(ZawGyi)
ျမန္မာေတြလဲ ဘယ္တုန္းက ေနဝင္ဆည္းဆာခ်ိန္အလွကို ခံစားသြားတတ္ၾကလဲမသိ ပုဂံေရာက္လို႔မွ ေနဝင္ရီတေရာခ်ိန္ဆိုရင္ ေရႊဆံေတာ္ကို ေျပးသြားတတ္ခဲ႔ၾကျပီ ေရႊေရာင္ေတာက္ေနတဲ႔ ေနဝင္ခ်ိန္အလွဟာ ယဥ္ေက်းမႈ ကူးလူးဆက္ဆံမွဳ ဆက္ခံမႈမ်ားၾကားမွာ ခ်ိဳျမျမ ေအးစက္စက္ မန္က်ည္းေဖ်ာ္ရည္တစ္ခြက္အလား လန္းဆန္းေစသည္ဟု ခံစားမိၾကတာမ်ား ျဖစ္ေလမလား
ထားပါေတာ႔
အာနႏၵာဂူဘုရားၾကီးဆိုရင္လဲ ပုဂံသြားေတာလား၏ အေရးပါေသာ ေခါင္းစဥ္တစ္ခုျဖစ္ေနတာ ေျမၾကီးလက္ခတ္မလြဲ
စည္ကားသည္ ခမ္းနားသည္ အလွဴ႕ဒါယိကာၾကီးကို လူတိုင္းသိၾကသည္ ၾကည္ညိဳသပၸါယ္စရာေကာင္းလွသည္႔အျပင္ က်ယ္ဝန္းကာ အရိပ္အာဝါသ အျပည္႔နွင္႔ ေအးေအးလူလူ နားေနနိုင္ေသာ ေနရာဌာနတစ္ခုမို႔ ပုဂံနွင္႔ အာနႏၵာကို ဘယ္ေတာ႔မွ မခြဲ
ဒါလဲထားလိုက္ပါဦး
ထားလို႔မရတာက ဒီဘုရားနွစ္ခုၾကားက ေလာကထိပ္ပန္ဆိုတဲ႔ အလယ္အလတ္အရြယ္ ဂူဘုရားေလးကို ကပ္ေက်ာ္ေနၾကတာကိုပါပဲ
ပုဂံေခတ္ေကာင္းခ်ိန္က လက္ရာတစ္ခုလို႔ ခန္႔မွန္းနိုင္တဲ႔ ေလာကထိပ္ပန္ဘုရားကို လူေတြစိတ္မဝင္စားၾကတာ အျပစ္လို႔လဲ ေျပာမရ လက္ညွိဳးထိုးမလြဲေအာင္မ်ားတဲ႔ ပုဂံဘုရားမ်ားကို ေပးနိုင္တဲ႔ အခ်ိန္တြင္း အလ်ဥ္မီေအာင္ ဝင္ဖူးနိုင္ဖို႔ဆိုတာက မလြယ္လွ လူသိမ်ားတဲ႔ ေနရာေတြကို ေရာက္ေအာင္သြားနိုင္ဖို႔သာ စိတ္ေစာေနၾကရတာကိုး
သည္ေတာ႔
အလွဴရွင္၏ တန္ခိုးတြင္သာ ေျပး၍ ခယေနၾကတာက မဆန္းၾကယ္ပါ
ေလာကထိပ္ပန္သည္ သံတံခါးနဲ႔ အေစာင္႔နဲ႔ ဘုရားတစ္ဆူ ျဖစ္ေနသည္မို႔ ထိုေနရာတြင္ ထိန္းသိမ္းဖြယ္ရာ တစ္စံုတစ္ခုရွိေနမည္မဟုတ္လား
ေရွးေဟာင္းသုေတသန ပညာကို စိတ္ဝင္စားမိတာ တစ္ခုေတာ႔ေတာ္ေတာ္မေကာင္းပါ
ဘုရားျမင္ရင္ ဦးခ်ဖို႔ထက္ စပ္စုဖို႔သာ အရင္ၾကိဳးစားမိသည္
တခါတခါ တစ္ပတ္ျပည္႔ေအာင္ပတ္မိျပီး ျပန္ထြက္လာခ်ိန္ထိ ဘုရားဆင္းတုကို ဦးမခိုက္မိတဲ႔အထိ ဆိုးဝါးပါသည္
ျမန္မာ႔ဓေလ႔ ဘာသာေရးအယူအဆနဲ႔ နည္းပညာ အယူအဆတို႔အၾကား မေလ်ာ႔မတင္း ေစာင္းၾကိဳးညွင္း အလယ္အလတ္ လမ္းအတိုင္း အဆင္ေျပေအာင္ ေနတတ္ဖို႔ သတိကိုယ္မွာ ကပ္ထားနိုင္ဖို႔ ကိုယ္႔ကိုယ္ကို အျမဲေဆာ္ၾသေနရသည္
ေလာကထိပ္ပန္ / ေလာကထိပ္ပန္း
အေလာင္းစည္သူမင္းၾကီး၏ ေကာင္းမႈ ၁၂ရာစုလက္ရာ
ေရႊဆံေတာ္ကို ေနာက္ခိုင္းလ်က္ နန္းေတာ္ရာေဟာင္းရွိရာ ေျမာက္ဘက္သို႔လွည္႔ျပီးတည္ေဆာက္ထားတဲ႔ ဂူဘုရားတစ္ဆူ
