<Zawgyi Version)
ဆရာ ေဇာ္ဂ်ီသည္ ဧရာ၀တီတိုင္း၊ ဖ်ာပံုျမဳိ႕ဇာတိျဖစ္၍ အဖဦးေယာ၊ အမိေဒၚစိန္ညြန္႕တို႕မွ ၁၉၀၇-ခုႏွစ္၊ ဧျပီလ ၁၂ရက္၊ ေသာၾကာေန႕တြင္ ဖြားျမင္သည္။ ေမြးခ်င္း ကိုးေယာက္ အနက္ အႀကီးဆံုး ျဖစ္သည္။ အမည္ ရင္းမွာ ဦးသိန္းဟန္ ျဖစ္ပါသည္။
ဆရာ ေဇာ္ဂ်ီသည္ ငယ္စဥ္ ကေလးဘ၀ ကတည္းက ျမန္မာမႈ၊ ျမန္မာ စာေပ တို႔ႏွင့္ အကၽြမ္းတ၀င္ ရင္းႏွီး ခဲ့သည္။ အေၾကာင္းမွာ ဆရာ ေဇာ္ဂ်ီတို႔ အိမ္တြင္ လူႀကီးမ်ား စုေ၀းကာ စာအေၾကာင္း ေပအေၾကာင္း ေျပာၾက ေသာေၾကာင့္ ျဖစ္သည္။
သတၲမတန္း အေရာက္တြင္ ၁၉၂ဝ ျပည့္ ပထမ ေက်ာင္းသား သပိတ္တြင္ ပါဝင္ ခဲ့သည္။ အမ်ဳိးသား ေက်ာင္းမ်ား ျမန္မာျပည္ အႏွံ႕ ေပၚေပါက္ လာေသာ အခါ ဆရာ ေဇာ္ဂ်ီသည္ ဖ်ာပံုၿမိဳ႕၊ အမ်ဳိးသား ေက်ာင္းသို႕ ေျပာင္းေ႐ႊ႕ ပညာ ဆည္းပူး ခဲ့သည္။ ထိုမွ တဖန္ ရန္ကုန္ၿမိဳ႕၊ ၿမိဳ႕မ ေက်ာင္းသုိ႕ ေျပာင္း၍ ၁၁ ဆင့္ ေအာင္သည္ အထိ ပညာ ဆည္းပူး ခဲ့သည္။ ထိုစဥ္က ေက်ာင္းအုပ္ ဆရာႀကီးမွာ ဦးဘလြင္ ျဖစ္ပါသည္။
၁၉၂၄ တြင္ ရန္ကုန္ၿမ့ဳိ အမ်ဳိးသား အထက္တန္း ေက်ာင္းႏွင့္ ၿမ့ဳိမ အမ်ဳိးသား အထက္တန္း ေက်ာင္းတို႔တြင္ ပညာ သင္ၾကား ခဲ့သည္။ ၿမ့ဳိမ ေက်ာင္းသား ဘ၀တြင္ ကဗ်ာမ်ား စတင္ ေရးသား ခဲ့သည္။ ၁၉၂၄ တြင္ ဆာေဂ်ေအ ေမာင္ႀကီး၏ သစၥာ ၀ါဒီ သတင္းစာက ႀကီးမႉးၿပီး ကဗ်ာ ဘာသာျပန္ ၿပဳိင္ပြဲ က်င္းပ ခဲ့သည္။ ျမန္မာ ဘာသာသို႔ ျပန္ဆို ရမည့္ ကဗ်ာမွာ အဂၤလိပ္ ကဗ်ာ ဆရာ ဟင္နရီ ေ၀ါတန္ (Henry Wotton) ၏ The Character of a Happy Life အမည္ရွိ ကဗ်ာ ျဖစ္သည္။ ဆရာ ေဇာ္ဂ်ီသည္ ကဗ်ာ ၿပဳိင္ပြဲတြင္ ၀င္ေရာက္ ယွဥ္ၿပဳိင္ရာ ပထမဆု ရရွိ ခဲ့သည္။
ဆာေဂ်ေအ ေမာင္ႀကီးက ေရႊဒဂၤါး ၅ ျပား ဆုခ် ခဲ့သည္။ ၁၉၂၅ တြင္ ဆရာ ေဇာ္ဂ်ီသည္ ရန္ကုန္ တကၠသိုလ္တြင္ တက္ေရာက္ ပညာ သင္ၾကား ခဲ့သည္။ တကၠသိုလ္သို႔ ေရာက္ေသာအခါ ေရွးေဟာင္း ျမန္မာ့ စာေပကို စနစ္တက် ေလ့လာခြင့္ ရသကဲ့သို႔ တဘက္တြင္လည္း ကမၻာ့ စာေပ မ်ားကိုလည္း က်ယ္က်ယ္ ျပန္႔ျပန္႔ လိုက္စား ႏိုင္ခဲ့သည္။ အဂၤလိပ္ ကဗ်ာမ်ားကို ဖတ္ၿပီး ကဗ်ာသစ္ကို စမ္းသပ္ ေရးဖြဲ႔ခ်င္စိတ္ ေပါက္လာသည္။ ၁၉၂၈ တြင္ ဆရာ ေဇာ္ဂ်ီသည္ သူ၏ နာမည္ေက်ာ္ “ပိေတာက္ပန္း” ကဗ်ာကို ေရးဖြဲ႔ ခဲ့သည္။
ဆရာ ေဇာ္ဂ်ီသည္ တကၠသိုလ္ ေက်ာင္းသား ဘ၀တြင္ သူ႔လို ၀ါသနာတူ သူငယ္ခ်င္း ဆရာ မင္းသု၀ဏ္ႏွင့္ တြဲမိ သြားသည္။ သူတို႔ ႏွစ္ဦးသည္ ေရွးေဟာင္း ကဗ်ာမ်ားမွ ေတြးပံု ေတြးနည္း၊ ေရးပံု ေရးနည္း မ်ားကို လမ္းသစ္ ခြဲထြက္ ၾကသည္။ မိမိ ခံစားရေသာ အျမင္ကိုသာ အလွပဆံုး၊ အထိမိဆံုး ေရးဖြဲ႔ ၾကသည္။ ထို ကဗ်ာမ်ားကို တကၠ သိုလ္ မဂၢဇင္း၊ ဂႏၱေလာက မဂၢဇင္း၊ ႀကီးပြားေရး မဂၢဇင္းမ်ားတြင္ ေရးသား ၾကသည္။
၁၉၃၄ တြင္ ဆရာႀကီး ဦးေဖေမာင္တင္က ဆရာ ေဇာ္ဂ်ီ၊ ဆရာ မင္းသု၀ဏ္ႏွင့္ တကၠသိုလ္ ပုရ၀ဏ္ အတြင္း ေရးသား ေနၾကေသာ ကဗ်ာ မ်ားကို စုစည္း ထုတ္ေ၀ရာမွ ‘ေခတ္စမ္း ကဗ်ာ’ ဟု အမည္ တြင္လာသည္။ ဆရာ ေဇာ္ဂ်ီသည္ ရန္ကုန္ တကၠသိုလ္ ေက်ာင္းသား ဘ၀တြင္ တကၠ သိုလ္ ပုရ၀ဏ္ ထဲမွ ဆရာႀကီး ဦးေဖေမာင္တင္၊ ဆရာပြား၊ ပါေမာကၡ လုစ္၊ ပါေမာကၡ ဂုဒ္တို႔ထံမွ အဂၤလိပ္ စာေပ၊ ျမန္မာ စာေပတို႔ကို ေလ့လာ ဆည္းပူးခြင့္ ရခဲ့သည္။
၎အျပင္ ျပင္ပ စာေပ ေလာကမွလည္း ဆရာႀကီး သခင္ ကိုယ္ေတာ္မိႈင္း၊ အမ်ဳိးသား ပညာ၀န္ ဦးဖိုးက်ား၊ ဒီးဒုတ္ ဦးဘခ်ဳိ တို႔ထံမွ ျပင္ပ စာေပ ဗဟုသုတ မ်ားကို ၾကားနာခြင့္ ရသည္။ ဆရာ ေဇာ္ဂ်ီသည္ မိမိထက္ အတန္းႀကီးေသာ သိပၸံ ေမာင္၀ထံမွ အက္ေဆး သေဘာတရားမ်ား၊ ဗဟုသုတမ်ား ရရွိခဲ့ၿပီး မိမိထက္ ငယ္ေသာ ဆရာ မင္းသု၀ဏ္ ႏွင့္လည္း ကဗ်ာ ေရးေဖာ္ ေရးဖက္ ျဖစ္လာသည္။
ဆရာ ေဇာ္ဂ်ီသည္ ၁၉၂၉-၃ဝ ပညာသင္ ႏွစ္တြင္ ရန္ကုန္ တကၠသိုလ္မွ ဝိဇၨဘြဲ႕ ရခဲ့သည္။ ဆရာ ေဇာ္ဂ်ီသည္ မိမိ ပညာ ဆည္းပူး ခဲ့ရာ ၿမိဳ႕မ အမ်ဳိးသား အထက္တန္း ေက်ာင္းတြင္ အထက္တန္းျပ ဆရာ အျဖစ္ ၁၉၃၁ ခုႏွစ္မွ ၁၉၃၄ ခုႏွစ္ အထိ တာဝန္ ထမ္းေဆာင္ ခဲ့ပါသည္။ ေက်ာင္းဆရာ လုပ္ေနစဥ္ မွာပင္ ဖ်ာပံုၿမိဳ႕ ကေန ၁၉၃၁ ဇန္နဝါရီလက စၿပီး ထုတ္ေဝ ခဲ့တဲ့ ‘ျမန္မာ့ အာဇာနည္’ ဂ်ာနယ္မွာ ဆရာ ေဇာ္ဂ်ီသည္ အယ္ဒီတာ အဖြဲ႕ဝင္ အျဖစ္ တာဝန္ ယူခဲဲ့သည္။
သို႕ေသာ္လည္း ဂ်ာနယ္သည္ အမွတ္ ၇ မွ်သာ ေရးသား ထုတ္ေဝ ခဲ့ႏိုင္ၿပီး ျဖန္႕ခ်ိမႈ အခက္အခဲေၾကာင့္ ရပ္ဆုိင္း ခဲ့ရသည္။၁ ၿမိဳ႕မေက်ာင္း ေက်ာင္းဆရာ အျဖစ္ တာဝန္ ထမ္းေဆာင္ ေနစဥ္ ဆရာ ေဇာ္ဂ်ီသည္ ဝိုင္အမ္ဘီေအ အသင္းႀကီးက ႀကီးမွဴး က်င္းပေသာ ေဟာေျပာပြဲတြင္ အဂၤလိပ္ ဘာသာျဖင့္ စာေပ ေဝဖန္ေရး စာတမ္း တစ္ေစာင္ ဖတ္ၾကား တင္သြင္း ခဲ့ပါသည္။ စာဆုိ ဝန္ႀကီး ပေဒသရာဇာႏွင့္ စိႏၳေက်ာ္သူ ဦးၾသ တုိ႕အေၾကာင္း ျဖစ္ပါသည္။ စာတမ္း အမည္မွာ ‘Eighteenth Century Poets in Burma’ ျဖစ္ပါသည္။ စာတမ္း တင္သြင္းေသာ ခုႏွစ္မွာ ၁၉၃၂ ခု ၾသဂုတ္လ ၂၈ ရက္ ျဖစ္ပါသည္။
သဘာပတိမွာ ဆရာႀကီး ဦးလူေဖဝင္း ျဖစ္ပါသည္။ ထုိ စာတမ္းကို ရန္ကုန္တိုင္းမ္ (Rangoon Time) အဂၤလိပ္ ဘာသာ သတင္းစာတြင္ ထည့္သြင္း ေဖာ္ျပ ခဲ့ပါသည္။ ထို စာတမ္းကို ဖတ္မိေသာ ရန္ကုန္ တကၠသိုလ္ အဂၤလိပ္စာ ပါေမာကၡ ႐ုခ္က အလြန္ ႏွစ္သက္ သေဘာ က်၍ ဆရာ ေဇာ္ဂ်ီကို ေခၚယူကာ မဟာ ဝိဇၨာတန္း တက္ရန္ တိုက္တြန္း ခဲ့ေလသည္။ သို႕ျဖင့္ ဆရာ ေဇာ္ဂ်ီသည္ ၁၉၃၄ ခုႏွစ္တြင္ ၿမိဳ႕မ ေက်ာင္းမွ ထြက္၍ မဟာ ဝိဇၨာတန္းတြင္ အဂၤလိပ္ စာေပႏွင့္ ျမန္မာ စာေပ ႏွစ္ဘာသာ (Double Literature) ယူကာ ၁၉၃၆ ခုႏွစ္တြင္ မဟာ ဝိဇၨဘြဲ႕ ရခဲ့သည္။
၁၉၃၈ ခုႏွစ္ အထိ မႏၲေလး ဥပစာ ေကာလိပ္တြင္ ျမန္မာစာ နည္းျပ အျဖစ္ ေဆာင္႐ြက္သည္။ ၁၉၃၆-၄ဝ ျပည္ႏွစ္ မ်ားတြင္ အဂၤလန္ ႏိုင္ငံ ဒဗ္ဗလင္ တကၠသိုလ္ မ်ားတြင္ စာၾကည့္တိုက္ ပညာ သင္ၾကား၍ ဒီပလိုမာဘြဲ႕ ရရွိသည္။ ၁၉၄၁ ခုႏွစ္တြင္ ရန္ကုန္ တကၠသိုလ္ စာၾကည့္တိုက္မွဴး တာဝန္ ထမ္းေဆာင္သည္။ ၁၉၄၁-ခုႏွစ္တြင္ ရန္ကုန္ ေနရွင္နယ္ အမ်ဳိးသမီး ေက်ာင္းမွ အထက္တန္းျပ ဆရာမ ေဒၚေစာရင္ (ဘီေအ- ဘီအီးဒီ) ႏွင့္ လက္ထပ္ ခဲ့သည္။
၁၉၄၂ ခုႏွစ္ ဒုတိယ ကမာၻစစ္ အတြင္း ျမန္မာ အစိုးရ၏ ပညာေရး ဝန္ႀကီး ဌာန ဒုတိယ ၫႊန္ၾကားေရးဝန္ (စာေပႏွင့္ စာၾကည့္တိုက္ ဌာန) တာဝန္ ထမ္းေဆာင္ၿပီး ၁၉၄၆ ခုႏွစ္တြင္ ရန္ကုန္ တကၠသိုလ္ စာၾကည့္တိုက္မွဴး တာဝန္ ထမ္းေဆာင္ ခဲ့သည္။ ၁၉၄၇-၄၈ ခုႏွစ္ မ်ား၌ တိုင္းျပဳ ျပည္ျပဳ လႊတ္ေတာ္ ႐ံုးႏွင့္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္႐ံုး အထူး အရာရွိႏွင့္ အေျခခံ ဥပေဒ အေခ်ာကိုင္ ေကာ္မတီ အဖြဲ႕ဝင္ တာဝန္ ထမ္းေဆာင္ ခဲ့ၿပီး ၁၉၄၈ ခုႏွစ္တြင္ ဝဏၰ ေက်ာ္ထင္ဘဲြ႕ ရရွိသည္။
၁၉၅၁-၅၇ ခုႏွစ္ မ်ား၌ ေက်ာင္းသံုး စာအုပ္ ျပဳစုေရး (ထုတ္လုပ္ေရး) ၫႊန္ၾကားေရးဝန္ တာဝန္ႏွင့္ ၁၉၅၉ ခုႏွစ္၌ ျမန္မာ ႏိုင္ငံ သမိုင္း ေကာ္မရွင္ ဥကၠဌ တာဝန္ မ်ားကို ထမ္းေဆာင္ ခဲ့သည္။ ၁၉၅၁ တြင္ ဆရာ ေဇာ္ဂ်ီသည္ အစိုးရ ပညာေရး မစ္ရွင္အဖြဲ႔ ႏွင့္အတူ အဂၤလန္၊ အေမရိကန္၊ မကၠဆီကို၊ ကေနဒါ ႏိုင္ငံ မ်ားသို႔ သြားေရာက္ ေလ့လာခဲ့သည္။ ထို႔ေနာက္ စာၾကည့္တိုက္မႉး အျဖစ္ ျပန္လည္ ထမ္းရြက္သည္။ ၁၉၅၅ တြင္ ထိုင္းႏိုင္ငံ၊ ၁၉၆၁ တြင္ တ႐ုတ္ႏိုင္ငံ မ်ားသို႔ ရန္ကုန္ တကၠသိုလ္ ခ်စ္ၾကည္ေရး အဖြဲ႔ႏွင့္ အတူ သြားေရာက္ ခဲ့သည္။
၁၉၆၁ ခုႏွစ္တြင္ ဂုဏ္ထူးေဆာင္ ျမန္မာစာ ပါေမာကၡ အျဖစ္ႏွင့္ သီရိပ်ံခ်ီဘဲြ႕ ရရွိသည္။၁၉၆၅ – ၇၅ ခုႏွစ္ မ်ားတြင္ပညာရပ္ ေဝါဟာရ ေကာ္မတီ ဥကၠဌႏွင့္ အမ်ဳိးသား စာေပဆု စိစစ္ ေ႐ြးခ်ယ္ေရး ေကာ္မတီ ဥကၠဌ အျဖစ္ ေဆာင္႐ြက္ ခဲ့သည္။ ၁၉၆၇ ခုႏွစ္၌ တကၠသိုလ္မ်ား ဗဟုိ စာၾကည့္တိုက္မွဴး အျဖစ္မွ အၿငိမ္းစား ယူၿပီး ပညာေရး အထူး အရာရွိ (၁)၊ ျမန္မာ ႏိုင္ငံ သုေတသန အသင္း ဥကၠဌ တာဝန္ မ်ားကို ထမ္း႐ြက္ ခဲ့ၿပီး၊ ၁၉၇၆ ခုႏွစ္တြင္ ႏိုင္ငံ သမိုင္း သုေတသန ဦးစီး ဌာန အႀကံေပး ပုဂၢဳိလ္ အျဖစ္ပါ တာဝန္ ယူခဲ့သည္။
ဆရာ ေဇာ္ဂ်ီသည္ ‘သခင္ ကိုယ္ေတာ္မႈိင္း ဋီကာ’ စာအုပ္ျဖင့္ ၁၉၅၅ ခုႏွစ္ အတြက္ စာေပ ဗိမာန္ စာပေဒသာ ဆု၊ ‘နင္ လားဟဲ့ ခ်စ္ဒုကၡႏွင့္ အျခား ဝတၴဳတုိမ်ား’ စာအုပ္ျဖင့္ ၁၉၇၉ ခုႏွစ္ အတြက္ အမ်ဳိးသား စာေပဆု (ဘာသာျပန္ စာေပ)၊ ‘ေရွးေခတ္ ပုဂံ ကဗ်ာမ်ားႏွင့္ အျခား ကဗ်ာမ်ား’ စာအုပ္ျဖင့္ ၁၉၈၇ ခုႏွစ္ အတြက္ အမ်ဳိးသား စာေပဆု (ကဗ်ာဆု) တုိ႕ကို ရရွိ ခဲ့သည္။
ဆရာ တက္တိုးက ဆရာ ေဇာ္ဂ်ီကို ဒႆန စာဆုိ (Philosopher Poet) ဟူ၍ လည္းေကာင္း၊ ဆရာ မင္းသုဝဏ္ ကို သုေတသီ စာဆို (Scholar Poet) ဟူ၍ လည္းေကာင္း ဆိုမိန္႕ဖူးသည္။
ဆရာ ေဇာ္ဂ်ီသည္ အသက္ (၈၃) ႏွစ္ အ႐ြယ္ ၁၉၉ဝ ျပည့္ႏွစ္ စက္တင္ဘာလ ၂၆ ရက္ေန႕တြင္ ဆရာ ေနထိုင္ရာ ရန္ကုန္ၿမိဳ႕ ဗဟန္း ၿမိဳ႕နယ္ ကေမာၻဇလမ္း အမွတ္ (၁ဝ-က) ေနအိမ္တြင္ ကြယ္လြန္ ခဲ့သည္။
ဆရာ ေဇာ္ဂ်ီသည္ ျမစ္ဝ ကၽြန္းေပၚ ဖ်ာပံု ဇာတိ ျဖစ္ပါသည္။ သို႔ရာတြင္ ဆရာ၏ မိဘ မ်ဳိး႐ိုးမွာ အညာ ဇာတိမ်ား ျဖစ္ေၾကာင္း ယခု ကဲ့သုိ႔ အမိန္႔ရွိ ခဲ့ပါသည္။“ဆရာ့ အဘုိး၊ ဆရာ့ အေဖ၊ ဆရာ့ အေမ တို႔က အညာ ဇာတိပါ။ ပခုကၠဴ၊ ေရစႀကိဳ၊ ဆင္ျဖဴကၽြန္း ဘက္ကေန ျမစ္ဝ ကၽြန္းေပၚ ဘက္ကို ေရၾကည္ရာ ျမက္ႏုရာ ေရႊ႔လာ သူေတြပါ။ အဲဒီ တုန္းက အညာက ဆင္းလာ သူေတြ တပံုႀကီးပဲ။ ဒါေၾကာင့္ ဖ်ာပံု၊ က်ဳိက္လတ္ ၿမိဳ႕ေတြမွာ ဆင္ျဖဴကၽြန္း လမ္းတို႔၊ ပခုကၠဴ လမ္းတို႔ ဆိုၿပီး ရွိၾကတယ္။ အညာက တစ္ၿမိဳ႕တည္းသားေတြ စုေနတဲ့ ေနရာကုိ အစြဲျပဳၿပီး လမ္း နာမည္ေတြ မွည့္ၾကတယ္။”ထို႔ေၾကာင့္ ဆရာ ေဇာ္ဂ်ီတို႔ အဘိုး အဘြား တို႔မွာ အညာ ဇာတိ ျဖစ္၍ ဆရာ ေဇာ္ဂ်ီလည္း အညာေသြး ပါသည္ဟု ဆုိႏိုင္ ပါသည္။
ငယ္စဥ္ ကာလ ဖ်ာပံု ၿမိဳ႕တြင္ ပညာ ရွာခဲ့ပုံ၊ ရန္ကုန္၊ ၿမိဳ႕မ ေက်ာင္းတြင္ ပညာ ဆက္လက္ ဆည္းပူး ပုံႏွင့္ ပတ္သက္၍ ဆရာ ေဇာ္ဂ်ီ အမိန္႔ ရွိခဲ့ပုံ –
“၁၉၂၃-၂၄ ေလာက္ကပဲ တကၠသိုလ္ မေရာက္ခင္ အဆင့္တက္ဖို႔ ဆရာ ႀကိဳးစား ခဲ့ရ ပုံေလးကုိ ေျပာျပ ရဦးမယ္။ ဖ်ာပံု ၿမိဳ႕မွာ (၇) ဆင့္ထိ စာသင္ ရတယ္။ ေက်ာင္းသား သပိတ္ ျဖစ္ေတာ့ ဖ်ာပုံ ၿမိဳ႕မ ေက်ာင္းကပါ သပိတ္ ေမွာက္တယ္။ ရန္ကုန္ကို (၇) တန္း ေအာင္ေတာ့ စာသင္ဖုိ႔ လာရတယ္။ အဲဒီ တုန္းက သရက္ေတာ ေက်ာင္းတိုက္မွာ ေနၿပီး စာသင္ ရတယ္။ ႏိုင္ငံေရး အေျခအေန ကလည္း မေကာင္းဘူး။ ျမန္မာျပည္ကို ဒိုင္အာခီ အုပ္ခ်ဳပ္ေရး ေပးေတာ့ ဦးေမာင္ႀကီးက ပညာေရး ဝန္ႀကီး၊ ႏိုင္ငံေရး မွာလည္း အကြဲအၿပဲ ေတြနဲ႔။
ဦးဘေဖ တို႔က ဒိုင္အာခီ အုပ္ခ်ဳပ္ေရးကို လက္ခံ လိုက္တယ္။ ေနရွင္နယ္ အမ်ဳိးသား ေက်ာင္းေတြ ပ်က္ေတာ့ ဆရာ (၁ဝ) ဆင့္ ေအာင္ၿပီ။ ေက်ာင္းေတြ ပိတ္လိုက္လို႔ ဖ်ာပံု ေက်ာင္းမွာ ျပန္ၿပီး လုပ္အားေပး ေနရတယ္။ ဆရာက ေက်ာင္းျပန္ တက္ခ်င္တယ္၊ အေဖက ခြင့္မျပဳဘူး။ ဒါနဲ႔ အေမ့ကုိ ကပ္ၿပီး ပူဆာ ရတယ္။ အေမက ေငြ (၄ဝိ/-) ေပးၿပီး ရန္ကုန္ကုိ လႊတ္လိုက္တယ္။
ရန္ကုန္၊ ၿမိဳ႕မ ေက်ာင္းမွာ ေက်ာင္းအုပ္ႀကီးက ဆရာ ဦးဘလြင္၊ ေက်ာင္းအုပ္ႀကီး ဆီသြား (၁၁) ဆင့္မွာ ေနရဖို႔ ေျပာတယ္။ ေနရွင္နယ္ အမ်ဳိးသား ေက်ာင္းက (၁ဝ) တန္းဆင့္ကုိ အသိအမွတ္ မျပဳဘူး။ (၁ဝ) ဆင့္မွာပဲ ေနရမယ္တဲ့။ ဆရာ ကလည္း (၁ဝ) ဆင့္ကို အရည္အခ်င္း အျပည့္နဲ႔ ေအာင္ခဲ့ တာပါ။ ဆရာႀကီး မယုံရင္ ႀကိဳက္ရာ ဘာသာကို စစ္ၾကည့္ပါ။ အေျဖကုိ မႀကိဳက္ရင္ (၁ဝ) ဆင့္မွာပဲ ေနပါ့မယ္။ ဆရာႀကီးက ကြၧန္ေတာ့္ အေျဖေတြကို ႀကိဳက္ရင္ (၁၁) ဆင့္ ထားပါလို႔ ေျပာလိုက္တယ္။
