(Zawgyi Version)
ပခန္းမင္းသားၾကီး ဦးရန္ေဝး လွဴးဒါန္းခဲ႔တဲ႔ ပခန္းငယ္ေက်ာင္းၾကီး အဖတ္ဆယ္လို႔မရေအာင္ ပ်က္သြားတာကို ေဖာ္ျပျပီးပါျပီ
MRTVကလာတဲ႔ သတင္းတစ္ပုဒ္မွာေတာ႔ ထိုေက်ာင္းေတာ္ၾကီးကို ေရွးေဟာင္းသုေတသနဌာနက ျပန္လည္ ထိန္းသိမ္းဖို႔ ေဆြးေႏြးေနၾကတာကို ၾကည္႔လိုက္ရပါတယ္ ျပန္ေဆာက္မယ္ဆိုရင္လဲ ေရွးမူမပ်က္ နဂိုအတိုင္း ျဖစ္ပါေစလို႔ ဆုေတာင္းပါတယ္
ျမန္မာနိုင္ငံမွာေတြ႕ရေလ႔ရွိတဲ႔ ancient monuments ေရွးေဟာင္းအေဆာက္အအံုေတြဟာ အုတ္သဲေက်ာက္ဘိလပ္ေျမ (ဆီေလ်ာ္ရာ နားလည္လြယ္ေအာင္ သံုးထားတယ္)ကို အသံုးျပဳထားတဲ႔ အရာေတြပဲ မ်ားပါတယ္ ဒီသေဘာက ဒီပစၥည္းေတြကို အသံုးျပဳျပီး တည္ေဆာက္ခဲ႔မွဳ မ်ားျပားေနတာ မဟုတ္ပဲ ဒီပစၥည္းေတြနဲ႔ တည္ေဆာက္ထားသည္႔ အရာမ်ားသာ ပ်က္ဆီးမႈ အႏၱရာယ္ကို ၾကံ႕ၾကံ႕ခံ ရင္ဆိုင္ရင္း ရွင္သန္က်န္ခဲ႔တာမ်ိဳးပဲ ဒီလိုက်န္ခဲ႔တာကလည္း သည္အတိုင္းပစ္ထားရင္ အခ်ိန္အတိုင္းအတာ အကန္႔အသတ္နဲ႔ပဲ ျဖစ္မွာပါ အခ်ိန္တစ္ခုမွာေတာ႔ ပ်က္ဆီးေပ်ာက္ဆံုးသြားမွာမလြဲမေသြ
ပခန္းငယ္ေက်ာင္းဟာ ရာသီဥတုဒဏ္နွင္႔ လူမ်ား၏ ဖ်က္ဆီးမႈေတြြေၾကာင့္ ပ်က္စီးယိုယြင္းေနၿပီး ခ်င္းတြင္းျမစ္ကမ္းနဖူး တြင္တည္ရွိေသာ အေနအထားေၾကာင့္ ေရလႊမ္းမိုးမႈဒဏ္ကို သိသိသာသာပိုခံစားရသည္က အဓိကပ်က္စီးေစေသာ အေၾကာင္းအရင္းျဖစ္သည္ဟု ေရစၾကိဳသတင္းမီဒီယာ မွတ္ခ်က္တြင္ ဖတ္လိုက္ရသည္ ထို႔ေၾကာင္႔ ပခန္းငယ္ ေက်ာင္းေတာ္ၾကီးသည္ ေရျမႈပ္ေလ႔ရွိသည္ဟု ဆိုနိုင္မည္
ပခန္းၾကီးေက်ာင္းေတာ္ၾကီးႏွင္႔ ပခန္းငယ္ေက်ာင္းေတာ္ၾကီးတို႔ ႏွိဳင္းယွဥ္ၾကည္႔လွ်င္ တည္ေဆာက္ခ်ိန္ မကြာျခား ေသာ္လည္း ပ်က္ဆီးသည္႔ အေနအထားကျဖင္႔ မတူတာကို လက္ေတြ႕ေလ႔လာနိုင္သည္ ထိုေက်ာင္းေတာ္ၾကီးမ်ားကို အေျခခံေဖာင္ေဒးရွင္းမွသည္ အမိုးတိုင္သံုးစြဲထားသည္က သစ္သား ကၽြန္းသား ျဖစ္ပါသည္ ကၽြန္းဆိုတာ သစ္သားထဲမွာ ၾကာရွည္အခံတဲ႔ သစ္ျဖစ္ေသာ္လည္း သက္ရွိျဒပ္ေပါင္းတစ္ခု ျဖစ္လို႔
သက္တမ္းမွာ အကန္႔အသတ္နွင္႔ ျဖစ္ပါသည္ ရွိေနတဲ႔ေနရာေပၚမူတည္၍ေသာ္လည္းေကာင္း ထိမ္းသိမ္းမႈရွိ၍ ေသာ္လည္းေကာင္း ေထာင္စုနွစ္သို႔တိုင္ တည္ျမဲေအာင္ ထိမ္းသိမ္းနိုင္ဖို႔ အခြင္႔အေရး ရွိေသာ္လည္း ထိမ္းသိမ္းေစာင္႔ေရွာက္ျခင္းကို မခံရသည္႔အျပင္ သစ္သားအတြက္ ျပင္းထန္လြန္းေသာ ရာသီဥတုနွင္႔
ရင္ဆိုင္ရတဲ႔အခါ တစ္ရာစုအတြင္းမွာ အက္ကြဲထြက္ကာ ေဆြးေျမ႔ ပ်က္စီးသြားလိမ္႔မည္ ကၽြန္းသစ္ဟာ ေပါ႔ပါးတယ္ ခိုင္ခံတယ္ ၾကာရွည္ခံတယ္ ဆိုတဲ႔ ေကာင္းကြက္မ်ားနဲ႕ ေလွသေဘာၤမ်ား တည္ေဆာက္တဲ႔ ေနရာမွာေတာင္ အသံုးခ်လို႔ ရသည္မွန္ေသာ္ျငား သစ္သားခ်ည္း သည္အတိုင္း ေရထဲထည္႔ထားလို႔ကေတာ႔ ဘယ္ျဖစ္မလဲ သဘာဝလြန္ အကာအကြယ္မ်ားနွင္႔တကြမွသာ သူ႔အစြမ္းက ပိုမိုျမင္႔မားေနတာပါ ဒါေၾကာင္႔ ေလွပ်က္ၾကီးေတြကို ဒိတ္တင္းလိုက္လုပ္ေနတဲ႔ ဆရာေမာင္နိုင္(ေရွးျမန္မာ သေဘာၤေတာ္ၾကီးမ်ား) ကုန္းေဘာင္ေနွာင္းထက္ ဆြဲဆန္႔မရလို႔ တိုင္ပတ္ေနတာေပါ႔
သစ္သားနဲ႔ ျပဳလုပ္ေသာ ေရွးေဟာင္းပစၥည္းဆိုတာကလည္း သိတဲ႔အတိုင္း looters လို႔ေခၚတဲ႔ ျမန္မာျပန္ မွာေတာ႔ လုယက္သူေပါ႔ ဒါေပမယ္႔ ေရွးေဟာင္းသုေတသန မွာေတာ႔ ရည္ညႊန္းခ်က္က သူခိုး တစ္ျဖစ္လဲ သိုက္သမားပါ သိုက္သမားဆိုရင္ ညေရာက္မွ ဌာပနာေဖာက္တဲ႔ သူခိုးေလးရွိသလို သမိုင္းပညာရွင္ သမိုင္းဝါသနာရွင္ ဆိုျပီး အိမ္ကို သယ္သယ္သြားျပီး တရားမဝင္ ေစ်းကြက္ေတြနဲ႔ ခ်ိတ္ဆက္ျပီး ပြဲစားလုပ္တတ္တဲ႔ သူခိုးၾကီးေတြက ပိုဆိုးတာပါ looter, smuggler, collector, dealer အစဥ္အတိုင္း သိုက္သမား၊ ခိုးထုတ္သူ၊ စုေဆာင္းသူ နဲ႔ ကုန္သြယ္သူ ဘာၾကီးပဲေခါင္းစဥ္တပ္ထားတပ္ထား ေရွးေဟာင္းသုေတသန အျမင္တြင္ေတာ႔ သူခိုးနဲ႔ သူခိုးလက္ခံ တစ္တန္းစားတည္းပါ ေရွးေဟာင္းပစၥည္းတစ္ခုရဲ႕ အသက္ေသြးေၾကာျဖစ္တဲ႔ inventory စာရင္းသြင္းျခင္း လုပ္ငန္းစဥ္ကို ဖ်က္ဆီးတဲ႔ သူမ်ားမဟုတ္လား အင္း ျမန္မာနို္င္ငံဟာလဲ သဘာဝ သယံဇာတပစၥည္းမ်ားနဲ႔ ေရွးေဟာင္းပစၥည္းမ်ားအတြက္ source nation ျဖစ္ေနျပီး ေဆးဝါးအတု ဓါတုအခ်ိဳရည္ အလွကုန္ အာမခံမရွိတဲ႔ ကေလးစားစရာမ်ား အဝတ္အထည္မ်ားအတြက္ market nation ျဖစ္ေနတာကေတာ႔ ေဟာ ဟို ပ်ဴေတြလက္ထက္ကတည္းကေနမွာ
အဲ ဆက္ေျပာရရင္ သစ္သား အနုပညာ ပစၥည္းဆိုတာ သိုက္သမားေတြအတြက္ အလြယ္ဆံုး ခိုးရာပါပစၥည္းျဖစ္ျပီး အေရာင္းရဆံုး ခိုးရာပါပစၥည္းပဲ ျဖစ္ေနေတာ႔ ပခန္းငယ္ေက်ာင္းေတာ္ၾကီးဟာ ထိုအႏာၱရယ္ကို ဦးစြာ ရင္ဆိုင္ရင္း ခိုးဖို႔မလြယ္ပဲ က်န္ေနတဲ႔ အရာမ်ားကေတာ႔ ရာသီဥတုဒဏ္နွင္႔ ထပ္မံရင္ဆိုင္ရင္း ယခုမ်က္ျမင္ အေနအထားျဖင္႔ တကယ္ပဲ ဝမ္းနည္းဖြယ္ရာ ေပ်ာက္ကြယ္လု ျဖစ္ေနပါျပီ
