(Zawgyi)
အော် ဘာများလဲလို့
သရဲခြောက်တယ် ချယ်
သရဲခြောက်တယ် ချယ်
ရင်လျားကြီးနဲ့တဲ့
မမြင်ကြတော့
ရင်လျားကြီးနဲ့တဲ့
မမြင်ကြတော့
သျှင်လေညင်း
သျှင်လေညင်း
(Unicode)
အပျော်တချို့နဲ့ ဟလင်း - ၁
မနက်စောစော ဝေလီဝေလင်းအချိန်ကြီး
နှစ်ထပ်ကျောင်းဆောင်အောက်ထပ်မှာ လူစုံမထကြသေး ပင်ပမ်းတဲ့ အရှိန်ကြောင့် အတင်းမှေးနေကြချိန်မှာ
ဘာကြီးလဲ ဘာကောင်ကြီးလဲ
အသံက မကျယ် တိုးတိုးအုပ်အုပ်နဲ့ အလန့်တကြား ပြောနေတဲ့ အသံနဲ့ ခြင်ထောင်ကြီးတစ်ခုက လှုပ်လှုပ်ရှားရှား ဖြစ်နေသည် ဒါပေမဲ့ ဘယ်သူမှ ခြင်ထောင်ထဲက မထွက်လာတော့ သနပ်ခါးလိမ်းနေရာက သူတို့ဘက်ကို စောင်းငဲ့ကြည့်ရင်း အခြေအနေကို အကဲခတ်နေလိုက်သည်
အပြင်က ကျောင်းသူတစ်ယောက်က ကျနော့်ခေါင်းရင်းမှာ အိပ်နေတဲ့ တီချယ်ထံ ပြေးလာပြီး သတင်းပို့တော့ တီချယ်လဲ အလန့်တကြားထလိုက်သည် သို့ပေသည့်
တီချယ့်နေရာက ချောင်အကျဆုံး မနည်းတိုးထွက်ရမဲ့နေရာ သည်တော့ ကျနော်ကပဲ လွှားကနဲသူတို့ထံ ပြေးရတာပေါ့ ခြင်ထောင်ထဲမှာ ပတ်ပြေးနေတဲ့ ကောင်မလေး လေးယောက်ကြောင့် ခြင်ထောင်ကြီးက ယမ်းနေတာ ကြောက်ခမန်းလိလိ အနားရောက်တဲ့ ကျနော်ကပဲ ထွက်ကြဟဲ့ ထွက်ကြဆိုပြီး ခြင်ထောင်ကို ကျုံးမ လိုက်တော့မှ ထိုကောင်မလေးတွေကော သူတို့ခြင်ထောင်ထဲ ရောက်နေတဲ့ အကောင်ရော ကျနော့်ဘက် ပြေးထွက်လာတယ်
လူတွေက ကျနော့်နောက်ဘက် ရောက်သွားတော့ ဟိုဘာကောင်က ခရီးဆောင်အိတ်တစ်ခုကြား ပြေးဝင်သွားကြောင်း တီချယ်က အော်တယ်
ဖယ်ကြ ဖယ်ကြဆိုပြီး အနားက တံမြက်စည်းယူပြီး အိတ်ကို နေရာရွှေ့လိုက်တော့ မည်းမည်းသတ္တဝါက နေရာရွှေ့ပြန် တော့ ပြေးကြပြန်ရော တံမြက်စည်းနဲ့ လိုက်ခြောက်တော့ သည်တခါ သူပြေးတဲ့နေရာ မှန်သွားပြီး ကျောင်းဆောင်အပြင်သို့ ထွက်ပြေးပျောက်ကွယ်သွားသည်
ဟလင်းက မောင်မောင်ကင်းမြီးကောက် ရန်ကုန်သူလေးများကို အချစ်ဝင်စမ်းတာ ကံသီလို့ သူလဲမသေ ကျနော်လဲ ငရဲမကြီး
အရေးထဲ ခြင်ထောင်ထဲက ကလေးမတစ်ယောက်ထင့် တစ်ကိုယ်လုံးဝင်အိပ်ရတဲ့ စောင်ကြီးထဲ ရောက်နေတော့ သူ့ခမျာ ခုံဆွခုံဆွနဲ့ အပြာရောင် မမ်မီးကြီးအလား
တီချယ်ဒေါ်သီတာငြိမ်းက ဟဲ့အဲဒါ ဘာကြီးလဲ ဘာကြီးလဲ
စောင်နဲ့ ပတ်ထားတာချယ်
အော် ဘာများလဲလို့
ပြီးတော့ ရယ်သံလေးတွေ ဝေလွင်လွင်ပေမဲ့ ထိုခလေးမလေးတွေ တုန်လှုပ်နေချက်က ကမ်းကုန်အောင်ဆိုတော့ မျက်နှာပိုးလေးသတ်ပြီး ကိုယ့်နေရာ ပြန်လာခဲ့တော့သည်
ဒီအကြောင်းကို ပြောနေတုန်း ငါတစ်ယောက်ထဲ မြင်တာထင်တယ် နင်လဲ မြင်တာလား
အေးမြင်တယ် ဆိုတဲ့ နမိတ်ပြစကားသံကြောင့်
တီချယ်ဒေါ်သီတာငြိမ်းကပဲ ဘာမြင်တာလဲ မေးရတာပေါ့
သရဲခြောက်တယ် ချယ်
တယ် သောင်ကျိုးနဲ ညဘက်များ တစ်ယောက်ထဲ အိမ်သာထသွား ရေချိုးရတဲ့ ကျနော်လဲ စိမ့်ကနဲဖြစ်သွားတာပေါ့ ဒီတစ်ညပဲ အိပ်ရတော့မှာကို လာခြောက်တဲ့ သူရဲကိုလဲ နှိပ်ကွပ်ရင် ကောင်းမလား
တံမြက်စည်းလောက်နဲ့ ပြေးပါ့မလား ထမိန်နဲ့ အုပ်ရင် ကြောက်လောက်ပါတယ်
ရေချိုးနေတယ်တဲ့ မိန်းမတစ်ယောက် ရေချိုးတယ်ဆိုမှတော့ ရင်လျားနဲ့ပေါ့ မဟုတ် ဘီကီနီဝတ်ချိုးရမှာလား
ရင်လျားကြီးနဲ့တဲ့
သူတို့လဲ ဝင်ချိုးတာပေါ့နော် အဲဒါ ကြည့်လိုက်တော့ ပျောက်သွားပြီပေါ့နော်
မမြင်ကြတော့
သရဲဆိုပြီး ပြန်ပြေးလာတယ်ဆိုပါတော့
ကျနော်တို့ ချိုးရတဲ့ ရေကန်က အခန်းလို ဖြစ်နေပေမဲ့ အလယ်မှာ အုတ်ရေကန်မျက်နှာချင်းဆိုင် ဘေးနှစ်ဘက်မှာ ချိုးရေကန်နဲ့ အခြားနှစ်ဘက် အလွတ်ပုံစံပါ ဟာလာဟင်းလင်း ဖြစ်နေတယ် ဆိုပါတော့
ဒါကို တိုင်တွေထူပြီး တာလပတ် ကာထားတော့ အခန်းဖြစ်နေပေမဲ့ ချိုးရေကန်မရှိတဲ့ ဘက်နှစ်ခု အနက် တစ်ခုက ဝင်ပေါက်လုပ်ထားပြီး တစ်ခုက ပိတ်ထားပါတယ် ပိတ်ထားပေမဲ့ ဝင်လို့ထွက်လို့ရတယ် ဒီပလိုမာတန်းက အိခိုင်လေး ဆိုရင် ဟိုဘက်သည်ဘက် လျှောက်ကူးနေတာပဲ ပုံစံကြည့်ရတာ ချယ်ပြောသလိုပဲ ဘုန်းကြီးကျောင်းက အဒေါ်ကြီးတ ယောက်ယောက် ရေလာချိုးရင်း ကျောင်းသူတွေ ရောက်လာတော့ အဲဒီဘက်က ပတ်ထွက်သွားတာများလား တကယ်သရဲလား ဆိုတာကတော့ ကျနော်လဲ မပြောတတ်ဘူး
