(Zawgyi Version)
ကယန္းလူမ်ိဳး မ်ားသည္ အျခားမဟုတ္လည္ပင္းတြင္ ေခြစြပ္ထားေသာ အမ်ိဳးသမီးမ်ား ေၾကာင့္ ကမာၻကပင္ စိတ္ဝင္စားၾက သည္ကို လူတိုင္းသိရွိျပီး ျဖစ္ေလသည္။ ကယန္း ဟူေသာစကား သည္ (ကမ္းယန္ ့)မွဆင္းသက္ ေျပာင္းလဲ လာေသာ စကား ျဖစ္သည္။ (ကမ္း) ဟူေသာ အဓိပၸါယ္မွာ နယ္ေျမေဒသ၊ နယ္ပယ္၊ ဧရိယာ သတ္မွတ္ထားေသာ ေျမသား အက်ယ္အဝန္း ျဖစ္၍ ၊(ယန္ ့) ဆိုသည္မွာ စြဲစြဲ ျမဲျမဲရွိျခင္း၊ အတည္တက် ရွိျခင္းဟု အဓိပၸါယ္ ေဆာင္သည္။ သို ့ျဖစ္ပါ၍ ကယန္း၏ အဓိပၸါယ္ မွာ နယ္ေျမေဒသ တစ္ခုအတြင္းအတည္တက် ေနေသာ သူမ်ားကို ေခၚဆိုျခင္းျဖစ္သည္။ ၎တို ့အား (ပေဒါင္) ဟု ေခၚလွ်င္ နွစ္သက္ေလ ့မရွိေပ။ ပေဒါင္ ဟုေခၚဆိုျခင္း မွာ ကယန္းဘာသာစကား မဟုတ္ပဲ ၊ ရွမ္းဘာသာစကား (ယန္းပေဒါင္း) ဟု အဓိပၸါယ္ရွိရာရွမ္းဘာသာ စကားျဖင္း ယန္း= ကရင္မ်ိဳးႏြယ္ ၊ ပေဒါင္း= ေၾကးပတ္ ျဖစ္ရာ ယန္းပေဒါင္းကို ေၾကးေခြစြပ္ထား ေသာ ကရင္လူမ်ိဳး ၊ရွမ္းဘာသာစကားျဖစ္ေသာ ယန္းပေဒါင္း မွတြင္လာျခင္း ေၾကာင့္ ျဖစ္သည္။ ကယန္း ပေဒါင္ တို ့သည္ အျခားတိုင္းရင္းသာ မ်ားနည္းတူ မြန္ဂိုကုန္းျမင့္ ေဒသမွ ေရၾကည္ရာ ျမက္နုရာ အရပ္သို ့ တေရြ ့ေရြ ့ ဆင္းလာၾကရာ မွ ယန္းစီျမစ္ ႏွင့္ ဟန္ဟို ျမစ္ဖ်ားတြင္ ေနထိုင္ခဲ ့ဖူး သျဖင့္ ယင္းေဒသ မ်ားမွ ဆင္းသက္လာသည္ကို အစြဲျပဳ၍ ကယန္းဟု ေခၚျခင္းျဖစ္သည္ ဟုယူဆခဲ ့ၾကသည္။
တရုတ္ျပည္ ယန္စီ ျမစ္ဝမ္းေဒသ မွ ေအဒီ ၉- ရာစု တြင္ သံလြင္ စစ္ေတာင္း နွင့္ ဧရာဝတီ ျမစ္၊ ရမည္းသင္း အေရွ ့ဘက္၊ ရွမ္းရိုးမ ေတာင္တန္း မ်ားေပၚသို ့ အဆင့္ဆင့္ ေျပာင္းေရႊ ့ၾကျပီး စြဲစြဲ ျမဲျမဲ အတည္တက် ေနထိုင္ လ်က္ရွိၾကသည္ ။ ကယန္း လူမ်ိဳးစုတို ့သည္ အျခားေတာင္ေပၚတိုင္းရင္းသား မ်ားကဲ ့သို ့ အုပ္စုလိုက္ ေျပာင္းေရႊ ့ေနထိုင္ေလ့ မရွိၾကပဲ ေရွးပေဝဏသီ ေခတ္ကာလ မွသည္ ယေန ့ထက္တိုင္ေအာင္ မိုျဗဲေတာင္ေပၚ နွင့္ အင္း၏ အေနာက္ထက္ကမ္း ဖယ္ခံုျမိဳ ့နယ္ ဘီကင္း ၊ဆီးဆူး၊ စနိုက္ ၊လအိေဒသ၊ ပင္ေလာင္းနယ္စပ္ မွ ရမည္းသင္း ပ်ဥ္းမနားလြင္ျပင္ အၾကား တို ့တြင္ ရွိေသာ ရွမ္းရိုးမေတာင္တန္း ၾကီးမ်ားေပၚတြင္ အျမဲပင္ ေနထိုင္လ်က္ရွိၾကသည္။ ကယန္း၊ ကရင္၊ ကယား ေဂမို၊ ေဂဘား၊ ယင္းေဘာ္၊ ယင္းတလဲ၊ ယင္းၾကား စသည့္ လူမ်ိဳးစုတို ့သည္ လူမ်ိဳးတူ အုပ္စုတစ္ခုတည္းမွ ဆင္းသက္လာ ၾကသည္။
