Thursday, 11 May 2017
Nancy Marie White - Archaeology For Dummies
About the Author
Being an archaeologist was something Nancy Marie White wanted to do from the time she learned how to spell the word as a kid. She was interested in Native American cultures, outdoor adventure, and the romance of finding ancient things and lost knowledge. After earning a BA in history, she went to live in Mexico, where she saw that studying archaeology and the rest of anthropology would lead to a fascinating life. She earned a PhD from Case Western Reserve University in Cleveland (home of rock and roll), and is now
professor of anthropology at the University of South Florida, Tampa, and a long-time member of the Register of Professional Archaeologists.
အညာပုဂံဘုရားဖူး
<Zawgyi Version>
မြန်မာတွေရဲ့ အတိတ်သမိုင်းအစစ်ကို သိချင်ရင် ပုဂံသွားကြည့် နိုင်ပါတယ်တဲ့ ..
ကိုယ့်အရှင် ကိုယ့်သခင် ကိုယ့်ဘုရင် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှာန်းနဲ့ နေထိုင်လာနိုင်ခဲ့တဲ့ သက်သေ 
နန်းတော်ရာကြီးများနှင့် နန်းမြို့ရိုး
ဓနငွေကြေး အင်အားတောင့်တင်းမှုကို အကောင်းဆုံးဖော်ထုတ်တင်ပြနေတဲ့ သက်သေ လက်ညှိုးထိုးကြည့်တိုင်း မလွဲနိုင်လောက်အောင် များပြားခဲ့တဲ့ စေတီပုထိုးများ နှင့်အတူ
စည်ပင်ပြန့်ပွားခဲ့သော ဗုဒ္ဓဘာသာရေးဆိုင်ရာပြယုတ်များ
တစ်ဖြည်းဖြည်း တိုးတက်ထွန်းကားလာတာကို တွေ့နိုင်တဲ့ ဗိသုကာလက်ရာများ သဒ္ဓါတရား ထက်သန်
လွန်းစွာခြယ်မှုန်းတင်ပြထားတဲ့ ပန်းချီလက်ရာများ အပြင်အခြားသော အနုပညာ သုခုမ ပန်းဆယ်မျိုးဆိုင်ရာ အနုစိတ်လက်ရာများ အစရှိသဖြင့်ပုဂံဟာ မြန်မာ့သမိုင်းတစ်လျောက်လုံးအတွင်း မာန်ဟုန်မည်မျှ ကြီးမားခဲ့တာကို သိနိုင်ပါတယ်
-
Wednesday, 10 May 2017
ဒဂုန်တာရာ
(Zawgyi Version)
မွေးသက္ကရာဇ် ၁ဝ၊ ၅၊ ၁၉၁၉ အမည်ရင်း ဦးဌေးမြိုင် မိဘအမည် ဦးဘအုန်း + ဒေါ်ဖွားရှင် မွေးဖွားရာ ဒေသ ထိုင်ကူ
 မြစ်
တန်းရွာ (မွန်ရွာ) ကျိုက်လတ် မြို့နယ် ကလောင် အမည်ခွဲများ မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊
မောင်လင်းထက်၊ ဗညား သီဟ၊ ဦးဒဂုန် ထင်ရှားကျော်ကြားမှု မြန်မာ့သမိုင်းဆိုင်ရာတွင် အားကိုးလောက်သော ကျမ်းများကို အင်္ဂလိပ်၊ မြန်မာဘာသာများဖြင့် ပြုစုခဲ့ , ရာထူးစည်းစိမ်ကို ငဲ့ကွက်ခြင်းမရှိဘဲ ပညာရှင် ပီသစွာ ရပ်တည်မှုကြောင့် အထူးကျော်ကြား
ဆရာ ဒဂုန် တာရာသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျ မင်္ဂလာ မြန်မာ စာသင် ကျောင်းတွင် ပညာ သင်ကြားသည်။ ထို့နောက် ကျိုက်လတ် အမျိုးသားကျောင်း (၁၉၂၇ - ၃၆) တွင် လည်းကောင်း၊ ရန်ကုန် ရေကျော် မက်သဒစ် ကျောင်း (၁၉၃၆ - ၃၇) တွင် လည်းကောင်း ပညာ ဆက်လက် သင်ကြားသည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်း အောင်သည်။ (၁၉၃၇ - ၄ဝ) ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာ သင်ကြား ခဲ့သည်။ 
Tuesday, 9 May 2017
ဆရာဇော်ဂျီ
<Zawgyi Version)
ဆရာ ဇော်ဂျီသည် ဧရာဝတီတိုင်း၊ ဖျာပုံမြို့ဇာတိဖြစ်၍ အဖဦးယော၊ အမိဒေါ်စိန်ညွန့်တို့မှ ၁၉၀၇-ခုနှစ်၊ ဧပြီလ ၁၂ရက်၊ သောကြာနေ့တွင် ဖွားမြင်သည်။ မွေးချင်း ကိုးယောက် အနက် အကြီးဆုံး ဖြစ်သည်။ အမည် ရင်းမှာ ဦးသိန်းဟန် ဖြစ်ပါသည်။
ငယ်ဘဝ
ဆရာ ဇော်ဂျီသည် ငယ်စဉ်က ဖျာပုံမြို့ ဘုန်းတော်ကြီး ကျောင်းတွင် ပညာ သင်ကြား ခဲ့သည်။ ထို့နောက် ဖျာပုံမြို့ရှိ အင်္ဂလိပ် မြန်မာ အစိုးရ အထက်တန်း ကျောင်းတွင် သတ္တမတန်း အထိ ပညာ သင်ကြား ခဲ့သည်။
ပခန်းငယ် ပဟေဠိ အဖြေညှိကြည့်ရအောင်
(Zawgyi Version)
ပခန်းမင်းသားကြီး ဦးရန်ဝေး လှူးဒါန်းခဲ့တဲ့ ပခန်းငယ်ကျောင်းကြီး အဖတ်ဆယ်လို့မရအောင် ပျက်သွားတာကို ဖော်ပြပြီးပါပြီ
MRTVကလာတဲ့ သတင်းတစ်ပုဒ်မှာတော့ ထိုကျောင်းတော်ကြီးကို ရှေးဟောင်းသုတေသနဌာနက ပြန်လည် ထိန်းသိမ်းဖို့ ဆွေးနွေးနေကြတာကို ကြည့်လိုက်ရပါတယ် ပြန်ဆောက်မယ်ဆိုရင်လဲ ရှေးမူမပျက် နဂိုအတိုင်း ဖြစ်ပါစေလို့ ဆုတောင်းပါတယ်
Friday, 5 May 2017
COLIN RENFREW & PAUL BAHN - Archaeology Theories Methods And Practice (6th edition)
Peter Bellwood - First Migrants : Ancient Migration in Global Perspective
ရေဆုံးကျေးရွာရှိ ရှေးဟောင်းစေတီပုထိုးများ ရှေးမူမပျက်ပြုပြင်ရန် ခွင့်ပြုရန်ပုံငွေ သိန်း ၁၅၀ ချပေးပါသည်။
(Zawgyi Version)
မန္တလေးတိုင်း ဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်မှုရှိခဲ့သည့်ကုန်းဘောင်ခေတ် လက်ရာစေတီ၂၃ဆူအား ယခုဘဏ္ဍာနှစ်တွင် ပြုပြင်မည်။
မန္တလေး ၄-၅-၂၀၁၇
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ရေဆုံကျေးရွာတွင်၂ဝ၁၆ခုနှစ် သြဂုတ်၂၄ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်မှုရှိခဲ့သည့် ကုန်းဘောင်ခေတ် လက်ရာစေတီ ၂၃ဆူအားယခုဘဏ္ဍာနှစ်တွင်ရှေးမူမပျက် ပြုပြင်သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရသည်။
ရှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် လင်းဝေး ကျေးရွာတွင် သဘာဝ လိုဏ်ဂှုတွေ့ရှိ။
(Zawgyi Version)
အရမ်းထူးဆန်းတယ်ဗျာ
ဟိုပုံး ကိုရင်လေးရဲ့ မိန့်ကြားမှုဖြင့် ရွာရဲ့ ဘုန်းတော်ကြီးကျောင်း အရှေ့ဖက်တွင်
ဂှုရှိကြောင်း တန်ဖိုးရှိတဲ့ပစ္စည်းရှိများရှိတဲ့အတွက်ထိန်သိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း
မိန့်ကြားခဲ့ရာ ရွာမှကိုရင်က ပြန်လာပြီး ပြောပြရာမှ
ရွာသူရွာသားများ နှင့် ဥူးပဇင်း တို့မှ ရှာဖွေ တူးဖေါ် နိုင်ခဲ့ကြောင်း
Wednesday, 3 May 2017
စမ္ဗူ့ဒီပဥဆောင်းကျမ်း
သတိုးသီရိသုဓမ္မ
ဒေါက်တာ ဂျေအက်စ်ဖာနီဗဲလ် 
Objects Conservation
Conservation of Metal Objects 
Dr. Young-Won Kim
ဒေါက်တာသန်းထွန်း
(B.A.Hons:), MA, Ph.D, D.Lit,(London)
အငြိမ်းစားပါမောက္ခ၊သမိုင်းဌာန၊ မန္တလေး တက္ကသိုလ်။
အဖွဲ့ ဝင်၊မြန်မာနိုင်ငံ သမိုင်းကော်မရှင်။
ဂုဏ်ထူးဆောင် ပါမောက္ခ၊မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာဌာန။
ဂုဏ်ထူးဆောင် ပါမောက္ခ၊သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်။
ချစ်ဦးညို
ကိုယ်ရေးအကျဉ်း
- မန္တလေးဇာတိ-အဘ-ဦးရွှေဒေါင်းညို၊ အမိ-ဒေါ်စိန်ရင် ,
--အမည်ရင်း-ကျော်စွာ
-ရန်ကုန်တက္ကသိုလ်မှ ၊ ၁၉၈၆-ခုနှစ်တွင် ဒဿနိကဗေဒ အဓိကဖြင့်
- ၁၉၇၀-မှ ၁၉၇၅- အထိ ၊ တက္ကသိုလ် နည်းပြ ဆရာအဖြစ် အမှုထမ်းခဲ့ပြီး အမှုထမ်းဘ၀ကို စွန့်လွှတ်ခဲ့----
-ပထမဆုံး ပုံနှိပ်စာမူ--- ၁၉၇၀- အောက်တိုဘာလထုတ် မိုးဝေစာပေ မဂ္ဂဇင်းပါ ( ရန်ကုန်မြို့အလယ်) ၀တ္ထုတို ----
-ပထမဆုံး လုံးချင်းဝတ္ထု ၁၉၇၇- ထုတ် ( လင်္ကာဒီပချစ်သူ) ၊( ယင်းဝတ္ထုကို ယခုအခါ -၁၄ ကြိမ်အထိ ပုံနှိပ်ထုတ်ဝေပြီး) ----
-ယခုအထိ ဗုဒ္ဓယဉ်ကျေးမှုနောက်ခံ ၊ သမိုင်းနောက်ခံ ၀တ္ထုများ - ဆောင်းပါး၊၀တ္ထု၊ သုတေသနစာတမ်းများ အပါအ၀င် (၈၁) အုပ် ရေးသားထုတ်ဝေပြီးဖြစ်သည်---
-စာပေယဉ်ကျေးမှုဆိုင်ရာ ပြည်ပခရီးစဉ်များအဖြစ် ( ၁၉၈၈ မှ, ၂၀၁၁ အတွင်း စင်္ကာပူ, အိန္ဒိယ, တရုတ်,ထိုင်း,မလေးရှား, အမေရိကန် ပြည်ထောင်စု ၊ တောင်ကိုးရီးယားနှင့် ယူအေအီး ( ဒူဘိုင်း) နိုင်ငံများသို့ သွားရောက်ခဲ့---
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင်- ဒုတိယ ဥက္ကဌ , ရန်ကုန် ယဉ်ကျေးမှု တက္ကသိုလ်တွင် ပညာရေး အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့
ယခုအခါ စာရေးခြင်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်း နေထိုင်လျှက်ရှိ ----။
ဆရာချစ်ဦးညို၏ စာအုပ်နှင့် ဆောင်းပါးများ
၁။ က​လေးရဟန္တာများ
    Click Link to Download : http://adf.ly/1mSDhv
၂။ ခုနှစ်အိမ်တန်းက မဂျမ်းဘုံ
    Click Link to Download :  http://adf.ly/1mSEBc
Tuesday, 2 May 2017
The Basic Archaeology
The book in your hand is not a textbook: it makes no attempt at comprehensive coverage, and it contains no exercises. Instead, it aims only to get you thinking about one of the most important and fascinating topics you could ever hope to encounter: archaeology, the investigation of the human past. Our created past surrounds us and it matters. Indeed, it is probably our most important legacy. I hope this short book will quickly persuade you of this and show you that nothing is more interesting, more stimulating or more rewarding than the study of archaeology.
