(Zawgyi)
Comparison studies of Padah-lin Cave, Myanmar and Spirit Cave, Thailand ေခါင္းစဥ္နဲ႔ assignment တစ္
ေစာင္ကို Dating Method ဘာသာရပ္ ဆရာက တာဝန္ေပးအပ္တဲ႔ အခါ ရလာဒ္က မဆိုးပါဘူးလို႔ မွတ္ခ်က္ရခဲ႔ပါတယ္
ခ်ီးက်ဴးခဲတဲ႔ ဆရာရဲ႕ အသိအမွတ္ျပဳမႈကို တစ္နွစ္ခြဲလံုးလံုး ေစာင္႔စားလာရတဲ႔ က်ေနာ့္အျပံဳးက ပ်ားရည္ေတြ မတရားမ်ိဳခ်ထားရတဲ႔သူပမာ
အခ်ိန္တစ္ပတ္ပဲ ရတဲ႔ (ဒါေတာင္ Hangout ၉ပုဒ္ အျခား assigment ၃ေစာင္ပါ တစ္ခ်ိန္ထဲေရးရ) အေတာအတြင္း ပဒတ္နဲ႔ ၾကပ္ဂူနွစ္ခု အၾကား အေတာင္တပ္ျပီး ပ်ံသန္းခဲ႔ ရတုန္းက ခံစားခ်က္က ဘာနဲ႔မွ မလဲနိုင္ခဲ႔
က်ေနာ္လား
မ်ိဳးခ်စ္စိတ္ သိပ္ရွိတာေပါ႔
အေျခခံပညာတန္းက သင္ရတဲ႔ သခင္မ်ိဳးေဟ႔တို႔ဗမာကြဆိုတဲ ႔ စကားလံုးေၾကာင္႔ ေသြးေတြပူေႏြးျပီး လက္သီးလက္ေမာင္းတန္းလို႔ သည္ကမာၻဟာ ငါ႔ကမာၻပဲလို႔ အထင္ေရာက္ခဲ႔တယ္
လူသားအစ ျမန္မာကလို႔လဲ သိမွတ္ လက္ခံျပီး တက္ၾကြခဲ႔တယ္
ခုခ်ိန္လား
က်ေနာ္မငယ္ေတာ႔ဘူးေလ
ငပိထုပ္လာတဲ႔ စကၠဴပိုင္းေတာင္ အလြတ္မေပးပဲ ဖတ္တတ္တဲ႔ စာဖတ္ဝါသနာက နယ္ပယ္တစ္ခုမွာ ေနရာတစ္ခု ယူေပးခဲ႔ျပီ
အသိဥာဏ္ ဗဟုသုတေတြေၾကာင္႔ ျမင္ရတဲ႔ အတိုင္း အဟုတ္လားဆိုတာကို စူးစမ္းဖို႔ အေလ႔အက်င္႔ရခဲ႔ျပီ
အခု အခ်စ္ဆံုးက အမွန္တရားျဖစ္ခဲ႔ျပီ
အရွိကို အမွန္အတိုင္း အမွန္ကို အရွိအတိုင္း ပဲ လက္ခံတတ္တဲ႔ ပညာတိုးလာတာေပါ႔
ပဒတ္နဲ႔ ၾကပ္တို႔ကို ေလ႔လာရတာ မရိုးရွင္းပါဘူး comparative study ျဖစ္လို႔ အစစ အရာရာကို နွိဳင္းယွဥ္ရပါတယ္
တေျဖာင္႔တည္း မ်ဥ္းဆြဲျပီး တိုင္းရင္ ၁၆၅မိုင္ေက်ာ္ေက်ာ္ေလာက္သာ ေဝးတဲ႔ ဒီဂူနွစ္ခုကို ထပ္တူညီတာေတြ အစုခြဲ ျခားနားမႈေတြ စုစည္းလို႔ ကိုယ္ျမင္သမွ်ေတြ ထုတ္ေရးေပးရမွာပါ
ပထမ စိန္ေခၚမႈ ကေတာ႔ မွတ္တမ္းတင္ရာ ဘာသာရပ္ကို ေရြးျခယ္ရျခင္းပါ ျမန္မာ အကၡရာနဲ႔ ေဖာ္ျပထားတဲ႔ ျပဒါးလင္းဂူရဲ႕ မွတ္တမ္းကေတာ႔ ကိုယ္ကၽြမ္းက်င္ရာ ဘာသာျဖစ္တာေၾကာင္႔ အလြယ္ပဲ သေဘာေပါက္ပါတယ္ ၾကပ္ဂူကိုေတာ႔ အဂၤလိပ္ဘာသာနဲ႔ ဖတ္ရပါတယ္ လြယ္လြယ္သိတာကိုပဲ အဟုတ္ၾကီး ထင္ျပီး အားလံုးသိျပီလို႔ မေျပာနိုင္ပါ ပညာရပ္ဆိုင္ရာ အသံုးအနွဳန္းေတြကို အလြယ္တကူ သေဘာေပါက္ဖို႔ ျမန္မာဘာသာနဲ႔ ေမြးစားစကားလံုးေတြ ရွိမေနပါဘူး ဒီေတာ႔ ဂူနွစ္ခုလံုးကို အဂၤလိပ္ဘာသာနဲ႔ပဲ ေလ႔လာရပါတယ္ အဂၤလိပ္လို ေရးတဲ႔ ျမန္မာ႔ပညာရပ္ဆိုင္ရာ ေဆာင္းပါးေတြမွာ အနုမာနေတြ တိတိက်က်ပါတတ္ျပီး ပညာရွင္မဆန္တဲ႔ စည္းလြတ္ေဘာင္လြတ္ သံုးသပ္ခ်က္ေတြ မပါတာေၾကာင္႔ အရွိအတိုင္း inventory
