Archaeology အနေနဲ့ ပြတိုက်ပညာ museology ဆိုတာ Final Goal လို့တောင် သတ်မှတ်လို့ရတယ်
အကုန်ကျခံ ငွေကြေးမြောက်မြားစွာ အသုံးပြုပြီးတော့ တစ်နိုင်ငံလုံးမှာ လိုက်တူးဖော်ထားတဲ့ ဒါမှမဟုတ် ရှာတွေ့လာတဲ့ အမွေအနှစ် ရှေးဟောင်းပစ္စည်း တွေကို များသော အားဖြင့် ပြတိုက်ကိုပို့ကြတယ်
ပြတိုက်ကိုရောက်တော့မှ အမျိုးအစား အလိုက် ပစ္စည်းတွေကို တူရာတွဲထား နည်းစနစ် တကျ ထိန်းသိမ်းရတယ် စနစ်တကျ မထိန်းသိမ်းဘူးဆိုရင် အချိန်ကုန် ငွေကုန် လူပန်း အပင်ပန်းခံရှာဖွေထားတဲ့ ပစ္စည်းတွေကို ပြတိုက်ထဲမှာ သေချာမထားဘူးဆိုရင် ငွေကြေးကုန်ကျတာ အချိန်တွေ ပေးခဲ့ရတာ လူ့အရင်းအမြစ်တွေ ရင်းနှီးထားရသမျှ အကုန်လုံး အလဟဿဖြစ်လိမ့်မယ်
ဒါကြောင့် ပြတိုက်မှာရှိတဲ့ ပစ္စည်းတွေအကုန်လုံးကို Conservation ကြပ်ကြပ်မတ်မတ် လုပ်ဖို့ကအရေးကြီးတယ်
curator နဲ့ conservator တို့ဟာ ပြတိုက်ထဲက duties ကိုshare roll လုပ်နေရမယ် display, lighting, humitidy and heat controll အပြပိုင်းနဲ့ အထိန်းပိုင်း တခါတည်း တွဲပြီးလုပ်သွားရတာမို့ တကယ်အရေးကြီးတဲ့ ကဏ္ဍဖြစ်ပါတယ်
ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပြတိုက်တော်တော်များများက Conservationပိုင်းကို တော်တော်ကြီးကို လစ်လျူရှုထားသလိုဖြစ်နေတယ် ကျမအနေနဲ့ ရန်ကုန် အမျိုးသားပြတိုက် နေပြည်တော် အမျိုးသားပြတိုက် ဗိဿနိုး ပြတိုက် ကမ္ဘာအေးပြတိုက် ယခု ပုဂံပြတိုက် (၂) ကြိမ် စသည်ဖြင့် ရောက်ဖူးပြီမို့ ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်တွဲပြီး ကောက်ချက်ချထားတာပါ
ဒါပေမဲ့လည်း ပုဂံပြတိုက်အနေနဲ့ ဆိုရင်တော့ အများကြီး နားလည်ပေးလို့ ရပါတယ် ပုဂံက ဘုရားတွေ ဆိုတာကလည်း တနည်းAir Museum ပဲ ဒါကြောင့် အတွင်းပြတိုက် အပြင်ပြတိုက်နဲ့ ပြတိုက်နှစ်ခုလို ဖြစ်နေတော့ အပြင်ပြတိုက်က ပျက်ဖို့များနေတဲ့ ပိုပျက်နိုင်ချေရှိတဲ့ အရာတွေကို ပိုဦးစားပေး ထိန်းသိမ်းနေရတာမျိုးတွေ ရှိတော့ ပြတိုက်ထဲမှာ ရောက်နေတဲ့ ပစ္စည်းတွေဟာ အမိုးအကာအောက် ပို့ထားတယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လုံခြုံတယ်ဆိုပြီး Conservation အနေနဲ့ ပျက်ကွက်နေနိုင်တယ် အဲဒီတော့ နားလည်ပေးလိုရပါတယ်
