<Zawgyi Version>
ျမန္မာေတြရဲ႕ အတိတ္သမိုင္းအစစ္ကို သိခ်င္ရင္ ပုဂံသြားၾကည္႔ နိုင္ပါတယ္တဲ႔ ..
ကိုယ္႔အရွင္ ကိုယ္႔သခင္ ကိုယ္႔ဘုရင္ ကိုယ္႔ထီးကိုယ္႔နန္းကိုယ္႔ၾကငွာန္းနဲ႔ ေနထိုင္လာနိုင္ခဲ႔တဲ႔ သက္ေသ
နန္းေတာ္ရာၾကီးမ်ားနွင့္ နန္းျမိဳ႕ရိုး
ဓနေငြေၾကး အင္အားေတာင္႔တင္းမႈကို အေကာင္းဆံုးေဖာ္ထုတ္တင္ျပေနတဲ႔ သက္ေသ လက္ညိွဳးထိုးၾကည့္တိုင္း မလြဲနိုင္ေလာက္ေအာင္ မ်ားျပားခဲ႔တဲ႔ ေစတီပုထိုးမ်ား နွင္႔အတူ
စည္ပင္ျပန္႔ပြားခဲ႔ေသာ ဗုဒၶဘာသာေရးဆိုင္ရာျပယုတ္မ်ား
တစ္ျဖည္းျဖည္း တိုးတက္ထြန္းကားလာတာကို ေတြ႔နိုင္တဲ႔ ဗိသုကာလက္ရာမ်ား သဒၶါတရား ထက္သန္
လြန္းစြာျခယ္မွုန္းတင္ျပထားတဲ႔ ပန္းခ်ီလက္ရာမ်ား အျပင္အျခားေသာ အနုပညာ သုခုမ ပန္းဆယ္မ်ိဳးဆိုင္ရာ အနုစိတ္လက္ရာမ်ား အစရွိသျဖင့္ပုဂံဟာ ျမန္မာ႔သမိုင္းတစ္ေလ်ာက္လံုးအတြင္း မာန္ဟုန္မည္မွ် ၾကီးမားခဲ႔တာကို သိနိုင္ပါတယ္
ပုဂံျမိဳ႕ေဟာင္းထဲကို လံုးလံုးလ်ားလ်ား ေရာက္ျပီ ဆိုတာနဲ႕
“ တာဝတႎသာ နတ္ရြာေလာ နတ္ရြာေလာ ...”
ဆိုင္ဆိုင္မဆိုင္ဆိုင္ ငါးစီးရွင္ေက်ာ္စြာရဲ႕ ျမင္စိုင္းေရႊျပည္ ကာခ်င္းကို သတိရမိတဲ႔အထိ စုလစ္မြန္းခၽြန္တို႔နွင့္ တင္႔တယ္ခန္႔ညားလွေသာ ဂူဘုရားေပါင္းမ်ားစြာတို႔က တိမ္ဆိုင္တိမ္မွ်င္မ်ားအၾကားမွာ ေတြ႕ရေလ႔ရွိေသာ
နတ္တို႔၏ ဗိမာန္ၾကီးနွင့္ တူလွသည္ဟုသာ ဖြဲ႔ဖြဲ႔ႏြဲ႔ႏြဲ႔ျဖင္႔ အတိသယဝုတၱိအလၤကာေျမာက္ေအာင္ ေျပာလိုက္ခ်င္ေတာ့သည္
-
က်မသည္ ပုဂံ၏ အေသြးအသားျဖစ္သည္
ပုဂံကို က်မတို႔ရဲ႕ ဘိုးေဘးမ်ားက ေသြးေခၽြးနွင့္ ရင္းျပီး လံု႔လဝီရီယေကာင္းေကာင္းျဖင့္ တည္ေထာင္သြား
ၾကသည္
ၾကသည္
ပုဂံသည္ ကိုယ္႔ဗီဇအရင္းတည္ရာ
ေအာ္ မဟားဒယား အေတြးေတြလြန္သြားျပီလား ျပန္႔ထြက္သြားတဲ႔ အေတြးကို အျမန္ဆံုးစုစည္းမွ လာရင္းကိစၥျပီးေျမာက္မည္
“ အညာပုဂံ ဘုရားဖူး... ” ဆိုတဲ႔ စာသားေလးပါတဲ႔ သီခ်င္းထဲကလို “ သြားၾကမယ္ေမာင္နွင့္ နွစ္ေယာက္သား ” ဘာညာ ဘုရားဖူး ဟန္းနီးမြန္းထြက္ဖို႔ လာခဲ႔တာ မဟုတ္တာ သတိကပ္ထားမွပါ
ဘုရားလဲဖူး လိပ္ဥလဲတူးတာမ်ိဳးကေတာ့ မေကာင္းဘူး ျပတ္ျပတ္သားသား ရဲရဲဝံ႔ဝံ႔ပဲ ဝန္ခံရရင္ ၾကည္႔ဖို႔သြားတာ လူအထင္ၾကီးေအာင္ေရးရရင္ သုေတသန ေလ႔လာေရး ခရီးထြက္လာတာ မဟုတ္လား
-
ဖတ္လိုက္ရတဲ႔ စာအုပ္ေပါင္းမ်ားစြာထဲက ပုဂံ
ကူးထားလိုက္ရတဲ႔ ဓါတ္ပံုေပါင္းမ်ားစြာထဲက ပုဂံ
စာေတြ႔ပံုေတြ႔သာၾကံဳဖူးေတြ႔ဖူးတဲ႔ ပုဂံကို နဖူးေတြ႔ ဒူးေတြ႔ ေျပးေတြ႕ဖို႔ ရည္ရြယ္ရင္းသာ ပုဂံေရာက္ျပီဆိုေတာ့ ၾကိဳတင္ယူသြားတဲ႔ ေျမပံုၾကီးကိုျဖန္႔ မက္ကင္ေပးထားတဲ႔ ဘုရားေတြကို လက္ညွိဳးျဖင့္ေထာက္ျပီး ၾကိမ္စၾကၤာတို႔လိုက္တာနဲ႔ အပ္ခ်ေလာင္းေရာက္ရ ေအာင္ ငမိုးရိပ္ မိေက်ာင္းၾကီးက စြမ္းသည္ ( အပိုေျပာတာပါ တကယ္တမ္းေတာ့ ကားစတီယာရင္ ကိုင္ထားတဲ႔သူရဲ႕ ဆႏၵရွိရာ ဘုရား *ကားဦးတည္႔ရာ
နာမည္ၾကီးဘုရားမ်ားသို႔သာ ဦးစြာဖူးရသည္ ဆင္ေျခစကားက ေမွ်ာသြားရင္ ဒီဘုရားရွိတဲ႔ ေနရာကို နင္ျပန္ေရာက္ေတာ့မွာ မဟုတ္ဖူးတဲ႔ ေအးေပါ႔ကြာ မအားတဲ႔ ၾကားက လူေကာ စားရိတ္ေကာ ကူညီေပးထားတဲ႔
ေက်းဇူးကို ေထာက္ျပီး ခပ္မဆိတ္သာ ဆင္းဖူးရတာေပါ့ ) သူေျပာတာ ဟုတ္လဲဟုတ္သည္ အၾကိဳအၾကားမက်န္ ပတ္ျပီးလိုက္ၾကည္႔လိုက္တာ အခ်ိန္ခနေလးလို႔ထင္ရေပမယ့္ ဘုရား၂ဆူအျပီး စာရင္းခ်ဳပ္ေတာ့ အမေလး
ေက်းဇူးကို ေထာက္ျပီး ခပ္မဆိတ္သာ ဆင္းဖူးရတာေပါ့ ) သူေျပာတာ ဟုတ္လဲဟုတ္သည္ အၾကိဳအၾကားမက်န္ ပတ္ျပီးလိုက္ၾကည္႔လိုက္တာ အခ်ိန္ခနေလးလို႔ထင္ရေပမယ့္ ဘုရား၂ဆူအျပီး စာရင္းခ်ဳပ္ေတာ့ အမေလး
ေန႔ခင္းတစ္နာရီထိုးသြားျပီ ဗိုက္ကလဲ တက်ဳတ္က်ဳတ္နွင့္ ဆာလွျပီ
ထို႔ေၾကာင့္ မိခင္ၾကီး ၾကိဳတင္ခ်ိတ္ေပးထားတဲ႔ ဟိုတယ္ကိုသြား အထုတ္ေတြထားျပီး ထမင္းစားဖို႔ တစ္ေခါက္ထြက္ အင္း ဗိုက္ၾကီးပါလာတာက ကိုယ္႔အျပစ္ျဖစ္ေနသလို မဆာရင္ မပူရင္ ေအာ္ကဲ သိဒၶိျပီးေနရင္
ေတာ္ေတာ္ေကာင္းမွာပဲေနာ္
ေတာ္ေတာ္ေကာင္းမွာပဲေနာ္
-
အလို ပုဂံမယ္ ယူရိုပီယံဖုထ္ အေတာ္ေပါသည္ ဆိုင္းဘုတ္ေတြမွာ ျမန္မာစာျဖင္႔ စပတ္ကတီ ပီဇာ ကာရီဆိုတာမ်ိဳးေတြလည္း ေတြ႕ရေသး ေအာ္ခက္ျပီ ကိုယ္ေတြက
မန္က်ီးရြက္သုတ္ ပုန္းရည္ၾကီးဝက္သားခ်က္ ၾကက္သားကာလသားခ်က္ ေျမပဲေၾကာ္ ဘာညာ အညာစာနွင့္ ေလြးခ်င္ေသာ္လည္း ဆိုင္ရွာေနရတာၾကာေတာ့
ေတြ႕ရာဆိုင္ ဝင္တီးရေတာ့တာပဲ သယ္ မဆိုးဘူးဟ ရန္ကုန္မယ္ မွာရင္ အသာေလး ငါးေသာင္းေလာက္ထြက္သြားေလာက္တဲ႔ မီနူး ၂ေယာက္စာက ျမန္မာက်ပ္ေငြ တစ္ေသာင္းေျခာက္ေထာင္ ဆိုေတာ့ကာ ဘယ္လိုေျပာရမလဲ ဗဲရီးဂြတ္တယ္ေပါ့ ေတ႔စ္ကလဲ ေဖာရိန္းခံတြင္းနဲ႔ အကိုက္ ခ်က္တတ္ပံုရေတာ့ ေအာ္ပုဂံဟာ ခရီးသြားဧည္႔သည္မ်ားစြာနဲ႔ အသားက်လို႔ ေနျပီပဲလို႔ ေတြးလိုက္မိျပန္ အေတြးဝင္ျပန္ေတာ့ သိပ္မၾကိဳက္ခ်င္ (အေကာင္႔ထဲ ပုဂံသားမ်ားပါလားမသိ အတင္းတုပ္လို႔ ေကာင္းပါ့မလား မေျပာေတာ႔ပါဘူးေလ ဒီဇာတ္လမ္း ဒီတင္ရပ္စမ္း) မရပ္နိုင္ပါဘူး ေျပာစရာရွိတာေတာ့ ေျပာရမွေနသာထိုင္သာရွိတယ္မဟုတ္လား
အင္း ပုဂံကိုၾကည္႔ရ တာ ေဒါက္တာသန္းထြန္း၏ စာတမ္းတစ္ေစာင္ကို ဖတ္ေနရသလိုပင္ စိတ္မသက္မသာျဖစ္စရာေကာင္းလွသည္ ဆရာၾကီး၏ စာတမ္းမ်ားသည္ တိက်မွန္ကန္ျပီး စံနွဳန္းထားမ်ားျဖင့္ ျပည္႔စံုလွသာ္လည္း အေနာက္ကခ်ထားတဲ႔ ေဘာင္ၾကီးထဲသို႔ေရာက္လြန္းပါသည္ ထို႔ေၾကာင္႔ နိုင္ငံျခားသားမ်ား
သေဘာက်နွစ္ျခိဳက္လက္ခံၾကသည္ မဟုတ္လား ဖတ္မွတ္လိုက္နာရတဲ႔ ကိုယ္႔အတြက္ကေတာ့ ဗို႔အား
ျပည္႔လႊတ္ထားတဲ႔ ျခံစည္းရိုးထဲမယ္ ေနရသလိုျဖစ္ေနပါသည္ ဒီလိုပဲ ပုဂံကလည္း အေနာက္တိုင္းသားမ်ား အၾကိဳက္ေဆာင္နိုင္ဖို႔ ဝန္ေဆာင္မႈေတြေပးရင္း အားလံုးအသားက်ကာ ျမန္မာ႔ရိုးရာယဥ္ေက်းမႈမ်ားျဖင့္ တိုင္းျခားက ဧည္႔သည္မ်ားကို ထိေတြ႔မႈေပးရမွာေမ႔ေလ်ာ႔ေနၾကျပီ ကိုယ္ေတြအတြက္က ေနစရာမရွိေတာ့သလို ခံစားမိလို႔ပါ
-
ဆက္ရရင္ ေတြ႔လိုက္တဲ႔ အုတ္ပံု အုတ္ခဲက်ိဳး ဘုရားအပ်က္ ဘုရားအေကာင္း ဘုရားၾကီးငယ္လယ္လတ္ အခ်ိဳ႕ကလည္း လူစည္စည္ အခ်ိဳ႕ကလဲ တစ္ေယာက္စ နွစ္ေယာက္စ အခ်ိဳ႕ကလဲ ကီ်းနဲ႔ ဖုတ္ဖက္ ေအာ္ ေအာ္ လူေတြမ်ား ရွိခိုးရမယ့္ ဘုရားကိုေတာင္ ေနာက္ေၾကာင္းၾကည့္ၾကေသးတာပဲ အေတာ္ဆိုးတဲ႔ လူေတြ ေအးေပါ့ေလ ဘုန္းၾကီးတာတို႔ တန္ခိုးၾကီးတာတို႔ဆိုတာ တမင္လုပ္ယူလို႔ မရတဲ႔ အရာေတြကိုး
-
ကုန္းေဟာင္းေတြ ေျမပံုမို႔မို႔ေတြ အုတ္ခဲစေတြ ေတာ္ေတာ္မ်ားတာျမင္မိေတာ့ ကုန္းျမင္ရင္ ယုန္ထင္ေၾကာင္ထင္ ေရာဂါရေနသူမ်ားအား ပုဂံခနခနသြားဖို႔ အၾကံေပးဖို႔ စဥ္းစားမိသည္ ပုဂံမွာမ်ား နန္းျမိဳ႕ရိုးၾကီးကို အျပေကာင္းေအာင္ လူျမင္ကြင္းေနရာမ်ားေလာက္သာ တူးထားနိုင္သည္ မဟုတ္ပါလားေတာ္ “ အတူးေရာဂါစြဲကပ္လာ ပုဂံသြားဖို႔ျပင္ ပရဟိတကူျပီးတူး အက်ိဳးမ်ားမည္ပင္ ” သံေပါက္လိုလို ကဗ်ာလိုလို သံခ်ပ္ထိုးမိေသး အမယ္အမယ္ ကိုယ္တိုင္လဲ စိတ္ကူးနဲ႔ တူးေနတာ အဝီစိကို ေပါက္သြားလို႔ ငရဲမင္းေခၚ ယမမင္းၾကီးရဲ႕ လက္ထဲမွာ သူ႔ထံ မၾကာမီေရာက္လာေတာ့မယ္႔ လူေတြရဲ႕ ေသစာရင္းကို ေတြ႕လိုက္ရေသး ေအာ္ တစ္ခ်ိဳ႕လူေတြရဲ႕
