(Zawgyi)
နံနက်ခင်း လေးနာရီလောက်အချိန်မှာ ဈေးသွားဖို့ ဈေးရောင်းဖို့ ယာထဲဆင်းဖို့ ထွက်လာတဲ့ နွားလှည်းတွေ ဆိုင်ကယ်တွေ ထော်လာဂျီတွေ လူတွေ ၃စီးဆက်တိုက် ဝင်လာနေတဲ့ ကားကြီးတွေကို ရှောင်ပေးဖို့ လမ်းဘေးထိ ချပေးရလောက်တဲ့အထိ အခြေအနေဆိုးတဲ့ လမ်းမို့ အားမလိုအားမရ ဖြစ်ရတာပါ တာဝန်ရှိသူများရဲ့ အခြေအနေ လိုအပ်ချက်များကို ခြေခြေမြစ်မြစ် မသိလို့ မှားယွင်းပြီး ဝေဖန်မိတယ်ဆိုရင် စာရေးသူရဲ့ လိုအပ်ချက်ဖြစ်ပါတယ်
ဝင်နားကြဦး သည်ဆိုင်မှာ စားဖို့မှာထားတယ် နင်တို့ကို ကျွေးဖို့ တညလုံးမအိပ်ပဲ စောင့်နေရတာ လာကြ မျက်နှာသစ်ကြ တပိုတပါးသွားကြ ဆိုတာနဲ့ ဝင်သူကဝင် ဆက်သွားသူကသွားနဲ့ ဘာလုပ်ရမလဲ ဖြစ်နေပေမဲ့ အုပ်ထိမ်းသူ ဆရာများ မရောက်သေးချိန်မို့ ဝင်ထိုင်ဖြစ်ကြတယ် နောက်ဖေးသွားရင်း ထမင်းဆီဆမ်း တအိုးကြီးနဲ့ ကြက်ဥဘိလပ်ကြော် တပုံကြီးတွေ့တာကြောင့် ယခင်ကအတိုင်းပဲ မနက်စာစီစဉ်ထားတဲ့ ပုံဖြစ်နေတာမို့ စားပွဲတွေမှာ နေရာဝင်ယူလိုက်တယ် ဆိုရင်ပဲ ကြက်ဥကြော်ထည့်ထားတဲ့ ထမင်းပန်းကန်တွေ ရောက်လာတော့ ဆာဆာနဲ့ စားနေတော့ ကျန်ကျောင်းသားတွေ တပုံကြီးဝင်ချလာလိုက်တာ ထိုဆိုင်လေးမှာ အပေါ်ထပ်ရော အောက်ထပ်ပါ အပြည့်ဖြစ်သွားပါတယ်
ညက စီးလာတဲ့ ကားပေါ် သိပ်အိပ်မရတာကြောင့် အိပ်ရေးပျက်ခဲ့သော်လည်း field schedule နေ့ဝက်ပါတာမို့ နေ့ခင်းနှစ်နာရီအချိန်မှာ ကျောင်းသားများ အဖွဲ့၃ခုခွဲကာ ချီတက်ခဲ့ကြပါတော့တယ် စာရေးသူအပါအဝင် ဒီပလိုမာတန်း နောက်ဆုံးနှစ်နဲ့ အောနပ်တန်းက ကျောင်းသားတွေကို ဒေါက်တာရဲထွန်း ဒေါ်ခင်သန်းအေးနဲ့ ဒေါ်ခင်သက်စုလှိုင်တို့ဦးဆောင်မှုအား ဟန်လင်းရှေးဟောင်းသုတေသနဌာန သုတေသနဌာနခွဲမှ ဦးစီးအရာရှိ ဦးစောနိုင်ဦးတို့က လိုက်ပါအားဖြည့်ကာ တည်းခိုရာကျောင်းရဲ့ နှစ်မိုင်ကျော်ကျော် အတွင်းမှာရှိတဲ့ ကုန်းအမှတ် HL-30 HL-29 နဲ့ ကျောက်စာရုံများကို သွားလေ့လာဖြစ်ပါတယ် တူးဖော်ချိန်မှာ မပါဝင်ခဲ့သော်လည်း တူးဖော်မှု လုပ်ထုံးလုပ်နည်း နည်းပညာ အားနည်းချက် အားသာချက် အကျိုးအပြစ်များကို ကောင်းကောင်းသိထားပြီး လက်ရှိ ထိန်းသိမ်းစောင့်ရှောက်ရေးမှာ တာဝန်ယူထားရတဲ့ ပညာရှင်တစ်ဦးရဲ့ ရှင်းလင်းတင်ပြမှုများဟာ တော်တော်ကြီးကို အသုံးဝင်လွန်းပါတယ် ပညာလဲရပါတယ် စာတွေ့နဲ့သာ တူးဖော်ရေးလုပ်ခဲ့တဲ့ တစ်နှစ်နဲ့ တဝက်တာ ကာလရဲ့ မြူမှုန်များကို နေခြည်နွေးနွေးက ပယ်ဖျောက်လိုက်သလို အကျိုးရှိပါတယ် အားရပါးရ လေ့လာလို့ ပြီးတော့ ကျောင်းပြန်ရောက်ချိန်ဟာ ညနေစာ စားချိန်သို့ ရောက်သွားပြီမို့ ကမန်းကတန်း ရေကို လုချိုးကြ စားသောက်ကြပြီး night study အချိန်အတွက် စောင့်စားပြီး ဆရာ့ပို့ချမှု အပြီးမှာ တစ်နေ့တာ လေ့လာ ခဲ့ရသမျှကို ဆွေးနွေးသုံးသပ်ကြရင်းနဲ့ ဟလင်းမြို့လေ့လာရေးခရီး ပထမနေ့ရက် ဟာ လှပစွာ ကုန်ဆုံးခဲ့ပါတော့တယ်
ဆက်ရန်
သျှင်လေညင်း
(Unicode)
သျှင်လေညင်း
(Unicode)
ဟလင်းသို့ အဝင်
ဒီတစ်နှစ်အတွက် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန အသင်းဟာဖြင့် ကွင်းဆင်းခရီးကို ဟလင်းမြို့ဟောင်းသို့ သွားဖို့အလှည့်ကျပါတယ်။ ရန်ကုန်တက္ကသို်လ် ရှေးဟောင်းသုတေသန ဘာသာအထူးပြုကျောင်းသူ ကျောင်းသားပေါင်း ၁၂၂ယောက်ရယ် ကြီးကြပ်သူ ဆရာ ဆရာမ ၈ယောက်တို့လိုက်ပါလာတဲ့ အောင်နိုင်မန်း ရန်ကုန် ရွှေဘို ကျွန်းလှ ခရီးသည်တင် ကားကြီး၃စီးဖြင့် ရန်ကုန်တက္ကသိုလ် ရှေ့ စာတိုက်နေရာတွင် စုရပ်ပြုကာ ၁.၄.၂၀၁၈ ညနေ ၅နာရီဝန်းကျင်မှ ရန်ကုန်မြို့တွင်းမှ အမြန်လမ်းမကြီးအတိုင်း စတင်ထွက်ခွာ ခဲ့ကြပြီး ည ရးဝ၅ မိနစ်တွင် ၃၉မိုင် ယာဉ်ရပ်နားစခန်းတွင် ညနေစာ စားသောက်ရန် နာရီဝက်ခန့် ရပ်နားကာ ၈း၂ဝခန့်တွင် ခရီးဆက်ခဲ့့ပါတယ် ကားနံပတ် အမှတ်(၃)ကတော့ စာရေးသူစီးခဲ့ရတဲ့ကားဖြစ်ပြီး မာစတာ အောနပ်တန်း ဒီပလိုမာ ကျောင်းသားတို့ အတူစီးရပါတယ် ခုံအမှတ် ၃၉ နဲ့ ၄၀ တို့ဟာ လှုပ်လီလှုပ်လဲ့နဲ့ ထိုင်ဖို့ရာ ဒီပလိုမာတန်းက ကွီးတင်မိုးတို့ မဲကျတယ်ပဲ ဆိုကြပါတော့ ကွီးတင်မိုးတို့ကတော့ ဒေါင်ကျကျ ပြားကျကျ လှုပ်ရုံမက ပြုတ်ရုံပါပြုတ်နေပါစေ တောထဲ တောင်ထဲတောင် မြေသားမွှေ့ယာပေါ် ကျောခင်းအိပ်ရဲတဲ့ သဘာဝရှိတဲ့ Future archaeologist ကြီးမို့ အသာအယာပဲ ထိုင်စီးပေးခဲ့ပါတယ် အကြီးပီပီ အနစ်နာခံ ပေးတဲ့ ကွီးတင်မိုးတစ်ယောက် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ဌာနနဲ့ အရှည်သဖြင့် လက်တွဲနိုင်ပါစီလို့ မေတ္တာဝေပါတယ်