ေလာကထိပ္ပန္သည္ ေျမာက္ဘက္သို႔လွည္႔ျပီး တည္ေဆာက္ထားခဲ႔ေသာ အက်ိဳးေက်းဇူးကို ေကာင္းေကာင္းခံစားေနရသည္ဟူေသာ မွတ္ခ်က္ကို ပုဂံသူၾကီး ဆရာၾကီး ဦးေအာင္ၾကိဳင္၏ ညဘက္စာသင္ဝိုင္းတြင္ မွတ္သားခဲ႔ရသည္
တိုက္မနဲ႔ ေျမာက္ဘက္အာရုံခံ အခန္းနွစ္ခန္းသာပါျပီး တစ္ဘက္ပဲ မ်က္နွာဖြင္႔ထားသည္ က်န္သံုးဘက္မပါ အပိတ္သက္သက္
ဆင္းတုေတာ္မ်ား ထားရွိကိုးကြယ္ရန္ဟူေသာ ဂူဘုရားတည္ထားကိုးကြယ္ရျခင္း၏ အနွစ္သာရအတိုင္း ဆင္းတုေတာ္ၾကီးက သပၸါယ္စြာ
ကုလားေက်ာင္းခံဂူဘုရားလို႔လဲ ေခၚေလ႔ရွိတဲ႔ အေဆာက္အအံုကို အလယ္မ႑ိဳင္ (ကံ႔ကူဆံတံုး)နွင္႔ အာရံုခံအထက္တြင္ အမိုးဆင္ေျခေလ်ာ ပစၥယာအဆင္႔ဆင္႔နွင္႕ ကြမ္းေတာင္ေပါက္ထားသည္
ေအာက္ေျခမွ ကြမ္းေတာင္ေပါက္ဆံုးတိုင္ ၅၂ေပ အက်ယ္ဆံုးေတာင္နံရံက ၃၂ေပ၊ ခန္းမသီးသန္႔ ေတာင္ေျမာက္ကို ၂၀က်ယ္၍ ၂၅ေပရွည္သည္႔ အခ်ိဳးအစားက အရြယ္လတ္ ဂူဘုရားဟု ပညတ္မိခ်င္စရာ
ထိုဂူထဲတြင္ ရွစ္ခန္း ဗုဒၶဝင္ သရုပ္ေဖာ္ပံုမ်ားကို နံရံတြင္ ေရးဆြဲထားသည္ - ဗဟုသုတရွာမီးလိုသူ ပညာရွင္မ်ားအတြက္ နံရံေဆးေရးပန္းခ်ီရွိသည္႔ ဘုရားတစ္ဆူ
- ပုဂံသူၾကီး ဆရာၾကီး ဦးေအာင္ၾကိဳင္ပို႔ခ်ေသာ သင္ခန္းစာတြင္ အမ်ားဆံုး ဥပမာေပးျပသည္႔ေနရာ မင္းတို႔ သြားျဖစ္ေအာင္သြားၾကဟု တြင္တြင္တိုက္တြန္းသည္႔ ဘုရား
- ပုဂံမွာရွိရွိသမွ် ဘုရားမ်ားတြင္ ေဆးသားနွင္႔ အနုလက္ရာ အေကာင္းဆံုး ၾကြင္းက်န္ရစ္ေသာ နံရံေဆးေရး ပန္းခ်ီနွင္႔ ကမၸည္းစာေတြ ထိုဂူထဲတြင္ အေကာင္းအတိုင္းရွိေနသည္ ေနေရာင္မက်နိုင္တဲ႔ ေျမာက္ဘက္အရပ္သို႔ မ်က္နွာမူထားျခင္းက ေဆးသားမ်ားကို နဂိုအတိုင္း သစ္လြင္ေတာက္ပေနေအာင္ ပံ႔ပုိးထားခဲ႔သည္လား
-သမိုင္းဝင္ေစတီပုထိုးမ်ား စာအုပ္တြင္ ဦးသန္းေဆြက " ေလ႔လာစရာ နံရံေဆးေရးပန္းခ်ီရွိေသာ ေစတီပုထိုးမ်ား စာရင္းတြင္ " ေလာကထိပ္ပန္းကို ထည္႔သြင္းေဖာ္ျပထားသည္
- ဦးဗိုေက၏ "ပုဂံသုေတသန လမ္းညႊန္တြင္ " " ပုဂံတဝိုက္တြင္ ဤကဲ႔သို႔ ပုဂံေခတ္ပန္းခ်ီမ်ားနွင္႔ အေၾကာင္းအရာ ကမၸည္း စာတန္းမ်ား ျပည္႔ျပည္႔စံုစံု ပါရွိေသာ ဂူဘုရားကို ညႊန္ျပပါ ဆိုလွ်င္ ဤေလာကထိပ္ပန္းကို ညႊန္ျပနိုင္ပါသည္ ဇာတ္ကြက္ေကာက္နွုတ္ခ်က္မ်ား ဇာတ္ၾကီးဆယ္ဘြဲ႔ အေၾကာင္းအရာမ်ား နွစ္က်ိပ္ရွစ္ဆူဘုရားမ်ား အစရွိေသာ အေၾကာင္းအရာမ်ားကို ေရွးမြန္ဘာသာ အနည္းငယ္ျဖင္႔၎ ျမန္မာဘာသာ စာတန္းရွည္ၾကီးမ်ားျဖင္႔၎ ထင္ထင္ရွားရွား ေတြ႕ျမင္ဖတ္ရွဳနိုင္သည္ ပုဂံေခတ္လက္ရာပန္းခ်ီနွင္႔ ကမၸည္း စာတန္းမ်ားကို ေလ႔လာလိုသူမ်ားသည္ ဤေလာကထိပ္ပန္းအတြင္းတြင္ အခ်ိန္ယူသင္႔သည္"