အမည္ကိုေတြ႔ေတာ့ စိတ္မေကာင္းဘူး အမွန္ကို မျမင္နိုင္ရွာပဲ သြားၾကရရွာျပီ ကၽြတ္ကၽြတ္ အနိစၥ ဒုကၡ အနတၱပါတကား
“ ဟဲ႔ အိပ္ေပ်ာ္သြားတာလား တစ္လမ္းလံုးလဲ အိပ္ျပီးလိုက္လာတာ ကားေမာင္းလာရတဲ႔ ငါအိပ္ဖို႔ ခ်န္ထားပါဦး ” ဆံပင္ကိုေဆာင္႔ဆြဲခံရမွ ယမမင္းေပ်ာက္သြားေတာ့ ေအာ္ အိပ္မက္ပါလား ေတာ္ေသးတာေပါ့ေနာ္ ေသရမယ္႔သူေတြက ကိုယ္နဲ႔ အယူအဆ ယံုၾကည္ခ်က္က ျပဒါးတစ္လမ္း သံတစ္လမ္းေပမယ့္ သူတို႔လဲလူပဲ ေသရမွာ ေၾကာက္ၾကရွာမွာေပါ့ေလ
-
ပုဂံ
စိတ္ကူးယဥ္အိပ္မက္ထဲမွာ ထည္ဝါခန္႔ညား ခမ္းနားေနသလို အျပင္လက္ေတြ႔ ျမင္ကြင္းမွာလဲ အံ႔မခန္း ထည္ဝါလြန္းလွသည္
ပုဂံသည္ ကိုယ္႔နိုင္ငံ၏ အေကာင္းဆံုးေသာ အတိတ္သမိုင္းတစ္ခု ျဖစ္ခဲ႔သည္
ထို႔ေၾကာင့္ ျမန္မာတိုင္း ပုဂံသို႔ သြားနိုင္ဖို႔ ၾကိဳးစားၾကသည္ ထင္သည္
ေခတ္စကားနွင့္ ေျပာရလွ်င္ ေအာင္ေျမနင္းသည္ ေအာင္အတိတ္ ေအာင္နိမိတ္သြားယူသည္ဟု တင္စားမိလွ်င္လည္း ေျပာတဲ႔သူ လြန္မည္ မထင္မိ
ပုဂံသည္ ျမန္မာ႔ ေအာင္ေျမအစစ္ျဖစ္သည္ မဟုတ္ပါလား
-
အေနာ္ရထာနွင္႔ သူ၏ အရင္က ပုဂၢိဳလ္မ်ား တည္ခဲ႔သည္ဆိုေသာ ဘုရားမ်ားျဖစ္တဲ႔ ေလာကနႏၵာ တန္႔ၾကည္ေတာင္ဘုရား တုရင္ေတာင္ဘုရား အေနာ္ရထာတည္လို႔ မျပီး၍ က်န္စစ္သား လက္စသတ္ေပးသည္ ဆိုေသာ ေရႊစည္းခံု ဗူးဘုရား ငကၽြဲနားေတာင္း(ပ်ဴေခတ္လက္ရာဆိုသည္အား စာေရးသူသံသယရွိ) ပ်ဴေစတီေလးဆူတန္း နွင္႔ ေပါက္ရာပင္ ေစတီမ်ားသည္ အေျခခံအားျဖင္႔ တသေဘာတည္းဟု ဆိုနိုင္ပါသည္ အေျခခံတူတယ္ဆိုေတာ့ တည္ေဆာက္ေပးသူ ဗိသုကာ ပညာရွင္မ်ား ဆက္စပ္မႈရွိသေလာ ဒီေလာက္ပါပဲ ဒီ႔ထက္အက်ယ္ခ်ဲ႕ ယူဆရင္ေတာ့ ေႏြေခါင္ေခါင္ ေနပူပူေအာက္တြင္ သြားလာေနရသည္႔ ကိုယ္႔အတြက္ အေျခအေနသိပ္မေကာင္းလွ ဒါေၾကာင္႔ နတ္ေလွာင္ေက်ာင္းနွင့္ တြဲလ်က္ တည္ရွိေနတဲ႔ ငကၽြဲနားေတာင္းကိုသာ ေစ႔ေစ႔စပ္စပ္ လိုက္ၾကည္႔ျဖစ္ပါတယ္ ကိုယ္႔ရဲ႕ ဇာတ္လိုက္ေက်ာ္ၾကီးကိုး
-
ယူသြားတဲ႔ စာအုပ္မ်ားထဲမွာ ပုဂံေဒသဆိုင္ရာ ဗိသုကာေလ႔လာခ်က္ဆိုတဲ႔ စာတမ္းတစ္ေစာင္ပါဝင္ေတာ့ ပုဂံရွိ ဘုရားမ်ား၏ ပႏၵက္ပံု အုတ္စီပံု ဝိုင္းေအာင္ျပဳပံု အေကြးမ်ားတြင္ ေထာင္လ်က္စီပံု အခံုးမ်ားတြင္ ေနရာခပ္လႊဲလႊဲခ်၍ ထပ္စီပံု အုတ္ထုၾကီးေအာင္ အုတ္၏ အနံအတိုင္းစီပံု အုပ္စီးအုပ္နင္း ၊ ထိုအုတ္မ်ားကို စပါးခြံနွင့္ ေရာျပီး နယ္ထားတတ္သည္ဆို၍ ထိုးဆြၾကည့္မိပံု (ဘသူကိုမွမေျပာပါနဲ႔ အုတ္အက်ိဳးေတြကို ထုေခ်ၾကည့္တာရယ္ပါ)ထိုစီထားေသာ အုတ္မ်ားကို အၾကာၾကီးခိုင္ခံ႔ မျပိဳပ်က္ေအာင္ ေဘးဘက္နွင့္ ေထာင္႔စြန္းမ်ားကို ေက်ာက္ျဖင့္ ညွပ္ခ်ဳပ္ထားပံု ပန္းရန္လက္ရာက အမ်ိဳးမ်ိဳး အဖံုဖံု စိတ္ဝင္စားစရာ
-
ေနာက္တစ္ခု ေျပာခ်င္တာကေတာ့ အုတ္ကို ဆြဲခ်ဳပ္ထားသည္႔ ေျမသရြတ္မ်ား အေၾကာင္းပဲျဖစ္ပါတယ္ အပ္ေပါက္ရာ တစ္ခုစာေလာက္ေတာင္ ေလခိုေနျခင္း မ်ိဳးမရွိတဲ႔ သရြတ္ဟာ ပုဂံက ဘုရားၾကီးမ်ားကို နွစ္တစ္ေထာင္ေက်ာ္တဲ႔ အထိ ရပ္တည္ေစတဲ႔ အဓိက ဇာတ္လိုက္မ်ား ျဖစ္ေနလား ထင္ပါတယ္ သရြတ္ကို လက္ေခ်ာင္းကေလးမ်ား၏ ထိပ္နွင့္ ခပ္ၾကမ္းၾကမ္းထိၾကည့္ေတာ့ မခံစားနိုင္ေလာက္ေအာင္ မာခဲေနတာမ်ိဳးမရွိ ဒါေပမယ္႔ ေက်ာက္ျဖစ္ေနသလိုမ်ိဳး ခံစားရသည္ လက္ေခ်ာင္းေလးေတြက တဆင္႔ သူ႔ရဲ႕ ခိုင္မာမႈ ခြန္အားက ကိုယ္႔ထံ စီးဝင္လာခဲ႔သည္ ေရနဲ႔ထိလည္းေပ်ာ္ဝင္ရ ေလထဲကိုလဲ ေမ်ာပါရ အတိုက္အစားခံ ေျမမွဳန္႕ေလးမ်ားပင္ သူ႔တြင္ပါဝင္ေပါင္းစပ္ထားေသာ ပါဝင္ပစၥည္း တစ္မ်ိဳးနွင့္ ေတြ႔ေသာအခါ ေက်ာက္သားသဖြယ္ ခုိင္မာသြားရ သည္မဟုတ္ပါလား ဒါကို ေကာင္းေကာင္း သင္ခန္းစာ ယူရဦးမည္ ကိုယ္႔တြက္ ေတာ့ သည္အသိက ခြန္အားရွိခဲ႔ပါသည္
-
ျပီးေတာ့ တစ္ကမာၻလံုး ပုဂံတြင္သာ ေပါေပါမ်ားမ်ား ေတြ႔ရသည္ဆိုေသာ ဘုရားတစ္ဆူလံုး၏ အေလးခ်ိန္ကို ပညာသားပါပါျဖင့္ မတင္ခံေပးထားေသာ ေပါင္းကူးၾကီးမ်ား အုတ္တစ္လွည္႔ ေက်ာက္တစ္လွည့္ ပညာသားပါပါ ေျမသရြတ္နွင့္ ကိုင္ထားသည္ဆို၍ ေမာ႔ျပီးၾကည့္ရတာ လူကို ဇတ္ပါလန္ေလေရာ ထို႔ေနာက္ ေလဝင္ေပါက္မ်ား ေနရာခ်ပံု အလင္းအေမွာင္အတြက္ ဂူေပါက္မ်ား တည္ေဆာက္ထားပံု တို႔အျပင္ ဂူဘုရားနွင့္ ကပ္ျပီး တန္ဆာဆင္သည့္ သေဘာ ထည္႔သြင္းထားသည့္ အရုပ္နွင့္တကြ တန္ဆာဆင္ ပစၥည္းအမ်ိဳးမ်ိဳးကို ဂူနံရံနွင့္ တစ္ဆက္တည္း ကပ္ျပီး ၾကာရွည္ခိုင္ခံ႔နိုင္ေအာင္ ဂူဘုရားနံရံကို တည္ေဆာက္ဖို႔ အုတ္စီစဥ္ကတည္းက ထိုတန္ဆာဆင္ပစၥည္းမ်ားအတြက္ပါ တစ္ပါတည္း အုတ္ထုတ္လ်က္ စီသြားပံု စသည္ျဖင့္ ၾကည့္ရွဳေလ႔လာ၍ မဆံုးပါ
-
ထို႔အျပင္ ဂူဘုရားမ်ား၏ အျပင္ပိုင္းဗိသုကာလက္ရာမ်ားတြင္ စာေရးသူကို စြဲေဆာင္မႈအရွိဆံုး ကေတာ့ ဘုရားကို ဖ်က္ဆီးမည္႔ မိုးေရကို ဘုရားေပၚတြင္
အိုင္ျပီးမေနေအာင္ ထည္႔သြင္းထားတဲ႔ အမ်ားအားျဖင့္ မိေက်ာင္းပံုသ႑ာန္ရွိေသာ ေရတံေလ်ာက္မ်ားပဲ ျဖစ္ပါတယ္ ထိုေရတံေလ်ာက္မ်ားကို ဓမၼရာဇက ဘုရားေပၚတြင္
အေကာင္းအတိုင္း အေနအထားျဖင့္ မ်ားစြာရွိေနတာကို ေတြ႕ရျပီး ပုဂံယဥ္ေက်းမႈျပတိုက္ထဲတြင္ အနီးကပ္ေလ႔လာခဲ႔နိုင္ပါတယ္ က်မတို႔ရဲ႕ ေရွးေဟာင္း ဗိသုကာ ပညာရွင္မ်ား၏ ကိုယ္ပိုင္တီထြင္ ၾကံဆမႈမ်ားစြာကိုျဖင့္ အံ႔ၾသဘနန္းျဖစ္ရျပီး ၾကက္သိန္း တျဖန္းျဖန္းထရတဲ႔အထိ ဂုဏ္ယူ ခံစားမိပါတယ္
-
ဘုရားမ်ားကို စစ္စစ္ေပါက္ေပါက္ ေလ႔လာေနခ်ိန္တြင္ က်မက မင္းသမီးတစ္ပါးအသြင္ “ ေအာ္ ငွက္သြင္ပ်ံၾကြမတတ္ေသာ္ ”ပါတကား ျမန္မာ အဝတ္အစားျဖင့္ သနပ္ခါးပါးကြက္ၾကားၾကီးနွင့္ ၾကိဳၾကားမက်န္ ၾကည္႔ျပီး စာဖတ္လိုက္ ဓါတ္ပံုရိုက္လိုက္လုပ္ေနတဲ႔ က်မကို (ဆံပင္အေရာင္ေၾကာင္႔) ေဖာ္ရိန္နာထင္ျပီး စကားလာေျပာတဲ႔
ေဖာရိန္နာေတြကလည္း မနည္းမေနာ ျပီးေတာ့ က်မဘယ္သူလဲဆိုတာကို သူတို႔၏ ဂိုက္အား တိုးတိုးက်ိတ္က်ိတ္ေမးရသည္အထိ ပုဂံတခြင္ ျပဲျပဲစင္ေအာင္ ရုပ္ပ်က္ဆင္းပ်က္ကို ေမႊေနာက္ေလ႔လာခဲ႔တာပါ တိုးရစ္ဂိုက္ေတြကလဲ အမ ဒီေနရာကို ၾကည့္ဦး ဒီေနရာကေတာ့ ဘယ္လိုဘယ္ေၾကာင္း စသည္ျဖင့္ သူတို႔သိသမွ် ေဝမွ်
ေပးၾကပါတယ္ ဘာပဲျဖစ္ျဖစ္ ေက်းဇူးတင္သင္႔တာပဲ မဟုတ္လား
-
ကဲ ကိုယ္႔ဖာသာ ေလာ္ဘီလုပ္မိတာ ခနထား အျပင္ပိုင္းက ဗိသုကာလက္ရာမ်ား အေၾကာင္းဆက္ရလွ်င္ ပုဂံမင္းတို႔၏ ၾကြားဝါတတ္မႈကို ျမင္လိုက္ရသလို လူမင္း ဘုန္းၾကီးလွ်င္ၾကီးသလို အျပင္ဘက္က ဗိသုကာမ်ားက ထည္ဝါေလေလ ျဖစ္တာကို သတိထားမိလို႔ပါ အနုမွာ အာနႏၵာ ဆိုသလို တကယ္ပင္ အနုစိတ္ျခယ္သထားတဲ႔
ဗိသုကာ လက္ရာမ်ားျဖင့္ တင္႔တယ္ေနတဲ႔ မင္းက်န္စစ္၏ အာနႏၵာ ဘုရားၾကီးတြင္ က်န္စစ္သားမင္း၏ ဘုန္းတန္ခိုးနွင့္ က်န္စစ္သား၏ ဂုဏ္ျဒပ္ မာန္မာနကို ဖမ္းယူမိသလိုလို အာနႏၵာတြင္ သူ႔အေၾကာင္း ေကာင္းေကာင္းသိခဲ႔သည္ သူသည္ သမိုင္းတြင္ ရာဇပလႅင္နဲ႔ ထိုက္တန္မႈရွိေသာ မင္းတစ္ပါး ျဖစ္ခဲ႔တာကို သိသာထင္ရွားေစေအာင္ တမင္ၾကိဳးစားေနျပီး သူ႔အတိတ္ကို ဖံုးကြယ္ဖို႔ ၾကိဳးစားေနတာ အသိသာခ်ည္း ထိုမွတဆင္႔ သူဘာမ်ားလုပ္ခဲ႔သလဲဆိုတဲ႔ သံသယထြက္လာပါေတာ့သည္ “ ေအာ္ မင္းက်န္စစ္ မဏိစႏၵာကို ခ်စ္ခဲ႔ဖူးတာ တကယ္သေဘာရိုး အခ်စ္စစ္ အခ်စ္မွန္ျဖင့္ ငယ္သူ႔အခ်စ္ ရိုးရိုးမွဟုတ္ပါေလစကြယ္ ” ေအာ္ မဏိစႏၵာဆိုလို႔ အန္တီပိုးအိစံရဲ႕ “ ခ်စ္ေသာ မဏိစႏၵာ ”ကိုျဖင့္ ပုဂံတြင္ မေတြ႕ခဲ႔ရပါ