My book is designed as a basic introduction to the subject. I have chosen eight aspects of archaeology and covered one in each chapter. Archaeologists do not always agree and I have set out some of the current debates as well as several of the major questions that archaeologists are tackling, whether as researchers, managers, curators, specialists or a combination of all of these aspects of the profession. The reader I have in mind for this book is someone who has not yet entirely made up their mind about archaeology. This means they are not sure if they want to find out more; whether ley lines and the Bermuda Triangle are more interesting (believe me they are not!) than the everyday life of a medieval peasant or the evolutionary origins of humans. I have also written the book for those who are a few steps further on. You have been bitten by the archaeology 'bug' and want to know more. You may be reading archaeology for pleasure, studying it at university, taking it in conjunction with another subject or just intrigued by a Web site you have browsed or a museum or monument you have visited.
What this book is not about are the techniques of field archaeology. Many excellent books already exist on that subject and I would recommend Philip Barker (1982) and Jane McIntosh (1999). What I hope my book will do is kick-start your archaeological imagination so that the experience of handling and studying objects, fieldwalking and surveying landscapes and buildings, arranging exhibits and presenting the past to the wider world will become even more immediate and rewarding.
Clive Gamble
Click to Link Download  : http://adf.ly/1mRuEC
ပခန်းမင်းကြီး ဦးရန်ဝေးနှင့် အရာယွင်းသွားပြီဖြစ်သည့် ပခန်းငယ် ကျောင်းတော်ကြီး
 ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ပညာဌာန၏ ပုဂံ စလေ ပခုက္ကူ ပခန်းကြီး ကွင်းဆင်းခရီးတွင် သွားရောက်လေ့လာခဲ့သော ပခန်းကြီးဒေသက ကျောင်းတော်ကြီး ခေါ် ပခန်းကြီးကျောင်းကဖြင့် လူသိများ ထင်ရှားပြီး ဖြစ်သလို သမိုင်းဝင်တန်ဘိုး အနုပညာ တန်ဘိုးများဖြင့် ပြည့်စုံသဖြင့် ရှေးဟောင်းသုတေသန ရှုထောင့်အရ အလွန်အရေးပါသည်။
ပခန်းကြီးဒေသဆိုတာ ယခုအချိန်တွင် အိမ်ခြေ ၆၇၇ အိမ်နှင့် လူဦးရေ ၃၇ဝဝ ကျော်နေ ထိုင်နေသည့် ရွာငယ်တစ်ခုသာ ဖြစ်သော်လည်း ပုဂံခေတ်တွင် ပုဂံနှင့်ခေတ်ပြိုင် တိုးတက်ထွန်းကားခဲ့ပြီး ကုန်းဘောင်ခေတ်တွင် ရတနာပုံပြီးလျှင် အဖွံ့ဖြိုးဆုံးဒေသ ဖြစ်ခဲ့သည်။ မြန်မာဘုရင်များလက်ထက်က ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းတွင် အကြီးဆုံးမြို့၊ ပခန်းမြို့ဟောင်းမြို့ ရိုးသည် မြန်မာနိုင်ငံ ရှေးဟောင်းမြို့ရိုးများတွင် အကြီးဆုံးဆိုတဲ့ ဝိသေသများနှင့် ပြည့်စုံနေတဲ့ ပခန်းကြီးကို ရှေးက ကုခန်ကြီး၊ ကုခန်းကြီး၊ ကူးခန်းကြီး၊ ကူးသန်းကြီး၊ ပုခန်းကြီး၊ ပခန်းကြီးဟု အဆက်ဆက် ပြောင်းလဲ သမုတ်ခဲ့ကြသည်။
ရှေးဟောင်းသာသနိက အဆောက်အဦး များစွာဖြင့် ပုဂံနှင့် ခေတ်ပြိုင်ကာလကတည်းက ထွန်းကားစည်ပင်ခဲ့ဖွယ်ရှိတဲ့ သက်သေများ၊ ရာဇဝင်များနှင့်တကွ မြို့သက်ရှည်ခဲ့သည်လော ကျောက်ခေတ် အထောက်အထားများနှင့် ပုတီး လက်ရေးစင်းအုတ် စသည်ဖြင့် အလွန်မြို့သက်ရှည်ခဲ့သည်လော ဝေခွဲနိုင်ဖို့ ဆက်လက် သုသေသန ပြုရပေဦးမည်။ စကားအရာတွင် အံ့မခန်း ပခန်းသားအစွမ်းလို့ ချီးကျူးလိုက်မိတော့မလို ပခန်းသားနဲ့ ချီပါသားတို့ရဲ့ အမည်ကျော် ဝတ္ထုတွေနဲ့ ပခန်းဒေသရဲ့ ဒြပ်ရှိ ဒြပ်မဲ့ ဓလေ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ရိုးရာကိုးကွယ်မှု ထွန်းကားရာ မြေပခန်းဆိုတာနဲ့ ပခန်း ကိုကြီးကျော်ကို သတိရကြမှာ ဖြစ်သလို လူချွန်ပုဂ္ဂိုလ် ပခန်းမင်းကြီး ဦးရန်ဝေးကိုလဲ ပြေးမြင်ကြမှာမလွဲ။
"နန်းတော်ကမေးလျှင် ဤရွှေတုံးကို ငါ ယူသွားသည် ပြောလိုက်" ဟု မှာထားကာ ယူ၍ ဆင်းရဲသဖြင့် အရိပ်ခိုရန် ရောက်လာသော ၎င်း၏နှမမယ်နီသို့ ပေးလိုက်လေရာ ယောအတွင်းဝန် ဦးဘိုးလှိုင် လာရောက်စုံစမ်းလျှင် "မောင်လှိုင်၊ ငါက မင်းတရားကြီးပိုင် ရွှေတုံးကို ယူလာတာ မှန်ပါတယ် ငါ့မှာဆင်းရဲသော နှမတစ်ယောက်ကို ထောက်ပံ့ရန် တာဝန်ရှိနေတယ် ငါရရှိသည့် ရိက္ခာတော်က လောက်ငရုံပဲရှိတယ် လာဘ်တံစိုး လက်ဆောင်လည်း ငါဘယ်တော့မှမယူခဲ့ ဒါကြောင့် ခိုးခြင်းခိုးလျှင် ငါ့အရှင်သခင်ရဲ့ ပစ္စည်းကို ခိုးပြီး နောင်သံသရာမှာလည်း အတုံ့အလှည့် ခံရပါလျှင် ကိုယ့်အရှင်သခင် အိမ်မှာပဲခွေးဖြစ်ဖြစ် ခံရတာက မြတ်တယ်လို့ ငါအောက်မေ့ပြီး ယူခဲ့တာပဲ "
ဘုရင့်အမိန့်တော်ကို ဆွဲဆုတ်ပစ်၍ " မင်းတို့ဘုရင် တောင်နားမလည် မြောက်နားမလည်နှင့် ဤအမိန့်မျိုး ထုတ်ရသလား "
