(ZawGyi)
ပုဂံေရာက္ရင္ ျမင္းကပါ ဂူေျပာက္ၾကီးကိုျဖင္႔ လူတိုင္းေရာက္ေအာင္သြားၾကစျမဲ

ျမင္းကပါ ဂူေျပာက္ၾကီး
က်န္စစ္သားနဲ႔ ရာဇကုမာရ္အမတ္ၾကီးတို႔ အခ်ိတ္အဆက္
ေက်ာင္းေနဖူးတဲ႔သူတိုင္း သိၾကတဲ႔သမိုင္းထဲက သရုပ္မွန္
ဘာမသိ ညာမသိနဲ႔ ေတြ႔ေလရာဘုရားေတြကို ေရာ္ယမ္းဦးခ်ေနရတာနဲ႔စာရင္ အလြမ္းအေဆြး ေက်းဇူးတရားမ်ားနွင္႔ သားလိမၼာတစ္ဦးရဲ႕ ျပယုဂ္ေတြရွိေနတဲ႔ ျမေစတီ ရာဇကုမာရ္ေက်ာက္စာနဲ႔ ျမင္းကပါ ဂူေျပာက္ၾကီးတို႔ရဲ႕ သမိုင္းက ျမန္မာတို႔နဲ႔ မစိမ္း
သမိုင္းသမားတစ္ဦးရဲ႕ ရွဳေထာင္႔ကေနၾကည္႔ျပန္ေတာ႔လဲ နွစ္တစ္ေထာင္ေက်ာ္လာသည္႔တိုင္ အေကာင္းအတိုင္းၾကြင္းက်န္ေနေသးတဲ႔ နံရံေဆးေရးပန္းခ်ီမ်ားက ေျပာျပမဲ႔ စကားသံမ်ားရဲ႕ ဆြဲေဆာင္မွဳတို႔ေၾကာင္႔ ထပ္ခါထပ္ခါ ေျခခ်မိတဲ႔ေနရာဆိုရင္လဲ မမွား
နာမည္ေက်ာ္ေသာ္ျငား အခါခါျပဳျပင္ထားေသာ ေနာက္ေခတ္လက္ရာ ျမေစတီရဲ႕ ထည္ဝါမႈေအာက္တြင္ ငုတ္ရွိဳးေနရရွာေသာ မူလပုဂံလက္ရာအတိုင္း ရွိေနေသးတဲ႔ အရြယ္ေသးေသး ဂူဘုရားရဲ႕ အဝင္ဝမွာတင္ ပိတ္ထားေသာ သံပန္းနွင္႔ တားျမစ္ခ်က္တစ္ခ်ိဳ႕က ပထမ အတားအဆီး တစ္ခု
ဖြင္႔ထားေသာ တံခါးတစ္ဘက္ကို ျဖတ္ျပီး ဝင္လိုက္တယ္ ဆိုရင္ပဲ ပိန္းပိတ္ေအာင္ ေမွာင္မဲေနျခင္းက ဒုတိယအတားအဆီး
ထိုအေမွာင္ထဲတြင္ စာေရးနည္း မတြင္က်ယ္ေသးေသာ ကာလမွာ ေျပာခ်င္ရာမ်ားကို ရုပ္ပံုျဖင္႔ ေဖာ္ျပထားတဲ႔ စာေရးနည္းတျဖစ္လဲ ျမန္မာ႔လက္မွဳ နံရံေဆးေရးပန္းခ်ီမ်ားကရွိေနသည္ဆိုေသာ္ျငား မီးဆလိုက္ေလးလံုးက ဘုရားဖူးမ်ားနွင္႔ လက္မလည္ေတာ႔ တစ္ခ်ိဳ႕က တစ္ပတ္ပတ္ရံုနွင္႔ ေက်နပ္ျပီး ျပန္ထြက္သြားၾကသည္
သာမန္ဘုရားဖူးမ်ားအတြက္ မထူးျခားေသာ္လည္း တိုက္ဆိုင္ေလ႔လာလိုသူမ်ားအတြက္ေတာ႔ ခက္ခဲလွတယ္ ဆိုနိုင္ေပမယ္႔ ထိန္းသိမ္းနိုင္ဖို႔က ပထမဦးစားေပးျဖစ္ေနသည္မို႔႔ မွတ္တမ္းယူျပီးသား ပံုမ်ားနွင္႔သာ ေစ႔ေစ႔ေပါက္ေပါက္ေလ႔လာၾကရံု
ထိုဂူဘုရားတြင္ တတိယ အတားအဆီးတစ္ခုရွိေသးသည္
ျမင္းကပါ ဂူေျပာက္ၾကီးကို ေရာက္ဖူးသူမ်ား ထိုအတားအဆီးကို ေက်ာ္ရန္က အခက္ခဲဆံုးေသာ စိန္ေခၚမွဳတစ္ခုဆိုလည္းအမွား
ျမင္းကပါ ဂူေျပာက္ၾကီး၏ တတိယ အတားအဆီးဟု စာေရးသူ ညႊန္းဆိုလိုေသာ ထိုအရာသည္ ျမင္းကပါ သစၥာတရားကို အေကာင္းဆံုး ေဖာ္ညႊန္းျပသခဲ႔သည္လို႔လဲ ေျပာနိုင္သည္။
ထိုအရာသည္ ဘာလဲ သိၾကပါသလား
စာေရးသူနွင္႔ ထပ္တူ ခံစားမိသလား စာေရးသူနည္းတူ ၾကံဳေတြ႔ခဲ႔ဖူးသလား သင္႔အေတြးကို တစ္ခုခုကို ပို႔စ္ေအာက္မွာ ခ်ေရးၾကည္႔ပါလား
အိမ္း
စာေရးသူ ဆိုလိုခ်င္ခဲ႔ေသာ ျမင္းကပါဂူေျပာက္ၾကီးက တတိယ အတားအဆီးဆိုသည္႔ အေၾကာင္းအရာကို မၾကံဳဖူးၾကသည္လား
ပုဂံကို ကိုးခ်င္းကိိုးေခ်ာင္းသြားေနၾကတဲ႔ သူေတြ ပုဂံသားေတြ အေကာင္႔ထဲရွိပါရက္နဲ႔ မေန႔ကတင္လိုက္တဲ႔ #ျမင္းကပါကသစၥာရွင္ ဆိုတဲ႔ ပို႔စ္ေအာက္မွာ လိုခ်င္တဲ႔အေျဖကို မရခဲ႔ေတာ႔ စာေရးသူပဲ ၾကံဳခဲ႔ရတာလားလို႔ ဇေဝဇဝါေတာင္ ျဖစ္မိပါရဲ႕
စာေရးသူကေတာ႔ ပုဂံကိုနွစ္ေခါက္ပဲေရာက္ဖူးပါတယ္
၂၀၁၆ဧျပီလတုန္းက ခင္ပြန္းျဖစ္သူနဲ႔ တစ္ခါ ၂၀၁၇ ဧျပီလမွာပဲ ရန္ကုန္တကၠသိိုလ္ ေရွးေဟာင္းသုေတသန ပညာမိသားစုနဲ႔ ေလ႔လာေရးကြင္းဆင္း ခရီးသြားစဥ္တုန္းက တစ္ခါပါ
နွစ္ခါလံုး ျမင္းကပါဂူေျပာက္ၾကီးကို ေရာက္ခဲ႔တယ္ပဲ ဆိုပါေတာ႔
နွစ္ခါလံုးလဲ သံတူေၾကာင္းကြဲ ထိုျဖစ္ရပ္ကို တထပ္တည္း ၾကံဳခဲ႔ရပါတယ္
အတားအဆီးဆိုတဲ႔အတိုင္း စိတ္လြတ္ကိုယ္လြတ္ ေဆာင္ရြက္လို႔မရေလာက္ေအာင္ ဟန္႔တားခံရတဲ႔ အရာတစ္ခုပဲ ျဖစ္ရမယ္ မဟုတ္လား
ခက္ခက္ခဲခဲ စကားထာဝွက္ခ်င္တာ မဟုတ္ရပါဘူး
ဆန္းဆန္းၾကယ္ၾကယ္ ဂမၻီရ ပရေလာကသား အေၾကာင္းလဲ မဟုတ္ရပါဘူး
ကိုယ္ေတြ႕ သူေတြ႕ ဖလွယ္ၾကရင္း ေပါ႔ေပါ႔ပါးပါး ေျပာၾကဆိုၾက ရယ္ေမာၾကဖို႔ စိတ္ကူးမိလို႔ပါ
ပထမအတားအဆီးအျဖစ္ လူလုပ္ သံပန္းတံခါးကို ေဖာ္ျပျပီးျပီ
ဒုတိယ အတားအဆီးကေတာ႔ သဘာဝ အေမွာင္ကို ရည္ညႊန္းျပီးျပီဆိုေတာ႔
တတိယ အတားအဆီးကေတာ႔ နံရံေဆးေရးရွိတဲ႔ ပုဂံက ဘုရားေတြတိုင္းမွာ ေတြ႔ရေလ႔ရွိတဲ႔ လူအေစာင္႔ပဲ က်န္ပါေတာ႔တယ္
ဘုရားအဝေရာက္တာနဲ႔ ေဆးနီသုတ္ထားတဲ႔ သံပန္း အတြင္းက သံတိုင္စိုက္ထားတဲ႔ ျပဴတင္းေပါက္မ်ား ရွိရင္ရွိ မွိန္ကုပ္ကုပ္အလင္းေရာင္နဲ႔ အတည္တက် စတည္းခ်ေနတဲ႔ (မ်ားေသာအားျဖင္႔ မုခ္ထဲမွာ ဖ်ာခင္းျပီး အိပ္ေနေလ႔ရွိတဲ႔) ဝိေသသ သံုးမ်ိဳးထဲက တစ္ခုခုကို ေတြ႕ရင္ ေသခ်ာျပီ နံရံေဆးေရးရွိျပီဆိုတာ အၾကမ္းေတာ႔ မွတ္ထားၾကပါ
စာေရးသူတို႔ကေတာ႔ သမိုင္းရွဳေထာင္႔သမားပီပီ ဘုရားအမည္ေတြ႕လိုက္တာနဲ႔ နံရံေဆးေရးရွိတယ္ဆိုတာ သိျပီးသားျဖစ္ရပါမယ္
ျမင္းကပါ ဂူေျပာက္ၾကီးက ကင္းေစာင္႔ဆရာသမားကေတာ႔ အျခားဘုရားက ကင္းေစာင္႔မ်ားလို စည္းကမ္းပိုင္း မေလ်ာ႔ရဲပဲ ေတာ္ေတာ္တင္းၾကပ္ပါတယ္ လူသတိထားမိေလာက္ေအာင္ ထည္ဝါေအာင္ျမင္တဲ႔ အသံၾကီးနဲ႔ လူေတြကို ေခြးေမာင္းသလို လိုက္ေမာင္းတတ္တာေၾကာင္႔ လူတိုင္း သိၾကမယ္လို႔ ထင္မိတာလဲပါပါတယ္ ထားေတာ႔
ျမင္းကပါ ဂူေျပာက္ၾကီးက ကင္းေစာင္႔ၾကီးကို ဘာလို႔သစၥာတရားနဲ႔ ထပ္တူ အနွိဳင္းခံနဲ႔ အနွိဳင္းတူ တင္စားခ်င္ရတာလဲ
ဆိုေတာ႔
ေျပာၾကည္႔ပါ႔မယ္
အျမင္ခ်င္း တိုက္ဆိုင္ခ်င္မွ တိုက္ဆိုင္လိမ္႔မယ္
တန္ဖိုးနဲ႔ သရုပ္ခြဲျခားမႈအရ ေဘာင္ဝင္ခ်င္မွလည္း ဝင္လိမ္႔မယ္
ဒါေပမယ္႔
သမိုင္းဆိုင္ရာ သုတ ရသ ေဆာင္းပါးမ်ားကို စိတ္ဝင္စားမွဳ နည္းပါးေနတဲ႔ အေၾကာင္းအရင္းကို ေတာ္လွန္ခ်င္မိတဲ႔ အေတြးေတြနဲ႔ အေထာက္အထားနဲ႔ ကိုယ္ပိုင္အေတြးမ်ားကို ေပါင္းစပ္ကာ ဖန္တီးမႈ အသစ္ကို ရဲရဲခ်ေရးျပီး သမားရိုးက် ပံုစံက ေဖာက္ထြက္ဖို႔ၾကိဳးစားတဲ႔ အေနနဲ႔ မတူတဲ႔ ရွဳေထာင္႔တစ္ခုကေန ေရးျပၾကည္႔ပါ႔မယ္