အမြန်လမ်းမ အပန်းဖြေနားခိုစရာ နေရာနောက်တစ်ခုဖြစ်တဲ့ ၁၁၅မိုင် ယာဉ်ရပ်နားစခန်းမှာလဲ နာရီဝက်ခန့် နားပြီးနောက် ည၁ဝနာရီ နောက်ပိုင်းမှာတော့ မရပ်တော့ပဲ တောက်လျောက်မောင်းလာခဲ့တာမို့ ရွှေဘိုမြို့ကို နံနက် ၄နာရီခွဲခန့်တွင် ရောက်ခဲ့ပါပြီ
မနက်စောစော လူခြေတိတ်တဲ့ အချိန်က ငြိမ်သက်နေတဲ့ ငါးမည်ရ ပြည်ရွှေဘိုကြီးကို ကားပေါ်က လေ့လာရင်း ဟလင်းက အပြန်မှာ ရွှေဘိုကို ဝင်လေ့လာဦးမယ်ဆိုလို့ အားမလို အားမရ ဖြစ်နေတဲ့ စိတ်ကို ချုပ်ထိမ်းထားလိုက် ပါတယ် ထပ်တွေ့ကြသေးတာပေါ့ ပြည်ရွှေဘိုကြီးရေ
ရွှေဘို မန်းလေး လမ်းပေါ်က လမ်းခွဲလေးတစ်ခုကို ချိုးကွေ့သွားတဲ့ ရှေ့ကသွားနေတဲ့ ကားနောက်မြီးကို လိုက်ကြည့်နေတော့ ချိုးကွေ့သွားတဲ့ အခါ ဟန်လင်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ရောက်ပြီဆိုတဲ့ အသိက ရင်ကို သိမ့်ကနဲ လှုပ်ရှားစေခဲ့တယ်
ကိုယ်လာပြီ ဟလင်းရေ ကုန်းပေါင်း ၃၃ခုလောက်က ကိုယ်တွေဝါသနာအိုးများ မွှေနှောက် ခြင်းဒဏ်ကို ခံစားရဖို့ အသင့်ကြို စောင့်နေလိုက်တော့
ရှေးသုစကားနဲ့ neolithic ခေတ်ကတည်းက အရပ်စကားနဲ့ဆို ကျောက်ခေတ်သစ်တည်းက ယနေ့ထိ လူခြေမပြတ်ခဲ့တဲ့ ရပ်ဝန်းကြီးထဲ ရောက်ခဲ့ပါပြီ ကွင်းမဆင်းခင် တင်ကြိုလေ့လာရေး Literature review လုပ်ထားခဲ့ရတာမို့ ဟလင်းရဲ့ လူနေမှု စီးပွားရေးနဲ့ ယဉ်ကျေးမှု အဆောက်အအုံများက စိတ်ကူးထဲမှာတော့ အရမ်းခမ်းနားခဲ့ပါတယ် အတွေးထဲက ဟလင်းရဲ့ ခမ်းနားမှုတွေကို တူးဖော်ကြည့်ဖို့ အခွင့်အရေးရလာချိန်ဆို တော့ ဘယ်နေရာမှ အလွတ်မခံပဲ တွေ့သမျှ မှတ်သားရပါလိမ့်မယ်
ရွှေဘိုလမ်းခွဲက ဟလင်းမြို့ဟောင်းဆီသို့ ဝင်လာတဲ့ လမ်းဟာ ခရီးသည်တင် ကားကြီးများအတွက် ကျဉ်းလွန်းပါတယ် express ကြီးတွေ စီးပြီး ဝင်လာကြမဲ့ နိုင်ငံခြားသားတွေကို လမ်းပြ ခေါ်ဆောင်လာဖို့အတွက် တိုးရ်ဂိုက်တွေ စိတ်ဝင်စားမှာ မဟုတ်ပါဘူး