- ဦးမ်ိဳးညႊန္႔ (ေရွးေဟာင္းသုေတသန)၏ ပိ႗ကတ္ေတာ္လာ ပုဂံေခတ္နံရံေဆးေရးပန္းခ်ီ စာအုပ္တြင္ အမ်ားဆံုး ေဖာ္ျပခံရသည္႔ အေၾကာင္းအရာ
- ေရနံ႕သာဝင္းေမာင္က ကမာၻေက်ာ္ပုဂံေရွးေဟာင္း ေစတီပုထိုးမ်ားစာအုပ္ထဲတြင္ " ေရႊဆံေတာ္ဘုရားသို႔ ဦးတည္သြားသူမ်ားသည္ ၎လမ္း၏ ဘယ္ဘက္တြင္ရွိေနေသာ ေလာကထိပ္ပန္ဘုရားထဲသို႔ ဝင္ၾကည္႔ရေကာင္းမွန္း မသိၾကေပ။ အမွန္မွာ ေလာကထိပ္ပန္ဘုရားထဲရွိ ပုဂံေရွးေဟာင္းအနုပညာ နံရံေဆးေရးပန္းခ်ီမ်ားသည္ ဂူေျပာက္ၾကီး ဘုရားသံုးဆူတို႔ကဲ႔သို႔ အထူးေကာင္းမြန္ေသာ လက္ရာမ်ားရွိေနသည္ "ဟုမခ်င္႔မရဲျငီးတြားခဲ႔သည္။
နံရံေဆးေရးပန္းခ်ီမ်ားကို လူတိုင္းေလ႔လာသင္႔ေၾကာင္း ဦးမ်ိဳးညႊန္႔ (ေရွးေဟာင္းသုေတသန)၏ ပိ႗ကတ္ေတာ္လာ ပုဂံေခတ္နံရံေဆးေရးပန္းခ်ီ စာအုပ္တြင္ ေဖာ္ျပထားေသာ ေအာက္ပါအခ်က္မ်ားနွင္႔ မီးေမာင္းထိုးျပခ်င္ပါသည္
- ပုဂံရွိအနုပညာလက္ရာမ်ားအနက္ နံရံေဆးေရးပန္းခ်ီက ထိပ္တန္းအဆင္႔ရွိျခင္း (အေရွ႕ေတာင္အာရွနွင္႔ အာရွတြင္သာမက ကမာၻ႔အဆင္႔တြင္ပင္ ထိပ္တန္းစာရင္းေပါက္သည္)
- ပုဂံကိုလင္းလက္ေတာက္ပေစရန္
- ထိုပန္းခ်ီမ်ားသည္ ေလာကေရးရာထက္ ဓမၼေရးရာက လႊမ္းျခံဳလ်က္ရွိ္ေသာေၾကာင္႔ စဥ္ဆက္မပ်က္ အက်ိဳးျပဳနိုင္ျခင္း
- ဗုဒၶ၏ အဆံုးအမ ေဒသနာမ်ားကို အေျခခံျပီးေရးဆြဲထားသျဖင္႔ လူၾကီး လူငယ္ အရြယ္မေရြးအတြက္ ယဥ္ေက်းလိမၼာ ဘာသာေရး အသိတိုးတက္ေစရန္ ကူညီျခင္း
- ေရွးျမန္မာတို႔ ေျပာျပခ်င္ေသာ အေၾကာင္းအရာမ်ား
- ေရွးျမန္မာတို႔၏ ပန္းခ်ီေရးဆြဲပံုစနစ္ကို ေလ႔လာနိုင္ျခင္း
- ေခတ္ကာလအလိုက္ ေျပာင္းလဲလာေသာ ဝတ္စားဆင္ယင္မႈနွင္႔ ပုဂံေခတ္ လူမႈေရးဆိုင္ရာမ်ားကိုသိနိုင္သည္
ေလာကထိပ္ပန္ဂူဘုရား၏ အျခင္းအရာမ်ားကို စာေတြ႕ေလ႔လာျပီးေသာ ေရွးေဟာင္းသုေတသနပညာ မိသားစု (ရန္ကုန္တကၠသိုလ္) ေလ႔လာေရးအဖြဲ႔သည္ ေလ႔လာေရးခရီး၏ ေနာက္ဆံုးရက္တြင္ ေလာကထိပ္ပန္ဘုရားသို႔ ေရာက္ရွိခဲ႔ၾကပါသည္။ နံနက္ေစာေစာ ၇နာရီခန္႔က ေလ႔လာေရးအဖြဲ႔ တည္းခိုရာ ဝက္ၾကီးအင္းဂူေျပာက္ၾကီးအနီးရွိ ဘုန္းၾကီးေက်ာင္းမွ ေျခလ်င္ခရီးျဖင္႔ ထြက္ခြာခဲ႔ေသာေၾကာင္႔ လမ္းမၾကီးကိုေသြဖီ၍ ေျမသားလမ္းအတိုင္းဆင္းခ်လာျပီး အဟမ္းေရကန္၊ စူဠာမဏိ၊ ဓမၼရံၾကီးနွင္႔ ေရႊဆံေတာ္တို႔ကို အစဥ္လိုက္ေလ႔လာကာ နံနက္ပိုင္း၏ ေနာက္ဆံုးခရီးအျဖစ္ ေလာကထိပ္ပန္ဂူဘုရားသို႔ ဝင္ခဲ႔ပါသည္။