ဒီေနရာမွာ လိုရင္းမေရာက္နိုင္ပဲ ကြန္႔ရပါဦးမယ္
စာေရးသူဟာ နွစ္ေပါင္းမ်ားစြာ ေနလာရသည္႔တိုင္ေအာင္ ကိုယ္႔ဗီဇနဲ႔ ဝါသနာတို႔ ထပ္တူက်ျပီး မေနခဲ႔ရပါဘူး
အေၾကာင္းရင္းက
ဆယ္တန္းေအာင္စာရင္းက အမွတ္ေပါင္းဟာ ကိုယ္႔ဗီဇနဲ႔ ကိုက္ညီတဲ႔ ဝါသနာလို႔ ထင္ျပီး အမွတ္ေပါင္းနဲ႔ ညီမွ်တဲ႔ ဘာသာရပ္ကို ဆည္းပူးမိခဲ႔ပါတယ္
တကယ္ေတာ႔
စာေရးသူဟာ စကားအလြန္ၾကြယ္ပါတယ္ အလြန္အမင္း ကပ္သပ္ျပီး စကားေျပာတတ္ပါတယ္ မိဘက လိမ္တာမၾကိဳက္လို႔ မလိမ္ရဲေပမယ္႔ လွည္႔ေျပာတတ္ပါတယ္
ရန္ျဖစ္တိုင္း ျငင္းခံုၾကတိုင္း စကားအရာမွာ အနိုင္ရပါတယ္
ျပီးေတာ႔
စာေရးတာကို သာမန္မဟုတ္ပဲ လွည္႔ပတ္ျပီးေရးရတာမ်ိဳးကို သေဘာက်ပါတယ္
ငယ္စဥ္ကတည္းက သူငယ္ခ်င္းအထီးအမေတြအတြက္ ရည္းစားစာ ခ်ဳပ္စာ ျဖတ္စာ ဒိုင္ခံအၾကံေပးရပါတယ္
ဒါေၾကာင္႔မို႔
ငါေတာ႔ တကူးတကန္႔ ရည္းစားရွာမေနေတာ႔ဘူး ငါ႔မွာရည္းစားေတြ မ်ားလွျပီလို႔ ရယ္သြမ္းေသြးေလ႔ရွိပါတယ္
အလယ္တန္း အထက္တန္းမွာ စာစီစာကံုးကို ျပည္နယ္အဆင္႔ထိ ျပိဳင္ခဲ႔ရပါတယ္
လက္ေရးနံုလို႔ နွစ္သိမ္႔ဆုေတြေလာက္နဲ႔ပဲ ေက်နပ္ခဲ႔ရပါတယ္
တကယ္ေတာ႔ ေရွ႕ေနသို႔မဟုတ္ ျမန္မာစာနဲ႔ ေက်ာင္းတက္ရမဲ႔စေကးပါ
ဒါ႔အျပင္
ဘယ္ေနရာသြားသြား ကားစီးရင္ ရထားစီးရင္ ေနာက္ဆံုးေလယာဥ္စီးရင္ေတာင္ အိပ္ျပီးလိုက္သြားတဲ႔ အေလ႔မရွိပါဘူး အေဝးက ၾကည္႔ရတဲ႔ အရာေတြကို အနီးကပ္ေလ႔လာရမယ္႔ အခြင္႔အေရးနဲ႔ အနီးမွာ ရွိေနတဲ႔ အရာေတြကို အေဝးက အေပၚစီးက ေလ႔လာရမဲ႔ အခြင္႔အေရးကို ဘယ္လက္လႊတ္ခံပါ႔
ဒါကို ေတာက်တယ္ဆိုျပီး နွာေခါင္းရွံဳ႕ခ်င္လဲ အေရးေတာ႔မလုပ္ပါဘူး
အေမေပးထားတဲ႔ မ်က္စိနဲ႔ အခြန္မေဆာင္ရသမွ် လိုက္ၾကည္႔တာ ဘာျဖစ္လဲ
ေတာက်တယ္ထင္တဲ႔သူေတြ သူမ်ားေရးမွ ေအာ္သည္လိုပါလားလို႔ ပါးစပ္အေဟာင္းသား ျဖစ္ရမွာပဲ
ခရီးစဥ္တစ္ေလွ်ာက္ ျမိဳ႕ေတြမွတ္တယ္ ဆိုင္းဘုတ္ေတြဖတ္တယ္ ဘာမွၾကည္႔မရရင္ မိုင္တိုင္ေတြၾကည္႔တယ္ လယ္ကြင္းေတြ စိုက္ထားလား ရိတ္ထားလား ဘာေတြအစားထိုး စိုက္ထားလဲ လိုက္ၾကည္႔တယ္ ေခ်ာက္မို႔လဲ ေခ်ာက္ထဲ ေက်ာက္ကမ္းပါးလဲ ေက်ာက္ကမ္းပါး ျမစ္ေတြ႔ေတာ႔ ျမစ္ကို တံတားျဖတ္ေတာ႔ တံတားနာမည္ အတိုအရွည္ အၾကီးအေသး ေဘးကျဖတ္သြားတဲ႔ကား တစ္ေထာက္နားေတာ႔ ေဒသထြက္ကုန္ေတြ ေလ႔လာ မသိရင္ေမးနဲ႔ အရမ္းစပ္စုတတ္ပါတယ္
တကယ္ေတာ႔ ဒါေတြဟာ မွတ္တမ္းတင္တဲ႔ အေလ႔အထကို ဗီဇအျဖစ္ ရင္းနီးက်င္႔သံုးလာခဲ႔တာပဲ မဟုတ္လား
ဒါေၾကာင္႔ ဘယ္သြားခ်င္လို႔ ဘယ္လမ္းကေမာင္းရမလဲ ဘယ္သြားရင္ ဘာစားရ ဘယ္မွာနားရမလဲနဲ႔ မိတ္ေဆြေတြက အျမဲအကူအညီအေတာင္းခံေနရတယ္ေလ
သတိမမူ ဂူေတာင္မျမင္ သတိမူက ျမဴေတာင္ျမင္တယ္ဆိုတဲ႔အတိုင္း ကိုယ္႔မွာရွိတဲ႔ အေလ႔အထဟာ
ေဟာ
ေရွးေဟာင္းသုေတသန တက္ေတာ႔ ကိုက္ညီေနေတာ႔တာပဲ
ပထမဆံုးလိုက္ဖူးတဲ႔ ကြင္းဆင္းေလ႔လာေရးခရီးမွာ ကိုယ္႔နုတ္ေတြကို ယူျပီးကိုးကားခံရတဲ႔အထိ ခရီးေပါက္ခဲ႔ပါတယ္
ေျပာခ်င္တာကေတာ႔ ဗီဇနဲ႔ ဝါသနာကို ထပ္တူခ်ၾကည္႔မယ္ဆိုရင္ ေျခေျချမစ္ျမစ္ တိတိက်က် ေရးသားတင္ျပရတဲ႔ သမိုင္းေဆာင္းပါး သမိုင္းေနာက္ခံ ဝတၳဳစသည္တို႔ကို အသြင္သစ္ ပံုစံအသစ္နဲ႔ စိတ္ၾကိဳက္ဖန္တီး ျခယ္မွဳန္းျခင္းဟာ စာေရးသူနဲ႔ ကိုက္ညီတယ္လို႔ ယူဆပါတယ္
ျမင္းကပါ ဂူေျပာက္ၾကီးက ကင္းေစာင္႔ၾကီး ဦးရီညြန္႔ဆိုသူရဲ႕ ထူးျခားခ်က္ကို နွစ္ေခါက္ဆံုဖူးတဲ႔ အေပၚသူ႔အေနအထားကို အကဲျဖတ္ျပီး ေရးၾကည္႔ဖို႔ အားခဲလာတာ ေရွးေဟာင္းသုေတသန ကြင္းဆင္းခရီး ျပန္ေရာက္ကတည္းကပါပဲ
ကနဦးမွာ ျမင္းကပါ အက်ဥ္းသားလို႔ အမည္ေပးခ်င္မိပါတယ္
ဒါေပမယ္႔ ကၽြန္ဆိုတဲ႔ ဇာတ္ကားအေပၚ ပုဂံေဒသခံေတြရဲ႕ သေဘာထားကို သိလာရေတာ႔
အဓိပၸါယ္ ေထြျပားနိုင္တဲ႔ အသံုးအနွဳန္းကို ေရွာင္ၾကည္ဖို႔ ၾကိဳးစားရင္း
ျမင္းကပါကသစၥာလို႔ ေျပာင္းလဲတင္စား ေရးသားၾကည္႔ပါ႔မယ္
ပုဂံျမိဳ႕သစ္ဘက္ကို သြားတဲ႔လမ္းေပၚကို ကားေလးျဖည္းျဖည္းေမာင္းလာျပီး ေဘးဘီဝဲယာကိုၾကည္႔ေနရင္းမွာပဲ ျမေစတီဆိုတဲ႔ ဆိုင္းဘုတ္အမွတ္အသားၾကီးနဲ႔ ထည္ဝါေနတဲ႔ ေနရာကို ကားခ်ိဳးခ်လိုက္တယ္
ယူနက္စကို အေမြအနွစ္စာရင္းဝင္ေနတဲ႔ ရာဇကုမာရ္ေက်ာက္စာရွိတဲ႔ေနရာကို အေျပးသြားမိခ်င္စိတ္က ထိမ္းသိမ္းလို႔မရခဲ႔
သံတိုင္ထဲေရာက္ေနတဲ႔ ျပန္ဆက္ထားတဲ႔ ေက်ာက္စာၾကီးနား ေရာက္ေတာ႔လဲဘာမွမဟုတ္ စာေတြ႔ရင္းနီးျပီးတဲ႔ ေရွးပစၥည္းတစ္ခုကို မ်က္ဝါးထင္ထင္ ျမင္ရတဲ႔ စိတ္ခံစားခ်က္မ်ိဳးသာ ေပၚလာျပီး ခ်က္ခ်င္းျငီးေငြ႕သြားေတာ႔ ျမေစတီၾကီးကို ပတ္ျပီးေလ႔လာခဲ႔သည္
ပံုသ႑ာန္အေပၚ ပညာရွင္တို႔ရဲ႕ မွတ္ခ်က္အမ်ိဳးမ်ိဳးနဲ႔ တခဲနက္ေစတီၾကီးရဲ႕ ဘယ္ေနရာက ရာဇကုမာရ္ေက်ာက္စာကို ေတြ႕ခဲ႔သလဲ
ဦးဆံုးေတြ႕ ေက်ာက္စာတိုင္အေသးကို ျမေစတီေျခရင္းမွာေတြ႕ရတယ္ဆိုေပမယ္႔ ေနျပည္ေတာ္က ျပတိုက္ထဲေရာက္ေနျပီ
ေနာက္ေတြ႕ ေက်ာက္စာတိုင္အၾကီးက ေအာက္ေျခနွစ္ပိုင္းကို ဂူေျပာက္ၾကီးထဲကေတြ႕ခဲ႔တယ္ဆိုေတာ႔ ျမေစတီမေရာက္ခင္ ေနရာက ျမေစတီတံတိုင္းနဲ႔ ကပ္ေနတဲ႔ ဂူဘုရားကို ျပန္သြားရမည္ ေလာေလာဆယ္ေတာ႔ ထိပ္ပိုင္းေတြ႕ခဲ႔တယ္ဆိုတဲ႔ ျမေစတီအေရွ႕တံတိုင္းဆိုတာက ဘုန္းၾကီးေက်ာင္းၾကီးျဖစ္ေနလားမသိ ထံုးစံအတို္င္း မ်က္နွာမူပါေနထြက္ရာ လက္နွစ္ဘက္ကို ဆန္႕တန္းပါ လုပ္ဖို႔က်ေတာ႔လဲ ေနမင္းၾကီးက ကိုယ္႔ေခါင္းေပၚမွာ ဒီေတာ႔ ေမာင္ေပါက္က်ိဳင္းထံုး နွလံုးမူျပီး အတည္ျပဳလိုက္ေတာ႔ အေရွ႕အရပ္ကို သိသြားေပမယ္႔ တံတိုင္းဆိုတာၾကီးကို ခန္႔မွန္းလို႔မရေတာ႔ ေက်ာက္စာေတြ႕တာဘယ္ေနရာလဲ စံုစမ္းျပန္ေတာ႔ ေယာင္ဝါးဝါးေတြ ေျဖေနသည္