သေဘာကို ျပတ္သားစြာ ျမင္ရပါတယ္ တကမာၻလံုးက ဖတ္နိုင္တဲ႔ ဘာသာရပ္နဲ႔ ျဖစ္တာေၾကာင္႔ ရိုးသားမႈကို လက္ကိုင္ထားပါတယ္
တူးေဖာ္ခ်ိန္ မတိမ္းမယိမ္းနဲ႔ အရြယ္အစားပမာဏတူ Hoabinhian culture ျဖစ္တာခ်င္းတူတူမွာ absolute dating သက္တမ္းမွာ ကိုယ္႔နယ္နိမိတ္လိုင္းထဲက ဂူၾကီးထဲက အေထာက္အထားေတြက နွစ္တစ္ေထာင္ေလာက္ ပိုေစာေတာ႔
ဇာတိမာန္ေသြးက မေနပါဘူး ေက်နပ္တယ္ေပါ႔ေနာ ငါတို႔က ပိုေစာတယ္ဟာ ဘာေျပာခ်င္ေသးလဲ သခင္မ်ိဳးေဟ႔ တို႔ဗမာ လူသားအစ ျမန္မာက ၾကံဳးဝါးလိုက္ရေတာ႔မလား
လြန္ခဲ႔ေသာ နွစ္ေပါင္း ၁၃၀၀၀က ထိုေနရာက လူေတြမွာ အခုသားထားတဲ႔ နယ္နိမိတ္ မရွိေသးဘူး ဂူနွစ္ခုလံုးဟာ ျမန္မာနဲ႔ ထိုင္းဆိုတဲ႔ သတ္မွတ္ခ်က္ေအာက္မေရာက္ေသးဘ ူး dating ေစာတာဟာ အားသာခ်က္ မဟုတ္ေတာ႔ ဥာဏ္နည္းလို႔ ဘယ္ရမလဲ တခ်က္ထဲနဲ႔ ေကာက္ခ်က္ခ်ရင္ သိခ်င္ေယာင္ေဆာင္ ပညာရွာ pesudo scholar ဘဝပဲ ေရာက္ေတာ႔မေပါ႔
ေရွးေဟာင္းသုေတသနပညာမွာ dating သတ္မွတ္ေပးတာဟာ ပန္းတိုင္ျဖစ္တယ္ ဆိုေပမဲ႔ သည္လမ္းေၾကာင္းကို သြားတဲ႔ တူးေဖာ္မႈအပိုင္းကလဲ အေရးၾကီးပါတယ္ တူးေဖာ္ပံု နည္းစနစ္နဲ႔ ဆက္စပ္သံုးစြဲတဲ႔ ပညာရပ္ကိုလဲ ေမ႔ထားလို႔မရပါဘူး လူ၊ နည္းစနစ္နဲ႔ သံုးခဲ႔တဲ႔ပညာရပ္အေပၚလိုက္ျ ပီး ရွဳေထာင္႔မ်ိဳးစံုရွိနိုင္လ ို႔ပါ
ဥပမာ ရာဇကုမာရ္ေက်ာက္စာကို ျမန္မာစာသမားဖတ္တာနဲ႔ သမိုင္းသမားဖတ္တဲ႔ ရွဳေထာင္႔ ပံုစံကြဲပါတယ္ ေရွးေဟာင္း
လက္ေရးစာသမားနဲ႔ ဘာသာေဗဒသမား ေတြ ေက်ာက္စာအေပၚထားတဲ႔ ဥပေဒသ ကြာပါတယ္ ထြက္လာတဲ႔ သံုးသပ္
ခ်က္ေတြဟာလဲ ရာဇဝင္ဆရာေရးထားတဲ႔ ပံုျပင္ေတြလို မေခ်ာေမြ႔ပဲ ဖတ္ရတာ အရမ္းခက္ခဲတယ္ ဆိုေပမဲ႔ ဖတ္ရသူဘက္က ၾကည္႔ရင္ ကၽြမ္းက်င္ရာ ဘာသာရပ္က ေက်ာ္ျပီး ေျပာတာမဟုတ္လို႔ လိပ္ျပာလံုလံု လက္ခံနိုင္ပါတယ္
ဆက္ရရင္ ပဒတ္ဂူကို ဘူမိပညာရွင္ ဦးခင္ေမာင္ေက်ာ္မွ accidental finding အေနနဲ႔ ကနဦးေတြ႕ခဲ႔တာကို
ျမန္မာ႔ဆိုရွယ္လစ္ လမ္းစဥ္ပါတီရဲ႕ ေထာက္ပံ႔မႈနွင္႔ ေရွးေဟာင္းသုေတသနပညာရွင္မ်ာ း ဘူမိပညာရွင္မ်ား မနုႆပညာရွင္မ်ားပူးေပါင္းျပ ီး တူးေဖာ္ခဲ႔ပါတယ္ တူးေဖာ္မႈရလာဒ္မ်ားကို၁၉၆၉ ခုနွစ္တြင္ ဦးေအာင္ေသာ္မွ Burma Research Society ရဲ႕ ဌာနတြင္း အစည္းအေဝးမွာ ဖတ္ၾကားခဲ႔ပါတယ္
ၾကပ္ဂူကို University of Hawaii's Southeast Asian Prehistory Program ၾကီးၾကပ္မႈနဲ႔ Fine Arts Department of Thai Government and University of Hawaii Department of Anthropology က စပြန္ဆာေပးကာ U.S National Science Foundation Predoctoral Reserch Grant (GS-861) နဲ႔ Mosher Fun For Southeast Asian Archaeology အဖြဲ႔အစည္းမ်ားရဲ႕ ကုန္က်စားရိတ္ေထာက္ပံ႔မႈယူက ာ အေမရိကန္ မနုႆေဗဒနဲ႔ ေရွးေဟာင္းသုေတသန ပညာရွင္ Chester F. Gorman က တူးေဖာ္ သုေတသနျပဳ၍ ၁၉၇၀ခုနွစ္တြင္ စာတမ္းတင္သြင္းခဲ႔ပါတယ္