-
စာေရးတာကနည္းနည္း အတင္းေတြခ်ည္႔ တုပ္မိေနျပီ ဆိုေတာ့ ဆက္ရေအာင္ပါ ဘုရင္ခ်င္းအတူတူ သူ႔ထက္သာရမည္ဆိုတဲ႔ ပံုစံမ်ိဳး ေတြ႔ရသည့္ သက္ေသက အနုအာနႏၵာ ထု ဓမၼရံ အျမင္႔ သဗၺညဳဆိုတဲ႔ စာခ်ိဳးေလးထဲက အာနႏၵာက က်န္စစ္သား သဗၺညဳက က်န္စစ္သားရဲ႕ ေျမး အေလာင္းစည္သူ ဓမၼရံၾကီးက အေလာင္းစည္သူရဲ႕သား နရသူေခၚ ကုလားက်မင္း အသီးသီး တည္ခဲ႔ေတာ့ အင္း အေနာ္ရထာမင္းရိုး မဟုတ္သူေတြ တယ္လဲ အျပိဳင္အဆိုင္ၾကီးပါလားလို႔ ေတြးမိပါတယ္
-
ျပီးေတာ့ က်န္စစ္သား မင္းရိုးဟာ ရည္ရြယ္ခ်က္ရွိရွိ သမိုင္းတြင္နိုင္ဖို႔ ၾကိဳးစားထားခဲ႔ေလသလား လို႔လဲ ျဖည့္ေတြးပစ္ျပန္ပါတယ္ အမယ္ ေတာ္ၾကာ မေတာ္တေရာ္ေတြ စိတ္ကူးလြန္းလို႔ အိပ္ေနတုန္း လာျပီး ဂုတ္ခ်ိဳး သတ္ေနကာမွ ဂ်ာနယ္ထဲမယ္ နာမည္ၾကီးရဦးမယ္ ဘြာေတးဘြာေတး
-
ပုဂံတြင္ ရွိေနတဲ႔ ဘုရားမ်ားကို ဘုရင္နွင့္ ေဆြမ်ိဳးေတြၾကည့္ တည္ခဲ႔တာ မဟုတ္တာကို သိျပီးျဖစ္ေပမယ့္ မင္းနန္သူအရပ္ရွိ အနႏၱသူအမတ္ၾကီးေမာင္နွံတည္ခဲ႔တဲ႔ ေလးမ်က္နွာဂူဘုရား၏ အရွိန္အဝါကလည္း ဘုရင္ေတြနွင့္ မတိမ္းမယိမ္း ျဖစ္ေနတာ သတိထားမိလို႔ ထံုးစံအတိုင္း ပုဂံနန္းတြင္းကို ပံုေဖာ္ၾကည့္ျပန္ေတာ့ အမတ္မ်ား၏ ေနာက္ခံအင္အားနွင့္ ဓနပိုင္ဆိုင္မႈ ေတာင္႔တင္းပံု သတိထားမိသလို ကင္းဝန္မင္းၾကီး ဦးေကာင္းတို႔ သိပ္လိုခ်င္ခဲ႔တ႔ဲ စည္းမ်ဥ္းခံဘုရင္ဆိုတာမ်ိဳး ပုဂံေခတ္ကတည္းက ၾကံစည္ခဲ႔သလား အေတြးနက္မိေသး ျပီးေတာ့ ျမင္းကပါအရပ္ရွိ အမတ္ၾကီး ရာဇကုမာရ္၏ ျမေစတီ ဂူဘုရားနွင့္ အနီးရွိ က်န္စစ္သား ေဆြမ်ိဳးတစ္စု
အမ်ိဳးဘုရားမ်ားကလည္း က်မကို ပံုျပင္ေကာင္း တစ္ပုဒ္ ေျပာျပေနခဲ႔သည္ပဲ
-
ကဲကဲ ဂူဘုရားေတြရဲ႕ အျပင္ပိုင္း ဗိသုကာဆီသာ သြားပါေတာ့ မယ္မင္းၾကီးမရယ္ အရမ္း ဂိုဆစ္ေတြ ေျပာတာပဲ ဂူဘုရားမ်ား၏ အျပင္ပိုင္း ဗိသုကာ လက္ရာဆိုလွ်င္ ဂူဘုရားမ်ား၏ စၾကၤန္ပတ္လမ္း အတြင္းစၾကၤန္ အျပင္စၾကၤန္နွင့္ အာရံုခံမုခ္ အာရံုခံ မုခ္ တံကဲမ်ား ဂူဘုရား၏ အျပင္ဘက္ ပစၥယံအဆင္႔ဆင္႔မွာ အဂၤေတျဖင့္ ျခယ္မွုန္းထားတဲ႔ ပန္းေတာ့ လက္ရာမ်ားကို ေျပာတာပဲ ျဖစ္ပါတယ္ ထိုကတည္းက အဆင္႔ဆင္႔ ဆရာစားခ်န္လာတဲ႔ ျမန္မာ႔ဓေလ႔အရ ယခုအခ်ိန္မွာ ပန္းေတာ့ပညာရွင္ေကာင္းေကာင္း မရွိေတာ့ပါဘူး ဗဟန္းျမိဳ႕နယ္ ဘုန္းၾကီးေက်ာင္းေတာထဲမယ္ အၾကာၾကီးေနလာခဲ႔ေတာ့ ကိုယ္႔အိမ္ေရွ႕က ဘုန္းၾကီးေက်ာင္း
အျပင္ပိုင္းကို အဂၤေတနွင့္ မြမ္းမံေနတာ ျမင္ဖူး ေစာင္႔ၾကည့္ဖူးေတာ႔ ထိုပညာရွင္မ်ားသည္ ပုဂံက ပညာကို အျပည္႔အဝ ဆက္ခံထားျခင္းမရွိတာက အုတ္ျဖင္႔တြဲဆက္ျပီး ၾကာရွည္တည္တံ႔ေအာင္ မျပဳလုပ္နိုင္ပဲ နံရံတြင္ ကပ္ထားရံုသာ တတ္နိုင္တာကို ၾကည့္လွ်င္ သိသာပါသည္ ပုဂံဂူဘုရားမ်ား၏ အျပင္ဘက္ ပန္းေတာ႔လက္ရာမ်ားကေတာ့ ေခတ္အဆက္ဆက္ ျပဳျပင္မႈေၾကာင္႔ နဂိုပံုကိုေတာ့ မွန္းဆျခင္းငွာ မတတ္နိုင္ေတာ့ ေသာ္လဲ အဂၤေတ ကြာက်ထားတဲ႔ ေနရာအခ်ိဳ႕က အုတ္ဆက္ပံုကို ေလ႔လာၾကည့္ရင္
ကိုယ္လက္လွမ္းမမီေသာ ပစၥယံ အထက္က ကနုတ္အဆင္မ်ား ျခေသၤ႔ရုပ္မ်ား ပံုသ႑ာန္အမ်ိဳးမ်ိဳးရွိေသာ နတ္ရုပ္မ်ား နွင့္ အျခားေသာ အရုပ္မ်ားကို မည္သို႔
တည္ေဆာက္ထားသလဲ အၾကမ္းခန္႔မွန္းနိုင္ပါသည္ ကိုယ္လဲ ဒီေလာက္ပဲ သိလို႔ ဒီေလာက္ပဲ ေျပာပါေတာ့မယ္
-
ဒါဆိုလွ်င္ ပုဂံဂူဘုရားမ်ားထဲက နံရံေဆးေရး ပန္းခ်ီလက္ရာမ်ား အေၾကာင္း ဆက္ၾကရေအာင္ေနာ္ ေဆးေရးပန္းခ်ီအေၾကာင္း ေျပာမည္ဆိုလွ်င္ ျမင္းကပါဂူေျပာက္ၾကီး ဝက္ၾကီးအင္း ဂူေျပာက္ၾကီးနွင့္ အပယ္ရတနာ အစရွိေသာ ဓါတ္ပံုနွင့္ မွတ္တမ္းတင္ရန္ ခြင္႔မျပဳတဲ႔ ဘုရားမ်ားက ေဆးေရးေတြ အေၾကာင္းပဲ ေျပာရမည္ ျခြင္းခ်က္အေနျဖင့္ ရွင္အဇၨေဂါနဘုရားမွ ေဆးေရးမ်ား အေၾကာင္းကိုလည္း ေျပာခ်င္ရင္ေတာ့ ေျပာနိုင္ပါေသးတယ္ ဒီရွင္အဇၨေဂါန ဘုရားတြင္ ထူးထူးျခားျခား ဘုရားမ်ားစြာပံုနွင့္ ဗုဒၶဝင္လက္ရာမ်ားကို တြဲလ်က္ ေတြ႔ရတာေၾကာင့္ပါ “ ဂဂၤါဝါဠဳ သဲစုမကေပ သံဗုေဒၶ ” ကို ပီျပင္ေအာင္ သရုပ္ေဖာ္ထားသလား အေတြးေပါက္မိလို႔ပါ
-
နံရံေဆးေရး ပန္းခ်ီမ်ားကို ဂူဘုရားမ်ား၏ အတြင္းဘက္ရွိ နံရံတိုင္းမွာ အပ္ရာမွ် မတိုးနိုင္ေလာက္ေအာင္ နံရံေဆးေရး ပန္းခ်ီမ်ားကို ေတြ႔နိုင္ပါတယ္ ဂူထဲဝင္ဝင္ျခင္း ပလႅင္ခံုေပၚဝယ္ သပၸါယ္စြာ ဖူးေတြ႕ရတဲ႔ ဆင္းတုေတာ္ၾကီးမ်ား အေနာက္က ေဆးေရးပန္းခ်ီမ်ားကျဖင့္ အလွပဆံုးေသာ အနုပညာ တစ္ရပ္ျဖစ္ျပီး အေရွ႕က ဆင္းတုေတာ္နွင့္ တြဲလ်က္ ပဏာရစြာ လွပေနပါတယ္
-
အထူးသျဖင့္ေတာ့ ေမွာင္မဲသည္းေနေအာင္ တမင္လုပ္ထားတဲ႔ ျမင္းကပါ ဂူေျပာက္ၾကီးက ေဆးေရးလက္ရာမ်ားကို ၾကည့္နိုင္ေအာင္ ထားေပးတဲ႔ မီးေမာင္းၾကီးျဖင့္ ပတ္ၾကည့္ေတာ့ ယခင္လက္ရာအတိုင္း အရုပ္ အေရာင္ အေကာင္းၾကီး က်န္ေသးတာေကာ ေနာက္ျပီး ၅၅၀ဇာတ္နိပါတ္ေတာ္မ်ားကို ပံုလဲဆြဲ စာလည္းေရးျပထားသျဖင့္ ထိုေခတ္အကၡရာမ်ားကို အတတ္နိုင္ဆံုးဖတ္ၾကည္႔ကာ အရုပ္ပံုနွင့္ တြဲ၍ ေရးဆြဲထားေသာ ဇာတ္ေတာ္ကို မွန္းဆရတာ ေပ်ာ္စရာေကာင္းလွသည္
-
ထိုေဆးေရး အရုပ္မ်ားထဲတြင္ ဘုရင္ ဘုရားေလာင္းကို ခြဲၾကည္႔ရတာအေမာ မုတ္ဆိတ္က်င္ဆြယ္မ်ားနွင့္ ဆိုလွ်င္ ဘုရင္ ေရႊထီးေဆာင္းေပးထားလွ်င္ ဘုရားေလာင္း စသည္ျဖင့္ ကိုယ္႔ပံုေသနည္းနဲ႔ကိုယ္ ခြဲၾကည့္ျပီး အခ်ိန္ေတြ ကုန္မွန္းမသိ ကုန္ခဲ႔ရျပီ ထိုရုပ္ပံုမ်ားတြင္ ပါဝင္ေသာ ဘုရင္နွင့္ ဘုရားေလာင္း ဟုတ္ဟန္မတူသည့္ လူပံုမ်ားကို ေျမဝါ ေျမျဖဴ ေျမနက္ျဖင့္ အသားအေရာင္ခြဲျခားေပးတာကို ေတြ႔ရျပန္ေတာ့ ထိုေဆးေရးပန္းခ်ီမ်ားတြင္လည္း လူတန္းစားခြဲျခားမႈ ရွိသေလာဟု အေတြးဇာခ်ဲ႔ျပန္သည္
-
ပညာရွင္မ်ားကေတာ့ ပုဂံေခတ္က လူမ်ားကို ျမင္ျပီး ထိုအသြင္မ်ားအတိုင္း နံရံတြင္ ေရးခဲ႔သည္ဟု ေျပာၾကပါသည္ ကိုယ္႔အတြက္ကေတာ့ ပိဋကတ္ေတာ္လာ ဘုရားေလာင္း ဗုဒၶဝင္ပံုရိပ္မ်ားသည္ ေဂါတမ ဗုဒၶ ၾကင္လည္ခဲ႔ရာ မဇၨ်ိမ ေဒသက ေဒသခံမ်ား၏ အသြင္ အဝတ္အစားနွင့္ ဓေလ႔မ်ားကို မွန္းဆ သရုပ္ေဖာ္ထားသလားဟု ေတြးပစ္ခဲ႔သည္ အေတြးပဲ ေတြးလို႔ရသည္ စာတမ္းတစ္ေစာင္တြင္ တရားဝင္ ေရးသားေဖာ္ျပျခင္း မရွိလွ်င္ စာေရးသူ၏ ဒီမိုကေရစီသာ
-
ထိုအေတြးကို မူလလက္ရာဟု ေျပာၾကေသာ ဆင္းတုေတာ္ အခ်ိဳ႕႔တို႔၏ ဗုဒၶဂယာ လက္ရာႏြယ္ေသာ (မ်က္နွာေပါက္အသြင္) က ပံ႔ပိုးေနျပန္ပါသည္ ထို႔ေၾကာင္႔ ေတာ္လွန္ေရး အေတြးေခ်ာ္ေခ်ာ္က အလြယ္ေပ်ာက္မသြားခဲ႔ ပုဂံသားတို႔သည္ ၎တို႔ အလံုးစံု ကိုးကြယ္ခ်င္ေသာ ဗုဒၶျမတ္စြာ၏ မူလသြင္ျပင္ကို အေကာင္းဆံုးခန္႔မွန္းခ်င္သည္႔စိတ္နွင့္ ဟိုး မဇၨ်ိမေဒသမွာပြင္႔ခဲ႔ဖူးတဲ႔ ျမတ္စြာဘုရား၏ အသြင္အတိုင္း ပုဂံကို ေဆာင္ယူ ကိုးကြယ္ခ်င္ခဲ႔ၾကသေလာ ဒါကေတာ့ ဗုဒၶသည္ ျမန္မာလူမ်ိဳးဟု ေျပာခ်င္ၾကေသာ လူမ်ား ေဒါသထြက္ရမည္႔ ကိစၥပါ ဒါေပမယ့္ ေခတ္လူေတြထက္စာလွ်င္ ေရွးလူေတြက ပိုမိုရိုးသားခဲ႔ၾကတာပဲ သူတို႔သည္ အရွိအတိုင္း ရိုးသြားစြာ မွတ္တမ္း ထားခဲ႔ၾကသူမ်ားသာ
-