ပခန္းၾကီးေက်ာင္းက ေရွးေဟာင္း အေမြအနွစ္လက္ရာတန္ဖိုး အနုပညာတန္ဖိုးနွင္႔ ျပည္႔စံုသည္မွန္ေသာ္လည္း အေဆာက္အဦးပိုင္ရွင္ရဲ႕ သမိုင္းဝင္ အရာေရာက္ခဲ႔တဲ႔ တန္ဖိုးမွာေတာ႔ ပခန္းငယ္ေက်ာင္းကိုျဖင္႔ မယွဥ္နိုင္သလို ပါးစပ္ေျပာ ရာဇဝင္မ်ားအရ ပခန္းၾကီးေက်ာင္းဟာ ေက်ာင္းလက္ခံမည္႔ ေက်ာင္းထိုင္ဆရာေတာ္ မရွိေတာ႔သျဖင္႔ ေရစက္မခ်လိုက္ရသျဖင္႔ ဒါနလဲ မေျမာက္လိုက္ဘူးလို႔ သိရတာေၾကာင္႔ ေက်ာင္းအရာလည္း မေျမာက္ခဲ႔ ထို႔အတြက္ တန္ဖိုးခ်င္းက အထိုက္ေလ်ာက္ ကြာျခားေနသည္။
ဒါေပမယ္႔ လူဒဏ္နဲ႔ သဘာဝ ရာသီဥတုဒဏ္ကို ျပင္းထန္စြာ ခံစားရဖြယ္ရွိတဲ႔ ပခန္းငယ္ေက်ာင္းေတာ္ၾကီးရဲ႕ အျဖစ္သနွစ္ကို ေတြးၾကည္႔ဖို႔က လိုရင္းျဖစ္တာေၾကာင္႔ အေပၚက စာပိုဒ္တစ္ခ်ိဳ႕ကို မနွစ္သက္ပါက မျမင္ခ်င္ေယာင္ေဆာင္ေပးၾကပါ လူေၾကာင္႔ ပ်က္ဆီးျခင္းအေၾကာင္းတရားဆိုတာ ေရွးေဟာင္းပစၥည္းေတြအတြက္ အမ်ားဆံုးနဲ႔ ထိခိုက္မႈ အရွိဆံုးျဖစ္ပါတယ္ စာထိုးထားတဲ႔ ေခါင္းေလာင္းၾကီးေတြေပၚက ကိုကိုနဲ႔သ်ဲအမွတ္တရဆိုတဲ႔ ေကာ္ရက္ရွင္းပန္ စာလံုးေလးေတြကအစ ပြတ္ရင္ ဘာျဖစ္တယ္ ညာျဖစ္တယ္ ယံုၾကည္ေနတဲ႔ ဓေလ႔မ်ား ခ်စ္လို႔ဆိုျပီး လက္နဲ႔ကိုင္ၾကည္႔တာ ေဖ႔ဘြတ္မွာ မ်က္ရည္ခ်ဴရေအာင္ဆိုျပီး ဖလပ္ရွိဂန္းသံုးျပီး ဓါတ္ပံု မွတ္တမ္းတင္တာ စသျဖင္႔ လက္သရမ္းတဲ႔ အမူအက်င္႔မ်ားက ၎တို႔ကို အထိေရာက္ဆံုး ထိုးနွက္ပါတယ္ ေရွးေဟာင္းအေဆာက္အဦးထဲ လူဝင္ေနတာ ထင္းမီးသံုး၍ ခ်က္ျပဳတ္တာ စသည္တို႔ေၾကာင္႔လဲ ထိခိုက္ပါတယ္ ဒါေၾကာင္႔ လူေၾကာင္႔ပ်က္ဆီးရတဲ႔ ေခါင္းစဥ္ေအာက္မွာ သိုက္တူးျခင္း လက္သရမ္းျခင္း ေနထိုင္ျခင္းနဲ႔ အေၾကာင္းမဲ႔ ခ်ိဳးဖဲ႔ဖ်က္ဆီးျခင္းတို႔ရဲ႕ အႏာၱရယ္ကို သိနိုင္ပါတယ္ တဆက္တည္း အသိေပးစရာရွိပါတယ္ စာေရးသူတို႔ ပုဂံေလ႔လာေရးခရီးတြင္ အမ်ားျပည္သူ ဓါတ္ပံုျဖင္႔ မွတ္တမ္းတင္ခြင္႔ မရေသာ နံရံေဆးေရး ပန္းခ်ီမ်ားကို ေလ႔လာေရး ေခါင္းစဥ္ေအာက္က ေရာက္ေနလွ်င္ မွတ္တမ္းတင္လို႔ ရေနတယ္လို႔ အထင္မွားေနတာ ရွိပါတယ္ လက္ေတြ႕မွာ လံုးဝခြင္႔မျပဳပါဘူး ေရွးေဟာင္းသုေတသန ပညာေလ႔လာေနသူမ်ားဘက္ကလည္း က်င္႔ဝတ္ကို လံုးဝမခ်ိဳးေဖာက္ပါဘူး ဓါတ္ပံုရိုက္ခြင္႔ ေပးထားတဲ႔ ဘုရားမ်ားမွာေတာင္ မရို္က္ပဲ ေနၾကလို႔ ဆရာေတြက အတင္းရိုက္ခိုင္းေနရပါတယ္ ထိုအျပဳအမူကို ျပင္းထန္စြာ တားျမစ္ထားတဲ႔ ဘုရားမ်ားမွာလဲ ဘုရားေစာင္႔ေတြက တျခားသူမ်ားကိုသာ လႊတ္ေပးရင္ လႊတ္ေပးလိမ္႔မယ္ ေက်ာင္းသားမ်ားကိုေတာ႔ သူခိုးထက္ေတာင္ တင္းၾကပ္တာ ၾကံဳရင္ ေရးျပပါဦးမယ္ စာေရးသူ ခရက္ဒစ္ေပးျပီး တင္ဖူးတဲ႔ က်န္စစ္သား ဥမင္ထဲက ထန္းရည္ငွဲ႕ေနတဲ အမ်ိဳးသမီးပံုဟာလဲ ေရွးေခတ္က ယမကာ သံုးစြဲသည္႔ အေလ႔ ဆိုတဲ႔ စာတမ္းကို ျပဳစုေနသူ တစ္ဦးအတြက္ သီးသန္႔ ရံုးစာခြင္႔ျပဳခ်က္ျဖင္႔ ဖလက္ရွ္မဖြင္႔ပဲ မီးထိုးျပီး မွတ္တမ္းတင္ထား တဲ႔ပံုပဲ ျဖစ္ပါတယ္
သဘာဝဒဏ္ဆိုရာတြင္ သစ္သားရဲ႕ သေဘာသဘာဝကို ဦးစြာ သိထားရပါမယ္ သစ္သားဟာ သဘာဝ ျဒပ္ေပါင္းျဖစ္ပါတယ္ ၎ရဲ႕ အသက္ရွိ ဇီဝကမၼ ျဖစ္စဥ္မ်ား ရပ္ဆိုင္းျခင္းခံလိုက္ရျပီ ဆိုတာနဲ႔ အစာခ်က္တဲ႔ က႑မရွိေတာ့ပဲ ေသသြားျပီျဖစ္လို႔ သဘာဝလြန္ ထိမ္းသိမ္းေစာင္႔ေရွာက္မႈသာ မရွိခဲ႔လွ်င္ သူ႔သဘာဝအတိုင္း ေဆြးေျမ႔ျပီး တေျဖးေျဖး ပ်က္ဆီးသြားမွာမလြဲ သဘာဝလြန္ ထိမ္းသိမ္းေစာင္႔ေရွာက္ျခင္းဆိုသည္မွာ သစ္သားရဲ႕ အေပၚယံအလႊာကို သဘာဝ သို႔မဟုတ္ ဓါတု ျဒပ္ေပါင္း တစ္ခုခု သုတ္လိမ္းထားျခင္းက အလြယ္ဆံုး နည္းလမ္းပါ ျမန္မာနိုင္ငံမွာကေတာ႔ ယခုထိတိုင္ ေရနံေခ်းကို သုတ္လိမ္းၾကပါတယ္ ထိုမွသာ ထိုအကာအလႊာေလးက ေရေလေန(မီး) ဓါတ္ၾကီးသံုးပါးကို ရင္ဆိုင္ အံတုေပးပါလိမ္႔မယ္ ဒါေပမယ္႔ ထိုအကာအလႊာေလးမွာလဲ ဇရာဆိုတာရွိပါတယ္ သူလဲတျဖည္းျဖည္း လံုးပါးပါးလာျပီး ေအာက္ခံ သစ္သားအလႊာ ေပၚလာဦးမွာပါပဲ ထို႔ေၾကာင္႔ ေအာက္ခံသစ္သားရဲ႕ အသြင္သ႑ာန္ မပ်က္ဆီး မဖံုးလႊမ္းေအာင္ သတိထားျပီး လိုအပ္သလို ခန ခန သုတ္ေပးရပါမယ္ ဘာပဲေျပာေျပာ အျမဲသစ္လြင္ေနျပီး ၾကည္ညိဳဖြယ္ ၾကည္႔ေပ်ာ္ရွဳေပ်ာ္ျဖစ္ေနေအာင္ ထံုးသုတ္ ေဆးသုတ္ ေရႊခ်တဲ႔ ေဂါပကနည္းကလဲ တစ္မ်ိဳးေတာ႔ ေကာင္းသလိုပါ