ဒီေတာ့ ‘ဆရာႀကီးက အာဂ၊ လာတဲ့ ခ်ာတိတ္’ ပါလားကြယ္၊ ကပ္ ေစ်းဆစ္ တယ္လို႔ ေျပာၿပီး ေနာက္ေန႔ (၁၁) နာရီ လာခဲ့လို႔ မွာတယ္။‘ဆရာ့ သူငယ္ခ်င္းေတြ ကုိႏု (သခင္ႏု)၊ ကုိခ်စ္ တို႔က ဆရာ ႐ုံးခန္း ထဲက ထြက္လာေတာ့ အေျခ အေန ကုိလည္းေမး။ ရ ရမွာ ေပါ့ကြာ လို႔လည္း အားေပး နဲ႔ေပါ့။ သူတို႔နဲ႔က ဘာသာ ခ်င္းလည္း မတူ၊ ေက်ာင္းခ်င္းလည္း ကြဲေန ေပမယ့္ ခင္ၾကတယ္။
ဒီလိုနဲ႔ ေနာက္ေန႔ ဆရာႀကီးဆီ သြားေတာ့ အဂၤလိပ္စာနဲ႔ အတြက္ (သခၤ်ာ) ကုိ ေျဖရတယ္။ တဘာသာ တနာရီစီ ေျဖရတယ္။ အဂၤလိပ္စာ ေျဖၿပီး (၁ဝ) မိနစ္နား၊ ေနာက္ အတြက္ ေျဖေပါ့။ ေျဖလို႔ ၿပီးသြားေတာ့ ဆရာႀကီးထံ အေျဖစာအုပ္ အပ္ရင္း ‘ဘယ္ေတာ့ သိရ မလဲ ဆရာႀကီး’ လို႔ ေမးလိုက္တယ္။
‘ဟ ျမန္လွ ေခ်လား၊ သိရမွာ ေပါ့ကြာ’ လို႔ ဆိုၿပီး ေနာက္ေန႔ (၃) နာရီကို ခ်ိန္းလိုက္တယ္။ အဲဒီ တုန္းက ဆရာျမ (သခင္ျမ)၊ ဆရာ ဦးသာခင္၊ ဆရာ ဘသန္း (ဝတ္လုံ ဦးဘသန္း) တို႔က ဆရာ ေဟာင္းေတြ ျဖစ္ေနေတာ့ ေက်ာင္းမွာ ပဲေန၊ ေက်ာင္းက ေဘာ္ဒါေဆာင္ မွာပဲ ထမင္း ဝင္စားနဲ႔ ေနာက္ေန႔ က်ေတာ့ ႐ုံးခန္းထဲ ဝင္သြား သြားခ်င္း ဆရာႀကီးက ‘ခ်ာတိတ္၊ ရတယ္ ရတယ္၊ နက္ျဖန္ ေက်ာင္းတက္၊ ပိုက္ဆံ ေပးခဲ့၊ ေဘာ္ဒါ ေနမလား၊ ေဆြမ်ဳိးေတြ ရွိလား’ လို႔ ေမးလိုက္တယ္။
ဒီေတာ့ ဆရာ ကလည္း ဆရာ့ အစီ အစဥ္ကို ေျပာျပ ရတယ္။ ေဆြမ်ဳိးေတြ ရွိေပမယ့္ ေဘာ္ဒါ ေနမွ အဆင္ ေျပတာမို႔ ေဘာ္ဒါမွာ ေနမယ္လို႔ ဆိုၿပီး ေဘာ္ဒါခ တြက္ေတာ့ (၅ဝ) က်ပ္ ေက်ာ္ေက်ာ္ က်တယ္။ ဆရာ့မွာ အေမ ေပးလိုက္တဲ့ ေငြ (၄ဝိ) က ခရီးစရိတ္နဲ႔ ေငြ (၃ဝိ) ပဲ က်န္ေတာ့တယ္။ ဒီေတာ့ တခါ ဆရာႀကီးကို ပိုက္ဆံ (၃ဝိ) ပဲ က်န္တဲ့ အေၾကာင္း ေျပာျပ ရတယ္။ ဆရာႀကီးက ‘ဘယ္ရ မလဲကြ’ တဲ့။ ဆရာလည္း ေက်ာင္း တက္ခ်င္ လြန္းလို႔ အေဖ့ကုိ ဆန္႔က်င္ၿပီး အေမ့ ဆီက ပိုက္ဆံ ေတာင္းၿပီး လာခဲ့ ရတဲ့ အေၾကာင္းကို ေျပာျပတယ္။ ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ ဆရာႀကီးက စိုက္ေပး ပါလို႔ ေျပာရ တာေပါ့။
ဆရာႀကီးက ‘မင္း ယုံရ မလားကြ’ တဲ့။ ဆရာ ကလည္း ‘ဒါေတာ့ ဆရာက ဆရာႀကီးပဲ၊ ကြၧန္ေတာ္ လိမ္ရင္ ညာရင္ ကြၧန္ေတာ့္ကို ေက်ာင္းထုတ္ ႏိုင္ပါတယ္’ လို႔ ေျပာေတာ့ ဆရာႀကီးက ‘ေအး ငါ လိုတဲ့ ေငြ (၂ဝိ) ကို စိုက္ ေပးမယ္’ လို႔ ေျပာတယ္။
အခက္ ႀကံဳပုံက ဆရာ့မွာ ပစၥည္းေတြ သယ္ဖုိ႔ ေရႊ႔ဖို႔က စရိတ္ ခ်န္ရဦးမွာ မဟုတ္လား။ စရိတ္ ခ်န္ၿပီး ေငြ (၂ဝိ) ကုိပဲ ေပးႏိုင္ ေတာ့မွာကို ေျပာျပေတာ့ ‘ေစ်းထပ္ ဆစ္ျပန္ၿပီ’ လို႔ ဆရာႀကီးက ဆိုတယ္။ ဆရာလည္း မတတ္ႏိုုင္ ေတာ့ဘူးေလ ဆရာႀကီးက ေငြ (၂ဝိ) ကုိပဲ ယူထား လိုက္ပါတယ္။
ေက်ာင္းေနခြင့္ ရေတာ့ အေမ့ဆီ စာေရးၿပီး အက်ဳိး အေၾကာင္းေရး၊ ေငြထပ္ ေတာင္းရတယ္။ ‘အေဖက ဘာေျပာ ေသးလဲ အေမ’ လို႔ ေမးေတာ့ ‘ဘာမွ မေျပာေတာ ့ပါဘူး သားရယ္’ လို႔ စာျပန္တယ္။”br /> ဤကား ဆရာ ေဇာ္ဂ်ီ ၿမိဳ႕မ ေက်ာင္းတြင္ ပညာ သင္ယူ ႏိုင္ရန္ ႀကိဳးစား ခဲ့ရပံု အေၾကာင္း ျဖစ္ပါသည္။”
ဆရာေဇာ္ဂ်ီႏွင့္ ဟံသာ့ေၾကးမံု
“၁၉၂၄-၂၅ စာသင္ ႏွစ္မွာ ဆရာ ရန္ကုန္ ေကာလိပ္ကို ေရာက္လာတယ္။ ပဲခူး ေက်ာင္းေဆာင္မွာ ေနရ စဥ္က၊ ကဗ်ာ ဉာဏ္က ျမဴးခ်ိန္ ဆိုေတာ့ ကဗ်ာေတြ သိပ္ေရး ျဖစ္တယ္။ ‘ဟံသာ့ ေၾကးမုံ’ ဆိုတဲ့ စာေစာင္ကုိ ေရးတယ္။ ကုိယ္ပဲ စာေရး ဆရာ၊ ကိုယ္ပဲ အယ္ဒီတာ လုပ္တယ္။ ည (၁ဝ) နာရီ ေက်ာ္ရင္ မီး မေပး ေတာ့ဘူး။ ဖေယာင္းတိုင္ ထြန္းၿပီး လက္ေရး စာေစာင္ကုိ ေရးတယ္။ ကိုိယ္ေရး တာလို႔ မသိ ေစခ်င္ ေပမယ့္ ကိုယ့္နာမည္ ေလးလည္း ေဖာ္ထုတ္ ခ်င္တာကိုး။ ဟံသာ့ ေၾကးမုံမွာ ‘သ’ ဆိုတဲ့ ကေလာင္နာမည္တပ္တယ္။ ‘ေက်ာင္းခ်စ္’၊ ‘ေမာင္ပန္းၿမိဳင္’ စတဲ့ ကေလာင္ခြဲ ေတြလည္း အမ်ားႀကီး ရွိတယ္။
‘ပုရစ္ဖူး အသင္း’ ဆိုၿပီး ဆရာ့လို စာေပ ဝါသနာ ပါၿပီး စိတ္ကူး သစ္နဲ႔ ေရးခ်င္တဲ့ သူေတြ ေတြ႔ဆုံၿပီး စကား ေျပာၾက၊ ေဆြးေႏြး ၾကတယ္။ အဲဒီ အခ်ိန္ တုန္းက ေကာလိပ္ မဂၢဇင္း ဆိုတာ အဂၤလိပ္စာ မ်ားတယ္။ ျမန္မာစာ ႏွစ္ရြက္ သံုးရြက္ပဲ ပါတယ္။ ပါတဲ့ ႏွစ္ရြက္ သုံးရြက္ ကလည္း အသင္းရဲ႔ ရွင္းတမ္းကို ေရးထားတာ။ ဆရာ တကၠသိုလ္ ေရာက္တဲ့ ႏွစ္မွာ ျမန္မာစာ ထူလာတာ။ ထူလာ ေအာင္လည္း ကေလာင္ခြဲ အမ်ဳိးမ်ဳိးနဲ႔ တေယာက္တည္း ေရးခဲ့ တာပဲ။”
“‘ေဇာ္ဂ်ီ’ ဆိုတဲ့ ကေလာင္ နာမည္ကို ဘာဘာ ညာညာေၾကာင့္ မဟုတ္ပါဘူး။ ေဇာ္ဂ်ီ ႐ုပ္ကေလးကုိ သေဘာ က်လို႔ ေဇာ္ဂ်ီလို႔ ယူလိုက္ တာပါပဲ။ ဘယ္စာ ဘယ္ ကဗ်ာမွာ စသုံးလည္း ဆိုတာေတာ့ မမွတ္မိ ပါဘူး။ ထင္တာေတာ့ ပိေတာက္ပန္း ကဗ်ာ ျဖစ္မယ္ ထင္တယ္။ ပိေတာက္ပန္း ေရးျဖစ္တဲ့ (၁၉၂၈) ပတ္ဝန္းက်င္ ေလာက္မွာ ဒီကေလာင္ အမည္ ယူျဖစ္ ပါလိမ့္မယ္။”
ဆရာ ေဇာ္ဂ်ီ၏ တကၠသိုလ္ ေက်ာင္းသား ဘဝ
“ေကာလိပ္ ေရာက္ခါ စက တေကာင္း ေဆာင္မွာ ေနရတယ္။ ေက်ာင္းသား ကလည္း ဒီေလာက္ မမ်ား ေသးဘူး။ ကုိစိန္တင္ (သိပၸံ ေမာင္ဝ) နဲ႔ တေဆာင္တည္း။ Row တခု တည္းမွာ ေနရတယ္။ သိပ္ရင္းႏွီး ၾကပါတယ္။ သူက အတန္း ပိုႀကီးတယ္။ အဲဒီ တုန္းက အခု တိုးခ်ဲ႕ ေဆး႐ုံ ေနရာမွာ ေက်ာင္း ရွိတယ္။ ေက်ာင္း သြားရင္ ႀကံေတာ သခၤ်ဳိင္းကုိ ျဖတ္ၿပီး ဟံသာဝတီ ဘူတာကုိ သြားရတယ္။ ဘတ္စ္ ကားလိုင္းေတြ မရွိ ေသးဘူး။ အင္းစိန္ ေလာ္ကယ္နဲ႔ လုိက္သြား။ ဘုရားလမ္း ဘူတာ ဆင္းၿပီး ေျခလ်င္ ထပ္ေလွ်ာက္ ရတယ္။ တခါ တေလ ေလာ္ရီ ကားႀကီးေတြ တားစီးၿပီး ေက်ာင္းတက္ ရတယ္။
စာေမးပြဲ မနီးခင္ ႐ုပ္ရွင္ၾကည့္၊ ကိုယ္ေရး ခ်င္တာ ေတြေရး၊ ဖတ္ခ်င္တဲ့ စာအုပ္ေတြ ဖတ္ေပါ့၊ ေက်ာင္းေတာ့ မေျပးပါဘူး။ အတန္း မွန္မွန္တက္၊ စာေမးပြဲ ေျဖဖို႔ တလ အလို ဆုိရင္ စာက်က္၊ ဖိဖိစီးစီး က်က္တယ္။ စာေမးပြဲ နီးေပမယ့္ ညဥ့္နက္ရင္ မီး မေပး ေတာ့ဘူး။ ဖေယာင္းတိုင္ ထြန္းၿပီး စာၾကည့္ ၾကတယ္။ စာၾကည့္ စားပြဲ ကေန အိပ္ရာေလး ျမင္ၿပီး အိပ္လိုက္ ရရင္ သိပ္ေကာင္း မွာပဲလို႔ ေတြးမိတယ္။ တကယ္တမ္းက် မအိပ္ ရဲဘူး။ စာေမးပြဲ ၿပီးမွ အိပ္မယ္လို႔ အားခဲ ထားေပမယ့္ စာေမးပြဲ ၿပီးေတာ့ အိပ္လို႔ မရေတာ့ဘူး။ ေပ်ာ္ၾက၊ ရႊင္ၾက၊ ဆူၾက၊ ညံၾက နဲ႔ကိုး။ အခုလို တကၠသိုလ္ ေက်ာင္းသား ဘဝကို ျပန္ေတြးေတာ့ ေက်ာင္းသား ျဖစ္ခ်င္တယ္။ ဒါေပမဲ့ စာေမးပြဲေတာ့ မေျဖခ်င္ဘူး။ စာေမးပြဲ မေျဖဘဲ ေအာင္တဲ့ ေက်ာင္းသားေပါ့။”
ဆရာ ေဇာ္ဂ်ီႏွင့္ ေက်ာင္းဆရာ ဘဝ
“ဘီ ေအ ေအာင္ေတာ့ ဆရာ့ ရည္ရြယ္ခ်က္က ေက်ာင္းဆရာ ျဖစ္ဖို႔ ပါပဲ။ ဒါေၾကာင့္ ဘီ-ေအ ဂုဏ္ထူးတန္းကို မတက္ဘူး။ ကိုယ္ေန ခဲ့တဲ့ ၿမဳိ႕မ ေက်ာင္းမွာ ေက်ာင္းဆရာ ဝင္လုပ္တယ္။ ၿမဳိ႕မေက်ာင္း ေက်ာင္းဆရာ ဘဝနဲ႔ ‘စိႏၵေက်ာ္သူနဲ႔ ဝန္ႀကီး ပေဒသ ရာဇာ’ အေၾကာင္းကို အဂၤလိပ္လို စာတမ္း ေရးၿပီး ဝိုင္-အမ္-စီ-ေအ (Y.M.C.A) မွာ ဖတ္တယ္။ ဒီတုန္းက ထုတ္တဲ့ Evening Paper သတင္းစာမွာ စာတမ္းကို ထည့္ၿပီး ေဖာ္ျပ ခံခဲ့ရတယ္။
စာတမ္း ေဖာ္ျပ ခံရၿပီး တပတ္ေက်ာ္ ေက်ာ္ၾကာေတာ့ တကၠသိုလ္က အဂၤလိပ္စာ ပါေမာကၡသစ္ ဆရာႀကီး ႐ုဒ္ (W.W.Rhodes) က ဆရာ့ စာတမ္းကို သေဘာ က်ေၾကာင္း၊ ပုဂံ လမ္းက သူ႔ ေနအိမ္ကုိ စေန ေန႔မွာ လၻက္ရည္ ေသာက္လာ ပါလို႔ စာေရးၿပီး မွာတယ္။ ဆရာလည္း စေန ေန႔မွာ အေရာက္ သြားတယ္။ဆရာ့ကို ႐ုဒ္က လက္ဖက္ရည္ တုိက္ၿပီး၊ စာတမ္းနဲ႔ ပတ္သက္ၿပီး ေမးတယ္။ ဆရာက မတတ္ဘဲနဲ႔ ၿဖီးျဖန္း ေရးတယ္လို႔ ထင္ဟန္ တူပါရဲ႕။
ကဗ်ာ ဆရာ ရွယ္ေလး၊ ကိ၊ ဘိုင္ရြန္တို႔ အေၾကာင္း ေမးတယ္။ ဆရာ ႏွစ္သက္ ခဲ့တဲ့ ၊ဆရာ ေလးစား ခဲ့တဲ့ ကဗ်ာ ဆရာ ေတြပဲ မို႔လား။ ေကာင္းေကာင္း ျပန္ေျပာ ျပလိုက္တယ္။ စကား ေျပာလို႔ ေက်နပ္ ေတာ့မွ ဆရာက ျပန္မယ္ ႏႈတ္ဆက္ေတာ့ ႐ုဒ္က ‘အဂၤလိပ္စာ ဌာနမွာ က်ဴတာ ေပးမယ္။ M.A တက္ပါလို႔’ တုိက္တြန္းတယ္။ ဆရာ့ ဆႏၵ ကေတာ့ မတက္ ခ်င္ဘူး။ ဒါနဲ႔ ကၽြန္ေတာ္ ဆရာႀကီးကို တိုင္ပင္ ပါဦးမယ္။ ဆရာႀကီးက ခြင့္ျပဳရင္ လုပ္မယ္လို႔ ေျပာၿပီး ျပန္ခဲ့ ရတယ္။
တနလၤာေန႔ ေရာက္ေတာ့ ၿမဳိ႕မေက်ာင္း ေက်ာင္းအုပ္ ဆရာႀကီးကို အက်ဳိး အေၾကာင္း ေျပာျပတယ္။ ဆရာႀကီးက M.A တက္ဖို႔ အားေပးတယ္။ အကူအညီ လိုရင္လည္း ေပးမယ္လို႔ အားေပးရင္း ေက်ာင္း တက္ဖို႔ တိုက္တြန္းတယ္။ ဟိုေခတ္ တုန္းက ဘီေအ ေအာင္ေအာင္ခ်င္း ဆက္တက္ ခဲ့တဲ့ မဟာ ဝိဇၨာတန္း ဆိုတာ မရွိ ေသးဘူး။ အၿမဲတမ္း ပေရာ္ဖက္ဆာ ႏွစ္ေယာက္က ေက်နပ္ မွသာ M.A တက္ခြင္ ့ရွိတယ္။
ဆရာက ႐ုဒ္ဆီ ျပန္ၿပီး အေၾကာင္း ၾကားတယ္။ ဆရာႀကီး ႐ုဒ္က ဆရာႀကီး ဦးေဖေမာင္တင္ကို အက်ဳိး အေၾကာင္း ေျပာျပတယ္။ ဆရာႀကီး ဦးေဖေမာင္တင္ ကလဲ ဆရာ့ကို M.A ဆက္တက္ ေစခ်င္ ေနတာ။ ဒီဆရာႀကီး ႏွစ္ေယာက္ ေထာက္ခံ မႈႏွင့္ တကၠသိုလ္ ျပန္ဖြင့္ေတာ့ ျမန္မာ စာဌာနမွာ ဆရာ ဝင္လုပ္ရင္း မဟာ ဝိဇၨာတန္ းဆက္တက္ ရတယ္။ ေခၚတုန္း ကေတာ့ ႐ုဒ္ပဲ။ သူတို႔ ႏွစ္ေယာက္ ဆရာ့ကို အၿပဳိင္ ေခၚၾကတာ။ ေနာက္ဆုံးေတာ့ ဆရာ ဦးေဖေမာင္တင္ပဲ ႏိုင္သြား ပါတယ္။ ႐ုဒ္ ကပဲ ဆရာ့ ျမန္မာစာကုိ သေဘာ က်ေၾကာင္း Modern Style နဲ႔ ေရးဖို႔ အားေပးတယ္။ မဟာ ဝိဇၨာ တက္ေတာ့ ၁၉၃၅ -၃၆ ခုႏွစ္ မွာေပါ့။
မဟာ ဝိဇၨာ ေအာင္ၿပီးေတာ့ ဆရာႀကီး ဦးေဖေမာင္တင္က မႏၲေလး ဥပစာ ေကာလိပ္ကို ေျပာင္းၿပီး ဆရာ လုပ္ခိုင္းတယ္။ ၂ ႏွစ္ ေက်ာ္ေက်ာ္ လုပ္ရတယ္။ ၁၉၃၇ ခု ကေန ၁၉၃၈ ခုႏွစ္ အထိပဲ။ ‘မႏၲေလးမွာ ရွိစဥ္က ႐ုဒ္ ဆီကေန ဆရာ့ ဆီကို စာ လာတယ္။ စေကာလားရွစ္နဲ႔ ပိဋကတ္တိုက္ ပညာ ဒီပလိုမာ ဘြဲ႔ကို ဘိလပ္မွာ သြားတက္ဖို႔ စာေမးပြဲ ေျဖရမယ္ ဆိုတဲ့ စာပဲ။ ဆရာ့မွာ အခက္အခဲ မရွိ လွပါဘူး။ အဂၤလိပ္ စာရယ္၊ ျမန္မာ စာရယ္၊ အေထြေထြ ရယ္လို႔ ေျဖၿပီး အင္တာဗ်ဴး ထိုင္ရတယ္။ အဂၤလိပ္စာကို ႐ုဒ္က စစ္တယ္။ ျမန္မာစာကို ဆရာႀကီး ဦးေဖေမာင္တင္က စစ္တယ္။ တပည့္ အေၾကာင္း သိၿပီး သားမို႔ တယ္အခက္ မေတြ႔ လို္က္ရဘူး။”
ဆရာ ေဇာ္ဂ်ီႏွင့္ ေရႊျပည္စိုး
“၁၉၃၈ မွာ ပိဋကတ္ ဒီပလိုမာ အတြက္ ႏုိင္ငံျခား ပညာသင္ သြားရမယ္ ဆိုေတာ့ အေမက ‘ေရႊျပည္စိုး’ ဝတၴဳ စာအုပ္ကို ထည့္ေပးတယ္။ ‘အေမရာ ကြၧန္ေတာ္ ဖတ္ၿပီး သားပါဗ်ာ’ ဆိုေတာ့ ‘ဖတ္ၿပီး သားလည္း ဖတ္ရမယ္၊ အဲဒီ စာအုပ္ ထဲက ဘိလပ္ျပန္ ေမာင္သန္းေဖ အေၾကာင္း နာနာဖတ္’ လို႔ ဘိလပ္ သြားမယ့္ သားကို မွာတယ္။ ေရႊျပည္စိုးကို ဆရာ ခုထိ ႏွစ္ၿခဳိက္ ပါတယ္။ စာအုပ္ စင္မွာ အၿမဲ ထားတယ္။ ေဆာင္းပါးမွာ ေရးခဲ့ သလို ေပ်ာက္ရင္လည္း အစား ဝယ္ထည့္ ထားတာပဲ။လန္ဒန္မွာ ပထမႏွစ္ သင္ရတယ္။ ဒီအခ်ိန္မွာ စစ္ျဖစ္ ေနၿပီ။ ေနာက္ဆုံးႏွစ္ ကိုေတာ့ အိုင္ယာလန္က ဒဗ္ဖလင္ တကၠသိုလ္မွာ တက္ခဲ့တယ္။”
ဆရာ ေဇာ္ဂ်ီႏွင့္ လက္ေရြးစင္ ကဗ်ာ စကားေျပ
အလယ္တန္း ျမန္မာ ကဗ်ာ လက္ေရြးစင္ ျပဌာန္းခ်က္ စာအုပ္တြင္ ဆရာ ေဇာ္ဂ်ီ၏ ‘တို႔တိုင္းျပည္’ ၊ ‘လႈိင္းကေလး သင္’ ၊’အင္းေလး လူရည္ခြၧန္ စခန္းမွာ’ ကဗ်ာမ်ား ပါဝင္သည္။ အထက္တန္း ပင္ရင္း ကဗ်ာ လက္ေရြးစင္ ျပဌာန္းခ်က္ စာအုပ္တြင္ ဆရာ ေဇာ္ဂ်ီ၏ ‘ေရွးေခတ္ ပုဂံျပည္’၊ ‘၁၉၄၈ ခုႏွစ္ လြတ္လပ္ေရး အေတြး’၊ ‘ကေမၺာဇသို႔’၊ ‘ပဲ့နင္း’၊ ‘တခုေသာ သႀကၤန္ခါ’၊ ‘အို တက္လူတို႔’၊ ‘ပိေတာက္ပန္း’၊ ‘ေဗဒါလမ္း’ ၊ ‘ျမက္ရိတ္ သမား’၊ ‘တေပါင္းမိုး’၊ အလယ္တန္း စကားေျပ လက္ေရြးစင္ ျပဌာန္းခ်က္ စာအုပ္တြင္ ဆရာ ေဇာ္ဂ်ီ၏ ‘မြန္ဝန္ႀကီးႏွင့္ ျမန္မာ စကားေျပ’၊ ‘ကဗ်ာဝိုင္း စာဝိုင္းႏွင့္ ကြၧန္ေတာ္’၊ ‘ေႏြဦး က်က္သေရ’ စေသာ စကားေျပမ်ား ပါဝင္ ပါသည္။
ပင္ရင္း စကားေျပ လက္ေရြးစင္ ျပဌာန္းခ်က္ စာအုပ္တြင္ ဆရာ ေဇာ္ဂ်ီ၏ ‘ေကတု မတီ’၊ ‘ပုဂံေစ်း’ စကားေျပ ႏွစ္ပုဒ္ ပါဝင္ ပါသည္။ စိတ္ႀကဳိက္ စကားေျပ လက္ေရြးစင္ ျပဌာန္း ခ်က္တြင္ ဆရာ ေဇာ္ဂ်ီ၏ ‘ဇာတိမာန္ စာဆို ဦးလြန္း’ စကားေျပ ပါဝင္ ပါသည္။ျပဌာန္းခ်က္ပါ ကဗ်ာ စကားေျပမ်ား အေၾကာင္း၊ အခ်က္အလက္ ရည္ရြယ္ခ်က္ မ်ားႏွင့္ ပတ္သက္၍ ဆရာ ေဇာ္ဂ်ီက တပုဒ္ခ်င္း ရွင္းလင္း ေျပာၾကား ခဲ့ပါသည္။ ဆရာ ေဇာ္ဂ်ီ၏ ေျပာၾကားခ်က္ မ်ားကို တပုဒ္ခ်င္း တင္ျပ လိုက္ပါသည္။