ေဆးေရးပန္းခ်ီျပီးလွ်င္ အဝတ္ပန္းခ်ီ နွင္႔ ပန္းခ်ီကားၾကီးမ်ား အေၾကာင္းကိုလဲ ခ်န္ျပီးေလ႔လာဖို႔ မေကာင္းေတာ့ ရွာရျပန္ျပီေပါ့ အခ်ိဳ႕ဂူဘုရားမ်ားတြင္ ဘုရားေစတီပံု ကြမ္းေတာင္ေပါက္ ဂူဘုရားပံု နန္းေတာ္ပံု အိမ္ပံုမ်ားပါ ေရးဆြဲေလ႔ရွိတယ္ဆိုေတာ့ ရွာဖို႔တာဝန္ ရွိလာေပမယ္႔လဲ အဝတ္ပန္းခ်ီမ်ားကို ပုဂံျပတိုက္ထဲမွာ ဆိုက္ဆိုက္ျမိဳက္ျမိဳက္ေတြ႔ပါတယ္ နံရံေဆးေရးပန္းခ်ီမ်ားအတိုင္းပဲ ျဖစ္ေနတယ္လို႔ ကိုယ္႔စိတ္ထဲမွာ ထင္ထားလိုက္ပါတယ္ ဆက္ေလ႔လာရင္ သိလာမွာေပ့ါေလ
-
ေဆးေရးအေၾကာင္း အၾကမ္းေျပာျပီးရင္ေတာ့ စဥ္႔ကြင္းေတြဆီသြားရေအာင္ စဥ္႔ကြင္းဆိုတာ ဂူဘုရားေတြရဲ႕ အျပင္ဘက္မွာ အမ်ားစု ကပ္ထားတဲ႔ စဥ္႔သုတ္ ပန္းတဥ္း ရုပ္ၾကြအခ်ပ္ေလးမ်ားပဲ ျဖစ္ပါတယ္ ရြံ႔ကိုပံုသြင္း မီးဖုတ္ အေပၚက စဥ္႔သုတ္ မီးဖုတ္ျပီးမွ ဘုရားကို တန္ဆာဆင္တဲ႔ သေဘာ ထည္႔ထားတာပဲ ျဖစ္ပါတယ္ မ်ားေသာအားျဖင့္ ဗုဒၶဝင္နွင့္ ၅၅၀ဇာတ္ေတာ္မ်ားကို သရုပ္ေဖာ္ ျခယ္မွဳန္းေလ႔ရွိပါတယ္ ဂူတြင္းမွာ ေဆးပန္းခ်ီျခယ္သလို အျပင္ဘက္မွာ တာရွည္ခံတဲ႔ ပစၥည္းမ်ားနွင့္
သရုပ္ေဖာ္ တန္ဆာဆင္ျခင္း ပဲျဖစ္ပါတယ္ နွစ္တစ္ေထာင္ေက်ာ္က လက္ရာမ်ား ျဖစ္ျပီးယူရလြယ္ကူတာေၾကာင့္ ေရွးေဟာင္းပစၥည္းသိုက္တူးသူေတြ၏ မသမာမႈကို အမ်ားဆံုးခံရကာ မဂၤလာေစတီ အစရွိတဲ႔ ေနရာမ်ားမွာ ရုပ္ပ်က္ဆင္းပ်က္ လစ္လပ္ေနပါတယ္
-
ပန္းတဥ္းဆိုလွ်င္ ပုဂံေခတ္ရဲ႕ ေၾကးသြန္းအတတ္ပညာနွင္႔ ပန္းထိမ္လက္ရာကိုလည္း ခ်န္ထားလို႔မေကာင္းေတာ့ ဒါေပမယ္႔ ဒီေၾကးသြန္းလက္ရာေတြက ပုဂံတြင္ မရွိသေလာက္ရွားခဲ႔ျပီ သို႔ေသာ္ အာနႏၵာ ဘုရားတြင္ ပဥၥေလာဟူသည္႔ ေရႊေငႊေၾကး သလြဲစဥ္ သလြဲမည္း ဟူသည္သတၱဳ ငါးမ်ိဳးျဖင့္ သြန္းထုေစခဲ႔ျပီး အင္းဝေခတ္တြင္ အရည္က်ိဳခံခဲ႔ရသည္ ဆိုသည္႔ မတ္တပ္ရပ္ ရုပ္ပြားေတာ္တစ္ဆူ၏ အေၾကာင္းကိုျဖင့္ စာအုပ္ထဲတြင္ ေတြ႔ရသည္ ထိုအဆိုမွန္ကန္နိုင္စရာ ယင္းဆင္းတုေတာ္ၾကီး၏ ေအာက္ခံ ၾကာပလႅင္သည္ ပဥၥေလာပလႅင္စင္စစ္ျဖစ္ေနျခင္းပင္ ဟု မွတ္ထားပါသည္
ဌာပနာထားသည္႔ ပုဂံေခတ္လက္ရာ ေၾကးသြန္းဆင္းတုေတာ္ အရြယ္မ်ိဳးစံုတို႔ကို အုပ္မိသေလာက္ ထိမ္းသိမ္းထားနိုင္သျဖင့္ နွိဳင္းယွဥ္ေလ႔လာဖို႔ ျဖစ္နိုင္ပါေသးသည္ ပန္းထိမ္လက္ရာမ်ားကေတာ့ အမ်ားအားျဖင္႔ ေပ်ာက္ဆံုးကုန္ျပီး အခ်ိဳ႕ ေတြ႕ရတဲ႔ ပစၥည္းမ်ားကိုျဖင့္ ဓါတ္ပံုအျဖစ္သာ ေတြ႔ရကာ ၾကြင္းက်န္ေနတဲ႔ ေရႊသား ေဖာင္းၾကြ အနုသုခုမ လက္ရာမ်ားကိုျဖင့္ ပုဂံျပတိုက္အတြင္းမွာ ရွိေနပါေစလို႔ ဆုေတာင္းရင္း လိုက္ရွာရတာက ဝဋ္ေၾကြး တစ္ခုပါ
-
ျမန္မာ႔ အတတ္ပညာ ဆယ္မ်ိဳးဆိုလွ်င္ ပန္းပုလက္ရာက လူသိမ်ား ထင္ရွားျပီး ဟိုးေရွးရွး ပေဝဏသီကတည္းက ျမန္မာတို႔ တတ္ကၽြမ္းခဲ႔သည္႔ အတတ္ပညာမို႔ ပုဂံ၏ အနုပညာလက္ရာမ်ားကို ေလ႔လာသူမ်ားအေနနွင့္ ခ်န္ထား၍ မရစတမ္းပါ ဆင္းတုေတာ္မ်ား ဂူမ်ားတြင္ ထည္႔သြင္းတည္ေဆာက္ထားသည့္ တံခါးၾကီးမ်ား သစ္သားပန္းပုရုပ္မ်ိဳးစံု ေက်ာက္ဆင္းတု ေက်ာက္ဆစ္လက္ရာမ်ား စသည္ျဖင္႔ ၾကည္႔စရာရွဳစရာက မ်ားလွသည္ အကုန္ေတြ႕ေအာင္လိုက္ၾကည္႔ေနရသူမွာ ကိုယ္ျမင္သမွ်ကို မည္သည္႔အရာနွင့္ မွတ္တမ္းတင္ရမည္လဲ ေဝခြဲမရနိုင္ေအာင္ပင္ ျဖစ္ရသည္
-
ပံုျဖင္႔ မွတ္တမ္းတင္ထားပါက မည္သည္႔ေနရာမွ ရိုက္ယူလာသလဲဆိုတာကို မမွတ္မိနိုင္သျဖင္႔ အသိဥာဏ္ထဲတြင္ ရွိေနသေလာက္သာ ျပန္လည္ ေဖာ္ျပနိုင္ပါတယ္ ဂူဘုရားအမ်ားစုမွာ ေတြ႔ရေလ႔ရွိတဲ႔ သစ္သား တံခါးခ်ပ္ၾကီးမ်ားမွ ပန္းပုလက္ရာကို ေလ႔လာရင္း ထိုသစ္သားတံခါးမ်ားကို နံရံျဖင္႔ ဆက္မိေအာင္ ပိတ္နိုင္ဖြင္႔နိုင္ေအာင္ သံကို ပံုသြင္း၍ တီထြင္ထားတဲ႔ ပုဂံသားေတြ၏ ပန္းပဲလက္ရာကို လဲ တစ္ပါတည္း ျမင္ရပါတယ္ အာနႏၵာမွာရွိတဲ႔ တံခါးၾကီးထဲက အခ်ိဳ႕ကေတာ့ ေရွးမူမပ်က္ ပုဂံေခတ္လက္ရာအတိုင္း ရွိေနဆဲပါတဲ႔ သစ္သားအေခ်ာင္း ေလးမ်ားကို လိုသလို ျဖတ္ေတာက္ျပီး ျပန္ဆက္ရာမွာ တီထြင္ၾကံဆထားတဲ႔ သံေခ်ာင္းအၾကီးၾကီးမ်ားနွင့္ သံမွိဳေခါင္းတို႔ရဲ႕ အနုစိတ္ပန္းပဲလက္ရာကိုပါ ျမင္ခဲ႔ပါတယ္ ဒီေလာက္ေရးျပီးရင္ေတာ့ ပုဂံရွိ ေစတီဘုရား ဂူပုထိုးတို႔ အေၾကာင္း ကုန္ပါျပီ
-
တစ္ခုရွိပါတယ္ ပုဂံက ဂူပုထိုးမ်ားမွာ ေထရဝါဒ ဗုဒၶဘာသာ အေငြ႔အသက္မ်ားလႊမ္းျခံဳေနသလို တႏၱရအေငြ႔အသက္ကျဖင္႔ မကင္းတာကို စာေတြ႔ေသာ္လည္းေကာင္း ကိုယ္ေတြ႔ေသာ္လည္းေကာင္း သိလာခဲ႔ပါတယ္ သရပါတံခါးၾကီးရဲ႕ တစ္ဘက္တစ္ခ်က္က ပုဂံေခတ္လက္ရာ နတ္ေမာင္နွမ ရုပ္တု ေၾကာင္႔လည္း ပုဂံေခတ္သာသနာေရးကို ေတြးရခက္ပါတယ္
-
ပုဂံနဲ႔ မနီးမေဝးမွာ တည္ရွိတဲ႔ နတ္ကြန္း ေတာင္ေတာ္ၾကီး ပုပၸါး၏ သက္ေရာက္မႈကလည္း ပုဂံအေပၚ ဘယ္ေလာက္ရွိမလဲ ေတြးစရာေတြပါ ပုဂံနွင့္ ပုပၸါးဟာ ေထြးေရာယွက္တင္ ရွိခဲ႔မလား မွန္းဆရပါတယ္ ဆရာလို ျဖစ္ေနတဲ႔ မိတ္ေဆြတစ္ဦး၏ အဆိုအရ နတ္ဆိုတာမ်ိဳးက ဘုရင္ေတြ အမွားလုပ္မိရာက အမ်ားျပည္သူကို သူလုပ္ခဲ႔မိတဲ႔ အမွားအေပၚ အေၾကာင္းျပခ်က္ ေကာင္းေကာင္း ျပန္ေပးျပီး ထြက္ေပါက္ရွာတာသာ ျဖစ္ပါတယ္တဲ႔ စိတ္ဝင္စားစရာ ေကာင္းပါတယ္ ယခုလက္ရွိ နတ္သမိုင္းဆိုတာကလည္း ဘုရင္မ်က္လို႔ အေသဆိုးနဲ႔ ေသရတာ ခပ္မ်ားမ်ား ျဖစ္ေနေတာ့ ဒီယူဆခ်က္ကို ခ်န္မထားသင္႔ဘူး ကိုယ္ေတာ့ သေဘာက်ပါတယ္
-
ျပီးေတာ့ နတ္ေလွာင္ေက်ာင္းဆိုျပီး ေထရဝါဒ စင္စစ္ကို လိုလားတဲ႔ အေနာ္ရထာမင္းက နတ္မ်ားကို ပိတ္ေလွာင္ခဲ႔သည္ဟူေသာ ေနရာတြင္ ဟိႏၵဴနွင့္ ျဗဟၼဏဆိုင္ရာ ကိုးကြယ္မႈမ်ားကို ေတြ႔ရျပီး အမွန္တကယ္ ပိတ္ထားခဲ႔ဟန္တူသည္႔ ေက်ာက္ဖ်ာအက်ိဳးၾကီးကိုလဲ ေတြ႔ရေတာ့ ပုဂံေခတ္ရဲ႕ ဘာသာေရးဆိုင္ရာ အယူအဆမ်ားကိုျဖင္႔ ဥာဏ္မမီနိုင္ေတာ့ပါဘူးလို႔ပဲ ဝိနည္းလြတ္ ေျပာခ်င္ပါေတာ့တယ္ က်မတို႔ဟာ ဘာသာေရးနဲ႔ ပတ္သတ္ရင္ ေလာဘၾကီးခဲ႔တယ္ ဒီလိုေလာဘကို ေရွးေဟာင္းသုေတသန ပညာနယ္ပယ္ထဲသို႔ ယူလာဖို႔က မျဖစ္နိုင္ပါဘူး ဘုရားသမိုင္းက ေဂါပကနဲ႔ ဆိုင္တာသာျဖစ္ျပီး ရက္စဥ္သမိုင္းက ပကတိသမိုင္းပဲ ျဖစ္ေပမယ္႔ ဒီ႔ထက္ပိုျပီး ကိုယ္႔အျမင္ကို ရဲရဲဝံ႔ဝံ႔ ဘာမွ မတင္ျပနိုင္ပါဘူး
-
ကိုယ္ၾကည္႔လိုက္တဲ႔ အနုပညာတစ္ခု၏ ပုိုင္ရွင္ကို မသိခ်င္ သမိုင္းေၾကာင္းကို စိတ္မဝင္စား ရွိတာကို အျမင္အတိုင္း ျမင္တာကို အရွိအတိုင္း ယခုလို ေဖာ္ထုတ္ ေရးသားတင္ျပတယ္ဆိုတာ ေလ႔လာမႈအပိုင္း ေနာက္က်ေတာ႔မွ ပညာရပ္ဆိုင္ရာ စာေပေဆာင္းပါးမ်ားကုိ ဖတ္ရွဳေလ႔လာျပီး ကိုယ္ျမင္ခဲ႔ဖူးတဲ႔ အရာ၏ ေနာက္ခံသမိုင္းေၾကာင္းနွင့္ ဇာတ္လမ္းအဖံုဖံုကို ထပ္မံဆည္းပူးတာကမွ သုေတသနပညာရပ္ အပိုင္းျဖစ္သြားျပီလို႔ ခံယူမိပါတယ္
-
တစ္ခုသိလာရတာက ယခင္တုန္းကလို စာအုပ္ထဲက ဓါတ္ပံုမ်ားထဲက ပုဂံသည္ ကိုယ္႔အတြက္ သူစိမ္းျပင္ျပင္ ျဖစ္မေနေတာ့ ပုဂံအေၾကာင္းဖတ္မိလွ်င္ အနုပညာ လက္ရာတစ္ခုနွင့္ တည္ေနရာကိုသိလွ်င္ ဓါတ္ပံုတစ္ခု ေတြ႔ရလွ်င္ ဘယ္ေနရာလဲ ဆိုတာကို တန္းသိျပီး ေရးထားတဲ႔ စာပါ အေၾကာင္းအရာမ်ားကိုလည္း ေျခေျချမစ္ျမစ္ နားလည္သေဘာေပါက္ခဲ႔ျပီ
-
သွ်င္ေလညင္း
<Unicode Version>
<Unicode Version>
မြန်မာတွေရဲ့ အတိတ်သမိုင်းအစစ်ကို သိချင်ရင် ပုဂံသွားကြည့် နိုင်ပါတယ်တဲ့ ..
