Thursday, 31 August 2017

လန္ဒန္တကၠသုိလ္မွ ခ်ီးျမွင့္လုိက္ေသာ ဘြဲ ့ဝတ္ရုံၾကီး

(Zawgyi)
" ဆရာၾကီး ရန္ကုန္တကၠသုိလ္တြင္ အလုပ္လုပ္စဥ္က စာသင္ခန္းဝင္လွ်င္ လန္ဒန္တကၠသုိလ္မွ ခ်ီးျမွင့္လုိက္ေသာ ဘြဲ ့ဝတ္ရုံၾကီးကုိ ဝတ္ဆင္ဝင္ေရာက္ေလ့ရွိတယ္လုိ ့ၾကားဖူးပါတယ္"
ကိုယ္တိုင္ျမင္လို႔ တင္ျပတာမဟုတ္တဲ႔ တဆင္႔စကားဟာ ေဒါက္တာသန္းထြန္းကို ရည္ညႊန္းတာျဖစ္ျပီး ေဒါက္တာသန္းထြန္း ကြယ္လြန္ျခင္း ၁၀နွစ္ျပည္႔ အထိမ္းအမွတ္ စာတမ္းမ်ား စာအုပ္ထဲမွ ဘြဲ႔ၾကိဳဘဝက ေတြ႔ဖူးခဲ႔တဲ႔ ပါေမာကၡေဆာင္းပါးထဲမွာ ဖတ္လိုက္ရပါသည္ ေဆာင္းပါးရွင္ကေတာ႔ Kေပါလို႔သိရပါတယ္ ဆရာ႔တပည္႔မ်ားကိုယ္တိုင္ စာစစ္ျပီး ပံုနွိပ္ထုတ္ေဝထားတဲ႔ စာအုပ္ထဲမွ အေၾကာင္းအရာ ျဖစ္တာေၾကာင္႔ လက္ခံရမွာပဲ

ေဒါက္တာသန္းထြန္းအမည္ကို အျမဲ မႏၱေလးတကၠသိုလ္နဲ႔တြဲျပီးေတြ႔ရေသာ္လည္း ဆရာၾကီး ကနဦးအလုပ္လုပ္တဲ႔ေနရာကေတာ႔ ရန္ကုန္တကၠသိုလ္ပဲ ျဖစ္ခဲ႔ပါတယ္

၁၉၄၆မတ္မွာ သမိုင္း ဝိဇၨာဂုဏ္ထူးတန္းကို ေအာင္ျမင္ျပီး ၁ ဇူလိုင္မွာ ရန္ကုန္တကၠသိုလ္ သမိုင္းဌာနတြင္ အခ်ိန္ပိုင္းနည္းျပဝင္လုပ္ခဲ႔တယ္ ၁ ဇြန္ ၁၉၄၇မွာ အခ်ိန္ျပည္႔နည္းျပျဖစ္ခဲ႔ပါျပီ ဆရာၾကီးရဲ႕ သမိုင္းနည္းျပဘဝဟာ ၁၉၅၂တြင္လက္ေထာက္ကထိကသို႔ ရာထူးတိုးျပီး လန္ဒန္တကၠသိုလ္၏ အေရွ႕တိုင္းနွင္႔ အာဖရိကဆိုင္ရာေက်ာင္းတြင္ပညာသင္သြားေရာက္ခ်ိန္ ေအာက္တိုဘာ ၁၉၅၂တြင္ တခန္းရပ္ခဲ႔ပါျပီ ၁၉၅၆တြင္ Ph.Dဘြဲ႔ရလာျပီး ရန္ကုန္က တပ္မေတာ္ေမာ္ကြန္းတိုက္တြင္ အယ္ဒီတာခ်ဳပ္နွင္႔ သုေတသန အရာရွိခ်ဳပ္အျဖစ္ အမႈထမ္းခဲ႔တယ္ ဒါေပမယ္႔ ၁၉၅၇ဇန္နဝါရီေရာက္ေတာ႔ ရန္ကုန္တကၠသိုလ္ နယ္ေျမကို ျပန္ေျခခ်ခြင္႔ရခဲ႔ပါတယ္ လက္ေထာက္ကထိက ရာထူးနဲ႔ပါ ေနာက္ေတာ႔ ဇြန္ ၁၉၅၈မွာ အေနာက္တိုင္းရာဇဝင္ ကထိကျဖစ္ ေနာက္ျပီး ၁၉၆၀တြင္ အေရွ႕တိုင္းရာဇဝင္ကထိကအျဖစ္ေနခဲ႔တာ ေအာက္တိုဘာ ၁၉၆၅တြင္ ဝိဇၨာနွင္႔ သိပၸံတကၠသိုလ္ မႏၱေလးသမိုင္းဌာနမွာ ပါေမာကၡရာထူးနဲ႔ ေရႊ႕ခဲ႔ရတဲ႔အထိပါ
ဒီေနရာမွာ ေဆာင္းပါးရွင္ ဆရာKေပါ ရည္ညႊန္းတဲ႔ "ရန္ကုန္တကၠသုိလ္တြင္ အလုပ္လုပ္စဥ္က စာသင္ခန္းဝင္လွ်င္ လန္ဒန္တကၠသုိလ္မွ ခ်ီးျမွင့္လုိက္ေသာ ဘြဲ ့ဝတ္ရုံၾကီးကုိ ဝတ္ဆင္ဝင္ေရာက္ေလ့ရွိတယ္" ဆိုတာ ၁၉၅၇ဇန္နဝါရီက ေအာက္တိုဘာ ၁၉၆၅ၾကားတခ်ိန္ခ်ိန္က ဆရာ႔အသြင္သ႑ာန္ျဖစ္ပါလိမ္႔မည္
အတည္မျပဳနိုင္ေသာ သတင္းတပုဒ္တြင္ ဖတ္ဖူးလိုက္သည္ (ေရးသူမမွတ္မိေတာ႔ပါ) လန္ဒန္တကၠသိုလ္မွ ျပန္ေရာက္လာခ်ိန္ဟု ေဆာင္းပါးရွင္ ဆရာKေပါ ညႊန္းဆိုခဲ႔ေသာ အခ်ိန္မွာ ၁၉၆၀ခုနွစ္မွာ အေရွ႕တိုင္းရာဇဝင္ ကထိကေနရာကို ဗိုလ္မွဴးဘရွင္နွင္႔ ေဒါက္တာသန္းထြန္းတို႔ အျပိဳင္ျဖစ္ခ်ိန္တြင္ ဆရာၾကီးက လန္ဒန္တကၠသုိလ္မွ ခ်ီးျမွင့္လုိက္ေသာ ဘြဲ ့ဝတ္ရုံၾကီးကုိဝတ္ျပီး စာသင္တယ္လို႔ ထိုခ်ိန္က ေက်ာင္းသားျဖစ္ဖူးသူတစ္ဦးက ျပန္ေျပာျပတဲ႔ အေၾကာင္းပဲျဖစ္သည္ ထိုသတင္းကေတာ႔ ေဆာင္းပါးရွင္ ဆရာKေပါလို ေဖာ္ျပရံုသက္သက္ေရးထားတာမဟုတ္ no one is perfect ေထာက္ကြက္အေနျဖင္႔ တင္ျပထားျခင္းပါ