အထက္ပါ အေၾကာင္းအရာနဲ႔ ပတ္သတ္၍ ေကာက္ခ်က္ခ်ရလွ်င္
့ေရွးေဟာင္းသုေတသနအတြက္ အေရးအပါဆံုးေထာက္ပံ႔မႈျဖစ္တ ဲ႔ စားရိတ္သံုးစြဲမႈတြင္ ၾကပ္ဂူက အသာရသျဖင္႔ ကာလရွည္ၾကာေလ႔လာမႈ ျပဳနိုင္ခဲ႔ရာ Archaeological findings က အနုစိတ္က်က်နဲ႔ ေစ႔ေစ႔စပ္စပ္ စံုစံုစိစိ ရွိခဲ႔ပါသည္
အေျပာနဲ႔ မဟုတ္ လက္ေတြ႔ပဲ ပဒတ္နဲ႔ ၾကပ္ရဲ႕ Archaeological findings ေတြကို ယွဥ္ၾကည္႔ရင္
ပဒတ္တြင္ Over 1,600 tools including Pebbles, Chopper, Chopping tools, Hand adze, Hand axe, Scraper, Stone Ring and Pottery
ၾကပ္တြင္ Quadrangular adzes, Short axes, Retouched flakes, Polished slate knife, Edge-ground axes, Grinding stones and Pottery
တခ်ိန္တည္း တျပိဳင္တည္းေလာက္ data recording လုပ္ခဲ႔ေပမဲ႔ recording data တိက်မႈ ကြာျခားေနတာ ေတြ႔ရမွာပါ
Upper Palaeolithic /Neolithic ကာလရဲ႕ stone tools ေတြရဲ႕ အဆင္႔အတန္းကို ေက်ာက္လႊာကို ပါးသထက္ပါးေအာင္ ဆစ္ထုတ္နိုင္တဲ႔ နည္းပညာ ပံုေဖာ္ေသြးတဲ႔ နည္းပညာ သစ္ဝါး အစရွိတဲ႔ အရာေတြနဲ႔ တြဲဆက္သံုးနိုင္တဲ႔ နည္းပညာ ၾကာရွည္ခံ လွပေအာင္ အေရာင္တင္ထားတဲ႔ နည္းပညာ ေတြနဲ႔ ၾကည္႔ကာ သံုးစြဲသူေတြရဲ႕ creative power နဲ႔ လူေနမႈ အဆင္႔အတန္းကို ဆံုးျဖတ္ပါတယ္ inventory ခိုင္ခိုင္မာမာမရွိတဲ႔ဘက္က ဂူေအာင္းလူသားေတြရဲ႕ အဆင္႔အတန္းကို မဆံုးျဖတ္နိုင္တာမို႔ culture ခ်င္းတူတူ ဘယ္ဘက္ကသာမလဲ စာဖတ္သူပဲ ဆံုးျဖတ္သြားပါ ဇာတိမာန္နဲ႔ အမွန္တရား အခ်စ္နွစ္ခု လြန္ဆြဲေနလို႔ အာပါတ္လြတ္ေရးပါတယ္
ဒီေနရာမွာ ေက်ာက္လက္နက္ေတြ အမ်ားၾကီးေတြ႔ရတဲ႔ ပဒတ္ဂူဟာ ေက်ာက္လက္နက္စက္ရံုၾကီးတစ္ခ ုေကာ မျဖစ္နိုင္ဘူးလားလို႔ ေတြးစရာလဲ ရပါတယ္
တစ္ခုေတာ႔ရွိတယ္ ပဒတ္ဂူဟာ ေက်ာက္နံရံပန္းခ်ီေတြ အမ်ားၾကီးနဲ႔ ပဒတ္ေက်ာက္ေခတ္လူေတြရဲ႕ အနုပညာ ဖန္တီးမႈ စြမ္းအားမွာေတာ႔ ၾကပ္ထက္ သာပါတယ္ ၾကပ္ဂူထဲမွာ ေက်ာက္နံရံပန္းခ်ီေတြ ရွိမရွိ Chester F. Gormanရဲ႕ Excavation in Spirit Cave စာတမ္းမွာ မေတြ႕ရသလို အျခားအေထာက္အထားမ်ားမွာလဲ မေတြ႔ရံုမက ဓါတ္ပံုေတြထဲ