ဒါပေမဲ့ စောင့်ရှောက်ထားပါရက်နဲ့ အလကားနေရင်း ပစ္စည်းတွေ မဆုံးရှုံးအောင် မပျက်စီးအောင် မအိုဟောင်းသွားအောင်ကိုလဲ ပစ္စည်းအမျိုးစားအလိုက် သမိုင်းတန်ဖိုး အနုပညာတန်ဖိုး အလိုက် ခွဲခြားပြီး လိုအပ်နေတဲ့ အပိုင်းမှာ အားစိုက်သင့်တယ်လို့ ထင်ပါတယ်
Pakhangyi Trip သွားတုန်းက ပခန်းကြီးပြတိုက်မှာ တွေ့ခဲ့တဲ့ ညောင်ရမ်းခေတ်က Textileလေးတွေကို ပြတဲ့ပုံစံမှာ သေချာခေါက်ပြီးတော့ မှန်ပုံးထဲ ဒီအတိုင်းစီထည့်ပြထားတယ် ဒါတွေကို ဘယ်လိုထိန်းသိမ်းသလဲလို့ တာဝန်ရှိတဲ့ သူကိုမေးတဲ့အခါမှာ တာဝန်ရှိတဲ့သူက ကျနော်တို့ အနေနဲ့ ထိန်းသိမ်းဖို မလွယ်နိုင်ဘူး ဒီတိုင်းပဲထားမယ်လို့ ပြောတော့
ဒီtextileတစ်ခုဟာ ညောင်ရမ်းခေတ်ဆိုရင် နှစ်ပေါင်း၃၀၀ကျော်နေပြီ ဒီဟာကိုဖွင့်ပြီး ဖြေခိုင်းရဲလား ဖြေခိုင်းဖို့ မပြောနဲ့ ဖွင့်တောင် မဖွင့်ရဲဘူး ဖြည်ထုတ် လိုက်တာနဲ့ ဒါဟာသေချာပေါက် ပဲ့ကျသွားတော့မယ် အဲဒီတော့ ဒီအလိပ်ကြီးကို ခေါက်သိမ်းထားတာပဲရှိတယ် နောက်လူက လေ့လာလို့မရဘူး ဖြစ်တော့ ဘာထူးမှာလဲ ပြတိုက်အနေနဲ့ Conservationပိုင်းမှာ ဗဟုသုတနည်းတယ် Textile ကိုဆိုရင် စိုထိုင်းဆထိန်းတဲ့ အကူကိရိယာနဲ့ မထားနိုင်ရင်တောင် မှန်ပုံးလေးထဲမှာ သေချာဖြန့်ပြီးတော့မှ ပြထားရမှာ ဒါပေမဲ့ သူတို့က ခေါက်ထားတယ် ခေါက်ထားတော့ ဘယ်လိုမှ ထိလို့မရဘူး ထိမရတော့ ဘာထူးမှာတုန်း
ဒီနှစ်၃၀၀ကျော် ပစ္စည်းကြီးရဲ့ သမိုင်းတန်ဖိုး ဘာမှမသိပဲနဲ့ အလကားပဲဖြစ်နေမယ် ဒါConservationရဲ့ အရေးကြီးတဲ့အပိုင်း