သဘာဝလြန္ နည္းလမ္းျဖင္႔ ထိမ္းသိမ္းျခင္း မျပဳနိုင္ခဲ႔လွ်င္ သစ္သားရဲ႕ ပင္ကိုသဘာဝ သတၱိဟာ တျဖည္းျဖည္း ေလ်ာ႔က်လာမွာပါ သစ္သားဟာ ျပင္းထန္တဲ႔ အပူခ်ိန္မွာဆိုရင္ က်ံဳ႕ျပီး မာသြားပါတယ္ စိုထိုင္းစြတ္စိုျပီး မိုးေရထိလိုက္ရင္ ပ်ံ႕ကားျပီး ေပ်ာ႔လာျပန္ပါတယ္ က်ံဳ႕လြန္းျပီး မာပါမ်ားရင္ မာတဲ႔အေလ်ာက္ အက္ေၾကာင္းၾကီးေတြ ျဖစ္ျပီး ကြဲထြက္ပါလိမ္႔မယ္ ပ်ံကားပါမ်ားျပီး ေပ်ာ႔ေနတဲ႔ အေလ်ာက္လဲ တျမိျမိ ေဆြးေျမ႔ပ်က္ဆီးပါလိမ္႔မယ္ အဆိုးဆံုးကေတာ႔ စိုလိုက္ ေျခာက္လိုက္ ျဖစ္ေနတဲ႔ အေနအထားပါပဲ စိုေနတုန္း သစ္သားထဲမွာ အေပါက္ေလးေတြ ျဖစ္လာျပီး မိုးေရ ဖုန္ ေလ ဆားနဲ႔ အျခားျဒပ္ေပါင္း တစ္ခုခု ဝင္သြားမယ္ ထိုအရာမ်ားက သစ္သားနဲ႔ ေပါင္းျပီး သစ္သားဆဲနံရံမ်ားကို ျပင္းထန္စြာ ဓါတ္ျပဳမယ္ ေျခာက္လြန္းလာတဲ႔အခါ စိုတုန္းက ပ်က္ယြင္းေနတဲ႔ အေနအထား အတိုင္းျပန္က်ံဳ႕သြားမယ္ အေပါက္ေတြကို ဖိလိုက္သလိုျဖစ္ျပီး အေပါက္ေလးေတြ ပ်က္ဆီးကာ အေပါက္အခ်င္းခ်င္း ဆက္သြားရင္ အက္ေၾကာင္းၾကီးေတြ ျဖစ္လာမယ္ ထိုအေျခအေနမ်ိဳး ၾကံဳရဖန္ မ်ားလာတဲ႔ အခါ ထိုသစ္သားရဲ႕ သက္တမ္းဟာ တျဖည္းျဖည္း တိုလာျပီး ေနာက္ဆံုးက် မ်က္စိေအာက္မွာတင္ ေပ်ာက္သြားမွာပါ
ျမန္မာနိုင္ငံရဲ႕ ေရွးေဟာင္းသုေတသန ေရႊေခတ္ဟာဆိုရင္ မေထာက္တမ္းေျပာရရင္ ဒုတိယ ကမာၻစစ္မတိုင္မီ အဂၤလိပ္ လက္ထက္ ကာလပဲ ျဖစ္ပါတယ္ ၁၉၀၂ခုနွစ္တြင္ စတင္ထူေထာင္ခဲ႔တဲ႔ ကမၺည္းေက်ာက္စာဌာနအေနနဲ႔ ျမန္မာနိုင္ငံရွိ ေရွးေဟာင္းပစၥည္းမ်ားကို inventory လုပ္ျခင္း အက္ဥပေဒျပဌာန္း၍ ထိမ္းသိမ္းေစာင္႔ေရွာက္ျခင္း စသည္ျဖင္႔ ေရွးေဟာင္းအေမြအနွစ္ ေစာင္႔ေရွာက္ျခင္း အတတ္ပညာကို ေျမစမ္းခရမ္းပ်ိဳး၍ ျမန္မာနိုင္ငံသားမ်ားကို အသိပညာမ်ား စတင္ျဖန္႔ေဝခဲ႔ပါတယ္ ရီစရာေကာင္းတာကလဲ ဝိဘတ္ျမဴစီယမ္အတြက္ မ်က္နွာလိုအားရ ပစၥည္းစုေပးတဲ႔ အဂၤလိပ္ အရာရွိေတြရွိသလို ထိုဖ်က္ဆီးမႈကိုပဲ ကန္႔ကြက္ျပီး ကာကြယ္ေပးလိုတဲ႔ အဂၤလိပ္အရာရွိေတြ ရွိေနတာပါပဲ ခိုးတာက တစ္ဌာန တားတာက တစ္ဌာနေပါ႔ ခုခ်ိန္ျဖစ္ေနတာေတြလိုပါပဲ ဝန္ၾကီးဌာနခ်င္း ပူးေပါင္းေဆာင္ရြက္မႈ အားနည္းတာမ်ိဳးေပါ႔ ဆိုေတာ႔ ထိုအခ်ိန္ေနာက္ပိုင္းမွာ ျမန္မာ႔ေရွးေဟာင္း အေမြအနွစ္မ်ားကို ျပည္သူလူထုကပဲ တတ္နိုင္တဲ႔ ဘက္က ထိမ္းသိမ္းလာခဲ႔တယ္ပဲ ဆိုရမယ္ ဒီေနရာမွာလဲ ေဂါပကေတြရဲ႕ ေက်းဇူးမ်ားပါတယ္ ေရွးမူကို ဖ်က္လိုက္ေပမဲ႔ ေရွးပစၥည္းကို ၾကာရွည္ခံေအာင္ သူ႔နည္းသူ႔ဟန္နဲ႔ ရရာနည္းသံုးျပီး ထိမ္းသိမ္းေစာင္႔ေရွာက္ေပးၾကရွာပါတယ္
ျပည္သူ ေဒသခံေတြကပဲ ကိုယ္႔နည္းကိုယ္႔ဟန္နဲ႔ ထိန္းလာတဲ႔အခါ ေငြေၾကးလိုအပ္မႈက အခရာက်လာပါတယ္ ဒါ႔ေၾကာင္႔ ဘုရားေစတီလို အရာမ်ိဳးေတြက လာဘ္သကာယ ေပါမ်ားေတာ႔ ဦးစားေပးထိန္းဖို႔ လြယ္ကူပါတယ္ ထိုလုပ္ရပ္နဲ႔ တြဲျပီးပါလာတဲ႔ ေစတီတစ္ခုရဲ႕ သမိုင္းဝင္တန္ဖိုးကို ပိုမို ေျပာင္ေျမာက္၍ ကိုးကြယ္ခ်င္စိတ္ ျဖစ္လာေစရန္ အေသာကမင္းနဲ႔ ဆက္စပ္တဲ႔ အေလာင္းစည္သူ မင္းၾကီးနဲ႔ ဆက္စပ္တဲ႔ သမိုင္းေတြ တီထြင္တာက ေရွးေဟာင္းပစၥည္းတစ္ခုဟာ သမိုင္းဝင္ တန္ဖိုး အမ်ားၾကီး အေရးပါတာကို ေဖာ္ျပတဲ႔ အေကာင္းဆံုး သက္ေသပါ ေရွးေဟာင္းပစၥည္းတိုင္း အလွဴ႕ရွင္ ဒါယိကာနဲ႕ သမိုင္းဝင္ အေၾကာင္းအရာအလိုက္ တန္ဖိုးကြဲျပားနိုင္တာကို ဘုရားေဂါပကေတာင္ သိေနတာကို သတိခ်ပ္ၾကပါ ေရႊခ်တာ ထံုးသုတ္တာ ေဆးသုတ္တာ ေရွးမူဖ်က္ျပီး အသစ္ျပန္လည္ တည္ေဆာက္တာ ထီးတင္ပစ္လိုက္တာေတြက လြဲလို႔ ဒီလိုမ်ိဳး ထိန္းသိမ္းေစာင္႔ေရွာက္ေပးတာ ေက်းဇူးေတာ႔တင္ရမွာေပါ႔ ဆိုေတာ႔ ေငြေၾကးလိုအပ္ခ်က္ေၾကာင္႔ ေဒသခံျပည္သူေတြ ထိန္းသိမ္းဖို႔ မတတ္နိုင္၍ ပစ္ထားရတဲ႔အထဲ ျပင္းထန္တဲ႔ ရာသီဥတုဒဏ္ကို ခံစားရတဲ႔ သက္တမ္းအကန္႔အသတ္ရွိတဲ႔ ပစၥည္းမ်ားနွင္႔ တည္ေဆာက္ထားေသာ အေမြအနွစ္ေတြဟာ တျဖည္းျဖည္း ေပ်ာက္ဆံုးရပါတယ္ ဒါေတာင္ ပခုကၠဴေဒသဟာ ပူျပင္းေျခာက္ေသြ႕ျပီး ေရွးေဟာင္းအေဆာက္အဦးမ်ား ရွင္သန္က်န္ရစ္ဖို႔ အေကာင္းဆံုး ရာသီဥတုမွာ ရွိေနတာပါ ျမန္မာနိုင္ငံ ေအာက္ပိုင္းေဒသလို ပူအိုက္စြတ္စိုတဲ႔ ရာသီဥတုမွာေတာ႔ ဒီထက္ပိုျပီး ပ်က္ဆီးတဲ႔ သာဓကေတြ ေတြ႕နိုင္မွာပါ
ပခန္းငယ္ေက်ာင္းဟာ ခ်င္းတြင္းျမစ္ေရတက္လာခ်ိန္မွာ ေရထဲစိမ္ထားခံရတဲ႔ အေနအထားမွာ ေရာက္ေနပါလိမ္႔မယ္ တိုင္မ်ားကို ဆင္ျဖင္႔ဆြဲမျပီး ေျမၾကီးထဲကို ျမႈပ္ရံု ေဖာင္ေဒးရွင္းခ်ထားတဲ႔ ေက်ာင္းတည္ေဆာက္ပံုကလည္း ေရမင္းသားရဲ႕ အၾကိဳက္တိုက္ခိုက္မႈကို ခံေနရမွာမလြဲ ေရဆိုတာ ေျမၾကီးထဲလဲ ေနနိုင္သလို သစ္သားလို အရာဝတၳဳထဲမွာလဲ ေနနိုင္တယ္ ေရထဲ ျမႈပ္မေနတဲ႔ အပိုင္းျဖစ္ေပျငား သစ္သားရဲ႕ ဆဲအကြက္ေတြက ေရကို ျပင္းအားမ်ားတဲ႔ေနရာက အားေပ်ာ႔တဲ႔ေနရာကို ပို႔ေပးနိုင္တဲ႔ အစြမ္းရွိတာေၾကာင္႔လဲ ေရကို အဆင္႔ဆင္႔ သယ္ယူသြားနိုင္ပါတယ္ ထို႔ေနာက္ ျမစ္ေရက်သြားလွ်င္ အညာေနရဲ႕ အပူေၾကာင္႔ အထဲက ေခါင္းေပါက္ၾကီးေတြ ဆက္ဆက္သြားျပီး အပူရွိန္ေၾကာင္႔ ကြဲထြက္ကာ အနာေတြ ေပၚလာတယ္ အနာေတြ ျဖစ္လာျပီဆိုတာနဲ႔ ငွက္ေခ်း သစ္ပင္စသည္တို႔က အနာမ်ားမွာ ကပ္ေနျပီး ေရညွိမ်ား အပင္ငယ္မ်ား ကံဆိုးလွ်င္ ေညာင္ပင္လို အပင္မ်ားက အျမစ္တြယ္ျပီး သစ္သားကို သဘာဝေျမၾသဇာသဖြယ္ အသံုးခ်ပါလိမ္႔မယ္ ထို႔ျပင္ ေရေၾကာင္႔ ေအာက္ေျခတိုင္မ်ား စြဲထားရာ ေျမေပ်ာ႔ေနခ်ိန္ ေလျပင္းျပင္း တိုက္ခံရရင္လဲ တိုင္ေတြယိုင္နဲ႔ကုန္မွာပါ ျမစ္ေရနဲ႔ အတူပါလာတဲ႔ ရြံ႕နယ္ ရြံ႕နစ္မ်ားကလဲ ပ်က္ဆီးဖို႔ တတပ္တအား ပါဝင္ အားျဖည္႔ေပးလိမ္႔ဦးမည္က မလြဲ သဘာဝရဲ႕ ဖ်က္ဆီးမႈကို အခါခါခံစားရသည္႔အထဲ လူတို႔ရဲ႕ အဆင္ျခင္မဲ႔ သံုးစြဲမႈေၾကာင္႔ ပခန္းငယ္ေက်ာင္းေတာ္ၾကီးဟာ ေရတိမ္နစ္ေနပါျပီ
ပ်က္ဆီးလု သို႔မဟုတ္ ထိုေနရာတြင္ ဆက္လက္တည္ရွိေနလွ်င္ မုခ် ပ်က္ဆီးေတာ႔မည္႔ အေနအထားမွာ ေရာက္ေနတဲ႔ သမိုင္းတန္ဖိုးၾကီး ေရွးေဟာင္းအေမြအနွစ္တစ္ခု အတြက္ အေျခအေန မဆိုးဝါးခင္က ဘာလုပ္ေပးနိုင္ပါသလဲ ဆိုတဲ႔ ေမးခြန္းရွိလာပါတယ္ မပ်က္ဆီးခင္က သစ္သားကို အကာအကြယ္သုတ္၍ ထိန္းသိမ္းတာက အေကာင္းဆံုးဆိုေပမယ္႔ ပခန္းၾကီးေက်ာင္းမွာေတာင္ ေရနံေခ်းက အနိုင္နိုင္နဲ႔ ျဖစ္တဲ႔ အျပင္ ပခန္းငယ္ေက်ာင္းဟာ တည္ေနရာခ်ိဳ႕ယြင္းမႈေၾကာင္႔ လ်င္လ်င္ျမန္ျမန္ ပ်က္ဆီးသြားတာ ပခန္းၾကီးေက်ာင္းနဲ႔ နွိဳင္းယွဥ္ၾကည္႔လွ်င္ အသိသာၾကီးပါ အဓိက တရားခံက ေရပဲ ျဖစ္ပါလိမ္႔မယ္ ျမစ္ေရတက္လာခ်ိန္ ဘယ္လိုအံတုမလဲ စဥ္းစားသင္႔ပါတယ္ ေရႊစက္ေတာ္က ေအာက္စက္ေတာ္ရာကို ထိန္းသိမ္းတဲ႔ နည္းနဲ႔ ေရတက္တဲ႔ အခ်ိန္ သံအုပ္ေဆာင္းၾကီး ခ်ထားလို႔ ရနိုင္မလားလို႔ စဥ္းစားၾကည္႔ရင္လဲ မျဖစ္နိုင္ဖို႔က မ်ားပါတယ္ ေရလဲ လံုတာမဟုတ္ အရြယ္နဲ႔ ပါဝင္ပစၥည္းကလဲ မတူပါ ထို႔ျပင္ ေရကို အံတုဖို႔က ခုခ်ိန္ထိ မျဖစ္နိုင္ေသးတဲ႔အျပင္ စားရိတ္စက ၾကီးမားမႈကလဲ ဝန္ထုတ္ဝန္ပိုး ျဖစ္ေစခဲ႔မွာပဲ မဟုတ္လား မပ်က္ဆီးခင္အခ်ိန္မွာ rescue archaeology ကို အေကာင္အထည္ ေဖာ္နိုင္ရင္ေတာ႔ အမ်ားၾကီး အဆင္ေျပသြားပါလိမ္႔မယ္လို႔ စိတ္ကူးယဥ္မိပါတယ္
ကမာၻ႔ rescue archaeologyသမိုင္းမွာ အၾကီးမားဆံုးျဖစ္တဲ႔ နိုင္းျမစ္ဝမ္းတြင္ Aswan ေရတမံၾကီးတည္ေဆာက္မႈရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးခံစားနိုင္ဖြယ္ရွိတဲ႔ အီဂ်စ္နဲ႔ ဆူဒန္နိုင္ငံမ်ားပိုင္ နမ္ဘီးယား ေရွးေဟာင္းယဥ္ေက်းမႈ အေမြအနွစ္မ်ားဟာ ရံဖန္ရံခါ ၾကံဳေတြ႕နိုင္တဲ႔ ေရလႊမ္းမိုးမႈ ဒဏ္ေၾကာင္႔ ပ်က္ဆီးရမည္႔ အေရးမွ ကယ္ဆယ္နိုင္ရန္ rescue archaeologyကို သံုးျပီး ထိုေရတံမံၾကီးထက္ ပိုမို ျမင္႔မားတဲ႔ ေနရာကို ေျပာင္းေရႊ႕ခဲ႔ပါတယ္ ၁၉၆၀မွ ၁၉၈၀ အထိ ၾကာျမင္႔တဲ႔ ပေရာဂ်က္ၾကီး ျဖစ္ျပီး ယူနက္စကိုရဲ႕ အကူအညီနဲ႔ အေကာင္အထည္ ေဖာ္ခဲ႔တာပါ ေရႊ႔ေျပာင္းခံရတဲ႔ ဧရိယာၾကီးဟာ habitation ဆိုဒ္ၾကီးျဖစ္တာနဲ႔အညီ ၾကီးမားက်ယ္ျပန္႔ျပီး ရာေပါင္းမ်ားစြာေသာ ဆိုဒ္မ်ားနဲ႔ ေထာင္ေပါင္းမ်ားစြာေသာ ေရွးေဟာင္းပစၥည္းမ်ားကို ေအာင္ျမင္စြာ ေရႊ႕ေျပာင္းနိုင္ခဲ႔ပါတယ္ ထို႔ျပင္ Mes Aynak မဆိုင္းညက္လို႔ေခၚတဲ႔ အာဖကန္နစၥတန္မွာရွိတဲ႔ ေရွးေဟာင္းေဒသက ဗုဒၶသာသနိက အေဆာက္အဦးမ်ားစြာကိုလည္း ထိုနည္းလမ္းျဖင္႔ ၂၀၁၀မွ ယခုတိုင္ ေရႊ႕ေျပာင္းေနတယ္လို႔ မွတ္သားဖူးပါတယ္
ပခန္းငယ္ ေက်ာင္းၾကီးရဲ႕ ထိန္းသိမ္းရန္ အခ်ိန္မီနိုင္ေသးေသာ မွတ္တမ္းတင္ ဓါတ္ပံုကို ကာလာဓါတ္ပံုျဖင္႔ မွတ္တမ္းတင္ထားနိုင္တာကို ၾကည္႔ရျခင္းအားျဖင္႔ ၁၉၈၀ ေနာက္ပိုင္းကာလအထိ ထိန္းသိမ္းလွ်င္ ျဖစ္နိုင္ေခ်ရွိေသးသည္႔ အေနအထားမွ တစစယိုယြင္းျပီး ပ်က္ဆီးသြားျခင္း ျဖစ္တာ သတိထားမိသလို ယူနက္စကို အဖြဲ႔ဝင္နိုင္ငံအျဖစ္ ၁၉၄၉ခုနွစ္ကတည္းက ေရာက္ရွိေနေပမယ္႔ အမ်ားက အက်ိဳးရွိရွိ အသံုးခ်ေနသလို ကိုယ္က အသံုးမျပဳနိုင္တာကိုေတြးမိျပီး ကမာၻတစ္ပတ္ ေျခဆန္႔ၾကည္႔ျပီး ေခတ္နဲ႔ စနစ္ကိုပဲ ပံုခ်ရမလား မေဝခြဲနိုင္ေတာ႔ပါရွင္။
ဤေဆာင္းပါးတြင္ ရန္ကုန္တကၠသိုလ္ ေရွးေဟာင္းသုေတသန ပညာဌာနမွ ဆရာဦးဘိုဘိုေက်ာ္ ဆရာမေဒၚေအးေအးဦး ဆရာဦးေစာထြန္းလင္းတို႔၏ သင္ခန္းစာမ်ားမွ ကိုးကားပါသည္။
ပခန္းၾကီး ေရွးေဟာင္းသုေတသန ျပတိုက္တြင္ တာဝန္ထမ္းေဆာင္ေနေသာ ဦးေအးမင္းအား အစစအရာရာ ကူညီမႈနွင္႔အတူ ဓါတ္ပံုကို ေဝမွ်မႈအတြက္ ေက်းဇူးအထူး တင္ရွိေၾကာင္း အသိေပးပါသည္။
ေမတၱာျဖင္႔
သွ်င္ေလညင္း
၉၊ ၅၊ ၂၀၁၇
(Unicode Version)
ပခန်းမင်းသားကြီး ဦးရန်ဝေး လှူးဒါန်းခဲ့တဲ့ ပခန်းငယ်ကျောင်းကြီး အဖတ်ဆယ်လို့မရအောင် ပျက်သွားတာကို ဖော်ပြပြီးပါပြီ
MRTVကလာတဲ့ သတင်းတစ်ပုဒ်မှာတော့ ထိုကျောင်းတော်ကြီးကို ရှေးဟောင်းသုတေသနဌာနက ပြန်လည် ထိန်းသိမ်းဖို့ ဆွေးနွေးနေကြတာကို ကြည့်လိုက်ရပါတယ် ပြန်ဆောက်မယ်ဆိုရင်လဲ ရှေးမူမပျက် နဂိုအတိုင်း ဖြစ်ပါစေလို့ ဆုတောင်းပါတယ်
မြန်မာနိုင်ငံမှာတွေ့ရလေ့ရှိတဲ့ ancient monuments ရှေးဟောင်းအဆောက်အအုံတွေဟာ အုတ်သဲကျောက်ဘိလပ်မြေ (ဆီလျော်ရာ နားလည်လွယ်အောင် သုံးထားတယ်)ကို အသုံးပြုထားတဲ့ အရာတွေပဲ များပါတယ် ဒီသဘောက ဒီပစ္စည်းတွေကို အသုံးပြုပြီး တည်ဆောက်ခဲ့မှု များပြားနေတာ မဟုတ်ပဲ ဒီပစ္စည်းတွေနဲ့ တည်ဆောက်ထားသည့် အရာများသာ ပျက်ဆီးမှု အန္တရာယ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း ရှင်သန်ကျန်ခဲ့တာမျိုးပဲ ဒီလိုကျန်ခဲ့တာကလည်း သည်အတိုင်းပစ်ထားရင် အချိန်အတိုင်းအတာ အကန့်အသတ်နဲ့ပဲ ဖြစ်မှာပါ အချိန်တစ်ခုမှာတော့ ပျက်ဆီးပျောက်ဆုံးသွားမှာမလွဲမသွေ
ပခန်းငယ်ကျောင်းဟာ ရာသီဥတုဒဏ်နှင့် လူများ၏ ဖျက်ဆီးမှုတွွေကြောင့် ပျက်စီးယိုယွင်းနေပြီး ချင်းတွင်းမြစ်ကမ်းနဖူး တွင်တည်ရှိသော အနေအထားကြောင့် ရေလွှမ်းမိုးမှုဒဏ်ကို သိသိသာသာပိုခံစားရသည်က အဓိကပျက်စီးစေသော အကြောင်းအရင်းဖြစ်သည်ဟု ရေစကြိုသတင်းမီဒီယာ မှတ်ချက်တွင် ဖတ်လိုက်ရသည် ထို့ကြောင့် ပခန်းငယ် ကျောင်းတော်ကြီးသည် ရေမြှုပ်လေ့ရှိသည်ဟု ဆိုနိုင်မည်
ပခန်းကြီးကျောင်းတော်ကြီးနှင့် ပခန်းငယ်ကျောင်းတော်ကြီးတို့ နှိုင်းယှဉ်ကြည့်လျှင် တည်ဆောက်ချိန် မကွာခြား သော်လည်း ပျက်ဆီးသည့် အနေအထားကဖြင့် မတူတာကို လက်တွေ့လေ့လာနိုင်သည် ထိုကျောင်းတော်ကြီးများကို အခြေခံဖောင်ဒေးရှင်းမှသည် အမိုးတိုင်သုံးစွဲထားသည်က သစ်သား ကျွန်းသား ဖြစ်ပါသည် ကျွန်းဆိုတာ သစ်သားထဲမှာ ကြာရှည်အခံတဲ့ သစ်ဖြစ်သော်လည်း သက်ရှိဒြပ်ပေါင်းတစ်ခု ဖြစ်လို့
သက်တမ်းမှာ အကန့်အသတ်နှင့် ဖြစ်ပါသည် ရှိနေတဲ့နေရာပေါ်မူတည်၍သော်လည်းကောင်း ထိမ်းသိမ်းမှုရှိ၍ သော်လည်းကောင်း ထောင်စုနှစ်သို့တိုင် တည်မြဲအောင် ထိမ်းသိမ်းနိုင်ဖို့ အခွင့်အရေး ရှိသော်လည်း ထိမ်းသိမ်းစောင့်ရှောက်ခြင်းကို မခံရသည့်အပြင် သစ်သားအတွက် ပြင်းထန်လွန်းသော ရာသီဥတုနှင့်
ရင်ဆိုင်ရတဲ့အခါ တစ်ရာစုအတွင်းမှာ အက်ကွဲထွက်ကာ ဆွေးမြေ့ ပျက်စီးသွားလိမ့်မည် ကျွန်းသစ်ဟာ ပေါ့ပါးတယ် ခိုင်ခံတယ် ကြာရှည်ခံတယ် ဆိုတဲ့ ကောင်းကွက်များနဲ့ လှေသဘောင်္များ တည်ဆောက်တဲ့ နေရာမှာတောင် အသုံးချလို့ ရသည်မှန်သော်ငြား သစ်သားချည်း သည်အတိုင်း ရေထဲထည့်ထားလို့ကတော့ ဘယ်ဖြစ်မလဲ သဘာဝလွန် အကာအကွယ်များနှင့်တကွမှသာ သူ့အစွမ်းက ပိုမိုမြင့်မားနေတာပါ ဒါကြောင့် လှေပျက်ကြီးတွေကို ဒိတ်တင်းလိုက်လုပ်နေတဲ့ ဆရာမောင်နိုင်(ရှေးမြန်မာ သဘောင်္တော်ကြီးများ) ကုန်းဘောင်နှောင်းထက် ဆွဲဆန့်မရလို့ တိုင်ပတ်နေတာပေါ့
သစ်သားနဲ့ ပြုလုပ်သော ရှေးဟောင်းပစ္စည်းဆိုတာကလည်း သိတဲ့အတိုင်း looters လို့ခေါ်တဲ့ မြန်မာပြန် မှာတော့ လုယက်သူပေါ့ ဒါပေမယ့် ရှေးဟောင်းသုတေသန မှာတော့ ရည်ညွှန်းချက်က သူခိုး တစ်ဖြစ်လဲ သိုက်သမားပါ သိုက်သမားဆိုရင် ညရောက်မှ ဌာပနာဖောက်တဲ့ သူခိုးလေးရှိသလို သမိုင်းပညာရှင် သမိုင်းဝါသနာရှင် ဆိုပြီး အိမ်ကို သယ်သယ်သွားပြီး တရားမဝင် စျေးကွက်တွေနဲ့ ချိတ်ဆက်ပြီး ပွဲစားလုပ်တတ်တဲ့ သူခိုးကြီးတွေက ပိုဆိုးတာပါ looter, smuggler, collector, dealer အစဉ်အတိုင်း သိုက်သမား၊ ခိုးထုတ်သူ၊ စုဆောင်းသူ နဲ့ ကုန်သွယ်သူ ဘာကြီးပဲခေါင်းစဉ်တပ်ထားတပ်ထား ရှေးဟောင်းသုတေသန အမြင်တွင်တော့ သူခိုးနဲ့ သူခိုးလက်ခံ တစ်တန်းစားတည်းပါ ရှေးဟောင်းပစ္စည်းတစ်ခုရဲ့ အသက်သွေးကြောဖြစ်တဲ့ inventory စာရင်းသွင်းခြင်း လုပ်ငန်းစဉ်ကို ဖျက်ဆီးတဲ့ သူများမဟုတ်လား အင်း မြန်မာနို်င်ငံဟာလဲ သဘာဝ သယံဇာတပစ္စည်းများနဲ့ ရှေးဟောင်းပစ္စည်းများအတွက် source nation ဖြစ်နေပြီး ဆေးဝါးအတု ဓါတုအချိုရည် အလှကုန် အာမခံမရှိတဲ့ ကလေးစားစရာများ အဝတ်အထည်များအတွက် market nation ဖြစ်နေတာကတော့ ဟော ဟို ပျူတွေလက်ထက်ကတည်းကနေမှာ
အဲ ဆက်ပြောရရင် သစ်သား အနုပညာ ပစ္စည်းဆိုတာ သိုက်သမားတွေအတွက် အလွယ်ဆုံး ခိုးရာပါပစ္စည်းဖြစ်ပြီး အရောင်းရဆုံး ခိုးရာပါပစ္စည်းပဲ ဖြစ်နေတော့ ပခန်းငယ်ကျောင်းတော်ကြီးဟာ ထိုအန္တာရယ်ကို ဦးစွာ ရင်ဆိုင်ရင်း ခိုးဖို့မလွယ်ပဲ ကျန်နေတဲ့ အရာများကတော့ ရာသီဥတုဒဏ်နှင့် ထပ်မံရင်ဆိုင်ရင်း ယခုမျက်မြင် အနေအထားဖြင့် တကယ်ပဲ ဝမ်းနည်းဖွယ်ရာ ပျောက်ကွယ်လု ဖြစ်နေပါပြီ
