Tuesday, 6 February 2018

ယုံကြည်ရာလမ်း


(Zawgyi)
Comparison studies of Padah-lin Cave, Myanmar and Spirit Cave, Thailand ခေါင်းစဉ်နဲ့ assignment တစ်
စောင်ကို Dating Method ဘာသာရပ် ဆရာက တာဝန်ပေးအပ်တဲ့ အခါ ရလာဒ်က မဆိုးပါဘူးလို့ မှတ်ချက်ရခဲ့ပါတယ် 


ချီးကျူးခဲတဲ့ ဆရာရဲ့ အသိအမှတ်ပြုမှုကို တစ်နှစ်ခွဲလုံးလုံး စောင့်စားလာရတဲ့ ကျနော့်အပြုံးက ပျားရည်တွေ မတရားမျိုချထားရတဲ့သူပမာ 


အချိန်တစ်ပတ်ပဲ ရတဲ့ (ဒါတောင် Hangout ၉ပုဒ် အခြား assigment ၃စောင်ပါ တစ်ချိန်ထဲရေးရ) အတောအတွင်း ပဒတ်နဲ့ ကြပ်ဂူနှစ်ခု အကြား အတောင်တပ်ပြီး ပျံသန်းခဲ့ ရတုန်းက ခံစားချက်က ဘာနဲ့မှ မလဲနိုင်ခဲ့

ကျနော်လား 
မျိုးချစ်စိတ် သိပ်ရှိတာပေါ့
သည်စိတ်ကိုအခြေခံထားလို့လဲ သမိုင်းနဲ့ လမိုင်းကပ်ခဲ့တာ