ကဲ ေနာက္ဆံုး ေက်ာက္စာေအာက္ေျခတိုင္ကို ေတြ႕တဲ႔ ျမေစတီအေရွ႕ဘက္က အေဆာက္အဦးအေဟာင္းဆိုတာ ယခုလက္ရွိထားတဲ႔ေနရာပဲ ျဖစ္ေနမလား သူနဲ႔ ဆန္႔က်င္ဘက္အရပ္မွာရွိေနတဲ႔ ဆင္းတုတစ္ဆူရွိေနတဲ႔ ပဓါနလွိဳင္ဂူမွာပဲလား မခြဲျခားနိုင္ေတာ႔ပဲ ေယာင္နနနဲ႔ စိတ္ရွဳပ္လာသည္
အတူသြားတဲ႔ ခင္ပြန္းကေတာ႔ ပန္းခ်ီဆရာတစ္ေယာက္နဲ႔ ေလေပးေျဖာင္႔လို႔ေနတာေၾကာင္႔ သူ႔ကိုေစာင္႔ရင္း ျမေစတီနဲ႔ ဂူေျပာက္ၾကီးၾကားက အေပါက္ေလးနားမွာ အေမာေျဖရင္း ဂူေျပာက္ၾကီးကို လွမ္းၾကည္႔ေနလုိက္သည္
ရာဇကုမာရ္ေက်ာက္စာရဲ႕ ပိုင္ရွင္သည္ ျမေစတီေလာ ဂူေျပာက္ၾကီးေလာ ေျပလည္ေအာင္ အေျဖထုတ္ဖို႔အတြက္ ဆရာၾကီးမ်ား သေဘာမညီခဲ႔တာကို ေတြးမိရင္း ဒီဘုရားစုကို ေဆြမ်ိဳးဘုရာစုဟု ထင္ေၾကးလဲရွိခဲ႔တာေၾကာင္႔ ဘယ္သူပိုင္ပိုင္ ဒီေဆြဒီမ်ိဳးေတြခ်ည္႔ပဲ မဟုတ္လားလို႔ ရြတ္တြတ္တြတ္ အေျဖထုုတ္ပစ္သည္
ေန႔လည္ခင္းအခ်ိန္ျဖစ္ေနတာေၾကာင္႔လဲ ပူျပင္းမႈေၾကာင္႔ စိတ္ေတြကေထြျပားေနသည္
ဂူေျပာက္ၾကီးအေရွ႕က ဘုရားအမွတ္ ၁၃၂၃ဆိုတဲ႔အမွတ္အသား ကိုျမင္မိသည္
ဧျပီလ၏ ေနသည္တံလ်ပ္မ်ားျဖင္႔ တဖ်တ္ဖ်တ္ေတာက္ပေနသျဖင္႔ ေလးေထာင္႔တိုက္မခံ အာရံုခံမုခ္အေရွ႕လွည္႔ထားေသာ ဂူဘုရားတစ္ဆူသည္ မွဳန္ကုပ္ကုပ္ျဖစ္ေနသလိုလို
တိုက္မေပၚမွာ မိုးေလ်ာပစၥယံသံုးဆင္႔ခံ၍ ကြမ္းေတာင္ေပါက္ထားပံုကေတာ႔ ထင္ထင္ရွားရွား
အရံဂူေတြနဲ႔ ကြမ္းေတာင္ေပါက္ဂူတစ္ခုကိုလည္း တစြန္းတစ လွမ္းၾကည္႔နိုင္သည္
ေစတီနဲ႔ ဂူေျပာက္ၾကားက အုတ္ရိုးေလးနွစ္ခုေဘးတစ္ဖက္တစ္ခ်က္မွာ ေစတီငယ္နွစ္ဆူက ခပ္နီးနီးမွာ ျငိမ္သက္လ်က္
ၾကည္႔ေနရင္း အထဲက မြန္စာနဲ႔ေဖာ္ျပထားတဲ႔ နံရံေဆးေရးပန္းခ်ီမ်ားကို စူစမ္းခ်င္လာသည္
ဒါနဲ႔ စကားမျပတ္ေသးတဲ႔ ခင္ပြန္းကို သြားေခၚျပီး ခပ္ေသးေသးသံပန္းတံခါးကိုျဖတ္ျပီး အထဲဝင္လိုက္တယ္ဆိုရင္ပဲ ဘာမွမျမင္ရေလာက္ေအာင္ ပိန္းပိတ္ေနတဲ႔ အေမွာင္ေၾကာင္႔ က်င္႔သားမရေသးတဲ႔ မ်က္စိက ျပာေဝျပီး ေရွ႕မတိုးနိုင္ပဲ အာရံုခံမုခ္ဝမွာ ရပ္ကာ ေလွ်ာက္ၾကည္႔မိေတာ႔ အဝိုင္းအကြက္အေျပာက္မ်ိဳးစံုနဲ႔ တန္ဆာဆင္ထားတဲ႔ ေက်ာက္ဇာျပဴတင္းက အလင္းေရာင္ရဖို႔ ေဖာက္ထားတာမွ ဟုတ္ပါေလစလို႔ ျဖစ္လာတဲ႔ သံသယ
မ်က္လံုးက အေမွာင္ကို က်င္႔သားရလာေတာ႔ နံရံေပၚက ပ်က္လုပ်က္ခင္ ျဖစ္ေနတဲ႔ ရြဲကနုတ္မ်ား ဘီလူးပန္းဆြဲမ်ားကို ခပ္ေရးေရးျမင္လာေတာ႔ ေရွ႕ဆက္တိုးခဲ႔တယ္
ဂူထဲမွာေတာ႔ ဘုရားဖူးေတြ ရွိေနတာပဲ
ဓါတ္ပံုရို္က္လို႔မရဘူးေနာ္ ပန္းခ်ီေတြကို လက္နဲ႔ မကိုင္ပါနဲ႔
ၾကားေနၾကသတိေပးစကားမို႔ အသံရွင္ကို ဂရုမျပဳေတာ႔ပဲ ေရွ႕ဆက္တိုးျပီး ေတာင္ဘက္နံရံက ေၾကာင္လိမ္ေလွကားကို အာရံုအေရာက္ ကာထားတဲ႔ သံပန္းေၾကာင္႔
တက္လို႔ရမွာ မဟုတ္ပါဘူးေလ
စိတ္ေလ်ာ႔ျပီး မီးဆလိုက္တစ္ခုေကာက္ယူလာတဲ႔ ခင္ပြန္းနဲ႔အတူ အတြင္းပိုင္းကို ဆက္ဝင္ခဲ႔တယ္
မီးအလင္းေရာင္ေအာက္တြင္ တိုက္မၾကီးအလယ္ခန္းထဲက ဆင္းတုေတာ္က ထင္ထင္ရွားရွား
မုျဒာကို ၾကည္႔ျပီး အတြင္းပတ္လမ္း အျပင္ပတ္လမ္းက နံရံေတြမွာ ရွိေနတဲ႔ နံရံေဆးေရးပန္းခ်ီမ်ားထံသာ ဆႏၵေစာေနခဲ႔ပါတယ္
အတြင္းက်ဆံုးနံရံကို မီးထိုး ၾကည္႔ေနတုန္းမွာ ေနာက္ကလူတစ္ဦး လိုက္ေနတာ သတိထားမိလို႔ လွည္႔ၾကည္႔ေတာ႔ ခပ္ထန္ထန္ မ်က္နွာေပးနဲ႔ အဘိုးတစ္ေယာက္က ရပ္ေနပါတယ္
ခုနက ဓါတ္ပံုမရိုက္ဖို႔ သတိေပးတဲ႔သူပဲဆိုတာသိေတာ႔ မဟုတ္တာလုပ္ဖို႔ စိတ္ကူးမရွိေပမယ္႔ ဘာရယ္မဟုတ္ ကိုယ္ရွိန္သပ္မိတယ္
သူ႔ၾကည္႔ရတာ ကိုယ္ေတြနဲ႔ ထပ္ခ်ပ္မခြာ လိုက္လာမဲ႔ပံုပါပဲ
သည္လိုဆို ဘယ္လိုမွ ေကာင္းေကာင္းဆက္ၾကည္႔လို႔ မျဖစ္နိုင္ေတာ႔လို႔ စိတ္ညစ္သြားပါတယ္
ဒီအခ်ိန္မွာပဲ မ်က္နွာခ်င္းဆိုင္ ပတ္လမ္းက ေရာက္လာတဲ႔ လူတစ္ဦးနဲ႔ အဆံု ထိုသူက သိလိုသမွ်ကို ဘုရားကင္းေစာင္႔ၾကီးထံ ေမးေတာ႔ နံရံေပၚက ဇာတ္ကြက္မ်ားကို အာေဘာင္အာရင္း သန္သန္နဲ႔ရွင္းျပေနေတာ႔ ကိုယ္လည္း လိုက္ေယာင္ပါတယ္
သူေျပာေတာ႔အဟုတ္လိုပဲ
ကိုယ္ေတြက စာေတြ႔မွာ တကြက္ခ်င္းေလ႔လာခဲ႔ရတာ နံရံေပၚ ျပြတ္သိတ္ေနတဲ႔ ဇာတ္ကြက္ေတြကို ျမင္ရံုနဲ႔ မန္မိုရီ ျပန္ေခၚေနရတာက ေတာ္ေတာ္မလြယ္ဘူး ျဖစ္ေနတာကိုး
ရွင္းျပေနေပမယ္႔လဲ ထိုနားတဝိုက္မွာ ရွိသူေတြကို အလြတ္မေပးပဲ သံသယမ်က္လံုးနဲ႔ လိုက္ၾကည္႔ေနတယ္
သူအားသြားေတာ႔ ခင္ပြန္းျဖစ္သူက ဘၾကီးဒါဘာေရးထားတာလဲ ဇာတကလို႔ေရးထားလားလို႔ေမးလိုက္ေတာ႔ သူ႔လက္ထဲက မီးဆလိုက္ၾကီးနဲ႔ စာေရးသူတို႔ဘက္ ထိုးၾကည္႔ျပီး မင္းတို႔က ဗမာေတြပဲလို႔ေျပာကာ သူ႔စေကးကို အစြန္းကုန္သံုး ရွင္းျပပါတယ္
သူနဲ႔ အဖြဲ႔က်သြားေတာ႔ လိုက္ၾကည္႔ရတာ ပိုျပီးသက္ေတာင္႔သက္သာ ျဖစ္လာပါတယ္
ဂူထဲမွာ ေအးေနေတာ႔ သူနဲ႔ ခပ္ၾကာၾကာအခ်ိန္ျဖဳန္းခဲ႔ျပီး သူေျပာသမွ် ေခါင္းတျငိမ္႔ျငိမ္႔နဲ႔ေပါ႔
ပထမဆံုးအၾကိမ္မို႔ မွတ္စုထဲ ထည္႔မမွတ္မိခဲ႔ေတာ႔ သူေပးတဲ႔ အရပ္ေျပာ ဗဟုသုတေတြဟာ နွေမ်ာတသစြာပဲ ေပ်ာက္ဆံုးခဲ႔ပါတယ္
ၾကည္႔ရင္း တစ္ပတ္ျပည္႔သြားေတာ႔ အာရံုခံထဲက ေၾကာင္လိမ္ေလွကားေလးနားထိ သူကစကားမျပတ္ေသး
နင္တို႔ကို နိုင္ငံျခားသား တရုတ္လူမ်ိဳးေတြထင္လို႔ အဘကလိုက္ၾကည္႔တာတဲ႔ ဗမာေတြမွန္းသိရင္ အဘက လိုက္မလာပါဘူး တရုတ္ေတြက ေျပာလို႔ကိုမရဘူး အတင္းဓါတ္ပံုရိုက္သြားတတ္ၾကတယ္
အဘတို႔က တာဝန္အရ ဒီဘုရားကို ေစာင္႔ေရွာက္ရတာပါ ဌာနက ဓါတ္ပံုရိုက္ခြင္႔ေပးမထားဘူး ဓါတ္ပံုရိုက္ရင္ နံရံေဆးေရးေတြ ပ်က္ကုန္မွာ
စည္းကမ္းေတြကို သိျပီးေပမဲ႔လည္း သူ႔အေျပာကို အတိုက္အခံမလုပ္မိ