" နောက်ထပ် သူပုန် ဟူ၍ မဖမ်းစေနှင့် "ဟု အမိန့်ထုတ်ပြီး ဘုရင်ကအမေးတော်ရှိရာ ပခန်းမင်းကြီးက "ဤကိစ္စတွင်ရှင်ဘုရင်တာဝန်မကင်းဖြစ်သည် မဟုတ်လော သူပုန်များသည် သားတော် မြင်ကွန်းစား၏ လူများဖြစ်ရာ သားမကောင်း၍ နီးရာဓားကို ကြောက်ရပြီး လိုက်ပါရသည် မှန်ပါ၏ သားသမီးမကောင်း မိဘခေါင်းဖြစ်သည် အဝေးမြို့ဝန်တို့သည် ဤအချက်ကောင်းကိုယူပြီး ရာထူးစည်းစိမ်တိုးတက်ရေး မျှော်ကိုးကာ မိမိနှင့် မသင့်မတင့် သူများကို သူပုန်အဖြစ် ဆွဲထည့်နေသည်ကို ရှင်ဘုရင်က နန်းတော်ထဲနေပြီး ဘာသိလဲ"
ဝန်စုမှူးစုတို့ သားမယား တစ်ယောက်မက အမြှောင် အပို ထားကြသည့်အတွက် ရရှိသော ရိက္ခာတော်ငွေနှင့် မလောက်မငကြောင်း မင်းတုန်းမင်း ကြားသိတော်မူ၍ သားမယား တစ်ယောက်ထက် အပိုမယူကြရန် ဥပဒေလုပ်လိုသော ဆန္ဒဖြစ်၍ ပခန်းမင်းကြီးနှင့် တိုင်ပင်တော်မူရာ ဝမ်းမြောက်စွာ ထောက်ခံ၍ 
 " ဒီဥပဒေကို ဝန်ကြီးမှူးကြီးများ အတွက်သာ မထားဘဲ ရှင်ဘုရင်ကိုပါ ဤဥပဒေဘောင်အတွင်း နေတော်မူစေလျှင် များစွာသင့်လျော်မည်ထင်ကြောင်း" လျှောက်တင်သူ
ဝန်ကတော်တစ်ယောက် လှည်းယဉ်ခြောက်စထောင်ကို စီးနင်းလိုက်ပါလျက် ရွှေထီးဆောင်းကာ အဆောင်ကိုင်များ ဝန်းရံ၍ တခမ်းတနား သွားလာနေသည်ကို မြင်၍ မိမိ၏လှည်းသမားအား ထိုဝန်ကတော်ကို ကြိမ်လုံးဖြင့်ဆင်း၍ အရိုက်ခိုင်းရာ ရှင်ဘုရင်ထံသို့ သတင်းပေါက်ကြား အဘယ်ကြောင့်ဤသို့ဆုံးမရသလဲဟု မေးတော်မူရာ "ဤဝန်ကတော်အား ဆင်းရဲသားများက မြင်လျှင် သူ့လင်သည် တံစိုးလက်ဆောက် ရ၍ ဤသို့ခမ်းနားကြီးကျယ်စွာ သွားလာနိုင်သည်ဟု ထင်မြင်ကြလိမ့်မည် သူ့လင်ကို ချီးမြှောက်သောရိက္ခာထက် အဆမတန်အောင် စိတ်ကြီးဝင်ကာ သွားလာနေသဖြင့် ရိုက်ရပါကြောင်း" ဟု မဆိုင်းမတွ တင်လျှောက်ဝံ့သူ
မင်းတုန်းမင်းကိုယ်တိုင် လေးစားရသော မှူးမတ်ကြီးတစ်ဦးဖြစ်တဲ့ ပခန်းမင်းကြီး ဦးရန်ဝေးလို အာဂအမှုထမ်းက ရှေးကာလကကော ယခုလက်ရှိအချိန်တွင်ပါ ရှားမှရှား။
ချင်းတွင်းအနောက်ဘက် ဗန့်ကျီနယ်၊ ဗဒူရွာသား၊ ၁၁၇၄ ခုဖွားဖြစ်ပြီး ၎င်း၏ ဦးရီး ဗဒူရွာကျောင်း ဘုန်းတော်ကြီး ဦးဥတ္တမကျောင်းတွင် ဦးဝိသုဒ္ဓဘွဲ့ဖြင့် ခန်းနေ ဦးပဉ္ဇင်းကြီးအဖြစ် သတင်းသုံး၏။ ပုဂံမင်း နန်းတက်ပြီးနောက် ဦးဝိသုဒ္ဓသည် နေပြည်တော်ရှိ ဗားကရာတိုက်သို့ ရောက်ရှိလာကာ ထို့နောက်မှ ငွေရေးကျောင်း ကျောင်းထိုင်ဆရာတော် ဖြစ်နေချိန်တွင် လွှတ်တော်မင်းသားကြီး မင်းတုန်းမင်းသားထံသို့ မှန်မှန်ကြွရောက်ကာ တရားဟော သီလပေးခြင်းပြုရသည်။ မင်းတုန်းမင်းသား၏ တောင်းဆိုချက်အရ လူဝတ်လဲပြီး မင်းတုန်းမင်းသား၏ အကြီးတော် ရာထူးတာဝန်ကို ထမ်းဆာင်ခဲ့ရသည်။
မင်းတုန်းမင်းသား ထီးနန်းရလာသောအခါ ဦးရန်ဝေးကို ပခန်းမင်းသားကြီးအဖြစ် ဝန်ကြီးခန့်အပ် သူကောင်းပြုခံရသည်။ မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့ပူးပေါင်း၍ မင်းဆိုးမင်းညစ်ဖြစ်သူ နောင်တော် ပုဂံမင်းကို တော်လှန်စဉ်က ပခန်းမင်းကြီးရဲ့ အခန်းကဏ္ဍကဖြင့် မည်သို့ရှိသည် မရှာဖွေနိုင်သေးသော်ငြား နန်းရပြီးချိန်တွင် အကြီးအကျယ် သူကောင်းပြုခံရသဖြင့် တစိတ်တဒေသ ပါဝင်ပူးပေါင်းမှု ရှိခဲ့မည်ကမလွဲ။
ပခန်းမင်းကြီး ဦးရန်ဝေးအနေနှင့် မင်းတုန်းမင်း၏ သားတော်များ ထကြွပုန်ကန်သည့် အရေးတွင်လည်း ကိုယ်တိုင်ပါဝင်
ကြုံတွေ့ခဲ့ရသည်။ အိမ်ရှေ့စံ ကနောင်မင်းသားနှင့် ယာယီလွှတ်တော်အနီးရှိ တဲကြီးအတွင်း၌ မြတောင်ဝန်ကြီးဦးမှို၊ ပခန်းဝန်ကြီး ဦးရန်ဝေး တို့နှင့်အတူ သဿမေဓကိစ္စများကို တိုင်ပင်ဆွေးနွေးနေစဉ် ပုန်ကန်မှု ဖြစ်ပွားခဲ့သည်။ မြင်ကွင်းမင်းသား တာဝန်ယူသည့် အပိုင်းတွင် ကနောင်မင်းသားနှင့် မြတောင်ဝန်ကြီးဦးမှိုတို့က နေရာတွင် လုပ်ကြံခံလိုက်ရသော်ငြား ပခန်းဝန်ကြီး ဦးရန်ဝေး အပါအ၀င် မှူးမတ်အချို့ ထွက်ပြေး လွတ်မြောက်ခဲ့ကြသည်။
မြင်းခုန်တိုင်မင်းသားသည် မင်းတုန်းမင်းရှိရာ ယာယီနန်းတော်သို့ အပြေးလာ၍ ဖခမည်းတော်ကို လုပ်ကြံမည့်ဆဲဆဲ မင်းတုန်းမင်းကြီး လွတ်မြောက်ခဲ့၍ နန်းတော်သို့ ပြန်ဝင်နိုင်သလို ၀န်ကြီးဦးရန်ဝေးမှာလည်း တပ်တော်နှင့် တွေ့ပြီး နောက်ကလိုက်ပါလာသည်။ စသည်ဖြင့် ဦးညိုမြ၏ “ကုန်းဘောင်ရှာပုံတော်”တွင် ရေးသားဖော်ပြထားမှု များမှ တဆင့် ပခန်းမင်းကြီး ဦးရန်ဝေး၏ အတ္ထုပတ္တိ၊ စိတ်နေသဘောထား၊ စားရိုက်တို့ကို ဖမ်းမိနိုင်သည်။
ပခန်းကျောင်းကန် ပုဂံဘုရားရယ်လို့ စာချိုးရှိရာတွင် ပခန်းဒေသတွင် ဘုန်းကြီးကျောင်း ၂၅ကျောင်းခန့် ရေတွက်၍ရပြီး လက်ရှိမှာလည်း ရှေးဟောင်း ဘုန်းကြီးကျောင်း ၅ကျောင်းရှိပါတယ်။ ထိုကျောင်းကြီးများတွင် ကုန်းဘောင်ခေတ်၏ ထိပ်ထိပ်ကျဲ ရာထူးအဆင့်အတန်းရ ဘုန်းကြီးလူထွက် ပခန်းမင်းကြီး ဦးရန်ဝေး၏ ကုသိုလ်မှတ်တမ်း အနေဖြင့် ကုန်းဘောင်ခေတ် ဗိသုကာလက်ရာမြောက် ကျောင်းတော်ကြီး တစ်ဆောင်ကို ပခန်းကြီး နယ်နိမိတ် အတွင်း ရှိ ပခန်း ငယ်ရွာတွင် ဆောက်လုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် ပခန်းကြီး၊ ပခန်းငယ်ရှိသကဲ့သို့ စလေ တွင်လည်း ပခန်းငယ်ရှိသည်။ ရေစကြိုမြို့နယ် ပခန်းကြီးအနီးမှ ပခန်းငယ်သည် ဆိပ်ကမ်းရွာငယ်တစ်ခု သာဖြစ်ပြီး ချောက်မြို့အနီးရှိ စလေမြို့သည် ကုန်းဘောင် ခေတ်စာဆို စလေဦးပုည၏ ဇာတိမြေအဖြစ် ထင်ရှားသကဲ့သို့ ကုန်းဘောင်ခေတ်နှင့် ရတနာပုံခေတ်လက်ရာ စေတီပုထိုးများ အများဆုံးရှိနေသည့် ဒေသ အဖြစ်လည်း ကျော်ကြားသည့် ရှေးဟောင်းနယ်မြေတစ်ခုဖြစ်သည်။ ပခန်းကြီး ဒေသမှပခန်းငယ်သည် ရွာ ၁၂ ရွာ စုစည်းထားသော ကျေးရွာအုပ်စုတစ်ခုဖြစ်ပြီး အိမ်ခြေ ၂ဝဝ ကျော်ရှိကာ လူဦးရေ ၁ဝဝဝ ဝန်းကျင် နေထိုင်လျက်ရှိသည်။
နှစ် ဧက ကျယ်ဝန်းတဲ့ မြေဧရိယာပေါ်တွင် တည်ဆောက်ထားသော ပခန်းငယ် ကျောင်းတော်ကြီးသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကုန်းဘောင်ခေတ်နှောင်း ဘုန်းကြီး ကျောင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ တိုင်လုံးတွေပဲကျန်ရစ်ခဲ့ပါတော့တယ်။ ပခန်းငယ်ရွာမှ ဦးသာကြီးကို ဗိသုကာပညာရှင်အဖြစ် စေခိုင်း၍ သူ၏ ငယ်ဆရာတော်အား ရည်စူးကာ ကျွန်းသားအတိဖြင့် ကျောင်းဆောင်ကြီး တစ်ကျောင်းကို ဆောက်လုပ်ခဲ့သည်။ ကျောင်းကြီးပြီးစီးရန် ခုနစ်နှစ် ကြာမြင့်သည်ဟု သိရပါတယ်။
ပုံသဏ္ဍာန်ပီပီပြင်ပြင် ရှိစဉ်က ယူထားခဲ့တဲ့ မှတ်တမ်းများအရ ကျောင်းတော်ကြီးမှာ အမြင့်၇ဝ ပေ (၂၁ မီတာ) ခန့်ရှိသည်။ ကျွန်းတိုင်ကြီးများရဲ့ အတိုင်းအတာတွင် သီးသန့်အမြင့်ပင် ပေ ၂ဝ မှ ပေ ၆ဝ (၆ မီတာ မှ ၁၈ မီတာ) နှင့် တိုင်လုံးပတ် ၆ပေ၄လက်မမှ ၆ပေ၈လက်မ (၂ မီတာ) အသီးသီးပါ။ ကုန်းဘောင်ခေတ် ထုံးစံအရ ကျောင်းတည်ဆောက်ခွင့်ကို ဘုရင်ထံ တင်ပြရပြီး ဘုရင်မှ ၎င်းပိုင်အရာတော် သစ်တောကြီးများထဲမှ ကျွန်းသစ်ကို အခွန်မဲ့ အခမဲ့ ထုတ်ယူခွင့်ကိုလည်းကောင်း ကျောင်းထိုင်မည့် ဆရာတော်၏ သီလ ပညာ ဘုန်းသမ္ဘာ အရှိန်အဝါနှင့် လျော်ညီသင့်မြတ်သော ကျောင်း၏ ပမာဏကို သတ်မှတ်၍ ဆောက်လုပ်ခွင့် ချပေးနိုင်ဖွယ်ရှိသည်။ ထိုအချက်ကို ပခန်းကြီးကျောင်းတော်ကြီးနှင့် ပခန်းငယ်ကျောင်းတော်ကြီးတို့၏ အကျယ်အဝန်း၊ အရွယ်အစား၊ အဆောင်အယောင်နှင့် သုံးစွဲထားသည့် တိုင်လုံးများကွာခြားမှုကြောင့် သတိပြုမိခြင်းပါ။
ကျောင်းထိုင်မည့် ဆရာတော်၏ သီလ ပညာ ဘုန်းသမ္ဘာ ကြောင့်လော လွှတ်တော်ဝန်ကြီး ပခန်းမင်းကြီး ဦးရန်ဝေး၏ ဂုဏ်သိက္ခာ အရာကြောင့်လော အတည်မပြုနိုင်သော်လည်း ပခန်းကြီးကျောင်းထက် သာလွန်တဲ့ အနေအထားဖြင့် ပခန်းငယ် ကျောင်းတော်ကြီးကို လူနှစ်ဖက် အရွယ်ထိ ကြီးမားသော တိုင်လုံးပေါင်း ၃၃၂လုံးဖြင့် တည်ဆောက်ခွင့် ရခဲ့တာကတော့ အမှန်။ `စိန်စီကျောင်း တိုင်လုံးမှတ်´ ဟုလည်း နံသင့်သင်္ချာကိန်းဖြင့် စာချိုးမှတ်သားခဲ့သည်။
ထိုကျောင်းတော်ကြီးကို ပခန်းမင်းကြီးက သူ၏နန်းဆောင်အဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့ဟန် မင်းတုန်းမင်းထံ ဦးရန်ဝေးက နန်းပြိုင်ရန် စီစဉ်နေကြောင်း မလိုသူများက လျှောက်တင်ခဲ့ကြသည်။ သတင်းစကားများကြောင့် မင်းတုန်းမင်းကိုယ်တိုင် ပခန်းငယ်ကျောင်းသို့ လာရောက် ကြည့်ရှုချိန်တွင် ဦးရန်ဝေးသည် မင်းတုန်းမင်း၏ သံသယများ ပယ်ပျောက်စေရန် ဆောက်လုပ်ထားသော ကျောင်းကြီးကို ရေစက်ချလှူဒါန်းခဲ့ကြောင်း စာပေများမှာဖတ်ရပါတယ်။ သို့သော် ပုံတွင်ဖော်ပြ ထားတဲ့ အဆောက်အဦးမှာ နန်းဆောင်တစ်ခုထက်စာလျှင် ဘုန်းကြီးကျောင်းအသွင်သာ ပေါက်နေသည် မဟုတ်ပါလော။
ဤကျောင်းတော်ကြီးတွင် စာသင်သား ရဟန်း သံဃာတော်အပါး ၆ဝခန့် သီတင်းသုံးခဲ့သည်။ ကျောင်းဦးပြာသာဒ်၊ အဆောင်မနှင့် ဘောဂဆောင် အဓိက အဆောင်ကြီး သုံးခု ပါဝင်ပြီး အဆောင်မကြီးမှာ သုံးဆင့်လည်ပေါ်မိုးနှင့်ဖြစ်သည်။ ကျောင်းဦးပြာသာဒ်တွင် ပလ္လင်တော် တစ်ခုရှိသည်။ ပြာသာဒ်ဘုံ ကိုလည်း ခပ်မြင့်မြင့် မြှင့်တင် ထားသည် ဟုဆိုနိုင်သည်။ စလေကျောင်းနှင့် ပခန်းကြီးကျောင်းများလိုပင် နံရံများပေါ်တွင် သစ်သားပန်းပုများ ရှိခဲ့ကြသည်။ မြေပြင် မှ ကျောင်းတော်ကြီး ကြမ်းခင်း အထိ ၁ဝ ပေ (၃ မီတာ) ခန့် မြင့် သည်။ ကြမ်းခင်း ပျဉ်ပြား ကြီးများ မှာ ထု တစ်လက်မ ခွဲ (၄ စင်တီမီတာ) နှင့် ဗြက် ၁၂ လက်မ (၃ဝ စင်တီမီတာ) ခန့် ရှိသည်။ ခါးပန်း တွင်စွဲထားသည့် သံမှိုမယ်နကြီးများမှာ ၆ လက်မ (၁၅ စင်တီမီတာ) ခန့်ထိအဝန်းရှိသည်။
လက်ရှိတွင် ရာသီဥတုဒဏ်နှင့် လူများ၏ ဖျက်ဆီးမှုတွေကြောင့် ပျက်စီးယိုယွင်းနေပြီး နောက်တစ်ချက်က ချင်းတွင်းမြစ်ကမ်းနဖူး တွင်တည်ရှိသော အနေအထားကြောင့် ရေလွှမ်းမိုးမှုဒဏ်ကို သိသိသာသာပိုခံစားရသည်က အဓိကပျက်စီးစေသော အကြောင်းအရင်းဖြစ်သည်။ ထို့ကြောင့် တိုင်လုံးကြီး တချို့ရယ် ကျောင်း၏ အရှေ့ဘက်တွင် တစ်ခု၊ အနောက်ဘက်တွင်တစ်ခု၊ မြောက်ဘက်တွင် သုံးခုနှင့် တောင်ဘက်တွင် သုံးခုစသည်ဖြင့် အုတ်လှေခါးကြီး ရှစ်စင်းကိုသာ တွေ့နိုင်တော့သည်။
သျှင်လေညင်း 
၂၊ ၅၊ ၂၀၁၇
စာကိုးအစု 
ကုန်းဘောင် ရှာပုံတော် ဦးညိုမြ 
ပခန်းကြီးနဲ့ ပခန်းငယ် မောင်သာ (ရှေးဟောင်းသုတေသန )
ရေစကြို သတင်း မီဒီယာ
ပခန်းမြေမှ ဗိသုကာနှင့် အနုပညာ လက်ရာများ ဒေါက်တာတင့်လွင်
ဓါတ်ပုံကို ဦးအေးမင်း ပခန်းကြီးရှေးဟောင်း သုတေသန ပြတိုက် ထံမှကူးယူပါသည်
Monday, 1 May 2017
ခါချဉ်ကောင် မာန်ကြီး
Archaeology အနေနဲ့ ပြတိုက်ပညာ museology ဆိုတာ Final Goal လို့တောင် သတ်မှတ်လို့ရတယ်
အကုန်ကျခံ ငွေကြေးမြောက်မြားစွာ အသုံးပြုပြီးတော့ တစ်နိုင်ငံလုံးမှာ လိုက်တူးဖော်ထားတဲ့ ဒါမှမဟုတ် ရှာတွေ့လာတဲ့ အမွေအနှစ် ရှေးဟောင်းပစ္စည်း တွေကို များသော အားဖြင့် ပြတိုက်ကိုပို့ကြတယ်
ပြတိုက်ကိုရောက်တော့မှ အမျိုးအစား အလိုက် ပစ္စည်းတွေကို တူရာတွဲထား နည်းစနစ် တကျ ထိန်းသိမ်းရတယ် စနစ်တကျ မထိန်းသိမ်းဘူးဆိုရင် အချိန်ကုန် ငွေကုန် လူပန်း အပင်ပန်းခံရှာဖွေထားတဲ့ ပစ္စည်းတွေကို ပြတိုက်ထဲမှာ သေချာမထားဘူးဆိုရင် ငွေကြေးကုန်ကျတာ အချိန်တွေ ပေးခဲ့ရတာ လူ့အရင်းအမြစ်တွေ ရင်းနှီးထားရသမျှ အကုန်လုံး အလဟဿဖြစ်လိမ့်မယ်