ပခန်းကြီးကျောင်းက ရှေးဟောင်း အမွေအနှစ်လက်ရာတန်ဖိုး အနုပညာတန်ဖိုးနှင့် ပြည့်စုံသည်မှန်သော်လည်း အဆောက်အဦးပိုင်ရှင်ရဲ့ သမိုင်းဝင် အရာရောက်ခဲ့တဲ့ တန်ဖိုးမှာတော့ ပခန်းငယ်ကျောင်းကိုဖြင့် မယှဉ်နိုင်သလို ပါးစပ်ပြော ရာဇဝင်များအရ ပခန်းကြီးကျောင်းဟာ ကျောင်းလက်ခံမည့် ကျောင်းထိုင်ဆရာတော် မရှိတော့သဖြင့် ရေစက်မချလိုက်ရသဖြင့် ဒါနလဲ မမြောက်လိုက်ဘူးလို့ သိရတာကြောင့် ကျောင်းအရာလည်း မမြောက်ခဲ့ ထို့အတွက် တန်ဖိုးချင်းက အထိုက်လျောက် ကွာခြားနေသည်။
ဒါပေမယ့် လူဒဏ်နဲ့ သဘာဝ ရာသီဥတုဒဏ်ကို ပြင်းထန်စွာ ခံစားရဖွယ်ရှိတဲ့ ပခန်းငယ်ကျောင်းတော်ကြီးရဲ့ အဖြစ်သနှစ်ကို တွေးကြည့်ဖို့က လိုရင်းဖြစ်တာကြောင့် အပေါ်က စာပိုဒ်တစ်ချို့ကို မနှစ်သက်ပါက မမြင်ချင်ယောင်ဆောင်ပေးကြပါ လူကြောင့် ပျက်ဆီးခြင်းအကြောင်းတရားဆိုတာ ရှေးဟောင်းပစ္စည်းတွေအတွက် အများဆုံးနဲ့ ထိခိုက်မှု အရှိဆုံးဖြစ်ပါတယ် စာထိုးထားတဲ့ ခေါင်းလောင်းကြီးတွေပေါ်က ကိုကိုနဲ့သျဲအမှတ်တရဆိုတဲ့ ကော်ရက်ရှင်းပန် စာလုံးလေးတွေကအစ ပွတ်ရင် ဘာဖြစ်တယ် ညာဖြစ်တယ် ယုံကြည်နေတဲ့ ဓလေ့များ ချစ်လို့ဆိုပြီး လက်နဲ့ကိုင်ကြည့်တာ ဖေ့ဘွတ်မှာ မျက်ရည်ချူရအောင်ဆိုပြီး ဖလပ်ရှိဂန်းသုံးပြီး ဓါတ်ပုံ မှတ်တမ်းတင်တာ စသဖြင့် လက်သရမ်းတဲ့ အမူအကျင့်များက ၎င်းတို့ကို အထိရောက်ဆုံး ထိုးနှက်ပါတယ် ရှေးဟောင်းအဆောက်အဦးထဲ လူဝင်နေတာ ထင်းမီးသုံး၍ ချက်ပြုတ်တာ စသည်တို့ကြောင့်လဲ ထိခိုက်ပါတယ် ဒါကြောင့် လူကြောင့်ပျက်ဆီးရတဲ့ ခေါင်းစဉ်အောက်မှာ သိုက်တူးခြင်း လက်သရမ်းခြင်း နေထိုင်ခြင်းနဲ့ အကြောင်းမဲ့ ချိုးဖဲ့ဖျက်ဆီးခြင်းတို့ရဲ့ အန္တာရယ်ကို သိနိုင်ပါတယ် တဆက်တည်း အသိပေးစရာရှိပါတယ် စာရေးသူတို့ ပုဂံလေ့လာရေးခရီးတွင် အများပြည်သူ ဓါတ်ပုံဖြင့် မှတ်တမ်းတင်ခွင့် မရသော နံရံဆေးရေး ပန်းချီများကို လေ့လာရေး ခေါင်းစဉ်အောက်က ရောက်နေလျှင် မှတ်တမ်းတင်လို့ ရနေတယ်လို့ အထင်မှားနေတာ ရှိပါတယ် လက်တွေ့မှာ လုံးဝခွင့်မပြုပါဘူး ရှေးဟောင်းသုတေသန ပညာလေ့လာနေသူများဘက်ကလည်း ကျင့်ဝတ်ကို လုံးဝမချိုးဖောက်ပါဘူး ဓါတ်ပုံရိုက်ခွင့် ပေးထားတဲ့ ဘုရားများမှာတောင် မရို်က်ပဲ နေကြလို့ ဆရာတွေက အတင်းရိုက်ခိုင်းနေရပါတယ် ထိုအပြုအမူကို ပြင်းထန်စွာ တားမြစ်ထားတဲ့ ဘုရားများမှာလဲ ဘုရားစောင့်တွေက တခြားသူများကိုသာ လွှတ်ပေးရင် လွှတ်ပေးလိမ့်မယ် ကျောင်းသားများကိုတော့ သူခိုးထက်တောင် တင်းကြပ်တာ ကြုံရင် ရေးပြပါဦးမယ် စာရေးသူ ခရက်ဒစ်ပေးပြီး တင်ဖူးတဲ့ ကျန်စစ်သား ဥမင်ထဲက ထန်းရည်ငှဲ့နေတဲ အမျိုးသမီးပုံဟာလဲ ရှေးခေတ်က ယမကာ သုံးစွဲသည့် အလေ့ ဆိုတဲ့ စာတမ်းကို ပြုစုနေသူ တစ်ဦးအတွက် သီးသန့် ရုံးစာခွင့်ပြုချက်ဖြင့် ဖလက်ရှ်မဖွင့်ပဲ မီးထိုးပြီး မှတ်တမ်းတင်ထား တဲ့ပုံပဲ ဖြစ်ပါတယ်
သဘာဝဒဏ်ဆိုရာတွင် သစ်သားရဲ့ သဘောသဘာဝကို ဦးစွာ သိထားရပါမယ် သစ်သားဟာ သဘာဝ ဒြပ်ပေါင်းဖြစ်ပါတယ် ၎င်းရဲ့ အသက်ရှိ ဇီဝကမ္မ ဖြစ်စဉ်များ ရပ်ဆိုင်းခြင်းခံလိုက်ရပြီ ဆိုတာနဲ့ အစာချက်တဲ့ ကဏ္ဍမရှိတော့ပဲ သေသွားပြီဖြစ်လို့ သဘာဝလွန် ထိမ်းသိမ်းစောင့်ရှောက်မှုသာ မရှိခဲ့လျှင် သူ့သဘာဝအတိုင်း ဆွေးမြေ့ပြီး တဖြေးဖြေး ပျက်ဆီးသွားမှာမလွဲ သဘာဝလွန် ထိမ်းသိမ်းစောင့်ရှောက်ခြင်းဆိုသည်မှာ သစ်သားရဲ့ အပေါ်ယံအလွှာကို သဘာဝ သို့မဟုတ် ဓါတု ဒြပ်ပေါင်း တစ်ခုခု သုတ်လိမ်းထားခြင်းက အလွယ်ဆုံး နည်းလမ်းပါ မြန်မာနိုင်ငံမှာကတော့ ယခုထိတိုင် ရေနံချေးကို သုတ်လိမ်းကြပါတယ် ထိုမှသာ ထိုအကာအလွှာလေးက ရေလေနေ(မီး) ဓါတ်ကြီးသုံးပါးကို ရင်ဆိုင် အံတုပေးပါလိမ့်မယ် ဒါပေမယ့် ထိုအကာအလွှာလေးမှာလဲ ဇရာဆိုတာရှိပါတယ် သူလဲတဖြည်းဖြည်း လုံးပါးပါးလာပြီး အောက်ခံ သစ်သားအလွှာ ပေါ်လာဦးမှာပါပဲ ထို့ကြောင့် အောက်ခံသစ်သားရဲ့ အသွင်သဏ္ဍာန် မပျက်ဆီး မဖုံးလွှမ်းအောင် သတိထားပြီး လိုအပ်သလို ခန ခန သုတ်ပေးရပါမယ် ဘာပဲပြောပြော အမြဲသစ်လွင်နေပြီး ကြည်ညိုဖွယ် ကြည့်ပျော်ရှုပျော်ဖြစ်နေအောင် ထုံးသုတ် ဆေးသုတ် ရွှေချတဲ့ ဂေါပကနည်းကလဲ တစ်မျိုးတော့ ကောင်းသလိုပါ