ကမာၻေပၚတြင္ ထင္ရွားလွေသာ ကယန္းပ်ိဳေမတို ့၏ ဆင္ယင္ ထံုးဖြဲ ့မႈအလွ။
ကယန္းအမ်ိဳးသမီးတို ့၏ ဝတ္စားဆင္ယင္မႈမွာ ကမာၻ ့အလယ္ အံ့ဖြယ္တရပ္အျဖစ္ တည္ရွိေနေပသည္။ သူတို ့၏ လည္တိုင္၊ လက္ေကာက္ဝတ္ မွတံေတာင္ဆစ္အထိ ႏွင့္ ေျခမ်က္စိမွ ၊ဒူးဆစ္ အထိ ကိုယ္ခႏၶာ အစိတ္အပိုင္းမ်ား တြင္ေၾကးေခြ မ်ားျဖင္ ့ ရစ္ပတ္ေခြလ်က္ အလွဆင္ ဝတ္စားတတ္သည္မွာ အမ်ားအသိပင္ျဖစ္သည္။ တစ္ကိုယ္လံုးေပၚရွိ ေၾကးေခြမ်ားကို ခ်ိန္တြယ္ လိုက္မည္ ဆိုပါက စုစုေပါင္း အေလးခ်ိန္မွာ ေပါင္ ၆၀ (၁၇ ပိႆာ ခန္ ့)ထက္မနည္း ရွိေလသည္ ။ ထိုအေလးခ်ိန္တို ့ကို ခႏၶာ ကိုယ္တြင္ သယ္ပိုးျပီး အမ်ိဳးသမီိးတို ့၏ နိစၥဓူဝ တာဝန္ တို ့ေဆာင္ရြက္ နိုင္သည္မွာ အလြန္ပင္ အံ့ၾသ ခ်ီးက်ဴးဖြယ္ ျဖစ္ပါ သည္။ ထို ့ေၾကာင့္ ကမာၻ ့အ့ံဖြယ္ အမ်ိဳးသမီးမ်ားဟု ကမာၻတဝွမ္း မွသတ္မွတ္ထား ၾကျခင္းျဖစ္ေပသည္ ။ ယေန ့ေခတ္ ကယန္း အမ်ိဳးသမီးငယ္ မ်ားငည္ ေခတ္နွင့္အညီဆင္ယင္ ထံုးဖြဲ ့လ်က္ ေၾကးကြင္းစြပ္ေသာ အေလ့ကိုမျပဳလုပ္ၾကေပ ။ သို ့ ေသာ္လည္း အမ်ားစုမွာမူ မိမိတို ့ယဥ္ေက်းမႈ ဓေလ့ထံုးစံကို မေပ်ာက္ မပ်က္ေအာင္ ထိန္းသိမ္းေသာ အားျဖင့္လည္းေကာင္း၊ မိရိုးဖလာ ယဥ္ေက်းမႈကို ထိမ္းသိမ္းေသာ အားျဖင့္ လည္းေကာင္း ၊ မိဘမ်ား၏ တိုက္တြန္း နႈိးေဆာ္မႈေၾကာင့္လည္းေကာင္း ၊ ေၾကးကြင္းစြပ္ အေလ ့ကို ဆက္လက္ ဆင္ယင္ထံုးဖြဲ ့ေနလ်က္ရွိေသး သည္ကိုေတြ ့ရသည္ ။
ကယန္း အမ်ိဳးသမီးတို ့သည္ အသက္ ၅ နွစ္အရြယ္ မွစ၍ ေၾကးေခြပတ္ေလ ့ရွိျပီး စတင္ေခြပတ္ခ်ိန္တြင္ ႏွစ္ေခြမွ သံုးေခြ အထိ ေခြပတ္ကာ အသက္ဆယ္ႏွစ္ေက်ာ္လွ်င္ ယခင္ ငါးႏွစ္သမီး က ရစ္ပတ္ခဲ ့ေသာ ေၾကးေခြ သံုးေလးေခြကို ျဖဳတ္ျပီး ဆယ္ေခြအထိ ရစ္ပတ္သည္ ။ အသက္ ႏွစ္ဆယ္ေက်ာ္လွ်င္ ေၾကးေခြ တစ္ဆယ့္ ငါးရစ္မွ ႏွစ္ဆယ္ရစ္ အထိေခြပတ္ျပန္သည္။ လည္တိုင္ အတိုင္း အထက္ပါ ရစ္ပတ္ထားေသာ ေၾကးေခြမ်ား တည္ျငိမ္ေစရန္ လည္ပင္းေအာက္ခံ ပုခံုးနွစ္ဖက္ေပၚတြင္ သီး ျခားရစ္ပတ္ထားသည့္ ေၾကးေခြမ်ားလည္း ရွိျပန္သည္ ။ ကယန္း အမ်ိဳးသမီးတို ့၏ လည္တိုင္ေမာ့ေဖာ့ေယာင္းေပၚတြင္ရစ္ပတ္ ထားေသာ ေၾကးေခြတို ့သည္ တကြင္းစီစြပ္ထားသည္ မဟုတ္ပဲ ေၾကးေခ်ာင္းအရွည္ကို ကိြဳင္ကဲ ့သို ့ရစ္ထားျခင္း ျဖစ္ ပါသည္။ ေၾကးေခြ၏ အရြယ္အစားမွာ အမ်ိဳးသမီး တစ္ဦး၏ သာမန္လက္သန္း အရြယ္ထက္ အနည္းငယ္သာ ေသးသည္ ။ ကယန္း အမ်ိဳးသမီး တို ့၏ လည္ပင္းတြင္ ေၾကးေခြသာမကပဲ ေငြျပား ၊ ေဘာ္ျပား ၊ ဒဂၤါးျပား ၊ကိုတြဲလြဲ ဆြဲ၍ အလွဆင္ၾကသည္ ။ ထို ေၾကးေခြမ်ားကို ျပန္ျဖဳတ္ လိုက္လွ်င္လည္း လည္တိုင္သည္ မည္သို ့မွ် ယိမ္းယိုင္ျခင္းမရွိေပ ။ ေရွးက လည္တိုင္ အနည္းငယ္ သြယ္၍ ရွည္လာ မည္ဟု ယူဆၾကေသာ္ လည္း ဓါတ္မွန္ ရိုက္ၾကည့္ေသာ အခါ ထိုအယူအဆ ပ်က္ျပယ္သြား ရေပသည္ ။ အေၾကာင္းမွာ ေၾကးကြင္းေၾကာင့္ လည္ပင္း ရွည္ထြက္လာရ သည္မဟုတ္ပဲ လည္ပင္းတြင္ စြပ္ထားေသာ ေၾကးကြင္းအေလး ခ်ိန္ေၾကာင့္ ညွပ္ရိုး နံရိုးနွင့္ ေက်ာရိုးမ်ား ေအာက္ ဘက္သို ့ ကိုင္းညြတ္ နိမ့္ဆင္း သြားသည္ဟု သိရပါ သည္ ။
ကယန္း အမ်ိဳးသမီးတို ့သည္ အဘယ့္ေၾကာင့္ ေၾကးေခြပတ္ၾကသည့္ အေၾကာင္းအရင္း ကိုမူ ယေန ့တိုင္ အေထာက္အထား မ်ား အတိအက်မရွိ ၊ သိရွိနိုင္ျခင္း မရွိၾကေသးေသာ္ လည္း သက္ၾကီးစကား သက္ငယ္ ၾကား အေနျဖင့္ လက္ဆင့္ကမ္းလာ ေသာ ထင္ျမင္ယူဆခ်က္ တခ်ိဳ ့ကို ေဖာ္ျပပါမည္ ။
-လူမ်ိဳးတစ္အုပ္စု မွ တစ္အုပ္စုသို ့ ထြက္မေျပးနိုင္ေအာင္ ေၾကးေခြမ်ားနွင့္ အေလးစီးတြယ္ေနွာင္ထားသည္ ဟုလည္းေကာင္း။
-ကယန္းတို ့သည္ နဂါးမ်ိဳးႏြယ္မွ ဆင္းသက္လာသည္ဟု ယံုၾကည္လ်က္ရွိျခင္းေၾကာင့္ နဂါးနွင့္ အသြင္တူရန္ ေၾကးေခြရစ္ ပတ္သည္ ဟုလည္းေကာင္း။
-အပ်ိဳစစ္မစစ္၊ အရြယ္ေရာက္ မေရာက္၊ ေၾကးေခြရစ္ပတ္ ထားသည္ကို ၾကည့္ျခင္း အားျဖင့္သိရိွခြဲျခား နိုင္သည္ ဟုလည္း ေကာင္း။
-ေရွးေခတ္က လူမ်ိဳး တစ္အုပ္စုနွင့္တစ္အုပ္စု တို ့ တိုက္ခိုက္ၾကျပီး နိုင္သူက ရံႈးသူကို ဖမ္းယူသြားေလ့ရွိရာ ထြက္မေျပးေစ နိုင္ေအာင္ ေၾကးေခြ ရစ္ပတ္ထားသည္ ဟုလည္းေကာင္း။
-ကယန္း အမ်ိဳးသမီးတို ့ ေတာနက္ၾကီးထဲတြင္ ခရီးသြား လာလွ်င္ သားရဲတိရိစာၦန္မ်ား ၏ရန္မူျခင္းမွာကင္းေဝးေစရန္ ဟု လည္းေကာင္း။
- ကယန္းတို ့သည္ ေရွးအခါက ေရႊတြင္း၊ ေငြတြင္း မ်ားျဖင့္ ေရႊေငြ၊ ရတနာ မ်ားေပါမ်ားသူမ်ား ျဖစ္ခဲ ့ၾကသျဖင့္ ေပ်ာ့ေပ်ာင္း ေသာ ေရႊေခ်ာင္း၊ ေငြေခ်ာင္းမ်ားျဖင့္ ေရႊတြဲလဲ ၊ေငြတြဲလဲ ရစ္ပတ္ဝတ္ယတ္ဆင္ၾက ရာမွ ေရႊေငြ ရွားေပါးေသာ အခါ ေၾကးေခြ သို ့ ေျပာင္းလည္း ဝတ္ဆင္လာၾက သည္ ဟုလည္းေကာင္း။
