ဘာသာေရး အေဆာက္အဦးလို႔ ဆိုထားေပမဲ႔ ေလးေထာင္႔နံရံရဲ႕ အျပင္မွာ အရိုးအိုး ၉လံုးနဲ႔ အေရွ႕ဘက္ အုတ္ရိုးေအာက္ေျခမွာ အေရွ႕ေခါင္းလွည္႔ထားတဲ႔ အရိုးစု ျပီးေတာ႔ အေနာက္ဘက္ အုပ္ရိုးအျပင္မွာ အရိုးအစအန စသည္ျဖင္႔ ေတြ႔တာေၾကာင္႔ ပ်ဴဆန္တဲ႔ ျမွဳပ္နွံပံုေတြကို စေတြ႕ရပါျပီ ကုန္း ၁၃နဲ႔ ၁၅ကလဲ ကုန္း ၁၂လိုပဲ ဘာသာေရးအေဆာက္အဦးတြင္ အရိုးအိုး ျမွဳပ္နွံမႈ တြဲျပီး ေတြ႕လာပါျပီ သို႔ေသာ္ အရိုးအိုး ျမွဳပ္နွံထားရွိပံုကိုေတာ႔ မ်က္ျမင္မေတြ႕ရပဲ မွတ္တမ္းဓါတ္ပံုအေနနဲ႔သာ ေလ႔လာခြင္႔ရျပီး ျပတိုက္ကို ေရာက္မွသာ ခ်ိတ္ဆက္ၾကည္႔ရမယ္
စာလဲရွည္ျပီ လူေတြလဲ ပ်င္းေနျပီထင္ပါတယ္ ဒီေန႔အတြက္ အိမ္စာကိုေတာ႔ အျပီးလုပ္ထားရမွာမို႔ ဆက္ျပီး သည္းခံ ဖတ္လိုက္ၾကပါဦး
တူးျပီးသား ထိမ္းသိမ္းျပီးသား ဆိုဒ္ေတြဟာ စာေရးသူကို စြဲေဆာင္မႈ မေပးနိုင္ေတာ႔ပါဘူး ဒီေတာ႔ သေဘာေကာင္းတဲ႔ ဦးစီးၾကီးကို မတူးရေသးတဲ႔ ကုန္းေတြ လိုက္ျပဖို႔ ပူဆာတာေၾကာင္႔ HL -009 နဲ႔ HL 003 ဘက္ လိုက္ျပပါတယ္ ကုန္း၀၀၉ ဟာ ျမင္႔မားတဲ႔ ကုန္းၾကီးျဖစ္ျပီး အပင္ၾကီးေတြ ရွိေနေသာ္လည္း ေအာက္ေျခက ခပ္ရွင္းရွင္းနဲ႔ ေျမသားေတြ ပြေယာင္းေယာင္းျဖစ္ေနကာ ေျမသားအေရာင္ေဖ်ာ႔ပါတယ္ သူနဲ႔ယွဥ္ရက္ေနရာမွာ သဘာဝကုန္းတစ္ခုရွိေနတာေၾကာင္႔ ကြာျခားခ်က္ကို ေကာင္းေကာင္း ေလ႔လာခြင္႔ရခဲ႔ပါတယ္ ျပီးရင္ ေျမျပန္႔သဖြယ္ ျဖစ္ေနတဲ႔ ကုန္းမို႔မဟုတ္တဲ႔ ျပင္ညီကုန္းေစာင္းတစ္ခုဆီ ေရာက္လာပါတယ္ သဲဆန္တဲ႔ ေျမသားပြပြမွာ surface finding လို႔ေခၚတဲ႔ လူေတြ စြန္႔ပစ္သြားတဲ႔ အိုးျခမ္းပဲ႔ေတြ အရိုးစေတြ ပစ္မလြဲေတြ႕ရတဲ႔ ေနရာၾကီးကို ေရာက္လာပါတယ္ ထိုေနရာဟာလဲ မတူးေဖာ္ရေသးတဲ႔ ဆိုဒ္တစ္ခုပါပဲ ထိုေနရာထက္ ျမင္႔တဲ႔ ကုန္းေစာင္းေလးသဖြယ္ ျဖစ္ေနတဲ႔ သစ္ပင္ရိပ္ကေလးကလွမ္းၾကည္႔လိုက္ရင္ ဘယ္ဘက္မွာ အေနာက္ျမိဳ႕ရိုးကုန္းၾကီးကို ထင္းေနေအာင္ျမင္ရသလို ညာဘက္မွာ ေတာင္ဘက္ျမိဳ႕ရိုးရာ ခပ္ေမာက္ေမာက္နဲ႔ အရွည္႔တည္႔တည္႔မွာ water hydraulic system ေရေျမာင္းရာရွိတဲ႔ အပင္တန္းကို ေကာင္းေကာင္းၾကီး ျမင္ရပါတယ္ တကယ္ကို ပညာရတဲ႔ ရက္ကေလး ျဖစ္ခဲ႔ပါတယ္
ေနာက္ဆံုး သြားရတဲ႔ေနရာကေတာ႔ ဟန္လင္းေရွးေဟာင္းျပတိုက္ကိုပါပဲ ျပတိုက္ဆိုတာကေတာ႔ ျပသထားတဲ႔ တိုက္ငယ္ေလးျဖစ္တာေၾကာင္႔ အေထြအထူး တင္ျပစရာမရွိပါဘူး စိတ္ဝင္စားစရာလဲ မပါဝင္ပါဘူး စာေရးသူတို႔ ရဲ႕ ဦးစီးအရာရွိၾကီးကေတာ႔ ဟန္လင္းျမိဳ႕ေဟာင္း ကမာၻ႔အေမြအနွစ္ သတ္မွတ္ခံရတဲ႔ စံနွဳန္းသတ္မွတ္ခ်က္ေတြကို ဂုဏ္ယူမဆံုး ရွင္းျပရွာပါတယ္
ျပတိုက္က ျပန္ရင္ေတာ႔ ဒီေန႔ ကြင္းဆင္းခရီးစဥ္ ျပီးဆံုးပါျပီ ညေနဘက္မွာ ပံုဆြဲသင္ဖို႔ပဲ ရွိပါေတာ႔တယ္