အဖိုးထံက ရွမ္းေသြးကို အျပည္႔အဝ ဆက္ခံထားခဲ႔ ခင္ပြန္းသည္ကို ရည္ညႊန္းျပီး ေျပာတယ္လို႔ပဲ သတ္မွတ္လိုက္ပါတယ္ ခင္ပြန္းသည္ကို ပုဂံကေစ်းသည္ေတြက ဂ်ပန္မွတ္ျပီး ဂ်ပန္လို လိုက္ေျပာတာလဲ ရွိထားေတာ႔ သူေျပာတာလဲ ဟုတ္မွာပါေလ
စာေရးသူက အဖြားၾကီးေတြဝတ္ေလ႔ရွိတဲ႔ ပိတ္ေဖာက္ဇာကို ဒူးနားခ်ိတ္နဲ႔ တြဲဝတ္ထားတာေၾကာင္႔ ဗမာဆိုက္ကေတာ႔ အျပည္႔ပဲမို႔ ကိုယ္နဲ႔ဆိုင္တယ္မထင္မိ မသကာထင္ရင္ ဂိုက္မမေလာက္ပဲ ထင္မွာပဲလို႔ ကိုယ္႔အေတြးနဲ႔ကိုယ္ ဟုတ္ေနပါတယ္
ထိုေန႔က ျမင္းကပါ ဂူေျပာက္ၾကီးကိုစြန္႔ခြာလာေပမဲ႔ ျမင္းကပါက အဘၾကီးကိုေတာ႔ မွတ္မွတ္ထင္ထင္ ျဖစ္လ်က္
ေနာက္တစ္နွစ္ၾကာေတာ႔ ေရွးေဟာင္းသုေတသန ပညာမိသားစုနဲ႔ သည္ဘုရားကိုပဲ ေလ႔လာေရးကြင္းဆင္း ေရာက္ခဲ႔တယ္
နံနက္ကိုးနာရီေလာက္ အခ်ိန္မို႔ ဂူေျပာက္ၾကီးထဲမွာ လူေတြတိုးမေပါက္
ေက်ာင္းသားေက်ာင္းသူ တစ္ရာေလာက္ပါ ထိုဂူထဲကို ဝင္လိုက္လွ်င္ ၾကပ္သပ္ျပီး ဘာမွလည္း ေကာင္းေကာင္းၾကည္႔ရမွာမဟုတ္ေတာ႔ အာရံုခံထဲမွာတင္ ေနဖို႔ဆံုးျဖတ္ထားတဲ႔ စာေရးသူနဲ႔ ျမင္းကပါက သစၥာရွင္ၾကီးတို႔ ဒုတိယအၾကိမ္ ထပ္မံေတြ႕ဆံုပါေတာ႔တယ္
လူအုပ္ကိုၾကည္႔ျပီး စိတ္ရွဳပ္သြားဟန္တူတဲ႔ အဘၾကီးဟာ နွဳတ္ခမ္းကို တင္းတင္းေစ႔ျပီး အသံကုန္ဟစ္ပါေတာ႔တယ္
ဓါတ္ပံုရိုက္လို႔ မရဘူးေနာ္
မင္းတို႔က ေက်ာင္းသားေတြဆိုေတာ႔ သိျပီးသားျဖစ္မွာပဲ ခိုးရိုက္ရင္ေတာ႔ နွင္ထုတ္မွာေနာ္
သူဘာေျပာေျပာ ဘယ္သူမွ စိတ္မဝင္စားၾကပဲ ၾကည္႔ခ်င္တာေတြ ေလ်ာက္ၾကည္႔ေနတဲ႔ ေက်ာင္းသားေတြေၾကာင္႔ သူ႔မွာပိုျပီးစိတ္ရွဳပ္ေနျပီး အၾကံအိုက္ေနပါတယ္
ေလ႔လာေရးထြက္လာတဲ႔ ေက်ာင္းသားေတြအတြက္ဆို ဝင္ထြက္ခြင္႔မရတဲ႔ ဘုရားေတြကိုေတာင္ ေသာ႔ဖြင္႔ေပးရတာမို႔ သူ႔ပါဝါေလာက္ေတာ႔ ဘယ္သူမွ အေရးမလုပ္ၾက
မင္းတို႔က ဘယ္ကလဲ
ရန္ကုန္တကၠသိုလ္ကမွန္းသိသြားေတာ႔
ေအး မေန႔က ရတနာပံု တကၠသိုလ္က ေက်ာင္းသားေတြေရာက္လာတယ္
အဘက ဓါတ္ပံုမရိုက္ၾကပါနဲ႔လို႔ ေျပာေနတုန္းရွိေသးတယ္ ေက်ာင္းသားတစ္ေယာက္က ခိုးရိုက္လို႔ရပါတယ္လို႔အာေခ်ာင္လိုက္တာ အဘက အကုန္နွင္ထုတ္ပစ္လိုက္တယ္
အဘမွာ သည္လိုလုပ္ဖို႔ အာဏာအျပည္႔ရွိတယ္ လို႔သူ႔ပါဝါကို နွစ္ဆတိုးေျပာတာကို ၾကားရခိုက္
သည္အဘိုးၾကီး တြစ္ရိုက္ေနတာပါလားလို႔
သေဘာေပါက္သြားပါတယ္
အခု အဆင္႔ျမင္႔ပညာ တကၠသိုလ္က ေက်ာင္းသားေတြကို ဆိုက္ဝါးတိုက္ေနသလို လြန္ခဲ႔ေသာ တစ္နွစ္တုန္းက စာေရးသူတို႔ စံုတြဲကိုလဲ သူဆိုက္ဝါးတိုက္ခဲ႔တာပဲလို႔ သေဘာေပါက္သြားပါတယ္
သူ႔နည္းစနစ္က အဆင္႔ျမင္႔ပါတယ္
လူ႔သေဘာကို ေကာင္းေကာင္းနားလည္ထားလို႔ တာဝန္ယူမွဳနဲ႔ မခံခ်င္စိတ္ကို ဆြေပးျပီး သြယ္ဝိုက္တားျမစ္လိုက္ျခင္းပဲ ျဖစ္ပါတယ္
ပထမအခ်ီီတြင္ နိုင္ငံျခားသားေတြက စိတ္မခ်ရဘူး ဖ်က္လိုဖ်က္ဆီး လုပ္ခ်င္ရာလုပ္ၾကတယ္ ကိုယ္ကဗမာ ကိုယ္ကကာကြယ္ရမယ္ လို႔တစ္ခြန္းမွမေျပာပဲ သေဘာေပါက္ေစခဲ႔သလို
ဒုတိယအခ်ီမွာ သူတို႔ကိုေတာ႔ သည္လိုေတာက္ထုတ္လိုက္တယ္ နင္တို႔လဲ သတိထား ကိုယ္က ရန္ကုန္ေက်ာင္းသား ဟိုလိုမျဖစ္ေစနဲ႔လို႔ နားလည္မိတယ္
လက္ေတြ႔တြင္
ေလ႔လာေရး ေက်ာင္းသားေတြကို နွင္ထုတ္လို႔ကေတာ႔ သားကို အေၾကာင္းျပဳျပီး သည္ဘုရားမွာ ရွိေနရတဲ႔ သူဂိမ္းအိုဗာ ျဖစ္သြားမွာေပါ႔ မျဖစ္ရင္ေတာင္ဆရာ ဆရာမေတြရဲ႕ စက္ေသနတ္စာ မိသြားမွာေပါ့
ျမင္းကပါက သစၥာရွင္ၾကီးကို စိတ္ဝင္စားသြားသလို ပထမအၾကိမ္ အေတြ႕အၾကံဳအရ သူ႔အားနည္းခ်က္ကို သိထားတာေၾကာင္႔ မွတ္စုစာအုပ္ေလးနဲ႔ အနားကပ္သြားျပီး
အဘသည္ဘုရားမွာ လုပ္ေနတာ ၾကာျပီလား
ဟိုဘက္ကိုလွည္႔ျပီးရပ္ေနရာက ခ်ာကနဲလွည္႔လာျပီး လက္ထဲက စာအုပ္နဲ႔ ေဘာပင္ကို စိုက္ၾကည္႔ကာ
အဘသည္မွာ ၃၅နွစ္ရွိျပီ
အို ၾကာလွျပီပဲ ဘုရားတစ္ခုလံုးကို အကုန္အလြတ္ရေနမွာပဲေနာ္ နာမည္ဘယ္လိုေခၚလဲအဘ
ဦးရီညႊန္႕လို႔ေခၚပါတယ္ ဘုရားအေၾကာင္းကေတာ႔ ေမးခ်င္ရာေမးပါဗ်ား
အသက္ကေကာ ဘယ္ေလာက္ရွိေနျပီလဲ
ဘယ္တုန္းကဆိုလား ၇၅နွစ္ျပည္႔ျပီ
၇၅ဆိုေတာ့အဘ ပင္စင္မယူေသးဘူးလား
အဘအသက္ျပည္႔ေတာ႔ အလုပ္က ထြက္ရတာေပါ႔ ဒါေပမယ္႔ အဘသားက ဆက္လုပ္တယ္ သူကေရွ႕မွာေစ်းေရာင္း အဘက သူ႔အစား ဘုရားကို ေစာင္႔ေပးတာပါ
အိုေချပီ
ျမင္းကပါ သစၥာရွင္ၾကီး ဂိမ္းအိုဗာျပီ ထိုေနရာေလးမွာ ထိုင္ခ်လိုက္ျပီး စာေရးသူ သိလိုသမွ်ကို စိတ္ရွည္လက္ရွည္ ေျဖရင္း ပတ္လမ္းထဲေရာက္ေနတဲ႔ ေက်ာင္းသားေတြကို ေမ႔သြားခဲ႔ျပီ
ဘုရားဖူးလာသူမ်ားအေပၚ ဘယ္လိုဆက္ဆံပါေစ ျမင္းကပါဂူေျပာက္ၾကီးက အဘဟာ ေစတနာအျပည္႔နဲ႔ သူ႔တာဝန္ကို အျပည္႔အဝထမ္းေဆာင္ေနတယ္ဆိုတာကိုေတာ႔ ျငင္းမရနိုင္ ဖ်က္လိုဖ်က္ဆီး လုပ္လာနိုင္သည္႔ လူမ်ိဳးေပါင္း ၁၀၁ပါးအေပၚ သူတတ္ကၽြမ္းသည္႔ အနုနည္းျဖင္႔ ရင္ဆိုင္ခုခံသည္ တာဝန္ေၾကာင္႔ဆိုတာထက္ သူ႔ေဒသက အေမြအနွစ္လက္ရာမ်ားအေပၚ အျပည္႔အဝ ဂုဏ္ယူလ်က္ ျမတ္ျမတ္နိုးနိုးကာကြယ္ ေစာင္႔ေရွာက္လိုသည္႔ စိတ္က သူ႔အေျပာမ်ားတြင္ အထင္းသား သူ႔ရင္ထဲက တန္ဖိုးကို တပါးသူရင္ထဲထိ ေရာက္ေအာင္ထည္႔နိုင္ခဲ႔သည္
တန္ဖိုးမျဖတ္နိုင္ေသာ ေရွးေဟာင္းအေမြအနွစ္ ပစၥည္းမ်ားစြာကို ထိန္းသိမ္းေစာင္႔ေရွာက္ဖို႔အတြက္ သက္ဆိုင္ရာ ဌာနအဖြဲ႔အစည္းမ်ားကို တာဝန္ပံုခ်ေနမည္႔အစား ခ်စ္ျမတ္နိုးသူတိုင္း တာဝန္ကိုယ္စီ ရွိၾကသည္ဆိုသည္႔ အသိပညာအတြက္ ထိုအဘိုးကို ေက်းဇူးအထူး တင္ရွိပါသည္
အသက္ရာေက်ာ္ေနတဲ႔အဘကို ျမင္းကပါ ဂူေျပာက္ၾကီးနဲ႔ တြဲျပီး ေနာင္နွစ္ေပါင္း မ်ားစြာတိုင္ ျမင္ခြင္႔ရေနပါေစလို႔ ဆုေတာင္းမိပါတယ္။
သွ်င္ေလညင္း
၁၅.၈. ၂၀၁၇
(Unicode)
ပုဂံရောက်ရင် မြင်းကပါ ဂူပြောက်ကြီးကိုဖြင့် လူတိုင်းရောက်အောင်သွားကြစမြဲ
မြင်းကပါ ဂူပြောက်ကြီး
ကျန်စစ်သားနဲ့ ရာဇကုမာရ်အမတ်ကြီးတို့ အချိတ်အဆက်
