Night Study ဆိုတာ Field Archaeology သင္ခန္းစာကို နဖူးေတြ႕ ဒူးေတြ႔ဆံုစည္းရန္ ၾကိဳးပမ္းၾကတဲ႔ ေလ႔လာေရး ေက်ာင္းသူေက်ာင္းသားမ်ားအတြက္ အလြန္ၾကီးမားေသာ အခြင္႔အေရးတစ္ခုျဖစ္သည္
တစ္ႏွစ္တာကာလအတြင္း စာသင္ခန္းတြင္ ဆည္းပူးခဲ႔ရသည္႔ သီအိုရီတို႔သည္ ေျဖဆိုျပီးတဲ႔ စာေမးပြဲႏွင္႔အတူ မပါသြားခင္ အတင္းေခါင္းေလာင္းတီးျပီးျပန္ေခၚကာ မင္မိုရီ ရီဖရက္ရွ္ျဖစ္ေနတုန္း လက္ေတြ႕ စာေတြ႕ လုပ္ငန္းစဥ္အား ထပ္တူခ်ရမည္ စာရြက္ထဲက မွတ္ဥာဏ္နွင္႔ အျပင္မွာ ေတြ႕ရတဲ႔ သက္မဲ႔အရာဝတၳဳတို႔သည္ ကိုယ္႔ထင္ျမင္ယူဆခ်က္အတိုင္း တစ္ထပ္တည္းက်ပါ႔မလား မ်က္ျမင္အယူအဆေတြ ဘယ္ေလာက္တိုးတက္လာမလဲ ၾကံဆရမည္ ဖီးလ္ေၾကး ရွစ္ေသာင္းသြင္းျပီး ဘုရားဖူးထြက္ခဲ႔တာမဟုတ္ ပညာရပ္တစ္ခု တိုးပြားေစဖို႔ ဗဟုသုတ ရွာမီးရန္ ကြင္းဆင္းအေတြ႕အၾကံဳယူၾကျခင္းျဖစ္သည္
ပုဂံကို ေရွးေဟာင္းသုေတသန ရွဳေထာင္႔ႏွင္႔ ေလ႔လာဖို႔က က်ယ္ျပန္႔လွသည္ ဗိသုကာဗ်ဴးပါသည္ သမိုင္းဗ်ဴးလဲ ထည္႔ရမည္ အႏုပညာဗ်ဴး လူမႈေရးဗ်ဴး စာေပ လက္ေရးလက္သားနဲ႔အကၡရာအစရွိတဲ႔ ျမန္မာစာဗ်ဴး တို႔အျပင္ ထိန္းသိမ္းေစာင္႔ေရွာက္တဲ႔ ဗ်ဴးကလည္း ခ်န္ထားလို႔မရ တူးေဖာ္ဆဲ နန္းေတာ္ရာလဲရွိတာမို႔ exploration, excavation & publication လဲထည္႔ရမည္
ဒါေပမယ္႔
ဦးတည္ရာ ဘုရားစဥ္အတိုင္း အဆင္ေျပေအာင္ ေလ႔လာရတာမို႔ ဘယ္ဗ်ဴးေအာက္ကို ရည္မွန္းကာ ေလ႔လာရမည္ကို မဆံုးျဖတ္နိုင္ေတာ႔ ေတြ႔သမွ် မွတ္သားျပီး ေခါင္းထဲျပြတ္သိပ္ကာ ေယာင္ခ်ာခ်ာပဲ ျဖစ္ေနသည္ လူအမ်ားနဲ႔ သြားရတာမို႔ ကိုယ္တစ္ေယာက္ထဲ ေဖာက္ထြက္ျပီး လုပ္ေနလို႔လဲမရ ေပးႏိုင္သည္႔ အခ်ိန္အတြင္း သိခ်င္ရာရွာ မသိရင္ေမး သုတ္သုတ္သြား သုတ္သုတ္ၾကည္႔ နားခိုရာျပန္ေရာက္ေတာ႔ တျဖဳတ္ျဖဳတ္နဲ႔ ေပ်ာက္ကုန္သည္ ေတြ႕သမွ် ျမင္သမွ် နားလည္သမွ်ကို မွတ္စုခ်ေရးထားေသာ္ျငား ညဘက္ျပန္ဖတ္ခ်ိန္တြင္ ေရာေထြးသြားခဲ႔ျပီပဲ
ကြင္းဆင္းခရီးကို ဦးေဆာင္သူ ပညာရွင္မ်ားက ထိုအျဖစ္ကို သေဘာေပါက္ျပီးသားမို႔ ေန႔ဘက္ၾကည္႔ခဲ႔သမွ် မ်က္ျမင္အေၾကာင္းအရာမ်ား၏ ပေဟဠိမ်ားအတြက္ ကယ္တင္ရွင္မ်ားကို စစ္ကူေခၚထားေပးပါသည္ ကြင္းဆင္းေဒသတြင္ လက္ရွိတာဝန္ထမ္းေဆာင္ေနေသာ ဝန္ထမ္းမ်ား ေဒသခံ ပညာရွင္ၾကီးမ်ားကို ဖိတ္ေခၚ၍ ႏွစ္နာရီခန္႔ ပို႔ခ်ေစသည္ ဒါေၾကာင္႔ ညဘက္စာသင္ဝိုင္းသည္ ညေသာက္ဗီတာမင္ တစ္ခြက္ဆိုရင္လဲမမွား
{ေျပာခ်င္မိေသးသည္
ေရွးေဟာင္းသုေတသန ပညာကို art ထက္ scienceပိုင္းပိုႏြယ္သလိုထင္မိျပီး သီအိုရီပိုင္းထက္စာလွ်င္ ပရက္တီကယ္ပိုင္းနဲ႔ ပိုအပ္စပ္သည္ဟု ခံစားမိသည္
exploration, excavation & publication
preservation, conservation သင္ခန္းစာမ်ားသည္ ပရက္တီကယ္ပိုင္း သက္သက္ႏွင္႔သာ သေဘာေပါက္လြယ္လိမ္႔မည္
museology, paleography, numistology တို႔ကလဲ ပရက္တီကယ္ပိုင္းနဲ႔ သြားႏိုင္လွ်င္ ပိုဆင္ေျပမည္
ကာကြယ္ေစာင္႔ေရွာက္ဖို႔ ဥပေဒတို႔ ယဥ္ေက်းမႈ အေမြအႏွစ္ စံနွဳန္းပိုင္းတို႔သာ သီအိုရီႏုိင္္သင္႔သည္
ျပည္ေရွးေဟာင္းသုေတသနေက်ာင္းတြင္ေတာ႔ ထိုအခြင္႔အေရးမ်ိဳးကို အျပည္႔အဝရႏိုင္တာကို ေတြ႔ရသျဖင္႔ ပုဂံေရွးေဟာင္းသုေတသနေက်ာင္း တေကာင္းေရွးေဟာင္းသုေတသနေက်ာင္း မေကြးေရွးေဟာင္းသုေတသနေက်ာင္း ဟန္လင္းေရွးေဟာင္းသုေတသနေက်ာင္း ပဲခူးေရွးေဟာင္းသုေတသနေက်ာင္း စသည္ျဖင္႔ excavation ဆိုဒ္မ်ားႏွင္႔တြဲလ်က္ ဖြင္႔ႏုိင္ေသာ ေက်ာင္းမ်ား ေပၚေပါက္လာဖို႔ ဆုေတာင္းမိသည္ ထိုမွသာ ရန္ကုန္ မႏၱေလးတြင္ ေက်ာင္းတက္ခ်င္၍ ကံ႔ေကာ္ေတာနဲ႔ ရန္ကုန္တကၠသိုလ္ၾကီးကို တက္ခ်င္၍ ေရနီလမ္းနဲ႔ တမာပင္ မႏၱေလးတကၠသိုလ္မွ တက္ခ်င္၍ ဆႏၵနဲ႔ ဝါသနာ ထပ္တူမက်ေသာ ပညာဆည္းပူးမႈမ်ိဳး ျဖစ္လာေတာ႔မည္ မဟုတ္ပါ အတူေန အတူသြား အတူစား၍ ေလ႔လာခြင္႔ရခဲ႔ေသာ ပညာသင္ေဖာ္သင္ဖက္မ်ားတြင္ ေရွးေဟာင္းသုေတသနပညာကို ျမတ္ႏိုးသူဟူ၍ လက္တစ္ဘက္အေရအတြက္ေလာက္သာ ရွာေတြ႔ခဲ႔မိတာက အေတြးေခါင္မိျခင္းလား စဥ္းစားမရနိုင္ပဲ ရင္ေမာမိသည္