တည္းခိုေဆာင္ျပန္ေရာက္ ထမင္းစား ခနနားျပီးလို႔ ၂နာရီထိုးေတာ႔ ပံုဆြဲဆရာေရာက္လာပါတယ္ ဦးသိန္းေက်ာ္ဦး မႏၱေလး ေရွးေဟာင္းဦးစီးမွဴး ေရာက္လာျပီး ေက်ာင္းသူေက်ာင္းသားမ်ားကို ေစတနာအျပည္႔နဲ႔ ပံုဆြဲနည္းစနစ္မ်ားကို ရွင္းျပေပးပါတယ္ ဟန္လင္းတူးေဖာ္ေရးတင္မက ပ်ဴျမိဳ႕ေဟာင္းမ်ားစြာရဲ႕ တူးေဖာ္ေရးတြင္ draftsman အျဖစ္ ပါဝင္ခဲ႔တဲ႔ ဆရာ႔ကို ရန္ကုန္တကၠသို္လ္ ေရွးေဟာင္းသုေတသန မိသားစုမ်ားက တေလးတစား ဖိတ္ၾကားျပီး သင္ၾကားဖို႔ ေမတၱာရပ္ခံခဲ႔တာပါ
တည္းခိုေဆာင္ျပန္ေရာက္ ထမင္းစား ခနနားျပီးလို႔ ၂နာရီထိုးေတာ႔ ပံုဆြဲဆရာေရာက္လာပါတယ္ ဦးသိန္းေက်ာ္ဦး မႏၱေလး ေရွးေဟာင္းဦးစီးမွဴး ေရာက္လာျပီး ေက်ာင္းသူေက်ာင္းသားမ်ားကို ေစတနာအျပည္႔နဲ႔ ပံုဆြဲနည္းစနစ္မ်ားကို ရွင္းျပေပးပါတယ္ ဟန္လင္းတူးေဖာ္ေရးတင္မက ပ်ဴျမိဳ႕ေဟာင္းမ်ားစြာရဲ႕ တူးေဖာ္ေရးတြင္ draftsman အျဖစ္ ပါဝင္ခဲ႔တဲ႔ ဆရာ႔ကို ရန္ကုန္တကၠသို္လ္ ေရွးေဟာင္းသုေတသန မိသားစုမ်ားက တေလးတစား ဖိတ္ၾကားျပီး သင္ၾကားဖို႔ ေမတၱာရပ္ခံခဲ႔တာပါ
ေရွးေဟာင္းသုေတသန တူးေဖာ္ေရးတြင္ draftsman တစ္ဦးရဲ႕ အခန္းက႑ဟာ အေရးပါလွပါတယ္ တူးေဖာ္မႈ ပႏၵက္ (plan) ေထာင္လိုက္ျမင္ကြင္း elevation ျဖတ္ပိုင္းပံု section ထို႔ျပင္ တူးေတြ႔ပစၥည္းေတြရဲ႕ plan elevation sectionမ်ားကို ေရးဆြဲတင္ျပရပါတယ္ ဒီျဖစ္စဥ္ မပါဝင္တဲ႔ စာတမ္း ရပို႔ စသည္တို႔ဟာ မျပည္႔စံုပါဘူး ကၽြမ္းက်င္တဲ႔ draftsmanေတြဟာ အိုးျခမ္းပဲ႔ တစ္ခုရွိရံုနဲ႔ အိုးတစ္လံုးလံုးကို ေဖာ္ျပနိုင္စြမ္းရွိသလို မျပည္႔စံုတဲ႔ အေဆာက္အဦးပ်က္မ်ားကို ျဖည္႔ဆြဲျပနိုင္ပါတယ္ စာေရးသူ သေဘာအက်ဆံုး အပိုင္းကေတာ႔ နည္းပညာ အသံုး ျပဳျပီး မ်က္ျမင္မွာ မျပည္႔စံုျဖစ္ေနတဲ႔ အရာမွန္သမွ်ကို စေကးကိုက္ညီစြာနဲ႔ ယခင္တည္ရွိခဲ႔တဲ႔ ပံုကို ျပန္လည္ ေဖာ္ျပနိုင္စြမ္းရွိတာကိုပါပဲ တီဗီြက documentary ေတြမ်ားလာလိုက္ရင္ စုတ္ျပတ္သတ္ေနတဲ႔ အေဆာက္အဦးေတြကို ယခင္ပံုစံအတိုင္း ပံုေဖာ္ျပတာမ်ိဳးကို မတရား အားက်ခဲ႔ရပါတယ္ အခု ျမန္မာနိုင္ငံမွာလဲ လုပ္နိုင္ေနျပီဆိုေတာ႔ ေတာ္ေတာ္ၾကီး ဝမ္းသာမိပါတယ္
စာကမတရားၾကီး ရွည္သြားျပီ ဒီေန႔ေလးကေတာ႔ ရန္ကုန္မွာ မိုးသီးက်တဲ႔အထိ မိုးေလထန္ျပီး ဟန္လင္းမွာပါ မိုးရြာေလထန္ပါတယ္ေနာ္ ေဒးသရီးကို မပ်င္းမရိ ဆက္ဖတ္ၾကဦးမယ္ဆိုရင္ ေနာက္ေန႔ ဆက္ရန္ေပါ႔
ပုံ HL
ၾကိဳးစားလ်က္
သွ်င္ေလညင္း
ပုံ HL
ၾကိဳးစားလ်က္
သွ်င္ေလညင္း
(Unicode)
လေ့လာရေးခရီးစဉ် နှစ်ရက်မြောက်မှာတော့ နံနက် ၆း၃၀ မှာ စတင်ထွက်ခွာရမှာမို့ နံနက်ငါးနာရီ လောက်ကတည်းက ထပြီး ပြင်ရဆင်ရပါမယ် ထို့ကြောင့် အားလုံး စောစော အိပ်ယာဝင်ရမှာပါ ရန်ကုန်မှာဆို ညဆယ်နာရီိဆိုတဲ့ အချိန်ဟာ စောနေသေးတယ် ဆိုပေမဲ့ ထိုပထမနေ့ညမှာတော့ ကျောင်းသားတွေ အားလုံး အိပ်ယာထဲရောက်လို့ အသံငြိမ်ကာ အိပ်နေကြပါပြီ