Conservationနဲ့ ပတ်သက်ရင် ဒီက ပြတိုက်တွေက အစဉ်အဆက် အားနည်းတယ် ဒီတော့ ရှေးဟောင်းပစ္စည်းကို ခိုးထုတ်၊ လက်သရမ်း ဖျက်ဆီးနေတဲ့ သူတွေနဲ့အတူတူ ရှေးဟောင်းပစ္စည်းတွေရဲ့ ရန်သူပဲလို့ ယူဆချင်မိတယ် ယခုတင်ပြတဲ့ အကြောင်းအရာဟာ ပုဂံကွင်းဆင်းလေ့လာရေးတွင် discussion လုပ်တဲ့အချိန်မှာ စာရေးသူဝင်ရောက် ဆွေးနွေးတဲ့ အပိုင်းပဲ ဖြစ်ပါတယ် အတန်းတစ်ခုရဲ့ ကိုယ်စားလှယ်များက ပြတိုက်ပညာရပ် museology နှင့်ဆက်စပ်ပြီး ပုဂံပြတိုက်ပေါ် အမြင်နဲ့ သဘောထားကို အပြန်အလှန် ဆွေးနွေးတင်ပြကြတာပါ ဌာနမှူးကိုယ်တိုင် ပါဝင် ဆွေးနွေးပေးတာကြောင့် တကယ်အကျိုးရှိရှိ ဆွေးနွေးနိုင်ခဲ့ပါတယ်
ဒါပေမဲ့ ပြတိုက်ရဲ့ conservation ပိုင်းကို ဒီလိုထောက်ပြပြီး သကာလမှာ ဆရာကြီး ဦးအောင်ကြိုင်ရဲ့ night studyတုန်းက သင်ကြားသွားတဲ့ အသံဖိုင်ကို အခုပြန်နားထောင်ပြီးတော့ ကိုယ့်ကိုယ်ကို အလိုလို ရှက်လာတယ် ကိုယ်ကတော့ ကိုယ်သင်ထားတာ၊ လေ့လာထားတာနဲ့ ပတ်သက်ပြီး တတ်လှပြီ၊ တော်လှပြီလို တက်မတထောင်ထောင် ဖြစ်နေခဲ့တာကိုး
ဆရာကြီးဦးအောင်ကြိုင် ပုဂံဘုရားတွေကို ဘယ်လိုထိန်းလည်း တန်ဖိုးကြီးအရာတွေကို ဘယ်လို လုံခြုံရေးပေးလဲ ဆိုတာသိလာရတယ် အသက်အန္တရာယ်ရှိနိုင်တဲ့ မိုးရေကြောင့် ဖုန်ကြောင့် ချောနေတဲ့ ဘုရားပေါ် ကိုယ်တိုင်တက်တယ် မဆလာပုံးကိုင်ပြီး အက်ကြောင်းတွေထဲ ကိုယ်တိုင် လောင်းထည့်တယ် ဘုရားကို ပြုပြင်ပုံ အမှားတွေနဲ့ ပတ်သက်ပြီး လူကြီးတွေအိမ် တကယ့်ဗိုလ်ချုပ်ကြီးတွေအိမ် ဝန်ကြီးတွေအိမ်ကို ဝင်တယ်ထွက်တယ် ပြန်ပြင်ပေးဖို့ ရဲရဲဝံ့ဝံ့ အရေးဆိုတယ် စားရိတ်ပြန်တောင်းတယ် ကိုယ်တိုင်ပြန်ပြင်တယ် ဆိုတာမျိုးတွေ ဆရာကြီး ဦးအောင်ကြိုင်က အဲဒီလိုလုပ်ခဲ့တာ သူလိုမျိုး ကိုယ်လုပ်နိုင်လား သူချစ်သလို ကိုယ်ချစ်သလား ပြန်စဉ်းစားတယ် မလုပ်နိုင်ဘူး
ဒါပေမယ့် မကူညီနိုင်လို့ ပြောခွင့်မရှိတော့ဘူးလား ဆိုတော့လဲ မဟုတ်ပြန်ဘူး နည်းမှန် လမ်းမှန်နဲ့ အကြံပေးလို့ရတယ် ကိုယ်တိုင်လဲ ဆရာကြီးနားကပ်ပြီး သိချင်တာမေး ကိုယ်လဲ ထင်တာလေးတွေ တင်ပြခဲ့တာပဲ ဒါပေမယ့် ခုဖြစ်နေတဲ့ စိတ်ခံစားချက်အတိုင်း ဝန်ခံရရင် အဲဒီ အကြံလေးပေးမိတာတောင် ရှက်မိတယ်