ဒါကြောင့် ပြတိုက်မှာရှိတဲ့ ပစ္စည်းတွေအကုန်လုံးကို Conservation ကြပ်ကြပ်မတ်မတ် လုပ်ဖို့ကအရေးကြီးတယ်
curator နဲ့ conservator တို့ဟာ ပြတိုက်ထဲက duties ကိုshare roll လုပ်နေရမယ် display, lighting, humitidy and heat controll အပြပိုင်းနဲ့ အထိန်းပိုင်း တခါတည်း တွဲပြီးလုပ်သွားရတာမို့ တကယ်အရေးကြီးတဲ့ ကဏ္ဍဖြစ်ပါတယ်
ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပြတိုက်တော်တော်များများက Conservationပိုင်းကို တော်တော်ကြီးကို လစ်လျူရှုထားသလိုဖြစ်နေတယ် ကျမအနေနဲ့ ရန်ကုန် အမျိုးသားပြတိုက် နေပြည်တော် အမျိုးသားပြတိုက် ဗိဿနိုး ပြတိုက် ကမ္ဘာအေးပြတိုက် ယခု ပုဂံပြတိုက် (၂) ကြိမ် စသည်ဖြင့် ရောက်ဖူးပြီမို့ ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်တွဲပြီး ကောက်ချက်ချထားတာပါ
ဒါပေမဲ့လည်း ပုဂံပြတိုက်အနေနဲ့ ဆိုရင်တော့ အများကြီး နားလည်ပေးလို့ ရပါတယ် ပုဂံက ဘုရားတွေ ဆိုတာကလည်း တနည်းAir Museum ပဲ ဒါကြောင့် အတွင်းပြတိုက် အပြင်ပြတိုက်နဲ့ ပြတိုက်နှစ်ခုလို ဖြစ်နေတော့ အပြင်ပြတိုက်က ပျက်ဖို့များနေတဲ့ ပိုပျက်နိုင်ချေရှိတဲ့ အရာတွေကို ပိုဦးစားပေး ထိန်းသိမ်းနေရတာမျိုးတွေ ရှိတော့ ပြတိုက်ထဲမှာ ရောက်နေတဲ့ ပစ္စည်းတွေဟာ အမိုးအကာအောက် ပို့ထားတယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လုံခြုံတယ်ဆိုပြီး Conservation အနေနဲ့ ပျက်ကွက်နေနိုင်တယ် အဲဒီတော့ နားလည်ပေးလိုရပါတယ်
ဒါပေမဲ့ စောင့်ရှောက်ထားပါရက်နဲ့ အလကားနေရင်း ပစ္စည်းတွေ မဆုံးရှုံးအောင် မပျက်စီးအောင် မအိုဟောင်းသွားအောင်ကိုလဲ ပစ္စည်းအမျိုးစားအလိုက် သမိုင်းတန်ဖိုး အနုပညာတန်ဖိုး အလိုက် ခွဲခြားပြီး လိုအပ်နေတဲ့ အပိုင်းမှာ အားစိုက်သင့်တယ်လို့ ထင်ပါတယ်
တံလျပ်
“ ဒုံး ”
“ ဟဲ့ ပလုပ်တုတ်” 
စက်ကို စိတ်ပါဝင်စားစွာ နင်းနေတုန်းတစ်ခုခုကို လွှတ်ချလိုက်တဲ့ အသံကြောင့် အာရုံပျက်သွားသလို စိတ်ထဲကလဲ ထိတ်ကနဲ
“ ဟူးမောလိုက်တာ အငယ်မကော မကြီး ”
“ သူ့အခန်းထဲမှာ စာကျက်နေမှာပေါ့ မျက်နှာက သိပ်မကောင်းပါလား အပြင်မှာ ဘာဖြစ်လာတာလဲ မောင်လေး ”
“ အမေကော ”
“ ကော်ပိတ်လေးတွေလိုလို့ သွားဝယ်တယ် အပြန်ကျ သူ့သူငယ်ချင်းဆိုင်ကို ခနဝင်မယ်တဲ့ ”
“ ဟူး ”
လုပ်ပြန်ပြီ သက်ပြင်းက မျက်နှာကလဲ နီရဲပြီး ပျက်ခွက်နေတဲ့ မောင်ငယ်ကို ကြည့်ရင်း 
 “ အဖေကော ”
“ သူ့အလုပ်မှာနေမှာပေါ့ နေစမ်းပါဦး မင်းပုံကြည့်ရတာ တစ်ခုခုကို စိတ်ဆိုးလာသလိုပဲ ငါမေးနေတာကျ မပြောပဲ အမေတို့ ဘယ်သွားသလဲပဲ မေးနေတော့တာပဲ မင်းစိတ်ဆိုးလာတာ အမေတို့ကဆူလို့လား ”
“ ဟယ်ကိုလေးငယ် ပြန်ရောက်နေပြီလား ခြူ့အတွက် မုန့်ဝယ်လာမယ်ဆို ဘယ်မှာလဲ ” 
“ မုန့်က အသာထားလိုက်စမ်းပါ ခုက ငါတို့မောင်နှမတွေ ဘဝပျက်တော့မယ်ထင်တယ် ”
“ ဟဲ့ဘာဖြစ်လာတာလဲ မောင်ဖြိုး ဘာဖြစ်တာလဲ ” 
စက်ခုံက ငေါက်ကနဲထပြီး သူ့မောင်နှမနှစ်ယောက်ရှိရာကို စွေ့ကနဲရောက်ချလာတော့
“ အဖေပေါ့ဗျာ ” 
ပြောစရာရှိတာကို ဆက်မပြောပဲ မျက်နှာကို လက်ဝါးအုပ်ပြီး ခွပ်ခွပ်ခွပ်ခွပ် လုပ်နေပြန်သည် 
“ ဒေါက် ဟယ် ပြောစရာရှိတာ မပြောပဲ ပြော ဘာဖြစ်တာလဲ အဖေဘာဖြစ်တာလဲ ” 
လက်စလက်နရှိတဲ့ အမက စိတ်မရှည်တော့ပဲ လက်ပါလာပြီဆိုတော့ ပူခနဲ ဖြစ်သွားတဲ့ နဖူးကိုပွတ်ပြီး အလန့်တကြားဖြင့်
“ အဖေ အဖေပေါ့ဗျာ လုပ်ရက်တယ် နောက်မိန်းမရနေပြီလားမသိဘူး ”
နောက်က ဆက်ပြောသော ဝါကျသည် မျက်နှာကို လက်နဲ့အုပ်လိုက်ရင်း ထောင်ထားတဲ့ ဒူးနှစ်ဘက်ကြား ဖွက်ရင်းပြောလိုက်တာကြောင့် ခပ်တိုးတိုးဖြစ်ပေမယ့် တထိတ်ထိတ်နှင့် နားထောင်နေသော သူ့တို့ညီအစ်မ နှစ်ဦးနားထဲမှာတော့ နူဗုံးပေါက်ကွဲသလို ကျယ်လောင်အုပ်မိုး တုန်ဟီးလျက် တစ်အီအီနှင့် ပဲ့တင်ထပ်မျှ
“ သေချာလို့လား မောင်ဖြိုးရယ် ”
မွန်းကြပ်လာသော ရင်ခွင်က ဒဏ်ရာ သက်သာလို သက်သာငြား မြက်တစ်ပင်ကို လှမ်းဆွဲဖို့ ကြိုးစားသော်လည်း
“ တည်းခိုခန်းတစ်ခုက ထွက်လာတယ်ပြောတယ် သူ့ဘေးမှာလဲ မိန်းမ တစ်ယောက်နဲ့ဆိုပဲ အဲဒီမိန်းမ မျက်နှာကို တော့မတွေ့လိုက်ဖူး ကိုယ်လုံးကိုယ်ပေါက်က လုံးကြီးပေါက်လှတဲ့ အိုက်မိန်းမ ပုခုံးကို ဖက်ပြီးသွားနေတာ အဖေက နောက်လှည့်ကြည့်လိုက်လို့ ဘယ်သူမှန်းသိရတာတဲ့ ကားတားပြီးထွက်သွားတာ ကျနော့်သူငယ်ချင်း သေချာ မြင်လိုက်တယ် ”
“ လူမှားတာများလားဟယ် ”
“ သူမြင်လာတယ်များ မှတ်နေတယ် ကောလဟာလတွေ ခြူမယုံဘူး ကိုလေးငယ် နော်မမကြီး ” 
“ အဲဒီသူငယ်ချင်းက အဖေ့ အရာရှိရဲ့ သားပါဗျာ ခင်များတို့ကလဲ ကျနော်လဲ မဖြစ်စေချင်ပါဘူး ဟူး ” 
ထို့နောက် အိမ်ထဲတွင် အပ်ကျမတတ် တိတ်ဆိတ်သွားတော့သည် 
လူချောတစ်ဦး ဖြစ်ခဲ့တဲ့ အဖေငယ်စဉ်က တော်တော် မြာပွေခဲ့သည် ရုံးဝတ်စုံ လည်ကတုံးရှပ်အင်္ကျီအဖြူနှင့် အသန့်အပြန့် ကြိုက်လွန်းတဲ့ သူတို့ဖခင်ကြီးက ခုထိတိုင် ကြည့်ကောင်းတဲ့ လူလတ်ပိုင်းအရွယ် တစ်ယောက်ဖြစ်နေဆဲ အသက်၄၅တောင် မပြည့်ချင်သေးတဲ့ အမျိုးသား ခပ်ဖြောင့်ဖြောင့်တစ်ယောက်အတွက်က ခြေလှမ်းခိုင်ခိုင် လျှောက်ဖို့က ခုခေတ်ကြီးထဲ ဘယ်လွယ်ပါ့ ရည်းစားများတဲ့ သူတို့အဖေတစ်ယောက်ဟာ အသက်ပြည့်ကာစ သူတို့အမေကိုတွေ့ခါမှ ခပ်မြင့်မြင့် ခတ်ထားတဲ့ စည်းဝိုင်းကြီးထဲ ကျေကျေနပ်နပ် ဝင်ခဲ့တာကို သူတို့မိခင်က ဂုဏ်ယူမဆုံး 