ကျောင်းနေဖူးတဲ့သူတိုင်း သိကြတဲ့သမိုင်းထဲက သရုပ်မှန်
ဘာမသိ ညာမသိနဲ့ တွေ့လေရာဘုရားတွေကို ရော်ယမ်းဦးချနေရတာနဲ့စာရင် အလွမ်းအဆွေး ကျေးဇူးတရားများနှင့် သားလိမ္မာတစ်ဦးရဲ့ ပြယုဂ်တွေရှိနေတဲ့ မြစေတီ ရာဇကုမာရ်ကျောက်စာနဲ့ မြင်းကပါ ဂူပြောက်ကြီးတို့ရဲ့ သမိုင်းက မြန်မာတို့နဲ့ မစိမ်း
သမိုင်းသမားတစ်ဦးရဲ့ ရှုထောင့်ကနေကြည့်ပြန်တော့လဲ နှစ်တစ်ထောင်ကျော်လာသည့်တိုင် အကောင်းအတိုင်းကြွင်းကျန်နေသေးတဲ့ နံရံဆေးရေးပန်းချီများက ပြောပြမဲ့ စကားသံများရဲ့ ဆွဲဆောင်မှုတို့ကြောင့် ထပ်ခါထပ်ခါ ခြေချမိတဲ့နေရာဆိုရင်လဲ မမှား
နာမည်ကျော်သော်ငြား အခါခါပြုပြင်ထားသော နောက်ခေတ်လက်ရာ မြစေတီရဲ့ ထည်ဝါမှုအောက်တွင် ငုတ်ရှိုးနေရရှာသော မူလပုဂံလက်ရာအတိုင်း ရှိနေသေးတဲ့ အရွယ်သေးသေး ဂူဘုရားရဲ့ အဝင်ဝမှာတင် ပိတ်ထားသော သံပန်းနှင့် တားမြစ်ချက်တစ်ချို့က ပထမ အတားအဆီး တစ်ခု
ဖွင့်ထားသော တံခါးတစ်ဘက်ကို ဖြတ်ပြီး ဝင်လိုက်တယ် ဆိုရင်ပဲ ပိန်းပိတ်အောင် မှောင်မဲနေခြင်းက ဒုတိယအတားအဆီး
ထိုအမှောင်ထဲတွင် စာရေးနည်း မတွင်ကျယ်သေးသော ကာလမှာ ပြောချင်ရာများကို ရုပ်ပုံဖြင့် ဖော်ပြထားတဲ့ စာရေးနည်းတဖြစ်လဲ မြန်မာ့လက်မှု နံရံဆေးရေးပန်းချီများကရှိနေသည်ဆိုသော်ငြား မီးဆလိုက်လေးလုံးက ဘုရားဖူးများနှင့် လက်မလည်တော့ တစ်ချို့က တစ်ပတ်ပတ်ရုံနှင့် ကျေနပ်ပြီး ပြန်ထွက်သွားကြသည်
သာမန်ဘုရားဖူးများအတွက် မထူးခြားသော်လည်း တိုက်ဆိုင်လေ့လာလိုသူများအတွက်တော့ ခက်ခဲလှတယ် ဆိုနိုင်ပေမယ့် ထိန်းသိမ်းနိုင်ဖို့က ပထမဦးစားပေးဖြစ်နေသည်မို့ မှတ်တမ်းယူပြီးသား ပုံများနှင့်သာ စေ့စေ့ပေါက်ပေါက်လေ့လာကြရုံ
ထိုဂူဘုရားတွင် တတိယ အတားအဆီးတစ်ခုရှိသေးသည်
မြင်းကပါ ဂူပြောက်ကြီးကို ရောက်ဖူးသူများ ထိုအတားအဆီးကို ကျော်ရန်က အခက်ခဲဆုံးသော စိန်ခေါ်မှုတစ်ခုဆိုလည်းအမှား
မြင်းကပါ ဂူပြောက်ကြီး၏ တတိယ အတားအဆီးဟု စာရေးသူ ညွှန်းဆိုလိုသော ထိုအရာသည် မြင်းကပါ သစ္စာတရားကို အကောင်းဆုံး ဖော်ညွှန်းပြသခဲ့သည်လို့လဲ ပြောနိုင်သည်။
ထိုအရာသည် ဘာလဲ သိကြပါသလား
စာရေးသူနှင့် ထပ်တူ ခံစားမိသလား စာရေးသူနည်းတူ ကြုံတွေ့ခဲ့ဖူးသလား သင့်အတွေးကို တစ်ခုခုကို ပို့စ်အောက်မှာ ချရေးကြည့်ပါလား
အိမ်း
စာရေးသူ ဆိုလိုချင်ခဲ့သော မြင်းကပါဂူပြောက်ကြီးက တတိယ အတားအဆီးဆိုသည့် အကြောင်းအရာကို မကြုံဖူးကြသည်လား
ပုဂံကို ကိုးချင်းကိုးချောင်းသွားနေကြတဲ့ သူတွေ ပုဂံသားတွေ အကောင့်ထဲရှိပါရက်နဲ့ မနေ့ကတင်လိုက်တဲ့ #မြင်းကပါကသစ္စာရှင် ဆိုတဲ့ ပို့စ်အောက်မှာ လိုချင်တဲ့အဖြေကို မရခဲ့တော့ စာရေးသူပဲ ကြုံခဲ့ရတာလားလို့ ဇဝေဇဝါတောင် ဖြစ်မိပါရဲ့
စာရေးသူကတော့ ပုဂံကိုနှစ်ခေါက်ပဲရောက်ဖူးပါတယ်
၂၀၁၆ဧပြီလတုန်းက ခင်ပွန်းဖြစ်သူနဲ့ တစ်ခါ ၂၀၁၇ ဧပြီလမှာပဲ ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ပညာမိသားစုနဲ့ လေ့လာရေးကွင်းဆင်း ခရီးသွားစဉ်တုန်းက တစ်ခါပါ
နှစ်ခါလုံး မြင်းကပါဂူပြောက်ကြီးကို ရောက်ခဲ့တယ်ပဲ ဆိုပါတော့
နှစ်ခါလုံးလဲ သံတူကြောင်းကွဲ ထိုဖြစ်ရပ်ကို တထပ်တည်း ကြုံခဲ့ရပါတယ်
အတားအဆီးဆိုတဲ့အတိုင်း စိတ်လွတ်ကိုယ်လွတ် ဆောင်ရွက်လို့မရလောက်အောင် ဟန့်တားခံရတဲ့ အရာတစ်ခုပဲ ဖြစ်ရမယ် မဟုတ်လား
ခက်ခက်ခဲခဲ စကားထာဝှက်ချင်တာ မဟုတ်ရပါဘူး
ဆန်းဆန်းကြယ်ကြယ် ဂမ္ဘီရ ပရလောကသား အကြောင်းလဲ မဟုတ်ရပါဘူး
ကိုယ်တွေ့ သူတွေ့ ဖလှယ်ကြရင်း ပေါ့ပေါ့ပါးပါး ပြောကြဆိုကြ ရယ်မောကြဖို့ စိတ်ကူးမိလို့ပါ
ပထမအတားအဆီးအဖြစ် လူလုပ် သံပန်းတံခါးကို ဖော်ပြပြီးပြီ
ဒုတိယ အတားအဆီးကတော့ သဘာဝ အမှောင်ကို ရည်ညွှန်းပြီးပြီဆိုတော့
တတိယ အတားအဆီးကတော့ နံရံဆေးရေးရှိတဲ့ ပုဂံက ဘုရားတွေတိုင်းမှာ တွေ့ရလေ့ရှိတဲ့ လူအစောင့်ပဲ ကျန်ပါတော့တယ်
ဘုရားအဝရောက်တာနဲ့ ဆေးနီသုတ်ထားတဲ့ သံပန်း အတွင်းက သံတိုင်စိုက်ထားတဲ့ ပြူတင်းပေါက်များ ရှိရင်ရှိ မှိန်ကုပ်ကုပ်အလင်းရောင်နဲ့ အတည်တကျ စတည်းချနေတဲ့ (များသောအားဖြင့် မုခ်ထဲမှာ ဖျာခင်းပြီး အိပ်နေလေ့ရှိတဲ့) ဝိသေသ သုံးမျိုးထဲက တစ်ခုခုကို တွေ့ရင် သေချာပြီ နံရံဆေးရေးရှိပြီဆိုတာ အကြမ်းတော့ မှတ်ထားကြပါ
စာရေးသူတို့ကတော့ သမိုင်းရှုထောင့်သမားပီပီ ဘုရားအမည်တွေ့လိုက်တာနဲ့ နံရံဆေးရေးရှိတယ်ဆိုတာ သိပြီးသားဖြစ်ရပါမယ်
မြင်းကပါ ဂူပြောက်ကြီးက ကင်းစောင့်ဆရာသမားကတော့ အခြားဘုရားက ကင်းစောင့်များလို စည်းကမ်းပိုင်း မလျော့ရဲပဲ တော်တော်တင်းကြပ်ပါတယ် လူသတိထားမိလောက်အောင် ထည်ဝါအောင်မြင်တဲ့ အသံကြီးနဲ့ လူတွေကို ခွေးမောင်းသလို လိုက်မောင်းတတ်တာကြောင့် လူတိုင်း သိကြမယ်လို့ ထင်မိတာလဲပါပါတယ် ထားတော့
မြင်းကပါ ဂူပြောက်ကြီးက ကင်းစောင့်ကြီးကို ဘာလို့သစ္စာတရားနဲ့ ထပ်တူ အနှိုင်းခံနဲ့ အနှိုင်းတူ တင်စားချင်ရတာလဲ
ဆိုတော့
ပြောကြည့်ပါ့မယ်
အမြင်ချင်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင်လိမ့်မယ်
တန်ဖိုးနဲ့ သရုပ်ခွဲခြားမှုအရ ဘောင်ဝင်ချင်မှလည်း ဝင်လိမ့်မယ်
ဒါပေမယ့်
သမိုင်းဆိုင်ရာ သုတ ရသ ဆောင်းပါးများကို စိတ်ဝင်စားမှု နည်းပါးနေတဲ့ အကြောင်းအရင်းကို တော်လှန်ချင်မိတဲ့ အတွေးတွေနဲ့ အထောက်အထားနဲ့ ကိုယ်ပိုင်အတွေးများကို ပေါင်းစပ်ကာ ဖန်တီးမှု အသစ်ကို ရဲရဲချရေးပြီး သမားရိုးကျ ပုံစံက ဖောက်ထွက်ဖို့ကြိုးစားတဲ့ အနေနဲ့ မတူတဲ့ ရှုထောင့်တစ်ခုကနေ ရေးပြကြည့်ပါ့မယ်
ဒီနေရာမှာ လိုရင်းမရောက်နိုင်ပဲ ကွန့်ရပါဦးမယ်
စာရေးသူဟာ နှစ်ပေါင်းများစွာ နေလာရသည့်တိုင်အောင် ကိုယ့်ဗီဇနဲ့ ဝါသနာတို့ ထပ်တူကျပြီး မနေခဲ့ရပါဘူး
အကြောင်းရင်းက
ဆယ်တန်းအောင်စာရင်းက အမှတ်ပေါင်းဟာ ကိုယ့်ဗီဇနဲ့ ကိုက်ညီတဲ့ ဝါသနာလို့ ထင်ပြီး အမှတ်ပေါင်းနဲ့ ညီမျှတဲ့ ဘာသာရပ်ကို ဆည်းပူးမိခဲ့ပါတယ်
တကယ်တော့
စာရေးသူဟာ စကားအလွန်ကြွယ်ပါတယ် အလွန်အမင်း ကပ်သပ်ပြီး စကားပြောတတ်ပါတယ် မိဘက လိမ်တာမကြိုက်လို့ မလိမ်ရဲပေမယ့် လှည့်ပြောတတ်ပါတယ်
ရန်ဖြစ်တိုင်း ငြင်းခုံကြတိုင်း စကားအရာမှာ အနိုင်ရပါတယ်
ပြီးတော့
စာရေးတာကို သာမန်မဟုတ်ပဲ လှည့်ပတ်ပြီးရေးရတာမျိုးကို သဘောကျပါတယ်
ငယ်စဉ်ကတည်းက သူငယ်ချင်းအထီးအမတွေအတွက် ရည်းစားစာ ချုပ်စာ ဖြတ်စာ ဒိုင်ခံအကြံပေးရပါတယ်
ဒါကြောင့်မို့
ငါတော့ တကူးတကန့် ရည်းစားရှာမနေတော့ဘူး ငါ့မှာရည်းစားတွေ များလှပြီလို့ ရယ်သွမ်းသွေးလေ့ရှိပါတယ်
အလယ်တန်း အထက်တန်းမှာ စာစီစာကုံးကို ပြည်နယ်အဆင့်ထိ ပြိုင်ခဲ့ရပါတယ်
လက်ရေးနုံလို့ နှစ်သိမ့်ဆုတွေလောက်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်
တကယ်တော့ ရှေ့နေသို့မဟုတ် မြန်မာစာနဲ့ ကျောင်းတက်ရမဲ့စကေးပါ
ဒါ့အပြင်
ဘယ်နေရာသွားသွား ကားစီးရင် ရထားစီးရင် နောက်ဆုံးလေယာဉ်စီးရင်တောင် အိပ်ပြီးလိုက်သွားတဲ့ အလေ့မရှိပါဘူး အဝေးက ကြည့်ရတဲ့ အရာတွေကို အနီးကပ်လေ့လာရမယ့် အခွင့်အရေးနဲ့ အနီးမှာ ရှိနေတဲ့ အရာတွေကို အဝေးက အပေါ်စီးက လေ့လာရမဲ့ အခွင့်အရေးကို ဘယ်လက်လွှတ်ခံပါ့
ဒါကို တောကျတယ်ဆိုပြီး နှာခေါင်းရှုံ့ချင်လဲ အရေးတော့မလုပ်ပါဘူး
အမေပေးထားတဲ့ မျက်စိနဲ့ အခွန်မဆောင်ရသမျှ လိုက်ကြည့်တာ ဘာဖြစ်လဲ
တောကျတယ်ထင်တဲ့သူတွေ သူများရေးမှ အော်သည်လိုပါလားလို့ ပါးစပ်အဟောင်းသား ဖြစ်ရမှာပဲ
ခရီးစဉ်တစ်လျှောက် မြို့တွေမှတ်တယ် ဆိုင်းဘုတ်တွေဖတ်တယ် ဘာမှကြည့်မရရင် မိုင်တိုင်တွေကြည့်တယ် လယ်ကွင်းတွေ စိုက်ထားလား ရိတ်ထားလား ဘာတွေအစားထိုး စိုက်ထားလဲ လိုက်ကြည့်တယ် ချောက်မို့လဲ ချောက်ထဲ ကျောက်ကမ်းပါးလဲ ကျောက်ကမ်းပါး မြစ်တွေ့တော့ မြစ်ကို တံတားဖြတ်တော့ တံတားနာမည် အတိုအရှည် အကြီးအသေး ဘေးကဖြတ်သွားတဲ့ကား တစ်ထောက်နားတော့ ဒေသထွက်ကုန်တွေ လေ့လာ မသိရင်မေးနဲ့ အရမ်းစပ်စုတတ်ပါတယ်
တကယ်တော့ ဒါတွေဟာ မှတ်တမ်းတင်တဲ့ အလေ့အထကို ဗီဇအဖြစ် ရင်းနီးကျင့်သုံးလာခဲ့တာပဲ မဟုတ်လား
ဒါကြောင့် ဘယ်သွားချင်လို့ ဘယ်လမ်းကမောင်းရမလဲ ဘယ်သွားရင် ဘာစားရ ဘယ်မှာနားရမလဲနဲ့ မိတ်ဆွေတွေက အမြဲအကူအညီအတောင်းခံနေရတယ်လေ
သတိမမူ ဂူတောင်မမြင် သတိမူက မြူတောင်မြင်တယ်ဆိုတဲ့အတိုင်း ကိုယ့်မှာရှိတဲ့ အလေ့အထဟာ
ဟော
ရှေးဟောင်းသုတေသန တက်တော့ ကိုက်ညီနေတော့တာပဲ
ပထမဆုံးလိုက်ဖူးတဲ့ ကွင်းဆင်းလေ့လာရေးခရီးမှာ ကိုယ့်နုတ်တွေကို ယူပြီးကိုးကားခံရတဲ့အထိ ခရီးပေါက်ခဲ့ပါတယ်
ပြောချင်တာကတော့ ဗီဇနဲ့ ဝါသနာကို ထပ်တူချကြည့်မယ်ဆိုရင် ခြေခြေမြစ်မြစ် တိတိကျကျ ရေးသားတင်ပြရတဲ့ သမိုင်းဆောင်းပါး သမိုင်းနောက်ခံ ဝတ္ထုစသည်တို့ကို အသွင်သစ် ပုံစံအသစ်နဲ့ စိတ်ကြိုက်ဖန်တီး ခြယ်မှုန်းခြင်းဟာ စာရေးသူနဲ့ ကိုက်ညီတယ်လို့ ယူဆပါတယ်
မြင်းကပါ ဂူပြောက်ကြီးက ကင်းစောင့်ကြီး ဦးရီညွန့်ဆိုသူရဲ့ ထူးခြားချက်ကို နှစ်ခေါက်ဆုံဖူးတဲ့ အပေါ်သူ့အနေအထားကို အကဲဖြတ်ပြီး ရေးကြည့်ဖို့ အားခဲလာတာ ရှေးဟောင်းသုတေသန ကွင်းဆင်းခရီး ပြန်ရောက်ကတည်းကပါပဲ
ကနဦးမှာ မြင်းကပါ အကျဉ်းသားလို့ အမည်ပေးချင်မိပါတယ်
ဒါပေမယ့် ကျွန်ဆိုတဲ့ ဇာတ်ကားအပေါ် ပုဂံဒေသခံတွေရဲ့ သဘောထားကို သိလာရတော့
အဓိပ္ပါယ် ထွေပြားနိုင်တဲ့ အသုံးအနှုန်းကို ရှောင်ကြည်ဖို့ ကြိုးစားရင်း
မြင်းကပါကသစ္စာလို့ ပြောင်းလဲတင်စား ရေးသားကြည့်ပါ့မယ်
မြင်းကပါကိုရောက်တော့ မြစေတီဆီသွားဖို့ပဲ စိတ်စောနေခဲ့တယ်
ပုဂံမြို့သစ်ဘက်ကို သွားတဲ့လမ်းပေါ်ကို ကားလေးဖြည်းဖြည်းမောင်းလာပြီး ဘေးဘီဝဲယာကိုကြည့်နေရင်းမှာပဲ မြစေတီဆိုတဲ့ ဆိုင်းဘုတ်အမှတ်အသားကြီးနဲ့ ထည်ဝါနေတဲ့ နေရာကို ကားချိုးချလိုက်တယ်
ယူနက်စကို အမွေအနှစ်စာရင်းဝင်နေတဲ့ ရာဇကုမာရ်ကျောက်စာရှိတဲ့နေရာကို အပြေးသွားမိချင်စိတ်က ထိမ်းသိမ်းလို့မရခဲ့
သံတိုင်ထဲရောက်နေတဲ့ ပြန်ဆက်ထားတဲ့ ကျောက်စာကြီးနား ရောက်တော့လဲဘာမှမဟုတ် စာတွေ့ရင်းနီးပြီးတဲ့ ရှေးပစ္စည်းတစ်ခုကို မျက်ဝါးထင်ထင် မြင်ရတဲ့ စိတ်ခံစားချက်မျိုးသာ ပေါ်လာပြီး ချက်ချင်းငြီးငွေ့သွားတော့ မြစေတီကြီးကို ပတ်ပြီးလေ့လာခဲ့သည်
ပုံသဏ္ဍာန်အပေါ် ပညာရှင်တို့ရဲ့ မှတ်ချက်အမျိုးမျိုးနဲ့ တခဲနက်စေတီကြီးရဲ့ ဘယ်နေရာက ရာဇကုမာရ်ကျောက်စာကို တွေ့ခဲ့သလဲ
ဦးဆုံးတွေ့ ကျောက်စာတိုင်အသေးကို မြစေတီခြေရင်းမှာတွေ့ရတယ်ဆိုပေမယ့် နေပြည်တော်က ပြတိုက်ထဲရောက်နေပြီ
နောက်တွေ့ ကျောက်စာတိုင်အကြီးက အောက်ခြေနှစ်ပိုင်းကို ဂူပြောက်ကြီးထဲကတွေ့ခဲ့တယ်ဆိုတော့ မြစေတီမရောက်ခင် နေရာက မြစေတီတံတိုင်းနဲ့ ကပ်နေတဲ့ ဂူဘုရားကို ပြန်သွားရမည် လောလောဆယ်တော့ ထိပ်ပိုင်းတွေ့ခဲ့တယ်ဆိုတဲ့ မြစေတီအရှေ့တံတိုင်းဆိုတာက ဘုန်းကြီးကျောင်းကြီးဖြစ်နေလားမသိ ထုံးစံအတိုင်း မျက်နှာမူပါနေထွက်ရာ လက်နှစ်ဘက်ကို ဆန့်တန်းပါ လုပ်ဖို့ကျတော့လဲ နေမင်းကြီးက ကိုယ့်ခေါင်းပေါ်မှာ ဒီတော့ မောင်ပေါက်ကျိုင်းထုံး နှလုံးမူပြီး အတည်ပြုလိုက်တော့ အရှေ့အရပ်ကို သိသွားပေမယ့် တံတိုင်းဆိုတာကြီးကို ခန့်မှန်းလို့မရတော့ ကျောက်စာတွေ့တာဘယ်နေရာလဲ စုံစမ်းပြန်တော့ ယောင်ဝါးဝါးတွေ ဖြေနေသည်