ဆရာ ေဇာ္ဂ်ီႏွင့္ အလယ္တန္း ကဗ်ာမ်ား ေဝဖန္ခ်က္
တို႔တုိင္းျပည္
“ဒီကဗ်ာ ကလည္း ‘အိုတက္လူတို႔’ ကဗ်ာလိုု ပါပဲ။ ၁၉၃၅ ၾသဂုတ္ လထုတ္ ႀကီးပြားေရး မဂၢဇင္း၊ တြဲ (၃) အမွတ္ (၁ဝ) မွာ ေဖာ္ျပ ထားတယ္။ ျမန္မာ ေတြကို ႏုိးၾကား ေစခ်င္လို႔၊ ထႁကြ ေစခ်င္လို႔ တပ္လွန္႔ ထားတဲ့ ကဗ်ာပါ။”
လႈိင္းကေလး သင္
“ဒီကဗ်ာက ကူညီ တတ္တဲ့ သေဘာ ကူညီ တတ္တဲ့ စိတ္ဓာတ္ကို ခ်ီးက်ဴး ထားတယ္။ ေခတ္ စကားနဲ႔ ႀကီးႀကီး က်ယ္က်ယ္ ေျပာရရင္ ပရဟိတ စိတ္ကို ခ်ီးက်ဴး တာေပါ့ကြာ။ ဘယ္က လာလို႔ ဘယ္ေနရာ သြားမယ္မွန္း မသိရတဲ့ လႈိင္း ကေလးက ပန္းခဲ့တဲ့ စင္ေရာ္ ငွက္ေလးကို ကမ္း အေရာက္ သယ္ပိုး ေပးခဲ့ တာကို ခ်ီးက်ဴး ဝမ္းေျမာက္ မိတယ္လို႔ ေရးထားတယ္။ ဒီ ကဗ်ာကို ၁၉၃ဝ၊ ဒီဇင္ဘာ လထုတ္ တကၠသိုလ္ ေက်ာင္းတုိက္ မဂၢဇင္းမွာ ေရးခဲ့တယ္။”
အင္းေလး လူရည္ခ်ြန္ စခန္းမွာ
“လူရည္ခၽြန္ေတြ စၿပီး ေရြးတဲ့ ႏွစ္ကေပါ့။အင္းေလးရဲ႔ သဘာဝ အလွ၊ လူရည္ခၽြန္ ေတြရဲ႔ စိတ္ဓာတ္၊ လူရည္ခၽြန္ ေတြရဲ႔ လႈပ္ရွား ပုံေလး ေတြကို ျမင္တဲ့ အတိုင္း ေရးဖြဲ႕ ထားတာ။ ဒီ ကဗ်ာထဲက ေရၿခံဝင္း ဆိုတာ၊ ကၽြန္းေမ်ာ ေတြကို ဆိုခ်င္တာ။ အင္းသား ေတြက ဒီကၽြန္းေမ်ာ ေပၚမွာ ၿခံစိုက္ ၾကတာကိုး။ ၾကာဖက္နင္း ဆိုတာ ငွက္ အမည္ပဲ။ လက္သီးဆုပ္ တဆုပ္ စာေလာက္ ရွိတယ္။ ေျခတံ ရွည္ရွည္နဲ႔ ေျခေထာက္ အစိမ္းေရာင္၊ ႏႈတ္သီးက နီနီေလး၊ ၾကာဖက္ေပၚ ေလွ်ာက္သြားလို႔ ရေအာင္ ေပါ့ေပါ့ ပါးပါးေလး။ ဒါေၾကာင့္ ၾကာဖက္နင္း ငွက္လို႔ ေခၚတာ။”
ေရွးေခတ္ ပုဂံျပည္
“ဒီကဗ်ာကုိ ေရးဖြဲ႕ ျဖစ္တဲ့ အေၾကာင္းရင္း ခံကုိ ေျပာျပ ရဦးမယ္။ ၁၉၂၄ ခုႏွစ္မွာ အမ်ဳိးသား သပိတ္ေတြ ေမွာက္တယ္။ ေက်ာင္းသူ ေက်ာင္းသား တိုင္းရဲ႔ ပါးစပ္ ဖ်ားမွာ ဝံသာႏု စိတ္ ရွိရမယ္။ မ်ဳိးခ်စ္စိတ္ ရွိရမယ္ ဆိုတာ ေခတ္စား ေနတယ္ေပါ့။ ဆရာ ကိုယ္တိုင္လည္း ဝံသာႏု စိတ္အေၾကာင္း ၊ တိုုင္းခ်စ္ ျပည္ခ်စ္ စိတ္ရွိရမယ့္ အေၾကာင္း ေျပာေန တာပဲ။ ဒီေတာ့ ဆရာ့ အေမက ‘တိုင္းခ်စ္ ျပည္ခ်စ္စိတ္’ ရွိရမယ္ ဆိုတာက ဟုတ္ပါၿပီ။ ပုဂံကို ေရာက္ဖူး ရဲ႕လား၊ ပုဂံကုိ ေရာက္ဖူးမွ တိုင္းျပည္ ခ်စ္ရမယ္ ဆိုတာ ပိုၿပီး သိလာမယ္။ နားလည္ လာမယ္’ လို႔ ေျပာဖူးတယ္။ ဒီ အသိေလးက ဆရာ့ ရင္ထဲမွာ စြဲေနတယ္။
တကၠသိုလ္ ေရာက္လို႔ ေက်ာက္စာ ကူးဖို႔ ေလ့လာဖို႔ ပုဂံကုိ ခဏခဏ ေရာက္လာ ရတယ္။ ပုဂံကုိ ေရာက္ေတာ့ အေမ့ စကားကုိ အမွတ္ ရတယ္။ ဒီကဗ်ာကို ေရးဖြဲ႔ ျဖစ္ပုံက ဒီလို —
ရန္ကုန္ ၿမိဳ႕မ ေက်ာင္းမွာ ဆရာ ဘဝနဲ႔ (၂) ႏွစ္၊ (၃) ႏွစ္ လုပ္တယ္။ ေနာက္ မႏၩေလး ေကာလိပ္မွာ ဆရာ အျဖစ္နဲ႔ ေနရတယ္။ ၿမိဳ႕မ ေက်ာင္း မွာက ရန္ပံုေငြ ရွာတဲ့ ကပြဲ ခုန္ပြဲက အၿမဲ လုပ္ေန က်ကုိး။ ၿမိဳ႕မ ေက်ာင္း ေက်ာင္းအုပ္ ဆရာႀကီးက ဆရာ့ ဆီကို လွမ္း စာေရးတယ္။ ရန္ပုံေငြ ရွာပြဲ အတြက္ တခုခု လုပ္ေပး ဖို႔ေပါ့။ ဒါနဲ႔ ဒီ ေရွးေခတ္ ပုဂံျပည္ ကဗ်ာကုိ ေရးေပးတယ္။ ရန္ပံုေငြပြဲမွာ ရြတ္ဖို႔ေပါ့။
ဆရာ ကိုယ္တိုင္ သြားႏိုင္ဖို႔ ႀကိဳးစား ေပမယ့္ အထ မေျမာက္ဘူး။ ဒါနဲ႔ မႏၩေလးသား ဆရာ့ တပည့္ ေမာင္စံရင္က ရန္ကုန္ ယူနီဗာစီတီမွာ ပထမႏွစ္ ဂုဏ္ထူးတန္း တက္ေန တာကိုး။ သူက အသံ လည္းေကာင္း၊ အဆို အရြတ္ လည္းေကာင္းေတာ့ သူ႔ဆီလည္း ဆရာ့ ကဗ်ာကို ရြတ္ေပးဖို႔ စာေရး၊ ၿမိဳ႕မေက်ာင္း ေက်ာင္းအုပ္ႀကီး ဆီလည္း ေမာင္စံရင္ကုိ ေခၚၿပီး ကဗ်ာ ရြတ္ခိုင္းဖို႔ စာေရး ရတယ္။ ေမာင္စံရင္ပဲ ဆရာ့ ကဗ်ာကို ရြတ္ဖတ္ ျပျဖစ္ပါတယ္။ (၁၉၃၆) ခု၊ ေမလထုတ္ ဂႏၳေလာက အတြဲ (၂၂)၊ အမွတ္ (၁၃၆) မွာ ပုံႏွိပ္ ေဖာ္ျပ ထားပါတယ္။”
၁၉၄၈ ခုႏွစ္ လြတ္လပ္ေရး အေတြး
“ဒီကဗ်ာက ကဗ်ာ လက္ေရြးစင္မွာ ေပးထားတဲ့ ကဗ်ာနာ မည္၊ ကဗ်ာ ေပါင္းခ်ဳပ္သစ္ ထဲမွာေတာ့ ‘၁၉၄၈ ခုႏွစ္၊ လြတ္လပ္ေရး ေန႔တြင္’ တဲ့။ ဆရာ စေရး တုန္းက ‘၁၉၄၈ ခုႏွစ္၊ လြတ္လပ္ေရး ေန႔တြင္ အေတြး’ လို႔ ေရးတယ္။ ဟံသာဝတီ အထူး စာေစာင္ ထဲမွာ စၿပီး ေဖာ္ျပ ခဲ့တာ။ လြတ္လပ္ေရး မေပးမီ ၁၉၄၈ ဇန္နဝါရီ (၃) ရက္ ညက ဆရာတုိ႔ ဝန္ႀကီးမ်ား ႐ုံးမွာ အလုပ္ ႐ႈပ္ေနတယ္။ လြတ္လပ္ေရး ေၾကညာဖုိ႔ ကိစၥေတြနဲ႔ ပတ္သက္လို႔ ပဲေပါ့။
ဒီအခ်ိ္န္မွာ ဟံသာဝတီ သတင္းစာက ဇန္နဝါရီလ (၄) ရက္၊ လြတ္လပ္ေရး ေန႔မွာ သတင္းစာ စထုတ္ တာကုိး။ ဆရာ့ကုိ လြတ္လပ္ေရး ေန႔နဲ႔ ပတ္သက္ၿပီး တခုခု ေရးေပးပါ ဆိုလို႔ အဲဒီ ‘၁၉၄၈ ခုႏွစ္၊ လြတ္လပ္ေရး ေန႔တြင္ အေတြး’ ဆုိတဲ့ ကဗ်ာကုိ ေရးေပး လိုက္တာ။ ဇန္နဝါရီ (၃) ရက္ေန႔ ည (၁၂) နာရီ ခြဲေလာက္ ေရးတာ ဆိုေတာ့ (၄) ရက္ေန႔ထဲ ေရာက္ေန ၿပီေပါ။ ကဗ်ာ အဓိပၸာယ္က ရွင္းပါတယ္။ လြတ္လပ္ေရး ရခဲ့ ေပမယ့္ အတိတ္က ႏိုင္ငံရဲ႕ အေရးကုိ ေတြးၿပီး ေရွ႔ဆက္ လုပ္ရမယ့္ တာဝန္ ေတြကုိ ေတြးမိတယ္။ ဒါနဲ႔ ဒီကဗ်ာကို ေရးလိုက္တယ္။”
ကေမၺာဇသို႔
“၁၉၃၇ ခုႏွစ္၊ မႏၩေလး ဥပစာ ေကာလိပ္မွာ ဆရာ လုပ္ေနတုန္း။ တေပါင္းလ ေက်ာင္းပိတ္ေတာ့ ေဘာ္ႀကိဳ ဘုရားပြဲ သြားၾကေတာ့ ဒီကဗ်ာ ေရးျဖစ္တယ္။”
ပဲ့နင္း
“ပဲ့နင္းနဲ႔ ပတ္သက္ၿပီး အမ်ဳိးမ်ဳိး ယူဆ ၾကတာ။ သင္ျပ ၾကတာ သိရတယ္။ ဆရာ ဒီကဗ်ာ မစပ္ခင္က မႏၲေလး ေဂါဝိန္ ဆိပ္ကမ္းကုိ ေရာက္ခဲ့တယ္။ ေဂါဝိန္ ဆိပ္ကမ္း ဘက္ကေန ၾကည့္ေနတုန္း ဧရာဝတီ ျမစ္ထဲမွာ ေလွကေလး တစင္း လိႈင္း ေလေၾကာင့္ ဟိုလွည့္ သည္လွည့္ ျဖစ္ေန တာကုိ ျမင္ရတယ္။ အမွန္က လိႈင္းေလ ေၾကာင့္ပါ။ စစ္ကိုင္း ဘက္မွာ နံကုိင္း၊ ဒီဘက္ မွာက ေရႊၾကက္ယက္ ေရႊၾကက္က် ရွိေန တာကို ဆရာက သိေနေတာ့ ေလွကေလးရဲ႔ လႈပ္ရွားမႈကို ၾကည့္ရင္း လွည့္စား တတ္တဲ့ လူေတြရဲ႔ သေဘာကို ေတြးမိ လာတယ္။ ဒါနဲ႔ ‘ပဲ့နင္း’ ကို ေရးျဖစ္တယ္။ ပဲ့နင္းကုိ ၁၉၃၆၊ ဒီဇင္ဘာလ ဂႏၳေလာက၊ တြဲ (၂၂)၊ မွတ္ (၁၄၃) မွာ ေရးခဲ့တယ္။”
တခုေသာ သႀကၤန္ခါ
“၁၉၃၃၊ မတ္လထုတ္ ဂႏၳေလာက အတြဲ (၁၇) မွာ ေဖာ္ျပ ခဲ့တယ္။ ႏြားလႊတ္ပြဲကို ျမင္ေတာ့ ျမန္မာ့ စ႐ိုက္၊ ျမန္မာ့ ဓေလ့ ကိုလည္း ျမင္တယ္။ ႏြားႀကီးရဲ႔ လြတ္လပ္မႈ ကုိလည္း အားက်တယ္။ ဒီတုန္းက လြတ္လပ္ေရး မရ ေသးေတာ့ လြတ္လပ္ သြားတဲ့ ဘဝကို အားက် မိတာေပါ့။ ဒါနဲ႔ ဒီကဗ်ာကို ေရးလိုက္ တာပါပဲ။”
အို တက္လူတို႔
“၁၉၃၅၊ ဒီဇင္ဘာလ အိုးေဝ မဂၢဇင္းမွာ ေဖာ္ျပ ခဲ့တဲ့ ကဗ်ာ ပါပဲ။ ရွင္းပါတယ္။ လူငယ္ ေလးေတြကုိ အားမာန္ေတြ ဝင္ေစ ခ်င္တယ္။ အနာဂတ္ရဲ႔ ေခါင္းေဆာင္ႀကီးေတြ ရယ္လို႔ သိေစ ခ်င္တယ္။ လူငယ္ေတြ အတြက္ ေရးတဲ့ ကဗ်ာပါ။ ‘ေဘာ’ ဆိုတာ ပါဠိစကား ‘အို — အခ်င္းတုိ႔’ လို႔ အဓိပၸာယ္ ရတယ္။ ဒီ ‘တက္လူ ေတးသံ’၊ ‘အို တက္လူတို႔’၊ ‘သင္ ေသသြားေသာ္’၊ ‘ယခုအခါ’ ဆိုတဲ့ ကဗ်ာ ေလးပုဒ္ကို ၁၉၃၅၊ ဒီဇင္ဘာ လထုတ္ အိုးေဝ မဂၢဇင္းမွာ စုၿပီး ေဖာ္ျပ ခဲ့တယ္။
‘တက္ လူေတးသံ’ က လူငယ္ေတြ တက္တက္ႁကြႁကြ ရွိဖို႔၊ ‘ယခုအခါ’နဲ႔ ‘သင္ ေသသြားေသာ္’ တို႔ ကေတာ့ ဆရာ့ရဲ႔ အမ်ဳိးသား စိတ္ဓာတ္ ဝံသာႏု စိတ္ဓာတ္ကို ေဖာ္ထုတ္ ေရးထားတယ္။ ေရွးေခတ္က အေၾကာင္း ေတြကို ႁကြားေန စရာ မလိုဘူး။ ယခု လက္ရွိ အေျခ အေနက အလုပ္လုပ္ဖို႔၊ ႀကဳိးစားဖို႔၊ ေရႊထီး ေဆာင္းခဲ့တာ လြမ္းေနရင္ စားစရာ မဲ့လိမ့္မယ္ ဆိုတဲ့ သေဘာမ်ဳိး ေရးထားတယ္။ ‘အို တက္လူတို႔’ မွာလည္း ေဆြးေန စရာ၊ တမ္းတ ေနစရာ မလိုဘူး။ အေဟာင္း ပ်က္သြားရင္ အသစ္ ျပင္ရမယ္ ဆိုၿပီး၊ အျပဳ သေဘာနဲ႔ တည္ေဆာက္ေရး ဘက္ကို ဦးတည္ၿပီး ေရးခဲ့တယ္။”
ပိေတာက္ပန္း
“‘ပိေတာက္ပန္း’ ကဗ်ာ ေရးျဖစ္တာ ကေတာ့ ပထမႏွစ္ ဘီေအတန္း ေက်ာင္းပိတ္ေတာ့ အိမ္ျပန္ လာရတယ္။ အိမ္ေခါင္း ရင္းမွာ ပိေတာက္ ပင္ႀကီး ရွိတယ္။ ဆရာ ကေတာ့ အမွတ္ တမဲ့ပဲ။ မနက္ အေစာႀကီး အိမ္ ေခါင္းရင္းမွာ ဆူဆူညံညံ အသံေတြ ၾကားရတယ္။ သႀကၤန္ ရက္မို႔ ပြင့္ေနတဲ့ ပိေတာက္ပန္း ေတြကို ခူးၾက၊ ခ်ဳိးၾကနဲ႔ကိုး။ အသံေတြ တိတ္သြားလို႔ ပိေတာက္ ပင္ႀကီးကုိ ၾကည့္လိုက္ေတာ့ ကုိင္းေတြက က်ဳိး၊ အရြက္ေတြ ေႁကြနဲ႔ အ႐ုပ္ ဆိုးၿပီး က်န္ခဲ့ တာကို ေတြ႔ရတယ္။
ဒီကေန အေတြးေတြ ရလာတယ္။ တႏွစ္မွာ တခါ ပြင့္တဲ့ ပိေတာက္ကို မခူး ေစခ်င္ဘူး။ သူလည္း သူ႔ အပင္မွာ အလွဂုဏ္ ဝင့္ခ်င္ မွာပဲလို႔ ေတြးမိၿပီး ဒီကဗ်ာကို ေရးခဲ့တယ္။ ပန္းေတြကို အေၾကာင္း ျပဳၿပီး ေျပာခဲ့ ေပမယ့္ အႏွိပ္စက္ခံ၊ အညႇင္းပန္း ခံရ သူေတြ ဘက္ကို လိုက္ၿပီး ေရးတာပဲ။ ေက်ာင္းဖြင့္ေတာ့ (၁၉၂၈) မတ္လ တကၠသိုလ္ ေက်ာင္းတုိက္ မဂၢဇင္းမွာ ‘ပိေတာက္ပန္း’ ကဗ်ာကို ပုံႏွိပ္ ေဖာ္ျပ ခဲ့တယ္။
ဆရာ စၿပီး ေရးခဲ့တဲ့ ကဗ်ာ ေတြက ေရွးေရး ကဗ်ာ ေတြပဲ။ ေလးဆစ္ ဆိုလည္း ေလးဆစ္ ပုံစံ အတိုင္း။ သျဖန္ ဆိုလည္း သျဖန္ ဖြဲ႕နည္း အတိုင္း ေရးလိုက္ရင္ ၿပီးသြား တာပဲ။ ခံစား စရာ မလိုဘူး။ ေတြးစရာ မလိုဘူး။ ၾကာေတာ့ စိတ္ထဲမွာ မရွိဘဲ ေရးရတဲ့ ေရးနည္း ကားေတြကုိ ၿငီးေငြ႕ လာတယ္။ အဂၤလိပ္ ကဗ်ာေတြ ဖတ္၊ ေရွးေရး နည္းေတြ အတိုင္း မေရး ခ်င္ေတာ့ဘူး။ ဒီလိုနဲ႔ ‘ပိေတာက္ပန္း’ သံခ်ဳိကဗ်ာကို ေရးျဖစ္တယ္။ ေရးျဖစ္ေအာင္ အိုင္းခ်င္း ေပးတဲ့ အျဖစ္ ကေလး ကိုလည္း ေျပာျပ ၿပီးၿပီ မို႔လား။”
ေဗဒါလမ္း
“ျပဌာန္း စာအုပ္မွာ ‘ေဗဒါလမ္း’ လို႔ ေခါင္းစဥ္ တပ္တယ္။ ကဗ်ာ ေပါင္းခ်ဳပ္ ထဲမွာေတာ့ ‘သူ႕ လမ္းစဥ္’ လို႔ နာမည္ ေပးထားတယ္။ ဒီကဗ်ာ ေတြကို စေရး တုန္းက ေဗဒါလမ္း (၁) (၂) (၃) ဆိုၿပီး ေခါင္းစဥ္ တပ္တယ္။ တပုဒ္နဲ႔ တပုဒ္ ကြဲျပား ေစခ်င္လို႔ ။ ကဗ်ာ ေပါင္းခ်ဳပ္သစ္ စာအုပ္မွာ စၿပီး နာမည္ေတြ ေပးလုိက္တယ္။ သိၿပီး ၾကတဲ့ အတိုင္း ဖ်ာပုံကို သေဘာၤနဲ႔ အျပန္ ေတြ႔ရတဲ့ ေခ်ာင္းထဲ ေျမာင္းထဲ ကေန ျမစ္ထဲကို စုန္လာ ဆန္လာတဲ့ ေဗဒါ ေတြရဲ႔ သတၲိကို သတိ မူမိၿပီး လူ႕ ဘဝနဲ႔ ယွည္တဲ့ အေတြးနဲ႔ ေဗဒါလမ္း ကဗ်ာစုကုိ ေရးဖြဲ႕ ျဖစ္တာပဲ။ (၁၉၅၉-၆ဝ) တကၠသိုလ္ ႏွစ္လည္ မဂၢဇင္းမွာ စၿပီး ေဖာ္ျပ ထားတယ္။”
ျမက္ရိတ္ သမား
“၁၉၃၅၊ ဂႏၳေလာက မဂၢဇင္းမွာ ပါတာ ဆိုေတာ့ မဟာ ဝိဇၨာ တက္တုန္း ကလို႔ ထင္ပါရဲ႔။ ေအာက္တုိဘာလ အားရက္မွာ အိမ္ မျပန္ ၾကဘူး။ မဟာ ဝိဇၨာ သမားေတြ စုၿပီး စာက်က္ၾက၊ ႐ုပ္ရွင္ ၾကည့္ၾက တာေပါ့။ တေကာင္းေဆာင္ အေရွ႕ဘက္ ေအာက္ထပ္ အစြန္ဆုံး အခန္း အေနာက္ဘက္ ျခမ္းမွာ ေနတုန္း တေန႔ မနက္ ျမက္ရိတ္ သမား ကုလားႀကီးကို ေတြ႕ရတယ္။ ကဗ်ာ့ အဓိပၸာယ္ ကေတာ့ လူသာလွ်င္ ပဓာနေပါ့။ ေျမျပင္က လွတယ္။ ေကာင္းကင္ ကလည္း လွပါတယ္။ ခ်ဳိးသံ ကေလးေတြ ကလည္း သာယာ ပါတယ္။ ဒါေပမယ့္ လူသားက ပိုလွ တယ္လို႔ ရွင္းရွင္းေလး ေရးဖြဲ႕ ထားတာပါ။”
တေပါင္းမိုး
“ဒီကဗ်ာက (၁၉၃၆)ခုႏွစ္၊ မဟာ ဝိဇၨာတန္း ဆက္တက္တဲ့ အခ်ိန္က ေရးခဲ့တာ။ အဲဒီတုန္းက ဆရာတို႔ တေကာင္းေဆာင္မွာ ေနရတယ္။ တေကာင္းနဲ႔ ျပည္ေဆာင္ ၾကားမွာ ဥယ်ာဥ္ေလး ရွိတယ္။ အခ်ိန္က တေပါင္းလ ဆိုေတာ့ ငုဝါ ေတြက တပင္လုံး ထိန္ေနေအာင္ ပြင့္လို႔ တေပါင္းလ ႐ြာတဲ့ မိုး ဆိုတာ ကလည္း မရြာခ်င့္ ရြာခ်င္ ခပ္ဖြဲဖြဲေလး၊ မိုးစက္ေၾကာင့္ ငုေလးေတြေႁကြတယ္။ ေျမျပင္ ျမက္ခင္းျပင္မွာ ထိန္ထိန္ဝါလို႔ေပါ့။ ဒီအလွအပေလးေတြ ျမင္ေတာ့ ကဗ်ာမွာပါတဲ့အတုိင္း ဘယ္ဆီလြမ္းရမွန္းမသိေအာင္ ခံစားရတယ္။ ထူးျခားတဲ့ အလွအပေလးကို ေရးဖြဲ႔ထားတာပါ။”
မြန္ ဝန္ႀကီးႏွင့္ ျမန္မာ စကားေျပ
“အဲဒါက ေဆာင္းပါးပါ။ စာေပ ေဆာင္းပါးပါ။ (၁၉၃၇) ခုႏွစ္ ေလာက္က ဟံသာဝတီ သတင္းစာမွာ ကိုဝန္ (မင္းသုဝဏ္)နဲ႔ တလွည့္စီ ေရးခဲ့တဲ့ ေဆာင္းပါး ေတြေပါ့။ စာေပ ေလာက ဆိုတဲ့ စာအုပ္ ထဲမွာ ထပ္ၿပီး ႐ုိက္ႏွိပ္ ေသးတယ္ မဟုတ္လား။ မြန္ ဝန္ႀကီး ဒညား ဗလနဲ႔ သူေရးတဲ့ စကားေျပ ဟန္ကို သိေစ ခ်င္လို႔ သုံးသပ္ ျပထား တာပါ။ ”