ကမာၻေက်ာ္ တကၠသိုလ္ၾကီးမ်ား၏ ေရွးေဟာင္းသုေတသနပညာ သင္ရိုးမ်ား သင္တန္းမ်ားကို ေလ႔လာမိေတာ႔ ပိုမိုမခ်င္႔မရဲျဖစ္မိသည္ အေသးစိတ္၍ အႏုစိတ္က်ေသာ သင္ယူေလ႔လာမႈမ်ားနွင္႔အတူ ၾကီးမားေသာ စားရိတ္စကမ်ားလဲ တပါတည္းေတြ႔ရသျဖင္႔ အားက်ရံုမွတပါး တျခားနည္းလမ္း မရွိပါ ဒီေနရာမွာေတာ႔ အလယ္တန္းအရြယ္ကတည္းက စတင္ထိေတြ႔သင္႔ေသာ ပညာေရးအျဖစ္၎ ေနရာစံုေရာက္ေလ႔ရွိေသာ စိုက္ပ်ိဳးေရး၊ သစ္ေတာ၊ စစ္တကၠသိုလ္ ေက်ာင္းသားမ်ား တြဲဘက္မိုင္နာဘာသာအျဖစ္ သင္ၾကားသင္႔ေသာ ပညာရပ္ စသည္ျဖင္႔ လိုအပ္မည္ သင္႔ေတာ္မည္ ထင္သမွ် စိတ္မွန္းျဖင္႔ ေနရာခ်ၾကည္႔မိသည္ }({ } အတြင္းက စာတို႔ကို သည္က မေရးမိဘူးလို႔သေဘာထားလို႔ မဖတ္မိဘူးဟု သေဘာထားၾကပါ)
ညဘက္စာသင္ခ်ိန္မ်ား
စာသင္တဲ႔ အေတြ႔အၾကံဳထက္ ေဟာေျပာတဲ႔ အေတြ႔အၾကံဳ ပိုမ်ားဟန္ရွိတဲ႔ ပညာရွင္ၾကီးမ်ား၏ ပို႔ခ်မႈက စာသင္ခ်ိန္မ်ားလို ျငီးေငြ႔ဖြယ္မေကာင္းေသာ္လည္း မနက္မလင္းခင္ထျပီး တစ္ေနကုန္ ခရီးဆက္ထားရသူမ်ား ညစာစားျပီးခ်ိန္မို႔ အိပ္ငိုက္ဖို႔ အေကာင္းဆံုးအခ်ိန္ပါ ဒါေပမယ္႔ ရန္ကုန္သူရန္ကုန္သားေတြအတြက္ ည၇နာရီဆိုတာ ေန႔လည္မြန္းတည္႔ခ်ိန္ေလာက္သာ မွတ္တာမို႔ ပိုျပီးလိုခ်င္သူမ်ားကေတာ႔ ေရွ႕ဆံုးကိုတိုး အသံဖမ္းဖို႔ ဖုန္းေလးေတြေရွ႕ခ် ေမးခြန္းေမးခ်ိန္ေရာက္ရင္ ေမးႏိုင္ဖို႔ ဆရာၾကီးေတြနားသို႔ကပ္ ပညာရဖို႔အားထုတ္ကာ တက္ၾကြလ်က္ ေအးျမျမ ပုဂံညခ်မ္းသည္ အသက္ဝင္လွသည္
ပုဂံတြင္ ၇ရက္တာေလ႔လာေရး ၾကာျမင္႔ေသာ္လည္း အခ်ိန္ဇယားတြင္ စာသင္ခ်ိန္က ၄ရက္သာ
ဆရာၾကီးမင္းဘူးဦးေအာင္ၾကိဳင္က ၂ရက္
ဦးၾကည္လင္က ၁ရက္ (ေရွးေဟာင္းသုေတသန)
ဦးမ်ိဳးညႊန္႔ေအာင္ (ေရွးေဟာင္းသုေတသန(ျငိမ္း)) ၁ရက္ တို႔အသီးသီး လာေရာက္ပညာဒါနျပဳၾကပါသည္
ပထမဆံုးညသင္ခန္းစာကို ဦးၾကည္လင္ (ေရွးေဟာင္းသုေတသန)ျဖင္႔စတင္သည္
ပုဂံေရွးေဟာင္းသုေတသန ဌာနတြင္ ဌာနမႉးအျဖစ္ လက္ရွိ တာဝန္ထမ္းေဆာင္လ်က္ရွိေသာ ဆရာၾကီးက ပုဂံအေမြအနွစ္မ်ား ထိန္းသိမ္းေစာင္႔ေရွာက္ေရးpreservation, conservation အပိုင္းကို သင္ၾကားပို႔ခ်ခဲ႔သည္
ေရွးေဟာင္းအေဆာက္အဦးမ်ား ပ်က္ဆီးရတဲ႔အေၾကာင္းအရင္း နံရံေဆးေရးပန္းခ်ီမ်ား ပ်က္ဆီးရတဲ႔ အေၾကာင္းအရင္း သုေတသန ျပဳ ေဖာ္ထုတ္ထားတဲ့ ၁၁ရာစုမွ ၁၈ရာစုအတြင္း အဂၤေတထဲတြင္ ပါဝင္ပစၥည္းမ်ား အေျပာင္းအလဲ ယိုယြင္းေနေသာ ဘုရားမ်ားကို ဓါတုအကူအညီျဖင္႔ ထိမ္းသိမ္းပံု နည္းပညာအကူအညီျဖင္႔ ထိန္းသိမ္းပံုမ်ားကို သင္ေပးခဲ႔သည္ ပုဂံဘုရားအခ်ိဳ႕၏အတြင္းပိုင္းကို ေဂါပကအခ်ိဳ႕က ထံုးသုတ္၍ နံရံေဆးေရးပန္းခ်ီမ်ား ပ်က္ဆီးရတဲ႔ အေၾကာင္းကို လူတိုင္းသိျပီးျဖစ္ပါမည္ ထို႔အတူ ႏိုင္ငံတကာ အကူအညီျဖင္႔ ထိုထံုးမ်ားကို ခြာခ်ဖို႔ ၾကိဳးပမ္းမႈ ေအာင္ျမင္ခဲ႔တာလဲ သိျပီးျဖစ္လိမ္႔မည္ ထိုေန႔က ဆရာဦးၾကည္လင္ ပို႔ခ်မႈတြင္ ထိုအပိုင္းကို ထည္႔ေျပာတာေၾကာင္႔ အလြန္ပဲ စိတ္ဝင္စားစရာ ေကာင္းခဲ႔ပါသည္ အာနႏၵာဘုရားၾကီးတြင္ သုတ္ထားေသာ ထံုးမ်ားမွာ အထပ္ထပ္ျဖစ္ေနျပီး ၅ထပ္ေလာက္သုတ္ထားသျဖင္႔ ဓါတုပစၥည္းအကူကိုယူရေသာ္ျငား လူ၏လက္ျဖင္႔ ေဆာက္ေသးေသးေလးေတြကို သံုးကာ စိတ္ရွည္လက္ရွည္ တစ္ထပ္ခ်င္းခြာခ်ခဲ႔တာကို သိခြင္႔ရခဲ႔သည္ တကယ္လက္ဝင္တဲ႔အလုပ္ျဖစ္ျပီး စိတ္ရွည္သူမွ ေဆာင္ရြက္ႏုိင္လိမ္႔မည္ ေတာ္ရံုျမတ္နိုးမႈႏွင္႔ ေဆာင္ရြက္ေပးတာ မဟုတ္ႏိုင္ေၾကာင္းေတြးမိ၍ ထိုလုပ္အားရွင္မ်ားအေပၚ ေလးစားစိတ္ ျဖစ္ေစသည္ အာနႏၵာဘုရားတြင္ ထံုး၅ထပ္ေအာက္ေရာက္ေနေသာ နံရံေဆးေရးပန္းခ်ီ တစ္ကြက္ကို ထံုးတစ္ထပ္စီ ကြာက်သြားသည္႔ အေနအထားအတိုင္းထားကာ အမ်ားျပည္သူေလ႔လာနိုင္ေအာင္ ျပထားသည္ မိုးေရစိမ္႔ေနတဲ႔ ေရွးေဟာင္းအေဆာက္အဦးမ်ားကို ေဆးထိုးအပ္ျဖင္႔ ဓါတုေဆးလိုက္ထိုးထာလဲ သိခဲ႔ရသလို သမၻဴလဘုရား နဲ႔ တရုတ္ေျပးဘုရားမ်ားတြင္ လုပ္ငန္းခြင္သံုးစြဲဟန္တူေသာ ေဆးထိုးကိရိယာမ်ားကိုလည္း ေတြ႕ခဲ႔ရသည္