“ ရည်းစားတွေ အများကြီးတော့ရှိတာပေါ့အေ ဒါပေမယ့် အမေ့ကိုမှ သူက အိမ်ကို လာတောင်းခဲ့တာ ”
ရှက်သွေးဖြန်းနေပေမယ့် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ မျက်နှာကြီးနဲ့ ပြောတတ်တဲ့စကားက အပ်ကြောင်းထပ်မျှ
အမေဆီအတွေး ရောက်သွားတော့ အဖေနဲ့ အသက်၇နှစ်ကွာတဲ့ အမေကလည်း ခုချိန်ထိ သမီးတွေနဲ့ အပြိုင် အပျိုတွေ ရှုံးအောင်လှနေတုန်း တင်ပါးဖုံးထိဝဲနေတဲ့ ဆံပင်မဲမဲ ခဲခဲကြီးများကို ဖိ၍ ဆံကျစ်ကျစ်ထားတဲ့ ဆံပင်ပုံစံနဲ့ အမြဲနေတတ်ပေမယ့် ဘယ်လိုနေနေ ကြည့်လို့ကောင်းနေတာက ကိုယ့်အမေမို့လားတော့ မပြောတတ် 
“ အမေများ သိရင် ”
ထိုအတွေးကြောင့် ကိုယ်ထဲတွင် စိမ့်ခနဲ ဖြစ်လျက် 
“ အမေမသိစေနဲ့နော် ”
“ အဖေလုပ်ရက်တယ် မကြီးရာ ”
“ ဟင့်ဟင့် ရွှတ် ”
အဖေ့အသည်းကျော် အငယ်ဆုံးမက တအိအိနဲ့ စငိုပါတော့သည် 
“ ဟင့်ဟင့် မိဝါတို့ ဖေဖေလိုများ အဖေထွက်သွားခဲ့ရင် သမီးတို့ဘဝပျက်တော့မှာလား မမကြီး ”
ဘေးအိမ်က သူ့သူငယ်ချင်း မိဝါရဲ့ အဖြစ်ကို တွေးမိသွားပြီး ပိုကြောက်လာသလို ငိုချင်းချနေတဲ့ ခုနှစ်တန်းကျောင်းသူလေးကို နှစ်သိမ့်လိုသော်ငြား ကိုယ်တိုင်ကလဲ ဆို့နှင့်နေတာမို့ အင်းအဲတောင် မပြုမိပဲ ခေါင်းကို အပြင်းအထန်အလုပ်ပေးနေမိသည် 
“ ဘာဆက်လုပ်ရမှာလဲ ဘာဆက်လုပ်ရမှာလဲ ” 
လွန်ခဲ့သောတစ်နှစ်လောက်က သူတို့နံဘေးကအိမ်တွင် မုန်တိုင်းတစ်ခု ဝင်မွှေသွားခဲ့သည် ထိုမုန်တိုင်းသည် ထိုမိသားစုရဲ့ ဘဝကို တစ်စစီ ဆုတ်ဖြဲရင်း ကျော့ကျော့ မော့မော့ ပြန်ထွက်သွားခဲ့သည် ချမ်းသာသူတွေမို့ ကားတစ်ဝီဝီစီးကာ နေ့မီးညမီးဖြင့် ပျော်ပါးခဲ့ကြတုန်းကလဲ အားကျစရာပါ အစားအသောက် ကောင်းကောင်းကို ကြိုက်တတ်တဲ့ မိဝါရဲ့ မိခင် ဝဝကြီးက တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ပြုတ်စားသောက်တိုင်း သူတို့ကို ဘယ်တော့မှ မမေ့ပဲ တစ်ခွက်တစ်ချိုင့်တော့ ရောက်စမြဲ အပ်ချုပ်ကောင်းတဲ့ မိခင်ကြီးရဲ့ ဖောက်သည်လည်း ဖြစ် အိမ်က ညီမအငယ်ဆုံးလေးနဲ့ ထိုတစ်ဦးတည်းသော သမီးလေးတို့က တစ်ခန်းထဲ ကျောင်းနေဖက် ဆိုတော့ နှစ်အိမ့်တစ်အိမ်နေလာကြရင်း အစပျိုးလာတဲ့ မုန်တိုင်းသည် ထိုအိမ်သားများကို ကွေကွင်းစေပါတော့သည် 
“ မလုပ်ပါနဲ့ ဖေဖေရယ် မလုပ်ပါနဲ့ သမီးတောင်းပန်ပါတယ် ”
ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ ရန်ဖြစ်ကြရင်း ညှိနှိုင်းဖို့ မလွယ်ဖြစ်လာတော့ ထိုအိမ်က သောကများသည် သည်ဘက်အိမ်ထိ ကူးလာတော့သည် အိမ်က အပြီးထွက်သွားတဲ့ အပြင်တွင် အပျော်ရှာနေတဲ့ ယောကျာင်္းကို ဖက်တွယ်ထားလိုတဲ့ မိဝါရဲ့ မိခင်ကြီးရဲ့ အသနားခံမှုများကို မကြားချင်မှအဆုံး ငါးစိမ်းမြင်သဖြင့် ငါးကင်ကို ပစ်ချင်နေတဲ့ လင်ယောင်္ကျားတစ်ယောက်ကဖြင့် ရက်စက်သော တုံ့ပြန်ချက် ပေါင်းများစွာဖြင့် ငယ်ရွယ်နုနယ်လွန်းသော မိန်းကလေး တစ်ဦးရဲ့ စိတ်ကို ဒဏ်ခတ်နေသည့်အလား ကြာတော့ မကိုမချစ်၍ ဥကိုပါ မခင်ဖြစ်လာတဲ့ ဖခင်ရဲ့ ဒေါသမုန်ယိုမှုက ကလေးဘက်ကိုပါ လှည့်လာတော့သည် သူ့ကိုလွှတ်ပေးမချင်း သားအမိနှစ်ယောက်ကို နှိပ်စက်နေသည့်အလား နေ့တိုင်းသည်ငရဲ ညတိုင်းသည် ယောယုဝ ဖြစ်လာတော့ မခံနိုင်သည့်အဆုံး တရားတစ်ဘောင်နှင့် ခွဲခြမ်း ကွာရှင်းလိုက်ရတော့ ကွဲပြဲသွားတဲ့ ပစ္စည်းခန်းနှင့် အတူ ထိုသားအမိနှစ်ယောက်လဲ နေ့ချင်းညချင်း ဝေးရာသို့ လွင့်သွားရရှာတော့သည် 
“ ဟူး ”
မောင်ဖြိုးရဲ့ သောကအတိုင်း ပုံတူ ထွက်သွားတဲ့ သက်မတစ်ခု အမေများ ထိုသို့ အနှိပ်စက်ခံရလျှင် ... 
ဟင် မဖြစ်နိုင်ပါဘူး အဖေဆိုတာက အမေ့ကို မြင်လိုက်တာနဲ့ အမြဲပြုံးသွားတတ်တဲ့သူ ဘယ်ကပြန်လာပြန်လာ အိမ်ထဲကိုလူမှ မရောက်တတ်သေး 
“ နင်တို့အမေကော ” 
ကအရင် ရောက်လာတတ်တာ ခြေသည်းလက်သည်း ဆံပင် ညှပ်တာဘယ်မှမသွား သူ့မိန်းမ လက်ရာမှ သူ့အဝတ်အစားများ အမေမီးကြွေထိုးမပေးမိတာကို ဆိုရင်လဲ သူချက်ချင်းသိတယ် အမေများ မီးဖိုထဲ ချက်ပြုတ်နေရင် သူကပါ သတင်းစာတစ်စောင်နဲ့ မီးဖိုထဲ အပူဝင်ခံသူ အဝတ်လျှော်ရေချိုးတဲ့ နေရာထိတောင် တကောက်ကောက်လိုက်ပြီး စကားပြောတတ်သူ ရှင်းရှင်းပြောရရင် အဖေက ပိုချစ်တတ်တဲ့သူကြီး မဟုတ်ပါ လား ဒါပေမယ့် ဆယ်တန်းမအောင်၍ ကျောင်းဆက်မတက်တော့ပဲ မိခင်နဲ့ အတူ စက်ချုပ်နေတဲ့ သူမသည် ၁၈နှစ်ရှိပြီး အရွယ်ရောက်သော အပျိုတစ်ယောက် ဖြစ်နေခဲ့ပြီ ဆိုတော့ လင်မယား သဘောသဘာဝကို နားလည်သလောက်ရှိပြီ သူတို့ညီအစ်မ အရွယ်ရောက်ချိန်မှာ အိမ်တွင်ရှိသော တစ်ခန်းထဲသော အိပ်ခန်းလေးသည် အပျိုခန်းအဖြစ် ပြောင်းလဲသွားသည် သူတို့ညီအစ်မ နှစ်ယောက်နဲ့ မိခင်ကြီးတို့ အတူအိပ်စက်လျက် အပြင်မှာ အဖေနဲ့ ကိုဖြိုးတို့က တစ်ခြင်ထောင်ထဲ အိပ်ရသည် ဘယ်မလဲ လင်မယားဘာသာဘာဝ
သူမကလဲ ဆယ်တန်းကို နှစ်ခါ ဖြေပြီး ပညာပါရမီနည်းတာ သိရတဲ့ နောက်ပိုင်း မိခင်ကြီးကို ကူညီရင်း အိမ်ထဲတွင်သာ အောင်းနေခဲ့တာလဲ ကြာလှပြီ ခုကိုဖြိုးက ဆယ်တန်း ခြူဆည်းလည်းလေးက ခုနှစ်တန်းသာရှိသေးတာမို့ မိသားစုတွင် ဥမမယ် စာမမြောက်တွေကများနေတော့ ဝမ်းနည်းစိတ်က ရင်ထဲသို့လှိုက်ကနဲ တက်လာသည် သတင်းကြားကြားချင်း ပြေးမြင်မိနေတဲ့ မိခင်ရဲ့ ရုပ်ပုံလွှာ ခပ်နွမ်းနွမ်းလေးက ခုထိပျောက်မသွား အမေ့အတွက် အဖေက ငယ်ချစ်ဦးပင် သူဘယ်လောက်နေမကောင်းဖြစ်နေ ဖြစ်နေ ဖခင်ကြီး ရုံးကပြန်လာချိန်ဆို ဖီးလိမ်းပြင်ဆင်၍ မျှော်နေကျ မိခင်ရဲ့ မေတ္တာ အတိမ်အနက်ကို ကောင်းကောင်းသိနေသဖြင့် ရှေ့ဆက်ကြုံရမည့် ဇာတ်လမ်းကို ဆက်မတွေးရဲ ဘေးအိမ်က အန်ကယ်ကြီးလိုသာ ဖုတ်ဖက်ခါပြီး ထွက်သွားခဲ့လျှင် မိခင်ကြီး တစ်ခုခု ဖြစ်သွားမှာမလွဲတာ အသိသာချည်း