ကဗ်ာဝိုင္း စာဝိုင္းႏွင့္ က်ြန္ေတာ္
“(၁၉၄၈-၄၉) ေလာက္က ေရးတယ္လို႔ ထင္တယ္။ ဘယ္ မဂၢဇင္းမွာ ဦးဆုံး ေဖာ္ျပ ခဲ့လဲ ဆိုတာေတာ့ ေမ့ေနတယ္။ ‘ကံ့ေကာ္ၿမဳိင္ စာတမ္း’ ထဲမွာ ထပ္ ေဖာ္ျပ ထားေသးတယ္။ ကဗ်ားဝို္င္း စာဝိုင္း ထဲမွာ ဝါသနာ တူသူေတြ စုၿပီး ကဗ်ာ အေၾကာင္း စာ အေၾကာင္းကုိ ေျပာတယ္။ တေယာက္ မွားရင္ တေယာက္ ကျပင္၊ တေယာက္နဲ႔ တေယာက္ အယူအဆ မတူရင္ ျငင္း၊ ဒါ ကဗ်ာဝိုင္းရဲ႔ သ႐ုပ္ ပဲေပါ့။ ျပဌာန္း စာအုပ္ ထဲမွာ အဆုံးထိ မပါဘူး။ ဆရာက ေနာက္ဆုံး အဆုံးသတ္မွာ ေလာကမွာ အ႐ူး အမ်ဳိးမ်ဳိး ရွိတယ္။ ေငြ႐ူး၊ စာ႐ူး စသျဖင့္ ေပါ့ေလ။
ဒီထဲမွာ စာ႐ူး ႐ူးေန ရတာ အေကာင္းဆုံးပဲ။ စာ႐ူးပဲ လုပ္ခ်င္ တယ္လို႔ ေရးထားတယ္။ ဒီအေၾကာင္း အထိ ပါမွ ေဆာင္းပါးက ပိုၿပီး ျပည့္စုံ တာေပါ့။ ျပဌာန္း ခ်က္ထဲ ထည့္ေတာ့ ဘာလို႔ ခ်န္ထား ခဲ့လဲ မသိဘူး။ ‘ကဗ်ာဝိုင္း စာဝိုင္း’ ေဆာင္းပါး တခု လုံးမွာ ေျပာခ်င္ တာက လူေတြဟာ အေပး အယူနဲ႔ စကားေျပာ ၾကတယ္။ သူတမ်ဳိး ငါတမ်ဳိး ေျပာတတ္ ၾကတယ္။ ဘာပဲ ျဖစ္ျဖစ္ စာနဲ႔ ေပနဲ႔ စကား ေျပာရတာ အျပစ္ ကင္းတယ္။ ဆရာ လုိခ်င္တဲ့ ရည္ရြယ္ခ်က္ကို ဒီအခ်က္ ႏွစ္ခ်က္နဲ႔ တြန္းအား ေပးထားတယ္။ အုိင္ခ်င္း ဖြဲ႕ထားတယ္။”
ေႏြဦး က်က္သေရ
“‘ေႏြဦး က်က္သေရ’ ကို (၁၉၅ဝ) ျပည့္ႏွစ္ ႐ႈမဝ မဂၢဇင္း အတြဲ (၃) အမွတ္ (၃၅) ဧၿပီလမွာ ေဖာ္ျပ ခဲ့တယ္။ ဆရာတို႔ ေက်ာင္းသား ဘဝနဲ႔ ျပည္ၿမဳိ႕ကို ခရီး ထြက္တုန္းက ေရ ကုသိုလ္သည္ ကေလး မ်ားနဲ႔ ေတြ႕ရေတာ့ ဒီအေတြးကို ရတယ္။ ျမန္မာ တို႔ရဲ႕ စ႐ုိက္၊ ျမန္မာ တုိ႔ရဲ႔ ယဥ္ေက်းမႈကို ေဖာ္ထုတ္ ေရးထား တာပါ။ ေရ ကုသိုလ္သည္ ကေလး ေတြနဲ႔ တူတဲ့ ေရခ်မ္းစင္၊ ႏြားလႊတ္ ပြဲေတြ ကလည္း ဒီသေဘာပဲ။
ေတြ႔တယ္ မို႔လား ဆရာ ေရးတဲ့ ‘တခုေသာ သႀကၤန္ခါ’ မွာ ႏြားႀကီးကို အေမႊး နံ႔သာ နဲ႔ပက္၊ သေျပပန္း၊ ပိေတာက္ ပန္းေတြ ခ်ဳိမွာ ခ်ည္၊ ေကာ္ေဇာႀကီး လႊမ္းေပးၿပီး ႏြားကို ေဘးမဲ့ လႊတ္ေတာ့ ဒီႏြားႀကီး သိပ္ေပ်ာ္ မွာပဲလို႔ ႏြားႀကီး စိတ္ထဲ အခဲသား ဝင္ခ်င္စိတ္ ေပၚလာတယ္။ အဲဒီ တုန္းက မလြတ္လပ္ ေသးေတာ့ ႏြားႀကီး လြတ္လပ္ တာကို အားက် မိတယ္။ ဒါေတြဟာ လူ႕ ယဥ္ေက်းမႈကို ေဖာ္ေဆာင္ တာပဲ။ ျမန္မာ့ စိတ္ထားနဲ႔ ျမန္မာ့ စိတ္ဓာတ္ကို ျပတာပဲ။ ျပဌာန္း စာအုပ္ မွာေတာ့ ‘ေရခ်မ္းစင္’ ထိပဲ ပါတယ္။ ႏြားလႊတ္ပြဲ အေၾကာင္း ထည့္ထားတာ မေတြ႕ ရဘူး။”
ေကတုမတီ
“‘ေကတု မတီ’ က ခရီးသြား ေဆာင္းပါးပါ။ ရန္ကုန္ တကၠသိုလ္ ေတာင္ငူ ခ႐ုိင္ အသင္းက (၁၉၅၈-၅၉) ထြက္တဲ့ နတ္သွ်င္ေနာင္ မဂၢဇင္း ထုတ္ေတာ့ ေရးေပး ခဲ့တဲ့ ေဆာင္းပါး ေပါ့။ ဒီ ေဆာင္းပါးကို ျမဝတီ မဂၢဇင္း ထည့္ခ်င္လို႔ ဆရာ့ဆီ ခြင့္ပန္လို႔ (၁၉၅၈) ႏုိဝင္ဘာလ အတြဲ (၇) အမွတ္ (၂) ျမဝတီ မဂၢဇင္းမွာ ထပ္ၿပီး ေဖာ္ျပ ခဲ့တယ္။ ရွင္းပါတယ္။ ေဆာင္းပါးက ေတာင္ငူရဲ႕ အတိတ္ သမိုင္းကို အသက္ ျပန္သြင္း ထားတာ။ ဆရာက ေတာင္ငူမွာ အခုေတြ႔၊ အခု ျမင္ေန ရတာ ေတြထက္ အတိတ္ ကေတာ့ ဒီ ေနရာမွာ ဒီလိုပဲ ျဖစ္လိမ့္မယ္။
ဒီမွာေတာ့ ဒီလိုမ်ား ျဖစ္ေန မလား ဆိုတဲ့ မွန္းဆ စိတ္နဲ႔ ၾကည္ႏူး ခ်င္တယ္။ သတိရ ခ်င္တယ္။ ဒါေၾကာင့္ ဒြါရဝတီ ေရာက္လို႔ ေလာကုတၲရာ ဘုရားကို ဖူးေျမႇာ္ အဓိဌာန္ ျပဳေလ မလားလို႔ ေတြးခ်င္ခ်င္ ျဖစ္လာတယ္။ ေလးကြၧန္း ကန္ကို ျမင္ေတာ့ တပင္ေရႊထီး၊ အမေတာ္ သခင္မႀကီး၊ ဘုရင့္ေနာင္ မင္းတုိ႔ ငယ္စဥ္က ဒီေရကန္မွာ ကစားၾက ေပ်ာ္႐ႊင္ ၾကမွာ ပဲလို႔ ေတြးခ်င္ခ်င္ ျဖစ္လာတယ္။ အဲဒီ အေတြး ေတြကို ‘ေကတုမတီ’ မွာ ထည့္ေရး ထားတယ္။ အတိတ္ကို လွမ္းၿပီး လြမ္းၾကည့္ တာေပါ့။ ဖတ္ရတဲ့ သူေတြ အဖို႔ အေတြးသစ္ကို ရေစ တာေပါ့။”
ပုဂံ ေစ်း
“‘ပုဂံေစ်း’ က ဝတၴဳပါ။ (၁၉၃၃) ခု၊ ဂႏၳေလာက မဂၢဇင္း၊ အတြဲ (၈) အမွတ္ (၁ဝ၈) ဇန္နဝါရီ လတြင္ ဦးဆုံး ေဖာ္ျပ ခဲ့တယ္။ စစ္ မျဖစ္မီ ကေပါ့။ (၁၉၄၈) ေမလမွာ တာရာ မဂၢဇင္း အတြဲ (၂) အမွတ္ (၂) မွာ တခါ ထပ္ၿပီး ေဖာ္ျပ ဖူးတယ္။ ‘ရွိ၍ မရွိသူ၊ မရွိ၍ ရွိသူ’ ဆိုတဲ့ ျပႆနာ ေလးကို အေၾကာင္း ျပဳၿပီး ေရးခဲ့ တာပါ။ ‘ေဇာ္ဂ်ီ၏ စာ’ ဆိုတဲ့ စာအုပ္မွာ စာတပိုဒ္ က်န္ခဲ့တယ္။ ေက်ာင္းသုံး စာအုပ္ ေကာ္မတီက ျပဌာန္းတဲ့ ပင္ရင္း စကားေျပ စာအုပ္ မွာေတာ့ အျပည့္အစုံ ပါတယ္။ က်န္ခဲ့တဲ့ စာပုိဒ္က ဘာသာျပန္တဲ့ သူက က်န္ခဲ့တာ ထင္ပါရဲ႔ ။ အဲဒီ ေနာက္ဆုံး ပိုဒ္ကေလး ပါမွ၊ ‘ပုဂံေစ်း’ က ပိုၿပီး ျပည့္စုံ၊ ပိုၿပီး ထိေရာက္၊ ပိုၿပီး အဓိပၸာယ္ ရွိတာေပါ့။
က်န္ခဲ့ေသာ စာပိုဒ္မွာ ‘ေစ်းသို႔ ေရာက္သျဖင့္ ပုဂံေစ်း လုလင္သည္ မိမိ လွည္း ရွိရာ ဘက္သို႔ ေမွ်ာ္ၾကည့္ လုိက္၏၊ လွည္းေပၚတြင္ တေယာက္ထဲ တိတ္ဆိတ္စြာ ငိုယို လွ်က္ေနေသာ မိမိ၏ ဇနီး သည္ကုိ ျမင္ေလရာ စိုးရိမ္ ႀကီးစြာျဖင့္ ဇနီးသည္ ထံသို႔ ေျပးဝင္ေလ သတည္း။’
ဒီ ‘ပုဂံေစ်း ဝတၴဳ’ ကို ေရးရတဲ့ ရည္ရြယ္ခ်က္ ကေတာ့ ပညာ ဆိုတာ စာအုပ္ထဲ မွာသာ ရွိတာ မဟုတ္ဘူး။ ေလာက ပတ္ဝန္းက်င္ ထဲမွာလည္း ရွိတယ္ ဆိုတာ သိေစ ခ်င္တယ္။ ဘဝ အေတြ႕အႀကဳံ နဲ႔သာ ေလာက ပုစာၥ ေတြကို အေျဖ ရွာလို႔ ရတယ္။ စာအုပ္ႀကီး ထဲက အတိုင္း လုပ္လုိ႔ မရဘူး ဆိုတဲ့ သေဘာကို နားလည္ ေစခ်င္လို႔ ေရးတယ္။ ေတြ႔မိ သတိထား မိလား။
လူ႕ ဘဝကို ဘာနဲ႔ ျပထား သလဲ၊။ ပုဂံေစ်း မို႔လား၊ ဟုတ္တာေပါ့။ ပုဂံ ေစ်းဟာ လူ႕ ဘဝပဲ။ ဒါကို ေလးနက္ ေစခ်င္လို႔ ‘ပုဂံေစ်းသည္ လူ အမ်ဳိးမ်ဳိး၊ လူ အစားစားတုိ႔ က်က္စားရာ ေနရာ ေပတည္း။ ရယ္သံ၊ ငိုသံ၊ ရန္ျဖစ္သံ ညည္းညဴ သံတို႔ အုတ္အုတ္ က်က္က်က္ ျမည္ဟည္းေသာ ေနရာ ေပတည္း။ အသြား အလာ အေျပး အလြား တုိ႔ျဖင့္ လႈပ္ရွား ေနေသာ ေနရာ ေပတည္း’ ဆိုတာကို (၂) ေနရာမွာ ထည့္ထားတာ သတိ ထားမိၾက မွာေပါ့။”
ဇာတိမာန္ စာဆို ဦးလြန္း
“ဒီ ေဆာင္းပါး ကလည္း ဟံသာဝတီ သတင္းစာ ထဲမွာ ေရးခဲ့တဲ့ ေဆာင္းပါး ပါပဲ။ စာဆိုႀကီး ဦးလြန္းရဲ႔ စာေတြ ထဲက ဇာတိမာန္ကို ျဖစ္ေပၚ ေစတဲ့ စာေတြ ကဗ်ာေတြ ေလးခ်ဳိး ေတြကို သုံးသပ္ ျပထားတာ။ စာေပ ေလာက ဆိုတဲ့ စာအုပ္ ထဲမွာလည္း ထည့္ေသးတယ္ မႈတ္လား။”
ခရီးသည္
“ဘိလပ္က ျပန္လာေတာ့ သူရိယ သတင္းစာ (၁၉၄၁) ခုမွာ ‘လန္ဒန္ ေဆာင္းပါး’ ဆိုၿပီး ဗုဒၶဟူးနဲ႔ စေန ေန႔တိုင္း ေရးတယ္။ ေဆာင္းပါး ေတြေတာ့ အမ်ားႀကီးပဲ။ စစ္အတြင္း တုန္းက ေပ်ာက္ပ်က္ ကုန္တာ ေတြလည္း ရွိတယ္၊ အခု ကိုဝန္ (မင္းသုဝဏ္) နဲ႔ တြဲထုတ္တဲ့ ‘ခရီးသည္’ မွာ ေဆာင္းပါး (၁၅) ပုဒ္ပဲ ပါတယ္။ (၆) ပုဒ္ က်န္ခဲ့ ေသးတယ္။ တိုက္က လာေတာင္း တုန္းက လက္လွမ္း မွီသေလာက္ ရွာေပး လိုက္တာ။
ဆရာ အေနနဲ႔ ခရီးသြား ေဆာင္းပါး ေရးတဲ့ အခါ တခ်ဳိ႕ သူေတြလို တေနရာမွာ ေတြ႕တာကို မွတ္ၿပီး ေရးတာမ်ဳိး မဟုတ္ဘူး။ အႀကိမ္ႀကိမ္ သြား အႀကိမ္ႀကိမ္ ၾကည့္တယ္။ ေလ့လာတယ္။ အဲဒီ အတြက္ ေခါင္စဥ္ တခု ေရြးတယ္။ ေခါင္းစဥ္နဲ႔ ညီၫြတ္ေအာင္ စီကာ စဥ္ကာ ေရးတယ္။ အေကာင္းအဆိုး ကိုလည္း ကိုယ့္ တိုင္းျပည္နဲ႔ ႏႈိင္းယွဥ္ၿပီး အမွန္အတိုင္း တင္ျပတယ္။ ဆရာ့ ခရီးသြား ေဆာင္းပါး တုိင္းမွာ ေကာက္ခ်က္ တခုခုကို ခ်ေပးၿပီး စာဖတ္ သူေတြ အက်ဳိး ရွိေအာင္ ေရးတယ္။”
မဟာ ဆန္ခ်င္သူ ျပဇာတ္
“‘မဟာ ဆန္ခ်င္သူ ျပဇာတ္’ ကို ပုံႏိွပ္တာ (၁၉၃၄) ေရးၿပီးတဲ့ ႏွစ္ကေတာ့ (၁၉၃ဝ) ျပည့္ႏွစ္ပါ။ ဒီျပဇာတ္ ေရးျဖစ္ တာကလည္း ဆရာ့ရဲ႕ အဘိုးေၾကာင့္ ေရးျဖစ္တာ။ ဘီေအ ေအာင္ေတာ့ ဆရာက ဘြဲ႕လက္မွတ္ ကေလး ကိုင္ၿပီး ဆရာ့ အဘိုးကို သြားႁကြား တာကိုး။ အဘိုးက ေအာင္လက္မွတ္ေလး ၾကည့္ၿပီး ‘အဂၤလိပ္ မင္းက ေပးတဲ့ ဘဲြ႔ဆို ေတာ့လည္း ေကာင္းေတာ့ ေကာင္းမွာေပါ့။ ငါ့ေျမး ဘီေအ ဘြဲ႔ရတာ ကေတာ့ ဟုတ္ပါရဲ႔ ။ အဲဒီ ရတဲ့ ဘြဲ႔က အဂၤလိပ္ ပညာ ဘာ ေကာင္းလည္းလို႔ အဘိုး သိလာေအာင္ လုပ္ မေပး ႏိုင္ဘူးလား’ လို႔ ေျပာေတာ့ တာပါပဲ။ အဘိုးက ျမန္မာစာ ႏိုင္ေပမယ့္ အဂၤလိပ္စာ မတတ္ဘူး။ အထင္လည္း မႀကီးဘူး။
အဲဒီလို အဘိုးက ေျပာလိုက္မွ ဆရာလည္း ‘ဟုတ္ပါရဲ႕၊ ငါတတ္တဲ့ ပညာနဲ႔ အဘိုးကို သိေအာင္ ငါ ဘာလုပ္ ေပးႏိုင္မလဲ’ လို႔ ေန႔ေန႔ညည စဥ္းစား မိလာတယ္။ ဒီအခ်ိန္မွာ ဆရာက ျပင္သစ္ ဆရာႀကီး မိုးလ်ဲရဲ႔ ‘The Woud Be Gentleman’ (မဟာ ဆန္ခ်င္သူ) ကို ဖတ္ေန တာကိုး။ ဖတ္ရင္း ကေန သိပ္သေဘာက်လာတယ္။ ဇာတ္လိုက္ႀကီး Jourdain (ဦးေရႊေႏွာင္း) ကျဖင့္ ဆရာတို႔ အရပ္ ထဲက ဘယ္သူနဲ႔ တူလုိက္တာ၊ အရပ္ထဲက ဘယ္သူႀကီး ကျဖင့္ ဒီ ဇာတ္လမ္း ထဲက ဇာတ္လုိက္ႀကီးနဲ႔ တူလုိက္ တာရယ္လို႔ ႏႈင္းယွဥ္ ၾကည့္ရင္း သေဘာ က်လာတယ္။
ဒီတင္ပဲ ‘ဒီ စာအုပ္ကို ငါ့အဘိုး အတြက္ ဘာသာ ျပန္မယ္’ ဆိုၿပီး ဘာသာ ျပန္တယ္။ (၇)ရက္ပဲ ၾကာတယ္။ ‘မဟာ ဆန္ခ်င္သူ’ ကို ေရးၿပီး အဘိုး ေနတဲ့ လယ္ထဲကို သြားပို႔တယ္။ အဘိုး မရွိလို႔ အဘြားဆီ ျပဇာတ္ စာအုပ္ကို ထားခဲ့တယ္။ေနာက္ (၇) ရက္ေလာက္ ၾကာေတာ့ တခါ သြားေမး ျပန္တယ္။ အဘိုး မရွိ ျပန္ဘူး။ ဒါနဲ႔ အဘြားကို ‘အဘြား ကြၧန္ေတာ္ ေပးတဲ့ စာအုပ္ အဘိုး ဖတ္တာ ေတြ႔ရဲ႕ လားဗ်’ လို႔ ေမးတယ္။ အဘြားက ဖတ္ မဖတ္ေတာ့ မသိဘူး နင့္အဘိုး အိပ္ခန္း ထဲမွာ နင့္ စာဖတ္ၿပီး တခြိခြိနဲ႕ ပါပဲ။ ၿပီးေတာ့ ေျပာေသးတယ္ နင့္ေျမး ေရးထားတာ ရယ္စရာ ေတာ္ေတာ္ ပါတယ္လို႔ အဘြားက ျပန္ေျပာ ျပတယ္။ ဟာ ဒါလည္း စာေမးပြဲ တခု ေအာင္တာပဲ ဆိုၿပီး ဆရာလည္း ဝမ္းအသာႀကီး သာသြားတယ္။
အဘိုးနဲ႔ ေနာက္က်မွ ေတြ႔လို႔ ေမးၾကည့္ေတာ့ ‘ေအး မင္းတို႔ အေနာက္ ႏိုင္ငံသား စာေတြက ေရးေရးေတာ့ အရွိသား’ လို႔ ေျပာေဖာ္ ရတယ္။ ဆရာ့ အဘိုးက ေတာ္ေတာ္ ေရွးဆန္တယ္၊ ကမာၻႀကီး လုံးတယ္ ဆိုတာကို ေသသည္ အထိ လက္ မခံဘူး။ ‘ကမာၻႀကီး လုံးေနရင္ ငါတို႔ လိမ့္က် ကုန္မွာေပါ့’ ဆိုၿပီး အဲဒီ အယူ အဆကို လက္မခံဘူး။ ဆရာ့ရဲ႕ မဟာ ဆန္ခ်င္သူ ျပဇာတ္ကို (၁၉၃၃-၃၄) မွာ ျပန္စီ စစ္ၿပီး ညီျဖစ္တဲ့ သူ႔ရဲ႕ ပုံႏွိပ္ စက္မွာ အပ္တယ္။ ဒါေၾကာင့္ (၁၉၃၄) မွာ စာအုပ္ ျဖစ္လာ တာေပါ့။” ‘ခရီးသည္’ ႏွင့္ ‘မဟာ ဆန္ခ်င္သူ’ ျပဇာတ္မွာ ျပ႒ာန္းခ်က္ စာအုပ္တြင္ မပါ ဝင္ပါ။ ဆရာ ေျပာျပ၍ မွတ္သား တင္ျပျခင္း ျဖစ္ပါသည္။
ဆရာ ေဇာ္ဂ်ီႏွင့္ စာဖတ္ဝို္င္း
“ဆရာ့ အဘိုးတို႔ အေမတို႔ ေခတ္က ေဖ်ာ္ေျဖ စရာ ဆိုလို႔ စာအုပ္နဲ႔ ႐ုပ္ေသးပဲ ရွိတယ္။ အဘိုးက တပတ္ကို တခါ စာဖတ္ ဝိုင္းေလး စီစဥ္တယ္။ ကေလးေတြ စုၿပီး စားေကာင္း ေသာက္ေကာင္း ေကြၧး ‘မင္းက ဒါဖတ္၊ မင္းက ဒါရြတ္’ ဆိုၿပီး သခင္ ကိုယ္ေတာ္မႈိင္းရဲ႕ ေလးခ်ဳိးေတြ ဖတ္ခိုင္း တာပဲ။ ဖတ္ျပ ေနတုန္းကို ေကာင္းေကာင္း နားေထာင္ ရတယ္။ ဆရာတို႔ အေမဆို ‘ကိုးခန္းပ်ဳိ႕’ ကို အလြတ္ ရတယ္။
စုံနံ႔သာၿမဳိင္ ဦးေၾကာ့ရဲ႔ စာေတြ၊ ျပဇာတ္ ေတြကို မ်ားမ်ား ဖတ္ရတယ္။ ဒီအေလ့ အက်င့္က ဆရာတို႔ အိမ္ တအိမ္ ထဲတင္ မဟုတ္ဘူး။ တျခား အိမ္ေတြ မွာလဲ ဒီလို စာဖတ္ ဝိုင္းေတြ ရွိတာပဲ။ ေပၚလာတဲ့ ျပဇာတ္ စာအုပ္ မွန္သမွ် အကုန္ ဖတ္ၾက တာပဲ။ ျပဇာတ္ ထဲမွာ ပါတဲ့ ဇာတ္ေဆာင္ ဦးေရ အလိုက္ တေယာက္ တမ်ဳိး တာဝန္ ယူၿပီး၊ ျပဇာတ္ ခင္းၾက တာပဲ။ နားေထာင္တဲ့ သူေတြ ကလဲ နားေထာင္ လို႔ေပါ့။ ဆရာနဲ႔ စာ၊ ကဗ်ာဟာ အၿမဲလိုလို လက္ပြန္း တတီး ရွိခဲ့တယ္။”
ဆရာ ေဇာ္ဂ်ီႏွင့္ ဆရာႀကီး ဦးေဖေမာင္တင္
“ေခတ္စမ္း မတုိင္ခင္က ဆရာတို႔ ေရးတဲ့ စာေတြ၊ ကဗ်ာ ေတြကို ဘယ္မဂၢဇင္း တိုက္ကမွ လက္မခံ ပါဘူး။ အဲဒီ ေခတ္တုန္းက ေရွး႐ုိး ကဗ်ာ ေတြပဲ တြင္က်ယ္ ေနတာ ဆိုေတာ့ ဆရာ့ ကဗ်ာကို စာနယ္ဇင္း ေတြက နားမလည္ ၾကဘူး။ ဒါနဲ႔ ဂႏၳေလာက မဂၢဇင္း ထူေထာင္ ျဖစ္တယ္။ ေငြ ၁ဝဝဝိ- ေလာက္နဲ႔ စထူ ေထာင္တယ္။ ဆရာတို႔ ေရးၾက သားၾက ေပမယ့္ ပိုက္ဆံ မရပါဘူး။ ေငြေၾကးကုိ ဂ႐ု မစိုက္ဘူး။ ေနာက္ ဆရာႀကီး ဦးေဖေမာင္တင္ရဲ႔ လုံ႔လေၾကာင့္ ေခတ္စမ္း ကဗ်ာ၊ ေခတ္စမ္း ဝတၴဳေတြ ေပၚလာတယ္။