ဆရာဦးၾကည္လင္သည္ ပုဂံဘုရားမ်ားတြင္ ေရွးတုံးက သံုးစြဲခဲ႔ေသာ အဂၤေတကို အထူးစိတ္ဝင္စားပံုရွိပါသည္ အံုတံုသတၱ၊ နဝကၽြဲေကာ္၊ ေဒြးေနာ္တင္လဲ၊ ဥသွ်စ္ကဲ၍ လဲဝါတစ္ဆုပ္၊ ဆီတစ္မႈတ္ ထံုးနွင္႔သလဲ ေရာေမႊပါေစ ဆိုတဲ႔ စာခ်ိဳးအတိုင္း အဂၤေတေဖာ္စပ္ဖို႔ ၾကိဳးစားအားထုတ္ပံုမ်ားကိုလည္း ဗဟုသုတအျဖစ္ထည္႔သြင္းေျပာၾကားသြားသည္ အံုတံုပင္ကို ရွာရခက္၍ ေဒသခံအခ်င္းခ်င္း ခ်ိတ္ဆက္ကာ အံုတံုပင္ အရွာထြက္ပံုမ်ားသည္ စိတ္လႈပ္ရွားစရာ ေကာင္းလွပါသည္ ေနာက္ဆံုးတြင္ အံုတံုပင္ဟု ယူဆရေသာအပင္ကိုေတြ႔၍ ခပ္ပ်စ္ပ်စ္ အရည္မ်ားထြက္တဲ႔ အံုတံုအေခါက္ကိုထုေခ် သံုးခြက္တစ္ခြက္တင္ၾကိဳျပီး စာခ်ိဳးအတိုင္း စပ္ကာ စမ္းသပ္ၾကည္႔ပံုမ်ားေၾကာင္႔ တကယ္႔သိပၸံပညာရွင္ၾကီးအလား ထင္မွတ္ရပါသည္။ ေရွးေဟာင္းအေဆာက္အဦးမ်ား ထိန္းသိမ္းရာတြင္ မရွိမျဖစ္ ဓါတုပစၥည္း poly vinyl acetate ေခၚPVA မွာ လက္ေတြ႔တြင္ ေကာ္တစ္မ်ိဳးသာျဖစ္ေနေၾကာင္း သိရေတာ႔ ထိုဓါတုဓါတ္ေပါင္း အား ၾကီးက်ယ္ဆန္းျပားသည္႔ ဓါတုပစၥည္းဟုထင္ထားမိတဲ႔ ကိုယ္႔ကိုကိုယ္ ရယ္ခ်င္မိပါသည္ ဒီပလိုမာတန္း နွစ္ဝက္နွစ္ခုစလံုးမွာ ဆည္းပူးခဲ႔ရေသာ preservation, conservation သင္ခန္းစာသည္ ထိုညတြင္ ေန႔တြက္ကိုက္ခဲ႔ပါသည္
ေနာက္တစ္ရက္ ညသင္ခန္းစာအား ဆရာၾကီး ဦးေအာင္ၾကိဳင္မင္းဘူးမွ ပို႔ခ်ေပးပါသည္။ ပုဂံဆိုတာဟူေသာ ေခါင္းစဥ္နွင္႔ ၇နာရီမွ ၉နာရီထိ မရပ္မနား ပို႔ခ်ခဲ႔ေသာ အေၾကာင္းအရာမ်ားနွင္႔ ေက်ာင္းသားတစ္သိုက္ ပုဂံတစ္ခြင္ျပဲျပဲစင္ခဲ႔သည္ ပုဂံကို တစ္လက္မ မက်န္ အလြတ္ရေနတဲ႔ ပုဂံခ်စ္သူၾကီးကျဖင္႔ ထို႔သို႔ေျပာေနရတာကိုေက်နပ္ေနပံုရွိသည္ တစ္ေနရာေရာက္သြားရင္း ထိုအေၾကာင္းအရာနဲ႔ ဆက္စပ္ေနတဲ႔ ဘက္ကို ေမ်ာသြားလိုက္ ေနာက္မွ ျပန္သတိရျပီး ေခ်ာ္သြားသည္႔ေနရာက ဆက္ေျပာျဖင္႔ ပုဂံတြင္ လိပ္ျပာလႊင္႔ခဲ႔ရသည္႔ အလား ခံစားရပါသည္ မွတ္ဥာဏ္အားကေတာ႔ ေဒါင္ေဒါင္ျမည္ဆဲျဖစ္ေနတာကို ဝမ္းေျမာက္ဖြယ္ ေတြ႔ရသည္ ဆရာ႔ကို ရန္ကုန္ျမိဳ႔ အမ်ိဳးသားျပတိုက္တြင္ ျပဳလုပ္ခဲ႔ေသာ ပ်ဴေခတ္နဲ႔ ပုဂံေခတ္ ၾကားကာလ စာတန္းဖတ္ပြဲတြင္ ဦးဘုန္းတင္႔ေက်ာ္၏ စာတန္းကို ျဖည္႔စြက္ေပးခ်ိန္တြင္ စတင္ေတြ႕ဆံုဖူးခဲ႔သည္ ထိုေန႔က ပ်ဴေတြခုခ်ိန္ထိ ပုဂံမွာ ရွိေသးေၾကာင္း ထိုရြာကို ျပနိုင္ေၾကာင္း ပ်ဴကသက္သက္ ဗမာက သက္သက္ျဖစ္ေၾကာင္း ရာဇကုမာရ္ေက်ာက္စာပါ အေၾကာင္းအရာမ်ားကို ကိုးကား၍ တင္ျပသြားစဥ္ စျမင္ဖူးသည္ ထို႔ေနာက္ဆရာၾကီးက သူတင္သြင္းခဲ႔ေသာ စာတန္းကို ဖတ္ၾကားသည္ အသံတိုးတိုးႏွင့္ မွန္မွန္ေျပာတတ္ေသာ ဆရာၾကီးသည္ ပုဂံေရွးေဟာင္းသုေတသနဌာနတြင္ ဒုတိယညႊန္ၾကားေရးမွဴးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ႔ျပီး ယခုပင္စင္ယူသြားေသာ္လည္း သမိုင္းဆိုင္ရာ စာအုပ္စာတန္းမ်ား ေရးသားျပဳစုေနသလို ပုဂံႏွင္႔ ပတ္သတ္လွ်င္ ဆရာၾကီး မပါမျဖစ္တာမို႔ နိုင္ငံရပ္ျခားေဒသမ်ားသို႔တိုင္ သြား၍ ပုဂံအက်ိဳးကို သယ္ပိုးေနဆဲျဖစ္သည္။ အသက္၇၀ေက်ာ္ခ်ိန္ထိ က်န္းမာေရး ေဒါင္ေဒါင္ျမည္ေနသျဖင္႔ ျမန္မာ႔ယဥ္ေက်းမႈ အေမြအနွစ္မ်ားအတြက္ တကယ္ ခြန္အားျဖစ္ရပါသည္ ခုခ်ိန္ထိ ငလ်င္ဒဏ္ခံထားရေသာ ဘုရားမ်ားေပၚ တက္ကာ ကိုယ္တိုင္ မဆလာေလာင္းေနဆဲ ဘုရားမ်ား၏ ယိုယြင္းမႈအေထြေထြကို စစ္ေဆးေစာင္႔ၾကည္႔ေနဆဲ ပုဂၢိဳလ္ၾကီး တစ္ဦးပါ ပုဂံေျမမ်ား တစ္ခုခု နစ္နာေတာ႔မည္ဆိုလွ်င္ မည္သူ႔မွ် မေၾကာက္ ရဲရဲဝံ႔ဝံ႔ အေရးဆိုတတ္သူၾကီးတစ္ဦး၏ အေမြအနွစ္ ခ်စ္ျမတ္နိုးစိတ္က လူတိုင္းရဲ႕ ရင္ထဲ ပ်ံ႕နွံ႕ေစသည္ ပုဂံဆိုတာ ကူရြာေခၚ ပ်ဴရြာ(ယခုျပြန္ရြာလူေနဆဲ) ၁၉ရြာနဲ႔ စခဲ႔တယ္ဆိုျပီး အစခ်ီ၍ ပုဂံ၏ သိမွတ္ဖြယ္ရာမ်ားနွင္႔ ေက်ာင္းသားတသိုက္ကို ဆြဲေခၚသြားေတာ႔သည္ စာအုပ္စာတန္းမ်ားတြင္ ေတြ႕ရေလ႔မရွိေသာ သံခ်က္ဖိုမ်ားအေၾကာင္း စဥ္႔ဖိုမ်ား စဥ္႔ေစတီမ်ားအေၾကာင္း မင္စာရွိတဲ႔ဘုရား နံရံေဆးေရးရွိတဲ႔ဘုရား နံရံေဆးေရးကို သရုပ္ခြဲပံု ဘုရားမ်ား၏ ပံုသ႑ာန္ ပလန္မ်ား ပ်ဴေစတီမ်ား ဘုရားမ်ားကို ျပဳျပင္ထိန္းသိမ္းခဲ႔ပံု ရွာေဖြေဖာ္ထုတ္မႈေၾကာင္႔ တေျဖးေျဖး အေရအတြက္ တိုးပြားလာသည္႔ ပုဂံဘုရားေစတီမ်ားအေၾကာင္း စသည္ျဖင္႔ နွစ္ရက္ဆက္တိုက္ သင္ၾကားေပးခဲ႔ရာ အေၾကာင္းအရာ မ်ားျပားသျဖင္႔ ေဖာ္ျပဖို႔ အခက္အခဲရွိပါသည္ အကယ္၍ စိတ္ပါဝင္စားသူမ်ားရွိလွ်င္ ဆရာၾကီး၏ အသံဖိုင္အား ပို႔ေပးပါမည္ ဆရာၾကီးႏွင့္ ပုဂံတြင္ ဆံုေတြ႕မႈသည္ ယခင္က မေက်လည္ခဲ႔ေသာ ငကၽြဲနားေတာင္း အေရးေတာ္ပုံကို အဆံုးသတ္ေစသျဖင္႔ စာေရးသူအတြက္လည္း အမ်ားၾကီး အက်ိဳးျဖစ္ထြန္းခဲ႔ပါသည္ ပုဂံေရးရာနဲ႔ ပတ္သတ္၍ ထိုနွစ္ရက္တြင္ အျမတ္ထြက္ခဲ႔ပါသည္