မွာလဲ မေတြ႔လို႔ Poorly found of rock paintings in Spirit Caveလို႔ပဲ သံုးသပ္ပါတယ္ ပဒတ္ဂူထဲက ေျမေစးနီနဲ႔ ေရးဆြဲထားတဲ႔ ေတာက္ပေနေသာေနပံု လက္ႏွစ္ဘက္ ေရွးနထီး ေရွးဆင္ သမင္ ငါးပံုနဲ႔ အျခား တိရိစာၦမ်ားရဲဲ႕ ပံုကတဆင္႔ ဘာသာေရးနဲ႕ ရိုးရာ ဓေလ႔မ်ားကို စိတ္ရွိတဲ႔အတိုင္း (ေျမွာက္ေပးတာပါ) ေတြးယူနိုင္ပါတယ္ ဒီဂူေအာင္းလူသားေတြဟာ ေနရာနဲ႔ မေဝးတဲ႔ ပုဂံကိုဆင္းျပီး နံရံေဆးေရးဆြဲစားတဲ႔ လူေတြျဖစ္လာေၾကာင္း (ေလွ်ာက္) ေရးနိုင္ပါတယ္
Soil Layerလို႔ အၾကမ္းဖ်ဥ္းသိတဲ႔ stratigraphic sequence နဲ႔cultural level သတ္မွတ္ဖို႔ အေရးအပါဆံုးျဖစ္တဲ႔ ေျမလႊာ ပိုင္းျခားမႈ ရလာဒ္မ်ားကို မွတ္တမ္းတင္ပံုမွာလဲ ၾကပ္ဂူက ဦးေဆာင္ထားပါတယ္ ဘူမိသက္တမ္းနဲ႔ တြဲေတြ႔ အေထာက္အထားမ်ားကို ဆံုးျဖတ္ရာမွာ သူက အခရာက်လို႔ ဘာဘာညာညာ ဆက္မေရးေတာ႔ပါဘူး
Fauna evidance နွစ္ဂူလံုးမွာေတြ႔ပါတယ္ ထံုးစံအတိုင္း အေသးစိတ္ မွတ္တမ္းမွာေတာ႔ ပဒတ္က ရွံဳးပါတယ္
Flora evidance ကေတာ႔ ၾကပ္ဂူမွာပဲ ေတြ႔ပါတယ္ Plants remain ေတြကို detail ခ်ျပထားတာ တကယ္ လက္ဖ်ားခါေလာက္ေအာင္ ေကာင္းပါတယ္ SEA ရဲ႕ Agriculture အတြက္ အလြန္ အက်ိဳးရွိပါတယ္
ေက်ာက္ဂူေတြအေၾကာင္း ေတာ္ေသးျပီ
Padah-lin Culture ဆိုတာ ျမန္မာႏိုင္ငံအတြက္ မွတ္တိုင္ေကာင္း တခုျဖစ္ၿပီး သမိုင္းကြင္းဆက္အတြက္ အေရးပါပါတယ္
ဟာေဗးဆိုတဲ့ ငခံုးမတေကာင္ေၾကာင့္ နိုင္ငံျခား ပညာ႐ွင္မ်ားကို သိမ္းၾကံဳး ပုတ္ခတ္ ၾကသူမ်ားအတြက္ ဒီဂူႏွစ္ခုရဲ႕ recording methods ကြာျခားမႈကတဆင့္ ႏိုင္ငံရဲ႕ နစ္နာမႈကို သိမယ္ဆို ေရးရက်ိဳးနပ္ပါၿပီ
အခ်ိန္ကာလတစ္ခုအတြင္း နိုင္ငံျခား ပညာ႐ွင္မ်ားကို ဝင္ခြင့္တားျမစ္ထားတဲ့ အုပ္ခ်ဳပ္သူမ်ိဳးကိုလဲ ေနာက္ထပ္မၾကံဳေတြ႔ရပါေစနဲ႔လ ို႔ ဆုေတာင္းမိပါတယ္
စာေရးတယ္ဆိုတာ ဘက္တစ္ဖက္ ၾကိဳက္ေအာင္ ေရးရတယ္ဆိုတဲ႔ အိုင္ဒီယာ ေခတ္စားလာပါတယ္ ဒါမွ ပရိတ္သတ္မ်ားျပီး လက္ခုပ္သံညံမွာပါ ျမန္မာနိုင္ငံထဲမွာေနရင္ လူမ်ားစုရွိတဲ႔ ဘက္ကို ပိုျပီး ေနတတ္ဖို႔လိုပါတယ္ အမွန္အမွားထက္ လက္ခုပ္သံနဲ႔ ဆံုးျဖတ္တဲ႔ ကာလေရာက္ေနေတာ႔ မိုးခါးေရလဲ ခ်ိဳစျမဲ ျဖစ္ေနၾကမွာေပါ႔
က်ေနာ္ကေတာ႔ ယံုၾကည္ရာ ဘက္တခုစီက အတၱႏြံတံတိုင္းထဲမွာ ပိတ္မိေနၾကတဲ႔ ပံုစံေတြကို ျမင္ပါမ်ားလာေတာ႔ ရြံရွာလာျပီး ယံုၾကည္ရာ ဘက္တခုကို မထားဖို႔ ဆံုးျဖတ္ထားပါတယ္ သိခ်င္ရာေနာက္လိုက္မယ္ သိခ်င္တဲ႔အရာကလဲ အမွန္တရား တခုပဲ ျဖစ္လိမ္႔မယ္ အဲဒီလမ္းကို မေရာက္ေအာင္ တားေနမဲ႔ အရာေတြကို ရွင္းပစ္မယ္ လမ္းဆံုးရင္ လမ္းသစ္ေလွ်ာက္မယ္ စိတ္ထားကို ပင္လယ္ၾကီးေလာက္ က်ယ္ျပန္႔ေအာင္ထားျပီး ကိုယ္႔ပံုစံနဲ႔ ကိုယ္ပဲေရွ႕ဆက္သြားပါမယ္
6.2.2018
(Unicode)