ေျမာက္ဘက္သို႔လွည္႔ထားေသာ ၅ေပအက်ယ္ရွိ တစ္ခုတည္းေသာ ဝင္ေပါက္ကို က်ဴကန္႔လန္႔ကာျဖင္႔ အလင္းဝင္ေရာက္မႈ နည္းပါးေအာင္ ကာရံထားေသာ ဂူဘုရားက ေမွာင္ကုပ္ကုပ္ ေနမြန္းတည္႔ခ်ိန္တြင္ ဝင္ၾကည္႔မည္႔ လူမ်ား၍ စိတ္ညစ္စဖြယ္ ေကာင္းမည္မွာ အမွန္ျဖစ္ေပမယ္႔ ဆရာေတြ ညႊန္းလြန္းေသာ ဂူအတြင္းပိုင္းကို မုခ်ဝင္ၾကည္႔ျဖစ္ခဲ႔သည္
ထိုေနရာတြင္ မီးဆလိုက္ၾကီးမ်ားကမရွိေတာ႔ ပါလာသည္႔ဖုန္းမ်ားကို မီးဖြင္႔ကာ ၾကည္႔ဖို႔ၾကိဳးစားရပါသည္ ေက်ာင္းသားတို႔၏ တာဝန္မွာ ရွစ္ခန္းဗုဒၶဝင္ကို ျပည္႔ေအာင္ရွာၾကည္႔ဖို႔က ပထမ ေဆးသားအေရာင္သံုးစြဲထားပံုကို ေလ႔လာဖို႔က ဒုတိယ ပါဝင္ေသာဇာတ္လိုက္ေက်ာ္ၾကီးမ်ားကို ဘုရားေလာ၊ သိၾကားမင္းေလာ၊ ျဗဟၼာေလာ၊ နတ္ေလာ၊ ဘုရင္ေလာ၊ မိဖုရားေလာ၊ အမတ္ေလာ၊ စစ္သူၾကီးေလာ၊ အမႈထမ္းေလာ၊ ကၽြန္ေလာ အဆင္႔အတန္းခြဲျခားၾကည္႔ဖို႔က တတိယ မင္စာ ကမၸည္းစာရွာဖို႔က စတုတၳ၊ ဖတ္ဖို႔က ပဥၥမ စသည္ျဖင္႔ လုပ္စရာေတြမ်ားေသာ္ျငား လက္ေတြ႔ေလ႔လာမႈတြင္ ပထမအဆင္႔ကိုပင္ ေက်ာ္ဖို႔ခက္ခဲလွသည္
ထိုစဥ္ ဝင္ခ်င္ေဇာျဖင္႔ အမႈမထားခဲ႔မိေသာ ကယ္တင္ရွင္တစ္ဦးက အလင္းျပဖို႔ ေရာက္လာခဲ႔သည္ ေလာကထိပ္ပန္ဂူဘုရားက ကင္းေစာင္႔ၾကီးက ၾကီးမားေသာ လက္နွိပ္ဓါတ္မီးၾကီးျဖင္႔ ဇာတ္ကြက္မ်ားကို ထိုးျပျပီး တလက္စတည္းရွင္းျပကာ အဆင္႔ငါးဆင္႔စလံုးကို လြယ္ကူစြာ ေက်ာ္ျဖတ္နိုင္ဖို႔ ကူညီေပးခဲ႔ပါသည္ ထိုသူ၏ ေဖးမမႈေၾကာင္႔ စာေတြ႔နွင္႔ လက္ေတြ႔ ေပါင္းစပ္ေလ႔လာျခင္း လုပ္ငန္းစဥ္ကို ေအာင္ျမင္စြာ ေဆာင္ရြက္နိုင္ကာ ဝင္ရၾကိဳးနပ္ခဲ႔ရသည္
ဦးေအာင္ရွိန္
ေလာကထိပ္ပန္က ေမတၱာရွင္ၾကီးကား ဦးေအာင္ရွိန္ျဖစ္သည္ အသက္မွာ ၇၅နွစ္ရွိျပီဟု သိရေသာ္ျငား သူ႔၏လက္ရွိပံုစံက ရွိရင္းစြဲ အသက္ထက္အိုမင္းေနသည္ ထိုေနရာတြင္ တသတ္မွတ္တည္း စြဲစြဲျမဲျမဲ တာဝန္ထမ္းေဆာင္လာခ်ိန္မွာ ၂၁နွစ္သို႔ တိုင္ခဲ႔ျပီဟုလည္း ေျပာျပရွာသည္ လက္ရွိအလုပ္ကို စိတ္ဝင္တစားနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ တာဝန္ထမ္းေဆာင္ေနေၾကာင္းကိုလည္း ထပ္ေလာင္းေျပာျပသည္ အကူအညီလိုအပ္သူမ်ားထံ သူေပးနိုင္သည္႔ အရာကို ေဝမွ်ရင္း ဘဝေနဝင္ခ်ိန္ကို တန္ဖိုးရွိစြာ ေက်ာ္ျဖတ္ေနေသာ အဘၾကီးတစ္ေယာက္ ေနာင္နွစ္ေပါင္းမ်ားစြာ ၾကာသည္႔အခ်ိန္တိုင္ေအာင္ ေလာကထိပ္ပန္ဘုရားနွင္႔ တြဲလ်က္ ျမင္ခ်င္သည္႔ စာေရးသူဆႏၵ ျပည္႔နိုင္ပါေစလို႔ ဆုေတာင္းရင္း
နံရံ ေဆးေရးပန္းခီ်ပံုမ်ားကို ဦးမ်ိဳးၫြန္႔ စာအုပ္မွ ရ႐ွိပါသည္
သွ်င္ေလညင္း
၂၅၊ ၈၊ ၂၀၁၇။
(Unicode)