ေနာက္ဆံုးရက္ ပို႔ခ်မႈအျဖစ္ ဆရာဦးေအာင္ၾကိဳင္၏ သားျဖစ္သူ ဆရာဦးမ်ိဳးညႊန္႔ေအာင္ေရာက္လာခဲ႔သည္ ထိုေနရာတြင္ ျဖတ္ေျပာစရာက လာသင္ေပးမည္႔ ဆရာမ်ားဘက္က အခ်ိန္တိက်စြာ ေရာက္လာၾကေသာ္လည္း သင္ယူမည္႔သူေတြကို ဝီစီမွဳတ္ျပီး စုေခၚေနရတာနဲ႔ နာရီဝက္ေလာက္ကေတာ႔ အခ်ိန္ပုပ္ေနရသည္ ခံစားခ်က္မေကာင္းေသာ္လည္း သူမ်ားကို မွတ္ခ်က္မေပးလိုပါ ဆရာဦးမ်ိဳးညႊန္႔ေအာင္သည္ ဆရာၾကီးဦးေအာင္ၾကိဳင္လို ပိန္ပိန္ပါးပါး မ်က္နွာသြယ္သြယ္နဲ႔မဟုတ္ပဲ သူ႔ဖခင္နဲ႔ ဆန္႔က်င္လ်က္ မ်က္နွာဝိုင္း၍ ျပည္႔ျပည္႔ျဖိဳးျဖိဳးရွိသည္ ရုပ္ရည္လည္း သိပ္မတူပါ ပို႔ခ်ခ်က္မ်ားလည္း ကြဲျပားပါသည္ ဆရာဦးမ်ိဳးညႊန္႔ေအာင္သည္ ပုဂံသုေတသနဌာန၏ အျငိမ္းစားဝန္ထမ္းတစ္ဦးျဖစ္သည္ ေရွးေဟာင္းေမဂ်ာဆင္းတစ္ဦးျဖစ္တာေၾကာင္႔ ပို႔ခ်ခ်က္က သုေတသနဆန္သည္ ဖခင္က historical point of view ဘက္ႏြယ္ျပီး ပို႔ခ်မႈမ်ားေသာ္လည္း ဆရာကမူ archaeological point of view ဘက္က ပို႔ခ်သည္ နန္းေတာ္ရာတူးေဖာ္မႈကို ဦးေဆာင္ခဲ႔သူတစ္ဦးျဖစ္သည္႔ အားေလ်ာ္စြာ exploration, excavation & publication ပိုင္းကို ႏုိင္ႏိုင္နင္းနင္းရွင္းျပသည္ ထံုးစံအတိုင္း ေရွးေဟာင္းအေဆာက္အဦးမ်ားကို ထိန္းသိမ္းေစာင္႔ေရွာက္ရသည္႔ အေၾကာင္းကလည္း မပါမျဖစ္ပါ ဆရာ႔ထံမွ ပုဂံဓါးမ်ားအေၾကာင္း သိရသည္ ဒဂၤါးေတြ႔ရွိမႈအနည္းငယ္ ေတြ႔ေၾကာင္း ေျပာျပသည္ ေတြ႕ရွိမႈနည္းပါး၍သာ ပုဂံတြင္ ဒဂၤါး အသံုးျပဳမႈ ရွိေၾကာင္း သက္ေသမထူနိုင္ေသးဟု ဆက္ရွင္းျပသည္ ပုဂံသည္ ႏွစ္တစ္ေထာင္ေလာက္ကာလအတြင္ လူေနမျပတ္ခဲ႔တာကလည္း ေျမေပၚေတြ႕ တန္ဖိုးရွိပစၥည္းမ်ားကို ဆံုးရွံဳးေစသည္႔ အေၾကာင္းတစ္ခုျဖစ္ေနသည္ အရိုးအိုးျဖင္႔ ျမွဳပ္နွံသည္႔ ဓေလ႔ရွိတာကိုလည္း အရိပ္အမြက္ ေျပာသြားသည္ ေက်ာင္းသူတစ္ဦးေမးျမန္းေသာ ေမးခြန္းအေပၚ ဆရာ႔ျပန္ၾကားခ်က္သည္ အေတာ္စိတ္ဝင္စားစရာေကာင္းပါသည္ ပုဂံတြင္ ဘုရင္မ်ား၏ သခ်ီ ၤဳင္းရာ ရွိသေလာ ဟုေမးျမန္းရာ စိုးမင္းၾကီးဘုရား?ေက်ာက္စာပါ အေထာက္အထားကိုျပျပီး ေျပာသြားသည္႔ အေၾကာင္းအရာသည္ စိတ္ဝင္စားဖြယ္ျဖစ္ပါသည္ သူ၏ခင္ပြန္းအရိုးအိုးကို ဂူျပဳသည္ဟု ေတြ႕ရေၾကာင္း ေျဖၾကားခဲ႔သည္ ( ဆရာ႔ရဲ႕ အသံဖိုင္သည္ က်ေပ်ာက္သြားတဲ႔ ဖုန္းထဲတြင္ ပါသြား၍ မွတ္မိသမွ် လက္တန္းေရးရသျဖင္႔ အမွားရွိပါက ျပင္ဆင္ေပးပါရန္ ) ထိုအခ်က္မွ အေတြးျဖန္႔က်က္ေသာ္ ေျမာက္ျမားလွေသာ ဂူမ်ား ဘုရားမ်ားတြင္ ပုဂံဘုရင္ မိဖုရား မင္းညီမင္းသား မွဴးၾကီးမတ္ရာ တို႔၏ အရိုးအိုးမ်ား ရွိေနေလမလား ေက်ာက္စာအေထာက္အထားတြင္ မေဖာ္ျပသလို ေစတီပ်က္မ်ားတူးေဖာ္ရာတြင္ အရိုးအိုးမရွိ၍လည္း ထိုအဆိုသည္ မခိုင္မာလွ မင္းအဆက္ဆက္၏ သခ်ီ ၤဳင္းရာသည္ ပေဟဠိ ျဖစ္ေနဆဲ သိုက္သမားေတြမ်ား အရင္ေတြ႔သြားျပီလား ေတြးရခက္ၾကီးပါ သမိုင္းပညာရပ္တြင္ ေျခခ်ေနတဲ႔ သားအဖေတြက ထူးျခားသည္မို႔ သေဘာထား ကြဲလြဲမႈမ်ိဳးရွိနိုင္သလား ဆရာဦးေအာင္ၾကိဳင္သည္ မသိမသာ ေရွးရိုးစြဲသည္ ရာဇဝင္နွင္႔ ေရာေထြးသည္ ဆရာဦးမ်ိဳးညႊန္႔ေအာင္ကေတာ႔ အေထာက္အထားပိုင္းကို ဦးစားေပးသည္ ထို႔ေၾကာင္႔ သိခ်င္၍ ေမးၾကည္႔ေတာ႔ မေျပာပေလာက္ေသာ ကြဲလြဲမႈမ်ားသာ ရွိေနေၾကာင္း စိတ္ရွည္လက္ရွည္ ရွင္းျပပါသည္ ထိုအတြက္ ေနာက္ဆံုးပိတ္ အိတ္နဲ႔လြယ္၍ အတိုးပါရခဲ႔ပါသည္
သွွ်င္ေလညင္း
၂၈၊ ၈၊၂၀၁၇
(Unicode)
ပုဂံဆိုတာ ညဘက်တွင် ပိုလှသလား
Night Study ဆိုတာ Field Archaeology သင်ခန်းစာကို နဖူးတွေ့ ဒူးတွေ့ဆုံစည်းရန် ကြိုးပမ်းကြတဲ့ လေ့လာရေး ကျောင်းသူကျောင်းသားများအတွက် အလွန်ကြီးမားသော အခွင့်အရေးတစ်ခုဖြစ်သည်