အေရွ႕တိုင္းရာဇဝင္ ကထိကေနရာကို ဗိုလ္မွဴးဘရွင္နွင္႔ ေဒါက္တာသန္းထြန္းတို႔ အျပိဳင္ျဖစ္ေနခ်ိန္မွာ ဆရာၾကီးက လန္ဒန္တကၠသုိလ္မွ ခ်ီးျမွင့္လုိက္ေသာ ဘြဲ ့ဝတ္ရုံၾကီးကုိ ဝတ္ခဲ႔တယ္ပဲ ထားပါေတာ႔ ေဆာင္းပါးရွင္ ဆရာKေပါ ဆက္လက္ေဖာ္ျပတဲ႔ အေၾကာင္းအရာနဲ႔ဆိုလွ်င္ေတာ႔ လန္ဒန္တကၠသုိလ္မွ ခ်ီးျမွင့္လုိက္ေသာ ဘြဲ ့ဝတ္ရုံၾကီးကုိ အပူခံျပီး အေၾကာင္းမဲ႔ ဝတ္မည္မထင္ " မႏၱေလးတကၠသုိလ္မွာပါေမာကၡအျဖစ္ ေတြ ့ရတဲ့ ဆရာၾကီးပုံကုိ ကၽြန္ေတာ့္မ်က္စိထဲ ကြက္ကြက္ကြင္းကြင္း (ေရးေတးေတး မဟုတ္ပါ) က်န္ေနရစ္ပုံကုိ သရုပ္ေဖာ္ျပပါမယ္ စြပ္က်ယ္လက္တုိ ဇင္ျပာသားထူထူနဲ့ ခ်ဳပ္ထားတဲ့ ေဘာင္းဘီတုိ၊ ေနာက္ပိတ္ကုိ ျပားခ်ပ္ေနေအာင္နင္းျပီး စီးထားတဲ့ ရွဴးဖိနပ္နဲ႔ လည္ပင္းမွာ မွန္ဘီလူးၾကီးဆြဲလုိ႔ လမ္းေလွ်ာက္ရင္း စာဖတ္လာတဲ့ ဆရာၾကီးကုိ အဦးဆုံးေတြ ့စက စိတ္မႏွံ ့သူလုိ ့ပဲထင္မိပါတယ္ (ကန္ေတာ့ပါ၏ ဆရာၾကီးခင္ဗ်ား) အတန္းၾကီးမ်ားကေျပာျပမွ သမုိင္းပါေမာကၡ ေဒါက္တာသန္းထြန္းလုိ ့သိရပါတယ္" ဟုလည္းေကာင္း
အြန္လိုင္းမွာ အရမ္းေပါက္ခဲ႔တဲ႔ ပို႔စ္တစ္ခုရွိပါေသးတယ္ ေဒါက္တာသန္းထြန္းဆိုသည္မွာ ေခါင္းစဥ္တြင္ ဦးေနဝင္းေခတ္တုန္းကတဲ႔လို႔စထားတဲ႔ တကၠသိုလ္ ဆရာတိုင္း ျမန္မာဝတ္စံုဝတ္လာရမယ္ဆိုလို႔အေပၚဝတ္ရင္ဖံုး ပုဆိုးေတာင္ရွည္ ေခါင္းေပါင္းၾကီးတလူလူဝတ္လာျပီး စာသင္တဲ႔အေၾကာင္း ပါခ်ဳပ္ကေခၚေမးေတာ႔ ပါခ်ဳပ္ထုတ္ျပန္ခ်က္အတိုင္းဝတ္တာလို႔ ေျဖပါတယ္ ပါခ်ဳပ္ဆိုလိုေသာ ျမန္မာအမ်ိဳးသားဝတ္စံုဆိုတာက တိုက္ပံု ေကာ္လာကတံုးနဲ႔ ပုဆိုးကို ဆိုလိုပါေၾကာင္းတုန္႔ျပန္ေတာ႔ တိုက္ပံုဆိုတာ တရုတ္၊ ပုဆိုးကကုလား ဒီနွစ္ခုက ျမန္မာမႈျပဳထားတာမို႔ ျမန္မာ႔အမ်ိဳးသားဝတ္စံုဆိုတာ သူဝတ္ထားတာမွ အမွန္လို႔တင္းတင္းေျပာေတာ႔ ထိုေခါင္းစဥ္ၾကီး ပ်က္ဆီးသြားရပါေၾကာင္းဟုလည္းေကာင္း
ထို႔ေနာက္ တကၠသိုလ္မွ ဆရာ / မမ်ား ယူနီေဖာင္းဝတ္ရမဲ႔အေရးေတာ္ပံုတြင္လည္း တကၠသိုလ္ဆရာဆိုလွ်င္ မီးခိုးေရာင္ တိုက္ပံု ေမာင္႔က်က္သေရေခါင္းေပါင္း လည္ကတံုးရွပ္အက်ီအျဖဴ ဆရာမမ်ားက ရင္ဖံုးလက္ရွည္ ပုဝါစံုခ်ဝတ္ရန္ စီစဥ္ရာ ယူနီေဖာင္းျဖစ္ေစခ်င္ရင္ ေယာကၤ်ားမိန္းမ ပံုစံမကြဲေအာင္ ကိုယ္လံုးတီးနဲ႔ စာသင္ရမယ္ ဟုလည္းေကာင္း
ေဖာ္ျပခ်က္ေတြအရ အဝတ္အစားဆိုတာ တခုပ္တရ အေလးေပးေလ႔ မရွိတဲ႔ အေပၚယံ ေရႊမွံဳက်ဲလုပ္ရပ္မ်ိဳးဆို မစင္ထက္ရြံ႐ွာတဲ့ ဆရာၾကီးရဲ႕ အက်င္႔ကို ထင္သာျမင္သာ ျဖစ္ေစပါတယ္
၁၉၆၀မွာ အေရွ႕တိုင္းရာဇဝင္ကထိကရာထူးရခဲ႔တဲ႔ ဆရာၾကီးမွာ သမိုင္းေနာက္ခံတစ္ခုရွိခဲ႔ပါတယ္ ဒီအေၾကာင္းကို ဆရာၾကီးရဲ႕ "ငါေျပာခ်င္တဲ႔ ငါ႔အေၾကာင္း" စာအုပ္ထဲမွာ ေဖာ္ျပထားပါတယ္
ရန္ကုန္တကၠသုိလ္မွာ အေနာက္တုိင္းသမုိင္းဌာနနဲ႔ အေ႐ွ႕တုိင္း သမုိင္းဌာနဆုိၿပီး သမုိင္းဌာန အျပဳိင္ႏွစ္ခု႐ွိတယ္။ အေ႐ွ႕တုိင္းဌာနက ၁ျသဂုတ္ ၁၉၆၀မွာ အေ႐ွ႕ဖ်ား ရာဇဝင္ဘာသာ သင္ၾကားဖုိ႔ ကထိကတစ္ဦးလုိတယ္။ ပညာအရည္အခ်င္းက အမ္ေအနဲ႔ ၎အထက္ဘြဲ႔ရ ပုဂၢိဳလ္ျဖစ္ရမယ္လုိ႔ ဆုိတယ္။ ေနာက္ B.A(Hons.) ရတဲ့လူကုိ ေလွ်ာက္ခုိင္းတယ္။ သူ႔ကုိပဲ Senateက ၁၇ စက္တင္ဘာ ၁၉၆၀မွာ ေရြးလုိက္တယ္။