တဆက်တည်း ကိုယ်နားလည် သဘောပေါက် လာတာက ပါးစပ်က ထောက်ပြောလေး ပြောတာမျိုးကတော့ လူတိုင်းတတ်တာပေါ့ ဒါကအလွယ်ဆုံးအလုပ် ရှေ့က အပင်ပမ်းခံလုပ်ထားသမျှ ကို ထောက်ပြတာက သိပ်လွယ်တယ် ဒါပေမဲ့ လိုက်လုပ်ရတဲ့ သူကတော့ အရမ်းခက်တာပေါ့ တာဝန်ယူထားသူ တစ်ဦးအတွက် လက်ညှိုးပေါင်း တစ်ထောင်နဲ့ လွတ်အောင်လုပ်ဖို့ဆိုတာက ဘယ်လောက်ခက်မလဲ စဉ်းစားသာကြည့်နိုင်တယ်
အဲဒါကိုမှ အမှိုက်တွေ့ရင် စည်ပင်ကကောက် ရမယ့်တာဝန် အဟောင်းပစ္စည်း ထိမ်းဖို့ မှန်သမျှ အစိုးရရဲ့တာဝန် ရှေးသုကထိန်း ဆိုတာမျိုးတွေ လုပ်လာကြတယ် ဟုတ်တာတော့ ဟုတ်ပါတယ် အမွေအနှစ်ထိမ်းဖို့ ဆိုတာက အစိုးရနဲ့ သာသနာရေး/ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့တာဝန်ပဲ ဒါပေမယ့် ထိန်းသိမ်းဖို့ လိုအပ်နေသမျှ အသိပေးချင်ရင် ဖေ့ဘုတ်ပေါ်တင်တာထက် ကောင်းတဲ့ နည်းလမ်းတွေ အများကြီးရှိတယ် ဖေ့ဘုတ်ပေါ်တင်တယ်ဆိုတာ နောက်ဆုံး နည်းလမ်းလို့ထင်တယ် ဖေ့ဘုတ်မှာ ချစ်ပြတယ် နှမျှောပြတယ် ရေးတယ် အဲဒီမှာတင်ရပ်မသွားဘူး မန့်တွေ ဝေဝေဆာဆာနဲ့ လိုအပ်ချက်တွေ ဝေဖန်တယ် သက်ဆိုင်ရာကို အပုတ်ချတယ်၊ ပျက်ကွက်မှုကို တိုက်ခိုက်တယ်ဆိုတာ မျိုးတွေ လုပ်လာတော့ ဒါဘာသဘောလဲလို့ မေးရမယ့် အပိုင်းရောက်လာပြီ အကောင့်ထဲခေါ်ထည့်ထားတဲ့ လုပ်ပိုင်ခွင့်ရှိသူတွေကို အားမနာတဲ့အတိုင်းပဲ
အခုတလော ဖေ့ဘုတ်မှ ခေတ်စားနေတဲ့ ဖွတ်နဲ့ဒေါင်း အပြန်အလှန် အပုတ်ချ ပွဲတွေလို ပုံစံမျိုးကို ပညာရှင်တန်းထဲ ခေါ်မလာနဲ့ သည်လို အဖွဲ့တွေက ဖေ့ဘုတ်မှာ ဘယ်သူ့ဘယ်သူကမှ ရိုးသားတာတွေမဟုတ် အကယ့်ဒမစ် နယ်ပယ်ထဲမှာ ဖေ့ဘုတ် ပွဲဈေးအထာတွေ ဖောမတ်လာမချသင့်ဘူး ဆယ်လီကြီးတွေ ဘူမသိ ကိုးမသိနဲ့ မာန်တက်ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို ဖေ့ဘုတ်က ပေါ်တင်ခိုင်းနေတာမျိုးတွေ အတုခိုး မမှားနဲ့ဦး လို့ပဲ အကြံပေးချင်တယ်