တစ်နှစ်တာကာလအတွင်း စာသင်ခန်းတွင် ဆည်းပူးခဲ့ရသည့် သီအိုရီတို့သည် ဖြေဆိုပြီးတဲ့ စာမေးပွဲနှင့်အတူ မပါသွားခင် အတင်းခေါင်းလောင်းတီးပြီးပြန်ခေါ်ကာ မင်မိုရီ ရီဖရက်ရှ်ဖြစ်နေတုန်း လက်တွေ့ စာတွေ့ လုပ်ငန်းစဉ်အား ထပ်တူချရမည် စာရွက်ထဲက မှတ်ဉာဏ်နှင့် အပြင်မှာ တွေ့ရတဲ့ သက်မဲ့အရာဝတ္ထုတို့သည် ကိုယ့်ထင်မြင်ယူဆချက်အတိုင်း တစ်ထပ်တည်းကျပါ့မလား မျက်မြင်အယူအဆတွေ ဘယ်လောက်တိုးတက်လာမလဲ ကြံဆရမည် ဖီးလ်ကြေး ရှစ်သောင်းသွင်းပြီး ဘုရားဖူးထွက်ခဲ့တာမဟုတ် ပညာရပ်တစ်ခု တိုးပွားစေဖို့ ဗဟုသုတ ရှာမီးရန် ကွင်းဆင်းအတွေ့အကြုံယူကြခြင်းဖြစ်သည်
ပုဂံကို ရှေးဟောင်းသုတေသန ရှုထောင့်နှင့် လေ့လာဖို့က ကျယ်ပြန့်လှသည် ဗိသုကာဗျူးပါသည် သမိုင်းဗျူးလဲ ထည့်ရမည် အနုပညာဗျူး လူမှုရေးဗျူး စာပေ လက်ရေးလက်သားနဲ့အက္ခရာအစရှိတဲ့ မြန်မာစာဗျူး တို့အပြင် ထိန်းသိမ်းစောင့်ရှောက်တဲ့ ဗျူးကလည်း ချန်ထားလို့မရ တူးဖော်ဆဲ နန်းတော်ရာလဲရှိတာမို့ exploration, excavation & publication လဲထည့်ရမည်
ဒါပေမယ့်
ဦးတည်ရာ ဘုရားစဉ်အတိုင်း အဆင်ပြေအောင် လေ့လာရတာမို့ ဘယ်ဗျူးအောက်ကို ရည်မှန်းကာ လေ့လာရမည်ကို မဆုံးဖြတ်နိုင်တော့ တွေ့သမျှ မှတ်သားပြီး ခေါင်းထဲပြွတ်သိပ်ကာ ယောင်ချာချာပဲ ဖြစ်နေသည် လူအများနဲ့ သွားရတာမို့ ကိုယ်တစ်ယောက်ထဲ ဖောက်ထွက်ပြီး လုပ်နေလို့လဲမရ ပေးနိုင်သည့် အချိန်အတွင်း သိချင်ရာရှာ မသိရင်မေး သုတ်သုတ်သွား သုတ်သုတ်ကြည့် နားခိုရာပြန်ရောက်တော့ တဖြုတ်ဖြုတ်နဲ့ ပျောက်ကုန်သည် တွေ့သမျှ မြင်သမျှ နားလည်သမျှကို မှတ်စုချရေးထားသော်ငြား ညဘက်ပြန်ဖတ်ချိန်တွင် ရောထွေးသွားခဲ့ပြီပဲ
ကွင်းဆင်းခရီးကို ဦးဆောင်သူ ပညာရှင်များက ထိုအဖြစ်ကို သဘောပေါက်ပြီးသားမို့ နေ့ဘက်ကြည့်ခဲ့သမျှ မျက်မြင်အကြောင်းအရာများ၏ ပဟေဠိများအတွက် ကယ်တင်ရှင်များကို စစ်ကူခေါ်ထားပေးပါသည် ကွင်းဆင်းဒေသတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ဒေသခံ ပညာရှင်ကြီးများကို ဖိတ်ခေါ်၍ နှစ်နာရီခန့် ပို့ချစေသည် ဒါကြောင့် ညဘက်စာသင်ဝိုင်းသည် ညသောက်ဗီတာမင် တစ်ခွက်ဆိုရင်လဲမမှား
{ပြောချင်မိသေးသည်
ရှေးဟောင်းသုတေသန ပညာကို art ထက် scienceပိုင်းပိုနွယ်သလိုထင်မိပြီး သီအိုရီပိုင်းထက်စာလျှင် ပရက်တီကယ်ပိုင်းနဲ့ ပိုအပ်စပ်သည်ဟု ခံစားမိသည်
exploration, excavation & publication
preservation, conservation သင်ခန်းစာများသည် ပရက်တီကယ်ပိုင်း သက်သက်နှင့်သာ သဘောပေါက်လွယ်လိမ့်မည်
museology, paleography, numistology တို့ကလဲ ပရက်တီကယ်ပိုင်းနဲ့ သွားနိုင်လျှင် ပိုဆင်ပြေမည်
ကာကွယ်စောင့်ရှောက်ဖို့ ဥပဒေတို့ ယဉ်ကျေးမှု အမွေအနှစ် စံနှုန်းပိုင်းတို့သာ သီအိုရီနိုင်သင့်သည်
ပြည်ရှေးဟောင်းသုတေသနကျောင်းတွင်တော့ ထိုအခွင့်အရေးမျိုးကို အပြည့်အဝရနိုင်တာကို တွေ့ရသဖြင့် ပုဂံရှေးဟောင်းသုတေသနကျောင်း တကောင်းရှေးဟောင်းသုတေသနကျောင်း မကွေးရှေးဟောင်းသုတေသနကျောင်း ဟန်လင်းရှေးဟောင်းသုတေသနကျောင်း ပဲခူးရှေးဟောင်းသုတေသနကျောင်း စသည်ဖြင့် excavation ဆိုဒ်များနှင့်တွဲလျက် ဖွင့်နိုင်သော ကျောင်းများ ပေါ်ပေါက်လာဖို့ ဆုတောင်းမိသည် ထိုမှသာ ရန်ကုန် မန္တလေးတွင် ကျောင်းတက်ချင်၍ ကံ့ကော်တောနဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို တက်ချင်၍ ရေနီလမ်းနဲ့ တမာပင် မန္တလေးတက္ကသိုလ်မှ တက်ချင်၍ ဆန္ဒနဲ့ ဝါသနာ ထပ်တူမကျသော ပညာဆည်းပူးမှုမျိုး ဖြစ်လာတော့မည် မဟုတ်ပါ အတူနေ အတူသွား အတူစား၍ လေ့လာခွင့်ရခဲ့သော ပညာသင်ဖော်သင်ဖက်များတွင် ရှေးဟောင်းသုတေသနပညာကို မြတ်နိုးသူဟူ၍ လက်တစ်ဘက်အရေအတွက်လောက်သာ ရှာတွေ့ခဲ့မိတာက အတွေးခေါင်မိခြင်းလား စဉ်းစားမရနိုင်ပဲ ရင်မောမိသည်