နံနက် ငါးနာရီ နှိုးစက်တွေထမမြည်သေးခင် basic instinct နဲ့ နာရီဝက်အလိုမှာ စာရေးသူ အလိုလို နိုးလာပေမယ့် ငါးနာရီထိ ထပ်နှပ်နေပါသေးတယ် ငါးနာရီ မထိုးခင်မှာပဲ ဟိုက သည်က နှိုးစက်တွေ ထမြည်ပြီး ကလေးတွေ လှုပ်ရှားလာကြပါပြီ မိန်းကလေး အင်အားကောင်းတာကြောင့် ဟိုနေရာ တန်းစီ ဒီနေရာ တန်းစီ မဖြစ်ရအောင် ဝီရိယထားပြီး စောစော ထလုပ်ကြရပါတယ် ဒါမှသာ ဝီစီမှုတ်သံကြားတာနဲ့ အသင့်ဖြစ်နေကြမှာပေါ့
နံနက်ခင်းအတွက် ပြင်ဆင်ပေးထားတဲ့ နံနက်စာဟာ ထမင်းဆီဆမ်းနဲ့ မြေပဲကြော် သရက်ချဉ်သုပ်နဲ့ အငံကြော် တို့နဲ့ ဝမ်းရေးဖြည့်တင်းပြီး ဟန်လင်းမြို့ဟောင်းသို့ လေ့လာရေး စတင်ခဲ့ပါတယ် မြို့ဟောင်းမရောက်ခင် မြို့ရိုးရဲ့ အပြင်က သချို င်္င်းရာ တွေကို လေ့လာဖို့ အရင်သွားရပါတယ် ယနေ့ခရီးစဉ်ကိုလည်း မနေ့ကလိုပဲ ဆရာဦးစောနိုင်ကပဲ ဦးဆောင်ရှင်းပြခဲ့ပါတယ်
သချို င်္င်းရာ လေ့လာမှုဟာ မနေ့က ကုန်းနှစ်ခုနဲ့ဆိုရင် ၃ခုမြောက်ပဲ ဖြစ်ပါတယ် ဒီကုန်း၃ခုစလုံး ပျူမဆန်တဲ့ မြှုပ်နှံမှုတွေရှိပြီး နေရာကလဲ ဟလင်းမြို့ဟောင်းရာကြီးရဲ့ ပြင်ပမှာ လုံးလုံးလျားလျား တည်ရှိပါတယ် မြို့ထဲနေနေတဲ့ လူတွေနဲ့ ပတ်သက်မှု ရှိနိုင်ချေနည်းတဲ့ မြေလွှာအနေထားမှာ ထိုအရိုးစုနဲ့ အိုး လက်နက်စသည်ဖြင့်တို့ တွေ့ရပါတယ် အလွယ်သဘောပေါက်အောင် ပြောရရင် ပျူအရိုးအိုးတွေတွေ့ရတဲ့ မြေလွှာထက် ပိုနက်ပြီး ပိုရှေးကျတဲ့ နေရာက တွေ့ရပြီး မြှုပ်နှံပုံစနစ်ရယ် တွဲတွေ့ ပစ္စည်းတွေ ကွာခြားမှုကြောင့် ပျူတွေ မြို့ပြရယ်လို့ ထူထောင်မှု မရှိခင်ကာလ ကတည်းက မြှုပ်ခဲ့ကြတာ မို့ ပျူမြို့ရိုးကြီးထဲ မှာနေထိုင်ကြသူတွေနဲ့ ဆက်စပ်ပေးလို့မရနိုင်ပါဘူး
ပညာရပ် နယ်ပယ်မှာ ပျူဆိုပြီး ခိုင်ခိုင်မာမာပြောနိုင်ဖို့ ဝိသေသအဖြစ် အရိုးအိုးနဲ့ မြှုပ်တဲ့ဓလေ့နဲ့ သတ်မှတ် ကြပါတယ် ယျေဘုယျသတ်မှတ်တာမျိုးပါ လူသေရင် မီးရှို့ပြီး အရိုးကောက် အိုးထဲထည့် ပုတီးစေ့ အသုံးအဆောင်များနဲ့ သေဆုံးသူရဲ့ အမှတ်တရ ပစ္စည်းများနှင့် တပါတည်း တွဲပြီး မြှုပ်တတ်ကြတယ်လို့ ယူဆချက် ရှိပါတယ် ချွင်းချက်အနေအထားအရ အကောင်လိုက် မြှုပ်တတ်တဲ့ ပုံစံမျိုးကို အရိုးအိုး ဓလေ့ရှိတဲ့ အလွှာတူ မြေထဲမှာ တွေ့ရတတ်သော်လည်း ရှားပါတယ် အခုထိ လေ့လာရတဲ့ သချို င်္င်းရာတွေဟာ မြို့ပြထူထောင်ပြီး နေကြတဲ့ ပျူတွေထက် ထိုနေရာမှာ ပိုစောစောနေခဲ့တဲ့ သူတွေလို့ ယူဆနိုင်ပါတယ် အရိုးစုနဲ့ တွဲတွေ့ပစ္စည်းတွေလဲ ကွာခြားပါတယ် အနက်ဆုံးနေရာက အရိုးစုနဲ့ ကျောက်ကွင်း ကျောက်လက်နက်တွေနဲ့ တွဲ တွေ့တယ်ဆိုရင် သူ့အထက်က မြေလွှာမှာ ကြေးခေတ်လို့ ယူဆနိုင်နဲ့ ပစ္စည်းတွေနဲ့ တွဲတွေ့ နိုင်ပြီး သူ့ထက်မြင့် တဲ့ မြေလွှာမှာတော့ သံခေတ်အထောက်အထားတွေနဲ့ တွဲတွေ့မှာပါ
ဒီကိစ္စကို ပြောမိတော့ တခါလား သမိုင်းဆောင်းပါးတစ်ပုဒ်ကို တိုင်းရင်းသားကိုယ်စားပြု အထူးထုတ်စာအုပ်ထဲမှာ ဖတ်မိတာလေး သတိရပါတယ် သူက အေဒီ ၈ရာစု မြေလွှာလို့ ဖော်ပြပါတယ် သူ့ဖော်ပြချက်ကို စာရေးသူ ခုထိ နားမလည်ပါဘူး ဒီလို လွယ်လွယ် သုံးနှုန်းလို့ ရသလား ဆိုတာပဲ ပိုသိချင်ပါတယ်