ေခတ္စမ္း စာေပဟာ ဆရာႀကီး ေက်းဇူးေၾကာင့္ ေပၚေပါက္ လာတာပါ။ ခုထိ ေခတ္စမ္းရဲ႔ အရွိန္ အဝါဟာ မကုန္ ေသးပါဘူး။ ေခတ္စမ္းရဲ႕ အေငြ႔အသက္ ေတြက ကေန႔ထိ လႊမ္းမိုး ေနတုန္းပါ။ ေတြ႔ေန ရတုန္းပါ။ ေခတ္စမ္း စာေပကုိ ဆရာ တို႔က ထြင္မယ္ ဆိုၿပီး စာေရးတာ မဟုတ္ဘူး။ ဆရာ တုိ႔ရဲ႔ စာေတြကို ‘ေခတ္စမ္း’ လို႔ အမည္ ေပးလုိက္မွ ေခတ္စမ္း စာေပ ျဖစ္လာ တာပါ။ ေခတ္စမ္း စာေပနဲ႔ ပတ္သက္လို႔ ေဝဖန္ၾက၊ တိုက္ခိုက္ၾက၊ ကေလာ္ၾက၊ ဆဲၾကေတာ့ ဆရာတို႔ သိပ္ဝမ္းသာ တာေပါ့။
ဆရာ တုိ႔က မဟုတ္ တာေတြ လုပ္ေန တာမွ မဟုတ္ဘဲ။ သူတို႔ တေတြက အသစ္ ထြင္တာကုိ အျပစ္ တင္တာ၊ ႐ႈတ္ခ် တာေတြေၾကာင့္ စာဖတ္ သူေတြ ပိုၿပီးေတာ့ စိတ္ဝင္စား လာတာကုိး။ ဆရာျဖင့္ အဲဒီ တုန္းက သိပ္ဝမ္းသာ တာပဲ။ သိပၸံ ေမာင္ဝရယ္၊ ဆရာရယ္၊ ကုိဝန္ရယ္၊ စာနယ္ဇင္း ေတြကေန ‘ေမာင္ကႀကီး’၊ ‘ေမာင္ဏႀကီး’၊ ‘ေမာင္တဝမ္းပူ’ ဆိုတဲ့ ကေလာင္ နာမည္ ေတြနဲ႔ တေပ်ာ္ တပါးႀကီး၊ ျပန္ေရး ခဲ့တယ္။ ေရွး႐ုိး ႏွစ္ၿခဳိက္ သူေတြကို ‘ခင္ဗ်ားတို႔ ဥၾသေလး သာတယ္ သာတယ္လို႔ ေျပာမေန ၾကနဲ႔ ၾကက္ဖ ႀကီးလည္း သာတာပဲ’ စသျဖင့္ ေပါ့ကြာ တဖက္က ထုိးႏွက္ သမွ်ကို အမ်ဳိးမ်ဳိး ေခ်ပ ခဲ့ၾကတယ္။”
ခ်က္ႏိုင္ငံမွ အမ်ဳိးသမီး စာေပ သုေတသန ပညာရွင္ ဒဂၢမာဘက္ကိုဗာ (ျမန္မာ အမည္ – ျမသီတာ)
“ဆရာေဇာ္ဂ်ီ၏ စာေပ အျမင္ႏွင့္ ဆရာ ေဇာ္ဂ်ီ၏ စာေပ အျမင္မ်ားတြင္ ျမန္မာ့ ေရွးေဟာင္း စာေပ က်မ္းဂန္ မ်ားကို အေလးအနက္ သံုးသပ္မႈကို ေတြ႔ရသည္။ အဂၤလိပ္ စာေပႏွင့္ ကမၻာ့ စာေပကို က်ယ္က်ယ္ ျပန္႔ျပန္႔ ေလ့လာ သံုးသပ္ခ်က္ တို႔လည္း ေတြ႔ရသည္။ တကၠသိုလ္ ၀န္းက်င္၏ အေငြ႔ အသက္ကိုလည္း ေတြ႔ရသည္။ ဆရာ ေဇာ္ဂ်ီ၏ ပိေတာက္ပန္း ကဗ်ာသည္ ဆရာ ေဇာ္ဂ်ီ၏ စာေပကို လည္းေကာင္း၊ ၂၀ ရာစု ျမန္မာ ကဗ်ာ ေလာက တခုလံုးကို လည္းေကာင္း အေျပာင္းလဲႀကီး ေျပာင္းလဲ ေစသည့္ ကဗ်ာ ျဖစ္သည္။
ဆရာ ေဇာ္ဂ်ီ၏ ကဗ်ာမ်ား၊ ၀တၳဳ တိုမ်ား၊ ျပဇာတ္ မ်ားသည္ လူ႔ သေဘာ သဘာ၀ကို ေလးနက္စြာ ထင္ဟပ္ ေဖာ္ျပလွ်က္ ရွိသည္။ ေလးနက္စြာ ဆင္ျခင္မႈ မ်ားႏွင့္ ဒႆနိက ေဗဒဆိုင္ရာ ျပႆနာ မ်ားကို သူ႔ စာမ်ားတြင္ ထည့္သြင္း ေဖာ္ျပ ခဲ့သည္”။ဆရာေဇာ္ဂ်ီ၏ ကဗ်ာမ်ား၊ စာေပ လက္ရာမ်ား၊ သုေတသန စာတမ္းမ်ားကို စာေပ ပညာရွင္မ်ား၊ သုေတသီ မ်ား၊ ေ၀ဖန္ေရး ဆရာမ်ား၊ ကဗ်ာ ဆရာမ်ားက တေလးတစား ခ်ီးက်ဴး ဂုဏ္ျပဳ ခဲ့ရသည္။ စာေပေပၚတြင္ ထားရွိေသာ ဆရာ ေဇာ္ဂ်ီ၏ ေစတနာ၊ ေမတၱာ တရားတို႔သည္ ေႏွာင္းေခတ္ လူငယ္ စာေပသမားမ်ား အဖို႔ အတုယူဖြယ္ရာပင္။
[ျပင္ဆင္ရန္] ဆရာ ေဇာ္ဂ်ီႏွင့္ စာေပ အျမင္
“ဆရာ စာစ ေရးတာ ကေတာ့ (၁၄-၁၅) ႏွစ္ တည္းကပါပဲ။ ေရးတယ္ ဆိုတာ ကလည္း မဂၢဇင္းေတြ ပို႔မယ္ ဆိုၿပီး ရည္ရြယ္ ေရးတာ မဟုတ္ဘူး။ ဆရာတုိ႔ ငယ္ငယ္က ေနရတဲ့ အမ်ဳိးသားေက်ာင္း ဆိုတာ ကလည္း ကဗ်ာေတြ၊ လကၤာေတြ သင္ေပး ေနေတာ့ စာေပ ဆိုတာ ဝါသနာ မပါလို႔ မရေတာ့ ဘူးေပါ့။ ဆရာ တုိ႔ကို ကဗ်ာ သင္တဲ့ ပင္စင္ ဆရာေဟာင္းက သံေပါက္ တခုကို (၃)လေလာက္ သင္တယ္။ သံေပါက္ အမ်ဳိးမ်ဳိး အေၾကာင္းကို သင္ေပးတယ္။ ဆရာတို႔ ကလည္း သံေပါက္ေတြ အမ်ဳိးမ်ဳိး ေရးရတယ္။
တနဂၤေႏြ တပတ္ကို သံေပါက္ တပုဒ္ ေရးၿပီး ျပရတယ္။ အတန္း ထဲမွာလည္း ထဖတ္ျပ ရတယ္။ မွားေနရင္ ျပင္ေပးတယ္။ ဒါေၾကာင့္ ကဗ်ာေရးရင္ လက္က ေယာင္လုိ႔ေတာင္ မမွားဘူး။ ဆရာတုိ႔ စာေရး တာက နားနဲ႔ စာေရးတာ၊ နားက ေသခ်ာ သိေနေတာ့ မမွား ေတာ့ဘူးေပါ့။ ဖ်ာပုံမွာ ေနရင္း ေရးတဲ့ ေလးဆစ္ေတြ၊ သျဖန္ေတြ၊ ေဘာလယ္ေတြ ဆိုတာက ကာရန္ အထူး စဥ္းစားဖုိ႔ မလိုဘူး။
အလိုလို ထြက္လာ တာပဲ။ ရန္ကုန္ ေရာက္မွ မဂၢဇင္း ေတြမွာ ေရးတယ္။ ေရးနည္းကား အတိုင္း ေရးတဲ့ ကဗ်ာေတြ ဆိုေတာ့ စိတ္ထဲမွာ မရွိဘဲနဲ႔ (မခံ စားရဘဲ) လည္း ေရးလုိ႔ ရတယ္။ ဒီလို ကဗ်ာေတြ စုစုေပါင္း (၃ဝဝ) ေက်ာ္ ရွိတယ္။ ေပ်ာက္ပ်က္ ကုန္ပါၿပီ။ ဒါေပမဲ့ ဝမ္းမနည္း ပါဘူး။ ဒီလို ကဗ်ာမ်ဳိး ေတြကေတာ့ ခုေရး ခုရ တယ္ေလ။ ကဗ်ာ ေပါင္းခ်ဳပ္သစ္မွာ ‘ေရွ႕ေျပး ကဗ်ာစု’ ဆိုၿပီး အပုဒ္ (၂ဝ) ေလာက္ ပါသြားတယ္။
စေရးစဥ္က မဂၢဇင္း တိုက္ေတြ ပို႔ရင္ လက္မခံ ခဲ့ဘူး။ မေကာင္းလို႔ ေနမွာပဲ ဆိုၿပီး ဆက္ေရးၿမဲ ေရးတယ္။ ပိုႀကိဳးစား ေရးတယ္။ ကဗ်ာ ေတြကုိ ဆရာ တို႔က ဝါသနာ ပါလို႔ ေရးခဲ့တာ။ ထင္ေပၚ ေက်ာ္ၾကား ခ်င္တဲ့ စိတ္မရွိဘူး။ ဝါသနာ အရင္းခံၿပီး ေရးတဲ့ သူသာ တည္တံ့ ခုိုင္ၿမဲတယ္။ ေက်ာ္ၾကား ခ်င္လို႔ ေရးတယ္ ဆိုရင္ မလြယ္ဘူး။ ခုေခတ္ေတာ့ ကဗ်ာေတြ စာေတြ ေရးၾကတယ္။ မဂၢဇင္းတိုက္ ပုို႔လို အပယ္ ခံရရင္ မေက်နပ္ ၾကဘူး။ ဆရာ့ ဆီလည္း စာေတြ အမ်ားႀကီး လာပါတယ္။ ကိုယ့္မွာမွ ဘာမွ မရွိေသးဘူး၊ သူမ်ား ေပးခ်င္ တာက အရင္ပဲကုိး။ ကိုယ့္မွာ အရင္ ရွိေအာင္ လုပ္ၾက ေစခ်င္တယ္။ ကိုယ့္မွာ ရွိၿပီးမွ သူမ်ား ေပးရတာ ေကာင္းတယ္။ စာ မ်ားမ်ား ဖတ္ၾက ေစခ်င္တယ္။”
ဆရာေဇာ္ဂ်ီ ေလးစားေသာ စာဆိုႏွင့္ စာေပ
“ဆရာႀကီး သခင္ ကိုယ္ေတာ္မိႈင္းရဲ႕ စာေတြက မ်ဳိးခ်စ္စိတ္ ရေစပါတယ္။ (၁၉) ရာစု ေနာက္ပိုင္းမွာ ေက်ာ္ၾကားတဲ့ ရွယ္ေလး၊ ကိ၊ ဘိုင္ရြန္တို႔ရဲ႔ ကဗ်ာေတြ၊ တဂိုးရဲ႔စာ၊ ကဗ်ာ ေတြဟာ ဆရာ့ အေပၚ စာေပ ၾသဇာ သက္ေရာက္ တယ္လို႔ ဆိုရ ပါမယ္။ အေလးစားဆုံး စာဆိုနဲ႔ စာေပ ကေတာ့ အရြယ္ အလိုက္ ေျပာင္းလဲ ခဲ့တာေပါ့။ ခု ဒီအရြယ္ မွာေတာ့ ႏိုင္ငံျခား စာဆိုေတြ ထဲက ‘ပေလတို’ ကို ေလးစားတယ္။ အခု ရြယ္ထိ ဖတ္လို႔ ရေသးတဲ့ လက္ခံ ေသးတဲ႔ စာေတြ ကေတာ့ ကိုးခန္းပ်ဳိ႕၊ နတ္သွ်င္ေနာင္ ရတုေတြ၊ ဝန္ႀကီး ပေဒသရာဇာနဲ႔ ဦးပုညရဲ႔ စာေတြ ပါပဲ။ အသက္ႀကီးလို႔ ဘာသာေရးကုိ စိတ္ဝင္ စားတယ္။ ပဋိစၥ သမုပၸါဒ္နဲ႔ ဓမၼ စၾကာေတြ ကေတာ့ အယူ အဆေကာ က်င့္စဥ္ပါ ပါလို႔ ေလးစား ပါတယ္။”
ဆရာေဇာ္ဂ်ီႏွင့္ စာေပအယူအဆ
“ဆရာ ကေတာ့ ေက်ာင္းဆရာ ဘဝကုိ ႏွစ္သက္တယ္။ စာေရး ေနေပမယ့္ ‘စာေရး ဆရာႀကီး’ လို႔ ေခၚလိုက္ရင္ ေက်ာ စိမ့္စိမ့္ သြားတယ္။ စာေရး ဆရာ မျဖစ္ေသး ပါဘူး။ ကိုယ္ေရးတာ ေတြပဲ အကုန္လုံး ႏွစ္သက္တာေပါ့။ သေဘာ က်တာေပါ့။ ကိုယ့္စာ ကိုယ္ သေဘာ မက် ဘယ္ရွိ မလဲ။ အႏွစ္ သက္ဆုံး အေက်နပ္ဆုံး ကေတာ့ ‘ေဗဒါလမ္း ကဗ်ာစု’ ပဲေပါ့။ အသက္ႀကီးမွ ေရးေတာ့ ကိုယ့္အျမင္လို႔ သတ္သတ္မွတ္မွတ္ ရွိလာၿပီ။ ဒီအျပင္က ေရးတဲ့ ကဗ်ာေတြ မွာလည္း အျမင္ ရွိေပမယ့္ ဝိုးတဝါးပဲ။ ‘ပဲ့နင္း’ လို ဟိုလိုလို သည္လုိလို ျဖစ္ေန ေသးတာ ေပါ့ေလ။ ႀကီးမွ ေရးတာက ႏွလုံး က်ေနၿပီ၊ တည္ၿငိမ္မႈ ရွိလာ ၿပီေပါ့။
ကာရန္မဲ့ ကဗ်ာနဲ႔ ပတ္သက္ လို႔ေတာ့ ေရးတတ္ရင္ ေကာင္းပါတယ္။ ႀကိဳက္ပါတယ္။ မေရးတတ္ဘဲ ေရးေနေတာ့ ကာရန္မဲ့ ကဗ်ာ မျဖစ္ေတာ့ ဘူးေပါ့။ ဆရာ ကေတာ့ ကာရန္မဲ့ ကဗ်ာ ဆိုတဲ့ အေခၚကုိ မႀကိဳက္ဘူး။ ကာရန္ မဲ့တဲ့ေနာက္ ကဗ်ာ ဘယ္ျဖစ္ေတာ့ မလဲ။ ‘ေႏွာင္ႀကိဳးမဲ့ ကဗ်ာ’ ဆိုရင္ ပိုၿပီး ထိမိမယ္။ ကာရန္မဲ့ ကဗ်ာကို ေရးတဲ့ အခါ နိမိတ္ပုံေလး တခုကုိ အထူးျပဳၿပီး တိုတိုေလးေရး၊ တိုတိုေလးနဲ႔ ထိမ ိေအာင္ေရး၊ ေရးတတ္ရင္ လက္ခံမယ္။ ကဗ်ာ တပုဒ္ ေကာင္းရင္ ခ်က္ခ်င္း အလြတ္ ရတယ္။ ဒီေတာ့ ထိမိေအာင္ ေရးပါ။ လက္ခံ ပါတယ္။
ဆရာ ့စာေပ အယူအဆ ျမန္မာ့ ယဥ္ေက်းမႈ ဓေလ့ ထုံးစံ ေတြကို ေဖာ္ထုတ္ ခ်င္တယ္။ ဆင္းရဲသားေတြ ဘက္က ရပ္တည္ ခ်င္တယ္။ ဘဝ ဆန္သူကုိ ခ်ီးက်ဴး ခ်င္တယ္။ ဘယ္သူ ကမွ စံမတင္ တာကုိ စံတင္ ခ်င္တယ္။ ဒါေၾကာင့္လည္း ေဗဒါလမ္း ကဗ်ာေတြကုိ တအံု တမႀကီး ေရးျဖစ္ တာေပါ့။ အသက္ႀကီး လာေတာ့ ဘာသာေရး ဆန္လာတယ္။ တည္ၿငိမ္မႈ ရွိလာ တာေပါ့။”
ဆရာ ေဇာ္ဂ်ီ ေရးသား ထုတ္ေဝ ခဲ့သည္ စာအုပ္မ်ား
ကဗ်ာဥယ်ာဥ္
ကဗ်ာ ေပါင္းခ်ဳပ္သစ္ – ၁၉၇၄
ကာလီဒါသႏွင့္ သကု႑လ – ၁၉၅၈
ကံ့ေကာ္ၿမိဳင္ စာတမ္း
ခရီးသည္ ( + မင္းသု၀ဏ္)- ၁၉၆၅
ဂႏၳေလာက သဂၤဟသုတိ အထိမ္းအမွတ္ စာတမ္းမ်ား – ၂ဝဝဝ
ဂ်ရတ္ႏွင့္ မာဂရက္ဝတၴဳ (ဘာသာျပန္) (မဟာ ဝိဇၨာ ဘဲြ႕ရ ေမာင္သိန္းဟန္ ကေလာင္ အမည္ျဖင့္) – ၁၉၄၁
စာေပ ေလာက ( + မင္းသု၀ဏ္)- ၁၉၄၉
ေဇာ္ဂ်ီ ကဗ်ာေပါင္းခ်ဳပ္ – ၁၉၆၇
ေဇာ္ဂ်ီစာေပါင္းခ်ဳပ္ (၅-တြဲ)
ေဇာ္ဂ်ီ၏စာ – ၁၉၆ဝ
တ႐ုတ္-ဗမာ မိတ္ေဆြျဖစ္အသင္း
နင္ လားဟဲ့ ခ်စ္ဒုကၡႏွင့္ အျခား ဝတၴဳတုိမ်ား (ႏိုဗဲဆုရ-၀တၳဳတိုမ်ား) (ဘာသာျပန္) – ၁၉၇၉
ေႏြဦးက်က္သေရႏွင္႕အျခားရသစာတမ္းမ်ား
ပေလထရိုႏွင္႕ကြၽန္ေတာ္(ဘာသာျပန္)
ပေလးတိုးနိဒါန္း (ဘာသာျပန္) (၁၉၆၇-၁၉၉၆)
ပိေတာက္ေ႐ႊဝါ ကဗ်ာမ်ား – ၁၉၅၁
ပုခန္းမင္းေက်ာ္စြာ နတ္သံႏွင့္ ေပ်ာ္ခ်င္း – ၁၉၃၈
ပ်ဳိ႕ႏွင့္ ပ်ဳိ႕စာဆို
ျပည္ေထာင္စုသမိုင္းပံုျပင္မ်ား
ေဗဒါလမ္း ကဗ်ာမ်ား – ၁၉၆၃
မဟာဆန္ခ်င္သူႏွင့္ အျခား တခန္းရပ္ ျပဇာတ္မ်ား – ၁၉၇၂
မဟာဆန္ခ်င္သူ ျပဇာတ္ – ၁၉၆၅ (၁၉၃၄၊ ၁၉၇၀) ဘာသာျပန္
မိုးၾကယ့္မို႕လား (ဘာသာျပန္) – ၁၉၆၆
မိုးၾကယ္မို႕လားႏွင့္ ႏိုဗယ္ဆုရ ဝတၴဳတုိမ်ား – ၁၉၆၆
မိုးၾကယ္မို႕လားႏွင့္ လမ္းသစ္ဝတၴဳတိုမ်ား – ၁၉၇၇
ရသစာေပနိဒါန္း – ၁၉၆၅
ရသစာေပအဖြင့္ – ၁၉၆၆
ရသစာေပ အဖြင့္ႏွင့္ နိဒါန္း – ၁၉၇၆
ေ႐ြေဒါင္းညိဳ (သို႕) စနစ္တခု၏ အစ – ၁၉၉၉
ေရွးေခတ္ပုဂံ ကဗ်ာမ်ားႏွင့္ အျခားကဗ်ာမ်ား – ၁၉၈၇
လက္ေ႐ြးစင္ ျမန္မာဝတၴဳတိုမ်ား – ၁၉၈၁
လမ္းသစ္ႏွင့္ အျခားဝတၴဳတိုမ်ား (ဘာသာျပန္) – ၁၉၆၆ (ႏိုဗဲဆုရ၀တၳဳတို)
သကု႑လ (ဘာသာျပန္) – ၁၉၅၅
သခင္ကိုယ္ေတာ္မႈိင္း ဋီကာ – ၁၉၅၅
သိန္းႏွင့္ က်ားဋီကာ – ၁၉၈၄
သံုးပြင့္ဆိုင္ေခတ္ ဆန္းစာေပ (သိပၸံေမာင္၀၊ မင္းသု၀ဏ္ တို႔ႏွင့္တြဲ) – ၁၉၅၅
မဟာဝိဇၨဘြဲ႕ရ ေမာင္သိန္းဟန္ ကေလာင္အမည္ျဖင့္ ဂ်ရတ္ႏွင့္ မာဂရက္ ဝတၴဳ (ဘာသာျပန္) – ၁၉၄၆
ရည္ၫႊန္း
မေဟသီ မဂၢဇင္း၊ အမွတ္ ၂၆၈ ဧၿပီ ၂ဝဝ၇။ ‘ဆရာ ေဇာ္ဂ်ီနဲ႕ ပတ္သက္တဲ့ ငုပ္ကြယ္ ေနတဲ့ အခ်က္ တစ္ခ်က္’ – ဖိုးေအာင္ေလး (စာေပဗိမာန္ စာမူဆုရ)
ဆရာ ေဇာ္ဂ်ီသည္ ဧရာ၀တီတိုင္း၊ ဖ်ာပံုျမဳိ႕ဇာတိျဖစ္၍ အဖဦးေယာ၊ အမိေဒၚစိန္ညြန္႕တို႕မွ ၁၉၀၇-ခုႏွစ္၊ ဧျပီလ ၁၂ရက္၊ ေသာၾကာေန႕တြင္ ဖြားျမင္သည္။ ေမြးခ်င္း ကိုးေယာက္ အနက္ အႀကီးဆံုး ျဖစ္သည္။ အမည္ ရင္းမွာ ဦးသိန္းဟန္ ျဖစ္ပါသည္။
ငယ္ဘ၀
ဆရာ ေဇာ္ဂ်ီသည္ ငယ္စဥ္က ဖ်ာပံုၿမ့ဳိ ဘုန္းေတာ္ႀကီး ေက်ာင္းတြင္ ပညာ သင္ၾကား ခဲ့သည္။ ထို႔ေနာက္ ဖ်ာပံုၿမ့ဳိရွိ အဂၤလိပ္ ျမန္မာ အစိုးရ အထက္တန္း ေက်ာင္းတြင္ သတၱမတန္း အထိ ပညာ သင္ၾကား ခဲ့သည္။ဆရာ ေဇာ္ဂ်ီသည္ ငယ္စဥ္ ကေလးဘ၀ ကတည္းက ျမန္မာမႈ၊ ျမန္မာ စာေပ တို႔ႏွင့္ အကၽြမ္းတ၀င္ ရင္းႏွီး ခဲ့သည္။ အေၾကာင္းမွာ ဆရာ ေဇာ္ဂ်ီတို႔ အိမ္တြင္ လူႀကီးမ်ား စုေ၀းကာ စာအေၾကာင္း ေပအေၾကာင္း ေျပာၾက ေသာေၾကာင့္ ျဖစ္သည္။
သတၲမတန္း အေရာက္တြင္ ၁၉၂ဝ ျပည့္ ပထမ ေက်ာင္းသား သပိတ္တြင္ ပါဝင္ ခဲ့သည္။ အမ်ဳိးသား ေက်ာင္းမ်ား ျမန္မာျပည္ အႏွံ႕ ေပၚေပါက္ လာေသာ အခါ ဆရာ ေဇာ္ဂ်ီသည္ ဖ်ာပံုၿမိဳ႕၊ အမ်ဳိးသား ေက်ာင္းသို႕ ေျပာင္းေ႐ႊ႕ ပညာ ဆည္းပူး ခဲ့သည္။ ထိုမွ တဖန္ ရန္ကုန္ၿမိဳ႕၊ ၿမိဳ႕မ ေက်ာင္းသုိ႕ ေျပာင္း၍ ၁၁ ဆင့္ ေအာင္သည္ အထိ ပညာ ဆည္းပူး ခဲ့သည္။ ထိုစဥ္က ေက်ာင္းအုပ္ ဆရာႀကီးမွာ ဦးဘလြင္ ျဖစ္ပါသည္။
၁၉၂၄ တြင္ ရန္ကုန္ၿမ့ဳိ အမ်ဳိးသား အထက္တန္း ေက်ာင္းႏွင့္ ၿမ့ဳိမ အမ်ဳိးသား အထက္တန္း ေက်ာင္းတို႔တြင္ ပညာ သင္ၾကား ခဲ့သည္။ ၿမ့ဳိမ ေက်ာင္းသား ဘ၀တြင္ ကဗ်ာမ်ား စတင္ ေရးသား ခဲ့သည္။ ၁၉၂၄ တြင္ ဆာေဂ်ေအ ေမာင္ႀကီး၏ သစၥာ ၀ါဒီ သတင္းစာက ႀကီးမႉးၿပီး ကဗ်ာ ဘာသာျပန္ ၿပဳိင္ပြဲ က်င္းပ ခဲ့သည္။ ျမန္မာ ဘာသာသို႔ ျပန္ဆို ရမည့္ ကဗ်ာမွာ အဂၤလိပ္ ကဗ်ာ ဆရာ ဟင္နရီ ေ၀ါတန္ (Henry Wotton) ၏ The Character of a Happy Life အမည္ရွိ ကဗ်ာ ျဖစ္သည္။ ဆရာ ေဇာ္ဂ်ီသည္ ကဗ်ာ ၿပဳိင္ပြဲတြင္ ၀င္ေရာက္ ယွဥ္ၿပဳိင္ရာ ပထမဆု ရရွိ ခဲ့သည္။