ကမ္ဘာကျော် တက္ကသိုလ်ကြီးများ၏ ရှေးဟောင်းသုတေသနပညာ သင်ရိုးများ သင်တန်းများကို လေ့လာမိတော့ ပိုမိုမချင့်မရဲဖြစ်မိသည် အသေးစိတ်၍ အနုစိတ်ကျသော သင်ယူလေ့လာမှုများနှင့်အတူ ကြီးမားသော စားရိတ်စကများလဲ တပါတည်းတွေ့ရသဖြင့် အားကျရုံမှတပါး တခြားနည်းလမ်း မရှိပါ ဒီနေရာမှာတော့ အလယ်တန်းအရွယ်ကတည်းက စတင်ထိတွေ့သင့်သော ပညာရေးအဖြစ်၎င်း နေရာစုံရောက်လေ့ရှိသော စိုက်ပျိုးရေး၊ သစ်တော၊ စစ်တက္ကသိုလ် ကျောင်းသားများ တွဲဘက်မိုင်နာဘာသာအဖြစ် သင်ကြားသင့်သော ပညာရပ် စသည်ဖြင့် လိုအပ်မည် သင့်တော်မည် ထင်သမျှ စိတ်မှန်းဖြင့် နေရာချကြည့်မိသည် }({ } အတွင်းက စာတို့ကို သည်က မရေးမိဘူးလို့သဘောထားလို့ မဖတ်မိဘူးဟု သဘောထားကြပါ)
ညဘက်စာသင်ချိန်များ
စာသင်တဲ့ အတွေ့အကြုံထက် ဟောပြောတဲ့ အတွေ့အကြုံ ပိုများဟန်ရှိတဲ့ ပညာရှင်ကြီးများ၏ ပို့ချမှုက စာသင်ချိန်များလို ငြီးငွေ့ဖွယ်မကောင်းသော်လည်း မနက်မလင်းခင်ထပြီး တစ်နေကုန် ခရီးဆက်ထားရသူများ ညစာစားပြီးချိန်မို့ အိပ်ငိုက်ဖို့ အကောင်းဆုံးအချိန်ပါ ဒါပေမယ့် ရန်ကုန်သူရန်ကုန်သားတွေအတွက် ည၇နာရီဆိုတာ နေ့လည်မွန်းတည့်ချိန်လောက်သာ မှတ်တာမို့ ပိုပြီးလိုချင်သူများကတော့ ရှေ့ဆုံးကိုတိုး အသံဖမ်းဖို့ ဖုန်းလေးတွေရှေ့ချ မေးခွန်းမေးချိန်ရောက်ရင် မေးနိုင်ဖို့ ဆရာကြီးတွေနားသို့ကပ် ပညာရဖို့အားထုတ်ကာ တက်ကြွလျက် အေးမြမြ ပုဂံညချမ်းသည် အသက်ဝင်လှသည်
ပုဂံတွင် ၇ရက်တာလေ့လာရေး ကြာမြင့်သော်လည်း အချိန်ဇယားတွင် စာသင်ချိန်က ၄ရက်သာ
ဆရာကြီးမင်းဘူးဦးအောင်ကြိုင်က ၂ရက်
ဦးကြည်လင်က ၁ရက် (ရှေးဟောင်းသုတေသန)
ဦးမျိုးညွှန့်အောင် (ရှေးဟောင်းသုတေသန(ငြိမ်း)) ၁ရက် တို့အသီးသီး လာရောက်ပညာဒါနပြုကြပါသည်
ပထမဆုံးညသင်ခန်းစာကို ဦးကြည်လင် (ရှေးဟောင်းသုတေသန)ဖြင့်စတင်သည်
ပုဂံရှေးဟောင်းသုတေသန ဌာနတွင် ဌာနမှူးအဖြစ် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာကြီးက ပုဂံအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးpreservation, conservation အပိုင်းကို သင်ကြားပို့ချခဲ့သည်
ရှေးဟောင်းအဆောက်အဦးများ ပျက်ဆီးရတဲ့အကြောင်းအရင်း နံရံဆေးရေးပန်းချီများ ပျက်ဆီးရတဲ့ အကြောင်းအရင်း သုတေသန ပြု ဖော်ထုတ်ထားတဲ့ ၁၁ရာစုမှ ၁၈ရာစုအတွင်း အင်္ဂတေထဲတွင် ပါဝင်ပစ္စည်းများ အပြောင်းအလဲ ယိုယွင်းနေသော ဘုရားများကို ဓါတုအကူအညီဖြင့် ထိမ်းသိမ်းပုံ နည်းပညာအကူအညီဖြင့် ထိန်းသိမ်းပုံများကို သင်ပေးခဲ့သည် ပုဂံဘုရားအချို့၏အတွင်းပိုင်းကို ဂေါပကအချို့က ထုံးသုတ်၍ နံရံဆေးရေးပန်းချီများ ပျက်ဆီးရတဲ့ အကြောင်းကို လူတိုင်းသိပြီးဖြစ်ပါမည် ထို့အတူ နိုင်ငံတကာ အကူအညီဖြင့် ထိုထုံးများကို ခွာချဖို့ ကြိုးပမ်းမှု အောင်မြင်ခဲ့တာလဲ သိပြီးဖြစ်လိမ့်မည် ထိုနေ့က ဆရာဦးကြည်လင် ပို့ချမှုတွင် ထိုအပိုင်းကို ထည့်ပြောတာကြောင့် အလွန်ပဲ စိတ်ဝင်စားစရာ ကောင်းခဲ့ပါသည် အာနန္ဒာဘုရားကြီးတွင် သုတ်ထားသော ထုံးများမှာ အထပ်ထပ်ဖြစ်နေပြီး ၅ထပ်လောက်သုတ်ထားသဖြင့် ဓါတုပစ္စည်းအကူကိုယူရသော်ငြား လူ၏လက်ဖြင့် ဆောက်သေးသေးလေးတွေကို သုံးကာ စိတ်ရှည်လက်ရှည် တစ်ထပ်ချင်းခွာချခဲ့တာကို သိခွင့်ရခဲ့သည် တကယ်လက်ဝင်တဲ့အလုပ်ဖြစ်ပြီး စိတ်ရှည်သူမှ ဆောင်ရွက်နိုင်လိမ့်မည် တော်ရုံမြတ်နိုးမှုနှင့် ဆောင်ရွက်ပေးတာ မဟုတ်နိုင်ကြောင်းတွေးမိ၍ ထိုလုပ်အားရှင်များအပေါ် လေးစားစိတ် ဖြစ်စေသည် အာနန္ဒာဘုရားတွင် ထုံး၅ထပ်အောက်ရောက်နေသော နံရံဆေးရေးပန်းချီ တစ်ကွက်ကို ထုံးတစ်ထပ်စီ ကွာကျသွားသည့် အနေအထားအတိုင်းထားကာ အများပြည်သူလေ့လာနိုင်အောင် ပြထားသည် မိုးရေစိမ့်နေတဲ့ ရှေးဟောင်းအဆောက်အဦးများကို ဆေးထိုးအပ်ဖြင့် ဓါတုဆေးလိုက်ထိုးထာလဲ သိခဲ့ရသလို သမ္ဘူလဘုရား နဲ့ တရုတ်ပြေးဘုရားများတွင် လုပ်ငန်းခွင်သုံးစွဲဟန်တူသော ဆေးထိုးကိရိယာများကိုလည်း တွေ့ခဲ့ရသည်