သဘာဝလွန် နည်းလမ်းဖြင့် ထိမ်းသိမ်းခြင်း မပြုနိုင်ခဲ့လျှင် သစ်သားရဲ့ ပင်ကိုသဘာဝ သတ္တိဟာ တဖြည်းဖြည်း လျော့ကျလာမှာပါ သစ်သားဟာ ပြင်းထန်တဲ့ အပူချိန်မှာဆိုရင် ကျုံ့ပြီး မာသွားပါတယ် စိုထိုင်းစွတ်စိုပြီး မိုးရေထိလိုက်ရင် ပျံ့ကားပြီး ပျော့လာပြန်ပါတယ် ကျုံ့လွန်းပြီး မာပါများရင် မာတဲ့အလျောက် အက်ကြောင်းကြီးတွေ ဖြစ်ပြီး ကွဲထွက်ပါလိမ့်မယ် ပျံကားပါများပြီး ပျော့နေတဲ့ အလျောက်လဲ တမြိမြိ ဆွေးမြေ့ပျက်ဆီးပါလိမ့်မယ် အဆိုးဆုံးကတော့ စိုလိုက် ခြောက်လိုက် ဖြစ်နေတဲ့ အနေအထားပါပဲ စိုနေတုန်း သစ်သားထဲမှာ အပေါက်လေးတွေ ဖြစ်လာပြီး မိုးရေ ဖုန် လေ ဆားနဲ့ အခြားဒြပ်ပေါင်း တစ်ခုခု ဝင်သွားမယ် ထိုအရာများက သစ်သားနဲ့ ပေါင်းပြီး သစ်သားဆဲနံရံများကို ပြင်းထန်စွာ ဓါတ်ပြုမယ် ခြောက်လွန်းလာတဲ့အခါ စိုတုန်းက ပျက်ယွင်းနေတဲ့ အနေအထား အတိုင်းပြန်ကျုံ့သွားမယ် အပေါက်တွေကို ဖိလိုက်သလိုဖြစ်ပြီး အပေါက်လေးတွေ ပျက်ဆီးကာ အပေါက်အချင်းချင်း ဆက်သွားရင် အက်ကြောင်းကြီးတွေ ဖြစ်လာမယ် ထိုအခြေအနေမျိုး ကြုံရဖန် များလာတဲ့ အခါ ထိုသစ်သားရဲ့ သက်တမ်းဟာ တဖြည်းဖြည်း တိုလာပြီး နောက်ဆုံးကျ မျက်စိအောက်မှာတင် ပျောက်သွားမှာပါ
မြန်မာနိုင်ငံရဲ့ ရှေးဟောင်းသုတေသန ရွှေခေတ်ဟာဆိုရင် မထောက်တမ်းပြောရရင် ဒုတိယ ကမ္ဘာစစ်မတိုင်မီ အင်္ဂလိပ် လက်ထက် ကာလပဲ ဖြစ်ပါတယ် ၁၉၀၂ခုနှစ်တွင် စတင်ထူထောင်ခဲ့တဲ့ ကမ္ဗည်းကျောက်စာဌာနအနေနဲ့ မြန်မာနိုင်ငံရှိ ရှေးဟောင်းပစ္စည်းများကို inventory လုပ်ခြင်း အက်ဥပဒေပြဌာန်း၍ ထိမ်းသိမ်းစောင့်ရှောက်ခြင်း စသည်ဖြင့် ရှေးဟောင်းအမွေအနှစ် စောင့်ရှောက်ခြင်း အတတ်ပညာကို မြေစမ်းခရမ်းပျိုး၍ မြန်မာနိုင်ငံသားများကို အသိပညာများ စတင်ဖြန့်ဝေခဲ့ပါတယ် ရီစရာကောင်းတာကလဲ ဝိဘတ်မြူစီယမ်အတွက် မျက်နှာလိုအားရ ပစ္စည်းစုပေးတဲ့ အင်္ဂလိပ် အရာရှိတွေရှိသလို ထိုဖျက်ဆီးမှုကိုပဲ ကန့်ကွက်ပြီး ကာကွယ်ပေးလိုတဲ့ အင်္ဂလိပ်အရာရှိတွေ ရှိနေတာပါပဲ ခိုးတာက တစ်ဌာန တားတာက တစ်ဌာနပေါ့ ခုချိန်ဖြစ်နေတာတွေလိုပါပဲ ဝန်ကြီးဌာနချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းတာမျိုးပေါ့ ဆိုတော့ ထိုအချိန်နောက်ပိုင်းမှာ မြန်မာ့ရှေးဟောင်း အမွေအနှစ်များကို ပြည်သူလူထုကပဲ တတ်နိုင်တဲ့ ဘက်က ထိမ်းသိမ်းလာခဲ့တယ်ပဲ ဆိုရမယ် ဒီနေရာမှာလဲ ဂေါပကတွေရဲ့ ကျေးဇူးများပါတယ် ရှေးမူကို ဖျက်လိုက်ပေမဲ့ ရှေးပစ္စည်းကို ကြာရှည်ခံအောင် သူ့နည်းသူ့ဟန်နဲ့ ရရာနည်းသုံးပြီး ထိမ်းသိမ်းစောင့်ရှောက်ပေးကြရှာပါတယ်
ပြည်သူ ဒေသခံတွေကပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထိန်းလာတဲ့အခါ ငွေကြေးလိုအပ်မှုက အခရာကျလာပါတယ် ဒါ့ကြောင့် ဘုရားစေတီလို အရာမျိုးတွေက လာဘ်သကာယ ပေါများတော့ ဦးစားပေးထိန်းဖို့ လွယ်ကူပါတယ် ထိုလုပ်ရပ်နဲ့ တွဲပြီးပါလာတဲ့ စေတီတစ်ခုရဲ့ သမိုင်းဝင်တန်ဖိုးကို ပိုမို ပြောင်မြောက်၍ ကိုးကွယ်ချင်စိတ် ဖြစ်လာစေရန် အသောကမင်းနဲ့ ဆက်စပ်တဲ့ အလောင်းစည်သူ မင်းကြီးနဲ့ ဆက်စပ်တဲ့ သမိုင်းတွေ တီထွင်တာက ရှေးဟောင်းပစ္စည်းတစ်ခုဟာ သမိုင်းဝင် တန်ဖိုး အများကြီး အရေးပါတာကို ဖော်ပြတဲ့ အကောင်းဆုံး သက်သေပါ ရှေးဟောင်းပစ္စည်းတိုင်း အလှူ့ရှင် ဒါယိကာနဲ့ သမိုင်းဝင် အကြောင်းအရာအလိုက် တန်ဖိုးကွဲပြားနိုင်တာကို ဘုရားဂေါပကတောင် သိနေတာကို သတိချပ်ကြပါ ရွှေချတာ ထုံးသုတ်တာ ဆေးသုတ်တာ ရှေးမူဖျက်ပြီး အသစ်ပြန်လည် တည်ဆောက်တာ ထီးတင်ပစ်လိုက်တာတွေက လွဲလို့ ဒီလိုမျိုး ထိန်းသိမ်းစောင့်ရှောက်ပေးတာ ကျေးဇူးတော့တင်ရမှာပေါ့ ဆိုတော့ ငွေကြေးလိုအပ်ချက်ကြောင့် ဒေသခံပြည်သူတွေ ထိန်းသိမ်းဖို့ မတတ်နိုင်၍ ပစ်ထားရတဲ့အထဲ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို ခံစားရတဲ့ သက်တမ်းအကန့်အသတ်ရှိတဲ့ ပစ္စည်းများနှင့် တည်ဆောက်ထားသော အမွေအနှစ်တွေဟာ တဖြည်းဖြည်း ပျောက်ဆုံးရပါတယ် ဒါတောင် ပခုက္ကူဒေသဟာ ပူပြင်းခြောက်သွေ့ပြီး ရှေးဟောင်းအဆောက်အဦးများ ရှင်သန်ကျန်ရစ်ဖို့ အကောင်းဆုံး ရာသီဥတုမှာ ရှိနေတာပါ မြန်မာနိုင်ငံ အောက်ပိုင်းဒေသလို ပူအိုက်စွတ်စိုတဲ့ ရာသီဥတုမှာတော့ ဒီထက်ပိုပြီး ပျက်ဆီးတဲ့ သာဓကတွေ တွေ့နိုင်မှာပါ
