Friday, 5 May 2017

ေရဆံုးေက်းရြာရွိ ေရွးေဟာင္းေစတီပုထိုးမ်ား ေရွးမူမပ်က္ျပဳျပင္ရန္ ခြင့္ျပဳရန္ပံုေငြ သိန္း ၁၅၀ ခ်ေပးပါသည္။


(Zawgyi Version)
မႏၲေလးတိုင္း ေဒသႀကီးအတြင္း ငလ်င္ဒဏ္ေၾကာင့္ ထိခိုက္မႈရွိခဲ့သည့္ကုန္းေဘာင္ေခတ္ လက္ရာေစတီ၂၃ဆူအား ယခုဘ႑ာႏွစ္တြင္ ျပဳျပင္မည္။

မႏၲေလး ၄-၅-၂၀၁၇

မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ေရဆုံေက်းရြာတြင္၂ဝ၁၆ခုႏွစ္ ၾသဂုတ္၂၄ရက္က လႈပ္ခတ္ခဲ့ေသာ ငလ်င္ဒဏ္ေၾကာင့္ ထိခိုက္မႈရွိခဲ့သည့္ ကုန္းေဘာင္ေခတ္ လက္ရာေစတီ ၂၃ဆူအားယခုဘ႑ာႏွစ္တြင္ေရွးမူမပ်က္ ျပဳျပင္သြားမည္ ျဖစ္ေၾကာင္း ေရွးေဟာင္း သုေတသနႏွင့္ အမ်ိဳးသား ျပတိုက္ဦးစီးဌာန (မႏၲေလးဌာနခြဲ)မွ သိရသည္။

ေရဆုံေက်းရြာတစ္ဝိုက္ရွိ ကုန္းေဘာင္ေခတ္ လက္ရာေစတီ၂၃ဆူအား၂ဝ၁၇- ၂ဝ၁၈ဘ႑ာႏွစ္ ျပည္ေထာင္စုဘတ္ဂ်က္ ခြင့္ျပဳရန္ပုံေငြက်ပ္သိန္း ၁၅ဝျဖင့္
ဌာနမွ ကၽြမ္းက်င္ပညာ ရွင္မ်ားျဖင့္ ေရွးမူမပ်က္ ျပန္လည္ျပဳျပင္ထိန္းသိမ္းမည္ ျဖစ္ေၾကာင္း သိရသည္။

ထိခိုက္မႈရွိသည့္ ေစတီ၂၃ဆူ ျပဳျပင္ျခင္းလုပ္ငန္းမ်ားကို ဇြန္လဒုတိယပတ္တြင္ စတင္နိုင္ရန္ ခန႔္မွန္းထားၿပီး လုပ္ငန္းျပဳျပင္ ေဆာင္ရြက္ခ်ိန္ ႏွစ္လခြဲခန႔္  ၾကာျမင့္မည္ဟု ခန႔္မွန္းထားေၾကာင္း သိရသည္။

''တခ်ိဳ႕ေစတီက ရြာက ျပဳျပင္တာ ျဖစ္တဲ့အတြက္ ေရွးမူပ်က္တာ ေလးေတြေတာ့ရွိတယ္။

အခုဟာေတာ့ ဘာမွမျပဳျပင္ေသးတာကို ကုန္းေဘာင္ေခတ္ လက္ရာေတြ အတိုင္းေရွးမူမပ်က္ျပန္လည္ ျပဳျပင္ထိန္းသိမ္းမွာပါ''ဟု


ေရွးေဟာင္း သုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာန (မႏၲေလးဌာနခြဲ) မွတာဝန္ ရွိသူတစ္ဦးက ေျပာျပသည္။

ေရဆုံေက်းရြာ တစ္ဝိုက္တြင္ ကုန္းေဘာင္ေခတ္လက္ရာ ေစတီေပါင္း ၉ဝ ခန႔္ရွိၿပီး အခ်ိဳ႕ေစတီမ်ားမွာ ရြာမွစုေပါင္း ျပဳျပင္ေသာ ေစတီမ်ားျဖစ္၍ အနည္းငယ္ ပ်က္စီးကာေရွးမူအတိုင္း မရွိေၾကာင္း၊ ယခုျပဳျပင္မည့္ ေစတီ၂၃ဆူအား ဌာနအေနျဖင့္ ေရွးမူအတိုင္း ျပန္လည္ျပဳျပင္ ထိန္းသိမ္းသြားမည္ ျဖစ္ေၾကာင္း သိရသည္။

Themyawadydaily

(Unicode Version)
မန္တလေးတိုင်း ဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်မှုရှိခဲ့သည့်ကုန်းဘောင်ခေတ် လက်ရာစေတီ၂၃ဆူအား ယခုဘဏ္ဍာနှစ်တွင် ပြုပြင်မည်။

မန္တလေး ၄-၅-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ရေဆုံကျေးရွာတွင်၂ဝ၁၆ခုနှစ် သြဂုတ်၂၄ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်မှုရှိခဲ့သည့် ကုန်းဘောင်ခေတ် လက်ရာစေတီ ၂၃ဆူအားယခုဘဏ္ဍာနှစ်တွင်ရှေးမူမပျက် ပြုပြင်သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရသည်။

ရေဆုံကျေးရွာတစ်ဝိုက်ရှိ ကုန်းဘောင်ခေတ် လက်ရာစေတီ၂၃ဆူအား၂ဝ၁၇- ၂ဝ၁၈ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၁၅ဝဖြင့်
ဌာနမှ ကျွမ်းကျင်ပညာ ရှင်များဖြင့် ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းမည် ဖြစ်ကြောင်း သိရသည်။

ထိခိုက်မှုရှိသည့် စေတီ၂၃ဆူ ပြုပြင်ခြင်းလုပ်ငန်းများကို ဇွန်လဒုတိယပတ်တွင် စတင်နိုင်ရန် ခန့်မှန်းထားပြီး လုပ်ငန်းပြုပြင် ဆောင်ရွက်ချိန် နှစ်လခွဲခန့်  ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

''တချို့စေတီက ရွာက ပြုပြင်တာ ဖြစ်တဲ့အတွက် ရှေးမူပျက်တာ လေးတွေတော့ရှိတယ်။

အခုဟာတော့ ဘာမှမပြုပြင်သေးတာကို ကုန်းဘောင်ခေတ် လက်ရာတွေ အတိုင်းရှေးမူမပျက်ပြန်လည် ပြုပြင်ထိန်းသိမ်းမှာပါ''ဟု


ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) မှတာဝန် ရှိသူတစ်ဦးက ပြောပြသည်။

ရေဆုံကျေးရွာ တစ်ဝိုက်တွင် ကုန်းဘောင်ခေတ်လက်ရာ စေတီပေါင်း ၉ဝ ခန့်ရှိပြီး အချို့စေတီများမှာ ရွာမှစုပေါင်း ပြုပြင်သော စေတီများဖြစ်၍ အနည်းငယ် ပျက်စီးကာရှေးမူအတိုင်း မရှိကြောင်း၊ ယခုပြုပြင်မည့် စေတီ၂၃ဆူအား ဌာနအနေဖြင့် ရှေးမူအတိုင်း ပြန်လည်ပြုပြင် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

Themyawadydaily