Comparison studies of Padah-lin Cave, Myanmar and Spirit Cave, Thailand ခေါင်းစဉ်နဲ့ assignment တစ်စောင်ကို Dating Method ဘာသာရပ် ဆရာက တာဝန်ပေးအပ်တဲ့ အခါ ရလာဒ်က မဆိုးပါဘူးလို့ မှတ်ချက်ရခဲ့ပါတယ်
ချီးကျူးခဲတဲ့ ဆရာရဲ့ အသိအမှတ်ပြုမှုကို တစ်နှစ်ခွဲလုံးလုံး စောင့်စားလာရတဲ့ ကျနော့်အပြုံးက ပျားရည်တွေ မတရားမျိုချထားရတဲ့သူပမာ
အချိန်တစ်ပတ်ပဲ ရတဲ့ (ဒါတောင် Hangout ၉ပုဒ် အခြား assigment ၃စောင်ပါ တစ်ချိန်ထဲရေးရ) အတောအတွင်း ပဒတ်နဲ့ ကြပ်ဂူနှစ်ခု အကြား အတောင်တပ်ပြီး ပျံသန်းခဲ့ ရတုန်းက ခံစားချက်က ဘာနဲ့မှ မလဲနိုင်ခဲ့
ကျနော်လား
မျိုးချစ်စိတ် သိပ်ရှိတာပေါ့
သည်စိတ်ကိုအခြေခံထားလို့လဲ သမိုင်းနဲ့ လမိုင်းကပ်ခဲ့တာ
အခြေခံပညာတန်းက သင်ရတဲ့ သခင်မျိုးဟေ့တို့ဗမာကွဆိုတဲ့ စကားလုံးကြောင့် သွေးတွေပူနွေးပြီး လက်သီးလက်မောင်းတန်းလို့ သည်ကမ္ဘာဟာ ငါ့ကမ္ဘာပဲလို့ အထင်ရောက်ခဲ့တယ်
လူသားအစ မြန်မာကလို့လဲ သိမှတ် လက်ခံပြီး တက်ကြွခဲ့တယ်
ခုချိန်လား
ကျနော်မငယ်တော့ဘူးလေ
ငပိထုပ်လာတဲ့ စက္ကူပိုင်းတောင် အလွတ်မပေးပဲ ဖတ်တတ်တဲ့ စာဖတ်ဝါသနာက နယ်ပယ်တစ်ခုမှာ နေရာတစ်ခု ယူပေးခဲ့ပြီ
အသိဉာဏ် ဗဟုသုတတွေကြောင့် မြင်ရတဲ့ အတိုင်း အဟုတ်လားဆိုတာကို စူးစမ်းဖို့ အလေ့အကျင့်ရခဲ့ပြီ
အခု အချစ်ဆုံးက အမှန်တရားဖြစ်ခဲ့ပြီ
အရှိကို အမှန်အတိုင်း အမှန်ကို အရှိအတိုင်း ပဲ လက်ခံတတ်တဲ့ ပညာတိုးလာတာပေါ့
ပဒတ်နဲ့ ကြပ်တို့ကို လေ့လာရတာ မရိုးရှင်းပါဘူး comparative study ဖြစ်လို့ အစစ အရာရာကို နှိုင်းယှဉ်ရပါတယ် တဖြောင့်တည်း မျဉ်းဆွဲပြီး တိုင်းရင် ၁၆၅မိုင်ကျော်ကျော်လောက်သာ ဝေးတဲ့ ဒီဂူနှစ်ခုကို ထပ်တူညီတာတွေ အစုခွဲ ခြားနားမှုတွေ စုစည်းလို့ ကိုယ်မြင်သမျှတွေ ထုတ်ရေးပေးရမှာပါ
ပထမ စိန်ခေါ်မှု ကတော့ မှတ်တမ်းတင်ရာ ဘာသာရပ်ကို ရွေးခြယ်ရခြင်းပါ မြန်မာ အက္ခရာနဲ့ ဖော်ပြထားတဲ့ ပြဒါးလင်းဂူရဲ့ မှတ်တမ်းကတော့ ကိုယ်ကျွမ်းကျင်ရာ ဘာသာဖြစ်တာကြောင့် အလွယ်ပဲ သဘောပေါက်ပါတယ် ကြပ်ဂူကိုတော့ အင်္ဂလိပ်ဘာသာနဲ့ ဖတ်ရပါတယ် လွယ်လွယ်သိတာကိုပဲ အဟုတ်ကြီး ထင်ပြီး အားလုံးသိပြီလို့ မပြောနိုင်ပါ ပညာရပ်ဆိုင်ရာ အသုံးအနှုန်းတွေကို အလွယ်တကူ သဘောပေါက်ဖို့ မြန်မာဘာသာနဲ့ မွေးစားစကားလုံးတွေ ရှိမနေပါဘူး ဒီတော့ ဂူနှစ်ခုလုံးကို အင်္ဂလိပ်ဘာသာနဲ့ပဲ လေ့လာရပါတယ် အင်္ဂလိပ်လို ရေးတဲ့ မြန်မာ့ပညာရပ်ဆိုင်ရာ ဆောင်းပါးတွေမှာ အနုမာနတွေ တိတိကျကျပါတတ်ပြီး ပညာရှင်မဆန်တဲ့ စည်းလွတ်ဘောင်လွတ် သုံးသပ်ချက်တွေ မပါတာကြောင့် အရှိအတိုင်း inventory သဘောကို ပြတ်သားစွာ မြင်ရပါတယ် တကမ္ဘာလုံးက ဖတ်နိုင်တဲ့ ဘာသာရပ်နဲ့ ဖြစ်တာကြောင့် ရိုးသားမှုကို လက်ကိုင်ထားပါတယ်