လု(စ္) G.H.Luce (၂၀ ဇန္နဝါရီ ၁၈၈၉ - ၃ ေမ ၁၉၇၉) (ဦးေဖေမာင္တင္ - ပါေမာကၡ၊ အေ႐ွ႕တုိင္းပညာဌာန၊ ယူနီဘာစီတီ ေကာလိပ္၊ ရန္ကုန္ရဲ႕ညီမ ေဒၚတီတီရဲ႕ ခင္ပြန္း) အေ႐ွ႕တုိင္းပညာ (Reader) အၿငိမ္းစားယူေတာ့ သူ႔တပည့္ဦးဘ႐ွင္(၁၉၁၄- ၇ဇန္နဝါရီ ၁၉၇၁) က သူသင္တဲ့ ျမန္မာေခတ္ေဟာင္းသမုိင္းကုိ ဆက္သင္တယ္။ ဦးဘ႐ွင္ဟာ မတ္ ၁၉၃၈မွာ ဘီေအ(ဂုဏ္ထူးတန္း)ကုိ ဒုတိယတန္း ဒုတိယအဆင့္ နဲ႔ေအာင္တယ္။ ၁၉၃၈က ၁၉၄၁ထိ ပထမနည္းျပ၊ ေနာက္လက္ေထာက္ ကထိကအျဖစ္ သုံးႏွစ္ ဆရာလုပ္ခဲ့ၿပီး စစ္ႀကီးအတြင္း ဂ်ပန္ေခတ္က အာ႐ွလူငယ္ အစည္းအ႐ုံးမွာ ဥာဏဗလမွဴး၊ ကာကြယ္ေရးတပ္ေတာ္မွာ ပညာေရးအရာ႐ွိ စစ္မွတ္တမ္း တပ္မွဴး၊ အဂၤလန္မွာ ျမန္မာစစ္သံမွဴး (ဗုိလ္မွဴးႀကီး အဆင့္) အျဖစ္ တာဝန္ထမ္းေဆာင္ၿပီး ၁၉၅၆ ႏွစ္ကုန္မွာ တပ္ကထြက္ခဲ့တယ္။ အခ်ိန္ပုိင္း ကထိကအျဖစ္နဲ႔ ျမန္မာ့သမုိင္းကုိ ၁၉၅၉-၆၀မွာ တစ္ႏွစ္တာဝန္ယူ သင္ၾကားေပးတယ္။ ငါက အေနာက္တုိင္းရာဇဝင္ဌာန ကထိက၊ ဒါေပမဲ့ျမန္မာ့သမုိင္းပဲ အထူးေလ့လာေနတယ္။ ဆုိေတာ့ အေ႐ွ႕တုိင္း ရာဇဝင္ကထိကေနရာကုိ ဝင္ေလွ်ာက္တယ္။ မေပးဘူး။ ၁၇ စက္တင္ဘာ ၁၉၆၀ တကၠသုိလ္ဆီးနိတ္က ဗုိလ္မွဴးႀကီးဘ႐ွင္ကုိ ကထိကခန္႔ဖုိ႔ ဆုံးျဖတ္တယ္။
ဦးဘ႐ွင္ကုိ မဲေပးတဲ့လူေတြက ေဒါက္တာသာလွ၊ ေဒါက္တာသင္းၾကည္( ၁ ဇြန္ ၁၉၁၇-၁၃ ေအာက္တုိဘာ ၁၉၉၀)၊ ေဒါက္တာေက်ာ္သက္၊ ပါေမာကၡဝီလ်ံေပါ၊ ေဒါက္တာလွသြင္၊ ေဒါက္တာကုိကုိေလး၊ ပါေမာကၡ ေအာင္ခင္(၂၁ ဧၿပီ ၁၉၁၈-၈ ေမ ၁၉၈၇)၊ ဦးစံထြန္း (၁၉၀၆- ၂၁မတ္ ၁၉၉၉)၊ ေဒၚၾကင္စိန္၊ ေဒါက္တာေမာင္ကေလး၊ ဦးသိန္းဟန္၊ ပါေမာကၡ ေကအင္ကား၊ ေဒါက္တာသာျမင့္၊ ေဒါက္တာေဇာ္ထြန္းနဲ႔ ေဒါက္တာျမတူတုိ႔ျဖစ္ပါတယ္။ အေ႐ွ႕တုိင္း ရာဇဝင္ဌာန ပါေမာကၡ ေက်ာ္သက္က ဗုိလ္မွဴးဘ႐ွင္ကုိ ေစာေစာကပဲ အခ်ိန္ပုိင္းရာဇဝင္ကထိကအျဖစ္ သူ႔ဌာနမွာေခၚထားၿပီး သူ႔ကုိပဲ ကထိကေပးမယ္၊ လု(စ္)နဲ႔ ေဖေမာင္တင္ (၂၄ ဧၿပီ ၁၈၈၈ - ၂၂မတ္ ၁၉၇၃) ေထာက္ခံရင္ သူတုိ႔ျသဇာနဲ႔ ျဖစ္ႏုိင္တယ္လုိ႔တြက္တယ္။ ျမန္မာ့သမုိင္းေကာ္မ႐ွင္မွာ ဦးေဖေမာင္တင္က ၁၆ ေဖာေဖာ္ဝါရီ ၁၉၆၀ ကစၿပီး ဥကၠ႒၊ ဦးဘ႐ွင္က အဲဒီေကာ္မ႐ွင္မွာ သုေတသနမွဴး၊ ဆရာလု(စ္)က အဖြဲ႔ဝင္၊ ေဒါက္တာသာလွ၊ ေဒၚသင္းၾကည္တုိ႔က အဖြဲ႔ဝင္၊ ေနာက္ဆုံး ရာထူးခန္႔ထားေရးကုိ အတည္ျပဳမယ့္ တကၠသုိ္ေကာင္စီမွာ ဦးေဖေမာင္တင္၊ ေဒါက္တာလွျမင့္၊ ဦးဘုိးထုိ၊ ဦးမ်ဳိးမင္း( ၁၉၀၉- ၂၁ စက္တင္ဘာ ၁၉၉၅)၊ ေဒၚသင္းၾကည္၊ ေဒၚလင္းစေဒး၊ ဦးအုံး (၂၄ ဧၿပီ ၁၉၁၃-၁၁ ေမ ၁၉၈၁)၊ေဒါက္တာသာလွ၊ ဦးစိန္လွ၊တီ၊ေက၊ဘြန္း (၁၉၀၈ - ၁၉ ဇူလုိင္ ၁၉၆၅)၊ဦးေအာင္ေဖ၊ ေဒါက္တာေမာင္ကေလးဆုိတဲ့ အသုိင္းအဝုိင္းနဲ႔ ဆီးနိတ္ဆုံးျဖတ္ခ်က္ "M.A ေအာင္မွ ဒီေနရာေပးမယ္ဆုိတဲ့မူ”ကုိပယ္ၿပီး ဘီေအ(ဂုဏ္ထူး)သာရတဲ့လူကုိ ေရြးထားတာပဲ။ ဒါကုိေကာင္စီက အတည္ျပဳႏုိင္တယ္လုိ႔ တစ္ထစ္ခ်တြက္ၿပီးသား ျဖစ္ပါတယ္။
အျဖစ္အပ်က္က ၁၉၆၀ ျပည့္ႏွစ္ကုန္ခါနီးက ျဖစ္ၿပီး အခု၁၉၉၈မွာ ၃၈ႏွစ္႐ွိသြားၿပီျဖစ္လုိ႔ လူေတာ္ေတာ္မ်ားမ်ားလည္း ေသသြားၿပီျဖစ္လုိ႔ မ်က္ႏွာပူစရာမ႐ွိေတာ့တဲ့အတြက္ ဒီနာမည္ေတြကုိ ေဖာ္ၿပီး ေရးလုိက္ပါတယ္။ ေက်ာ္သက္၊သာလွ၊စံထြန္း (၁၉၀၆- ၂၁ မတ္ ၁၉၉၉) ေလာက္ပဲ က်န္ေတာ့တယ္။ ေကာင္စီအစည္းအေဝးက (၅ ႏုိဝင္ဘာ ၁၉၆၀) သန္းထြန္းကုိေရြးတယ္။ ေန႔စဥ္သတင္းစာေတြထဲမွာ အဲဒီကိစၥ ဝုိင္းေရးၾကတယ္။ တစ္ဖက္ကေရးတာကုိ ေခ်ပဖုိ႔ အခ်က္အလက္႐ွာၾကတယ္။ သတင္းစာတုိင္းလုိလုိမွာ အယ္ဒီတာခ်ဳပ္က ဦးဘ႐ွင္ရဲ႕ သူငယ္ခ်င္းေတြ ျဖစ္သလုိ လက္ေထာက္အယ္ဒီတာေတြက ငါ့သူငယ္ခ်င္းေတြဆုိေတာ့ အယ္ဒီတာခ်ဳပ္ မနက္႐ုံးတက္ၿပီး ေရးေပးခဲ့တာထက္သာေအာင္ ညအယ္ဒီတာက ေဖာင္ပိတ္ခါနီး ကပ္ၿပီး ျဖည့္ေပးတယ္။ တစ္ဖက္ေျခလွမ္းကုိ သတင္းစာတုိက္က ရသမွ်၊ သိသမွ်ကုိ ငါသိႏွင့္တယ္။ အဲဒီေတာ့ ကုိယ့္ဖက္က အထက္စီးရတာေပါ့။ ပုဂၢဳိလ္ေရးမပါေအာင္သိပ္ၿပီး သတိထားပါတယ္။ လႈပ္လႈပ္ရြရြျဖစ္ေအာင္လဲ လုပ္ေပးပါတယ္။ အဲဒါေၾကာင့္ ဆရာလု(စ္)ကမင္းမွာ သံဃေဘဒ အျပစ္႐ွိတယ္လုိ႔ ၁၂ ႏုိဝင္ဘာ ၁၉၆၀မွာ စာေရးေျပာပါတယ္။
ဆရာလု(စ္)ရဲ႕ ၁၉၄၉ (အႏွစ္ ၆၀ပြဲ)ကုိလုပ္ဖုိ႔ ငါေဆာ္ျသတယ္။ ဦးေဖေမာင္တင္ ၁၉၉၈ (အႏွစ္၁၁၁ပြဲ)ကုိ လုပ္ဖုိ႔လည္း ငါပဲေဆာ္ျသတယ္။ ဦးေဖေမာင္တင္ အေမရိကားသြားေနၿပီး ၂၄ ဇန္နဝါရီ ၁၉၅၉ ျပန္လာေတာ့ ျမန္မာ့သမုိင္းေကာ္မ႐ွင္မွာ ဥကၠ႒ ျဖစ္ဖုိ႔ ငါလႈံေဆာ္တယ္။ ဆရာလု(စ္)က "မင္းအေပၚမွာ မႏွစ္ျမဳိ့စိတ္ မ႐ွိ”ဆုိသလုိ သူတုိ႔ သမီးေယာက္ဖအေပၚမွာ ငါကလည္း ႏွစ္သက္ၾကည္ညဳိစိတ္ပဲ႐ွိတယ္။ ဒီကိစၥက သန္းထြန္း-ဘ႐ွင္ ရန္ပြဲမဟုတ္ပါ။ ရန္ကုန္တကၠသုိလ္ ဆီးနိတ္ မတရားလုပ္တာကုိ အမ်ားက ဝုိင္းၿပီး႐ုွတ္ခ်တဲ့ပဲြသာ ျဖစ္တယ္။ ဦးဘ႐ွင္ကလည္း ဘယ္လုိမွ သေဘာထားဟန္မတူပါ အရင္ကလဲ မခင္မင္ဘူး၊ ေနာက္လဲ ခင္မင္မလာဘူး၊ မ်က္ႏွာသိတစ္ေယာက္ကုိ အထုိက္အလုိက္ ဆက္ဆံသလုိ ဆက္ဆံပါတယ္။ တကၠသုိလ္ဝန္ထမ္း အိမ္မွာ ငါ့အိမ္ခန္းနဲ႔ သူ႔ဇနီးနာမည္နဲ႔ ရတဲ့အိမ္ခန္း ကပ္ေနလုိ႔ အိမ္နီးခ်င္းအျဖစ္နဲ႔ ၁၉၆၀ျပည့္က ၁၉၆၅ထိေနခဲ့ရတယ္လုိ႔ ထင္ပါတယ္။ ဘာသာရပ္ခ်င္း တူေနေတာ့ အိမ္နီးခ်င္း ေန႔စဥ္ျမင္ေနရသလုိ ပုဂံမွာလဲေတြ႔၊ စာတမ္းဖတ္ပြဲေတြမွာလည္းေတြ႔၊ စာၾကည့္တုိက္မွာလည္းေတြ႔ သူဖတ္တဲ့စာတမ္းကုိ ငါေဝဖန္တယ္၊ ငါ့စာတမ္းကုိ သူတစ္ခါမွ မေဝဖန္ပါ။
ငါေျပာသမွ် ငါ႔အေၾကာင္း စာအုပ္ပါ အေၾကာင္းအရာကို မူရင္းအတိုင္း ကူးယူေဖာ္ျပထားပါသည္ မွတ္သားရမွာတစ္ခုက " ဒီကိစၥက သန္းထြန္း-ဘ႐ွင္ ရန္ပြဲမဟုတ္ပါ ရန္ကုန္တကၠသုိလ္ ဆီးနိတ္ မတရားလုပ္တာကုိ အမ်ားက ဝုိင္းၿပီး႐ွဳတ္ခ်တဲ့ပဲြသာ ျဖစ္တယ္ "
ဆရာၾကီးသည္ လုပ္ထံုးလုပ္နည္းနွင္႔ မညီပဲ မတရားလက္ဝါးၾကီးအုပ္ျပီး ကိုယ္႔လူစိုးမိုးေရး မူဝါဒကို ဆန္႔က်င္ရန္ သတင္းစာတြင္ အျပန္အလွန္ ေရးသားၾကတဲ႔အထိ က်ယ္ျပန္႔ေသာ ဆန္႔က်င့္မႈ ျပဳဖို႔ဆိုလွ်င္ ဆရာၾကီး မလုပ္နိုင္တာ ဘာမွ မရွိေတာ႔ဘူးလို႔ ယူဆလို႔ရပါတယ္
ထို႔ေၾကာင္႔ ရန္ကုန္တကၠသုိလ္ ဆီးနိတ္ မတရားလုပ္တာကုိ အမ်ားက ဝုိင္းၿပီး႐ွဳတ္ခ်တဲ့ပဲြ ဓမၼႏွင့္ အဓမၼတို႔ အားစမ္းပြဲ အမွားကို အမွန္ျပင္ရမည့္ပြဲ တရားျခင္းျဖင့္ မတရားျခင္းအား ႏွိပ္ကြပ္သည့္ပြဲ ေနရာတေနရာစာထက္ သစၥာတရားစိုက္ပ်ိဳးသည့္ပြဲ
အႏိုင္အ႐ွံဳး ရလာဒ္နဲ႔အတူ သမိုင္းတြင္ တစ္ေခတ္တစ္ေယာက္ဆိုတဲ့ ဂုဏ္ပုဒ္က ဆရာႀကီး ရဲ႕ အလုပ္မ်ားနွင့္ သက္ေသထူခ့ဲျပီးၿပီ
ေဒါက္တာ သန္းထြန္း ဆိုတာ သမိုင္းေလာကရဲ႕ တရားဥပေဒသ ျဖစ္ခဲ့ေတာ့သည္
သ်ွင္ေလညင္း
၃၁၊၈၊၂၀၁၇

(Unicode)
လန်ဒန်တက္ကသိုလ်မှ ချီးမြှင့်လိုက်သော ဘွဲ့ဝတ်ရုံကြီး