ကိုယ့်အရှင် ကိုယ့်သခင် ကိုယ့်ဘုရင် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှာန်းနဲ့ နေထိုင်လာနိုင်ခဲ့တဲ့ သက်သေ
နန်းတော်ရာကြီးများနှင့် နန်းမြို့ရိုး
ဓနငွေကြေး အင်အားတောင့်တင်းမှုကို အကောင်းဆုံးဖော်ထုတ်တင်ပြနေတဲ့ သက်သေ လက်ညှိုးထိုးကြည့်တိုင်း မလွဲနိုင်လောက်အောင် များပြားခဲ့တဲ့ စေတီပုထိုးများ နှင့်အတူ
စည်ပင်ပြန့်ပွားခဲ့သော ဗုဒ္ဓဘာသာရေးဆိုင်ရာပြယုတ်များ
တစ်ဖြည်းဖြည်း တိုးတက်ထွန်းကားလာတာကို တွေ့နိုင်တဲ့ ဗိသုကာလက်ရာများ သဒ္ဓါတရား ထက်သန်
လွန်းစွာခြယ်မှုန်းတင်ပြထားတဲ့ ပန်းချီလက်ရာများ အပြင်အခြားသော အနုပညာ သုခုမ ပန်းဆယ်မျိုးဆိုင်ရာ အနုစိတ်လက်ရာများ အစရှိသဖြင့်ပုဂံဟာ မြန်မာ့သမိုင်းတစ်လျောက်လုံးအတွင်း မာန်ဟုန်မည်မျှ ကြီးမားခဲ့တာကို သိနိုင်ပါတယ်
-
ပုဂံမြို့ဟောင်းထဲကို လုံးလုံးလျားလျား ရောက်ပြီ ဆိုတာနဲ့
“ တာဝတိံသာ နတ်ရွာလော နတ်ရွာလော ...”
ဆိုင်ဆိုင်မဆိုင်ဆိုင် ငါးစီးရှင်ကျော်စွာရဲ့ မြင်စိုင်းရွှေပြည် ကာချင်းကို သတိရမိတဲ့အထိ စုလစ်မွန်းချွန်တို့နှင့် တင့်တယ်ခန့်ညားလှသော ဂူဘုရားပေါင်းများစွာတို့က တိမ်ဆိုင်တိမ်မျှင်များအကြားမှာ တွေ့ရလေ့ရှိသော
နတ်တို့၏ ဗိမာန်ကြီးနှင့် တူလှသည်ဟုသာ ဖွဲ့ဖွဲ့နွဲ့နွဲ့ဖြင့် အတိသယဝုတ္တိအင်္လကာမြောက်အောင် ပြောလိုက်ချင်တော့သည်
-
ကျမသည် ပုဂံ၏ အသွေးအသားဖြစ်သည်
ပုဂံကို ကျမတို့ရဲ့ ဘိုးဘေးများက သွေးချွေးနှင့် ရင်းပြီး လုံ့လဝီရီယကောင်းကောင်းဖြင့် တည်ထောင်သွား
ကြသည်
ကြသည်
ပုဂံသည် ကိုယ့်ဗီဇအရင်းတည်ရာ
အော် မဟားဒယား အတွေးတွေလွန်သွားပြီလား ပြန့်ထွက်သွားတဲ့ အတွေးကို အမြန်ဆုံးစုစည်းမှ လာရင်းကိစ္စပြီးမြောက်မည်
“ အညာပုဂံ ဘုရားဖူး... ” ဆိုတဲ့ စာသားလေးပါတဲ့ သီချင်းထဲကလို “ သွားကြမယ်မောင်နှင့် နှစ်ယောက်သား ” ဘာညာ ဘုရားဖူး ဟန်းနီးမွန်းထွက်ဖို့ လာခဲ့တာ မဟုတ်တာ သတိကပ်ထားမှပါ
ဘုရားလဲဖူး လိပ်ဥလဲတူးတာမျိုးကတော့ မကောင်းဘူး ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ပဲ ဝန်ခံရရင် ကြည့်ဖို့သွားတာ လူအထင်ကြီးအောင်ရေးရရင် သုတေသန လေ့လာရေး ခရီးထွက်လာတာ မဟုတ်လား
-
ဖတ်လိုက်ရတဲ့ စာအုပ်ပေါင်းများစွာထဲက ပုဂံ
ကူးထားလိုက်ရတဲ့ ဓါတ်ပုံပေါင်းများစွာထဲက ပုဂံ
စာတွေ့ပုံတွေ့သာကြုံဖူးတွေ့ဖူးတဲ့ ပုဂံကို နဖူးတွေ့ ဒူးတွေ့ ပြေးတွေ့ဖို့ ရည်ရွယ်ရင်းသာ ပုဂံရောက်ပြီဆိုတော့ ကြိုတင်ယူသွားတဲ့ မြေပုံကြီးကိုဖြန့် မက်ကင်ပေးထားတဲ့ ဘုရားတွေကို လက်ညှိုးဖြင့်ထောက်ပြီး ကြိမ်စင်္ကြာတို့လိုက်တာနဲ့ အပ်ချလောင်းရောက်ရ အောင် ငမိုးရိပ် မိကျောင်းကြီးက စွမ်းသည် ( အပိုပြောတာပါ တကယ်တမ်းတော့ ကားစတီယာရင် ကိုင်ထားတဲ့သူရဲ့ ဆန္ဒရှိရာ ဘုရား *ကားဦးတည့်ရာ
နာမည်ကြီးဘုရားများသို့သာ ဦးစွာဖူးရသည် ဆင်ခြေစကားက မျှောသွားရင် ဒီဘုရားရှိတဲ့ နေရာကို နင်ပြန်ရောက်တော့မှာ မဟုတ်ဖူးတဲ့ အေးပေါ့ကွာ မအားတဲ့ ကြားက လူကော စားရိတ်ကော ကူညီပေးထားတဲ့
ကျေးဇူးကို ထောက်ပြီး ခပ်မဆိတ်သာ ဆင်းဖူးရတာပေါ့ ) သူပြောတာ ဟုတ်လဲဟုတ်သည် အကြိုအကြားမကျန် ပတ်ပြီးလိုက်ကြည့်လိုက်တာ အချိန်ခနလေးလို့ထင်ရပေမယ့် ဘုရား၂ဆူအပြီး စာရင်းချုပ်တော့ အမလေး
ကျေးဇူးကို ထောက်ပြီး ခပ်မဆိတ်သာ ဆင်းဖူးရတာပေါ့ ) သူပြောတာ ဟုတ်လဲဟုတ်သည် အကြိုအကြားမကျန် ပတ်ပြီးလိုက်ကြည့်လိုက်တာ အချိန်ခနလေးလို့ထင်ရပေမယ့် ဘုရား၂ဆူအပြီး စာရင်းချုပ်တော့ အမလေး
နေ့ခင်းတစ်နာရီထိုးသွားပြီ ဗိုက်ကလဲ တကျုတ်ကျုတ်နှင့် ဆာလှပြီ
ထို့ကြောင့် မိခင်ကြီး ကြိုတင်ချိတ်ပေးထားတဲ့ ဟိုတယ်ကိုသွား အထုတ်တွေထားပြီး ထမင်းစားဖို့ တစ်ခေါက်ထွက် အင်း ဗိုက်ကြီးပါလာတာက ကိုယ့်အပြစ်ဖြစ်နေသလို မဆာရင် မပူရင် အော်ကဲ သိဒ္ဓိပြီးနေရင်
တော်တော်ကောင်းမှာပဲနော်
တော်တော်ကောင်းမှာပဲနော်
-
အလို ပုဂံမယ် ယူရိုပီယံဖုထ် အတော်ပေါသည် ဆိုင်းဘုတ်တွေမှာ မြန်မာစာဖြင့် စပတ်ကတီ ပီဇာ ကာရီဆိုတာမျိုးတွေလည်း တွေ့ရသေး အော်ခက်ပြီ ကိုယ်တွေက
မန်ကျီးရွက်သုတ် ပုန်းရည်ကြီးဝက်သားချက် ကြက်သားကာလသားချက် မြေပဲကြော် ဘာညာ အညာစာနှင့် လွေးချင်သော်လည်း ဆိုင်ရှာနေရတာကြာတော့
တွေ့ရာဆိုင် ဝင်တီးရတော့တာပဲ သယ် မဆိုးဘူးဟ ရန်ကုန်မယ် မှာရင် အသာလေး ငါးသောင်းလောက်ထွက်သွားလောက်တဲ့ မီနူး ၂ယောက်စာက မြန်မာကျပ်ငွေ တစ်သောင်းခြောက်ထောင် ဆိုတော့ကာ ဘယ်လိုပြောရမလဲ ဗဲရီးဂွတ်တယ်ပေါ့ တေ့စ်ကလဲ ဖောရိန်းခံတွင်းနဲ့ အကိုက် ချက်တတ်ပုံရတော့ အော်ပုဂံဟာ ခရီးသွားဧည့်သည်များစွာနဲ့ အသားကျလို့ နေပြီပဲလို့ တွေးလိုက်မိပြန် အတွေးဝင်ပြန်တော့ သိပ်မကြိုက်ချင် (အကောင့်ထဲ ပုဂံသားများပါလားမသိ အတင်းတုပ်လို့ ကောင်းပါ့မလား မပြောတော့ပါဘူးလေ ဒီဇာတ်လမ်း ဒီတင်ရပ်စမ်း) မရပ်နိုင်ပါဘူး ပြောစရာရှိတာတော့ ပြောရမှနေသာထိုင်သာရှိတယ်မဟုတ်လား
အင်း ပုဂံကိုကြည့်ရ တာ ဒေါက်တာသန်းထွန်း၏ စာတမ်းတစ်စောင်ကို ဖတ်နေရသလိုပင် စိတ်မသက်မသာဖြစ်စရာကောင်းလှသည် ဆရာကြီး၏ စာတမ်းများသည် တိကျမှန်ကန်ပြီး စံနှုန်းထားများဖြင့် ပြည့်စုံလှသာ်လည်း အနောက်ကချထားတဲ့ ဘောင်ကြီးထဲသို့ရောက်လွန်းပါသည် ထို့ကြောင့် နိုင်ငံခြားသားများ
သဘောကျနှစ်ခြိုက်လက်ခံကြသည် မဟုတ်လား ဖတ်မှတ်လိုက်နာရတဲ့ ကိုယ့်အတွက်ကတော့ ဗို့အား
ပြည့်လွှတ်ထားတဲ့ ခြံစည်းရိုးထဲမယ် နေရသလိုဖြစ်နေပါသည် ဒီလိုပဲ ပုဂံကလည်း အနောက်တိုင်းသားများ အကြိုက်ဆောင်နိုင်ဖို့ ဝန်ဆောင်မှုတွေပေးရင်း အားလုံးအသားကျကာ မြန်မာ့ရိုးရာယဉ်ကျေးမှုများဖြင့် တိုင်းခြားက ဧည့်သည်များကို ထိတွေ့မှုပေးရမှာမေ့လျော့နေကြပြီ ကိုယ်တွေအတွက်က နေစရာမရှိတော့သလို ခံစားမိလို့ပါ
-
ဆက်ရရင် တွေ့လိုက်တဲ့ အုတ်ပုံ အုတ်ခဲကျိုး ဘုရားအပျက် ဘုရားအကောင်း ဘုရားကြီးငယ်လယ်လတ် အချို့ကလည်း လူစည်စည် အချို့ကလဲ တစ်ယောက်စ နှစ်ယောက်စ အချို့ကလဲ ကျီးနဲ့ ဖုတ်ဖက် အော် အော် လူတွေများ ရှိခိုးရမယ့် ဘုရားကိုတောင် နောက်ကြောင်းကြည့်ကြသေးတာပဲ အတော်ဆိုးတဲ့ လူတွေ အေးပေါ့လေ ဘုန်းကြီးတာတို့ တန်ခိုးကြီးတာတို့ဆိုတာ တမင်လုပ်ယူလို့ မရတဲ့ အရာတွေကိုး
-
ကုန်းဟောင်းတွေ မြေပုံမို့မို့တွေ အုတ်ခဲစတွေ တော်တော်များတာမြင်မိတော့ ကုန်းမြင်ရင် ယုန်ထင်ကြောင်ထင် ရောဂါရနေသူများအား ပုဂံခနခနသွားဖို့ အကြံပေးဖို့ စဉ်းစားမိသည် ပုဂံမှာများ နန်းမြို့ရိုးကြီးကို အပြကောင်းအောင် လူမြင်ကွင်းနေရာများလောက်သာ တူးထားနိုင်သည် မဟုတ်ပါလားတော် “ အတူးရောဂါစွဲကပ်လာ ပုဂံသွားဖို့ပြင် ပရဟိတကူပြီးတူး အကျိုးများမည်ပင် ” သံပေါက်လိုလို ကဗျာလိုလို သံချပ်ထိုးမိသေး အမယ်အမယ် ကိုယ်တိုင်လဲ စိတ်ကူးနဲ့ တူးနေတာ အဝီစိကို ပေါက်သွားလို့ ငရဲမင်းခေါ် ယမမင်းကြီးရဲ့ လက်ထဲမှာ သူ့ထံ မကြာမီရောက်လာတော့မယ့် လူတွေရဲ့ သေစာရင်းကို တွေ့လိုက်ရသေး အော် တစ်ချို့လူတွေရဲ့
အမည်ကိုတွေ့တော့ စိတ်မကောင်းဘူး အမှန်ကို မမြင်နိုင်ရှာပဲ သွားကြရရှာပြီ ကျွတ်ကျွတ် အနိစ္စ ဒုက္ခ အနတ္တပါတကား
“ ဟဲ့ အိပ်ပျော်သွားတာလား တစ်လမ်းလုံးလဲ အိပ်ပြီးလိုက်လာတာ ကားမောင်းလာရတဲ့ ငါအိပ်ဖို့ ချန်ထားပါဦး ” ဆံပင်ကိုဆောင့်ဆွဲခံရမှ ယမမင်းပျောက်သွားတော့ အော် အိပ်မက်ပါလား တော်သေးတာပေါ့နော် သေရမယ့်သူတွေက ကိုယ်နဲ့ အယူအဆ ယုံကြည်ချက်က ပြဒါးတစ်လမ်း သံတစ်လမ်းပေမယ့် သူတို့လဲလူပဲ သေရမှာ ကြောက်ကြရှာမှာပေါ့လေ
-
ပုဂံ
စိတ်ကူးယဉ်အိပ်မက်ထဲမှာ ထည်ဝါခန့်ညား ခမ်းနားနေသလို အပြင်လက်တွေ့ မြင်ကွင်းမှာလဲ အံ့မခန်း ထည်ဝါလွန်းလှသည်
ပုဂံသည် ကိုယ့်နိုင်ငံ၏ အကောင်းဆုံးသော အတိတ်သမိုင်းတစ်ခု ဖြစ်ခဲ့သည်
ထို့ကြောင့် မြန်မာတိုင်း ပုဂံသို့ သွားနိုင်ဖို့ ကြိုးစားကြသည် ထင်သည်
ခေတ်စကားနှင့် ပြောရလျှင် အောင်မြေနင်းသည် အောင်အတိတ် အောင်နိမိတ်သွားယူသည်ဟု တင်စားမိလျှင်လည်း ပြောတဲ့သူ လွန်မည် မထင်မိ
ပုဂံသည် မြန်မာ့ အောင်မြေအစစ်ဖြစ်သည် မဟုတ်ပါလား
-
အနော်ရထာနှင့် သူ၏ အရင်က ပုဂ္ဂိုလ်များ တည်ခဲ့သည်ဆိုသော ဘုရားများဖြစ်တဲ့ လောကနန္ဒာ တန့်ကြည်တောင်ဘုရား တုရင်တောင်ဘုရား အနော်ရထာတည်လို့ မပြီး၍ ကျန်စစ်သား လက်စသတ်ပေးသည် ဆိုသော ရွှေစည်းခုံ ဗူးဘုရား ငကျွဲနားတောင်း(ပျူခေတ်လက်ရာဆိုသည်အား စာရေးသူသံသယရှိ) ပျူစေတီလေးဆူတန်း နှင့် ပေါက်ရာပင် စေတီများသည် အခြေခံအားဖြင့် တသဘောတည်းဟု ဆိုနိုင်ပါသည် အခြေခံတူတယ်ဆိုတော့ တည်ဆောက်ပေးသူ ဗိသုကာ ပညာရှင်များ ဆက်စပ်မှုရှိသလော ဒီလောက်ပါပဲ ဒီ့ထက်အကျယ်ချဲ့ ယူဆရင်တော့ နွေခေါင်ခေါင် နေပူပူအောက်တွင် သွားလာနေရသည့် ကိုယ့်အတွက် အခြေအနေသိပ်မကောင်းလှ ဒါကြောင့် နတ်လှောင်ကျောင်းနှင့် တွဲလျက် တည်ရှိနေတဲ့ ငကျွဲနားတောင်းကိုသာ စေ့စေ့စပ်စပ် လိုက်ကြည့်ဖြစ်ပါတယ် ကိုယ့်ရဲ့ ဇာတ်လိုက်ကျော်ကြီးကိုး
-
ယူသွားတဲ့ စာအုပ်များထဲမှာ ပုဂံဒေသဆိုင်ရာ ဗိသုကာလေ့လာချက်ဆိုတဲ့ စာတမ်းတစ်စောင်ပါဝင်တော့ ပုဂံရှိ ဘုရားများ၏ ပန္ဒက်ပုံ အုတ်စီပုံ ဝိုင်းအောင်ပြုပုံ အကွေးများတွင် ထောင်လျက်စီပုံ အခုံးများတွင် နေရာခပ်လွှဲလွှဲချ၍ ထပ်စီပုံ အုတ်ထုကြီးအောင် အုတ်၏ အနံအတိုင်းစီပုံ အုပ်စီးအုပ်နင်း ၊ ထိုအုတ်များကို စပါးခွံနှင့် ရောပြီး နယ်ထားတတ်သည်ဆို၍ ထိုးဆွကြည့်မိပုံ (ဘသူကိုမှမပြောပါနဲ့ အုတ်အကျိုးတွေကို ထုချေကြည့်တာရယ်ပါ)ထိုစီထားသော အုတ်များကို အကြာကြီးခိုင်ခံ့ မပြိုပျက်အောင် ဘေးဘက်နှင့် ထောင့်စွန်းများကို ကျောက်ဖြင့် ညှပ်ချုပ်ထားပုံ ပန်းရန်လက်ရာက အမျိုးမျိုး အဖုံဖုံ စိတ်ဝင်စားစရာ
-
နောက်တစ်ခု ပြောချင်တာကတော့ အုတ်ကို ဆွဲချုပ်ထားသည့် မြေသရွတ်များ အကြောင်းပဲဖြစ်ပါတယ် အပ်ပေါက်ရာ တစ်ခုစာလောက်တောင် လေခိုနေခြင်း မျိုးမရှိတဲ့ သရွတ်ဟာ ပုဂံက ဘုရားကြီးများကို နှစ်တစ်ထောင်ကျော်တဲ့ အထိ ရပ်တည်စေတဲ့ အဓိက ဇာတ်လိုက်များ ဖြစ်နေလား ထင်ပါတယ် သရွတ်ကို လက်ချောင်းကလေးများ၏ ထိပ်နှင့် ခပ်ကြမ်းကြမ်းထိကြည့်တော့ မခံစားနိုင်လောက်အောင် မာခဲနေတာမျိုးမရှိ ဒါပေမယ့် ကျောက်ဖြစ်နေသလိုမျိုး ခံစားရသည် လက်ချောင်းလေးတွေက တဆင့် သူ့ရဲ့ ခိုင်မာမှု ခွန်အားက ကိုယ့်ထံ စီးဝင်လာခဲ့သည် ရေနဲ့ထိလည်းပျော်ဝင်ရ လေထဲကိုလဲ မျောပါရ အတိုက်အစားခံ မြေမှုန့်လေးများပင် သူ့တွင်ပါဝင်ပေါင်းစပ်ထားသော ပါဝင်ပစ္စည်း တစ်မျိုးနှင့် တွေ့သောအခါ ကျောက်သားသဖွယ် ခိုင်မာသွားရ သည်မဟုတ်ပါလား ဒါကို ကောင်းကောင်း သင်ခန်းစာ ယူရဦးမည် ကိုယ့်တွက် တော့ သည်အသိက ခွန်အားရှိခဲ့ပါသည်
-
ပြီးတော့ တစ်ကမ္ဘာလုံး ပုဂံတွင်သာ ပေါပေါများများ တွေ့ရသည်ဆိုသော ဘုရားတစ်ဆူလုံး၏ အလေးချိန်ကို ပညာသားပါပါဖြင့် မတင်ခံပေးထားသော ပေါင်းကူးကြီးများ အုတ်တစ်လှည့် ကျောက်တစ်လှည့် ပညာသားပါပါ မြေသရွတ်နှင့် ကိုင်ထားသည်ဆို၍ မော့ပြီးကြည့်ရတာ လူကို ဇတ်ပါလန်လေရော ထို့နောက် လေဝင်ပေါက်များ နေရာချပုံ အလင်းအမှောင်အတွက် ဂူပေါက်များ တည်ဆောက်ထားပုံ တို့အပြင် ဂူဘုရားနှင့် ကပ်ပြီး တန်ဆာဆင်သည့် သဘော ထည့်သွင်းထားသည့် အရုပ်နှင့်တကွ တန်ဆာဆင် ပစ္စည်းအမျိုးမျိုးကို ဂူနံရံနှင့် တစ်ဆက်တည်း ကပ်ပြီး ကြာရှည်ခိုင်ခံ့နိုင်အောင် ဂူဘုရားနံရံကို တည်ဆောက်ဖို့ အုတ်စီစဉ်ကတည်းက ထိုတန်ဆာဆင်ပစ္စည်းများအတွက်ပါ တစ်ပါတည်း အုတ်ထုတ်လျက် စီသွားပုံ စသည်ဖြင့် ကြည့်ရှုလေ့လာ၍ မဆုံးပါ
-
ထို့အပြင် ဂူဘုရားများ၏ အပြင်ပိုင်းဗိသုကာလက်ရာများတွင် စာရေးသူကို စွဲဆောင်မှုအရှိဆုံး ကတော့ ဘုရားကို ဖျက်ဆီးမည့် မိုးရေကို ဘုရားပေါ်တွင်
အိုင်ပြီးမနေအောင် ထည့်သွင်းထားတဲ့ အများအားဖြင့် မိကျောင်းပုံသဏ္ဍာန်ရှိသော ရေတံလျောက်များပဲ ဖြစ်ပါတယ် ထိုရေတံလျောက်များကို ဓမ္မရာဇက ဘုရားပေါ်တွင်
အကောင်းအတိုင်း အနေအထားဖြင့် များစွာရှိနေတာကို တွေ့ရပြီး ပုဂံယဉ်ကျေးမှုပြတိုက်ထဲတွင် အနီးကပ်လေ့လာခဲ့နိုင်ပါတယ် ကျမတို့ရဲ့ ရှေးဟောင်း ဗိသုကာ ပညာရှင်များ၏ ကိုယ်ပိုင်တီထွင် ကြံဆမှုများစွာကိုဖြင့် အံ့သြဘနန်းဖြစ်ရပြီး ကြက်သိန်း တဖြန်းဖြန်းထရတဲ့အထိ ဂုဏ်ယူ ခံစားမိပါတယ်
-
ဘုရားများကို စစ်စစ်ပေါက်ပေါက် လေ့လာနေချိန်တွင် ကျမက မင်းသမီးတစ်ပါးအသွင် “ အော် ငှက်သွင်ပျံကြွမတတ်သော် ”ပါတကား မြန်မာ အဝတ်အစားဖြင့် သနပ်ခါးပါးကွက်ကြားကြီးနှင့် ကြိုကြားမကျန် ကြည့်ပြီး စာဖတ်လိုက် ဓါတ်ပုံရိုက်လိုက်လုပ်နေတဲ့ ကျမကို (ဆံပင်အရောင်ကြောင့်) ဖော်ရိန်နာထင်ပြီး စကားလာပြောတဲ့
ဖောရိန်နာတွေကလည်း မနည်းမနော ပြီးတော့ ကျမဘယ်သူလဲဆိုတာကို သူတို့၏ ဂိုက်အား တိုးတိုးကျိတ်ကျိတ်မေးရသည်အထိ ပုဂံတခွင် ပြဲပြဲစင်အောင် ရုပ်ပျက်ဆင်းပျက်ကို မွှေနောက်လေ့လာခဲ့တာပါ တိုးရစ်ဂိုက်တွေကလဲ အမ ဒီနေရာကို ကြည့်ဦး ဒီနေရာကတော့ ဘယ်လိုဘယ်ကြောင်း စသည်ဖြင့် သူတို့သိသမျှ ဝေမျှ
ပေးကြပါတယ် ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်သင့်တာပဲ မဟုတ်လား
-
ကဲ ကိုယ့်ဖာသာ လော်ဘီလုပ်မိတာ ခနထား အပြင်ပိုင်းက ဗိသုကာလက်ရာများ အကြောင်းဆက်ရလျှင် ပုဂံမင်းတို့၏ ကြွားဝါတတ်မှုကို မြင်လိုက်ရသလို လူမင်း ဘုန်းကြီးလျှင်ကြီးသလို အပြင်ဘက်က ဗိသုကာများက ထည်ဝါလေလေ ဖြစ်တာကို သတိထားမိလို့ပါ အနုမှာ အာနန္ဒာ ဆိုသလို တကယ်ပင် အနုစိတ်ခြယ်သထားတဲ့
ဗိသုကာ လက်ရာများဖြင့် တင့်တယ်နေတဲ့ မင်းကျန်စစ်၏ အာနန္ဒာ ဘုရားကြီးတွင် ကျန်စစ်သားမင်း၏ ဘုန်းတန်ခိုးနှင့် ကျန်စစ်သား၏ ဂုဏ်ဒြပ် မာန်မာနကို ဖမ်းယူမိသလိုလို အာနန္ဒာတွင် သူ့အကြောင်း ကောင်းကောင်းသိခဲ့သည် သူသည် သမိုင်းတွင် ရာဇပလ္လင်နဲ့ ထိုက်တန်မှုရှိသော မင်းတစ်ပါး ဖြစ်ခဲ့တာကို သိသာထင်ရှားစေအောင် တမင်ကြိုးစားနေပြီး သူ့အတိတ်ကို ဖုံးကွယ်ဖို့ ကြိုးစားနေတာ အသိသာချည်း ထိုမှတဆင့် သူဘာများလုပ်ခဲ့သလဲဆိုတဲ့ သံသယထွက်လာပါတော့သည် “ အော် မင်းကျန်စစ် မဏိစန္ဒာကို ချစ်ခဲ့ဖူးတာ တကယ်သဘောရိုး အချစ်စစ် အချစ်မှန်ဖြင့် ငယ်သူ့အချစ် ရိုးရိုးမှဟုတ်ပါလေစကွယ် ” အော် မဏိစန္ဒာဆိုလို့ အန်တီပိုးအိစံရဲ့ “ ချစ်သော မဏိစန္ဒာ ”ကိုဖြင့် ပုဂံတွင် မတွေ့ခဲ့ရပါ