ကဲ နောက်ဆုံး ကျောက်စာအောက်ခြေတိုင်ကို တွေ့တဲ့ မြစေတီအရှေ့ဘက်က အဆောက်အဦးအဟောင်းဆိုတာ ယခုလက်ရှိထားတဲ့နေရာပဲ ဖြစ်နေမလား သူနဲ့ ဆန့်ကျင်ဘက်အရပ်မှာရှိနေတဲ့ ဆင်းတုတစ်ဆူရှိနေတဲ့ ပဓါနလှိုင်ဂူမှာပဲလား မခွဲခြားနိုင်တော့ပဲ ယောင်နနနဲ့ စိတ်ရှုပ်လာသည်
အတူသွားတဲ့ ခင်ပွန်းကတော့ ပန်းချီဆရာတစ်ယောက်နဲ့ လေပေးဖြောင့်လို့နေတာကြောင့် သူ့ကိုစောင့်ရင်း မြစေတီနဲ့ ဂူပြောက်ကြီးကြားက အပေါက်လေးနားမှာ အမောဖြေရင်း ဂူပြောက်ကြီးကို လှမ်းကြည့်နေလိုက်သည်
ရာဇကုမာရ်ကျောက်စာရဲ့ ပိုင်ရှင်သည် မြစေတီလော ဂူပြောက်ကြီးလော ပြေလည်အောင် အဖြေထုတ်ဖို့အတွက် ဆရာကြီးများ သဘောမညီခဲ့တာကို တွေးမိရင်း ဒီဘုရားစုကို ဆွေမျိုးဘုရာစုဟု ထင်ကြေးလဲရှိခဲ့တာကြောင့် ဘယ်သူပိုင်ပိုင် ဒီဆွေဒီမျိုးတွေချည့်ပဲ မဟုတ်လားလို့ ရွတ်တွတ်တွတ် အဖြေထုုတ်ပစ်သည်
နေ့လည်ခင်းအချိန်ဖြစ်နေတာကြောင့်လဲ ပူပြင်းမှုကြောင့် စိတ်တွေကထွေပြားနေသည်
ဂူပြောက်ကြီးအရှေ့က ဘုရားအမှတ် ၁၃၂၃ဆိုတဲ့အမှတ်အသား ကိုမြင်မိသည်
ဧပြီလ၏ နေသည်တံလျပ်များဖြင့် တဖျတ်ဖျတ်တောက်ပနေသဖြင့် လေးထောင့်တိုက်မခံ အာရုံခံမုခ်အရှေ့လှည့်ထားသော ဂူဘုရားတစ်ဆူသည် မှုန်ကုပ်ကုပ်ဖြစ်နေသလိုလို
တိုက်မပေါ်မှာ မိုးလျောပစ္စယံသုံးဆင့်ခံ၍ ကွမ်းတောင်ပေါက်ထားပုံကတော့ ထင်ထင်ရှားရှား
အရံဂူတွေနဲ့ ကွမ်းတောင်ပေါက်ဂူတစ်ခုကိုလည်း တစွန်းတစ လှမ်းကြည့်နိုင်သည်
စေတီနဲ့ ဂူပြောက်ကြားက အုတ်ရိုးလေးနှစ်ခုဘေးတစ်ဖက်တစ်ချက်မှာ စေတီငယ်နှစ်ဆူက ခပ်နီးနီးမှာ ငြိမ်သက်လျက်
ကြည့်နေရင်း အထဲက မွန်စာနဲ့ဖော်ပြထားတဲ့ နံရံဆေးရေးပန်းချီများကို စူစမ်းချင်လာသည်
ဒါနဲ့ စကားမပြတ်သေးတဲ့ ခင်ပွန်းကို သွားခေါ်ပြီး ခပ်သေးသေးသံပန်းတံခါးကိုဖြတ်ပြီး အထဲဝင်လိုက်တယ်ဆိုရင်ပဲ ဘာမှမမြင်ရလောက်အောင် ပိန်းပိတ်နေတဲ့ အမှောင်ကြောင့် ကျင့်သားမရသေးတဲ့ မျက်စိက ပြာဝေပြီး ရှေ့မတိုးနိုင်ပဲ အာရုံခံမုခ်ဝမှာ ရပ်ကာ လျှောက်ကြည့်မိတော့ အဝိုင်းအကွက်အပြောက်မျိုးစုံနဲ့ တန်ဆာဆင်ထားတဲ့ ကျောက်ဇာပြူတင်းက အလင်းရောင်ရဖို့ ဖောက်ထားတာမှ ဟုတ်ပါလေစလို့ ဖြစ်လာတဲ့ သံသယ
မျက်လုံးက အမှောင်ကို ကျင့်သားရလာတော့ နံရံပေါ်က ပျက်လုပျက်ခင် ဖြစ်နေတဲ့ ရွဲကနုတ်များ ဘီလူးပန်းဆွဲများကို ခပ်ရေးရေးမြင်လာတော့ ရှေ့ဆက်တိုးခဲ့တယ်
ဂူထဲမှာတော့ ဘုရားဖူးတွေ ရှိနေတာပဲ
ဓါတ်ပုံရိုက်လို့မရဘူးနော် ပန်းချီတွေကို လက်နဲ့ မကိုင်ပါနဲ့
ကြားနေကြသတိပေးစကားမို့ အသံရှင်ကို ဂရုမပြုတော့ပဲ ရှေ့ဆက်တိုးပြီး တောင်ဘက်နံရံက ကြောင်လိမ်လှေကားကို အာရုံအရောက် ကာထားတဲ့ သံပန်းကြောင့်
တက်လို့ရမှာ မဟုတ်ပါဘူးလေ
စိတ်လျော့ပြီး မီးဆလိုက်တစ်ခုကောက်ယူလာတဲ့ ခင်ပွန်းနဲ့အတူ အတွင်းပိုင်းကို ဆက်ဝင်ခဲ့တယ်
မီးအလင်းရောင်အောက်တွင် တိုက်မကြီးအလယ်ခန်းထဲက ဆင်းတုတော်က ထင်ထင်ရှားရှား
မုဒြာကို ကြည့်ပြီး အတွင်းပတ်လမ်း အပြင်ပတ်လမ်းက နံရံတွေမှာ ရှိနေတဲ့ နံရံဆေးရေးပန်းချီများထံသာ ဆန္ဒစောနေခဲ့ပါတယ်
အတွင်းကျဆုံးနံရံကို မီးထိုး ကြည့်နေတုန်းမှာ နောက်ကလူတစ်ဦး လိုက်နေတာ သတိထားမိလို့ လှည့်ကြည့်တော့ ခပ်ထန်ထန် မျက်နှာပေးနဲ့ အဘိုးတစ်ယောက်က ရပ်နေပါတယ်
ခုနက ဓါတ်ပုံမရိုက်ဖို့ သတိပေးတဲ့သူပဲဆိုတာသိတော့ မဟုတ်တာလုပ်ဖို့ စိတ်ကူးမရှိပေမယ့် ဘာရယ်မဟုတ် ကိုယ်ရှိန်သပ်မိတယ်
သူ့ကြည့်ရတာ ကိုယ်တွေနဲ့ ထပ်ချပ်မခွာ လိုက်လာမဲ့ပုံပါပဲ
သည်လိုဆို ဘယ်လိုမှ ကောင်းကောင်းဆက်ကြည့်လို့ မဖြစ်နိုင်တော့လို့ စိတ်ညစ်သွားပါတယ်
ဒီအချိန်မှာပဲ မျက်နှာချင်းဆိုင် ပတ်လမ်းက ရောက်လာတဲ့ လူတစ်ဦးနဲ့ အဆုံ ထိုသူက သိလိုသမျှကို ဘုရားကင်းစောင့်ကြီးထံ မေးတော့ နံရံပေါ်က ဇာတ်ကွက်များကို အာဘောင်အာရင်း သန်သန်နဲ့ရှင်းပြနေတော့ ကိုယ်လည်း လိုက်ယောင်ပါတယ်
သူပြောတော့အဟုတ်လိုပဲ
ကိုယ်တွေက စာတွေ့မှာ တကွက်ချင်းလေ့လာခဲ့ရတာ နံရံပေါ် ပြွတ်သိတ်နေတဲ့ ဇာတ်ကွက်တွေကို မြင်ရုံနဲ့ မန်မိုရီ ပြန်ခေါ်နေရတာက တော်တော်မလွယ်ဘူး ဖြစ်နေတာကိုး
ရှင်းပြနေပေမယ့်လဲ ထိုနားတဝိုက်မှာ ရှိသူတွေကို အလွတ်မပေးပဲ သံသယမျက်လုံးနဲ့ လိုက်ကြည့်နေတယ်
သူအားသွားတော့ ခင်ပွန်းဖြစ်သူက ဘကြီးဒါဘာရေးထားတာလဲ ဇာတကလို့ရေးထားလားလို့မေးလိုက်တော့ သူ့လက်ထဲက မီးဆလိုက်ကြီးနဲ့ စာရေးသူတို့ဘက် ထိုးကြည့်ပြီး မင်းတို့က ဗမာတွေပဲလို့ပြောကာ သူ့စကေးကို အစွန်းကုန်သုံး ရှင်းပြပါတယ်
သူနဲ့ အဖွဲ့ကျသွားတော့ လိုက်ကြည့်ရတာ ပိုပြီးသက်တောင့်သက်သာ ဖြစ်လာပါတယ်
ဂူထဲမှာ အေးနေတော့ သူနဲ့ ခပ်ကြာကြာအချိန်ဖြုန်းခဲ့ပြီး သူပြောသမျှ ခေါင်းတငြိမ့်ငြိမ့်နဲ့ပေါ့
ပထမဆုံးအကြိမ်မို့ မှတ်စုထဲ ထည့်မမှတ်မိခဲ့တော့ သူပေးတဲ့ အရပ်ပြော ဗဟုသုတတွေဟာ နှမျောတသစွာပဲ ပျောက်ဆုံးခဲ့ပါတယ်
ကြည့်ရင်း တစ်ပတ်ပြည့်သွားတော့ အာရုံခံထဲက ကြောင်လိမ်လှေကားလေးနားထိ သူကစကားမပြတ်သေး
နင်တို့ကို နိုင်ငံခြားသား တရုတ်လူမျိုးတွေထင်လို့ အဘကလိုက်ကြည့်တာတဲ့ ဗမာတွေမှန်းသိရင် အဘက လိုက်မလာပါဘူး တရုတ်တွေက ပြောလို့ကိုမရဘူး အတင်းဓါတ်ပုံရိုက်သွားတတ်ကြတယ်
အဘတို့က တာဝန်အရ ဒီဘုရားကို စောင့်ရှောက်ရတာပါ ဌာနက ဓါတ်ပုံရိုက်ခွင့်ပေးမထားဘူး ဓါတ်ပုံရိုက်ရင် နံရံဆေးရေးတွေ ပျက်ကုန်မှာ
စည်းကမ်းတွေကို သိပြီးပေမဲ့လည်း သူ့အပြောကို အတိုက်အခံမလုပ်မိ