" ဆရာကြီး ရန်ကုန်တက္ကသိုလ်တွင် အလုပ်လုပ်စဉ်က စာသင်ခန်းဝင်လျှင် လန်ဒန်တက္ကသိုလ်မှ ချီးမြှင့်လိုက်သော ဘွဲ့ဝတ်ရုံကြီးကို ဝတ်ဆင်ဝင်ရောက်လေ့ရှိတယ်လို့ကြားဖူးပါတယ်"
ကိုယ်တိုင်မြင်လို့ တင်ပြတာမဟုတ်တဲ့ တဆင့်စကားဟာ ဒေါက်တာသန်းထွန်းကို ရည်ညွှန်းတာဖြစ်ပြီး ဒေါက်တာသန်းထွန်း ကွယ်လွန်ခြင်း ၁၀နှစ်ပြည့် အထိမ်းအမှတ် စာတမ်းများ စာအုပ်ထဲမှ ဘွဲ့ကြိုဘဝက တွေ့ဖူးခဲ့တဲ့ ပါမောက္ခဆောင်းပါးထဲမှာ ဖတ်လိုက်ရပါသည် ဆောင်းပါးရှင်ကတော့ Kပေါလို့သိရပါတယ် ဆရာ့တပည့်များကိုယ်တိုင် စာစစ်ပြီး ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်ထဲမှ အကြောင်းအရာ ဖြစ်တာကြောင့် လက်ခံရမှာပဲ
ဒေါက်တာသန်းထွန်းအမည်ကို အမြဲ မန္တလေးတက္ကသိုလ်နဲ့တွဲပြီးတွေ့ရသော်လည်း ဆရာကြီး ကနဦးအလုပ်လုပ်တဲ့နေရာကတော့ ရန်ကုန်တက္ကသိုလ်ပဲ ဖြစ်ခဲ့ပါတယ်
၁၉၄၆မတ်မှာ သမိုင်း ဝိဇ္ဇာဂုဏ်ထူးတန်းကို အောင်မြင်ပြီး ၁ ဇူလိုင်မှာ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနတွင် အချိန်ပိုင်းနည်းပြဝင်လုပ်ခဲ့တယ် ၁ ဇွန် ၁၉၄၇မှာ အချိန်ပြည့်နည်းပြဖြစ်ခဲ့ပါပြီ ဆရာကြီးရဲ့ သမိုင်းနည်းပြဘဝဟာ ၁၉၅၂တွင်လက်ထောက်ကထိကသို့ ရာထူးတိုးပြီး လန်ဒန်တက္ကသိုလ်၏ အရှေ့တိုင်းနှင့် အာဖရိကဆိုင်ရာကျောင်းတွင်ပညာသင်သွားရောက်ချိန် အောက်တိုဘာ ၁၉၅၂တွင် တခန်းရပ်ခဲ့ပါပြီ ၁၉၅၆တွင် Ph.Dဘွဲ့ရလာပြီး ရန်ကုန်က တပ်မတော်မော်ကွန်းတိုက်တွင် အယ်ဒီတာချုပ်နှင့် သုတေသန အရာရှိချုပ်အဖြစ် အမှုထမ်းခဲ့တယ် ဒါပေမယ့် ၁၉၅၇ဇန်နဝါရီရောက်တော့ ရန်ကုန်တက္ကသိုလ် နယ်မြေကို ပြန်ခြေချခွင့်ရခဲ့ပါတယ် လက်ထောက်ကထိက ရာထူးနဲ့ပါ နောက်တော့ ဇွန် ၁၉၅၈မှာ အနောက်တိုင်းရာဇဝင် ကထိကဖြစ် နောက်ပြီး ၁၉၆၀တွင် အရှေ့တိုင်းရာဇဝင်ကထိကအဖြစ်နေခဲ့တာ အောက်တိုဘာ ၁၉၆၅တွင် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် မန္တလေးသမိုင်းဌာနမှာ ပါမောက္ခရာထူးနဲ့ ရွှေ့ခဲ့ရတဲ့အထိပါ
ဒီနေရာမှာ ဆောင်းပါးရှင် ဆရာKပေါ ရည်ညွှန်းတဲ့ "ရန်ကုန်တက္ကသိုလ်တွင် အလုပ်လုပ်စဉ်က စာသင်ခန်းဝင်လျှင် လန်ဒန်တက္ကသိုလ်မှ ချီးမြှင့်လိုက်သော ဘွဲ့ဝတ်ရုံကြီးကို ဝတ်ဆင်ဝင်ရောက်လေ့ရှိတယ်" ဆိုတာ ၁၉၅၇ဇန်နဝါရီက အောက်တိုဘာ ၁၉၆၅ကြားတချိန်ချိန်က ဆရာ့အသွင်သဏ္ဍာန်ဖြစ်ပါလိမ့်မည်
အတည်မပြုနိုင်သော သတင်းတပုဒ်တွင် ဖတ်ဖူးလိုက်သည် (ရေးသူမမှတ်မိတော့ပါ) လန်ဒန်တက္ကသိုလ်မှ ပြန်ရောက်လာချိန်ဟု ဆောင်းပါးရှင် ဆရာKပေါ ညွှန်းဆိုခဲ့သော အချိန်မှာ ၁၉၆၀ခုနှစ်မှာ အရှေ့တိုင်းရာဇဝင် ကထိကနေရာကို ဗိုလ်မှူးဘရှင်နှင့် ဒေါက်တာသန်းထွန်းတို့ အပြိုင်ဖြစ်ချိန်တွင် ဆရာကြီးက လန်ဒန်တက္ကသိုလ်မှ ချီးမြှင့်လိုက်သော ဘွဲ့ဝတ်ရုံကြီးကိုဝတ်ပြီး စာသင်တယ်လို့ ထိုချိန်က ကျောင်းသားဖြစ်ဖူးသူတစ်ဦးက ပြန်ပြောပြတဲ့ အကြောင်းပဲဖြစ်သည် ထိုသတင်းကတော့ ဆောင်းပါးရှင် ဆရာKပေါလို ဖော်ပြရုံသက်သက်ရေးထားတာမဟုတ် no one is perfect ထောက်ကွက်အနေဖြင့် တင်ပြထားခြင်းပါ