“ ကဲ အမေပြန်လာခါနီးပြီ အငယ်မ သနပ်ခါးပြန်လိမ်းပြီး စာကျက်နေတော့ မောင်လေးလဲ ရေချိုးတော့ အိနြေ္ဒမပျက်စေနဲ့နော် ”
“ ဟင့်ဟင့် ရွှတ် ”
“ အမေ ”
အတွေးကိုယ်စီနဲ့ စက်ပြိုင်နင်းနေရင်း သူ့မိခင်ထံ အကြည့်ရောက်တော့ သနပ်ခါးအဖွေးသားနှင့် ကျက်သရေရှိလွန်းတဲ့ အမေ့ကို ခနငေးနေရင်းက အသံပြုစဉ် စက်နင်းနေရင်း တန်းလန်းနဲ့ သူမထံလှမ်းကြည့်လာသည် 
“ ဈေးဝယ်သွားရအောင်လေ သမီးဝယ်စရာရှိတယ် ”
“ သွားလေသမီး အမေနဲ့ ထားခဲ့လေ ”
“မဟုတ်ဖူး အမေနဲ့ တူတူသွားချင်တာ ”
“ အင်္ကျီရွေးတဲ့သူတွေ လာမှာလေ တော်ကြာ ကတိပျက်နေပါဦးမယ် ”
“ ညနေမှ လာမှာပါ အမေရယ် ချုပ်လို့လဲ ပြီးနေပြီပဲဟာ သွားရအောင်ပါ သမီးလဲ တစ်နေ့တစ်နေ့ အိမ်ထဲမယ်နေရတာ ပျင်းလှပြီ တစ်ယောက်ထဲလဲ မသွားချင်ဘူး နော်အမေ လိုက်ခဲ့ပါနော် ”
“ အငယ်မ ကျောင်းပြန်လာရင် လိုက်ရှာနေဦးမယ် ”
“ သွားရအောင်ပါ အမေရယ် ဒါတွေ လိုက်တွက်နေရင် ပြီးတော့မှာ မဟုတ်ဖူး ” 
“ သမီးသွားချင်တယ် ဆိုတော့လဲ သွားကြတာပေါ့ ညနေ ညည်းအဖေ ပြန်ရောက်မလာခင်တော့ ပြန်ရမယ်နော် ”
“ သိပါတယ် အမေရယ် လာလာ ဒီတိုင်းသွားကြမယ် ”
“ အော်အေး ကောင်မလေးရယ် ဘယ်လိုများဖြစ်တာလဲ ”
“ ခစ် ခစ် ခစ် ”
မိခင်ကို ချွဲပြလိုက်ရင်း ရယ်သံလိုက်ပေမယ့် ရင်ထဲမှာ ပူလောင်နေတာကို ကိုယ်တိုင်အသိ 
“ အမေ ဒါလေးကြိုက်လား ”
“ ဟယ် ဘယ်သူ့အတွက်လဲ အမေ့အတွက်လား ”
“ ဟုတ်တယ်လေ ဒီလိုလေးဝတ်ပြီး ပေါ့ပေါ့ပါးပါး နေပါ အမေရယ် အသက်က ငယ်ငယ်လေးရှိသေးတယ် ”
“ အော်အေ ညည်းအိမ်ထောင်ကျများကျရင် မြေးချီရတော့မယ့်ဟာ မငယ်တော့ပါဘူး ”
“ ကြည့်စမ်းပါဦး အမေနဲ့ လိုက်တယ် ယူမယ် အမ ”
“ ဟင် မလိုပါဘူးဆို အမေ့မယ် အဝတ်အစားတွေ တပုံချည်း ”
“ အဖွားကြီး အင်္ကျီတွေများ အဝတ်အစားတဲ့လား ”
အတွေ့အကြုံအသစ်ကြောင့် မျက်နှာလေး လန်းဆန်းနေတဲ့ မိခင်ရဲ့ အပြုံးကို ကျောခိုင်းလိုက်ပြီး ပေါက်ခနဲ ကျလာတဲ့ မျက်ရည်စကို ခိုးသုတ်လိုက်သည် လူမမယ်အရွယ်နဲ့ ကလေးအမေဖြစ်ခဲ့ရှာသော မိခင်ကြီးမှာ ထိုအတွေ့အကြုံက အသစ်အဆန်းဖြစ်နေမှာမလွဲ လင်သားနဲ့ သားသမီးအတွက် အချိန်ပေးရင်း သူမအတွက် သီးသန့်ရပ်တည်မှု ပျောက်ဆုံးနေရှာသူကြီး 
ထိုနေ့က ဘာရယ်မဟုတ် ဖိနပ် အိတ် မိတ်ကပ်ပစ္စည်းတွေ အသားအရည်ထိမ်းပစ္စည်း ကောင်းနိုးရာရာတွေ ဝယ်လိုက်တာ အိမ်အပြန်လမ်းမှာ အထုပ်အပိုးတွေက တပွေ့တပိုက် ချွေးစလေးတွေနဲ့ ရယ်နေတဲ့ မိခင်မျက်နှာကို ထိုအနေအထားအတိုင်း အမြဲမှတ်မိနေချင်တဲ့ သူမရဲ့ ဆန္ဒက ပြည့်ပါ့မလား ထိုနေ့အပြန်ခရီးမှာ သူမရဲ့ ပုခုံးတစ်ဘက်က ပိုမိုလေးလံလာခဲ့သလိုလို 
“ ကိုယ်နဲ့ ရွယ်တူတွေလို လှလှပပ ပြင်ပြင်ဆင်ဆင် ဝတ်ဝတ်စားစားလေးနဲ့ အမေဘယ်လောက်လှကြောင်း အဖေ့ကို ပြလိုက်စမ်းပါ အမေရာ ”
----------------------------------------
“ ဒုံး ”
မဝယ်စဖူး ဝယ်ခြမ်းလာသမျှ ပစ္စည်းတွေနဲ့ အပျော်လွန်ပြီး အလုပ်ရှုပ်နေတဲ့ သားအမိသုံးယောက်လုံးရဲ့ ဦးခေါင်းက လည်ထွက်လျက် အိမ်ရှေ့ကိုလှမ်းကြည့်လိုက်သည် ဒီအချိန်ဆို အမြဲကြားနေကျ ဓါတ်ပြားဟောင်းကြီး “ နင်တို့အမေကော ” ဆိုတဲ့ အသံအစား ကြမ်းပြင်ပေါ် လွယ်အိတ်ချလိုက်သော အသံနှင့် တင်းမာခက်ထန်နေသော အဖေ့မျက်နှာကြောင့်
“ ဘာဖြစ်လာတာလဲတော် ”
“ တောက် ” 
“ ကိုမျိုးဘာဖြစ်လာတာလဲ ”
ထူးဆန်းတဲ့ အဖေ့ပုံစံကြောင့် သူတို့သားအမိတွေ အကြောင်သား ငေးကြည့်နေစဉ် အိမ်ထဲကို ကိုဖြိုးက ဝင်ချလာသည် သူ့ပုံစံကလဲ မှုန်ကုပ်ကုပ်နဲ့ ထီမထင်သော မျက်နှာပေးနဲ့ ဖြစ်သည်
“ မင်းသား ဆေးလိပ်သောက်နေတယ် ”
“ ရှင် သား ဆေးလိပ်သောက်တယ် ”
“ ကိုဖြိုးဆေးလိပ်သောက်တယ် ”
ဖခင်ကြီးရဲ့ စကားအဆုံး သားအမိနှစ်ယောက် တစ်ပြိုက်နက် ပြောမိလိုက်သည်
“ အေး လမ်းဘေးက အုတ်ခုံမှာ ထိုင်သောက်နေတာ ငါကိုယ်တိုင် တွေ့တာ ဒါကို ငါကပြောတော့ ခုမျက်နှာပေးအတိုင်း လုပ်ထားပြီး စကားကိုလဲ မချေမငံ ပြန်ပြောတယ် လူကြားထဲ ငါမရိုက်ချင်လို့ အိမ်ပြန်လာတာ ”
“ သားဟုတ်လား ဘာလို့ လုပ်ရတာလဲသားရယ် ”
တုန်ခိုက်ခိုက် ထွက်လာတဲ့ လေသံကြောင့် မိခင်ဘက်ကို မျက်လုံးဝေ့ကြည့်ရင်း မျက်နှာကျောကို လျော့လျက် 
“ သား နောက်မလုပ်တော့ပါဘူး အမေ ”
“ အေး မင်းကျမှ စကားမေးရသေးတယ် ငါ့ကို တလမ်းလုံး စောင်ပေပေကြည့်ပြီး တစ်ခွန်းမှ ပြန်မပြောဘူး လူပါးဝနေတာ တောက် ”
“ အဖေကျနော့်ကို ဘာမှ ပြောစရာမလိုဘူး ”
မိုးကြိုးပစ်ချလိုက်သလို ခက်ထန်စွာ ပြန်ပက်လိုက်တဲ့ ကိုဖြိုးစကားက သူတို့အားလုံးကို ပိုပြီးအံ့အားသင့်စေလျက် သူမကတော့ ကိုဖြိုးလွှတ်ကနဲ ပြောချလိုက်မိမှာ ကြောက်ပြီး
“ ကိုဖြိုး နော် ”
“ သား ဘာဖြစ်တာလဲသား ကိုယ့်အဖေကို ပြန်မပြောရဘူးလေ ”
“ အမေလဲ ဘာမှ မသိပါဘူး အမေရာ ”
“ တော်တော့လို့ ငါပြောနေတယ်နော် ကိုဖြိုး ”
“ တယ်လေငါ ”
“ မလုပ်နဲ့ ” 
လက်ကိုရွယ်ရင်း ကိုဖြိုးထံသို့ ပြေးကပ်သွားတဲ့ ဖခင်နှင့် ကိုဖြိုးကြားကို သူမ ဘယ်လိုရောက်သွားမှန်း မသိ မျက်လုံးများက မီးဝင်းဝင်းတောက်နေတာကြောင့် သူမမျက်နှာထားကို တွေ့လိုက်တဲ့ ဖခင်ကြီးရဲ့ ခြေလှမ်း ချက်ချင်းရပ်သွားကာ အံသြတကြီး သူမကို ငေးကြည့်နေရင်းနဲ့ မင်သက်သွားသလို ရှုပ်သွားတဲ့ အခြေအနေကို ထိမ်းဖို့ ကြိုးစားနေတဲ့ မိခင်ကြီးကလဲ သူမမျက်နှာထားကို မြင်သွားကာ 