မြေလွှာကို ခေတ်ကာလ သတ်မှတ်ချင်ရင် ဟိုးအောက်ဆုံး သဘာဝမြေလွှာထိအောင် တူးရပါမယ် ဒီမြေလွှာက အခြားအထောက်အထား ပါဝင်မှု အနည်းဆုံး ဖြစ်နေတဲ့ အစောဆုံးမြေလွှာပဲ ဖြစ်ပါတယ် နှစ်ကာလ ပြောင်းလဲမှု နဲ့အတူ မြေသားတွေ ပုံလာပြီး ရာသီဥတုတိုက်စားမှုနဲ့ အခြားသော ပါဝင်ပစ္စည်းတွေရဲ့ အစွမ်းကြောင့် အောက်ခံ သဘာဝမြေလွှာနဲ့ ကွာ ခြားတဲ့ အရောင်အဆင်းရှိတဲ့ မြေလွှာတွေဟာ ကာလကြာညောင်းမှုအလိုက် အရောင်နဲ့ ပါဝင်ပစ္စည်း အမျိုးမျိုးရှိနေတဲ့ အလွှာအထပ်ထပ်တွေ ဖြစ်လာပါတယ် သည်အထပ်ထပ်ဖြစ်လာတဲ့ မြေလွှာထဲမှာ ရှိနေတဲ့ ပစ္စည်းတစ်မျိုး သို့မဟုတ် အတူတွဲတွေ့ပစ္စည်း ပစ္စည်းဆိုတဲ့နေရာမှာ လူ့အသုံးအဆောင်ကြည့် မဟုတ်ပဲ (ကျောက်တွေ သတ္တုတွေ အကောင်အမျိုးမျိုးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ အပင်ရုပ်ကြွင်းတွေပါ ထည့်စဉ်းစားရပါမယ်) အမျိုးမျိုးဟာ cultural sequence ယဉ်ကျေးမှု ကွင်းဆက် လို့တော့ ပြန်လို့မရဘူး …. ရုပ်ဝတ္ထုရောယှက်မှု စက်ဝန်းကြီး လို့ပြောရမလားပဲ အားလုံးဟာ တူညီတဲ့ ကာလတစ် ခုမှာ အတူချိတ်ဆက် ပက်သတ်နေကြတဲ့ အရာများ ဖြစ်သွားကြပါတယ်
ဒီတော့ အဆိုပါမြေလွှာနဲ့ တွဲတွေ့တဲ့ ပစ္စည်းတွေထဲမှာ absolute dating (အတိအကျသက်တမ်းတွက်ချက်မှု) လုပ်နိုင်တဲ့ ပစ္စည်းတစ်ခုပါခဲ့ရင် ထို cultural layer ကြီးရယ် အတူတွေ့ရတဲ့ ပစ္စည်းတွေရဲ့ သက်တမ်းကို တိတိ ကျကျရနိုင်ပါပြီ မြေလွှာသက်တမ်းတွက်ချက်မှု စနစ်ရှိသော်ငြား တိကျသက်တမ်းရယူမှုမဟုတ်ပဲ နှိုင်းဆ သက်တမ်းရယူမှု relative dating ပဲဖြစ်နေတာကို သတိပြုရပါမယ် မြေလွှာ ဘယ်လောက်အမြင့်ဟာ ဘယ်ကာလလဲလို့ မေးရင် ဖြေဖို့ခက်နေမယ်လေ
ဒီကိစ္စကို ရေးပြမှ သချို င်္င်းရာ ထဲမှာ အထပ်ထပ် ဖြစ်နေတဲ့ အရိုးစုတွေရဲ့ ခေတ်ကွဲပြားမှုကို သဘောပေါက်လိမ့် မယ်ထင်ပါတယ် စဉ်းစားရမှာက သည်နေရာကို သချို င်္င်းလို့သိပြီး လူပေါင်းစုံ ထပ်ထပ်မြှှုပ်ကြတာလား သည်နေရာမှာ နေထိုင်ကြတဲ့ မိသားစုကြီးတစ်ခုရဲ့ ဆွေစဉ်မျိုးဆက် သချို င်္င်း ဖြစ်မလား လူမျိုးစု တစ်ခုရဲ့ အထင်ကရ လူတွေ မြှုပ်နှံရာလား စဉ်းစားကြည့်ရပါမယ် သို့သော် ခေတ်ကာလ ကွာဟမှု နှစ်အပိုင်း အခြားကြီးမားတာမို့ အထက်ပါ ထင်ကြေးတွေကို ချေဖျက်ပစ်နိုင်ပါတယ် ဖြစ်နိုင်ချေတွေကို လိုက်စဉ်းစားကြည့်မိရင် မဖြစ်နိုင်ချေကိုလဲ ထည့်စဉ်းစား ရပါမယ် ချိန်ခွင်တွေ ညီသွားအောင် အတတ်နိုင်ဆုံးချိန်ညှိမယ် အပြည့်စုံဆုံးကို အဖြေထုတ်မယ် ဆိုတဲ့ သီအိုရီက တော့ စာအုပ်ပဲ ဖတ်ဖတ် ကွင်းဆင်းပြီးတော့ပဲ တူးကြည့်တူးကြည့် ချဉ်းကပ်ပုံကတော့ တသတ်မတ်ထဲ ထွက်နေတာပါ
လောဘနဲ့ ချဉ်းကပ်လို့မရတဲ့အထဲမှာ အမှန်တရားဆိုတာက ထိပ်ဆုံးကပဲ ဖြစ်ချင်သမျှကို လိုက်ပြီးဘောင်ခတ် ပေးတာက လောကသစ္စာ သဘာဝတရားကြီးနဲ့ သီအိုရီတရားဥပဒေများ သူတို့က ဘက်လိုက်မှု ကင်းတတ်ပါတယ်