Tangible culture အဖြစ် လက်ဆုပ်လက်ကိုင်ကောင်းကောင်းပြနိုင်တဲ့ လွန်ခဲ့သော နှစ်ပေါင်း ၅ဝဝဝနဲ့ ၂ဝဝဝလောက်ဆီက မြန်မာ့မြေပေါ်တွင် ထူထောင်ခဲ့ကြတဲ့ မြို့တော်ကြီးများရဲ့ အရာအကြွင်းများဟာ မြန်မာနိုင်ငံအတွက် ခမ်းနားလွန်းပါတယ် ကာကွယ်ရေးစနစ်မြင့်လွန်းတဲ့ နံရံတံတိုင်းမြို့ရိုးရာကြီးများ စီးပွားရေး စိုက်ပျိုးရေးအတွက်ကော ကာကွယ်မှုအတွက်ပါ ရောပြွန်းတည်ဆောက်ထားတဲ့ ရေပေးဝေရေးစနစ် ကုန်းခေါင်ခေါင် နေရာတွေကနေ ရေလမ်းကို ဖောက်လို့ တွင်တွင်ကျယ်ကျယ် ရောင်းဝယ်ဖောက်ကား ခဲ့ရာ ကုန်သည်မြို့ကြီးများ ဆိုတဲ့ ဝိသေသတွေနဲ့ ပြည့်စုံတဲ့ မြန်မာ့မြေပေါ်က ရှေးအကျဆုံး မြို့ပြထူထောင်ခဲ့မှုတွေကို နိုင်ငံတကာနဲ့ အညီ ရင်ဘောင်တန်းချပြနိုင်တဲ့ နေရာတစ်ခုမို့ လမ်းကျဉ်းလေးက စာရေးသူကို ဘဝင်မကျစေခဲ့
နံနက်ခင်း လေးနာရီလောက်အချိန်မှာ စျေးသွားဖို့ စျေးရောင်းဖို့ ယာထဲဆင်းဖို့ ထွက်လာတဲ့ နွားလှည်းတွေ ဆိုင်ကယ်တွေ ထော်လာဂျီတွေ လူတွေ ၃စီးဆက်တိုက် ဝင်လာနေတဲ့ ကားကြီးတွေကို ရှောင်ပေးဖို့ လမ်းဘေးထိ ချပေးရလောက်တဲ့အထိ အခြေအနေဆိုးတဲ့ လမ်းမို့ အားမလိုအားမရ ဖြစ်ရတာပါ တာဝန်ရှိသူများရဲ့ အခြေအနေ လိုအပ်ချက်များကို ခြေခြေမြစ်မြစ် မသိလို့ မှားယွင်းပြီး ဝေဖန်မိတယ်ဆိုရင် စာရေးသူရဲ့ လိုအပ်ချက်ဖြစ်ပါတယ်
နောက်ဆုံးတစ်နေရာမှာတော့ လုံးဝကို ရှေ့ဆက်သွားလို့မရလို့ ကျောင်းသားတွေကော ဆရာဆရာမများပါ အထုပ်ကိုယ်စီဆွဲပြီး ဆင်းခဲ့ရပြီး ပါလာတဲ့ ဝန်စည်စလယ်များကို ဟန်လင်းရှေးဟောင်းသုတေသဌာနမှ ကားနဲ့ သယ်ပေးပြီး လူတွေကတော့ လမ်းလျှောက်ခြေကျင် ဝင်ခဲ့ရပါတယ်
အထုပ်ကိုယ်စီဆွဲပြီး လမ်းလေးအတိုင်းလျှောက်လာတဲ့ စာရေးသူတို့ ကျောင်းသားတစ်စုကို လမ်းဘေးတစ်နေရာရှိ လ္ဘက်ရည်ဆိုင်တစ်ခုက ထွက်ခေါ်ပါတယ်
ဝင်နားကြဦး သည်ဆိုင်မှာ စားဖို့မှာထားတယ် နင်တို့ကို ကျွေးဖို့ တညလုံးမအိပ်ပဲ စောင့်နေရတာ လာကြ မျက်နှာသစ်ကြ တပိုတပါးသွားကြ ဆိုတာနဲ့ ဝင်သူကဝင် ဆက်သွားသူကသွားနဲ့ ဘာလုပ်ရမလဲ ဖြစ်နေပေမဲ့ အုပ်ထိမ်းသူ ဆရာများ မရောက်သေးချိန်မို့ ဝင်ထိုင်ဖြစ်ကြတယ် နောက်ဖေးသွားရင်း ထမင်းဆီဆမ်း တအိုးကြီးနဲ့ ကြက်ဥဘိလပ်ကြော် တပုံကြီးတွေ့့တာကြောင့် ယခင်ကအတိုင်းပဲ မနက်စာစီစဉ်ထားတဲ့ ပုံဖြစ်နေတာမို့ စားပွဲတွေမှာ နေရာဝင်ယူလိုက်တယ် ဆိုရင်ပဲ ကြက်ဥကြော်ထည့်ထားတဲ့ ထမင်းပန်းကန်တွေ ရောက်လာတော့ ဆာဆာနဲ့ စားနေတော့ ကျန်ကျောင်းသားတွေ တပုံကြီးဝင်ချလာလိုက်တာ ထိုဆိုင်လေးမှာ အပေါ်ထပ်ရော အောက်ထပ်ပါ အပြည့်ဖြစ်သွားပါတယ်
စားလဲပြီးရော ကျသင့်ငွေ ပေးချေရတာကြောင့် တပွဲတိုး ပွပေါက်ကြံသွားတဲ့ အဖြစ်ကို ရိပ်မိပါတယ် ထမင်းဆီဆမ်း ကြက်ဥကြော်တစ်ပွဲ ငွေရှစ်ရာနဲ့ ချင်းချဉ်များများထည့်ပြီး မြိန်ရည်ယှက်ရည်ပဲ မှီဝဲရင်း ကွင်းဆင်းသွားတဲ့ ရန်ကုန်သူ ဟလင်းထဲရောက်တော့ ချင်းမိပြန်သတဲ့ …… ဆူ …
ဒီသီချင်းလေး တော်တော်ဆိုကောင်းတာပါလားကွယ်ရို့
တည်းခိုရာ ညောင်ကိုးပင် ကျောင်းကို နံနက် ၅း၄၅ မှာ ရောက်ပါတယ် ကျောင်းသူတွေအတွက် နှစ်ထပ် ကျောင်းဆောင်ကြီး တစ်ခုနဲ့ နှစ်ထပ်ကျောင်းဆောင်ငယ် တစ်ခု နေရာရပြီး လူနည်းစု ကျောင်းသားတွေအတွက် ကတော့ သိမ်ကျောင်းတစ်ဆောင်ပဲ ရပါတယ် ဒီနေရာမှာလဲ ကွီးတင်မိုးတို့ ဒီပလိုမာ ကျောင်းသား၃ယောက် ဘုံပျောက်ကြရပြန်ပါတယ် သူတို့က လူကြီးတွေ ဆိုတော့ သဘောထားကြီးစွာနဲ့ပဲ အမိုးနဲ့ အခင်းသာ ပါတဲ့ တဲလေးထဲမှာ ခြင်ထောင်လေးထောင်ပြီး တည်းခိုရရှာပါတယ်
ညောင်ကိုးပင်ကျောင်းဟာ သမိုင်း မှတ်တမ်းကောင်းတဲ့ ကျောင်းကြီးတစ်ခုပါ ပျံလွန်တော်မူပြီး ဖြစ်တဲ့ ဆရာတော် ဦးနာဂ စုဆောင်းသိုမှီးထားတဲ့ ရှေးဟောင်းပစ္စည်းများကို ပြတိုက်သဖွယ် ဖွင့်လှစ်ထားတဲ့နေရာ ဖြစ်ပြီး နေ့စဉ်လာရောက်လေ့လာသူများ များပြားတဲ့ ပြတိုက်တစ်ခုဖြစ်ပါတယ် ဦးနာဂအား ဆက်ခံသူ ကျောင်းထိုင် ဆရာတော်ကြီး ဦးတေဇန္ဒိယ ကလည်း ၎င်းကျောင်းကို အုပ်ချုပ်တဲ့ ၃၈နှစ်တာ ကာလလုံးလုံး ကျေးဇူးရှင် ဆရာတော်ကြီး၏ ဝါသနာကို ဆက်ခံကာ ထိုပြတိုက်ကို ဆက်လက် ထိမ်းသိမ်းထားရှိပါတယ် သက်တော်၆၃နှစ်ရောက်နေတဲ့ ဆရာတော်ကြီးရဲ့ ကျယ်ပြန့်တဲ့ မေတ္တာတရားကြောင့်ထင်၏ အသက်၅ဝအရွယ် လောက်ပဲထင်ရပါတယ်