ဆာေဂ်ေအ ေမာင္ႀကီးက ေရႊဒဂၤါး ၅ ျပား ဆုခ် ခဲ့သည္။ ၁၉၂၅ တြင္ ဆရာ ေဇာ္ဂ်ီသည္ ရန္ကုန္ တကၠသိုလ္တြင္ တက္ေရာက္ ပညာ သင္ၾကား ခဲ့သည္။ တကၠသိုလ္သို႔ ေရာက္ေသာအခါ ေရွးေဟာင္း ျမန္မာ့ စာေပကို စနစ္တက် ေလ့လာခြင့္ ရသကဲ့သို႔ တဘက္တြင္လည္း ကမၻာ့ စာေပ မ်ားကိုလည္း က်ယ္က်ယ္ ျပန္႔ျပန္႔ လိုက္စား ႏိုင္ခဲ့သည္။ အဂၤလိပ္ ကဗ်ာမ်ားကို ဖတ္ၿပီး ကဗ်ာသစ္ကို စမ္းသပ္ ေရးဖြဲ႔ခ်င္စိတ္ ေပါက္လာသည္။ ၁၉၂၈ တြင္ ဆရာ ေဇာ္ဂ်ီသည္ သူ၏ နာမည္ေက်ာ္ “ပိေတာက္ပန္း” ကဗ်ာကို ေရးဖြဲ႔ ခဲ့သည္။
ဆရာ ေဇာ္ဂ်ီသည္ တကၠသိုလ္ ေက်ာင္းသား ဘ၀တြင္ သူ႔လို ၀ါသနာတူ သူငယ္ခ်င္း ဆရာ မင္းသု၀ဏ္ႏွင့္ တြဲမိ သြားသည္။ သူတို႔ ႏွစ္ဦးသည္ ေရွးေဟာင္း ကဗ်ာမ်ားမွ ေတြးပံု ေတြးနည္း၊ ေရးပံု ေရးနည္း မ်ားကို လမ္းသစ္ ခြဲထြက္ ၾကသည္။ မိမိ ခံစားရေသာ အျမင္ကိုသာ အလွပဆံုး၊ အထိမိဆံုး ေရးဖြဲ႔ ၾကသည္။ ထို ကဗ်ာမ်ားကို တကၠ သိုလ္ မဂၢဇင္း၊ ဂႏၱေလာက မဂၢဇင္း၊ ႀကီးပြားေရး မဂၢဇင္းမ်ားတြင္ ေရးသား ၾကသည္။
၁၉၃၄ တြင္ ဆရာႀကီး ဦးေဖေမာင္တင္က ဆရာ ေဇာ္ဂ်ီ၊ ဆရာ မင္းသု၀ဏ္ႏွင့္ တကၠသိုလ္ ပုရ၀ဏ္ အတြင္း ေရးသား ေနၾကေသာ ကဗ်ာ မ်ားကို စုစည္း ထုတ္ေ၀ရာမွ ‘ေခတ္စမ္း ကဗ်ာ’ ဟု အမည္ တြင္လာသည္။ ဆရာ ေဇာ္ဂ်ီသည္ ရန္ကုန္ တကၠသိုလ္ ေက်ာင္းသား ဘ၀တြင္ တကၠ သိုလ္ ပုရ၀ဏ္ ထဲမွ ဆရာႀကီး ဦးေဖေမာင္တင္၊ ဆရာပြား၊ ပါေမာကၡ လုစ္၊ ပါေမာကၡ ဂုဒ္တို႔ထံမွ အဂၤလိပ္ စာေပ၊ ျမန္မာ စာေပတို႔ကို ေလ့လာ ဆည္းပူးခြင့္ ရခဲ့သည္။
၎အျပင္ ျပင္ပ စာေပ ေလာကမွလည္း ဆရာႀကီး သခင္ ကိုယ္ေတာ္မိႈင္း၊ အမ်ဳိးသား ပညာ၀န္ ဦးဖိုးက်ား၊ ဒီးဒုတ္ ဦးဘခ်ဳိ တို႔ထံမွ ျပင္ပ စာေပ ဗဟုသုတ မ်ားကို ၾကားနာခြင့္ ရသည္။ ဆရာ ေဇာ္ဂ်ီသည္ မိမိထက္ အတန္းႀကီးေသာ သိပၸံ ေမာင္၀ထံမွ အက္ေဆး သေဘာတရားမ်ား၊ ဗဟုသုတမ်ား ရရွိခဲ့ၿပီး မိမိထက္ ငယ္ေသာ ဆရာ မင္းသု၀ဏ္ ႏွင့္လည္း ကဗ်ာ ေရးေဖာ္ ေရးဖက္ ျဖစ္လာသည္။
ဆရာ ေဇာ္ဂ်ီသည္ ၁၉၂၉-၃ဝ ပညာသင္ ႏွစ္တြင္ ရန္ကုန္ တကၠသိုလ္မွ ဝိဇၨဘြဲ႕ ရခဲ့သည္။ ဆရာ ေဇာ္ဂ်ီသည္ မိမိ ပညာ ဆည္းပူး ခဲ့ရာ ၿမိဳ႕မ အမ်ဳိးသား အထက္တန္း ေက်ာင္းတြင္ အထက္တန္းျပ ဆရာ အျဖစ္ ၁၉၃၁ ခုႏွစ္မွ ၁၉၃၄ ခုႏွစ္ အထိ တာဝန္ ထမ္းေဆာင္ ခဲ့ပါသည္။ ေက်ာင္းဆရာ လုပ္ေနစဥ္ မွာပင္ ဖ်ာပံုၿမိဳ႕ ကေန ၁၉၃၁ ဇန္နဝါရီလက စၿပီး ထုတ္ေဝ ခဲ့တဲ့ ‘ျမန္မာ့ အာဇာနည္’ ဂ်ာနယ္မွာ ဆရာ ေဇာ္ဂ်ီသည္ အယ္ဒီတာ အဖြဲ႕ဝင္ အျဖစ္ တာဝန္ ယူခဲဲ့သည္။
သို႕ေသာ္လည္း ဂ်ာနယ္သည္ အမွတ္ ၇ မွ်သာ ေရးသား ထုတ္ေဝ ခဲ့ႏိုင္ၿပီး ျဖန္႕ခ်ိမႈ အခက္အခဲေၾကာင့္ ရပ္ဆုိင္း ခဲ့ရသည္။၁ ၿမိဳ႕မေက်ာင္း ေက်ာင္းဆရာ အျဖစ္ တာဝန္ ထမ္းေဆာင္ ေနစဥ္ ဆရာ ေဇာ္ဂ်ီသည္ ဝိုင္အမ္ဘီေအ အသင္းႀကီးက ႀကီးမွဴး က်င္းပေသာ ေဟာေျပာပြဲတြင္ အဂၤလိပ္ ဘာသာျဖင့္ စာေပ ေဝဖန္ေရး စာတမ္း တစ္ေစာင္ ဖတ္ၾကား တင္သြင္း ခဲ့ပါသည္။ စာဆုိ ဝန္ႀကီး ပေဒသရာဇာႏွင့္ စိႏၳေက်ာ္သူ ဦးၾသ တုိ႕အေၾကာင္း ျဖစ္ပါသည္။ စာတမ္း အမည္မွာ ‘Eighteenth Century Poets in Burma’ ျဖစ္ပါသည္။ စာတမ္း တင္သြင္းေသာ ခုႏွစ္မွာ ၁၉၃၂ ခု ၾသဂုတ္လ ၂၈ ရက္ ျဖစ္ပါသည္။
သဘာပတိမွာ ဆရာႀကီး ဦးလူေဖဝင္း ျဖစ္ပါသည္။ ထုိ စာတမ္းကို ရန္ကုန္တိုင္းမ္ (Rangoon Time) အဂၤလိပ္ ဘာသာ သတင္းစာတြင္ ထည့္သြင္း ေဖာ္ျပ ခဲ့ပါသည္။ ထို စာတမ္းကို ဖတ္မိေသာ ရန္ကုန္ တကၠသိုလ္ အဂၤလိပ္စာ ပါေမာကၡ ႐ုခ္က အလြန္ ႏွစ္သက္ သေဘာ က်၍ ဆရာ ေဇာ္ဂ်ီကို ေခၚယူကာ မဟာ ဝိဇၨာတန္း တက္ရန္ တိုက္တြန္း ခဲ့ေလသည္။ သို႕ျဖင့္ ဆရာ ေဇာ္ဂ်ီသည္ ၁၉၃၄ ခုႏွစ္တြင္ ၿမိဳ႕မ ေက်ာင္းမွ ထြက္၍ မဟာ ဝိဇၨာတန္းတြင္ အဂၤလိပ္ စာေပႏွင့္ ျမန္မာ စာေပ ႏွစ္ဘာသာ (Double Literature) ယူကာ ၁၉၃၆ ခုႏွစ္တြင္ မဟာ ဝိဇၨဘြဲ႕ ရခဲ့သည္။
၁၉၃၈ ခုႏွစ္ အထိ မႏၲေလး ဥပစာ ေကာလိပ္တြင္ ျမန္မာစာ နည္းျပ အျဖစ္ ေဆာင္႐ြက္သည္။ ၁၉၃၆-၄ဝ ျပည္ႏွစ္ မ်ားတြင္ အဂၤလန္ ႏိုင္ငံ ဒဗ္ဗလင္ တကၠသိုလ္ မ်ားတြင္ စာၾကည့္တိုက္ ပညာ သင္ၾကား၍ ဒီပလိုမာဘြဲ႕ ရရွိသည္။ ၁၉၄၁ ခုႏွစ္တြင္ ရန္ကုန္ တကၠသိုလ္ စာၾကည့္တိုက္မွဴး တာဝန္ ထမ္းေဆာင္သည္။ ၁၉၄၁-ခုႏွစ္တြင္ ရန္ကုန္ ေနရွင္နယ္ အမ်ဳိးသမီး ေက်ာင္းမွ အထက္တန္းျပ ဆရာမ ေဒၚေစာရင္ (ဘီေအ- ဘီအီးဒီ) ႏွင့္ လက္ထပ္ ခဲ့သည္။
၁၉၄၂ ခုႏွစ္ ဒုတိယ ကမာၻစစ္ အတြင္း ျမန္မာ အစိုးရ၏ ပညာေရး ဝန္ႀကီး ဌာန ဒုတိယ ၫႊန္ၾကားေရးဝန္ (စာေပႏွင့္ စာၾကည့္တိုက္ ဌာန) တာဝန္ ထမ္းေဆာင္ၿပီး ၁၉၄၆ ခုႏွစ္တြင္ ရန္ကုန္ တကၠသိုလ္ စာၾကည့္တိုက္မွဴး တာဝန္ ထမ္းေဆာင္ ခဲ့သည္။ ၁၉၄၇-၄၈ ခုႏွစ္ မ်ား၌ တိုင္းျပဳ ျပည္ျပဳ လႊတ္ေတာ္ ႐ံုးႏွင့္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္႐ံုး အထူး အရာရွိႏွင့္ အေျခခံ ဥပေဒ အေခ်ာကိုင္ ေကာ္မတီ အဖြဲ႕ဝင္ တာဝန္ ထမ္းေဆာင္ ခဲ့ၿပီး ၁၉၄၈ ခုႏွစ္တြင္ ဝဏၰ ေက်ာ္ထင္ဘဲြ႕ ရရွိသည္။
၁၉၅၁-၅၇ ခုႏွစ္ မ်ား၌ ေက်ာင္းသံုး စာအုပ္ ျပဳစုေရး (ထုတ္လုပ္ေရး) ၫႊန္ၾကားေရးဝန္ တာဝန္ႏွင့္ ၁၉၅၉ ခုႏွစ္၌ ျမန္မာ ႏိုင္ငံ သမိုင္း ေကာ္မရွင္ ဥကၠဌ တာဝန္ မ်ားကို ထမ္းေဆာင္ ခဲ့သည္။ ၁၉၅၁ တြင္ ဆရာ ေဇာ္ဂ်ီသည္ အစိုးရ ပညာေရး မစ္ရွင္အဖြဲ႔ ႏွင့္အတူ အဂၤလန္၊ အေမရိကန္၊ မကၠဆီကို၊ ကေနဒါ ႏိုင္ငံ မ်ားသို႔ သြားေရာက္ ေလ့လာခဲ့သည္။ ထို႔ေနာက္ စာၾကည့္တိုက္မႉး အျဖစ္ ျပန္လည္ ထမ္းရြက္သည္။ ၁၉၅၅ တြင္ ထိုင္းႏိုင္ငံ၊ ၁၉၆၁ တြင္ တ႐ုတ္ႏိုင္ငံ မ်ားသို႔ ရန္ကုန္ တကၠသိုလ္ ခ်စ္ၾကည္ေရး အဖြဲ႔ႏွင့္ အတူ သြားေရာက္ ခဲ့သည္။
၁၉၆၁ ခုႏွစ္တြင္ ဂုဏ္ထူးေဆာင္ ျမန္မာစာ ပါေမာကၡ အျဖစ္ႏွင့္ သီရိပ်ံခ်ီဘဲြ႕ ရရွိသည္။၁၉၆၅ – ၇၅ ခုႏွစ္ မ်ားတြင္ပညာရပ္ ေဝါဟာရ ေကာ္မတီ ဥကၠဌႏွင့္ အမ်ဳိးသား စာေပဆု စိစစ္ ေ႐ြးခ်ယ္ေရး ေကာ္မတီ ဥကၠဌ အျဖစ္ ေဆာင္႐ြက္ ခဲ့သည္။ ၁၉၆၇ ခုႏွစ္၌ တကၠသိုလ္မ်ား ဗဟုိ စာၾကည့္တိုက္မွဴး အျဖစ္မွ အၿငိမ္းစား ယူၿပီး ပညာေရး အထူး အရာရွိ (၁)၊ ျမန္မာ ႏိုင္ငံ သုေတသန အသင္း ဥကၠဌ တာဝန္ မ်ားကို ထမ္း႐ြက္ ခဲ့ၿပီး၊ ၁၉၇၆ ခုႏွစ္တြင္ ႏိုင္ငံ သမိုင္း သုေတသန ဦးစီး ဌာန အႀကံေပး ပုဂၢဳိလ္ အျဖစ္ပါ တာဝန္ ယူခဲ့သည္။
ဆရာ ေဇာ္ဂ်ီသည္ ‘သခင္ ကိုယ္ေတာ္မႈိင္း ဋီကာ’ စာအုပ္ျဖင့္ ၁၉၅၅ ခုႏွစ္ အတြက္ စာေပ ဗိမာန္ စာပေဒသာ ဆု၊ ‘နင္ လားဟဲ့ ခ်စ္ဒုကၡႏွင့္ အျခား ဝတၴဳတုိမ်ား’ စာအုပ္ျဖင့္ ၁၉၇၉ ခုႏွစ္ အတြက္ အမ်ဳိးသား စာေပဆု (ဘာသာျပန္ စာေပ)၊ ‘ေရွးေခတ္ ပုဂံ ကဗ်ာမ်ားႏွင့္ အျခား ကဗ်ာမ်ား’ စာအုပ္ျဖင့္ ၁၉၈၇ ခုႏွစ္ အတြက္ အမ်ဳိးသား စာေပဆု (ကဗ်ာဆု) တုိ႕ကို ရရွိ ခဲ့သည္။
ဆရာ တက္တိုးက ဆရာ ေဇာ္ဂ်ီကို ဒႆန စာဆုိ (Philosopher Poet) ဟူ၍ လည္းေကာင္း၊ ဆရာ မင္းသုဝဏ္ ကို သုေတသီ စာဆို (Scholar Poet) ဟူ၍ လည္းေကာင္း ဆိုမိန္႕ဖူးသည္။
ဘ၀နိဂုံး
ဆရာ ေဇာ္ဂ်ီသည္ အသက္ (၈၃) ႏွစ္ အ႐ြယ္ ၁၉၉ဝ ျပည့္ႏွစ္ စက္တင္ဘာလ ၂၆ ရက္ေန႕တြင္ ဆရာ ေနထိုင္ရာ ရန္ကုန္ၿမိဳ႕ ဗဟန္း ၿမိဳ႕နယ္ ကေမာၻဇလမ္း အမွတ္ (၁ဝ-က) ေနအိမ္တြင္ ကြယ္လြန္ ခဲ့သည္။
ဆရာ ေဇာ္ဂ်ီ၏ မ်ဳိး႐ိုးဗီဇ
ဆရာ ေဇာ္ဂ်ီသည္ ျမစ္ဝ ကၽြန္းေပၚ ဖ်ာပံု ဇာတိ ျဖစ္ပါသည္။ သို႔ရာတြင္ ဆရာ၏ မိဘ မ်ဳိး႐ိုးမွာ အညာ ဇာတိမ်ား ျဖစ္ေၾကာင္း ယခု ကဲ့သုိ႔ အမိန္႔ရွိ ခဲ့ပါသည္။“ဆရာ့ အဘုိး၊ ဆရာ့ အေဖ၊ ဆရာ့ အေမ တို႔က အညာ ဇာတိပါ။ ပခုကၠဴ၊ ေရစႀကိဳ၊ ဆင္ျဖဴကၽြန္း ဘက္ကေန ျမစ္ဝ ကၽြန္းေပၚ ဘက္ကို ေရၾကည္ရာ ျမက္ႏုရာ ေရႊ႔လာ သူေတြပါ။ အဲဒီ တုန္းက အညာက ဆင္းလာ သူေတြ တပံုႀကီးပဲ။ ဒါေၾကာင့္ ဖ်ာပံု၊ က်ဳိက္လတ္ ၿမိဳ႕ေတြမွာ ဆင္ျဖဴကၽြန္း လမ္းတို႔၊ ပခုကၠဴ လမ္းတို႔ ဆိုၿပီး ရွိၾကတယ္။ အညာက တစ္ၿမိဳ႕တည္းသားေတြ စုေနတဲ့ ေနရာကုိ အစြဲျပဳၿပီး လမ္း နာမည္ေတြ မွည့္ၾကတယ္။”ထို႔ေၾကာင့္ ဆရာ ေဇာ္ဂ်ီတို႔ အဘိုး အဘြား တို႔မွာ အညာ ဇာတိ ျဖစ္၍ ဆရာ ေဇာ္ဂ်ီလည္း အညာေသြး ပါသည္ဟု ဆုိႏိုင္ ပါသည္။
ဆရာ ေဇာ္ဂ်ီ ငယ္စဥ္ အခါက ပညာရွာ ခဲ့ရပံု
ငယ္စဥ္ ကာလ ဖ်ာပံု ၿမိဳ႕တြင္ ပညာ ရွာခဲ့ပုံ၊ ရန္ကုန္၊ ၿမိဳ႕မ ေက်ာင္းတြင္ ပညာ ဆက္လက္ ဆည္းပူး ပုံႏွင့္ ပတ္သက္၍ ဆရာ ေဇာ္ဂ်ီ အမိန္႔ ရွိခဲ့ပုံ –
“၁၉၂၃-၂၄ ေလာက္ကပဲ တကၠသိုလ္ မေရာက္ခင္ အဆင့္တက္ဖို႔ ဆရာ ႀကိဳးစား ခဲ့ရ ပုံေလးကုိ ေျပာျပ ရဦးမယ္။ ဖ်ာပံု ၿမိဳ႕မွာ (၇) ဆင့္ထိ စာသင္ ရတယ္။ ေက်ာင္းသား သပိတ္ ျဖစ္ေတာ့ ဖ်ာပုံ ၿမိဳ႕မ ေက်ာင္းကပါ သပိတ္ ေမွာက္တယ္။ ရန္ကုန္ကို (၇) တန္း ေအာင္ေတာ့ စာသင္ဖုိ႔ လာရတယ္။ အဲဒီ တုန္းက သရက္ေတာ ေက်ာင္းတိုက္မွာ ေနၿပီး စာသင္ ရတယ္။ ႏိုင္ငံေရး အေျခအေန ကလည္း မေကာင္းဘူး။ ျမန္မာျပည္ကို ဒိုင္အာခီ အုပ္ခ်ဳပ္ေရး ေပးေတာ့ ဦးေမာင္ႀကီးက ပညာေရး ဝန္ႀကီး၊ ႏိုင္ငံေရး မွာလည္း အကြဲအၿပဲ ေတြနဲ႔။
ဦးဘေဖ တို႔က ဒိုင္အာခီ အုပ္ခ်ဳပ္ေရးကို လက္ခံ လိုက္တယ္။ ေနရွင္နယ္ အမ်ဳိးသား ေက်ာင္းေတြ ပ်က္ေတာ့ ဆရာ (၁ဝ) ဆင့္ ေအာင္ၿပီ။ ေက်ာင္းေတြ ပိတ္လိုက္လို႔ ဖ်ာပံု ေက်ာင္းမွာ ျပန္ၿပီး လုပ္အားေပး ေနရတယ္။ ဆရာက ေက်ာင္းျပန္ တက္ခ်င္တယ္၊ အေဖက ခြင့္မျပဳဘူး။ ဒါနဲ႔ အေမ့ကုိ ကပ္ၿပီး ပူဆာ ရတယ္။ အေမက ေငြ (၄ဝိ/-) ေပးၿပီး ရန္ကုန္ကုိ လႊတ္လိုက္တယ္။
ရန္ကုန္၊ ၿမိဳ႕မ ေက်ာင္းမွာ ေက်ာင္းအုပ္ႀကီးက ဆရာ ဦးဘလြင္၊ ေက်ာင္းအုပ္ႀကီး ဆီသြား (၁၁) ဆင့္မွာ ေနရဖို႔ ေျပာတယ္။ ေနရွင္နယ္ အမ်ဳိးသား ေက်ာင္းက (၁ဝ) တန္းဆင့္ကုိ အသိအမွတ္ မျပဳဘူး။ (၁ဝ) ဆင့္မွာပဲ ေနရမယ္တဲ့။ ဆရာ ကလည္း (၁ဝ) ဆင့္ကို အရည္အခ်င္း အျပည့္နဲ႔ ေအာင္ခဲ့ တာပါ။ ဆရာႀကီး မယုံရင္ ႀကိဳက္ရာ ဘာသာကို စစ္ၾကည့္ပါ။ အေျဖကုိ မႀကိဳက္ရင္ (၁ဝ) ဆင့္မွာပဲ ေနပါ့မယ္။ ဆရာႀကီးက ကြၧန္ေတာ့္ အေျဖေတြကို ႀကိဳက္ရင္ (၁၁) ဆင့္ ထားပါလို႔ ေျပာလိုက္တယ္။
ဒီေတာ့ ‘ဆရာႀကီးက အာဂ၊ လာတဲ့ ခ်ာတိတ္’ ပါလားကြယ္၊ ကပ္ ေစ်းဆစ္ တယ္လို႔ ေျပာၿပီး ေနာက္ေန႔ (၁၁) နာရီ လာခဲ့လို႔ မွာတယ္။‘ဆရာ့ သူငယ္ခ်င္းေတြ ကုိႏု (သခင္ႏု)၊ ကုိခ်စ္ တို႔က ဆရာ ႐ုံးခန္း ထဲက ထြက္လာေတာ့ အေျခ အေန ကုိလည္းေမး။ ရ ရမွာ ေပါ့ကြာ လို႔လည္း အားေပး နဲ႔ေပါ့။ သူတို႔နဲ႔က ဘာသာ ခ်င္းလည္း မတူ၊ ေက်ာင္းခ်င္းလည္း ကြဲေန ေပမယ့္ ခင္ၾကတယ္။
ဒီလိုနဲ႔ ေနာက္ေန႔ ဆရာႀကီးဆီ သြားေတာ့ အဂၤလိပ္စာနဲ႔ အတြက္ (သခၤ်ာ) ကုိ ေျဖရတယ္။ တဘာသာ တနာရီစီ ေျဖရတယ္။ အဂၤလိပ္စာ ေျဖၿပီး (၁ဝ) မိနစ္နား၊ ေနာက္ အတြက္ ေျဖေပါ့။ ေျဖလို႔ ၿပီးသြားေတာ့ ဆရာႀကီးထံ အေျဖစာအုပ္ အပ္ရင္း ‘ဘယ္ေတာ့ သိရ မလဲ ဆရာႀကီး’ လို႔ ေမးလိုက္တယ္။
‘ဟ ျမန္လွ ေခ်လား၊ သိရမွာ ေပါ့ကြာ’ လို႔ ဆိုၿပီး ေနာက္ေန႔ (၃) နာရီကို ခ်ိန္းလိုက္တယ္။ အဲဒီ တုန္းက ဆရာျမ (သခင္ျမ)၊ ဆရာ ဦးသာခင္၊ ဆရာ ဘသန္း (ဝတ္လုံ ဦးဘသန္း) တို႔က ဆရာ ေဟာင္းေတြ ျဖစ္ေနေတာ့ ေက်ာင္းမွာ ပဲေန၊ ေက်ာင္းက ေဘာ္ဒါေဆာင္ မွာပဲ ထမင္း ဝင္စားနဲ႔ ေနာက္ေန႔ က်ေတာ့ ႐ုံးခန္းထဲ ဝင္သြား သြားခ်င္း ဆရာႀကီးက ‘ခ်ာတိတ္၊ ရတယ္ ရတယ္၊ နက္ျဖန္ ေက်ာင္းတက္၊ ပိုက္ဆံ ေပးခဲ့၊ ေဘာ္ဒါ ေနမလား၊ ေဆြမ်ဳိးေတြ ရွိလား’ လို႔ ေမးလိုက္တယ္။