မြန်မာတွေလဲ ဘယ်တုန်းက နေဝင်ဆည်းဆာချိန်အလှကို ခံစားသွားတတ်ကြလဲမသိ ပုဂံရောက်လို့မှ နေဝင်ရီတရောချိန်ဆိုရင် ရွှေဆံတော်ကို ပြေးသွားတတ်ခဲ့ကြပြီ ရွှေရောင်တောက်နေတဲ့ နေဝင်ချိန်အလှဟာ ယဉ်ကျေးမှု ကူးလူးဆက်ဆံမှု ဆက်ခံမှုများကြားမှာ ချိုမြမြ အေးစက်စက် မန်ကျည်းဖျော်ရည်တစ်ခွက်အလား လန်းဆန်းစေသည်ဟု ခံစားမိကြတာများ ဖြစ်လေမလား
ထားပါတော့
အာနန္ဒာဂူဘုရားကြီးဆိုရင်လဲ ပုဂံသွားတောလား၏ အရေးပါသော ခေါင်းစဉ်တစ်ခုဖြစ်နေတာ မြေကြီးလက်ခတ်မလွဲ
စည်ကားသည် ခမ်းနားသည် အလှူ့ဒါယိကာကြီးကို လူတိုင်းသိကြသည် ကြည်ညိုသပ္ပါယ်စရာကောင်းလှသည့်အပြင် ကျယ်ဝန်းကာ အရိပ်အာဝါသ အပြည့်နှင့် အေးအေးလူလူ နားနေနိုင်သော နေရာဌာနတစ်ခုမို့ ပုဂံနှင့် အာနန္ဒာကို ဘယ်တော့မှ မခွဲ
ဒါလဲထားလိုက်ပါဦး
ထားလို့မရတာက ဒီဘုရားနှစ်ခုကြားက လောကထိပ်ပန်ဆိုတဲ့ အလယ်အလတ်အရွယ် ဂူဘုရားလေးကို ကပ်ကျော်နေကြတာကိုပါပဲ
ပုဂံခေတ်ကောင်းချိန်က လက်ရာတစ်ခုလို့ ခန့်မှန်းနိုင်တဲ့ လောကထိပ်ပန်ဘုရားကို လူတွေစိတ်မဝင်စားကြတာ အပြစ်လို့လဲ ပြောမရ လက်ညှိုးထိုးမလွဲအောင်များတဲ့ ပုဂံဘုရားများကို ပေးနိုင်တဲ့ အချိန်တွင်း အလျဉ်မီအောင် ဝင်ဖူးနိုင်ဖို့ဆိုတာက မလွယ်လှ လူသိများတဲ့ နေရာတွေကို ရောက်အောင်သွားနိုင်ဖို့သာ စိတ်စောနေကြရတာကိုး
သည်တော့
အလှူရှင်၏ တန်ခိုးတွင်သာ ပြေး၍ ခယနေကြတာက မဆန်းကြယ်ပါ
လောကထိပ်ပန်သည် သံတံခါးနဲ့ အစောင့်နဲ့ ဘုရားတစ်ဆူ ဖြစ်နေသည်မို့ ထိုနေရာတွင် ထိန်းသိမ်းဖွယ်ရာ တစ်စုံတစ်ခုရှိနေမည်မဟုတ်လား
ရှေးဟောင်းသုတေသန ပညာကို စိတ်ဝင်စားမိတာ တစ်ခုတော့တော်တော်မကောင်းပါ
ဘုရားမြင်ရင် ဦးချဖို့ထက် စပ်စုဖို့သာ အရင်ကြိုးစားမိသည်
တခါတခါ တစ်ပတ်ပြည့်အောင်ပတ်မိပြီး ပြန်ထွက်လာချိန်ထိ ဘုရားဆင်းတုကို ဦးမခိုက်မိတဲ့အထိ ဆိုးဝါးပါသည်
မြန်မာ့ဓလေ့ ဘာသာရေးအယူအဆနဲ့ နည်းပညာ အယူအဆတို့အကြား မလျော့မတင်း စောင်းကြိုးညှင်း အလယ်အလတ် လမ်းအတိုင်း အဆင်ပြေအောင် နေတတ်ဖို့ သတိကိုယ်မှာ ကပ်ထားနိုင်ဖို့ ကိုယ့်ကိုယ်ကို အမြဲဆော်သြနေရသည်
လောကထိပ်ပန် / လောကထိပ်ပန်း
အလောင်းစည်သူမင်းကြီး၏ ကောင်းမှု ၁၂ရာစုလက်ရာ
ရွှေဆံတော်ကို နောက်ခိုင်းလျက် နန်းတော်ရာဟောင်းရှိရာ မြောက်ဘက်သို့လှည့်ပြီးတည်ဆောက်ထားတဲ့ ဂူဘုရားတစ်ဆူ
လောကထိပ်ပန်သည် မြောက်ဘက်သို့လှည့်ပြီး တည်ဆောက်ထားခဲ့သော အကျိုးကျေးဇူးကို ကောင်းကောင်းခံစားနေရသည်ဟူသော မှတ်ချက်ကို ပုဂံသူကြီး ဆရာကြီး ဦးအောင်ကြိုင်၏ ညဘက်စာသင်ဝိုင်းတွင် မှတ်သားခဲ့ရသည်