ယနေ့ ကွင်းဆင်းခရီးကိုလဲ မနေ့ကလိုပဲ ဦးစောနိုင်ဦး ကပဲ ဦးဆောင်ပါတယ် စာရေးသူနဲ့ ဒီပလိုမာတန်းသားတွေ ရဲ့မေးခွန်းပေါင်းများစွာ အတွက် ပြင်ဆင်ကာ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတဲ့ ပုံနဲ့ စာရေးသူတို့ရဲ့ ဦးစီးအရာ ရှိကြီးကို လန်းဆန်းတဲ့ ပုံနဲ့တွေ့ရပါတယ် ဆရာနဲ့အတူ လိုက်ပါအားဖြည့်ပေးသူကတော့ ဦးသိန်းဇော် ဒုလက်ထောက် ကွန်ပြူတာဌာနပဲ ဖြစ်ပါတယ် မနေ့ကတည်းက အတူလိုက်ပါလာပေမဲ့ အမည်နဲ့ ရာထူးကို မမေး မိလိုက်တာမို့ ယခုမှ ဖော်ပြခွင့်ရပါတယ် ၃.၄. ၂၀၁၈ နေ့ရဲ့ ဗွေဆော်ဦး လေ့လာရေးကို ကုန်းအမှတ် ၂၅ နဲ့စတင် ပါတယ် အထက်မှာဖော်ပြခဲ့တဲ့ သချို င်္င်းရာ ကုန်းတစ်ခုပဲ ဖြစ်ပါတယ် ကနဦးတူးဖော်ရေး ကာလများရဲ့ တူးဖော်ရေး အားနည်းချက်များ ကြောင့် သိသင့်သလောက် မသိခဲ့ရတဲ့ အထောက်အထားများက ဟန်လင်းကြီး မြို့ဟောင်း ရဲ့ ပန်ချီကားတစ်ချပ်ကို ရင်သပ်ရှုမောဖွယ် ရှုစားခွင့် မရခဲ့ပါဘူး
ဟန်လင်းမြို့ဟောင်းဟာ cultural status တော်တော်မြင့်တဲ့ ဒေသကြီးပါ successive habitation စဉ်ဆက်မပြတ် လူနေထိုင်မှုရှိတဲ့ သမိုင်း ကွင်းဆက် သိပ်ပီပြင်တဲ့ မြို့ပြတစ်ခုပါ လူမျိုးစုလေးတွေ စုရုံးပြီး အကြီး အကဲအုပ်ချုပ်နေရာကနေပြီး မြို့ပြကြီးတစ်ခုကို ထူထောင်လိုက်နိုင်တဲ့ သာဓကတွေ အများကြီး ရှိထားပါတယ် ရေအရင်းမြစ်နဲ့ ခပ်နီးနီးနေတာ လက်ရေးစင်းအုပ်တွေ ထုတ်တာ ပုတီးစေ့ ဒင်္ဂါးများ အရိုးအိုးများနဲ့ ပျူအက္ခရာ စသည့် ပျူဝိသေသ လက္ခဏာမျိုးစုံ တွေ့ပြီး မီးလောင်ပြီး ပျက်ဆီးချိန် အထောက်အထားအထိ သက်သေပြနိုင် တဲ့ ဒေသတစ်ခုဖြစ်တာကြောင့် မဖြစ်မနေ လေ့လာသင့်တဲ့ နေရာလဲဖြစ်ပါတယ်
ကုန်း၃ခုကနေ ရတဲ့ အသိတင် ရေးမကုန်နိုင်အောင် ဖြစ်နေပါပြီ burial practiceရဲ့ အရေးပါပုံ ခေါင်းလှည့်ထားတဲ့ လားရာ အရိုးစုအသွင် အမျိုးမျိုးနဲ့ ဖြစ်ပေါ်လာတဲ့ ဆင့်ပွား မေးခွန်းများ တွက်ချက်နိုင်တဲ့ အဖြေများစွာကို ဖော်ပြချင်သော်လည်း စာရှည်ရှည်ဆိုရင် အနှစ်အရသာ ဘယ်လောက် ရှိနေပါစေ လက်ရှောင်သွားတတ်ကြတာကြောင့်ကော တခြားပြောချင်တာတွေ ကျန်ပြီး ရေးနေရင်း မေ့သွားမှာ စိုးတာကြောင့်ကော ရှေ့ကို ဆက်လိုက်ပါတော့မယ်
နောက်ထပ်သွားရတဲ့နေရာကတော့ HL- 17 တောင်ဘက်မြို့ရိုးရဲ့ အရှေ့တောင်ဘက် မြို့ဝင်ပေါက်ပဲ ဖြစ်ပါတယ် ပျူမြို့၃မြို့နဲ့တကွ အခြားပျူမြို့များတွင် တွေ့ရလေ့ရှိတဲ့ ပုံစံတွေ အတိုင်းပဲ အဝကျယ်ပြီး အတွင်းဘက်ကို ကျဉ်းမြောင်းသွားပြီး ရှည်လျားတဲ့ မြို့ဂိတ်ပေါက်ကြီးပါ ထူးခြားချက်အနေနဲ့ ဆားချက်မြေနဲ့ လယ်ကွင်းတွေ ရေကန်ကြီးတွေ ရှိတဲ့ ဘက်မှာ မြို့ဝင်ပေါက်ပေါင်း ၄ခု (၁ခု မတူးဖော်ရသေး အရာသာတွေ့) ရှိနေပြီး အရှေ့ဘက်နဲ့ အနောက်ဘက် မြို့ရိုးတွေမှာတော့ မြို့ဝင်ပေါက် တစ်ခုသာ တူးဖော်ရရှိတဲ့ အနေအထား တရပ် တွေ့ရပါတယ် စီးပွားရေး အလို့ငှာ ထိုသို့ ဆောင်ရွက်ထားသလားလို့ ရှင်းပြသူက မှတ်ချက်ပေးပါတယ် စဉ်းစားရမဲ့ အချက်ပါ ပျူမြို့တွေဟာ ဟိန္ဒူအယူရော ဗုဒ္ဓဘာသာ အယူမှာပါ ကျင့်သုံးတတ်တဲ့ မဏ္ဍလ စနစ်နဲ့ တည်ဆောက်တတ်တယ်လို့ ပြောကြပါတယ် ထိုအစီအရင်မှာ မြို့ဝင်ပေါက်တွေဟာ တစ်ဘက်ကို ၃ပေါက်စီ ထည့်ဆောက်တတ်တာမို့ ဟန်လင်းမှာ တစ်ဘက်ထဲတင် လေးပေါက်ရှိနေတာ ထပ်လေ့လာရဦးမှာပဲ မြို့ဝင်ပေါက် အလယ်တည့်တည့် က မြေအောက်မှာ မထင်မှတ်ပဲ လူအရိုးစုတွေ တူးဖော်မိထားပါတယ် ပြန်လည် မြေဖို့ ထိမ်းသိမ်းထားပါတယ် ထိုအရိုးစုတွေကလဲ မြို့ရိုးထဲက လူတွေနဲ့ မဆိုင်ပဲ ခေတ်စောစောက အရိုးစုတွေမို့ သချို ်င်းရာပေါ် မသိပဲ မြို့ဝင်ပေါက် ပြုထားတဲ့ သဘောတွေ့ရတဲ့အပြင် မြို့တစ်မြို့ရဲ့ အထွတ်အမြတ် ဝင်ပေါက်ကို အမင်္ဂလာသဘောရှိတဲ့ သချို င်္င်းရာပေါ် တင်ထားတာဟာ ဒီဒေသကို စိမ်းနေတဲ့ လူတွေ မြို့လာတည်သလားလို့ တွေးစရာပါ တွေးရုံတွေးတာပါနော် တောင်တောင်အီအီတွေ လျှောက်ဆွဲစဉ်းစားပြီး စာရေးသူပို့စ်ကို စခွင်ရှုပြီး အဖွအထောင်တွေ မလုပ်ကြဖို့ တောင်းဆိုချင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ စာရေးသူရဲ့ အတွေးများကို ထိုနေရာတွင် အရိုးအိုးမြှုပ်နှံမှုပါ တွေ့ရတာကြောင့် ခပ်မြန်မြန်ပဲ ရုတ်သိမ်းခဲ့နိုင်လို့ပါ
မြို့ဝင်ပေါက်အကြောင်း ပြောမိတာနဲ့ တလက်စတည်း အစဉ်လိုက် သွားဖြစ်တဲ့ ကုန်းအမှတ်တွေကို ကျော်ပြီး အရှေ့ဘက်မြို့ရိုးက မြို့ဝင်ပေါက်ကိုပါ ဆက်ပြောပါ့မယ်HL-11 ဝင်ပေါက်ဟာလည်း ကုန်းအမှတ် ၁ရလိုပဲ မြို့ဝင်ပေါက်ရာ ထင်ရှားတဲ့ structure remain တွေအများကြီး ကျန် ပါသေးတယ် နှမြောဖို့ကောင်းတာတစ်ခုက တူးဖော်စဉ်မှာ တွေ့ခဲ့ရတဲ့ အစောင့်နေရာ နဲ့ လက်နက်သိုလှောင်ရာ နေရာတွေ အခုချိန်မှာ မရှိတော့ပါဘူး ဒီလို ပျောက်ဆုံးနေတာက ဝင်ပေါက် ၂ခုလုံးမှာပါ ပြီးတော့ မီးသင့်ထားတဲ့ အထောက်အထားကိုလည်း ခိုင်ခိုင်မာမာ တွေ့ရပါတယ် ကုန်းအမှတ် ၁ရနဲ့ တည်းခိုဆောင်ဟာ အတော်လှမ်းပါတယ် ဟန်လင်းကြီးမြို့ဟောင်းရဲ့ တောင်ဘက် မြို့ရိုးဟာ တစ်မိုင်လောက် ရှည်လျားတာမို့ ထိုမြို့ရိုးရဲ့ အရှေ့ဘက်ကို ကပ်နေတဲ့ မြို့ဝင်ပေါက် နှစ်ခုကို မြေပုံမှာ နှိုင်းယှဉ်စဉ်းစားကြည့်ရင် ဟန်လင်းမြို့ဟာ တောင်ဘက်ပိုင်းကို ဖွင့်ပေးပြီး သွားလာဝင်ထွက် ဖို့ အလေးပေးထားတယ် ဆိုတာ သိနိုင်ပါတယ် နောက်ထပ် တောင်မြို့ရိုး မြို့ဝင်ပေါက်ကတော့ HL-10 ပါ ကုန်း ၁ရရဲ့ အနောက်ဘက် ကပ်ရပ် ဝင်ပေါက်ပါပဲ ဦးဝင်းသူရညွှန့်ကြီး ခိုင်းလိုက်တဲ့ မစ်ရှင်ထဲက စေတီပုံသဏ္ဍန်ရှိ အရိုးအိုး အဖုံးကို ထိုကုန်းက တူးတွေ့တာပဲ ဖြစ်ပါတယ် ဘောဘောကြီးတို့လို ပုံစံမျိုး မဟုတ်ပဲ မျက်မှောက်ခေတ် စေတီပုံနဲ့ သွားဆင်နေပါတယ် ပျူစေတီပုံစံများရဲ့ သတ်မှတ်ချက်ကို တမျိုးတဖုံ ဖြစ်စေမလား လို့ ချိန်ဆကြည့်ရပါဦးမယ် အိန္ဒိယ မြို့ရိုးပုံစံတွေကို အခြေခံထားတဲ့ မြို့ဝင်ပေါက်တွေကတဆင့် တခြားဒေသများက ပုံစံတူ အထောက်အထားတွေကိုလဲ ချဲ့ကားလေ့လာရဦးမှာပဲ