“ သမီးကြီး ” 
အဖေကတော့ ကြမ်းပြင်ပေါ်ကို ဒူးညွှတ်လျက် ကျသွားသည့် အထိ သူမကို ငေးကြည့်နေတုန်း အမေကလဲ သားကောင်ကို ခုန်အုပ်ဖို့ အဆင်သင့် ဖြစ်နေတဲ့ ကျားသစ်မတစ်ကောင်နားကို ကပ်ဖို့ မဝံ့မရဲ ကိုဖြိုးကလဲ ဘာစကားမှ မပြောနိုင်ပဲ ကြောင်အမ်းအမ်း အငယ်မရဲ့ ငိုသံကတော့ တအိအိ သူမကတော့ နေရာက အရှင်လတ်လတ် ပျောက်သွားချင်တဲ့ စိတ်ဖြစ်မိနေပါသည် 
ထိုနေ့က အဖေ ရှိုက်ကြီးတငင် ငိုခဲ့သလို
အမေလဲ သတိလစ်သွားခဲ့သည် 
------------------------------------------------
ထိုနေ့နောက်ပိုင်းတွင် သူမတို့ မိသားစုလေးဟာ ပျော်စရာမကောင်းတော့သလို အခြေအနေက အေးခဲ တင်းမာလျက် သူမတို့ မောင်နှမတွေမှာ ဖုံးထားတဲ့ ကိစ္စတစ်ခုရှိမှန်း ရိပ်မိသွားတဲ့ မိခင်ကြီးရဲ့ မေးခွန်းများကို ရှောင်ရှားဖို့ အတွက်ဆိုလျှင်တော့ အလုပ်သာ ဖိလုပ်နေဖို့သာရှိသည် ကိုဖြိုးကလဲ သူ့အပြစ် သူသိပြီး စာကြိုးစားပြနေပေမယ့် စာအုပ်နဲ့ မျက်နှာ အပ်ထားတာသာ ရှိပြီး စာကျက်နေတာ ဘယ်တော့မှမတွေ့ အငယ်မလေးကတော့ ခလုတ်တိုက်တာကိုပင် ငိုနေတဲ့အထိ အသည်းငယ်တတ်သွားသည် အော် အဖေလား ညဘက်တွေလဲမအိပ် အရင်လို သူတို့မောင်နှမတွေကိုလဲ စလိုက်နောက်လိုက် မလုပ်တော့ တစ်ခုတော့ရှိသည် စစ်အေးကာလ လေးငါးခြောက်လအတွင်း အဖေ အတော်ပိန်ကျသွားခဲ့သည် အမေကတော့ သားသမီးနှင့် လင်သားကြားညှပ်နေပြီး စိတ်သောကကို အပြင်းထန်ဆုံးခံစားနေရရှာသည် ထိုအခြေအနေအတွင်း ဖခင်ကြီးရဲ့ ဖောက်ပြန်မှုကို အမေသိသွားမှာ ပိုစိုးရွံ့မိသည့်အတွက် မိခင်ကိုပါ ရှောင်ဖယ်နေရင်း သားအမိတွေ ကြားက ကွက်လပ်ပြင်ကြီးက နေရာတစ်ဖြည်းဖြည်းရလာတာကို သိသော်လည်း မတတ်နိုင်ခဲ့ အဖေ့ကို နောက်တစ်ကြိမ် ရင်ဆိုင်ရမည့် အရေးကိုလည်း သူမ တုန်လှုပ်နေခဲ့သည် သည်တစ်ခါ သူမရဲ့ စိတ်ကို ချုပ်တီးထားနိုင်ပါ့မလားလဲ အာမခံနိုင်တော့ ... 
“ ဟေ့ ကောင်မလေး ပုလဲ ”
“ အမလေး ပလုတ်တုတ် လန့်လိုက်တာ အော်ဦးလေး လာပါ အဖေတော်ကြာ ပြန်ရောက်တော့မှာပါ ”
“ အေးညည်းအမေကော ”
“ အမေလား ဟိုဘက်လမ်းကို လက်ချုပ်သွားပေးတယ် ”
“ ကိုဖြိုးကော စာတွေပိုင်နေပြီလား ”
“ ကျက်နေတုန်းပဲ ဦးလေး ”
“ အေး နှစ်ချင်းပေါက် အောင်ဖို့ ကြိုးစားနော် ယောကျာင်္းလေးက ပညာတတ်ဖို့ လိုတယ် ”
“ ဟုတ်ကဲ့ပါ ဦးလေး ” 
အဖေ့သူငယ်ချင်းက အိမ်ရှေ့ ဆက်တီတွင် ဝင်ထိုင်ပြီး သူတို့မောင်နှမ နှစ်ယောက်ကို နှုတ်ဆက်စကား ဆိုကာ သတင်းစာကို ဖြန့်ဖတ်နေသည် သူမလဲ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေရင်း တစုံတခုကို အတွေးပေါက်သွားကာ 
“ ဦးလေး ”
သတင်းစာထဲကို စိတ်ဝင်စားနေတဲ့ အဖေ့သူငယ်ချင်းက 
“ အေး ”
“ အဖေ အလုပ်မှာ အဆင်ပြေလား ”
“ အေး ထုံးစံအတိုင်းပါပဲ ဘာထူးခြားစရာရှိမှာလဲ ”
သူမသည် ယတိပြတ် ဆုံးဖြတ်ချက်ကို ချပြီး စက်ခုံမှထကာ ဆက်တီတွင် ဝင်ထိုင်လျက် 
“ အဖေ ခြေလှမ်းပျက်နေတာ ဦးလေး သတိထားမိလားဟင် ”
“ ဘာပြောတယ် ”
“ ဒီလိုရှိတယ် ဦးလေးရယ် .... ”
ထူးဆန်းတဲ့ သူမရဲ့ စကားကြောင့် လက်ထဲက သတင်းစာကို ချထားကာ နေရာကို ပြင်ထိုင်ပြီး သူမစကားကို စိတ်ဝင်တစား နားထောင်နေသည် ထိုအကြောင်းကို စပြီဆိုတာနဲ့ ကိုဖြိုးကလဲ စာကြည့်စားပွဲကို ပစ်ထားပြီး လာပူးပေါင်းသည် အခန်းထဲက အငယ်မပါ မယောင်မလည် ရောက်လာသည် သူမစကား အဆုံးတွင် အဖေ့သူငယ်ချင်း မျက်နှာက မချိုမချဉ် ဖြစ်လာသည် လူကလဲ မရိုးမရွနဲ့ တစ်စုံတစ်ခုကို ပြောရတော့မလိုလို မပြောပဲ ထားလိုက်ရမလိုလိုနဲ့ လုပြောနေကြတဲ့ သူမတို့ မောင်နှမသုံးယောက်ရဲ့ စကားကို နားထောင်ကြည့်ပြီးနောက် 
“ ဟား ဟား ဟား ဟား ဟား ”
မထင်မှတ်ပဲ ထရယ်လိုက်တဲ့ ဦးလေးကြီးကြောင့် တစ်ယောက်တစ်ပေါက် ပြောနေတဲ့ စကားတွေက တိခနဲ 
“ မင်းတို့ကွာ ငါလေ ပြောလို့လဲ မကောင်း မပြောပြန်တော့လဲ မင်းတို့ ကံကြီးထိုက်လိမ့်မယ် ”
“ ရှင် ဘာလဲ ပြောပြပါဦးလေးရယ် သမီးဆို အလုပ်တွေမှာမှား ကိုဖြိုးမှာလဲ စာမေးပွဲက နီးလှပြီ စာက ဟုတ်တိပတ်တိမရ အငယ်မကတော့ မိုးပြိုတော့မယ့်အတိုင်းပဲ သမီးတို့ အမေခမျာလဲ သနားဖို့တောင်ကောင်းတယ် သူ့ယောကျာင်္း ခြေလှမ်းပျက်နေတာ မသိရှာ အဖေကလဲ ရက်စက်လိုက်တာ လုပ်ရက် ”
“ တော်တော့ ပုလဲ နင်တို့လွန်နေပြီ ” 
သူမအသံကို အဆုံးသတ်ပေးလိုက်တဲ့ ဦးလေးက မတ်တပ်ရပ်နေသည်
“ အေး ငါမပြောချင်ပါဘူး ဒါပေမယ့် မင်းတို့ ကံကြီးထိုက်မှာ စိုးလို့ ပြောရတော့မယ် ဒီမယ် ကိုဖြိုး မင်းသူငယ်ချင်း မင်းအဖေနဲ့ တွဲမြင်ခဲ့တဲ့ မိန်းမဟာ ဘယ်သူလဲလို့ သူမပြောဘူးလား ”
“ သူကအနောက်ကပဲ မြင်တာ အဖေ့တောင် နောက်လှည့်လာလို့ တွေ့တာ ”
“ အေး အဲဒါ မင်းတို့ အမေပဲ ကွ ”
“ ဗျာ ”
“ ရှင် ” 
“ ရန်ကုန်က အိမ်ကျဉ်းကျဉ်းလေးထဲမှာ နေရတဲ့ လင်မယားတွေရဲ့ ဘဝကို မင်းတို့ မသိပဲ အရမ်းတွေ စွတ်လုပ်ခဲ့ကြတာပါလား အဖေ့ကိုကော အမေ့ကိုပါ တောင်းပန်လိုက်ကြ ....... 
အဖေ့သူငယ်ချင်း၏ အသံသည် သူမနှင့် ဝေး၍ ဝေး၍ သွားသော်လည်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် ရှိုက်ကြီးတငင် ငိုခဲ့ရှာသော အဖေ့ရဲ့ အသံက သူမရဲ့ ဘဝတစ်ခုလုံးကို ခြောက်လှန့်နေပါတော့မည်
သျှင်လေညင်း
၃၀၊ ၄၊ ၂၀၁၇