တိုက်မနဲ့ မြောက်ဘက်အာရုံခံ အခန်းနှစ်ခန်းသာပါပြီး တစ်ဘက်ပဲ မျက်နှာဖွင့်ထားသည် ကျန်သုံးဘက်မပါ အပိတ်သက်သက်
ဆင်းတုတော်များ ထားရှိကိုးကွယ်ရန်ဟူသော ဂူဘုရားတည်ထားကိုးကွယ်ရခြင်း၏ အနှစ်သာရအတိုင်း ဆင်းတုတော်ကြီးက သပ္ပါယ်စွာ
ကုလားကျောင်းခံဂူဘုရားလို့လဲ ခေါ်လေ့ရှိတဲ့ အဆောက်အအုံကို အလယ်မဏ္ဍိုင် (ကံ့ကူဆံတုံး)နှင့် အာရုံခံအထက်တွင် အမိုးဆင်ခြေလျော ပစ္စယာအဆင့်ဆင့်နှင့် ကွမ်းတောင်ပေါက်ထားသည်
အောက်ခြေမှ ကွမ်းတောင်ပေါက်ဆုံးတိုင် ၅၂ပေ အကျယ်ဆုံးတောင်နံရံက ၃၂ပေ၊ ခန်းမသီးသန့် တောင်မြောက်ကို ၂၀ကျယ်၍ ၂၅ပေရှည်သည့် အချိုးအစားက အရွယ်လတ် ဂူဘုရားဟု ပညတ်မိချင်စရာ
ထိုဂူထဲတွင် ရှစ်ခန်း ဗုဒ္ဓဝင် သရုပ်ဖော်ပုံများကို နံရံတွင် ရေးဆွဲထားသည် - ဗဟုသုတရှာမီးလိုသူ ပညာရှင်များအတွက် နံရံဆေးရေးပန်းချီရှိသည့် ဘုရားတစ်ဆူ
- ပုဂံသူကြီး ဆရာကြီး ဦးအောင်ကြိုင်ပို့ချသော သင်ခန်းစာတွင် အများဆုံး ဥပမာပေးပြသည့်နေရာ မင်းတို့ သွားဖြစ်အောင်သွားကြဟု တွင်တွင်တိုက်တွန်းသည့် ဘုရား
- ပုဂံမှာရှိရှိသမျှ ဘုရားများတွင် ဆေးသားနှင့် အနုလက်ရာ အကောင်းဆုံး ကြွင်းကျန်ရစ်သော နံရံဆေးရေး ပန်းချီနှင့် ကမ္ပည်းစာတွေ ထိုဂူထဲတွင် အကောင်းအတိုင်းရှိနေသည် နေရောင်မကျနိုင်တဲ့ မြောက်ဘက်အရပ်သို့ မျက်နှာမူထားခြင်းက ဆေးသားများကို နဂိုအတိုင်း သစ်လွင်တောက်ပနေအောင် ပံ့ပိုးထားခဲ့သည်လား
-သမိုင်းဝင်စေတီပုထိုးများ စာအုပ်တွင် ဦးသန်းဆွေက " လေ့လာစရာ နံရံဆေးရေးပန်းချီရှိသော စေတီပုထိုးများ စာရင်းတွင် " လောကထိပ်ပန်းကို ထည့်သွင်းဖော်ပြထားသည်
- ဦးဗိုကေ၏ "ပုဂံသုတေသန လမ်းညွှန်တွင် " " ပုဂံတဝိုက်တွင် ဤကဲ့သို့ ပုဂံခေတ်ပန်းချီများနှင့် အကြောင်းအရာ ကမ္ပည်း စာတန်းများ ပြည့်ပြည့်စုံစုံ ပါရှိသော ဂူဘုရားကို ညွှန်ပြပါ ဆိုလျှင် ဤလောကထိပ်ပန်းကို ညွှန်ပြနိုင်ပါသည် ဇာတ်ကွက်ကောက်နှုတ်ချက်များ ဇာတ်ကြီးဆယ်ဘွဲ့ အကြောင်းအရာများ နှစ်ကျိပ်ရှစ်ဆူဘုရားများ အစရှိသော အကြောင်းအရာများကို ရှေးမွန်ဘာသာ အနည်းငယ်ဖြင့်၎င်း မြန်မာဘာသာ စာတန်းရှည်ကြီးများဖြင့်၎င်း ထင်ထင်ရှားရှား တွေ့မြင်ဖတ်ရှုနိုင်သည် ပုဂံခေတ်လက်ရာပန်းချီနှင့် ကမ္ပည်း စာတန်းများကို လေ့လာလိုသူများသည် ဤလောကထိပ်ပန်းအတွင်းတွင် အချိန်ယူသင့်သည်"