တူးဖော်ချိန် မတိမ်းမယိမ်းနဲ့ အရွယ်အစားပမာဏတူ Hoabinhian culture ဖြစ်တာချင်းတူတူမှာ absolute dating သက်တမ်းမှာ ကိုယ့်နယ်နိမိတ်လိုင်းထဲက ဂူကြီးထဲက အထောက်အထားတွေက နှစ်တစ်ထောင်လောက် ပိုစောတော့ ဇာတိမာန်သွေးက မနေပါဘူး ကျေနပ်တယ်ပေါ့နော ငါတို့က ပိုစောတယ်ဟာ ဘာပြောချင်သေးလဲ သခင်မျိုးဟေ့ တို့ဗမာ လူသားအစ မြန်မာက ကြုံးဝါးလိုက်ရတော့မလား
လွန်ခဲ့သော နှစ်ပေါင်း ၁၃ဝဝဝက ထိုနေရာက လူတွေမှာ အခုသားထားတဲ့ နယ်နိမိတ် မရှိသေးဘူး ဂူနှစ်ခုလုံးဟာ မြန်မာနဲ့ ထိုင်းဆိုတဲ့ သတ်မှတ်ချက်အောက်မရောက်သေးဘူး dating စောတာဟာ အားသာချက် မဟုတ်တော့ ဉာဏ်နည်းလို့ ဘယ်ရမလဲ တချက်ထဲနဲ့ ကောက်ချက်ချရင် သိချင်ယောင်ဆောင် ပညာရှာ pesudo scholar ဘဝပဲ ရောက်တော့မပေါ့
ရှေးဟောင်းသုတေသနပညာမှာ dating သတ်မှတ်ပေးတာဟာ ပန်းတိုင်ဖြစ်တယ် ဆိုပေမဲ့ သည်လမ်းကြောင်းကို သွားတဲ့ တူးဖော်မှုအပိုင်းကလဲ အရေးကြီးပါတယ် တူးဖော်ပုံ နည်းစနစ်နဲ့ ဆက်စပ်သုံးစွဲတဲ့ ပညာရပ်ကိုလဲ မေ့ထားလို့မရပါဘူး လူ၊ နည်းစနစ်နဲ့ သုံးခဲ့တဲ့ပညာရပ်အပေါ်လိုက်ပြီး ရှုထောင့်မျိုးစုံရှိနိုင်လို့ပါ
ဥပမာ ရာဇကုမာရ်ကျောက်စာကို မြန်မာစာသမားဖတ်တာနဲ့ သမိုင်းသမားဖတ်တဲ့ ရှုထောင့် ပုံစံကွဲပါတယ် ရှေးဟောင်းလက်ရေးစာသမားနဲ့ ဘာသာဗေဒသမား တွေ ကျောက်စာအပေါ်ထားတဲ့ ဥပဒေသ ကွာပါတယ် ထွက်လာတဲ့ သုံးသပ်ချက်တွေဟာလဲ ရာဇဝင်ဆရာရေးထားတဲ့ ပုံပြင်တွေလို မချောမွေ့ပဲ ဖတ်ရတာ အရမ်းခက်ခဲတယ် ဆိုပေမဲ့ ဖတ်ရသူဘက်က ကြည့်ရင် ကျွမ်းကျင်ရာ ဘာသာရပ်က ကျော်ပြီး ပြောတာမဟုတ်လို့ လိပ်ပြာလုံလုံ လက်ခံနိုင်ပါတယ်
ဆက်ရရင် ပဒတ်ဂူကို ဘူမိပညာရှင် ဦးခင်မောင်ကျော်မှ accidental finding အနေနဲ့ ကနဦးတွေ့ခဲ့တာကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ထောက်ပံ့မှုနှင့် ရှေးဟောင်းသုတေသနပညာရှင်များ ဘူမိပညာရှင်များ မနုဿပညာရှင်များပူးပေါင်းပြီး တူးဖော်ခဲ့ပါတယ် တူးဖော်မှုရလာဒ်များကို၁၉၆၉ ခုနှစ်တွင် ဦးအောင်သော်မှ Burma Reserch Society ရဲ့ ဌာနတွင်း အစည်းအဝေးမှာ ဖတ်ကြားခဲ့ပါတယ်
ကြပ်ဂူကို University of Hawaii's Southeast Asian Prehistory Program ကြီးကြပ်မှုနဲ့ Fine Arts Department of Thai Government and University of Hawaii Department of Anthropology က စပွန်ဆာပေးကာ U.S National Science Foundation Predoctoral Reserch Grant (GS-861) နဲ့ Mosher Fun For Southeast Asian Archaeology အဖွဲ့အစည်းများရဲ့ ကုန်ကျစားရိတ်ထောက်ပံ့မှုယူကာ အမေရိကန် မနုဿဗေဒနဲ့ ရှေးဟောင်းသုတေသန ပညာရှင် Chester F. Gorman က တူးဖော် သုတေသနပြု၍ ၁၉ရဝခုနှစ်တွင် စာတမ်းတင်သွင်းခဲ့ပါတယ်