အရှေ့တိုင်းရာဇဝင် ကထိကနေရာကို ဗိုလ်မှူးဘရှင်နှင့် ဒေါက်တာသန်းထွန်းတို့ အပြိုင်ဖြစ်နေချိန်မှာ ဆရာကြီးက လန်ဒန်တက္ကသိုလ်မှ ချီးမြှင့်လိုက်သော ဘွဲ့ဝတ်ရုံကြီးကို ဝတ်ခဲ့တယ်ပဲ ထားပါတော့ ဆောင်းပါးရှင် ဆရာKပေါ ဆက်လက်ဖော်ပြတဲ့ အကြောင်းအရာနဲ့ဆိုလျှင်တော့ လန်ဒန်တက္ကသိုလ်မှ ချီးမြှင့်လိုက်သော ဘွဲ့ဝတ်ရုံကြီးကို အပူခံပြီး အကြောင်းမဲ့ ဝတ်မည်မထင် " မန္တလေးတက္ကသိုလ်မှာပါမောက္ခအဖြစ် တွေ့ရတဲ့ ဆရာကြီးပုံကို ကျွန်တော့်မျက်စိထဲ ကွက်ကွက်ကွင်းကွင်း (ရေးတေးတေး မဟုတ်ပါ) ကျန်နေရစ်ပုံကို သရုပ်ဖော်ပြပါမယ် စွပ်ကျယ်လက်တို ဇင်ပြာသားထူထူနဲ့ ချုပ်ထားတဲ့ ဘောင်းဘီတို၊ နောက်ပိတ်ကို ပြားချပ်နေအောင်နင်းပြီး စီးထားတဲ့ ရှူးဖိနပ်နဲ့ လည်ပင်းမှာ မှန်ဘီလူးကြီးဆွဲလို့ လမ်းလျှောက်ရင်း စာဖတ်လာတဲ့ ဆရာကြီးကို အဦးဆုံးတွေ့စက စိတ်မနှံ့သူလို့ပဲထင်မိပါတယ် (ကန်တော့ပါ၏ ဆရာကြီးခင်ဗျား) အတန်းကြီးများကပြောပြမှ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းလို့သိရပါတယ်" ဟုလည်းကောင်း
အွန်လိုင်းမှာ အရမ်းပေါက်ခဲ့တဲ့ ပို့စ်တစ်ခုရှိပါသေးတယ် ဒေါက်တာသန်းထွန်းဆိုသည်မှာ ခေါင်းစဉ်တွင် ဦးနေဝင်းခေတ်တုန်းကတဲ့လို့စထားတဲ့ တက္ကသိုလ် ဆရာတိုင်း မြန်မာဝတ်စုံဝတ်လာရမယ်ဆိုလို့အပေါ်ဝတ်ရင်ဖုံး ပုဆိုးတောင်ရှည် ခေါင်းပေါင်းကြီးတလူလူဝတ်လာပြီး စာသင်တဲ့အကြောင်း ပါချုပ်ကခေါ်မေးတော့ ပါချုပ်ထုတ်ပြန်ချက်အတိုင်းဝတ်တာလို့ ဖြေပါတယ် ပါချုပ်ဆိုလိုသော မြန်မာအမျိုးသားဝတ်စုံဆိုတာက တိုက်ပုံ ကော်လာကတုံးနဲ့ ပုဆိုးကို ဆိုလိုပါကြောင်းတုန့်ပြန်တော့ တိုက်ပုံဆိုတာ တရုတ်၊ ပုဆိုးကကုလား ဒီနှစ်ခုက မြန်မာမှုပြုထားတာမို့ မြန်မာ့အမျိုးသားဝတ်စုံဆိုတာ သူဝတ်ထားတာမှ အမှန်လို့တင်းတင်းပြောတော့ ထိုခေါင်းစဉ်ကြီး ပျက်ဆီးသွားရပါကြောင်းဟုလည်းကောင်း
ထို့နောက် တက္ကသိုလ်မှ ဆရာ / မများ ယူနီဖောင်းဝတ်ရမဲ့အရေးတော်ပုံတွင်လည်း တက္ကသိုလ်ဆရာဆိုလျှင် မီးခိုးရောင် တိုက်ပုံ မောင့်ကျက်သရေခေါင်းပေါင်း လည်ကတုံးရှပ်အကျီအဖြူ ဆရာမများက ရင်ဖုံးလက်ရှည် ပုဝါစုံချဝတ်ရန် စီစဉ်ရာ ယူနီဖောင်းဖြစ်စေချင်ရင် ယောင်္ကျားမိန်းမ ပုံစံမကွဲအောင် ကိုယ်လုံးတီးနဲ့ စာသင်ရမယ် ဟုလည်းကောင်း
ဖော်ပြချက်တွေအရ အဝတ်အစားဆိုတာ တခုပ်တရ အလေးပေးလေ့ မရှိတဲ့ အပေါ်ယံ ရွှေမှုံကျဲလုပ်ရပ်မျိုးဆို မစင်ထက်ရွံရှာတဲ့ ဆရာကြီးရဲ့ အကျင့်ကို ထင်သာမြင်သာ ဖြစ်စေပါတယ်
၁၉၆၀မှာ အရှေ့တိုင်းရာဇဝင်ကထိကရာထူးရခဲ့တဲ့ ဆရာကြီးမှာ သမိုင်းနောက်ခံတစ်ခုရှိခဲ့ပါတယ် ဒီအကြောင်းကို ဆရာကြီးရဲ့ "ငါပြောချင်တဲ့ ငါ့အကြောင်း" စာအုပ်ထဲမှာ ဖော်ပြထားပါတယ်
ရန်ကုန်တက္ကသိုလ်မှာ အနောက်တိုင်းသမိုင်းဌာနနဲ့ အရှေ့တိုင်း သမိုင်းဌာနဆိုပြီး သမိုင်းဌာန အပြိုင်နှစ်ခုရှိတယ်။ အရှေ့တိုင်းဌာနက ၁သြဂုတ် ၁၉၆၀မှာ အရှေ့ဖျား ရာဇဝင်ဘာသာ သင်ကြားဖို့ ကထိကတစ်ဦးလိုတယ်။ ပညာအရည်အချင်းက အမ်အေနဲ့ ၎င်းအထက်ဘွဲ့ရ ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ ဆိုတယ်။ နောက် B.A(Hons.) ရတဲ့လူကို လျှောက်ခိုင်းတယ်။ သူ့ကိုပဲ Senateက ၁၇ စက်တင်ဘာ ၁၉၆၀မှာ ရွေးလိုက်တယ်။