-
စာရေးတာကနည်းနည်း အတင်းတွေချည့် တုပ်မိနေပြီ ဆိုတော့ ဆက်ရအောင်ပါ ဘုရင်ချင်းအတူတူ သူ့ထက်သာရမည်ဆိုတဲ့ ပုံစံမျိုး တွေ့ရသည့် သက်သေက အနုအာနန္ဒာ ထု ဓမ္မရံ အမြင့် သဗ္ဗညုဆိုတဲ့ စာချိုးလေးထဲက အာနန္ဒာက ကျန်စစ်သား သဗ္ဗညုက ကျန်စစ်သားရဲ့ မြေး အလောင်းစည်သူ ဓမ္မရံကြီးက အလောင်းစည်သူရဲ့သား နရသူခေါ် ကုလားကျမင်း အသီးသီး တည်ခဲ့တော့ အင်း အနော်ရထာမင်းရိုး မဟုတ်သူတွေ တယ်လဲ အပြိုင်အဆိုင်ကြီးပါလားလို့ တွေးမိပါတယ်
-
ပြီးတော့ ကျန်စစ်သား မင်းရိုးဟာ ရည်ရွယ်ချက်ရှိရှိ သမိုင်းတွင်နိုင်ဖို့ ကြိုးစားထားခဲ့လေသလား လို့လဲ ဖြည့်တွေးပစ်ပြန်ပါတယ် အမယ် တော်ကြာ မတော်တရော်တွေ စိတ်ကူးလွန်းလို့ အိပ်နေတုန်း လာပြီး ဂုတ်ချိုး သတ်နေကာမှ ဂျာနယ်ထဲမယ် နာမည်ကြီးရဦးမယ် ဘွာတေးဘွာတေး
-
ပုဂံတွင် ရှိနေတဲ့ ဘုရားများကို ဘုရင်နှင့် ဆွေမျိုးတွေကြည့် တည်ခဲ့တာ မဟုတ်တာကို သိပြီးဖြစ်ပေမယ့် မင်းနန်သူအရပ်ရှိ အနန္တသူအမတ်ကြီးမောင်နှံတည်ခဲ့တဲ့ လေးမျက်နှာဂူဘုရား၏ အရှိန်အဝါကလည်း ဘုရင်တွေနှင့် မတိမ်းမယိမ်း ဖြစ်နေတာ သတိထားမိလို့ ထုံးစံအတိုင်း ပုဂံနန်းတွင်းကို ပုံဖော်ကြည့်ပြန်တော့ အမတ်များ၏ နောက်ခံအင်အားနှင့် ဓနပိုင်ဆိုင်မှု တောင့်တင်းပုံ သတိထားမိသလို ကင်းဝန်မင်းကြီး ဦးကောင်းတို့ သိပ်လိုချင်ခဲ့တဲ့ စည်းမျဉ်းခံဘုရင်ဆိုတာမျိုး ပုဂံခေတ်ကတည်းက ကြံစည်ခဲ့သလား အတွေးနက်မိသေး ပြီးတော့ မြင်းကပါအရပ်ရှိ အမတ်ကြီး ရာဇကုမာရ်၏ မြစေတီ ဂူဘုရားနှင့် အနီးရှိ ကျန်စစ်သား ဆွေမျိုးတစ်စု
အမျိုးဘုရားများကလည်း ကျမကို ပုံပြင်ကောင်း တစ်ပုဒ် ပြောပြနေခဲ့သည်ပဲ
-
ကဲကဲ ဂူဘုရားတွေရဲ့ အပြင်ပိုင်း ဗိသုကာဆီသာ သွားပါတော့ မယ်မင်းကြီးမရယ် အရမ်း ဂိုဆစ်တွေ ပြောတာပဲ ဂူဘုရားများ၏ အပြင်ပိုင်း ဗိသုကာ လက်ရာဆိုလျှင် ဂူဘုရားများ၏ စင်္ကြန်ပတ်လမ်း အတွင်းစင်္ကြန် အပြင်စင်္ကြန်နှင့် အာရုံခံမုခ် အာရုံခံ မုခ် တံကဲများ ဂူဘုရား၏ အပြင်ဘက် ပစ္စယံအဆင့်ဆင့်မှာ အင်္ဂတေဖြင့် ခြယ်မှုန်းထားတဲ့ ပန်းတော့ လက်ရာများကို ပြောတာပဲ ဖြစ်ပါတယ် ထိုကတည်းက အဆင့်ဆင့် ဆရာစားချန်လာတဲ့ မြန်မာ့ဓလေ့အရ ယခုအချိန်မှာ ပန်းတော့ပညာရှင်ကောင်းကောင်း မရှိတော့ပါဘူး ဗဟန်းမြို့နယ် ဘုန်းကြီးကျောင်းတောထဲမယ် အကြာကြီးနေလာခဲ့တော့ ကိုယ့်အိမ်ရှေ့က ဘုန်းကြီးကျောင်း
အပြင်ပိုင်းကို အင်္ဂတေနှင့် မွမ်းမံနေတာ မြင်ဖူး စောင့်ကြည့်ဖူးတော့ ထိုပညာရှင်များသည် ပုဂံက ပညာကို အပြည့်အဝ ဆက်ခံထားခြင်းမရှိတာက အုတ်ဖြင့်တွဲဆက်ပြီး ကြာရှည်တည်တံ့အောင် မပြုလုပ်နိုင်ပဲ နံရံတွင် ကပ်ထားရုံသာ တတ်နိုင်တာကို ကြည့်လျှင် သိသာပါသည် ပုဂံဂူဘုရားများ၏ အပြင်ဘက် ပန်းတော့လက်ရာများကတော့ ခေတ်အဆက်ဆက် ပြုပြင်မှုကြောင့် နဂိုပုံကိုတော့ မှန်းဆခြင်းငှာ မတတ်နိုင်တော့ သော်လဲ အင်္ဂတေ ကွာကျထားတဲ့ နေရာအချို့က အုတ်ဆက်ပုံကို လေ့လာကြည့်ရင်
ကိုယ်လက်လှမ်းမမီသော ပစ္စယံ အထက်က ကနုတ်အဆင်များ ခြင်္သေ့ရုပ်များ ပုံသဏ္ဍာန်အမျိုးမျိုးရှိသော နတ်ရုပ်များ နှင့် အခြားသော အရုပ်များကို မည်သို့
တည်ဆောက်ထားသလဲ အကြမ်းခန့်မှန်းနိုင်ပါသည် ကိုယ်လဲ ဒီလောက်ပဲ သိလို့ ဒီလောက်ပဲ ပြောပါတော့မယ်
-
ဒါဆိုလျှင် ပုဂံဂူဘုရားများထဲက နံရံဆေးရေး ပန်းချီလက်ရာများ အကြောင်း ဆက်ကြရအောင်နော် ဆေးရေးပန်းချီအကြောင်း ပြောမည်ဆိုလျှင် မြင်းကပါဂူပြောက်ကြီး ဝက်ကြီးအင်း ဂူပြောက်ကြီးနှင့် အပယ်ရတနာ အစရှိသော ဓါတ်ပုံနှင့် မှတ်တမ်းတင်ရန် ခွင့်မပြုတဲ့ ဘုရားများက ဆေးရေးတွေ အကြောင်းပဲ ပြောရမည် ခြွင်းချက်အနေဖြင့် ရှင်အဇ္ဇဂေါနဘုရားမှ ဆေးရေးများ အကြောင်းကိုလည်း ပြောချင်ရင်တော့ ပြောနိုင်ပါသေးတယ် ဒီရှင်အဇ္ဇဂေါန ဘုရားတွင် ထူးထူးခြားခြား ဘုရားများစွာပုံနှင့် ဗုဒ္ဓဝင်လက်ရာများကို တွဲလျက် တွေ့ရတာကြောင့်ပါ “ ဂင်္ဂါဝါဠု သဲစုမကပေ သံဗုဒ္ဓေ ” ကို ပီပြင်အောင် သရုပ်ဖော်ထားသလား အတွေးပေါက်မိလို့ပါ
-
နံရံဆေးရေး ပန်းချီများကို ဂူဘုရားများ၏ အတွင်းဘက်ရှိ နံရံတိုင်းမှာ အပ်ရာမျှ မတိုးနိုင်လောက်အောင် နံရံဆေးရေး ပန်းချီများကို တွေ့နိုင်ပါတယ် ဂူထဲဝင်ဝင်ခြင်း ပလ္လင်ခုံပေါ်ဝယ် သပ္ပါယ်စွာ ဖူးတွေ့ရတဲ့ ဆင်းတုတော်ကြီးများ အနောက်က ဆေးရေးပန်းချီများကဖြင့် အလှပဆုံးသော အနုပညာ တစ်ရပ်ဖြစ်ပြီး အရှေ့က ဆင်းတုတော်နှင့် တွဲလျက် ပဏာရစွာ လှပနေပါတယ်
-
အထူးသဖြင့်တော့ မှောင်မဲသည်းနေအောင် တမင်လုပ်ထားတဲ့ မြင်းကပါ ဂူပြောက်ကြီးက ဆေးရေးလက်ရာများကို ကြည့်နိုင်အောင် ထားပေးတဲ့ မီးမောင်းကြီးဖြင့် ပတ်ကြည့်တော့ ယခင်လက်ရာအတိုင်း အရုပ် အရောင် အကောင်းကြီး ကျန်သေးတာကော နောက်ပြီး ၅၅ဝဇာတ်နိပါတ်တော်များကို ပုံလဲဆွဲ စာလည်းရေးပြထားသဖြင့် ထိုခေတ်အက္ခရာများကို အတတ်နိုင်ဆုံးဖတ်ကြည့်ကာ အရုပ်ပုံနှင့် တွဲ၍ ရေးဆွဲထားသော ဇာတ်တော်ကို မှန်းဆရတာ ပျော်စရာကောင်းလှသည်
-
ထိုဆေးရေး အရုပ်များထဲတွင် ဘုရင် ဘုရားလောင်းကို ခွဲကြည့်ရတာအမော မုတ်ဆိတ်ကျင်ဆွယ်များနှင့် ဆိုလျှင် ဘုရင် ရွှေထီးဆောင်းပေးထားလျှင် ဘုရားလောင်း စသည်ဖြင့် ကိုယ့်ပုံသေနည်းနဲ့ကိုယ် ခွဲကြည့်ပြီး အချိန်တွေ ကုန်မှန်းမသိ ကုန်ခဲ့ရပြီ ထိုရုပ်ပုံများတွင် ပါဝင်သော ဘုရင်နှင့် ဘုရားလောင်း ဟုတ်ဟန်မတူသည့် လူပုံများကို မြေဝါ မြေဖြူ မြေနက်ဖြင့် အသားအရောင်ခွဲခြားပေးတာကို တွေ့ရပြန်တော့ ထိုဆေးရေးပန်းချီများတွင်လည်း လူတန်းစားခွဲခြားမှု ရှိသလောဟု အတွေးဇာချဲ့ပြန်သည်
-
ပညာရှင်များကတော့ ပုဂံခေတ်က လူများကို မြင်ပြီး ထိုအသွင်များအတိုင်း နံရံတွင် ရေးခဲ့သည်ဟု ပြောကြပါသည် ကိုယ့်အတွက်ကတော့ ပိဋကတ်တော်လာ ဘုရားလောင်း ဗုဒ္ဓဝင်ပုံရိပ်များသည် ဂေါတမ ဗုဒ္ဓ ကြင်လည်ခဲ့ရာ မဇ္ဇျိမ ဒေသက ဒေသခံများ၏ အသွင် အဝတ်အစားနှင့် ဓလေ့များကို မှန်းဆ သရုပ်ဖော်ထားသလားဟု တွေးပစ်ခဲ့သည် အတွေးပဲ တွေးလို့ရသည် စာတမ်းတစ်စောင်တွင် တရားဝင် ရေးသားဖော်ပြခြင်း မရှိလျှင် စာရေးသူ၏ ဒီမိုကရေစီသာ
-
ထိုအတွေးကို မူလလက်ရာဟု ပြောကြသော ဆင်းတုတော် အချို့့တို့၏ ဗုဒ္ဓဂယာ လက်ရာနွယ်သော (မျက်နှာပေါက်အသွင်) က ပံ့ပိုးနေပြန်ပါသည် ထို့ကြောင့် တော်လှန်ရေး အတွေးချော်ချော်က အလွယ်ပျောက်မသွားခဲ့ ပုဂံသားတို့သည် ၎င်းတို့ အလုံးစုံ ကိုးကွယ်ချင်သော ဗုဒ္ဓမြတ်စွာ၏ မူလသွင်ပြင်ကို အကောင်းဆုံးခန့်မှန်းချင်သည့်စိတ်နှင့် ဟိုး မဇ္ဇျိမဒေသမှာပွင့်ခဲ့ဖူးတဲ့ မြတ်စွာဘုရား၏ အသွင်အတိုင်း ပုဂံကို ဆောင်ယူ ကိုးကွယ်ချင်ခဲ့ကြသလော ဒါကတော့ ဗုဒ္ဓသည် မြန်မာလူမျိုးဟု ပြောချင်ကြသော လူများ ဒေါသထွက်ရမည့် ကိစ္စပါ ဒါပေမယ့် ခေတ်လူတွေထက်စာလျှင် ရှေးလူတွေက ပိုမိုရိုးသားခဲ့ကြတာပဲ သူတို့သည် အရှိအတိုင်း ရိုးသွားစွာ မှတ်တမ်း ထားခဲ့ကြသူများသာ