- ဦးမျိုးညွှန့် (ရှေးဟောင်းသုတေသန)၏ ပိဋ္ဋကတ်တော်လာ ပုဂံခေတ်နံရံဆေးရေးပန်းချီ စာအုပ်တွင် အများဆုံး ဖော်ပြခံရသည့် အကြောင်းအရာ
- ရေနံ့သာဝင်းမောင်က ကမ္ဘာကျော်ပုဂံရှေးဟောင်း စေတီပုထိုးများစာအုပ်ထဲတွင် " ရွှေဆံတော်ဘုရားသို့ ဦးတည်သွားသူများသည် ၎င်းလမ်း၏ ဘယ်ဘက်တွင်ရှိနေသော လောကထိပ်ပန်ဘုရားထဲသို့ ဝင်ကြည့်ရကောင်းမှန်း မသိကြပေ။ အမှန်မှာ လောကထိပ်ပန်ဘုရားထဲရှိ ပုဂံရှေးဟောင်းအနုပညာ နံရံဆေးရေးပန်းချီများသည် ဂူပြောက်ကြီး ဘုရားသုံးဆူတို့ကဲ့သို့ အထူးကောင်းမွန်သော လက်ရာများရှိနေသည် "ဟုမချင့်မရဲငြီးတွားခဲ့သည်။
နံရံဆေးရေးပန်းချီများကို လူတိုင်းလေ့လာသင့်ကြောင်း ဦးမျိုးညွှန့် (ရှေးဟောင်းသုတေသန)၏ ပိဋ္ဋကတ်တော်လာ ပုဂံခေတ်နံရံဆေးရေးပန်းချီ စာအုပ်တွင် ဖော်ပြထားသော အောက်ပါအချက်များနှင့် မီးမောင်းထိုးပြချင်ပါသည်
- ပုဂံရှိအနုပညာလက်ရာများအနက် နံရံဆေးရေးပန်းချီက ထိပ်တန်းအဆင့်ရှိခြင်း (အရှေ့တောင်အာရှနှင့် အာရှတွင်သာမက ကမ္ဘာ့အဆင့်တွင်ပင် ထိပ်တန်းစာရင်းပေါက်သည်)
- ပုဂံကိုလင်းလက်တောက်ပစေရန်
- ထိုပန်းချီများသည် လောကရေးရာထက် ဓမ္မရေးရာက လွှမ်းခြုံလျက်ရှိသောကြောင့် စဉ်ဆက်မပျက် အကျိုးပြုနိုင်ခြင်း
- ဗုဒ္ဓ၏ အဆုံးအမ ဒေသနာများကို အခြေခံပြီးရေးဆွဲထားသဖြင့် လူကြီး လူငယ် အရွယ်မရွေးအတွက် ယဉ်ကျေးလိမ္မာ ဘာသာရေး အသိတိုးတက်စေရန် ကူညီခြင်း
- ရှေးမြန်မာတို့ ပြောပြချင်သော အကြောင်းအရာများ
- ရှေးမြန်မာတို့၏ ပန်းချီရေးဆွဲပုံစနစ်ကို လေ့လာနိုင်ခြင်း
- ခေတ်ကာလအလိုက် ပြောင်းလဲလာသော ဝတ်စားဆင်ယင်မှုနှင့် ပုဂံခေတ် လူမှုရေးဆိုင်ရာများကိုသိနိုင်သည်
လောကထိပ်ပန်ဂူဘုရား၏ အခြင်းအရာများကို စာတွေ့လေ့လာပြီးသော ရှေးဟောင်းသုတေသနပညာ မိသားစု (ရန်ကုန်တက္ကသိုလ်) လေ့လာရေးအဖွဲ့သည် လေ့လာရေးခရီး၏ နောက်ဆုံးရက်တွင် လောကထိပ်ပန်ဘုရားသို့ ရောက်ရှိခဲ့ကြပါသည်။ နံနက်စောစော ၇နာရီခန့်က လေ့လာရေးအဖွဲ့ တည်းခိုရာ ဝက်ကြီးအင်းဂူပြောက်ကြီးအနီးရှိ ဘုန်းကြီးကျောင်းမှ ခြေလျင်ခရီးဖြင့် ထွက်ခွာခဲ့သောကြောင့် လမ်းမကြီးကိုသွေဖီ၍ မြေသားလမ်းအတိုင်းဆင်းချလာပြီး အဟမ်းရေကန်၊ စူဠာမဏိ၊ ဓမ္မရံကြီးနှင့် ရွှေဆံတော်တို့ကို အစဉ်လိုက်လေ့လာကာ နံနက်ပိုင်း၏ နောက်ဆုံးခရီးအဖြစ် လောကထိပ်ပန်ဂူဘုရားသို့ ဝင်ခဲ့ပါသည်။