ကျနော်လဲ ထိုနေ့မတိုင်ခင်ညက ကြက်သီးထဖွယ် အဖြစ်နဲ့ ကြုံရပါသေးတယ် ညဘက် ၁၁နာရီခွဲလောက် အိမ်က ချစ်ရသူကြီးနဲ့ ဖုန်းပြောနေချိန်ပါ ဒီအန်တီကြီး ဘဲနဲ့ ကြူနေချက်က မထော်မနန်းတွေ ဆိုပြီး ပြောခံရမှာ စိုးတော့(ရှက်တာလဲပါပါတယ်) အမှန်တော့ ချစ်စကားဆိုတာထက် ရန်စကားပြောတာဆိုတော့ ကိုယ်ရိုင်းသမျှ သူများမကြားရအောင် ဝေးဝေးသွားပြီး ပြောတာများ ဘုန်းကြီးကျောင်းနယ်နိမတ် အစပ်က တံတားလေး ဟိုဘက်မှာပါ
တံတားစပ်မှာ အားရပါးရထိုင်နေပြီး ပွားနေတုန်း ချွတ်ချွတ် ချွတ် ချွတ် ချွတ် ချွတ် ဆိုတဲ့ ပလပ်စတစ်စကို လက်နဲ့ခြေနေတဲ့ အသံကြားပါတယ် အစကတော့ လှည့်မကြည့်သေးပါဘူး ဝတ်ထားတဲ့ မေဂျာကုတ်အိတ်ထဲမှာ လျှောက်ကောက်လာတဲ့ ပလပ်စတစ် အမှိုက်စတွေ အပြည့်ဆိုတော့ ကိုယ့်လက်နဲ့ ထိပြီး ထွက်လာတယ် ထင်တာကိုး
အချိန်ကလဲ သန်းကောင်ကို ကျော်နေပါပြီ ကိုယ့်ကျောနောက်မှာ လင်းထိန်နေပေမဲ့ ကိုယ်မျက်နှာချင်းဆိုင်ရာအရပ်ရှိ လမ်းလေးက မှောင်မည်းတုပ်နေပါတယ် သည်တော့ ဖုန်းကိုင်ထားတဲ့ လက် တံတောင်နဲ့ အကျီ င်္အိတ်ကို ထိကြည့်တော့ အသံထွက်တယ်ဆိုပေမဲ့ သိပ်မကျယ် နှစ်ဘက်လုံးတူတူပဲ ဆိုတော့ စိတ်ထဲထင့်ပေမဲ့ စကားဆက်ပြောနေလိုက်တယ်
ဟော ချွတ်ချွတ် ချွတ် ချွတ် ချွတ် ချွတ် အသံထပ်ကြားပါတယ် သည်တခါတော့ ချာကနဲ လှည့်ကြည့်တာပေါ့
ဘာမှမတွေ့ ကျောင်းဝန်းလေးက ဆိတ်ငြိမ်လျက် ထပ်လှည့်ပြီး ခနကြာ ထပ်ကြားတော့ မြောင်းအောက်ထဲက အသံထင်ပြီး ကြည့်ပြန်တော့ မှောင်နေလို့ ဘာမှမမြင်ရ
ကျနော် မင်္သကာတော့ သရဲဆိုတာထက် လူဖြစ်မှာ စိုးသည် ရန်ဖြစ်နေရင်း ငါ့ကို သရဲခြောက်နေပြီထင်တယ်လို့ ဖုန်းထဲကိုလဲ ပြောပြလိုက်ပါသေးတယ် အနိုင်အရှုံး မသဲကွဲသေးတော့ စကားစ မဖြတ်ပဲ နေရာရွှေ့လိုက်ပါတယ်