- တစ္ခ်ိန္က ကယန္း တို ့သည္ ေရႊတိဂံု ေစတီေတာ္ျမတ္ၾကီး ကို ဖူးေမွ်ာ္ခဲ ့ရာမွ မိမိတို ့ေဒသတြင္ ေရႊေငြ ရတနာ ေပါမ်ားသည့္ အေလ်ာက္ မိမိလည္တိုင္ကို ေစတီပမာ ရစ္ပတ္ထားသည္ ဟုလည္းေကာင္း ထင္ျမင္ယူဆ ခ်က္ မ်ားမွ အပ အျခား တိက်ေသာ သမိုင္း မွတ္တမ္းမ်ိဳး မေတြ ့ရေသးေပ ။
ယခုခ်ိန္အထိ လူအမ်ားစိတ္ဝင္စားေနၾကသလို လည္တိုင္တြင္ ေၾကးေခြ စြပ္ထားမႈေၾကာင့္ ကယန္းအမ်ိဳးသမီးေလာကတြင္ က်န္းမာေရး ထိခိုက္ နိုင္သေလာ ၊ သက္တမ္းတို နိုင္သေလာ ၊လူဦးေရ ေပါက္ဖြား မႈကို အဟန္ ့အတား ျဖစ္ေစသေလာ ဟူ သည့္ေမးခြန္းမ်ားအတြက္ အေျဖေပးရမည္ ဆိုလွ်င္ မည္သည့္ အႏ ၱရာယ္ ထိခိုက္မႈ တစံုတရာ မွ မျဖစ္ေစေၾကာင္း သိရပါ သည္ ။ ထို ့ျပင္ ေၾကးကြင္းစြပ္ အလွအပ ျခယ္သမႈသည္ က်န္းမာေရး အတြက္ ထူးျခားစြာ အန ၱရာယ္ မျဖစ္ေစေၾကာင္းလည္း သိရပါသည္ ။ မည္သို ့ပင္ ျဖစ္ေစ လူမ်ိဳးတိုင္း ၊ လူမ်ိဳးတိုင္း အလွကိုယ္စီ ရွိၾကပါသည္ ။ သဘာဝ မွေပးအပ္ထားေသာ အလွ အပထက္ ပိုမို လွခ်င္သူမ်ားမွာ အမ်ိဳးသမီး မ်ားပင္ ျဖစ္သည္ ။ အမ်ိဳးသမီးမ်ားသည္ မိမိကိုယ္ကို လွပေစရန္ ဖန္တီးေဆးျခယ္ ျပဳျပင္ ၾကရာတြင္ တစ္ဦးနွင့္တစ္ဦး မတူညီၾကေခ် ။ မိမိ တို ့၏ကိုယ္ပိုင္စိတ္ကူး နွင့္ နီးစပ္ရာ လက္လွမ္းမီရာ အေထာက္ အကူ ပစၥည္းမ်ား နွင့္ ဆန္းသစ္စြာ ျပဳျပင္ လိုၾကသည္ ။ ေနထိုင္ရာ အရပ္ေဒသ နွင့္ လူမ်ိဳးစု ယဥ္ေက်းမႈတို ့ နွင့္အညီ သင့္ေလ်ာ္ေသာ ဝတ္စား ဆင္ယင္ ထံုးဖြဲ ့ျပဳျပင္ ခ်ယ္သမႈမ်ားမွာ အမ်ိဳးမ်ိဳး ကြဲျပားလ်က္ တေက်ာင္း တစ္ရြာ တစ္ဂါထာ ဆန္း ဆိုသလို မွတ္တမ္းတင္ ထား၍ေပ မဆံုးနိုင္ေအာင္ျဖစ္ရသည္ ။ ထို ကဲ ့သို ့ထူးျခား ဆန္းျပားစြာ အလွဆင္ တတ္ေသာ အမ်ိဳးသမီးထု ထဲမွ ျမန္မာနိုင္ငံရွိ ကယန္း အမ်ိဳးသမီးတို ့၏ အလွအပ ျခယ္သမႈကျဖင့္ တမူထူးျခား လွသည္ ဟုဆိုရေပမည္ ။
ျမန္မာနိုင္ငံတြင္ လူဦးေရနည္းပါးရံု သာမက လူသိနည္းပါး လွေသာ ကယန္း အမ်ိဳးသမီးတို ့ကို တစ္ခါျမင္ဖူး ရံုႏွင့္ တသက္မ ေမ ့နိုင္စရာ ျဖစ္ေသာ ဆန္းၾကယ္လွပသည့္ ဆင္ယင္ထံုးဖြဲ ့မႈကား အံ့ၾသ၍ မကုန္နိုင္ဖြယ္ပင္ ။
စာကိုး။ ။ ျပည္ေထာင္စု တိုင္းရင္းသား ဖြံ ့ျဖိဳးေရးသိပၸံ ၁၉၈၉-၉၀ ေငြ၇တု အထိမ္းအမွတ္ မဂၢဇင္းမွ ေဆာင္းပါးရွင္ ခြန္နီ ေကာလတ္စ္ ၏ ေဆာင္းပါး ကို ကိုးကားထားပါသည္။
Photo from ;I am a child.wordpress.com
(၇ ၊ ၆ ၊ ၂၀၁၃ )
(Unicode Version)