ရောက်ရောက်ချင်း လုပ်စရာမရှိတဲ့ စာရေးသူကတော့ မရောက်ခင်ကတည်းက ဆရာတော်ကြီးရဲ့ ဝါသနာကို တီးခေါက်မိပြီးတာကြောင့် တစ်မနက်ခင်းလုံး ဘုန်းဘုန်းနဲ့ သမိုင်းကြောင်း ရောက်တက်ရာရာ ပြောရင်း စကားလက်ဆုံ ပြော၍ မကုန်နိုင်ပါဘူး ပြတိုက်ကို ဝင်လေ့လာပြီး ဓါတ်ပုံတွေ ယူလာခဲ့ပေမဲ့ အွန်လိုင်းပေါ်မှာ ရောက်နှင့်ပြီး မဆုံးနိုင်အောင် ကိုးကားနေကြတဲ့ ဗြဟ္မီ အက္ခရာပါတဲ့ လက်စင်းရာ အုတ်များဖြစ်နေတာကြောင့် မတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ဆရာတော်ကြီးထံမှ field report အကိုးအကားဖြစ်စရာ အထောက်အထားများ တွေ့ရတာကြောင့် တကယ်လဲ ကျေးဇူးတင်မဆုံးပါဘူး
ညက စီးလာတဲ့ ကားပေါ် သိပ်အိပ်မရတာကြောင့် အိပ်ရေးပျက်ခဲ့သော်လည်း field schedule နေ့ဝက်ပါတာမို့ နေ့ခင်းနှစ်နာရီအချိန်မှာ ကျောင်းသားများ အဖွဲ့၃ခုခွဲကာ ချီတက်ခဲ့ကြပါတော့တယ် စာရေးသူအပါအဝင် ဒီပလိုမာတန်း နောက်ဆုံးနှစ်နဲ့ အောနပ်တန်းက ကျောင်းသားတွေကို ဒေါက်တာရဲထွန်း ဒေါ်ခင်သန်းအေးနဲ့ ဒေါ်ခင်သက်စုလှိုင်တို့ဦးဆောင်မှုအား ဟန်လင်းရှေးဟောင်းသုတေသနဌာန သုတေသနဌာနခွဲမှ ဦးစီးအရာရှိ ဦးစောနိုင်ဦးတို့က လိုက်ပါအားဖြည့်ကာ တည်းခိုရာကျောင်းရဲ့ နှစ်မိုင်ကျော်ကျော် အတွင်းမှာရှိတဲ့ ကုန်းအမှတ် HL-30 HL-29 နဲ့ ကျောက်စာရုံများကို သွားလေ့လာဖြစ်ပါတယ် တူးဖော်ချိန်မှာ မပါဝင်ခဲ့သော်လည်း တူးဖော်မှု လုပ်ထုံးလုပ်နည်း နည်းပညာ အားနည်းချက် အားသာချက် အကျိုးအပြစ်များကို ကောင်းကောင်းသိထားပြီး လက်ရှိ ထိန်းသိမ်းစောင့်ရှောက်ရေးမှာ တာဝန်ယူထားရတဲ့ ပညာရှင်တစ်ဦးရဲ့ ရှင်းလင်းတင်ပြမှုများဟာ တော်တော်ကြီးကို အသုံးဝင်လွန်းပါတယ် ပညာလဲရပါတယ် စာတွေ့နဲ့သာ တူးဖော်ရေးလုပ်ခဲ့တဲ့ တစ်နှစ်နဲ့ တဝက်တာ ကာလရဲ့ မြူမှုန်များကို နေခြည်နွေးနွေးက ပယ်ဖျောက်လိုက်သလို အကျိုးရှိပါတယ် အားရပါးရ လေ့လာလို့ ပြီးတော့ ကျောင်းပြန်ရောက်ချိန်ဟာ ညနေစာ စားချိန်သို့ ရောက်သွားပြီမို့ ကမန်းကတန်း ရေကို လုချိုးကြ စားသောက်ကြပြီး night study အချိန်အတွက် စောင့်စားပြီး ဆရာ့ပို့ချမှု အပြီးမှာ တစ်နေ့တာ လေ့လာ ခဲ့ရသမျှကို ဆွေးနွေးသုံးသပ်ကြရင်းနဲ့ ဟလင်းမြို့လေ့လာရေးခရီး ပထမနေ့ရက် ဟာ လှပစွာ ကုန်ဆုံးခဲ့့ပါတော့တယ်
ဆက်ရန်
သျှင်လေညင်း