ဆရာဦးကြည်လင်သည် ပုဂံဘုရားများတွင် ရှေးတုံးက သုံးစွဲခဲ့သော အင်္ဂတေကို အထူးစိတ်ဝင်စားပုံရှိပါသည် အုံတုံသတ္တ၊ နဝကျွဲကော်၊ ဒွေးနော်တင်လဲ၊ ဥသျှစ်ကဲ၍ လဲဝါတစ်ဆုပ်၊ ဆီတစ်မှုတ် ထုံးနှင့်သလဲ ရောမွှေပါစေ ဆိုတဲ့ စာချိုးအတိုင်း အင်္ဂတေဖော်စပ်ဖို့ ကြိုးစားအားထုတ်ပုံများကိုလည်း ဗဟုသုတအဖြစ်ထည့်သွင်းပြောကြားသွားသည် အုံတုံပင်ကို ရှာရခက်၍ ဒေသခံအချင်းချင်း ချိတ်ဆက်ကာ အုံတုံပင် အရှာထွက်ပုံများသည် စိတ်လှုပ်ရှားစရာ ကောင်းလှပါသည် နောက်ဆုံးတွင် အုံတုံပင်ဟု ယူဆရသောအပင်ကိုတွေ့၍ ခပ်ပျစ်ပျစ် အရည်များထွက်တဲ့ အုံတုံအခေါက်ကိုထုချေ သုံးခွက်တစ်ခွက်တင်ကြိုပြီး စာချိုးအတိုင်း စပ်ကာ စမ်းသပ်ကြည့်ပုံများကြောင့် တကယ့်သိပ္ပံပညာရှင်ကြီးအလား ထင်မှတ်ရပါသည်။ ရှေးဟောင်းအဆောက်အဦးများ ထိန်းသိမ်းရာတွင် မရှိမဖြစ် ဓါတုပစ္စည်း poly vinyl acetate ခေါ်PVA မှာ လက်တွေ့တွင် ကော်တစ်မျိုးသာဖြစ်နေကြောင်း သိရတော့ ထိုဓါတုဓါတ်ပေါင်း အား ကြီးကျယ်ဆန်းပြားသည့် ဓါတုပစ္စည်းဟုထင်ထားမိတဲ့ ကိုယ့်ကိုကိုယ် ရယ်ချင်မိပါသည် ဒီပလိုမာတန်း နှစ်ဝက်နှစ်ခုစလုံးမှာ ဆည်းပူးခဲ့ရသော preservation, conservation သင်ခန်းစာသည် ထိုညတွင် နေ့တွက်ကိုက်ခဲ့ပါသည်
နောက်တစ်ရက် ညသင်ခန်းစာအား ဆရာကြီး ဦးအောင်ကြိုင်မင်းဘူးမှ ပို့ချပေးပါသည်။ ပုဂံဆိုတာဟူသော ခေါင်းစဉ်နှင့် ၇နာရီမှ ၉နာရီထိ မရပ်မနား ပို့ချခဲ့သော အကြောင်းအရာများနှင့် ကျောင်းသားတစ်သိုက် ပုဂံတစ်ခွင်ပြဲပြဲစင်ခဲ့သည် ပုဂံကို တစ်လက်မ မကျန် အလွတ်ရနေတဲ့ ပုဂံချစ်သူကြီးကဖြင့် ထို့သို့ပြောနေရတာကိုကျေနပ်နေပုံရှိသည် တစ်နေရာရောက်သွားရင်း ထိုအကြောင်းအရာနဲ့ ဆက်စပ်နေတဲ့ ဘက်ကို မျောသွားလိုက် နောက်မှ ပြန်သတိရပြီး ချော်သွားသည့်နေရာက ဆက်ပြောဖြင့် ပုဂံတွင် လိပ်ပြာလွှင့်ခဲ့ရသည့် အလား ခံစားရပါသည် မှတ်ဉာဏ်အားကတော့ ဒေါင်ဒေါင်မြည်ဆဲဖြစ်နေတာကို ဝမ်းမြောက်ဖွယ် တွေ့ရသည် ဆရာ့ကို ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ပြုလုပ်ခဲ့သော ပျူခေတ်နဲ့ ပုဂံခေတ် ကြားကာလ စာတန်းဖတ်ပွဲတွင် ဦးဘုန်းတင့်ကျော်၏ စာတန်းကို ဖြည့်စွက်ပေးချိန်တွင် စတင်တွေ့ဆုံဖူးခဲ့သည် ထိုနေ့က ပျူတွေခုချိန်ထိ ပုဂံမှာ ရှိသေးကြောင်း ထိုရွာကို ပြနိုင်ကြောင်း ပျူကသက်သက် ဗမာက သက်သက်ဖြစ်ကြောင်း ရာဇကုမာရ်ကျောက်စာပါ အကြောင်းအရာများကို ကိုးကား၍ တင်ပြသွားစဉ် စမြင်ဖူးသည် ထို့နောက်ဆရာကြီးက သူတင်သွင်းခဲ့သော စာတန်းကို ဖတ်ကြားသည် အသံတိုးတိုးနှင့် မှန်မှန်ပြောတတ်သော ဆရာကြီးသည် ပုဂံရှေးဟောင်းသုတေသနဌာနတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုပင်စင်ယူသွားသော်လည်း သမိုင်းဆိုင်ရာ စာအုပ်စာတန်းများ ရေးသားပြုစုနေသလို ပုဂံနှင့် ပတ်သတ်လျှင် ဆရာကြီး မပါမဖြစ်တာမို့ နိုင်ငံရပ်ခြားဒေသများသို့တိုင် သွား၍ ပုဂံအကျိုးကို သယ်ပိုးနေဆဲဖြစ်သည်။ အသက်၇၀ကျော်ချိန်ထိ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေသဖြင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအတွက် တကယ် ခွန်အားဖြစ်ရပါသည် ခုချိန်ထိ ငလျင်ဒဏ်ခံထားရသော ဘုရားများပေါ် တက်ကာ ကိုယ်တိုင် မဆလာလောင်းနေဆဲ ဘုရားများ၏ ယိုယွင်းမှုအထွေထွေကို စစ်ဆေးစောင့်ကြည့်နေဆဲ ပုဂ္ဂိုလ်ကြီး တစ်ဦးပါ ပုဂံမြေများ တစ်ခုခု နစ်နာတော့မည်ဆိုလျှင် မည်သူ့မျှ မကြောက် ရဲရဲဝံ့ဝံ့ အရေးဆိုတတ်သူကြီးတစ်ဦး၏ အမွေအနှစ် ချစ်မြတ်နိုးစိတ်က လူတိုင်းရဲ့ ရင်ထဲ ပျံ့နှံ့စေသည် ပုဂံဆိုတာ ကူရွာခေါ် ပျူရွာ(ယခုပြွန်ရွာလူနေဆဲ) ၁၉ရွာနဲ့ စခဲ့တယ်ဆိုပြီး အစချီ၍ ပုဂံ၏ သိမှတ်ဖွယ်ရာများနှင့် ကျောင်းသားတသိုက်ကို ဆွဲခေါ်သွားတော့သည် စာအုပ်စာတန်းများတွင် တွေ့ရလေ့မရှိသော သံချက်ဖိုများအကြောင်း စဉ့်ဖိုများ စဉ့်စေတီများအကြောင်း မင်စာရှိတဲ့ဘုရား နံရံဆေးရေးရှိတဲ့ဘုရား နံရံဆေးရေးကို သရုပ်ခွဲပုံ ဘုရားများ၏ ပုံသဏ္ဍာန် ပလန်များ ပျူစေတီများ ဘုရားများကို ပြုပြင်ထိန်းသိမ်းခဲ့ပုံ ရှာဖွေဖော်ထုတ်မှုကြောင့် တဖြေးဖြေး အရေအတွက် တိုးပွားလာသည့် ပုဂံဘုရားစေတီများအကြောင်း စသည်ဖြင့် နှစ်ရက်ဆက်တိုက် သင်ကြားပေးခဲ့ရာ အကြောင်းအရာ များပြားသဖြင့် ဖော်ပြဖို့ အခက်အခဲရှိပါသည် အကယ်၍ စိတ်ပါဝင်စားသူများရှိလျှင် ဆရာကြီး၏ အသံဖိုင်အား ပို့ပေးပါမည် ဆရာကြီးနှင့် ပုဂံတွင် ဆုံတွေ့မှုသည် ယခင်က မကျေလည်ခဲ့သော ငကျွဲနားတောင်း အရေးတော်ပုံကို အဆုံးသတ်စေသဖြင့် စာရေးသူအတွက်လည်း အများကြီး အကျိုးဖြစ်ထွန်းခဲ့ပါသည် ပုဂံရေးရာနဲ့ ပတ်သတ်၍ ထိုနှစ်ရက်တွင် အမြတ်ထွက်ခဲ့ပါသည်