ကယန်းလူမျိုး များသည် အခြားမဟုတ်လည်ပင်းတွင် ခွေစွပ်ထားသော အမျိုးသမီးများ ကြောင့် ကမ္ဘာကပင် စိတ်ဝင်စားကြ သည်ကို လူတိုင်းသိရှိပြီး ဖြစ်လေသည်။ ကယန်း ဟူသောစကား သည် (ကမ်းယန် ့)မှဆင်းသက် ပြောင်းလဲ လာသော စကား ဖြစ်သည်။ (ကမ်း) ဟူသော အဓိပ္ပါယ်မှာ နယ်မြေဒေသ၊ နယ်ပယ်၊ ဧရိယာ သတ်မှတ်ထားသော မြေသား အကျယ်အဝန်း ဖြစ်၍ ၊(ယန် ့) ဆိုသည်မှာ စွဲစွဲ မြဲမြဲရှိခြင်း၊ အတည်တကျ ရှိခြင်းဟု အဓိပ္ပါယ် ဆောင်သည်။ သို ့ဖြစ်ပါ၍ ကယန်း၏ အဓိပ္ပါယ် မှာ နယ်မြေဒေသ တစ်ခုအတွင်းအတည်တကျ နေသော သူများကို ခေါ်ဆိုခြင်းဖြစ်သည်။ ၎င်းတို ့အား (ပဒေါင်) ဟု ခေါ်လျှင် နှစ်သက်လေ ့မရှိပေ။ ပဒေါင် ဟုခေါ်ဆိုခြင်း မှာ ကယန်းဘာသာစကား မဟုတ်ပဲ ၊ ရှမ်းဘာသာစကား (ယန်းပဒေါင်း) ဟု အဓိပ္ပါယ်ရှိရာရှမ်းဘာသာ စကားဖြင်း ယန်း= ကရင်မျိုးနွယ် ၊ ပဒေါင်း= ကြေးပတ် ဖြစ်ရာ ယန်းပဒေါင်းကို ကြေးခွေစွပ်ထား သော ကရင်လူမျိုး ၊ရှမ်းဘာသာစကားဖြစ်သော ယန်းပဒေါင်း မှတွင်လာခြင်း ကြောင့် ဖြစ်သည်။ ကယန်း ပဒေါင် တို ့သည် အခြားတိုင်းရင်းသာ များနည်းတူ မွန်ဂိုကုန်းမြင့် ဒေသမှ ရေကြည်ရာ မြက်နုရာ အရပ်သို ့ တရွေ ့ရွေ ့ ဆင်းလာကြရာ မှ ယန်းစီမြစ် နှင့် ဟန်ဟို မြစ်ဖျားတွင် နေထိုင်ခဲ ့ဖူး သဖြင့် ယင်းဒေသ များမှ ဆင်းသက်လာသည်ကို အစွဲပြု၍ ကယန်းဟု ခေါ်ခြင်းဖြစ်သည် ဟုယူဆခဲ ့ကြသည်။
တရုတ်ပြည် ယန်စီ မြစ်ဝမ်းဒေသ မှ အေဒီ ၉- ရာစု တွင် သံလွင် စစ်တောင်း နှင့် ဧရာဝတီ မြစ်၊ ရမည်းသင်း အရှေ ့ဘက်၊ ရှမ်းရိုးမ တောင်တန်း များပေါ်သို ့ အဆင့်ဆင့် ပြောင်းရွှေ ့ကြပြီး စွဲစွဲ မြဲမြဲ အတည်တကျ နေထိုင် လျက်ရှိကြသည် ။ ကယန်း လူမျိုးစုတို ့သည် အခြားတောင်ပေါ်တိုင်းရင်းသား များကဲ ့သို ့ အုပ်စုလိုက် ပြောင်းရွှေ ့နေထိုင်လေ့ မရှိကြပဲ ရှေးပဝေဏသီ ခေတ်ကာလ မှသည် ယနေ ့ထက်တိုင်အောင် မိုဗြဲတောင်ပေါ် နှင့် အင်း၏ အနောက်ထက်ကမ်း ဖယ်ခုံမြို ့နယ် ဘီကင်း ၊ဆီးဆူး၊ စနိုက် ၊လအိဒေသ၊ ပင်လောင်းနယ်စပ် မှ ရမည်းသင်း ပျဉ်းမနားလွင်ပြင် အကြား တို ့တွင် ရှိသော ရှမ်းရိုးမတောင်တန်း ကြီးများပေါ်တွင် အမြဲပင် နေထိုင်လျက်ရှိကြသည်။ ကယန်း၊ ကရင်၊ ကယား ဂေမို၊ ဂေဘား၊ ယင်းဘော်၊ ယင်းတလဲ၊ ယင်းကြား စသည့် လူမျိုးစုတို ့သည် လူမျိုးတူ အုပ်စုတစ်ခုတည်းမှ ဆင်းသက်လာ ကြသည်။