လု(စ်) G.H.Luce (၂၀ ဇန်နဝါရီ ၁၈၈၉ - ၃ မေ ၁၉၇၉) (ဦးဖေမောင်တင် - ပါမောက္ခ၊ အရှေ့တိုင်းပညာဌာန၊ ယူနီဘာစီတီ ကောလိပ်၊ ရန်ကုန်ရဲ့ညီမ ဒေါ်တီတီရဲ့ ခင်ပွန်း) အရှေ့တိုင်းပညာ (Reader) အငြိမ်းစားယူတော့ သူ့တပည့်ဦးဘရှင်(၁၉၁၄- ၇ဇန်နဝါရီ ၁၉၇၁) က သူသင်တဲ့ မြန်မာခေတ်ဟောင်းသမိုင်းကို ဆက်သင်တယ်။ ဦးဘရှင်ဟာ မတ် ၁၉၃၈မှာ ဘီအေ(ဂုဏ်ထူးတန်း)ကို ဒုတိယတန်း ဒုတိယအဆင့် နဲ့အောင်တယ်။ ၁၉၃၈က ၁၉၄၁ထိ ပထမနည်းပြ၊ နောက်လက်ထောက် ကထိကအဖြစ် သုံးနှစ် ဆရာလုပ်ခဲ့ပြီး စစ်ကြီးအတွင်း ဂျပန်ခေတ်က အာရှလူငယ် အစည်းအရုံးမှာ ဉာဏဗလမှူး၊ ကာကွယ်ရေးတပ်တော်မှာ ပညာရေးအရာရှိ စစ်မှတ်တမ်း တပ်မှူး၊ အင်္ဂလန်မှာ မြန်မာစစ်သံမှူး (ဗိုလ်မှူးကြီး အဆင့်) အဖြစ် တာဝန်ထမ်းဆောင်ပြီး ၁၉၅၆ နှစ်ကုန်မှာ တပ်ကထွက်ခဲ့တယ်။ အချိန်ပိုင်း ကထိကအဖြစ်နဲ့ မြန်မာ့သမိုင်းကို ၁၉၅၉-၆၀မှာ တစ်နှစ်တာဝန်ယူ သင်ကြားပေးတယ်။ ငါက အနောက်တိုင်းရာဇဝင်ဌာန ကထိက၊ ဒါပေမဲ့မြန်မာ့သမိုင်းပဲ အထူးလေ့လာနေတယ်။ ဆိုတော့ အရှေ့တိုင်း ရာဇဝင်ကထိကနေရာကို ဝင်လျှောက်တယ်။ မပေးဘူး။ ၁၇ စက်တင်ဘာ ၁၉၆၀ တက္ကသိုလ်ဆီးနိတ်က ဗိုလ်မှူးကြီးဘရှင်ကို ကထိကခန့်ဖို့ ဆုံးဖြတ်တယ်။
ဦးဘရှင်ကို မဲပေးတဲ့လူတွေက ဒေါက်တာသာလှ၊ ဒေါက်တာသင်းကြည်( ၁ ဇွန် ၁၉၁၇-၁၃ အောက်တိုဘာ ၁၉၉၀)၊ ဒေါက်တာကျော်သက်၊ ပါမောက္ခဝီလျံပေါ၊ ဒေါက်တာလှသွင်၊ ဒေါက်တာကိုကိုလေး၊ ပါမောက္ခ အောင်ခင်(၂၁ ဧပြီ ၁၉၁၈-၈ မေ ၁၉၈၇)၊ ဦးစံထွန်း (၁၉၀၆- ၂၁မတ် ၁၉၉၉)၊ ဒေါ်ကြင်စိန်၊ ဒေါက်တာမောင်ကလေး၊ ဦးသိန်းဟန်၊ ပါမောက္ခ ကေအင်ကား၊ ဒေါက်တာသာမြင့်၊ ဒေါက်တာဇော်ထွန်းနဲ့ ဒေါက်တာမြတူတို့ဖြစ်ပါတယ်။ အရှေ့တိုင်း ရာဇဝင်ဌာန ပါမောက္ခ ကျော်သက်က ဗိုလ်မှူးဘရှင်ကို စောစောကပဲ အချိန်ပိုင်းရာဇဝင်ကထိကအဖြစ် သူ့ဌာနမှာခေါ်ထားပြီး သူ့ကိုပဲ ကထိကပေးမယ်၊ လု(စ်)နဲ့ ဖေမောင်တင် (၂၄ ဧပြီ ၁၈၈၈ - ၂၂မတ် ၁၉၇၃) ထောက်ခံရင် သူတို့သြဇာနဲ့ ဖြစ်နိုင်တယ်လို့တွက်တယ်။ မြန်မာ့သမိုင်းကော်မရှင်မှာ ဦးဖေမောင်တင်က ၁၆ ဖောဖော်ဝါရီ ၁၉၆၀ ကစပြီး ဥက္ကဋ္ဌ၊ ဦးဘရှင်က အဲဒီကော်မရှင်မှာ သုတေသနမှူး၊ ဆရာလု(စ်)က အဖွဲ့ဝင်၊ ဒေါက်တာသာလှ၊ ဒေါ်သင်းကြည်တို့က အဖွဲ့ဝင်၊ နောက်ဆုံး ရာထူးခန့်ထားရေးကို အတည်ပြုမယ့် တက္ကသိုလ်ကောင်စီမှာ ဦးဖေမောင်တင်၊ ဒေါက်တာလှမြင့်၊ ဦးဘိုးထို၊ ဦးမျိုးမင်း( ၁၉၀၉- ၂၁ စက်တင်ဘာ ၁၉၉၅)၊ ဒေါ်သင်းကြည်၊ ဒေါ်လင်းစဒေး၊ ဦးအုံး (၂၄ ဧပြီ ၁၉၁၃-၁၁ မေ ၁၉၈၁)၊ဒေါက်တာသာလှ၊ ဦးစိန်လှ၊တီ၊ကေ၊ဘွန်း (၁၉၀၈ - ၁၉ ဇူလိုင် ၁၉၆၅)၊ဦးအောင်ဖေ၊ ဒေါက်တာမောင်ကလေးဆိုတဲ့ အသိုင်းအဝိုင်းနဲ့ ဆီးနိတ်ဆုံးဖြတ်ချက် "M.A အောင်မှ ဒီနေရာပေးမယ်ဆိုတဲ့မူ”ကိုပယ်ပြီး ဘီအေ(ဂုဏ်ထူး)သာရတဲ့လူကို ရွေးထားတာပဲ။ ဒါကိုကောင်စီက အတည်ပြုနိုင်တယ်လို့ တစ်ထစ်ချတွက်ပြီးသား ဖြစ်ပါတယ်။