အဖိုးထံက ရှမ်းသွေးကို အပြည့်အဝ ဆက်ခံထားခဲ့ ခင်ပွန်းသည်ကို ရည်ညွှန်းပြီး ပြောတယ်လို့ပဲ သတ်မှတ်လိုက်ပါတယ် ခင်ပွန်းသည်ကို ပုဂံကဈေးသည်တွေက ဂျပန်မှတ်ပြီး ဂျပန်လို လိုက်ပြောတာလဲ ရှိထားတော့ သူပြောတာလဲ ဟုတ်မှာပါလေ
စာရေးသူက အဖွားကြီးတွေဝတ်လေ့ရှိတဲ့ ပိတ်ဖောက်ဇာကို ဒူးနားချိတ်နဲ့ တွဲဝတ်ထားတာကြောင့် ဗမာဆိုက်ကတော့ အပြည့်ပဲမို့ ကိုယ်နဲ့ဆိုင်တယ်မထင်မိ မသကာထင်ရင် ဂိုက်မမလောက်ပဲ ထင်မှာပဲလို့ ကိုယ့်အတွေးနဲ့ကိုယ် ဟုတ်နေပါတယ်
ထိုနေ့က မြင်းကပါ ဂူပြောက်ကြီးကိုစွန့်ခွာလာပေမဲ့ မြင်းကပါက အဘကြီးကိုတော့ မှတ်မှတ်ထင်ထင် ဖြစ်လျက်
နောက်တစ်နှစ်ကြာတော့ ရှေးဟောင်းသုတေသန ပညာမိသားစုနဲ့ သည်ဘုရားကိုပဲ လေ့လာရေးကွင်းဆင်း ရောက်ခဲ့တယ်
နံနက်ကိုးနာရီလောက် အချိန်မို့ ဂူပြောက်ကြီးထဲမှာ လူတွေတိုးမပေါက်
ကျောင်းသားကျောင်းသူ တစ်ရာလောက်ပါ ထိုဂူထဲကို ဝင်လိုက်လျှင် ကြပ်သပ်ပြီး ဘာမှလည်း ကောင်းကောင်းကြည့်ရမှာမဟုတ်တော့ အာရုံခံထဲမှာတင် နေဖို့ဆုံးဖြတ်ထားတဲ့ စာရေးသူနဲ့ မြင်းကပါက သစ္စာရှင်ကြီးတို့ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံပါတော့တယ်
လူအုပ်ကိုကြည့်ပြီး စိတ်ရှုပ်သွားဟန်တူတဲ့ အဘကြီးဟာ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး အသံကုန်ဟစ်ပါတော့တယ်
ဓါတ်ပုံရိုက်လို့ မရဘူးနော်
မင်းတို့က ကျောင်းသားတွေဆိုတော့ သိပြီးသားဖြစ်မှာပဲ ခိုးရိုက်ရင်တော့ နှင်ထုတ်မှာနော်
သူဘာပြောပြော ဘယ်သူမှ စိတ်မဝင်စားကြပဲ ကြည့်ချင်တာတွေ လျောက်ကြည့်နေတဲ့ ကျောင်းသားတွေကြောင့် သူ့မှာပိုပြီးစိတ်ရှုပ်နေပြီး အကြံအိုက်နေပါတယ်
လေ့လာရေးထွက်လာတဲ့ ကျောင်းသားတွေအတွက်ဆို ဝင်ထွက်ခွင့်မရတဲ့ ဘုရားတွေကိုတောင် သော့ဖွင့်ပေးရတာမို့ သူ့ပါဝါလောက်တော့ ဘယ်သူမှ အရေးမလုပ်ကြ
မင်းတို့က ဘယ်ကလဲ
ရန်ကုန်တက္ကသိုလ်ကမှန်းသိသွားတော့
အေး မနေ့က ရတနာပုံ တက္ကသိုလ်က ကျောင်းသားတွေရောက်လာတယ်
အဘက ဓါတ်ပုံမရိုက်ကြပါနဲ့လို့ ပြောနေတုန်းရှိသေးတယ် ကျောင်းသားတစ်ယောက်က ခိုးရိုက်လို့ရပါတယ်လို့အာချောင်လိုက်တာ အဘက အကုန်နှင်ထုတ်ပစ်လိုက်တယ်
အဘမှာ သည်လိုလုပ်ဖို့ အာဏာအပြည့်ရှိတယ် လို့သူ့ပါဝါကို နှစ်ဆတိုးပြောတာကို ကြားရခိုက်
ဟိုက်
သည်အဘိုးကြီး တွစ်ရိုက်နေတာပါလားလို့
သဘောပေါက်သွားပါတယ်
အခု အဆင့်မြင့်ပညာ တက္ကသိုလ်က ကျောင်းသားတွေကို ဆိုက်ဝါးတိုက်နေသလို လွန်ခဲ့သော တစ်နှစ်တုန်းက စာရေးသူတို့ စုံတွဲကိုလဲ သူဆိုက်ဝါးတိုက်ခဲ့တာပဲလို့ သဘောပေါက်သွားပါတယ်
သူ့နည်းစနစ်က အဆင့်မြင့်ပါတယ်
လူ့သဘောကို ကောင်းကောင်းနားလည်ထားလို့ တာဝန်ယူမှုနဲ့ မခံချင်စိတ်ကို ဆွပေးပြီး သွယ်ဝိုက်တားမြစ်လိုက်ခြင်းပဲ ဖြစ်ပါတယ်
ပထမအချီတွင် နိုင်ငံခြားသားတွေက စိတ်မချရဘူး ဖျက်လိုဖျက်ဆီး လုပ်ချင်ရာလုပ်ကြတယ် ကိုယ်ကဗမာ ကိုယ်ကကာကွယ်ရမယ် လို့တစ်ခွန်းမှမပြောပဲ သဘောပေါက်စေခဲ့သလို
ဒုတိယအချီမှာ သူတို့ကိုတော့ သည်လိုတောက်ထုတ်လိုက်တယ် နင်တို့လဲ သတိထား ကိုယ်က ရန်ကုန်ကျောင်းသား ဟိုလိုမဖြစ်စေနဲ့လို့ နားလည်မိတယ်
လက်တွေ့တွင်
လေ့လာရေး ကျောင်းသားတွေကို နှင်ထုတ်လို့ကတော့ သားကို အကြောင်းပြုပြီး သည်ဘုရားမှာ ရှိနေရတဲ့ သူဂိမ်းအိုဗာ ဖြစ်သွားမှာပေါ့ မဖြစ်ရင်တောင်ဆရာ ဆရာမတွေရဲ့ စက်သေနတ်စာ မိသွားမှာပေါ့
မြင်းကပါက သစ္စာရှင်ကြီးကို စိတ်ဝင်စားသွားသလို ပထမအကြိမ် အတွေ့အကြုံအရ သူ့အားနည်းချက်ကို သိထားတာကြောင့် မှတ်စုစာအုပ်လေးနဲ့ အနားကပ်သွားပြီး
အဘသည်ဘုရားမှာ လုပ်နေတာ ကြာပြီလား
ဟိုဘက်ကိုလှည့်ပြီးရပ်နေရာက ချာကနဲလှည့်လာပြီး လက်ထဲက စာအုပ်နဲ့ ဘောပင်ကို စိုက်ကြည့်ကာ
အဘသည်မှာ ၃၅နှစ်ရှိပြီ
အို ကြာလှပြီပဲ ဘုရားတစ်ခုလုံးကို အကုန်အလွတ်ရနေမှာပဲနော် နာမည်ဘယ်လိုခေါ်လဲအဘ
ဦးရီညွှန့်လို့ခေါ်ပါတယ် ဘုရားအကြောင်းကတော့ မေးချင်ရာမေးပါဗျား
အသက်ကကော ဘယ်လောက်ရှိနေပြီလဲ
ဘယ်တုန်းကဆိုလား ၇၅နှစ်ပြည့်ပြီ
၇၅ဆိုတော့အဘ ပင်စင်မယူသေးဘူးလား
အဘအသက်ပြည့်တော့ အလုပ်က ထွက်ရတာပေါ့ ဒါပေမယ့် အဘသားက ဆက်လုပ်တယ် သူကရှေ့မှာဈေးရောင်း အဘက သူ့အစား ဘုရားကို စောင့်ပေးတာပါ
အိုခေပြီ
မြင်းကပါ သစ္စာရှင်ကြီး ဂိမ်းအိုဗာပြီ ထိုနေရာလေးမှာ ထိုင်ချလိုက်ပြီး စာရေးသူ သိလိုသမျှကို စိတ်ရှည်လက်ရှည် ဖြေရင်း ပတ်လမ်းထဲရောက်နေတဲ့ ကျောင်းသားတွေကို မေ့သွားခဲ့ပြီ
ဘုရားဖူးလာသူများအပေါ် ဘယ်လိုဆက်ဆံပါစေ မြင်းကပါဂူပြောက်ကြီးက အဘဟာ စေတနာအပြည့်နဲ့ သူ့တာဝန်ကို အပြည့်အဝထမ်းဆောင်နေတယ်ဆိုတာကိုတော့ ငြင်းမရနိုင် ဖျက်လိုဖျက်ဆီး လုပ်လာနိုင်သည့် လူမျိုးပေါင်း ၁၀၁ပါးအပေါ် သူတတ်ကျွမ်းသည့် အနုနည်းဖြင့် ရင်ဆိုင်ခုခံသည် တာဝန်ကြောင့်ဆိုတာထက် သူ့ဒေသက အမွေအနှစ်လက်ရာများအပေါ် အပြည့်အဝ ဂုဏ်ယူလျက် မြတ်မြတ်နိုးနိုးကာကွယ် စောင့်ရှောက်လိုသည့် စိတ်က သူ့အပြောများတွင် အထင်းသား သူ့ရင်ထဲက တန်ဖိုးကို တပါးသူရင်ထဲထိ ရောက်အောင်ထည့်နိုင်ခဲ့သည်
တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းအမွေအနှစ် ပစ္စည်းများစွာကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများကို တာဝန်ပုံချနေမည့်အစား ချစ်မြတ်နိုးသူတိုင်း တာဝန်ကိုယ်စီ ရှိကြသည်ဆိုသည့် အသိပညာအတွက် ထိုအဘိုးကို ကျေးဇူးအထူး တင်ရှိပါသည်
ဂုဏ်ယူပါတယ် မြင်းကပါဂူပြောက်ကြီးက အဘဦးရည်ညွှန့်ရေ
အသက်ရာကျော်နေတဲ့အဘကို မြင်းကပါ ဂူပြောက်ကြီးနဲ့ တွဲပြီး နောင်နှစ်ပေါင်း များစွာတိုင် မြင်ခွင့်ရနေပါစေလို့ ဆုတောင်းမိပါတယ်။
သျှင်လေညင်း