တံတားဟိုဘက်ကနေပြီး တံတားသည်ဘက်ကို ရောက်လာပါတယ် သည်မှာထပ်စတည်းချပြီး ဖုန်းဆက်ပြောမယ်လို့ စိတ်ကို တင်းထားပေမဲ့ ကြောက်နေပါပြီ ဒါကြောင့် ဘုရားလေးဘေးမှာရှိတဲ့ ခရေပင် အုတ်ခုံလေးမှာ ထိုင်ပြီး ဆက်ပြောပါတယ် အသံကြားရာ အရပ်ကို မျက်နှာမလွှဲရဲဘူး ဒါပေမဲ့ ထပ်မကြားရတော့
ဟဲဗီးဝိတ်တန်း စိန်ခေါ်ပွဲကလဲ မပြတ်သေးကြ သူကလဲ အဓိပတိဖွား ခြင်္သေ့ဆိုတော့ကာ ဗိုလ်မထားချင်သူ ကိုယ်ကလဲ ခြင်္သေ့လောက်ကတော့ ဆယ်ကောင်လောက်လာရင်တောင် မခေတဲ့ ဆင်ကြီးဆိုတော့ မပြီးမစီးရန်ဖြစ် နတ်မကြိုက် လူမကြိုက် မိုက်ရိုင်းတဲ့ စကားတွေပြောနေတဲ့ ကျနော့်ကို သတိပေးတာလဲ ဖြစ်နိုင်ပါတယ် နောက်တော့ ဟိုဘက်က ဖုန်းချ စက်ပါပိတ်သွားတော့ ဘယ်လောက်ဒေါသဖြစ်ဖြစ် ဧည့်တောင့်ခံမဲ့သူမရှိတော့ မျက်နှာအမူအယာကို ပြင်ပြီး အဆောင်ထဲဝင်လိုက်ပါတယ်
ဟိုကလေးမလေးထက် ကျနော်အရင်ကြုံရတာပါ ကြောက်မှာစိုးတာကော မယုံကြမှာ စိုးတာကောကြောင့် ဘယ်သူ့ကိုမှ မပြောပဲ ဒီပလိုမာတန်းက စုစုမြင့်ကိုပဲ ပြောလိုက်ပါတယ် ကြွက်ထင်တာပဲ အမရယ် ဆိုတော့လဲ ကြွက်ပေါ့ကွယ်
ဒီလိုပြောလို့ အဲဒီမှာ သရဲရှိတယ်လို့ ကျနော်မဆိုလိုပါဘူး ဒီပလိုမာတန်းက ကျောင်းသား၃ယောက်ဟာ ကျနော်တို့ ထမင်းစားတဲ့ တဲကြီးဘေးက အကာမပါတဲ့ တဲကုပ်လေးထဲ အိပ်ရတာပါ သူတို့ထံက ဘာသံမှမကြားရပါဘူး
အချိန်ရယ် အမှောင်ရယ် အနေအထားရယ်က ဖန်တီးတဲ့ ကိစ္စများလဲ ဖြစ်နိုင်တာပဲ သည်လိုပဲ ကြုံရတာ ရေးပြလိုက်တာပါပဲ မည်သူ့ကိုမှ စော်ကားတာလဲမဟုတ် ထိခိုက်မယ်လဲ မထင်ပါဘူး
ကျနော်တို့ဟာ အိုးခြမ်းပဲ့တွေ ကောက်ရတယ် ကျနော်ဆို အရိုးတွေတောင် ကောက်လာတယ် ခွင့်တောင်းပြီးမှ သယ်လာတာပါ မကောင်းတဲ့နေရာမှာ အသုံးမချပါဘူး လေ့လာဖို့အတွက် ခွင့်ပြုပေးပါလို့ ခွင့်တောင်းခဲ့ပါတယ် ဒါပေမဲ့လဲ ဘာမဆို ဖြစ်နိုင်တာပါ ကျနော်တို့ဟာ နယ်စိမ်းပယ်စိမ်းကို ရောက်နေကြတယ်ဟုတ် ကံအနိမ့်အမြင့်အရ မြင်သူနဲ့ မမြင်သူဆိုပြီး ကွာခြားနိုင်သေးတာပဲ
ဘာပဲပြောပြော အမှတ်တရတွေပဲလေ
တူဘီကွန်တေးနှူး တူမော်ရိုး အော် ဟွမ်းအဲဗား
သျှင်လေညင်း