ပခန်းငယ်ကျောင်းဟာ ချင်းတွင်းမြစ်ရေတက်လာချိန်မှာ ရေထဲစိမ်ထားခံရတဲ့ အနေအထားမှာ ရောက်နေပါလိမ့်မယ် တိုင်များကို ဆင်ဖြင့်ဆွဲမပြီး မြေကြီးထဲကို မြှုပ်ရုံ ဖောင်ဒေးရှင်းချထားတဲ့ ကျောင်းတည်ဆောက်ပုံကလည်း ရေမင်းသားရဲ့ အကြိုက်တိုက်ခိုက်မှုကို ခံနေရမှာမလွဲ ရေဆိုတာ မြေကြီးထဲလဲ နေနိုင်သလို သစ်သားလို အရာဝတ္ထုထဲမှာလဲ နေနိုင်တယ် ရေထဲ မြှုပ်မနေတဲ့ အပိုင်းဖြစ်ပေငြား သစ်သားရဲ့ ဆဲအကွက်တွေက ရေကို ပြင်းအားများတဲ့နေရာက အားပျော့တဲ့နေရာကို ပို့ပေးနိုင်တဲ့ အစွမ်းရှိတာကြောင့်လဲ ရေကို အဆင့်ဆင့် သယ်ယူသွားနိုင်ပါတယ် ထို့နောက် မြစ်ရေကျသွားလျှင် အညာနေရဲ့ အပူကြောင့် အထဲက ခေါင်းပေါက်ကြီးတွေ ဆက်ဆက်သွားပြီး အပူရှိန်ကြောင့် ကွဲထွက်ကာ အနာတွေ ပေါ်လာတယ် အနာတွေ ဖြစ်လာပြီဆိုတာနဲ့ ငှက်ချေး သစ်ပင်စသည်တို့က အနာများမှာ ကပ်နေပြီး ရေညှိများ အပင်ငယ်များ ကံဆိုးလျှင် ညောင်ပင်လို အပင်များက အမြစ်တွယ်ပြီး သစ်သားကို သဘာဝမြေသြဇာသဖွယ် အသုံးချပါလိမ့်မယ် ထို့ပြင် ရေကြောင့် အောက်ခြေတိုင်များ စွဲထားရာ မြေပျော့နေချိန် လေပြင်းပြင်း တိုက်ခံရရင်လဲ တိုင်တွေယိုင်နဲ့ကုန်မှာပါ မြစ်ရေနဲ့ အတူပါလာတဲ့ ရွံ့နယ် ရွံ့နစ်များကလဲ ပျက်ဆီးဖို့ တတပ်တအား ပါဝင် အားဖြည့်ပေးလိမ့်ဦးမည်က မလွဲ သဘာဝရဲ့ ဖျက်ဆီးမှုကို အခါခါခံစားရသည့်အထဲ လူတို့ရဲ့ အဆင်ခြင်မဲ့ သုံးစွဲမှုကြောင့် ပခန်းငယ်ကျောင်းတော်ကြီးဟာ ရေတိမ်နစ်နေပါပြီ
ပျက်ဆီးလု သို့မဟုတ် ထိုနေရာတွင် ဆက်လက်တည်ရှိနေလျှင် မုချ ပျက်ဆီးတော့မည့် အနေအထားမှာ ရောက်နေတဲ့ သမိုင်းတန်ဖိုးကြီး ရှေးဟောင်းအမွေအနှစ်တစ်ခု အတွက် အခြေအနေ မဆိုးဝါးခင်က ဘာလုပ်ပေးနိုင်ပါသလဲ ဆိုတဲ့ မေးခွန်းရှိလာပါတယ် မပျက်ဆီးခင်က သစ်သားကို အကာအကွယ်သုတ်၍ ထိန်းသိမ်းတာက အကောင်းဆုံးဆိုပေမယ့် ပခန်းကြီးကျောင်းမှာတောင် ရေနံချေးက အနိုင်နိုင်နဲ့ ဖြစ်တဲ့ အပြင် ပခန်းငယ်ကျောင်းဟာ တည်နေရာချို့ယွင်းမှုကြောင့် လျင်လျင်မြန်မြန် ပျက်ဆီးသွားတာ ပခန်းကြီးကျောင်းနဲ့ နှိုင်းယှဉ်ကြည့်လျှင် အသိသာကြီးပါ အဓိက တရားခံက ရေပဲ ဖြစ်ပါလိမ့်မယ် မြစ်ရေတက်လာချိန် ဘယ်လိုအံတုမလဲ စဉ်းစားသင့်ပါတယ် ရွှေစက်တော်က အောက်စက်တော်ရာကို ထိန်းသိမ်းတဲ့ နည်းနဲ့ ရေတက်တဲ့ အချိန် သံအုပ်ဆောင်းကြီး ချထားလို့ ရနိုင်မလားလို့ စဉ်းစားကြည့်ရင်လဲ မဖြစ်နိုင်ဖို့က များပါတယ် ရေလဲ လုံတာမဟုတ် အရွယ်နဲ့ ပါဝင်ပစ္စည်းကလဲ မတူပါ ထို့ပြင် ရေကို အံတုဖို့က ခုချိန်ထိ မဖြစ်နိုင်သေးတဲ့အပြင် စားရိတ်စက ကြီးမားမှုကလဲ ဝန်ထုတ်ဝန်ပိုး ဖြစ်စေခဲ့မှာပဲ မဟုတ်လား မပျက်ဆီးခင်အချိန်မှာ rescue archaeology ကို အကောင်အထည် ဖော်နိုင်ရင်တော့ အများကြီး အဆင်ပြေသွားပါလိမ့်မယ်လို့ စိတ်ကူးယဉ်မိပါတယ်
ကမ္ဘာ့ rescue archaeologyသမိုင်းမှာ အကြီးမားဆုံးဖြစ်တဲ့ နိုင်းမြစ်ဝမ်းတွင် Aswan ရေတမံကြီးတည်ဆောက်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးခံစားနိုင်ဖွယ်ရှိတဲ့ အီဂျစ်နဲ့ ဆူဒန်နိုင်ငံများပိုင် နမ်ဘီးယား ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များဟာ ရံဖန်ရံခါ ကြုံတွေ့နိုင်တဲ့ ရေလွှမ်းမိုးမှု ဒဏ်ကြောင့် ပျက်ဆီးရမည့် အရေးမှ ကယ်ဆယ်နိုင်ရန် rescue archaeologyကို သုံးပြီး ထိုရေတံမံကြီးထက် ပိုမို မြင့်မားတဲ့ နေရာကို ပြောင်းရွှေ့ခဲ့ပါတယ် ၁၉၆ဝမှ ၁၉၈၀ အထိ ကြာမြင့်တဲ့ ပရောဂျက်ကြီး ဖြစ်ပြီး ယူနက်စကိုရဲ့ အကူအညီနဲ့ အကောင်အထည် ဖော်ခဲ့တာပါ ရွှေ့ပြောင်းခံရတဲ့ ဧရိယာကြီးဟာ habitation ဆိုဒ်ကြီးဖြစ်တာနဲ့အညီ ကြီးမားကျယ်ပြန့်ပြီး ရာပေါင်းများစွာသော ဆိုဒ်များနဲ့ ထောင်ပေါင်းများစွာသော ရှေးဟောင်းပစ္စည်းများကို အောင်မြင်စွာ ရွှေ့ပြောင်းနိုင်ခဲ့ပါတယ် ထို့ပြင် Mes Aynak မဆိုင်းညက်လို့ခေါ်တဲ့ အာဖကန်နစ္စတန်မှာရှိတဲ့ ရှေးဟောင်းဒေသက ဗုဒ္ဓသာသနိက အဆောက်အဦးများစွာကိုလည်း ထိုနည်းလမ်းဖြင့် ၂၀၁ဝမှ ယခုတိုင် ရွှေ့ပြောင်းနေတယ်လို့ မှတ်သားဖူးပါတယ်
ပခန်းငယ် ကျောင်းကြီးရဲ့ ထိန်းသိမ်းရန် အချိန်မီနိုင်သေးသော မှတ်တမ်းတင် ဓါတ်ပုံကို ကာလာဓါတ်ပုံဖြင့် မှတ်တမ်းတင်ထားနိုင်တာကို ကြည့်ရခြင်းအားဖြင့် ၁၉၈၀ နောက်ပိုင်းကာလအထိ ထိန်းသိမ်းလျှင် ဖြစ်နိုင်ချေရှိသေးသည့် အနေအထားမှ တစစယိုယွင်းပြီး ပျက်ဆီးသွားခြင်း ဖြစ်တာ သတိထားမိသလို ယူနက်စကို အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၄၉ခုနှစ်ကတည်းက ရောက်ရှိနေပေမယ့် အများက အကျိုးရှိရှိ အသုံးချနေသလို ကိုယ်က အသုံးမပြုနိုင်တာကိုတွေးမိပြီး ကမ္ဘာတစ်ပတ် ခြေဆန့်ကြည့်ပြီး ခေတ်နဲ့ စနစ်ကိုပဲ ပုံချရမလား မဝေခွဲနိုင်တော့ပါရှင်။
ဤဆောင်းပါးတွင် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ပညာဌာနမှ ဆရာဦးဘိုဘိုကျော် ဆရာမဒေါ်အေးအေးဦး ဆရာဦးစောထွန်းလင်းတို့၏ သင်ခန်းစာများမှ ကိုးကားပါသည်။
ပခန်းကြီး ရှေးဟောင်းသုတေသန ပြတိုက်တွင် တာဝန်ထမ်းဆောင်နေသော ဦးအေးမင်းအား အစစအရာရာ ကူညီမှုနှင့်အတူ ဓါတ်ပုံကို ဝေမျှမှုအတွက် ကျေးဇူးအထူး တင်ရှိကြောင်း အသိပေးပါသည်။
မေတ္တာဖြင့်
သျှင်လေညင်း