မြောက်ဘက်သို့လှည့်ထားသော ၅ပေအကျယ်ရှိ တစ်ခုတည်းသော ဝင်ပေါက်ကို ကျူကန့်လန့်ကာဖြင့် အလင်းဝင်ရောက်မှု နည်းပါးအောင် ကာရံထားသော ဂူဘုရားက မှောင်ကုပ်ကုပ် နေမွန်းတည့်ချိန်တွင် ဝင်ကြည့်မည့် လူများ၍ စိတ်ညစ်စဖွယ် ကောင်းမည်မှာ အမှန်ဖြစ်ပေမယ့် ဆရာတွေ ညွှန်းလွန်းသော ဂူအတွင်းပိုင်းကို မုချဝင်ကြည့်ဖြစ်ခဲ့သည်
ထိုနေရာတွင် မီးဆလိုက်ကြီးများကမရှိတော့ ပါလာသည့်ဖုန်းများကို မီးဖွင့်ကာ ကြည့်ဖို့ကြိုးစားရပါသည် ကျောင်းသားတို့၏ တာဝန်မှာ ရှစ်ခန်းဗုဒ္ဓဝင်ကို ပြည့်အောင်ရှာကြည့်ဖို့က ပထမ ဆေးသားအရောင်သုံးစွဲထားပုံကို လေ့လာဖို့က ဒုတိယ ပါဝင်သောဇာတ်လိုက်ကျော်ကြီးများကို ဘုရားလော၊ သိကြားမင်းလော၊ ဗြဟ္မာလော၊ နတ်လော၊ ဘုရင်လော၊ မိဖုရားလော၊ အမတ်လော၊ စစ်သူကြီးလော၊ အမှုထမ်းလော၊ ကျွန်လော အဆင့်အတန်းခွဲခြားကြည့်ဖို့က တတိယ မင်စာ ကမ္ပည်းစာရှာဖို့က စတုတ္ထ၊ ဖတ်ဖို့က ပဉ္စမ စသည်ဖြင့် လုပ်စရာတွေများသော်ငြား လက်တွေ့လေ့လာမှုတွင် ပထမအဆင့်ကိုပင် ကျော်ဖို့ခက်ခဲလှသည်
ထိုစဉ် ဝင်ချင်ဇောဖြင့် အမှုမထားခဲ့မိသော ကယ်တင်ရှင်တစ်ဦးက အလင်းပြဖို့ ရောက်လာခဲ့သည် လောကထိပ်ပန်ဂူဘုရားက ကင်းစောင့်ကြီးက ကြီးမားသော လက်နှိပ်ဓါတ်မီးကြီးဖြင့် ဇာတ်ကွက်များကို ထိုးပြပြီး တလက်စတည်းရှင်းပြကာ အဆင့်ငါးဆင့်စလုံးကို လွယ်ကူစွာ ကျော်ဖြတ်နိုင်ဖို့ ကူညီပေးခဲ့ပါသည် ထိုသူ၏ ဖေးမမှုကြောင့် စာတွေ့နှင့် လက်တွေ့ ပေါင်းစပ်လေ့လာခြင်း လုပ်ငန်းစဉ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကာ ဝင်ရကြိုးနပ်ခဲ့ရသည်
လောကထိပ်ပန်က မေတ္တာရှင်ကြီးကား ဦးအောင်ရှိန်ဖြစ်သည် အသက်မှာ ၇၅နှစ်ရှိပြီဟု သိရသော်ငြား သူ့၏လက်ရှိပုံစံက ရှိရင်းစွဲ အသက်ထက်အိုမင်းနေသည် ထိုနေရာတွင် တသတ်မှတ်တည်း စွဲစွဲမြဲမြဲ တာဝန်ထမ်းဆောင်လာချိန်မှာ ၂၁နှစ်သို့ တိုင်ခဲ့ပြီဟုလည်း ပြောပြရှာသည် လက်ရှိအလုပ်ကို စိတ်ဝင်တစားနဲ့ ပျော်ပျော်ရွှင်ရွှင် တာဝန်ထမ်းဆောင်နေကြောင်းကိုလည်း ထပ်လောင်းပြောပြသည် အကူအညီလိုအပ်သူများထံ သူပေးနိုင်သည့် အရာကို ဝေမျှရင်း ဘဝနေဝင်ချိန်ကို တန်ဖိုးရှိစွာ ကျော်ဖြတ်နေသော အဘကြီးတစ်ယောက် နောင်နှစ်ပေါင်းများစွာ ကြာသည့်အချိန်တိုင်အောင် လောကထိပ်ပန်ဘုရားနှင့် တွဲလျက် မြင်ချင်သည့် စာရေးသူဆန္ဒ ပြည့်နိုင်ပါစေလို့ ဆုတောင်းရင်း
နံရံ ဆေးရေးပန်းချီပုံများကို ဦးမျိုးညွန့် စာအုပ်ံမှ ရရှိပါသည်
သျှင်လေညင်း
၂၅၊ ၈၊ ၂၀၁၇။