ဒီေတာ့ ဆရာ ကလည္း ဆရာ့ အစီ အစဥ္ကို ေျပာျပ ရတယ္။ ေဆြမ်ဳိးေတြ ရွိေပမယ့္ ေဘာ္ဒါ ေနမွ အဆင္ ေျပတာမို႔ ေဘာ္ဒါမွာ ေနမယ္လို႔ ဆိုၿပီး ေဘာ္ဒါခ တြက္ေတာ့ (၅ဝ) က်ပ္ ေက်ာ္ေက်ာ္ က်တယ္။ ဆရာ့မွာ အေမ ေပးလိုက္တဲ့ ေငြ (၄ဝိ) က ခရီးစရိတ္နဲ႔ ေငြ (၃ဝိ) ပဲ က်န္ေတာ့တယ္။ ဒီေတာ့ တခါ ဆရာႀကီးကို ပိုက္ဆံ (၃ဝိ) ပဲ က်န္တဲ့ အေၾကာင္း ေျပာျပ ရတယ္။ ဆရာႀကီးက ‘ဘယ္ရ မလဲကြ’ တဲ့။ ဆရာလည္း ေက်ာင္း တက္ခ်င္ လြန္းလို႔ အေဖ့ကုိ ဆန္႔က်င္ၿပီး အေမ့ ဆီက ပိုက္ဆံ ေတာင္းၿပီး လာခဲ့ ရတဲ့ အေၾကာင္းကို ေျပာျပတယ္။ ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ ဆရာႀကီးက စိုက္ေပး ပါလို႔ ေျပာရ တာေပါ့။
ဆရာႀကီးက ‘မင္း ယုံရ မလားကြ’ တဲ့။ ဆရာ ကလည္း ‘ဒါေတာ့ ဆရာက ဆရာႀကီးပဲ၊ ကြၧန္ေတာ္ လိမ္ရင္ ညာရင္ ကြၧန္ေတာ့္ကို ေက်ာင္းထုတ္ ႏိုင္ပါတယ္’ လို႔ ေျပာေတာ့ ဆရာႀကီးက ‘ေအး ငါ လိုတဲ့ ေငြ (၂ဝိ) ကို စိုက္ ေပးမယ္’ လို႔ ေျပာတယ္။
အခက္ ႀကံဳပုံက ဆရာ့မွာ ပစၥည္းေတြ သယ္ဖုိ႔ ေရႊ႔ဖို႔က စရိတ္ ခ်န္ရဦးမွာ မဟုတ္လား။ စရိတ္ ခ်န္ၿပီး ေငြ (၂ဝိ) ကုိပဲ ေပးႏိုင္ ေတာ့မွာကို ေျပာျပေတာ့ ‘ေစ်းထပ္ ဆစ္ျပန္ၿပီ’ လို႔ ဆရာႀကီးက ဆိုတယ္။ ဆရာလည္း မတတ္ႏိုုင္ ေတာ့ဘူးေလ ဆရာႀကီးက ေငြ (၂ဝိ) ကုိပဲ ယူထား လိုက္ပါတယ္။
ေက်ာင္းေနခြင့္ ရေတာ့ အေမ့ဆီ စာေရးၿပီး အက်ဳိး အေၾကာင္းေရး၊ ေငြထပ္ ေတာင္းရတယ္။ ‘အေဖက ဘာေျပာ ေသးလဲ အေမ’ လို႔ ေမးေတာ့ ‘ဘာမွ မေျပာေတာ ့ပါဘူး သားရယ္’ လို႔ စာျပန္တယ္။”br /> ဤကား ဆရာ ေဇာ္ဂ်ီ ၿမိဳ႕မ ေက်ာင္းတြင္ ပညာ သင္ယူ ႏိုင္ရန္ ႀကိဳးစား ခဲ့ရပံု အေၾကာင္း ျဖစ္ပါသည္။”
ဆရာေဇာ္ဂ်ီႏွင့္ ဟံသာ့ေၾကးမံု
“၁၉၂၄-၂၅ စာသင္ ႏွစ္မွာ ဆရာ ရန္ကုန္ ေကာလိပ္ကို ေရာက္လာတယ္။ ပဲခူး ေက်ာင္းေဆာင္မွာ ေနရ စဥ္က၊ ကဗ်ာ ဉာဏ္က ျမဴးခ်ိန္ ဆိုေတာ့ ကဗ်ာေတြ သိပ္ေရး ျဖစ္တယ္။ ‘ဟံသာ့ ေၾကးမုံ’ ဆိုတဲ့ စာေစာင္ကုိ ေရးတယ္။ ကုိယ္ပဲ စာေရး ဆရာ၊ ကိုယ္ပဲ အယ္ဒီတာ လုပ္တယ္။ ည (၁ဝ) နာရီ ေက်ာ္ရင္ မီး မေပး ေတာ့ဘူး။ ဖေယာင္းတိုင္ ထြန္းၿပီး လက္ေရး စာေစာင္ကုိ ေရးတယ္။ ကိုိယ္ေရး တာလို႔ မသိ ေစခ်င္ ေပမယ့္ ကိုယ့္နာမည္ ေလးလည္း ေဖာ္ထုတ္ ခ်င္တာကိုး။ ဟံသာ့ ေၾကးမုံမွာ ‘သ’ ဆိုတဲ့ ကေလာင္နာမည္တပ္တယ္။ ‘ေက်ာင္းခ်စ္’၊ ‘ေမာင္ပန္းၿမိဳင္’ စတဲ့ ကေလာင္ခြဲ ေတြလည္း အမ်ားႀကီး ရွိတယ္။
‘ပုရစ္ဖူး အသင္း’ ဆိုၿပီး ဆရာ့လို စာေပ ဝါသနာ ပါၿပီး စိတ္ကူး သစ္နဲ႔ ေရးခ်င္တဲ့ သူေတြ ေတြ႔ဆုံၿပီး စကား ေျပာၾက၊ ေဆြးေႏြး ၾကတယ္။ အဲဒီ အခ်ိန္ တုန္းက ေကာလိပ္ မဂၢဇင္း ဆိုတာ အဂၤလိပ္စာ မ်ားတယ္။ ျမန္မာစာ ႏွစ္ရြက္ သံုးရြက္ပဲ ပါတယ္။ ပါတဲ့ ႏွစ္ရြက္ သုံးရြက္ ကလည္း အသင္းရဲ႔ ရွင္းတမ္းကို ေရးထားတာ။ ဆရာ တကၠသိုလ္ ေရာက္တဲ့ ႏွစ္မွာ ျမန္မာစာ ထူလာတာ။ ထူလာ ေအာင္လည္း ကေလာင္ခြဲ အမ်ဳိးမ်ဳိးနဲ႔ တေယာက္တည္း ေရးခဲ့ တာပဲ။”
ဆရာ ေဇာ္ဂ်ီႏွင့္ ကေလာင္အမည္
“‘ေဇာ္ဂ်ီ’ ဆိုတဲ့ ကေလာင္ နာမည္ကို ဘာဘာ ညာညာေၾကာင့္ မဟုတ္ပါဘူး။ ေဇာ္ဂ်ီ ႐ုပ္ကေလးကုိ သေဘာ က်လို႔ ေဇာ္ဂ်ီလို႔ ယူလိုက္ တာပါပဲ။ ဘယ္စာ ဘယ္ ကဗ်ာမွာ စသုံးလည္း ဆိုတာေတာ့ မမွတ္မိ ပါဘူး။ ထင္တာေတာ့ ပိေတာက္ပန္း ကဗ်ာ ျဖစ္မယ္ ထင္တယ္။ ပိေတာက္ပန္း ေရးျဖစ္တဲ့ (၁၉၂၈) ပတ္ဝန္းက်င္ ေလာက္မွာ ဒီကေလာင္ အမည္ ယူျဖစ္ ပါလိမ့္မယ္။”
ဆရာ ေဇာ္ဂ်ီ၏ တကၠသိုလ္ ေက်ာင္းသား ဘဝ
“ေကာလိပ္ ေရာက္ခါ စက တေကာင္း ေဆာင္မွာ ေနရတယ္။ ေက်ာင္းသား ကလည္း ဒီေလာက္ မမ်ား ေသးဘူး။ ကုိစိန္တင္ (သိပၸံ ေမာင္ဝ) နဲ႔ တေဆာင္တည္း။ Row တခု တည္းမွာ ေနရတယ္။ သိပ္ရင္းႏွီး ၾကပါတယ္။ သူက အတန္း ပိုႀကီးတယ္။ အဲဒီ တုန္းက အခု တိုးခ်ဲ႕ ေဆး႐ုံ ေနရာမွာ ေက်ာင္း ရွိတယ္။ ေက်ာင္း သြားရင္ ႀကံေတာ သခၤ်ဳိင္းကုိ ျဖတ္ၿပီး ဟံသာဝတီ ဘူတာကုိ သြားရတယ္။ ဘတ္စ္ ကားလိုင္းေတြ မရွိ ေသးဘူး။ အင္းစိန္ ေလာ္ကယ္နဲ႔ လုိက္သြား။ ဘုရားလမ္း ဘူတာ ဆင္းၿပီး ေျခလ်င္ ထပ္ေလွ်ာက္ ရတယ္။ တခါ တေလ ေလာ္ရီ ကားႀကီးေတြ တားစီးၿပီး ေက်ာင္းတက္ ရတယ္။
စာေမးပြဲ မနီးခင္ ႐ုပ္ရွင္ၾကည့္၊ ကိုယ္ေရး ခ်င္တာ ေတြေရး၊ ဖတ္ခ်င္တဲ့ စာအုပ္ေတြ ဖတ္ေပါ့၊ ေက်ာင္းေတာ့ မေျပးပါဘူး။ အတန္း မွန္မွန္တက္၊ စာေမးပြဲ ေျဖဖို႔ တလ အလို ဆုိရင္ စာက်က္၊ ဖိဖိစီးစီး က်က္တယ္။ စာေမးပြဲ နီးေပမယ့္ ညဥ့္နက္ရင္ မီး မေပး ေတာ့ဘူး။ ဖေယာင္းတိုင္ ထြန္းၿပီး စာၾကည့္ ၾကတယ္။ စာၾကည့္ စားပြဲ ကေန အိပ္ရာေလး ျမင္ၿပီး အိပ္လိုက္ ရရင္ သိပ္ေကာင္း မွာပဲလို႔ ေတြးမိတယ္။ တကယ္တမ္းက် မအိပ္ ရဲဘူး။ စာေမးပြဲ ၿပီးမွ အိပ္မယ္လို႔ အားခဲ ထားေပမယ့္ စာေမးပြဲ ၿပီးေတာ့ အိပ္လို႔ မရေတာ့ဘူး။ ေပ်ာ္ၾက၊ ရႊင္ၾက၊ ဆူၾက၊ ညံၾက နဲ႔ကိုး။ အခုလို တကၠသိုလ္ ေက်ာင္းသား ဘဝကို ျပန္ေတြးေတာ့ ေက်ာင္းသား ျဖစ္ခ်င္တယ္။ ဒါေပမဲ့ စာေမးပြဲေတာ့ မေျဖခ်င္ဘူး။ စာေမးပြဲ မေျဖဘဲ ေအာင္တဲ့ ေက်ာင္းသားေပါ့။”
ဆရာ ေဇာ္ဂ်ီႏွင့္ ေက်ာင္းဆရာ ဘဝ
“ဘီ ေအ ေအာင္ေတာ့ ဆရာ့ ရည္ရြယ္ခ်က္က ေက်ာင္းဆရာ ျဖစ္ဖို႔ ပါပဲ။ ဒါေၾကာင့္ ဘီ-ေအ ဂုဏ္ထူးတန္းကို မတက္ဘူး။ ကိုယ္ေန ခဲ့တဲ့ ၿမဳိ႕မ ေက်ာင္းမွာ ေက်ာင္းဆရာ ဝင္လုပ္တယ္။ ၿမဳိ႕မေက်ာင္း ေက်ာင္းဆရာ ဘဝနဲ႔ ‘စိႏၵေက်ာ္သူနဲ႔ ဝန္ႀကီး ပေဒသ ရာဇာ’ အေၾကာင္းကို အဂၤလိပ္လို စာတမ္း ေရးၿပီး ဝိုင္-အမ္-စီ-ေအ (Y.M.C.A) မွာ ဖတ္တယ္။ ဒီတုန္းက ထုတ္တဲ့ Evening Paper သတင္းစာမွာ စာတမ္းကို ထည့္ၿပီး ေဖာ္ျပ ခံခဲ့ရတယ္။
စာတမ္း ေဖာ္ျပ ခံရၿပီး တပတ္ေက်ာ္ ေက်ာ္ၾကာေတာ့ တကၠသိုလ္က အဂၤလိပ္စာ ပါေမာကၡသစ္ ဆရာႀကီး ႐ုဒ္ (W.W.Rhodes) က ဆရာ့ စာတမ္းကို သေဘာ က်ေၾကာင္း၊ ပုဂံ လမ္းက သူ႔ ေနအိမ္ကုိ စေန ေန႔မွာ လၻက္ရည္ ေသာက္လာ ပါလို႔ စာေရးၿပီး မွာတယ္။ ဆရာလည္း စေန ေန႔မွာ အေရာက္ သြားတယ္။ဆရာ့ကို ႐ုဒ္က လက္ဖက္ရည္ တုိက္ၿပီး၊ စာတမ္းနဲ႔ ပတ္သက္ၿပီး ေမးတယ္။ ဆရာက မတတ္ဘဲနဲ႔ ၿဖီးျဖန္း ေရးတယ္လို႔ ထင္ဟန္ တူပါရဲ႕။
ကဗ်ာ ဆရာ ရွယ္ေလး၊ ကိ၊ ဘိုင္ရြန္တို႔ အေၾကာင္း ေမးတယ္။ ဆရာ ႏွစ္သက္ ခဲ့တဲ့ ၊ဆရာ ေလးစား ခဲ့တဲ့ ကဗ်ာ ဆရာ ေတြပဲ မို႔လား။ ေကာင္းေကာင္း ျပန္ေျပာ ျပလိုက္တယ္။ စကား ေျပာလို႔ ေက်နပ္ ေတာ့မွ ဆရာက ျပန္မယ္ ႏႈတ္ဆက္ေတာ့ ႐ုဒ္က ‘အဂၤလိပ္စာ ဌာနမွာ က်ဴတာ ေပးမယ္။ M.A တက္ပါလို႔’ တုိက္တြန္းတယ္။ ဆရာ့ ဆႏၵ ကေတာ့ မတက္ ခ်င္ဘူး။ ဒါနဲ႔ ကၽြန္ေတာ္ ဆရာႀကီးကို တိုင္ပင္ ပါဦးမယ္။ ဆရာႀကီးက ခြင့္ျပဳရင္ လုပ္မယ္လို႔ ေျပာၿပီး ျပန္ခဲ့ ရတယ္။
တနလၤာေန႔ ေရာက္ေတာ့ ၿမဳိ႕မေက်ာင္း ေက်ာင္းအုပ္ ဆရာႀကီးကို အက်ဳိး အေၾကာင္း ေျပာျပတယ္။ ဆရာႀကီးက M.A တက္ဖို႔ အားေပးတယ္။ အကူအညီ လိုရင္လည္း ေပးမယ္လို႔ အားေပးရင္း ေက်ာင္း တက္ဖို႔ တိုက္တြန္းတယ္။ ဟိုေခတ္ တုန္းက ဘီေအ ေအာင္ေအာင္ခ်င္း ဆက္တက္ ခဲ့တဲ့ မဟာ ဝိဇၨာတန္း ဆိုတာ မရွိ ေသးဘူး။ အၿမဲတမ္း ပေရာ္ဖက္ဆာ ႏွစ္ေယာက္က ေက်နပ္ မွသာ M.A တက္ခြင္ ့ရွိတယ္။
ဆရာက ႐ုဒ္ဆီ ျပန္ၿပီး အေၾကာင္း ၾကားတယ္။ ဆရာႀကီး ႐ုဒ္က ဆရာႀကီး ဦးေဖေမာင္တင္ကို အက်ဳိး အေၾကာင္း ေျပာျပတယ္။ ဆရာႀကီး ဦးေဖေမာင္တင္ ကလဲ ဆရာ့ကို M.A ဆက္တက္ ေစခ်င္ ေနတာ။ ဒီဆရာႀကီး ႏွစ္ေယာက္ ေထာက္ခံ မႈႏွင့္ တကၠသိုလ္ ျပန္ဖြင့္ေတာ့ ျမန္မာ စာဌာနမွာ ဆရာ ဝင္လုပ္ရင္း မဟာ ဝိဇၨာတန္ းဆက္တက္ ရတယ္။ ေခၚတုန္း ကေတာ့ ႐ုဒ္ပဲ။ သူတို႔ ႏွစ္ေယာက္ ဆရာ့ကို အၿပဳိင္ ေခၚၾကတာ။ ေနာက္ဆုံးေတာ့ ဆရာ ဦးေဖေမာင္တင္ပဲ ႏိုင္သြား ပါတယ္။ ႐ုဒ္ ကပဲ ဆရာ့ ျမန္မာစာကုိ သေဘာ က်ေၾကာင္း Modern Style နဲ႔ ေရးဖို႔ အားေပးတယ္။ မဟာ ဝိဇၨာ တက္ေတာ့ ၁၉၃၅ -၃၆ ခုႏွစ္ မွာေပါ့။
မဟာ ဝိဇၨာ ေအာင္ၿပီးေတာ့ ဆရာႀကီး ဦးေဖေမာင္တင္က မႏၲေလး ဥပစာ ေကာလိပ္ကို ေျပာင္းၿပီး ဆရာ လုပ္ခိုင္းတယ္။ ၂ ႏွစ္ ေက်ာ္ေက်ာ္ လုပ္ရတယ္။ ၁၉၃၇ ခု ကေန ၁၉၃၈ ခုႏွစ္ အထိပဲ။ ‘မႏၲေလးမွာ ရွိစဥ္က ႐ုဒ္ ဆီကေန ဆရာ့ ဆီကို စာ လာတယ္။ စေကာလားရွစ္နဲ႔ ပိဋကတ္တိုက္ ပညာ ဒီပလိုမာ ဘြဲ႔ကို ဘိလပ္မွာ သြားတက္ဖို႔ စာေမးပြဲ ေျဖရမယ္ ဆိုတဲ့ စာပဲ။ ဆရာ့မွာ အခက္အခဲ မရွိ လွပါဘူး။ အဂၤလိပ္ စာရယ္၊ ျမန္မာ စာရယ္၊ အေထြေထြ ရယ္လို႔ ေျဖၿပီး အင္တာဗ်ဴး ထိုင္ရတယ္။ အဂၤလိပ္စာကို ႐ုဒ္က စစ္တယ္။ ျမန္မာစာကို ဆရာႀကီး ဦးေဖေမာင္တင္က စစ္တယ္။ တပည့္ အေၾကာင္း သိၿပီး သားမို႔ တယ္အခက္ မေတြ႔ လို္က္ရဘူး။”
ဆရာ ေဇာ္ဂ်ီႏွင့္ ေရႊျပည္စိုး
“၁၉၃၈ မွာ ပိဋကတ္ ဒီပလိုမာ အတြက္ ႏုိင္ငံျခား ပညာသင္ သြားရမယ္ ဆိုေတာ့ အေမက ‘ေရႊျပည္စိုး’ ဝတၴဳ စာအုပ္ကို ထည့္ေပးတယ္။ ‘အေမရာ ကြၧန္ေတာ္ ဖတ္ၿပီး သားပါဗ်ာ’ ဆိုေတာ့ ‘ဖတ္ၿပီး သားလည္း ဖတ္ရမယ္၊ အဲဒီ စာအုပ္ ထဲက ဘိလပ္ျပန္ ေမာင္သန္းေဖ အေၾကာင္း နာနာဖတ္’ လို႔ ဘိလပ္ သြားမယ့္ သားကို မွာတယ္။ ေရႊျပည္စိုးကို ဆရာ ခုထိ ႏွစ္ၿခဳိက္ ပါတယ္။ စာအုပ္ စင္မွာ အၿမဲ ထားတယ္။ ေဆာင္းပါးမွာ ေရးခဲ့ သလို ေပ်ာက္ရင္လည္း အစား ဝယ္ထည့္ ထားတာပဲ။လန္ဒန္မွာ ပထမႏွစ္ သင္ရတယ္။ ဒီအခ်ိန္မွာ စစ္ျဖစ္ ေနၿပီ။ ေနာက္ဆုံးႏွစ္ ကိုေတာ့ အိုင္ယာလန္က ဒဗ္ဖလင္ တကၠသိုလ္မွာ တက္ခဲ့တယ္။”
ဆရာ ေဇာ္ဂ်ီႏွင့္ လက္ေရြးစင္ ကဗ်ာ စကားေျပ
အလယ္တန္း ျမန္မာ ကဗ်ာ လက္ေရြးစင္ ျပဌာန္းခ်က္ စာအုပ္တြင္ ဆရာ ေဇာ္ဂ်ီ၏ ‘တို႔တိုင္းျပည္’ ၊ ‘လႈိင္းကေလး သင္’ ၊’အင္းေလး လူရည္ခြၧန္ စခန္းမွာ’ ကဗ်ာမ်ား ပါဝင္သည္။ အထက္တန္း ပင္ရင္း ကဗ်ာ လက္ေရြးစင္ ျပဌာန္းခ်က္ စာအုပ္တြင္ ဆရာ ေဇာ္ဂ်ီ၏ ‘ေရွးေခတ္ ပုဂံျပည္’၊ ‘၁၉၄၈ ခုႏွစ္ လြတ္လပ္ေရး အေတြး’၊ ‘ကေမၺာဇသို႔’၊ ‘ပဲ့နင္း’၊ ‘တခုေသာ သႀကၤန္ခါ’၊ ‘အို တက္လူတို႔’၊ ‘ပိေတာက္ပန္း’၊ ‘ေဗဒါလမ္း’ ၊ ‘ျမက္ရိတ္ သမား’၊ ‘တေပါင္းမိုး’၊ အလယ္တန္း စကားေျပ လက္ေရြးစင္ ျပဌာန္းခ်က္ စာအုပ္တြင္ ဆရာ ေဇာ္ဂ်ီ၏ ‘မြန္ဝန္ႀကီးႏွင့္ ျမန္မာ စကားေျပ’၊ ‘ကဗ်ာဝိုင္း စာဝိုင္းႏွင့္ ကြၧန္ေတာ္’၊ ‘ေႏြဦး က်က္သေရ’ စေသာ စကားေျပမ်ား ပါဝင္ ပါသည္။
ပင္ရင္း စကားေျပ လက္ေရြးစင္ ျပဌာန္းခ်က္ စာအုပ္တြင္ ဆရာ ေဇာ္ဂ်ီ၏ ‘ေကတု မတီ’၊ ‘ပုဂံေစ်း’ စကားေျပ ႏွစ္ပုဒ္ ပါဝင္ ပါသည္။ စိတ္ႀကဳိက္ စကားေျပ လက္ေရြးစင္ ျပဌာန္း ခ်က္တြင္ ဆရာ ေဇာ္ဂ်ီ၏ ‘ဇာတိမာန္ စာဆို ဦးလြန္း’ စကားေျပ ပါဝင္ ပါသည္။ျပဌာန္းခ်က္ပါ ကဗ်ာ စကားေျပမ်ား အေၾကာင္း၊ အခ်က္အလက္ ရည္ရြယ္ခ်က္ မ်ားႏွင့္ ပတ္သက္၍ ဆရာ ေဇာ္ဂ်ီက တပုဒ္ခ်င္း ရွင္းလင္း ေျပာၾကား ခဲ့ပါသည္။ ဆရာ ေဇာ္ဂ်ီ၏ ေျပာၾကားခ်က္ မ်ားကို တပုဒ္ခ်င္း တင္ျပ လိုက္ပါသည္။
ဆရာ ေဇာ္ဂ်ီႏွင့္ အလယ္တန္း ကဗ်ာမ်ား ေဝဖန္ခ်က္
တို႔တုိင္းျပည္
“ဒီကဗ်ာ ကလည္း ‘အိုတက္လူတို႔’ ကဗ်ာလိုု ပါပဲ။ ၁၉၃၅ ၾသဂုတ္ လထုတ္ ႀကီးပြားေရး မဂၢဇင္း၊ တြဲ (၃) အမွတ္ (၁ဝ) မွာ ေဖာ္ျပ ထားတယ္။ ျမန္မာ ေတြကို ႏုိးၾကား ေစခ်င္လို႔၊ ထႁကြ ေစခ်င္လို႔ တပ္လွန္႔ ထားတဲ့ ကဗ်ာပါ။”
လႈိင္းကေလး သင္
“ဒီကဗ်ာက ကူညီ တတ္တဲ့ သေဘာ ကူညီ တတ္တဲ့ စိတ္ဓာတ္ကို ခ်ီးက်ဴး ထားတယ္။ ေခတ္ စကားနဲ႔ ႀကီးႀကီး က်ယ္က်ယ္ ေျပာရရင္ ပရဟိတ စိတ္ကို ခ်ီးက်ဴး တာေပါ့ကြာ။ ဘယ္က လာလို႔ ဘယ္ေနရာ သြားမယ္မွန္း မသိရတဲ့ လႈိင္း ကေလးက ပန္းခဲ့တဲ့ စင္ေရာ္ ငွက္ေလးကို ကမ္း အေရာက္ သယ္ပိုး ေပးခဲ့ တာကို ခ်ီးက်ဴး ဝမ္းေျမာက္ မိတယ္လို႔ ေရးထားတယ္။ ဒီ ကဗ်ာကို ၁၉၃ဝ၊ ဒီဇင္ဘာ လထုတ္ တကၠသိုလ္ ေက်ာင္းတုိက္ မဂၢဇင္းမွာ ေရးခဲ့တယ္။”
အင္းေလး လူရည္ခ်ြန္ စခန္းမွာ