နောက်ဆုံးရက် ပို့ချမှုအဖြစ် ဆရာဦးအောင်ကြိုင်၏ သားဖြစ်သူ ဆရာဦးမျိုးညွှန့်အောင်ရောက်လာခဲ့သည် ထိုနေရာတွင် ဖြတ်ပြောစရာက လာသင်ပေးမည့် ဆရာများဘက်က အချိန်တိကျစွာ ရောက်လာကြသော်လည်း သင်ယူမည့်သူတွေကို ဝီစီမှုတ်ပြီး စုခေါ်နေရတာနဲ့ နာရီဝက်လောက်ကတော့ အချိန်ပုပ်နေရသည် ခံစားချက်မကောင်းသော်လည်း သူများကို မှတ်ချက်မပေးလိုပါ ဆရာဦးမျိုးညွှန့်အောင်သည် ဆရာကြီးဦးအောင်ကြိုင်လို ပိန်ပိန်ပါးပါး မျက်နှာသွယ်သွယ်နဲ့မဟုတ်ပဲ သူ့ဖခင်နဲ့ ဆန့်ကျင်လျက် မျက်နှာဝိုင်း၍ ပြည့်ပြည့်ဖြိုးဖြိုးရှိသည် ရုပ်ရည်လည်း သိပ်မတူပါ ပို့ချချက်များလည်း ကွဲပြားပါသည် ဆရာဦးမျိုးညွှန့်အောင်သည် ပုဂံသုတေသနဌာန၏ အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်သည် ရှေးဟောင်းမေဂျာဆင်းတစ်ဦးဖြစ်တာကြောင့် ပို့ချချက်က သုတေသနဆန်သည် ဖခင်က historical point of view ဘက်နွယ်ပြီး ပို့ချမှုများသော်လည်း ဆရာကမူ archaeological point of view ဘက်က ပို့ချသည် နန်းတော်ရာတူးဖော်မှုကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည့် အားလျော်စွာ exploration, excavation & publication ပိုင်းကို နိုင်နိုင်နင်းနင်းရှင်းပြသည် ထုံးစံအတိုင်း ရှေးဟောင်းအဆောက်အဦးများကို ထိန်းသိမ်းစောင့်ရှောက်ရသည့် အကြောင်းကလည်း မပါမဖြစ်ပါ ဆရာ့ထံမှ ပုဂံဓါးများအကြောင်း သိရသည် ဒင်္ဂါးတွေ့ရှိမှုအနည်းငယ် တွေ့ကြောင်း ပြောပြသည် တွေ့ရှိမှုနည်းပါး၍သာ ပုဂံတွင် ဒင်္ဂါး အသုံးပြုမှု ရှိကြောင်း သက်သေမထူနိုင်သေးဟု ဆက်ရှင်းပြသည် ပုဂံသည် နှစ်တစ်ထောင်လောက်ကာလအတွင် လူနေမပြတ်ခဲ့တာကလည်း မြေပေါ်တွေ့ တန်ဖိုးရှိပစ္စည်းများကို ဆုံးရှုံးစေသည့် အကြောင်းတစ်ခုဖြစ်နေသည် အရိုးအိုးဖြင့် မြှုပ်နှံသည့် ဓလေ့ရှိတာကိုလည်း အရိပ်အမွက် ပြောသွားသည် ကျောင်းသူတစ်ဦးမေးမြန်းသော မေးခွန်းအပေါ် ဆရာ့ပြန်ကြားချက်သည် အတော်စိတ်ဝင်စားစရာကောင်းပါသည် ပုဂံတွင် ဘုရင်များ၏ သချီ ၤုင်းရာ ရှိသလော ဟုမေးမြန်းရာ စိုးမင်းကြီးဘုရား?ကျောက်စာပါ အထောက်အထားကိုပြပြီး ပြောသွားသည့် အကြောင်းအရာသည် စိတ်ဝင်စားဖွယ်ဖြစ်ပါသည် သူ၏ခင်ပွန်းအရိုးအိုးကို ဂူပြုသည်ဟု တွေ့ရကြောင်း ဖြေကြားခဲ့သည် ( ဆရာ့ရဲ့ အသံဖိုင်သည် ကျပျောက်သွားတဲ့ ဖုန်းထဲတွင် ပါသွား၍ မှတ်မိသမျှ လက်တန်းရေးရသဖြင့် အမှားရှိပါက ပြင်ဆင်ပေးပါရန် ) ထိုအချက်မှ အတွေးဖြန့်ကျက်သော် မြောက်မြားလှသော ဂူများ ဘုရားများတွင် ပုဂံဘုရင် မိဖုရား မင်းညီမင်းသား မှူးကြီးမတ်ရာ တို့၏ အရိုးအိုးများ ရှိနေလေမလား ကျောက်စာအထောက်အထားတွင် မဖော်ပြသလို စေတီပျက်များတူးဖော်ရာတွင် အရိုးအိုးမရှိ၍လည်း ထိုအဆိုသည် မခိုင်မာလှ မင်းအဆက်ဆက်၏ သချီ ၤုင်းရာသည် ပဟေဠိ ဖြစ်နေဆဲ သိုက်သမားတွေများ အရင်တွေ့သွားပြီလား တွေးရခက်ကြီးပါ သမိုင်းပညာရပ်တွင် ခြေချနေတဲ့ သားအဖတွေက ထူးခြားသည်မို့ သဘောထား ကွဲလွဲမှုမျိုးရှိနိုင်သလား ဆရာဦးအောင်ကြိုင်သည် မသိမသာ ရှေးရိုးစွဲသည် ရာဇဝင်နှင့် ရောထွေးသည် ဆရာဦးမျိုးညွှန့်အောင်ကတော့ အထောက်အထားပိုင်းကို ဦးစားပေးသည် ထို့ကြောင့် သိချင်၍ မေးကြည့်တော့ မပြောပလောက်သော ကွဲလွဲမှုများသာ ရှိနေကြောင်း စိတ်ရှည်လက်ရှည် ရှင်းပြပါသည် ထိုအတွက် နောက်ဆုံးပိတ် အိတ်နဲ့လွယ်၍ အတိုးပါရခဲ့ပါသည်
သှျှင်လေညင်း
၂၈၊ ၈၊၂၀၁၇