အထက်ပါ အကြောင်းအရာနဲ့ ပတ်သတ်၍ ကောက်ချက်ချရလျှင်
့ရှေးဟောင်းသုတေသနအတွက် အရေးအပါဆုံးထောက်ပံ့မှုဖြစ်တဲ့ စားရိတ်သုံးစွဲမှုတွင် ကြပ်ဂူက အသာရသဖြင့် ကာလရှည်ကြာလေ့လာမှု ပြုနိုင်ခဲ့ရာ Archaeological findings က အနုစိတ်ကျကျနဲ့ စေ့စေ့စပ်စပ် စုံစုံစိစိ ရှိခဲ့ပါသည်
အပြောနဲ့ မဟုတ် လက်တွေ့ပဲ ပဒတ်နဲ့ ကြပ်ရဲ့ Archaeological findings တွေကို ယှဉ်ကြည့်ရင်
ပဒတ်တွင် Over 1,600 tools including Pebbles, Chopper, Chopping tools, Hand adze, Hand axe, Scraper, Stone Ring and Pottery
ကြပ်တွင် Quadrangular adzes, Short axes, Retouched flakes, Polished slate knife, Edge-ground axes, Grinding stones and Pottery
တချိန်တည်း တပြိုင်တည်းလောက် data recording လုပ်ခဲ့ပေမဲ့ recording data တိကျမှု ကွာခြားနေတာ တွေ့ရမှာပါ
Upper Palaeolithic /Neolithic ကာလရဲ့ stone tools တွေရဲ့ အဆင့်အတန်းကို ကျောက်လွှာကို ပါးသထက်ပါးအောင် ဆစ်ထုတ်နိုင်တဲ့ နည်းပညာ ပုံဖော်သွေးတဲ့ နည်းပညာ သစ်ဝါး အစရှိတဲ့ အရာတွေနဲ့ တွဲဆက်သုံးနိုင်တဲ့ နည်းပညာ ကြာရှည်ခံ လှပအောင် အရောင်တင်ထားတဲ့ နည်းပညာ တွေနဲ့ ကြည့်ကာ သုံးစွဲသူတွေရဲ့ creative power နဲ့ လူနေမှု အဆင့်အတန်းကို ဆုံးဖြတ်ပါတယ် inventory ခိုင်ခိုင်မာမာမရှိတဲ့ဘက်က ဂူအောင်းလူသားတွေရဲ့ အဆင့်အတန်းကို မဆုံးဖြတ်နိုင်တာမို့ culture ချင်းတူတူ ဘယ်ဘက်ကသာမလဲ စာဖတ်သူပဲ ဆုံးဖြတ်သွားပါ ဇာတိမာန်နဲ့ အမှန်တရား အချစ်နှစ်ခု လွန်ဆွဲနေလို့ အာပါတ်လွတ်ရေးပါတယ်
ဒီနေရာမှာ ကျောက်လက်နက်တွေ အများကြီးတွေ့ရတဲ့ ပဒတ်ဂူဟာ ကျောက်လက်နက်စက်ရုံကြီးတစ်ခုကော မဖြစ်နိုင်ဘူးလားလို့ တွေးစရာလဲ ရပါတယ်
တစ်ခုတော့ရှိတယ် ပဒတ်ဂူဟာ ကျောက်နံရံပန်းချီတွေ အများကြီးနဲ့ ပဒတ်ကျောက်ခေတ်လူတွေရဲ့ အနုပညာ ဖန်တီးမှု စွမ်းအားမှာတော့ ကြပ်ထက် သာပါတယ် ကြပ်ဂူထဲမှာ ကျောက်နံရံပန်းချီတွေ ရှိမရှိ Chester F. Gormanရဲ့ Excavation in Spirit Cave စာတမ်းမှာ မတွေ့ရသလို အခြားအထောက်အထားများမှာလဲ မတွေ့ရုံမက ဓါတ်ပုံတွေထဲ