-
ဆေးရေးပန်းချီပြီးလျှင် အဝတ်ပန်းချီ နှင့် ပန်းချီကားကြီးများ အကြောင်းကိုလဲ ချန်ပြီးလေ့လာဖို့ မကောင်းတော့ ရှာရပြန်ပြီပေါ့ အချို့ဂူဘုရားများတွင် ဘုရားစေတီပုံ ကွမ်းတောင်ပေါက် ဂူဘုရားပုံ နန်းတော်ပုံ အိမ်ပုံများပါ ရေးဆွဲလေ့ရှိတယ်ဆိုတော့ ရှာဖို့တာဝန် ရှိလာပေမယ့်လဲ အဝတ်ပန်းချီများကို ပုဂံပြတိုက်ထဲမှာ ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ပါတယ် နံရံဆေးရေးပန်းချီများအတိုင်းပဲ ဖြစ်နေတယ်လို့ ကိုယ့်စိတ်ထဲမှာ ထင်ထားလိုက်ပါတယ် ဆက်လေ့လာရင် သိလာမှာပေ့ါလေ
-
ဆေးရေးအကြောင်း အကြမ်းပြောပြီးရင်တော့ စဉ့်ကွင်းတွေဆီသွားရအောင် စဉ့်ကွင်းဆိုတာ ဂူဘုရားတွေရဲ့ အပြင်ဘက်မှာ အများစု ကပ်ထားတဲ့ စဉ့်သုတ် ပန်းတဉ်း ရုပ်ကြွအချပ်လေးများပဲ ဖြစ်ပါတယ် ရွံ့ကိုပုံသွင်း မီးဖုတ် အပေါ်က စဉ့်သုတ် မီးဖုတ်ပြီးမှ ဘုရားကို တန်ဆာဆင်တဲ့ သဘော ထည့်ထားတာပဲ ဖြစ်ပါတယ် များသောအားဖြင့် ဗုဒ္ဓဝင်နှင့် ၅၅ဝဇာတ်တော်များကို သရုပ်ဖော် ခြယ်မှုန်းလေ့ရှိပါတယ် ဂူတွင်းမှာ ဆေးပန်းချီခြယ်သလို အပြင်ဘက်မှာ တာရှည်ခံတဲ့ ပစ္စည်းများနှင့်
သရုပ်ဖော် တန်ဆာဆင်ခြင်း ပဲဖြစ်ပါတယ် နှစ်တစ်ထောင်ကျော်က လက်ရာများ ဖြစ်ပြီးယူရလွယ်ကူတာကြောင့် ရှေးဟောင်းပစ္စည်းသိုက်တူးသူတွေ၏ မသမာမှုကို အများဆုံးခံရကာ မင်္ဂလာစေတီ အစရှိတဲ့ နေရာများမှာ ရုပ်ပျက်ဆင်းပျက် လစ်လပ်နေပါတယ်
-
ပန်းတဉ်းဆိုလျှင် ပုဂံခေတ်ရဲ့ ကြေးသွန်းအတတ်ပညာနှင့် ပန်းထိမ်လက်ရာကိုလည်း ချန်ထားလို့မကောင်းတော့ ဒါပေမယ့် ဒီကြေးသွန်းလက်ရာတွေက ပုဂံတွင် မရှိသလောက်ရှားခဲ့ပြီ သို့သော် အာနန္ဒာ ဘုရားတွင် ပဥ္စလောဟူသည့် ရွှေငွှေကြေး သလွဲစဉ် သလွဲမည်း ဟူသည်သတ္တု ငါးမျိုးဖြင့် သွန်းထုစေခဲ့ပြီး အင်းဝခေတ်တွင် အရည်ကျိုခံခဲ့ရသည် ဆိုသည့် မတ်တပ်ရပ် ရုပ်ပွားတော်တစ်ဆူ၏ အကြောင်းကိုဖြင့် စာအုပ်ထဲတွင် တွေ့ရသည် ထိုအဆိုမှန်ကန်နိုင်စရာ ယင်းဆင်းတုတော်ကြီး၏ အောက်ခံ ကြာပလ္လင်သည် ပဥ္စလောပလ္လင်စင်စစ်ဖြစ်နေခြင်းပင် ဟု မှတ်ထားပါသည်
ဌာပနာထားသည့် ပုဂံခေတ်လက်ရာ ကြေးသွန်းဆင်းတုတော် အရွယ်မျိုးစုံတို့ကို အုပ်မိသလောက် ထိမ်းသိမ်းထားနိုင်သဖြင့် နှိုင်းယှဉ်လေ့လာဖို့ ဖြစ်နိုင်ပါသေးသည် ပန်းထိမ်လက်ရာများကတော့ အများအားဖြင့် ပျောက်ဆုံးကုန်ပြီး အချို့ တွေ့ရတဲ့ ပစ္စည်းများကိုဖြင့် ဓါတ်ပုံအဖြစ်သာ တွေ့ရကာ ကြွင်းကျန်နေတဲ့ ရွှေသား ဖောင်းကြွ အနုသုခုမ လက်ရာများကိုဖြင့် ပုဂံပြတိုက်အတွင်းမှာ ရှိနေပါစေလို့ ဆုတောင်းရင်း လိုက်ရှာရတာက ဝဋ်ကြွေး တစ်ခုပါ
-
မြန်မာ့ အတတ်ပညာ ဆယ်မျိုးဆိုလျှင် ပန်းပုလက်ရာက လူသိများ ထင်ရှားပြီး ဟိုးရှေးရှး ပဝေဏသီကတည်းက မြန်မာတို့ တတ်ကျွမ်းခဲ့သည့် အတတ်ပညာမို့ ပုဂံ၏ အနုပညာလက်ရာများကို လေ့လာသူများအနေနှင့် ချန်ထား၍ မရစတမ်းပါ ဆင်းတုတော်များ ဂူများတွင် ထည့်သွင်းတည်ဆောက်ထားသည့် တံခါးကြီးများ သစ်သားပန်းပုရုပ်မျိုးစုံ ကျောက်ဆင်းတု ကျောက်ဆစ်လက်ရာများ စသည်ဖြင့် ကြည့်စရာရှုစရာက များလှသည် အကုန်တွေ့အောင်လိုက်ကြည့်နေရသူမှာ ကိုယ်မြင်သမျှကို မည်သည့်အရာနှင့် မှတ်တမ်းတင်ရမည်လဲ ဝေခွဲမရနိုင်အောင်ပင် ဖြစ်ရသည်
-
ပုံဖြင့် မှတ်တမ်းတင်ထားပါက မည်သည့်နေရာမှ ရိုက်ယူလာသလဲဆိုတာကို မမှတ်မိနိုင်သဖြင့် အသိဉာဏ်ထဲတွင် ရှိနေသလောက်သာ ပြန်လည် ဖော်ပြနိုင်ပါတယ် ဂူဘုရားအများစုမှာ တွေ့ရလေ့ရှိတဲ့ သစ်သား တံခါးချပ်ကြီးများမှ ပန်းပုလက်ရာကို လေ့လာရင်း ထိုသစ်သားတံခါးများကို နံရံဖြင့် ဆက်မိအောင် ပိတ်နိုင်ဖွင့်နိုင်အောင် သံကို ပုံသွင်း၍ တီထွင်ထားတဲ့ ပုဂံသားတွေ၏ ပန်းပဲလက်ရာကို လဲ တစ်ပါတည်း မြင်ရပါတယ် အာနန္ဒာမှာရှိတဲ့ တံခါးကြီးထဲက အချို့ကတော့ ရှေးမူမပျက် ပုဂံခေတ်လက်ရာအတိုင်း ရှိနေဆဲပါတဲ့ သစ်သားအချောင်း လေးများကို လိုသလို ဖြတ်တောက်ပြီး ပြန်ဆက်ရာမှာ တီထွင်ကြံဆထားတဲ့ သံချောင်းအကြီးကြီးများနှင့် သံမှိုခေါင်းတို့ရဲ့ အနုစိတ်ပန်းပဲလက်ရာကိုပါ မြင်ခဲ့ပါတယ် ဒီလောက်ရေးပြီးရင်တော့ ပုဂံရှိ စေတီဘုရား ဂူပုထိုးတို့ အကြောင်း ကုန်ပါပြီ
-
တစ်ခုရှိပါတယ် ပုဂံက ဂူပုထိုးများမှာ ထေရဝါဒ ဗုဒ္ဓဘာသာ အငွေ့အသက်များလွှမ်းခြုံနေသလို တန္တရအငွေ့အသက်ကဖြင့် မကင်းတာကို စာတွေ့သော်လည်းကောင်း ကိုယ်တွေ့သော်လည်းကောင်း သိလာခဲ့ပါတယ် သရပါတံခါးကြီးရဲ့ တစ်ဘက်တစ်ချက်က ပုဂံခေတ်လက်ရာ နတ်မောင်နှမ ရုပ်တု ကြောင့်လည်း ပုဂံခေတ်သာသနာရေးကို တွေးရခက်ပါတယ်
-
ပုဂံနဲ့ မနီးမဝေးမှာ တည်ရှိတဲ့ နတ်ကွန်း တောင်တော်ကြီး ပုပ္ပါး၏ သက်ရောက်မှုကလည်း ပုဂံအပေါ် ဘယ်လောက်ရှိမလဲ တွေးစရာတွေပါ ပုဂံနှင့် ပုပ္ပါးဟာ ထွေးရောယှက်တင် ရှိခဲ့မလား မှန်းဆရပါတယ် ဆရာလို ဖြစ်နေတဲ့ မိတ်ဆွေတစ်ဦး၏ အဆိုအရ နတ်ဆိုတာမျိုးက ဘုရင်တွေ အမှားလုပ်မိရာက အများပြည်သူကို သူလုပ်ခဲ့မိတဲ့ အမှားအပေါ် အကြောင်းပြချက် ကောင်းကောင်း ပြန်ပေးပြီး ထွက်ပေါက်ရှာတာသာ ဖြစ်ပါတယ်တဲ့ စိတ်ဝင်စားစရာ ကောင်းပါတယ် ယခုလက်ရှိ နတ်သမိုင်းဆိုတာကလည်း ဘုရင်မျက်လို့ အသေဆိုးနဲ့ သေရတာ ခပ်များများ ဖြစ်နေတော့ ဒီယူဆချက်ကို ချန်မထားသင့်ဘူး ကိုယ်တော့ သဘောကျပါတယ်
-
ပြီးတော့ နတ်လှောင်ကျောင်းဆိုပြီး ထေရဝါဒ စင်စစ်ကို လိုလားတဲ့ အနော်ရထာမင်းက နတ်များကို ပိတ်လှောင်ခဲ့သည်ဟူသော နေရာတွင် ဟိန္ဒူနှင့် ဗြဟ္မဏဆိုင်ရာ ကိုးကွယ်မှုများကို တွေ့ရပြီး အမှန်တကယ် ပိတ်ထားခဲ့ဟန်တူသည့် ကျောက်ဖျာအကျိုးကြီးကိုလဲ တွေ့ရတော့ ပုဂံခေတ်ရဲ့ ဘာသာရေးဆိုင်ရာ အယူအဆများကိုဖြင့် ဉာဏ်မမီနိုင်တော့ပါဘူးလို့ပဲ ဝိနည်းလွတ် ပြောချင်ပါတော့တယ် ကျမတို့ဟာ ဘာသာရေးနဲ့ ပတ်သတ်ရင် လောဘကြီးခဲ့တယ် ဒီလိုလောဘကို ရှေးဟောင်းသုတေသန ပညာနယ်ပယ်ထဲသို့ ယူလာဖို့က မဖြစ်နိုင်ပါဘူး ဘုရားသမိုင်းက ဂေါပကနဲ့ ဆိုင်တာသာဖြစ်ပြီး ရက်စဉ်သမိုင်းက ပကတိသမိုင်းပဲ ဖြစ်ပေမယ့် ဒီ့ထက်ပိုပြီး ကိုယ့်အမြင်ကို ရဲရဲဝံ့ဝံ့ ဘာမှ မတင်ပြနိုင်ပါဘူး
-
ကိုယ်ကြည့်လိုက်တဲ့ အနုပညာတစ်ခု၏ ပိုုင်ရှင်ကို မသိချင် သမိုင်းကြောင်းကို စိတ်မဝင်စား ရှိတာကို အမြင်အတိုင်း မြင်တာကို အရှိအတိုင်း ယခုလို ဖော်ထုတ် ရေးသားတင်ပြတယ်ဆိုတာ လေ့လာမှုအပိုင်း နောက်ကျတော့မှ ပညာရပ်ဆိုင်ရာ စာပေဆောင်းပါးများကို ဖတ်ရှုလေ့လာပြီး ကိုယ်မြင်ခဲ့ဖူးတဲ့ အရာ၏ နောက်ခံသမိုင်းကြောင်းနှင့် ဇာတ်လမ်းအဖုံဖုံကို ထပ်မံဆည်းပူးတာကမှ သုတေသနပညာရပ် အပိုင်းဖြစ်သွားပြီလို့ ခံယူမိပါတယ်
-
တစ်ခုသိလာရတာက ယခင်တုန်းကလို စာအုပ်ထဲက ဓါတ်ပုံများထဲက ပုဂံသည် ကိုယ့်အတွက် သူစိမ်းပြင်ပြင် ဖြစ်မနေတော့ ပုဂံအကြောင်းဖတ်မိလျှင် အနုပညာ လက်ရာတစ်ခုနှင့် တည်နေရာကိုသိလျှင် ဓါတ်ပုံတစ်ခု တွေ့ရလျှင် ဘယ်နေရာလဲ ဆိုတာကို တန်းသိပြီး ရေးထားတဲ့ စာပါ အကြောင်းအရာများကိုလည်း ခြေခြေမြစ်မြစ် နားလည်သဘောပေါက်ခဲ့ပြီ
-
သျှင်လေညင်း