ကမ္ဘာပေါ်တွင် ထင်ရှားလှသော ကယန်းပျိုမေတို ့၏ ဆင်ယင် ထုံးဖွဲ ့မှုအလှ။
ကယန်းအမျိုးသမီးတို ့၏ ဝတ်စားဆင်ယင်မှုမှာ ကမ္ဘာ ့အလယ် အံ့ဖွယ်တရပ်အဖြစ် တည်ရှိနေပေသည်။ သူတို ့၏ လည်တိုင်၊ လက်ကောက်ဝတ် မှတံတောင်ဆစ်အထိ နှင့် ခြေမျက်စိမှ ၊ဒူးဆစ် အထိ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ တွင်ကြေးခွေ များဖြင် ့ ရစ်ပတ်ခွေလျက် အလှဆင် ဝတ်စားတတ်သည်မှာ အများအသိပင်ဖြစ်သည်။ တစ်ကိုယ်လုံးပေါ်ရှိ ကြေးခွေများကို ချိန်တွယ် လိုက်မည် ဆိုပါက စုစုပေါင်း အလေးချိန်မှာ ပေါင် ၆၀ (၁၇ ပိဿာ ခန် ့)ထက်မနည်း ရှိလေသည် ။ ထိုအလေးချိန်တို ့ကို ခန္ဓာ ကိုယ်တွင် သယ်ပိုးပြီး အမျိုးသမီိးတို ့၏ နိစ္စဓူဝ တာဝန် တို ့ဆောင်ရွက် နိုင်သည်မှာ အလွန်ပင် အံ့သြ ချီးကျူးဖွယ် ဖြစ်ပါ သည်။ ထို ့ကြောင့် ကမ္ဘာ ့အ့ံဖွယ် အမျိုးသမီးများဟု ကမ္ဘာတဝှမ်း မှသတ်မှတ်ထား ကြခြင်းဖြစ်ပေသည် ။ ယနေ ့ခေတ် ကယန်း အမျိုးသမီးငယ် များငည် ခေတ်နှင့်အညီဆင်ယင် ထုံးဖွဲ ့လျက် ကြေးကွင်းစွပ်သော အလေ့ကိုမပြုလုပ်ကြပေ ။ သို ့ သော်လည်း အများစုမှာမူ မိမိတို ့ယဉ်ကျေးမှု ဓလေ့ထုံးစံကို မပျောက် မပျက်အောင် ထိန်းသိမ်းသော အားဖြင့်လည်းကောင်း၊ မိရိုးဖလာ ယဉ်ကျေးမှုကို ထိမ်းသိမ်းသော အားဖြင့် လည်းကောင်း ၊ မိဘများ၏ တိုက်တွန်း နှိုးဆော်မှုကြောင့်လည်းကောင်း ၊ ကြေးကွင်းစွပ် အလေ ့ကို ဆက်လက် ဆင်ယင်ထုံးဖွဲ ့နေလျက်ရှိသေး သည်ကိုတွေ ့ရသည် ။
ကယန်း အမျိုးသမီးတို ့သည် အသက် ၅ နှစ်အရွယ် မှစ၍ ကြေးခွေပတ်လေ ့ရှိပြီး စတင်ခွေပတ်ချိန်တွင် နှစ်ခွေမှ သုံးခွေ အထိ ခွေပတ်ကာ အသက်ဆယ်နှစ်ကျော်လျှင် ယခင် ငါးနှစ်သမီး က ရစ်ပတ်ခဲ ့သော ကြေးခွေ သုံးလေးခွေကို ဖြုတ်ပြီး ဆယ်ခွေအထိ ရစ်ပတ်သည် ။ အသက် နှစ်ဆယ်ကျော်လျှင် ကြေးခွေ တစ်ဆယ့် ငါးရစ်မှ နှစ်ဆယ်ရစ် အထိခွေပတ်ပြန်သည်။ လည်တိုင် အတိုင်း အထက်ပါ ရစ်ပတ်ထားသော ကြေးခွေများ တည်ငြိမ်စေရန် လည်ပင်းအောက်ခံ ပုခုံးနှစ်ဖက်ပေါ်တွင် သီး ခြားရစ်ပတ်ထားသည့် ကြေးခွေများလည်း ရှိပြန်သည် ။ ကယန်း အမျိုးသမီးတို ့၏ လည်တိုင်မော့ဖော့ယောင်းပေါ်တွင်ရစ်ပတ် ထားသော ကြေးခွေတို ့သည် တကွင်းစီစွပ်ထားသည် မဟုတ်ပဲ ကြေးချောင်းအရှည်ကို ကွိုင်ကဲ ့သို ့ရစ်ထားခြင်း ဖြစ် ပါသည်။ ကြေးခွေ၏ အရွယ်အစားမှာ အမျိုးသမီး တစ်ဦး၏ သာမန်လက်သန်း အရွယ်ထက် အနည်းငယ်သာ သေးသည် ။ ကယန်း အမျိုးသမီး တို ့၏ လည်ပင်းတွင် ကြေးခွေသာမကပဲ ငွေပြား ၊ ဘော်ပြား ၊ ဒင်္ဂါးပြား ၊ကိုတွဲလွဲ ဆွဲ၍ အလှဆင်ကြသည် ။ ထို ကြေးခွေများကို ပြန်ဖြုတ် လိုက်လျှင်လည်း လည်တိုင်သည် မည်သို ့မျှ ယိမ်းယိုင်ခြင်းမရှိပေ ။ ရှေးက လည်တိုင် အနည်းငယ် သွယ်၍ ရှည်လာ မည်ဟု ယူဆကြသော် လည်း ဓါတ်မှန် ရိုက်ကြည့်သော အခါ ထိုအယူအဆ ပျက်ပြယ်သွား ရပေသည် ။ အကြောင်းမှာ ကြေးကွင်းကြောင့် လည်ပင်း ရှည်ထွက်လာရ သည်မဟုတ်ပဲ လည်ပင်းတွင် စွပ်ထားသော ကြေးကွင်းအလေး ချိန်ကြောင့် ညှပ်ရိုး နံရိုးနှင့် ကျောရိုးများ အောက် ဘက်သို ့ ကိုင်းညွတ် နိမ့်ဆင်း သွားသည်ဟု သိရပါ သည် ။
ကယန်း အမျိုးသမီးတို ့သည် အဘယ့်ကြောင့် ကြေးခွေပတ်ကြသည့် အကြောင်းအရင်း ကိုမူ ယနေ ့တိုင် အထောက်အထား များ အတိအကျမရှိ ၊ သိရှိနိုင်ခြင်း မရှိကြသေးသော် လည်း သက်ကြီးစကား သက်ငယ် ကြား အနေဖြင့် လက်ဆင့်ကမ်းလာ သော ထင်မြင်ယူဆချက် တချို ့ကို ဖော်ပြပါမည် ။
-လူမျိုးတစ်အုပ်စု မှ တစ်အုပ်စုသို ့ ထွက်မပြေးနိုင်အောင် ကြေးခွေများနှင့် အလေးစီးတွယ်နှောင်ထားသည် ဟုလည်းကောင်း။
-ကယန်းတို ့သည် နဂါးမျိုးနွယ်မှ ဆင်းသက်လာသည်ဟု ယုံကြည်လျက်ရှိခြင်းကြောင့် နဂါးနှင့် အသွင်တူရန် ကြေးခွေရစ် ပတ်သည် ဟုလည်းကောင်း။
-အပျိုစစ်မစစ်၊ အရွယ်ရောက် မရောက်၊ ကြေးခွေရစ်ပတ် ထားသည်ကို ကြည့်ခြင်း အားဖြင့်သိရှိခွဲခြား နိုင်သည် ဟုလည်း ကောင်း။
-ရှေးခေတ်က လူမျိုး တစ်အုပ်စုနှင့်တစ်အုပ်စု တို ့ တိုက်ခိုက်ကြပြီး နိုင်သူက ရှုံးသူကို ဖမ်းယူသွားလေ့ရှိရာ ထွက်မပြေးစေ နိုင်အောင် ကြေးခွေ ရစ်ပတ်ထားသည် ဟုလည်းကောင်း။
-ကယန်း အမျိုးသမီးတို ့ တောနက်ကြီးထဲတွင် ခရီးသွား လာလျှင် သားရဲတိရိစ္ဆာန်များ ၏ရန်မူခြင်းမှာကင်းဝေးစေရန် ဟု လည်းကောင်း။
- ကယန်းတို ့သည် ရှေးအခါက ရွှေတွင်း၊ ငွေတွင်း များဖြင့် ရွှေငွေ၊ ရတနာ များပေါများသူများ ဖြစ်ခဲ ့ကြသဖြင့် ပျော့ပျောင်း သော ရွှေချောင်း၊ ငွေချောင်းများဖြင့် ရွှေတွဲလဲ ၊ငွေတွဲလဲ ရစ်ပတ်ဝတ်ယတ်ဆင်ကြ ရာမှ ရွှေငွေ ရှားပေါးသော အခါ ကြေးခွေ သို ့ ပြောင်းလည်း ဝတ်ဆင်လာကြ သည် ဟုလည်းကောင်း။