မှာလဲ မတွေ့လို့ Poorly found of rock paintings in Spirit Caveလို့ပဲ သုံးသပ်ပါတယ် ပဒတ်ဂူထဲက မြေစေးနီနဲ့ ရေးဆွဲထားတဲ့ တောက်ပနေသောနေပုံ လက်နှစ်ဘက် ရှေးနထီး ရှေးဆင် သမင် ငါးပုံနဲ့ အခြား တိရိစ္ဆာများရဲဲ့ ပုံကတဆင့် ဘာသာရေးနဲ့ ရိုးရာ ဓလေ့များကို စိတ်ရှိတဲ့အတိုင်း (မြှောက်ပေးတာပါ) တွေးယူနိုင်ပါတယ် ဒီဂူအောင်းလူသားတွေဟာ နေရာနဲ့ မဝေးတဲ့ ပုဂံကိုဆင်းပြီး နံရံဆေးရေးဆွဲစားတဲ့ လူတွေဖြစ်လာကြောင်း (လျှောက်) ရေးနိုင်ပါတယ်
Soil Layerလို့ အကြမ်းဖျဉ်းသိတဲ့ stratigraphic sequence နဲ့cultural level သတ်မှတ်ဖို့ အရေးအပါဆုံးဖြစ်တဲ့ မြေလွှာ ပိုင်းခြားမှု ရလာဒ်များကို မှတ်တမ်းတင်ပုံမှာလဲ ကြပ်ဂူက ဦးဆောင်ထားပါတယ် ဘူမိသက်တမ်းနဲ့ တွဲတွေ့ အထောက်အထားများကို ဆုံးဖြတ်ရာမှာ သူက အခရာကျလို့ ဘာဘာညာညာ ဆက်မရေးတော့ပါဘူး
Fauna evidance နှစ်ဂူလုံးမှာတွေ့ပါတယ် ထုံးစံအတိုင်း အသေးစိတ် မှတ်တမ်းမှာတော့ ပဒတ်က ရှုံးပါတယ်
Flora evidance ကတော့ ကြပ်ဂူမှာပဲ တွေ့ပါတယ် Plants remain တွေကို detail ချပြထားတာ တကယ် လက်ဖျားခါလောက်အောင် ကောင်းပါတယ် SEA ရဲ့ Agriculture အတွက် အလွန် အကျိုးရှိပါတယ်
ကျောက်ဂူတွေအကြောင်း တော်သေးပြီ
Padah-lin Culture ဆိုတာ မြန်မာနိုင်ငံအတွက် မှတ်တိုင်ကောင်း တခုဖြစ်ပြီး သမိုင်းကွင်းဆက်အတွက် အရေးပါပါတယ်
ဟာဗေးဆိုတဲ့ ငခုံးမတကောင်ကြောင့် နိုင်ငံခြား ပညာရှင်များကို သိမ်းကြုံး ပုတ်ခတ် ကြသူများအတွက် ဒီဂူနှစ်ခုရဲ့ recording methods ကွာခြားမှုကတဆင့် နိုင်ငံရဲ့ နစ်နာမှုကို သိမယ်ဆို ရေးရကျိုးနပ်ပါပြီ
အချိန်ကာလတစ်ခုအတွင်း နိုင်ငံခြား ပညာရှင်များကို ဝင်ခွင့်တားမြစ်ထားတဲ့ အုပ်ချုပ်သူမျိုးကိုလဲ နောက်ထပ်မကြုံတွေ့ရပါစေနဲ့လို့ ဆုတောင်းမိပါတယ်
စာရေးတယ်ဆိုတာ ဘက်တစ်ဖက် ကြိုက်အောင် ရေးရတယ်ဆိုတဲ့ အိုင်ဒီယာ ခေတ်စားလာပါတယ် ဒါမှ ပရိတ်သတ်များပြီး လက်ခုပ်သံညံမှာပါ မြန်မာနိုင်ငံထဲမှာနေရင် လူများစုရှိတဲ့ ဘက်ကို ပိုပြီး နေတတ်ဖို့လိုပါတယ် အမှန်အမှားထက် လက်ခုပ်သံနဲ့ ဆုံးဖြတ်တဲ့ ကာလရောက်နေတော့ မိုးခါးရေလဲ ချိုစမြဲ ဖြစ်နေကြမှာပေါ့
ကျနော်ကတော့ ယုံကြည်ရာ ဘက်တခုစီက အတ္တနွံတံတိုင်းထဲမှာ ပိတ်မိနေကြတဲ့ ပုံစံတွေကို မြင်ပါများလာတော့ ရွံရှာလာပြီး ယုံကြည်ရာ ဘက်တခုကို မထားဖို့ ဆုံးဖြတ်ထားပါတယ် သိချင်ရာနောက်လိုက်မယ် သိချင်တဲ့အရာကလဲ အမှန်တရား တခုပဲ ဖြစ်လိမ့်မယ် အဲဒီလမ်းကို မရောက်အောင် တားနေမဲ့ အရာတွေကို ရှင်းပစ်မယ် လမ်းဆုံးရင် လမ်းသစ်လျှောက်မယ် စိတ်ထားကို ပင်လယ်ကြီးလောက် ကျယ်ပြန့်အောင်ထားပြီး ကိုယ့်ပုံစံနဲ့ ကိုယ်ပဲရှေ့ဆက်သွားပါမယ်
SLN
6.2.2018