အဖြစ်အပျက်က ၁၉၆၀ ပြည့်နှစ်ကုန်ခါနီးက ဖြစ်ပြီး အခု၁၉၉၈မှာ ၃၈နှစ်ရှိသွားပြီဖြစ်လို့ လူတော်တော်များများလည်း သေသွားပြီဖြစ်လို့ မျက်နှာပူစရာမရှိတော့တဲ့အတွက် ဒီနာမည်တွေကို ဖော်ပြီး ရေးလိုက်ပါတယ်။ ကျော်သက်၊သာလှ၊စံထွန်း (၁၉၀၆- ၂၁ မတ် ၁၉၉၉) လောက်ပဲ ကျန်တော့တယ်။ ကောင်စီအစည်းအဝေးက (၅ နိုဝင်ဘာ ၁၉၆၀) သန်းထွန်းကိုရွေးတယ်။ နေ့စဉ်သတင်းစာတွေထဲမှာ အဲဒီကိစ္စ ဝိုင်းရေးကြတယ်။ တစ်ဖက်ကရေးတာကို ချေပဖို့ အချက်အလက်ရှာကြတယ်။ သတင်းစာတိုင်းလိုလိုမှာ အယ်ဒီတာချုပ်က ဦးဘရှင်ရဲ့ သူငယ်ချင်းတွေ ဖြစ်သလို လက်ထောက်အယ်ဒီတာတွေက ငါ့သူငယ်ချင်းတွေဆိုတော့ အယ်ဒီတာချုပ် မနက်ရုံးတက်ပြီး ရေးပေးခဲ့တာထက်သာအောင် ညအယ်ဒီတာက ဖောင်ပိတ်ခါနီး ကပ်ပြီး ဖြည့်ပေးတယ်။ တစ်ဖက်ခြေလှမ်းကို သတင်းစာတိုက်က ရသမျှ၊ သိသမျှကို ငါသိနှင့်တယ်။ အဲဒီတော့ ကိုယ့်ဖက်က အထက်စီးရတာပေါ့။ ပုဂ္ဂိုလ်ရေးမပါအောင်သိပ်ပြီး သတိထားပါတယ်။ လှုပ်လှုပ်ရွရွဖြစ်အောင်လဲ လုပ်ပေးပါတယ်။ အဲဒါကြောင့် ဆရာလု(စ်)ကမင်းမှာ သံဃဘေဒ အပြစ်ရှိတယ်လို့ ၁၂ နိုဝင်ဘာ ၁၉၆၀မှာ စာရေးပြောပါတယ်။
ဆရာလု(စ်)ရဲ့ ၁၉၄၉ (အနှစ် ၆၀ပွဲ)ကိုလုပ်ဖို့ ငါဆော်သြတယ်။ ဦးဖေမောင်တင် ၁၉၉၈ (အနှစ်၁၁၁ပွဲ)ကို လုပ်ဖို့လည်း ငါပဲဆော်သြတယ်။ ဦးဖေမောင်တင် အမေရိကားသွားနေပြီး ၂၄ ဇန်နဝါရီ ၁၉၅၉ ပြန်လာတော့ မြန်မာ့သမိုင်းကော်မရှင်မှာ ဥက္ကဋ္ဌ ဖြစ်ဖို့ ငါလှုံဆော်တယ်။ ဆရာလု(စ်)က "မင်းအပေါ်မှာ မနှစ်မြို့စိတ် မရှိ”ဆိုသလို သူတို့ သမီးယောက်ဖအပေါ်မှာ ငါကလည်း နှစ်သက်ကြည်ညိုစိတ်ပဲရှိတယ်။ ဒီကိစ္စက သန်းထွန်း-ဘရှင် ရန်ပွဲမဟုတ်ပါ။ ရန်ကုန်တက္ကသိုလ် ဆီးနိတ် မတရားလုပ်တာကို အများက ဝိုင်းပြီးရုှတ်ချတဲ့ပွဲသာ ဖြစ်တယ်။ ဦးဘရှင်ကလည်း ဘယ်လိုမှ သဘောထားဟန်မတူပါ အရင်ကလဲ မခင်မင်ဘူး၊ နောက်လဲ ခင်မင်မလာဘူး၊ မျက်နှာသိတစ်ယောက်ကို အထိုက်အလိုက် ဆက်ဆံသလို ဆက်ဆံပါတယ်။ တက္ကသိုလ်ဝန်ထမ်း အိမ်မှာ ငါ့အိမ်ခန်းနဲ့ သူ့ဇနီးနာမည်နဲ့ ရတဲ့အိမ်ခန်း ကပ်နေလို့ အိမ်နီးချင်းအဖြစ်နဲ့ ၁၉၆၀ပြည့်က ၁၉၆၅ထိနေခဲ့ရတယ်လို့ ထင်ပါတယ်။ ဘာသာရပ်ချင်း တူနေတော့ အိမ်နီးချင်း နေ့စဉ်မြင်နေရသလို ပုဂံမှာလဲတွေ့၊ စာတမ်းဖတ်ပွဲတွေမှာလည်းတွေ့၊ စာကြည့်တိုက်မှာလည်းတွေ့ သူဖတ်တဲ့စာတမ်းကို ငါဝေဖန်တယ်၊ ငါ့စာတမ်းကို သူတစ်ခါမှ မဝေဖန်ပါ။
ငါပြောသမျှ ငါ့အကြောင်း စာအုပ်ပါ အကြောင်းအရာကို မူရင်းအတိုင်း ကူးယူဖော်ပြထားပါသည် မှတ်သားရမှာတစ်ခုက " ဒီကိစ္စက သန်းထွန်း-ဘရှင် ရန်ပွဲမဟုတ်ပါ ရန်ကုန်တက္ကသိုလ် ဆီးနိတ် မတရားလုပ်တာကို အများက ဝိုင်းပြီးရှုတ်ချတဲ့ပွဲသာ ဖြစ်တယ် "
ဆရာကြီးသည် လုပ်ထုံးလုပ်နည်းနှင့် မညီပဲ မတရားလက်ဝါးကြီးအုပ်ပြီး ကိုယ့်လူစိုးမိုးရေး မူဝါဒကို ဆန့်ကျင်ရန် သတင်းစာတွင် အပြန်အလှန် ရေးသားကြတဲ့အထိ ကျယ်ပြန့်သော ဆန့်ကျင့်မှု ပြုဖို့ဆိုလျှင် ဆရာကြီး မလုပ်နိုင်တာ ဘာမှ မရှိတော့ဘူးလို့ ယူဆလို့ရပါတယ်
ထို့ကြောင့် ရန်ကုန်တက္ကသိုလ် ဆီးနိတ် မတရားလုပ်တာကို အများက ဝိုင်းပြီးရှုတ်ချတဲ့ပွဲ ဓမ္မနှင့် အဓမ္မတို့ အားစမ်းပွဲ အမှားကို အမှန်ပြင်ရမည့်ပွဲ တရားခြင်းဖြင့် မတရားခြင်းအား နှိပ်ကွပ်သည့်ပွဲ နေရာတနေရာစာထက် သစ္စာတရားစိုက်ပျိုးသည့်ပွဲ
အနိုင်အရှုံး ရလာဒ်နဲ့အတူ သမိုင်းတွင် တစ်ခေတ်တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်က ဆရာကြီး ရဲ့ အလုပ်များနှင့် သက်သေထူခဲ့ပြီးပြီ
ဒေါက်တာ သန်းထွန်း ဆိုတာ သမိုင်းလောကရဲ့ တရားဥပဒေသ ဖြစ်ခဲ့တော့သည်
သျှင်လေညင်း
၃၁၊၈၊၂၀၁၇