burial practice လဲတွေ့ပြီဆိုရင် နောက်ထပ် ယုံကြည်မှုတစ်ခုဖြစ်တဲ့ ဘာသာရေး အထောက်အထားများကိုလဲ ပြီးပြည့်စုံသော မြို့ပြကြီးတစ်ခုဖြစ်ဖို့အတွက် မဖြစ်မနေလိုက်ရှာရပါမယ် HL-19, 12, 13, 15 တို့ဟာဆိုရင်ဖြင့် ဘာသာရေးနဲ့ ပတ်သက်ဖွယ်ရှိတဲ့ အရာ အဆောက်အဦး အကြွင်းအကျန်များကို တွေ့ရပါတယ် ကုန်း၁၉ ဆိုရင် တပါးထိုင် ကျောင်းလေးသဖွယ် ယူဆလို့ရပြီး ရေစင်တော်သွန်းအိုး ဆီမီးခွက် ကနုတ်အဆင်များ တွေ့ပါတယ် ပုဂံခေတ်နှောင်းက အဆောက်အအုံတစ်ခုပါ ကုန်း၁၂ကိုတော့ အလယ်တွင် အဝိုင်းရာ ဘေးတွေ လေးထောင့် ရာက ပတ်ခွေပြီး အဝိုင်းပုံ အချင်းနေရာက လျှောက်လမ်းရာလေး ပါတဲ့ တပိုင်းတစပုံစံနဲ့တွေ့ရပါတယ် ပါဠိအခြေခံ ဗုဒ္ဓသာသနာ ထွန်းကားခဲ့ရာလို့ ယူဆနိုင်သော လှူဒါန်းရာမှာ မွေ့လျော်သူ ဟု ပျူစာရေးထိုးပါရှိတဲ့ ကျောက်တုံးတံဆိပ်တစ်ခုကို ထိုနေရာမှာ တွဲတွေ့ ပစ္စည်းအဖြစ် တွေ့ရပါတယ် ဘာသာရေး အဆောက်အဦးလို့ ဆိုထားပေမဲ့ လေးထောင့်နံရံရဲ့ အပြင်မှာ အရိုးအိုး ၉လုံးနဲ့ အရှေ့ဘက် အုတ်ရိုးအောက်ခြေမှာ အရှေ့ခေါင်းလှည့်ထားတဲ့ အရိုးစု ပြီးတော့ အနောက်ဘက် အုပ်ရိုးအပြင်မှာ အရိုးအစအန စသည်ဖြင့် တွေ့တာကြောင့် ပျူဆန်တဲ့ မြှုပ်နှံပုံတွေကို စတွေ့ရပါပြီ ကုန်း ၁၃နဲ့ ၁၅ကလဲ ကုန်း ၁၂လိုပဲ ဘာသာရေးအဆောက်အဦးတွင် အရိုးအိုး မြှုပ်နှံမှု တွဲပြီး တွေ့လာပါပြီ သို့သော် အရိုးအိုး မြှုပ်နှံထားရှိပုံကိုတော့ မျက်မြင်မတွေ့ရပဲ မှတ်တမ်းဓါတ်ပုံအနေနဲ့သာ လေ့လာခွင့်ရပြီး ပြတိုက်ကို ရောက်မှသာ ချိတ်ဆက်ကြည့်ရမယ်
စာလဲရှည်ပြီ လူတွေလဲ ပျင်းနေပြီထင်ပါတယ် ဒီနေ့အတွက် အိမ်စာကိုတော့ အပြီးလုပ်ထားရမှာမို့ ဆက်ပြီး သည်းခံ ဖတ်လိုက်ကြပါဦး
တူးပြီးသား ထိမ်းသိမ်းပြီးသား ဆိုဒ်တွေဟာ စာရေးသူကို စွဲဆောင်မှု မပေးနိုင်တော့ပါဘူး ဒီတော့ သဘောကောင်းတဲ့ ဦးစီးကြီးကို မတူးရသေးတဲ့ ကုန်းတွေ လိုက်ပြဖို့ ပူဆာတာကြောင့် HL -009 နဲ့ HL 003 ဘက် လိုက်ပြပါတယ် ကုန်းဝ၀၉ ဟာ မြင့်မားတဲ့ ကုန်းကြီးဖြစ်ပြီး အပင်ကြီးတွေ ရှိနေသော်လည်း အောက်ခြေက ခပ်ရှင်းရှင်းနဲ့ မြေသားတွေ ပွယောင်းယောင်းဖြစ်နေကာ မြေသားအရောင်ဖျော့ပါတယ် သူနဲ့ယှဉ်ရက်နေရာမှာ သဘာဝကုန်းတစ်ခုရှိနေတာကြောင့် ကွာခြားချက်ကို ကောင်းကောင်း လေ့လာခွင့်ရခဲ့ပါတယ် ပြီးရင် မြေပြန့်သဖွယ် ဖြစ်နေတဲ့ ကုန်းမို့မဟုတ်တဲ့ ပြင်ညီကုန်းစောင်းတစ်ခုဆီ ရောက်လာပါတယ် သဲဆန်တဲ့ မြေသားပွပွမှာ surface finding လို့ခေါ်တဲ့ လူတွေ စွန့်ပစ်သွားတဲ့ အိုးခြမ်းပဲ့တွေ အရိုးစတွေ ပစ်မလွဲတွေ့ရတဲ့ နေရာကြီးကို ရောက်လာပါတယ် ထိုနေရာဟာလဲ မတူးဖော်ရသေးတဲ့ ဆိုဒ်တစ်ခုပါပဲ ထိုနေရာထက် မြင့်တဲ့ ကုန်းစောင်းလေးသဖွယ် ဖြစ်နေတဲ့ သစ်ပင်ရိပ်ကလေးကလှမ်းကြည့်လိုက်ရင် ဘယ်ဘက်မှာ အနောက်မြို့ရိုးကုန်းကြီးကို ထင်းနေအောင်မြင်ရသလို ညာဘက်မှာ တောင်ဘက်မြို့ရိုးရာ ခပ်မောက်မောက်နဲ့ အရှည့်တည့်တည့်မှာ water hydraulic system ရေမြောင်းရာရှိတဲ့ အပင်တန်းကို ကောင်းကောင်းကြီး မြင်ရပါတယ် တကယ်ကို ပညာရတဲ့ ရက်ကလေး ဖြစ်ခဲ့ပါတယ်
နောက်ဆုံး သွားရတဲ့နေရာကတော့ ဟန်လင်းရှေးဟောင်းပြတိုက်ကိုပါပဲ ပြတိုက်ဆိုတာကတော့ ပြသထားတဲ့ တိုက်ငယ်လေးဖြစ်တာကြောင့် အထွေအထူး တင်ပြစရာမရှိပါဘူး စိတ်ဝင်စားစရာလဲ မပါဝင်ပါဘူး စာရေးသူတို့ ရဲ့ ဦးစီးအရာရှိကြီးကတော့ ဟန်လင်းမြို့ဟောင်း ကမ္ဘာ့အမွေအနှစ် သတ်မှတ်ခံရတဲ့ စံနှုန်းသတ်မှတ်ချက်တွေကို ဂုဏ်ယူမဆုံး ရှင်းပြရှာပါတယ်
ပြတိုက်က ပြန်ရင်တော့ ဒီနေ့ ကွင်းဆင်းခရီးစဉ် ပြီးဆုံးပါပြီ ညနေဘက်မှာ ပုံဆွဲသင်ဖို့ပဲ ရှိပါတော့တယ်
တည်းခိုဆောင်ပြန်ရောက် ထမင်းစား ခနနားပြီးလို့ ၂နာရီထိုးတော့ ပုံဆွဲဆရာရောက်လာပါတယ် ဦးသိန်းကျော်ဦး မန္တလေး ရှေးဟောင်းဦးစီးမှူး ရောက်လာပြီး ကျောင်းသူကျောင်းသားများကို စေတနာအပြည့်နဲ့ ပုံဆွဲနည်းစနစ်များကို ရှင်းပြပေးပါတယ် ဟန်လင်းတူးဖော်ရေးတင်မက ပျူမြို့ဟောင်းများစွာရဲ့ တူးဖော်ရေးတွင် draftsman အဖြစ် ပါဝင်ခဲ့တဲ့ ဆရာ့ကို ရန်ကုန်တက္ကသို်လ် ရှေးဟောင်းသုတေသန မိသားစုများက တလေးတစား ဖိတ်ကြားပြီး သင်ကြားဖို့ မေတ္တာရပ်ခံခဲ့တာပါ
ရှေးဟောင်းသုတေသန တူးဖော်ရေးတွင် draftsman တစ်ဦးရဲ့ အခန်းကဏ္ဍဟာ အရေးပါလှပါတယ် တူးဖော်မှု ပန္ဒက် (plan) ထောင်လိုက်မြင်ကွင်း elevation ဖြတ်ပိုင်းပုံ section ထို့ပြင် တူးတွေ့ပစ္စည်းတွေရဲ့ plan elevation sectionများကို ရေးဆွဲတင်ပြရပါတယ် ဒီဖြစ်စဉ် မပါဝင်တဲ့ စာတမ်း ရပို့ စသည်တို့ဟာ မပြည့်စုံပါဘူး ကျွမ်းကျင်တဲ့ draftsmanတွေဟာ အိုးခြမ်းပဲ့ တစ်ခုရှိရုံနဲ့ အိုးတစ်လုံးလုံးကို ဖော်ပြနိုင်စွမ်းရှိသလို မပြည့်စုံတဲ့ အဆောက်အဦးပျက်များကို ဖြည့်ဆွဲပြနိုင်ပါတယ် စာရေးသူ သဘောအကျဆုံး အပိုင်းကတော့ နည်းပညာ အသုံး ပြုပြီး မျက်မြင်မှာ မပြည့်စုံဖြစ်နေတဲ့ အရာမှန်သမျှကို စကေးကိုက်ညီစွာနဲ့ ယခင်တည်ရှိခဲ့တဲ့ ပုံကို ပြန်လည် ဖော်ပြနိုင်စွမ်းရှိတာကိုပါပဲ တီဗွီက documentary တွေများလာလိုက်ရင် စုတ်ပြတ်သတ်နေတဲ့ အဆောက်အဦးတွေကို ယခင်ပုံစံအတိုင်း ပုံဖော်ပြတာမျိုးကို မတရား အားကျခဲ့ရပါတယ် အခု မြန်မာနိုင်ငံမှာလဲ လုပ်နိုင်နေပြီဆိုတော့ တော်တော်ကြီး ဝမ်းသာမိပါတယ်
စာကမတရားကြီး ရှည်သွားပြီ ဒီနေ့လေးကတော့ ရန်ကုန်မှာ မိုးသီးကျတဲ့အထိ မိုးလေထန်ပြီး ဟန်လင်းမှာပါ မိုးရွာလေထန်ပါတယ်နော် ဒေးသရီးကို မပျင်းမရိ ဆက်ဖတ်ကြဦးမယ်ဆိုရင် နောက်နေ့ ဆက်ရန်ပေါ့
ပုံ HL
ကြိုးစားလျက်
သျှင်လေညင်း