တကယ်စေတနာနဲ့ ပြောတာပါ ရှေးဟောင်းပစ္စည်းကို ကိုယ်ဘယ်လောက် မြတ်နိုးကြောင်း ဖော်ပြနိုင်တဲ့ ပုံစံတွေ အများကြီးရှိတယ် ကိုယ့်ရဲ့ ဆရာ့ဆရာကြီးတွေက သူတို့ရဲ့ ချစ်မြတ်နိုးမှု ကိုဘယ်လို ဖော်ပြသွားသလဲ လေ့လာပြီးမှ ရှေ့ဆက်ရင်ကောင်းလိမ့်မယ်
ပြီးတော့ ဒီလိုအချစ်မျိုးက ငွေမရှိပဲနဲ့ ချစ်ပြလို့မရဘူး ဆိုတာ သိထားပါဦး ငွေရှိရင်တော့ ချစ်တာကော မြတ်နိုးတာကော ဘာမဆိုလုပ်လို့ ရတယ် ငွေနဲ့မှ ရမဲ့ နည်းပညာရှိရင် ဘာမဆို အကောင်း ဖြစ်တယ် ဒါပေမဲ့ မြန်မာနိုင်ငံမှာ အခုသွားနေရတဲ့ လမ်းကြောင်းအရ rescue archarology ကို အကောင်အထည် မဖော်နိုင်သေးဘူး
အရှေ့က သွားလေသူတွေ ထားခဲ့တဲ့ အဟောင်းတွေကို ပြင်နေရတာနဲ့ တိုင်းပြည်က ရှေ့ကို လိုသလောက် မသွားနိုင်ဘူး ဖြစ်လာမလားလဲ ချိန်ရဦးမယ် တကယ်မွဲနေတဲ့သူတွေရှိတယ် ငတ်နေတဲ့သူတွေရှိတယ် ဆေးကုသခွင့်မရလို့ သေနေတဲ့သူတွေရှိတယ် အဲဒီ့အတွက်လည်း တိုင်းပြည်က သွားရဦးမယ် တဘက်က အမျိုးသားရေး လက္ခဏာကို ကာကွယ်ရမယ့် အပိုင်းတွေကလဲ လျှစ်လျူရှုလို့ မရပြန်ဘူး ဒါကြောင့်မို့ ၁၉၅၇မှာ ရှေးဟောင်းပစ္စည်း တစ်ခု သတ်မှတ်နိုင်တဲ့ သက်တမ်းက ၇၅နှစ်ကနေပြီး ခုချိန်မှာ နှစ် ၁၀၀တန်းလအထက်ထိ တိုးလိုက်ရပြီ ပြီးတော့ နှစ်၁၀၀တန်းအထက် ရှေးဟောင်း အဆောက်အဦး လက်ညှိုးထိုး မလွဲအောင် ပေါများစွာ ရှိနေတဲ့ ဒီနိုင်ငံမှာ မြန်မာ့ရှေးဟောင်းပစ္စည်းတွေကို ထိန်းသိမ်းသင့်တဲ့ သမိုင်းဝင် အရေးပါ အရာရောက်သော တန်ဖိုးကိုပါ ထည့်သွင်း တွက်ချက်လာရပြီ ဒီတော့ ဝင်ငွေပြန်မရှာနိုင်တဲ့ ဌာနတစ်ခုဟာ ဘဏ္ဍာရေးနှစ်တစ်ခုစတိုင်း မျက်နှာငယ်နေရမယ်ဆိုတာကိုလည်း မမေ့ပါနဲ့ဦးလို့ တင်ပြချင်ပါတယ်
တကယ်မေတ္တာ စေတနာရှိရင် သိပ်ပြီးတော့ မြတ်မြတ်နိုးနိုး ချစ်ရင် လျစ်လျူရှုခံထားရတဲ့ အရာများကို ထိန်းသိမ်းစေချင်ရင် ကနဦးအနေဖြင့် Inventory of neglected and preservative monuments in Myanmarကိုအရင် လုပ်ပေးပါဦးလို့ တောင်းဆိုချင်ပါတယ်
ချစ်လို့ပြောတယ် မှတ်လိုက်ပါရှင်