- တစ်ချိန်က ကယန်း တို ့သည် ရွှေတိဂုံ စေတီတော်မြတ်ကြီး ကို ဖူးမျှော်ခဲ ့ရာမှ မိမိတို ့ဒေသတွင် ရွှေငွေ ရတနာ ပေါများသည့် အလျောက် မိမိလည်တိုင်ကို စေတီပမာ ရစ်ပတ်ထားသည် ဟုလည်းကောင်း ထင်မြင်ယူဆ ချက် များမှ အပ အခြား တိကျသော သမိုင်း မှတ်တမ်းမျိုး မတွေ ့ရသေးပေ ။
ယခုချိန်အထိ လူအများစိတ်ဝင်စားနေကြသလို လည်တိုင်တွင် ကြေးခွေ စွပ်ထားမှုကြောင့် ကယန်းအမျိုးသမီးလောကတွင် ကျန်းမာရေး ထိခိုက် နိုင်သလော ၊ သက်တမ်းတို နိုင်သလော ၊လူဦးရေ ပေါက်ဖွား မှုကို အဟန် ့အတား ဖြစ်စေသလော ဟူ သည့်မေးခွန်းများအတွက် အဖြေပေးရမည် ဆိုလျှင် မည်သည့် အန ္တရာယ် ထိခိုက်မှု တစုံတရာ မှ မဖြစ်စေကြောင်း သိရပါ သည် ။ ထို ့ပြင် ကြေးကွင်းစွပ် အလှအပ ခြယ်သမှုသည် ကျန်းမာရေး အတွက် ထူးခြားစွာ အန ္တရာယ် မဖြစ်စေကြောင်းလည်း သိရပါသည် ။ မည်သို ့ပင် ဖြစ်စေ လူမျိုးတိုင်း ၊ လူမျိုးတိုင်း အလှကိုယ်စီ ရှိကြပါသည် ။ သဘာဝ မှပေးအပ်ထားသော အလှ အပထက် ပိုမို လှချင်သူများမှာ အမျိုးသမီး များပင် ဖြစ်သည် ။ အမျိုးသမီးများသည် မိမိကိုယ်ကို လှပစေရန် ဖန်တီးဆေးခြယ် ပြုပြင် ကြရာတွင် တစ်ဦးနှင့်တစ်ဦး မတူညီကြချေ ။ မိမိ တို ့၏ကိုယ်ပိုင်စိတ်ကူး နှင့် နီးစပ်ရာ လက်လှမ်းမီရာ အထောက် အကူ ပစ္စည်းများ နှင့် ဆန်းသစ်စွာ ပြုပြင် လိုကြသည် ။ နေထိုင်ရာ အရပ်ဒေသ နှင့် လူမျိုးစု ယဉ်ကျေးမှုတို ့ နှင့်အညီ သင့်လျော်သော ဝတ်စား ဆင်ယင် ထုံးဖွဲ ့ပြုပြင် ချယ်သမှုများမှာ အမျိုးမျိုး ကွဲပြားလျက် တကျောင်း တစ်ရွာ တစ်ဂါထာ ဆန်း ဆိုသလို မှတ်တမ်းတင် ထား၍ပေ မဆုံးနိုင်အောင်ဖြစ်ရသည် ။ ထို ကဲ ့သို ့ထူးခြား ဆန်းပြားစွာ အလှဆင် တတ်သော အမျိုးသမီးထု ထဲမှ မြန်မာနိုင်ငံရှိ ကယန်း အမျိုးသမီးတို ့၏ အလှအပ ခြယ်သမှုကဖြင့် တမူထူးခြား လှသည် ဟုဆိုရပေမည် ။
မြန်မာနိုင်ငံတွင် လူဦးရေနည်းပါးရုံ သာမက လူသိနည်းပါး လှသော ကယန်း အမျိုးသမီးတို ့ကို တစ်ခါမြင်ဖူး ရုံနှင့် တသက်မ မေ ့နိုင်စရာ ဖြစ်သော ဆန်းကြယ်လှပသည့် ဆင်ယင်ထုံးဖွဲ ့မှုကား အံ့သြ၍ မကုန်နိုင်ဖွယ်ပင် ။
စာကိုး။ ။ ပြည်ထောင်စု တိုင်းရင်းသား ဖွံ ့ဖြိုးရေးသိပ္ပံ ၁၉၈၉-၉၀ ငွေရတု အထိမ်းအမှတ် မဂ္ဂဇင်းမှ ဆောင်းပါးရှင် ခွန်နီ ကောလတ်စ် ၏ ဆောင်းပါး ကို ကိုးကားထားပါသည်။
Photo from ;I am a child.wordpress.com
(၇ ၊ ၆ ၊ ၂၀၁၃ )