“လူရည္ခၽြန္ေတြ စၿပီး ေရြးတဲ့ ႏွစ္ကေပါ့။အင္းေလးရဲ႔ သဘာဝ အလွ၊ လူရည္ခၽြန္ ေတြရဲ႔ စိတ္ဓာတ္၊ လူရည္ခၽြန္ ေတြရဲ႔ လႈပ္ရွား ပုံေလး ေတြကို ျမင္တဲ့ အတိုင္း ေရးဖြဲ႕ ထားတာ။ ဒီ ကဗ်ာထဲက ေရၿခံဝင္း ဆိုတာ၊ ကၽြန္းေမ်ာ ေတြကို ဆိုခ်င္တာ။ အင္းသား ေတြက ဒီကၽြန္းေမ်ာ ေပၚမွာ ၿခံစိုက္ ၾကတာကိုး။ ၾကာဖက္နင္း ဆိုတာ ငွက္ အမည္ပဲ။ လက္သီးဆုပ္ တဆုပ္ စာေလာက္ ရွိတယ္။ ေျခတံ ရွည္ရွည္နဲ႔ ေျခေထာက္ အစိမ္းေရာင္၊ ႏႈတ္သီးက နီနီေလး၊ ၾကာဖက္ေပၚ ေလွ်ာက္သြားလို႔ ရေအာင္ ေပါ့ေပါ့ ပါးပါးေလး။ ဒါေၾကာင့္ ၾကာဖက္နင္း ငွက္လို႔ ေခၚတာ။”
ေရွးေခတ္ ပုဂံျပည္
“ဒီကဗ်ာကုိ ေရးဖြဲ႕ ျဖစ္တဲ့ အေၾကာင္းရင္း ခံကုိ ေျပာျပ ရဦးမယ္။ ၁၉၂၄ ခုႏွစ္မွာ အမ်ဳိးသား သပိတ္ေတြ ေမွာက္တယ္။ ေက်ာင္းသူ ေက်ာင္းသား တိုင္းရဲ႔ ပါးစပ္ ဖ်ားမွာ ဝံသာႏု စိတ္ ရွိရမယ္။ မ်ဳိးခ်စ္စိတ္ ရွိရမယ္ ဆိုတာ ေခတ္စား ေနတယ္ေပါ့။ ဆရာ ကိုယ္တိုင္လည္း ဝံသာႏု စိတ္အေၾကာင္း ၊ တိုုင္းခ်စ္ ျပည္ခ်စ္ စိတ္ရွိရမယ့္ အေၾကာင္း ေျပာေန တာပဲ။ ဒီေတာ့ ဆရာ့ အေမက ‘တိုင္းခ်စ္ ျပည္ခ်စ္စိတ္’ ရွိရမယ္ ဆိုတာက ဟုတ္ပါၿပီ။ ပုဂံကို ေရာက္ဖူး ရဲ႕လား၊ ပုဂံကုိ ေရာက္ဖူးမွ တိုင္းျပည္ ခ်စ္ရမယ္ ဆိုတာ ပိုၿပီး သိလာမယ္။ နားလည္ လာမယ္’ လို႔ ေျပာဖူးတယ္။ ဒီ အသိေလးက ဆရာ့ ရင္ထဲမွာ စြဲေနတယ္။
တကၠသိုလ္ ေရာက္လို႔ ေက်ာက္စာ ကူးဖို႔ ေလ့လာဖို႔ ပုဂံကုိ ခဏခဏ ေရာက္လာ ရတယ္။ ပုဂံကုိ ေရာက္ေတာ့ အေမ့ စကားကုိ အမွတ္ ရတယ္။ ဒီကဗ်ာကို ေရးဖြဲ႔ ျဖစ္ပုံက ဒီလို —
ရန္ကုန္ ၿမိဳ႕မ ေက်ာင္းမွာ ဆရာ ဘဝနဲ႔ (၂) ႏွစ္၊ (၃) ႏွစ္ လုပ္တယ္။ ေနာက္ မႏၩေလး ေကာလိပ္မွာ ဆရာ အျဖစ္နဲ႔ ေနရတယ္။ ၿမိဳ႕မ ေက်ာင္း မွာက ရန္ပံုေငြ ရွာတဲ့ ကပြဲ ခုန္ပြဲက အၿမဲ လုပ္ေန က်ကုိး။ ၿမိဳ႕မ ေက်ာင္း ေက်ာင္းအုပ္ ဆရာႀကီးက ဆရာ့ ဆီကို လွမ္း စာေရးတယ္။ ရန္ပုံေငြ ရွာပြဲ အတြက္ တခုခု လုပ္ေပး ဖို႔ေပါ့။ ဒါနဲ႔ ဒီ ေရွးေခတ္ ပုဂံျပည္ ကဗ်ာကုိ ေရးေပးတယ္။ ရန္ပံုေငြပြဲမွာ ရြတ္ဖို႔ေပါ့။
ဆရာ ကိုယ္တိုင္ သြားႏိုင္ဖို႔ ႀကိဳးစား ေပမယ့္ အထ မေျမာက္ဘူး။ ဒါနဲ႔ မႏၩေလးသား ဆရာ့ တပည့္ ေမာင္စံရင္က ရန္ကုန္ ယူနီဗာစီတီမွာ ပထမႏွစ္ ဂုဏ္ထူးတန္း တက္ေန တာကိုး။ သူက အသံ လည္းေကာင္း၊ အဆို အရြတ္ လည္းေကာင္းေတာ့ သူ႔ဆီလည္း ဆရာ့ ကဗ်ာကို ရြတ္ေပးဖို႔ စာေရး၊ ၿမိဳ႕မေက်ာင္း ေက်ာင္းအုပ္ႀကီး ဆီလည္း ေမာင္စံရင္ကုိ ေခၚၿပီး ကဗ်ာ ရြတ္ခိုင္းဖို႔ စာေရး ရတယ္။ ေမာင္စံရင္ပဲ ဆရာ့ ကဗ်ာကို ရြတ္ဖတ္ ျပျဖစ္ပါတယ္။ (၁၉၃၆) ခု၊ ေမလထုတ္ ဂႏၳေလာက အတြဲ (၂၂)၊ အမွတ္ (၁၃၆) မွာ ပုံႏွိပ္ ေဖာ္ျပ ထားပါတယ္။”
၁၉၄၈ ခုႏွစ္ လြတ္လပ္ေရး အေတြး
“ဒီကဗ်ာက ကဗ်ာ လက္ေရြးစင္မွာ ေပးထားတဲ့ ကဗ်ာနာ မည္၊ ကဗ်ာ ေပါင္းခ်ဳပ္သစ္ ထဲမွာေတာ့ ‘၁၉၄၈ ခုႏွစ္၊ လြတ္လပ္ေရး ေန႔တြင္’ တဲ့။ ဆရာ စေရး တုန္းက ‘၁၉၄၈ ခုႏွစ္၊ လြတ္လပ္ေရး ေန႔တြင္ အေတြး’ လို႔ ေရးတယ္။ ဟံသာဝတီ အထူး စာေစာင္ ထဲမွာ စၿပီး ေဖာ္ျပ ခဲ့တာ။ လြတ္လပ္ေရး မေပးမီ ၁၉၄၈ ဇန္နဝါရီ (၃) ရက္ ညက ဆရာတုိ႔ ဝန္ႀကီးမ်ား ႐ုံးမွာ အလုပ္ ႐ႈပ္ေနတယ္။ လြတ္လပ္ေရး ေၾကညာဖုိ႔ ကိစၥေတြနဲ႔ ပတ္သက္လို႔ ပဲေပါ့။
ဒီအခ်ိ္န္မွာ ဟံသာဝတီ သတင္းစာက ဇန္နဝါရီလ (၄) ရက္၊ လြတ္လပ္ေရး ေန႔မွာ သတင္းစာ စထုတ္ တာကုိး။ ဆရာ့ကုိ လြတ္လပ္ေရး ေန႔နဲ႔ ပတ္သက္ၿပီး တခုခု ေရးေပးပါ ဆိုလို႔ အဲဒီ ‘၁၉၄၈ ခုႏွစ္၊ လြတ္လပ္ေရး ေန႔တြင္ အေတြး’ ဆုိတဲ့ ကဗ်ာကုိ ေရးေပး လိုက္တာ။ ဇန္နဝါရီ (၃) ရက္ေန႔ ည (၁၂) နာရီ ခြဲေလာက္ ေရးတာ ဆိုေတာ့ (၄) ရက္ေန႔ထဲ ေရာက္ေန ၿပီေပါ။ ကဗ်ာ အဓိပၸာယ္က ရွင္းပါတယ္။ လြတ္လပ္ေရး ရခဲ့ ေပမယ့္ အတိတ္က ႏိုင္ငံရဲ႕ အေရးကုိ ေတြးၿပီး ေရွ႔ဆက္ လုပ္ရမယ့္ တာဝန္ ေတြကုိ ေတြးမိတယ္။ ဒါနဲ႔ ဒီကဗ်ာကို ေရးလိုက္တယ္။”
ကေမၺာဇသို႔
“၁၉၃၇ ခုႏွစ္၊ မႏၩေလး ဥပစာ ေကာလိပ္မွာ ဆရာ လုပ္ေနတုန္း။ တေပါင္းလ ေက်ာင္းပိတ္ေတာ့ ေဘာ္ႀကိဳ ဘုရားပြဲ သြားၾကေတာ့ ဒီကဗ်ာ ေရးျဖစ္တယ္။”
ပဲ့နင္း
“ပဲ့နင္းနဲ႔ ပတ္သက္ၿပီး အမ်ဳိးမ်ဳိး ယူဆ ၾကတာ။ သင္ျပ ၾကတာ သိရတယ္။ ဆရာ ဒီကဗ်ာ မစပ္ခင္က မႏၲေလး ေဂါဝိန္ ဆိပ္ကမ္းကုိ ေရာက္ခဲ့တယ္။ ေဂါဝိန္ ဆိပ္ကမ္း ဘက္ကေန ၾကည့္ေနတုန္း ဧရာဝတီ ျမစ္ထဲမွာ ေလွကေလး တစင္း လိႈင္း ေလေၾကာင့္ ဟိုလွည့္ သည္လွည့္ ျဖစ္ေန တာကုိ ျမင္ရတယ္။ အမွန္က လိႈင္းေလ ေၾကာင့္ပါ။ စစ္ကိုင္း ဘက္မွာ နံကုိင္း၊ ဒီဘက္ မွာက ေရႊၾကက္ယက္ ေရႊၾကက္က် ရွိေန တာကို ဆရာက သိေနေတာ့ ေလွကေလးရဲ႔ လႈပ္ရွားမႈကို ၾကည့္ရင္း လွည့္စား တတ္တဲ့ လူေတြရဲ႔ သေဘာကို ေတြးမိ လာတယ္။ ဒါနဲ႔ ‘ပဲ့နင္း’ ကို ေရးျဖစ္တယ္။ ပဲ့နင္းကုိ ၁၉၃၆၊ ဒီဇင္ဘာလ ဂႏၳေလာက၊ တြဲ (၂၂)၊ မွတ္ (၁၄၃) မွာ ေရးခဲ့တယ္။”
တခုေသာ သႀကၤန္ခါ
“၁၉၃၃၊ မတ္လထုတ္ ဂႏၳေလာက အတြဲ (၁၇) မွာ ေဖာ္ျပ ခဲ့တယ္။ ႏြားလႊတ္ပြဲကို ျမင္ေတာ့ ျမန္မာ့ စ႐ိုက္၊ ျမန္မာ့ ဓေလ့ ကိုလည္း ျမင္တယ္။ ႏြားႀကီးရဲ႔ လြတ္လပ္မႈ ကုိလည္း အားက်တယ္။ ဒီတုန္းက လြတ္လပ္ေရး မရ ေသးေတာ့ လြတ္လပ္ သြားတဲ့ ဘဝကို အားက် မိတာေပါ့။ ဒါနဲ႔ ဒီကဗ်ာကို ေရးလိုက္ တာပါပဲ။”
အို တက္လူတို႔
“၁၉၃၅၊ ဒီဇင္ဘာလ အိုးေဝ မဂၢဇင္းမွာ ေဖာ္ျပ ခဲ့တဲ့ ကဗ်ာ ပါပဲ။ ရွင္းပါတယ္။ လူငယ္ ေလးေတြကုိ အားမာန္ေတြ ဝင္ေစ ခ်င္တယ္။ အနာဂတ္ရဲ႔ ေခါင္းေဆာင္ႀကီးေတြ ရယ္လို႔ သိေစ ခ်င္တယ္။ လူငယ္ေတြ အတြက္ ေရးတဲ့ ကဗ်ာပါ။ ‘ေဘာ’ ဆိုတာ ပါဠိစကား ‘အို — အခ်င္းတုိ႔’ လို႔ အဓိပၸာယ္ ရတယ္။ ဒီ ‘တက္လူ ေတးသံ’၊ ‘အို တက္လူတို႔’၊ ‘သင္ ေသသြားေသာ္’၊ ‘ယခုအခါ’ ဆိုတဲ့ ကဗ်ာ ေလးပုဒ္ကို ၁၉၃၅၊ ဒီဇင္ဘာ လထုတ္ အိုးေဝ မဂၢဇင္းမွာ စုၿပီး ေဖာ္ျပ ခဲ့တယ္။
‘တက္ လူေတးသံ’ က လူငယ္ေတြ တက္တက္ႁကြႁကြ ရွိဖို႔၊ ‘ယခုအခါ’နဲ႔ ‘သင္ ေသသြားေသာ္’ တို႔ ကေတာ့ ဆရာ့ရဲ႔ အမ်ဳိးသား စိတ္ဓာတ္ ဝံသာႏု စိတ္ဓာတ္ကို ေဖာ္ထုတ္ ေရးထားတယ္။ ေရွးေခတ္က အေၾကာင္း ေတြကို ႁကြားေန စရာ မလိုဘူး။ ယခု လက္ရွိ အေျခ အေနက အလုပ္လုပ္ဖို႔၊ ႀကဳိးစားဖို႔၊ ေရႊထီး ေဆာင္းခဲ့တာ လြမ္းေနရင္ စားစရာ မဲ့လိမ့္မယ္ ဆိုတဲ့ သေဘာမ်ဳိး ေရးထားတယ္။ ‘အို တက္လူတို႔’ မွာလည္း ေဆြးေန စရာ၊ တမ္းတ ေနစရာ မလိုဘူး။ အေဟာင္း ပ်က္သြားရင္ အသစ္ ျပင္ရမယ္ ဆိုၿပီး၊ အျပဳ သေဘာနဲ႔ တည္ေဆာက္ေရး ဘက္ကို ဦးတည္ၿပီး ေရးခဲ့တယ္။”
ပိေတာက္ပန္း
“‘ပိေတာက္ပန္း’ ကဗ်ာ ေရးျဖစ္တာ ကေတာ့ ပထမႏွစ္ ဘီေအတန္း ေက်ာင္းပိတ္ေတာ့ အိမ္ျပန္ လာရတယ္။ အိမ္ေခါင္း ရင္းမွာ ပိေတာက္ ပင္ႀကီး ရွိတယ္။ ဆရာ ကေတာ့ အမွတ္ တမဲ့ပဲ။ မနက္ အေစာႀကီး အိမ္ ေခါင္းရင္းမွာ ဆူဆူညံညံ အသံေတြ ၾကားရတယ္။ သႀကၤန္ ရက္မို႔ ပြင့္ေနတဲ့ ပိေတာက္ပန္း ေတြကို ခူးၾက၊ ခ်ဳိးၾကနဲ႔ကိုး။ အသံေတြ တိတ္သြားလို႔ ပိေတာက္ ပင္ႀကီးကုိ ၾကည့္လိုက္ေတာ့ ကုိင္းေတြက က်ဳိး၊ အရြက္ေတြ ေႁကြနဲ႔ အ႐ုပ္ ဆိုးၿပီး က်န္ခဲ့ တာကို ေတြ႔ရတယ္။
ဒီကေန အေတြးေတြ ရလာတယ္။ တႏွစ္မွာ တခါ ပြင့္တဲ့ ပိေတာက္ကို မခူး ေစခ်င္ဘူး။ သူလည္း သူ႔ အပင္မွာ အလွဂုဏ္ ဝင့္ခ်င္ မွာပဲလို႔ ေတြးမိၿပီး ဒီကဗ်ာကို ေရးခဲ့တယ္။ ပန္းေတြကို အေၾကာင္း ျပဳၿပီး ေျပာခဲ့ ေပမယ့္ အႏွိပ္စက္ခံ၊ အညႇင္းပန္း ခံရ သူေတြ ဘက္ကို လိုက္ၿပီး ေရးတာပဲ။ ေက်ာင္းဖြင့္ေတာ့ (၁၉၂၈) မတ္လ တကၠသိုလ္ ေက်ာင္းတုိက္ မဂၢဇင္းမွာ ‘ပိေတာက္ပန္း’ ကဗ်ာကို ပုံႏွိပ္ ေဖာ္ျပ ခဲ့တယ္။
ဆရာ စၿပီး ေရးခဲ့တဲ့ ကဗ်ာ ေတြက ေရွးေရး ကဗ်ာ ေတြပဲ။ ေလးဆစ္ ဆိုလည္း ေလးဆစ္ ပုံစံ အတိုင္း။ သျဖန္ ဆိုလည္း သျဖန္ ဖြဲ႕နည္း အတိုင္း ေရးလိုက္ရင္ ၿပီးသြား တာပဲ။ ခံစား စရာ မလိုဘူး။ ေတြးစရာ မလိုဘူး။ ၾကာေတာ့ စိတ္ထဲမွာ မရွိဘဲ ေရးရတဲ့ ေရးနည္း ကားေတြကုိ ၿငီးေငြ႕ လာတယ္။ အဂၤလိပ္ ကဗ်ာေတြ ဖတ္၊ ေရွးေရး နည္းေတြ အတိုင္း မေရး ခ်င္ေတာ့ဘူး။ ဒီလိုနဲ႔ ‘ပိေတာက္ပန္း’ သံခ်ဳိကဗ်ာကို ေရးျဖစ္တယ္။ ေရးျဖစ္ေအာင္ အိုင္းခ်င္း ေပးတဲ့ အျဖစ္ ကေလး ကိုလည္း ေျပာျပ ၿပီးၿပီ မို႔လား။”
ေဗဒါလမ္း
“ျပဌာန္း စာအုပ္မွာ ‘ေဗဒါလမ္း’ လို႔ ေခါင္းစဥ္ တပ္တယ္။ ကဗ်ာ ေပါင္းခ်ဳပ္ ထဲမွာေတာ့ ‘သူ႕ လမ္းစဥ္’ လို႔ နာမည္ ေပးထားတယ္။ ဒီကဗ်ာ ေတြကို စေရး တုန္းက ေဗဒါလမ္း (၁) (၂) (၃) ဆိုၿပီး ေခါင္းစဥ္ တပ္တယ္။ တပုဒ္နဲ႔ တပုဒ္ ကြဲျပား ေစခ်င္လို႔ ။ ကဗ်ာ ေပါင္းခ်ဳပ္သစ္ စာအုပ္မွာ စၿပီး နာမည္ေတြ ေပးလုိက္တယ္။ သိၿပီး ၾကတဲ့ အတိုင္း ဖ်ာပုံကို သေဘာၤနဲ႔ အျပန္ ေတြ႔ရတဲ့ ေခ်ာင္းထဲ ေျမာင္းထဲ ကေန ျမစ္ထဲကို စုန္လာ ဆန္လာတဲ့ ေဗဒါ ေတြရဲ႔ သတၲိကို သတိ မူမိၿပီး လူ႕ ဘဝနဲ႔ ယွည္တဲ့ အေတြးနဲ႔ ေဗဒါလမ္း ကဗ်ာစုကုိ ေရးဖြဲ႕ ျဖစ္တာပဲ။ (၁၉၅၉-၆ဝ) တကၠသိုလ္ ႏွစ္လည္ မဂၢဇင္းမွာ စၿပီး ေဖာ္ျပ ထားတယ္။”
ျမက္ရိတ္ သမား
“၁၉၃၅၊ ဂႏၳေလာက မဂၢဇင္းမွာ ပါတာ ဆိုေတာ့ မဟာ ဝိဇၨာ တက္တုန္း ကလို႔ ထင္ပါရဲ႔။ ေအာက္တုိဘာလ အားရက္မွာ အိမ္ မျပန္ ၾကဘူး။ မဟာ ဝိဇၨာ သမားေတြ စုၿပီး စာက်က္ၾက၊ ႐ုပ္ရွင္ ၾကည့္ၾက တာေပါ့။ တေကာင္းေဆာင္ အေရွ႕ဘက္ ေအာက္ထပ္ အစြန္ဆုံး အခန္း အေနာက္ဘက္ ျခမ္းမွာ ေနတုန္း တေန႔ မနက္ ျမက္ရိတ္ သမား ကုလားႀကီးကို ေတြ႕ရတယ္။ ကဗ်ာ့ အဓိပၸာယ္ ကေတာ့ လူသာလွ်င္ ပဓာနေပါ့။ ေျမျပင္က လွတယ္။ ေကာင္းကင္ ကလည္း လွပါတယ္။ ခ်ဳိးသံ ကေလးေတြ ကလည္း သာယာ ပါတယ္။ ဒါေပမယ့္ လူသားက ပိုလွ တယ္လို႔ ရွင္းရွင္းေလး ေရးဖြဲ႕ ထားတာပါ။”
တေပါင္းမိုး
“ဒီကဗ်ာက (၁၉၃၆)ခုႏွစ္၊ မဟာ ဝိဇၨာတန္း ဆက္တက္တဲ့ အခ်ိန္က ေရးခဲ့တာ။ အဲဒီတုန္းက ဆရာတို႔ တေကာင္းေဆာင္မွာ ေနရတယ္။ တေကာင္းနဲ႔ ျပည္ေဆာင္ ၾကားမွာ ဥယ်ာဥ္ေလး ရွိတယ္။ အခ်ိန္က တေပါင္းလ ဆိုေတာ့ ငုဝါ ေတြက တပင္လုံး ထိန္ေနေအာင္ ပြင့္လို႔ တေပါင္းလ ႐ြာတဲ့ မိုး ဆိုတာ ကလည္း မရြာခ်င့္ ရြာခ်င္ ခပ္ဖြဲဖြဲေလး၊ မိုးစက္ေၾကာင့္ ငုေလးေတြေႁကြတယ္။ ေျမျပင္ ျမက္ခင္းျပင္မွာ ထိန္ထိန္ဝါလို႔ေပါ့။ ဒီအလွအပေလးေတြ ျမင္ေတာ့ ကဗ်ာမွာပါတဲ့အတုိင္း ဘယ္ဆီလြမ္းရမွန္းမသိေအာင္ ခံစားရတယ္။ ထူးျခားတဲ့ အလွအပေလးကို ေရးဖြဲ႔ထားတာပါ။”
မြန္ ဝန္ႀကီးႏွင့္ ျမန္မာ စကားေျပ
“အဲဒါက ေဆာင္းပါးပါ။ စာေပ ေဆာင္းပါးပါ။ (၁၉၃၇) ခုႏွစ္ ေလာက္က ဟံသာဝတီ သတင္းစာမွာ ကိုဝန္ (မင္းသုဝဏ္)နဲ႔ တလွည့္စီ ေရးခဲ့တဲ့ ေဆာင္းပါး ေတြေပါ့။ စာေပ ေလာက ဆိုတဲ့ စာအုပ္ ထဲမွာ ထပ္ၿပီး ႐ုိက္ႏွိပ္ ေသးတယ္ မဟုတ္လား။ မြန္ ဝန္ႀကီး ဒညား ဗလနဲ႔ သူေရးတဲ့ စကားေျပ ဟန္ကို သိေစ ခ်င္လို႔ သုံးသပ္ ျပထား တာပါ။ ”
ကဗ်ာဝိုင္း စာဝိုင္းႏွင့္ က်ြန္ေတာ္
“(၁၉၄၈-၄၉) ေလာက္က ေရးတယ္လို႔ ထင္တယ္။ ဘယ္ မဂၢဇင္းမွာ ဦးဆုံး ေဖာ္ျပ ခဲ့လဲ ဆိုတာေတာ့ ေမ့ေနတယ္။ ‘ကံ့ေကာ္ၿမဳိင္ စာတမ္း’ ထဲမွာ ထပ္ ေဖာ္ျပ ထားေသးတယ္။ ကဗ်ားဝို္င္း စာဝိုင္း ထဲမွာ ဝါသနာ တူသူေတြ စုၿပီး ကဗ်ာ အေၾကာင္း စာ အေၾကာင္းကုိ ေျပာတယ္။ တေယာက္ မွားရင္ တေယာက္ ကျပင္၊ တေယာက္နဲ႔ တေယာက္ အယူအဆ မတူရင္ ျငင္း၊ ဒါ ကဗ်ာဝိုင္းရဲ႔ သ႐ုပ္ ပဲေပါ့။ ျပဌာန္း စာအုပ္ ထဲမွာ အဆုံးထိ မပါဘူး။ ဆရာက ေနာက္ဆုံး အဆုံးသတ္မွာ ေလာကမွာ အ႐ူး အမ်ဳိးမ်ဳိး ရွိတယ္။ ေငြ႐ူး၊ စာ႐ူး စသျဖင့္ ေပါ့ေလ။
ဒီထဲမွာ စာ႐ူး ႐ူးေန ရတာ အေကာင္းဆုံးပဲ။ စာ႐ူးပဲ လုပ္ခ်င္ တယ္လို႔ ေရးထားတယ္။ ဒီအေၾကာင္း အထိ ပါမွ ေဆာင္းပါးက ပိုၿပီး ျပည့္စုံ တာေပါ့။ ျပဌာန္း ခ်က္ထဲ ထည့္ေတာ့ ဘာလို႔ ခ်န္ထား ခဲ့လဲ မသိဘူး။ ‘ကဗ်ာဝိုင္း စာဝိုင္း’ ေဆာင္းပါး တခု လုံးမွာ ေျပာခ်င္ တာက လူေတြဟာ အေပး အယူနဲ႔ စကားေျပာ ၾကတယ္။ သူတမ်ဳိး ငါတမ်ဳိး ေျပာတတ္ ၾကတယ္။ ဘာပဲ ျဖစ္ျဖစ္ စာနဲ႔ ေပနဲ႔ စကား ေျပာရတာ အျပစ္ ကင္းတယ္။ ဆရာ လုိခ်င္တဲ့ ရည္ရြယ္ခ်က္ကို ဒီအခ်က္ ႏွစ္ခ်က္နဲ႔ တြန္းအား ေပးထားတယ္။ အုိင္ခ်င္း ဖြဲ႕ထားတယ္။”
ေႏြဦး က်က္သေရ
“‘ေႏြဦး က်က္သေရ’ ကို (၁၉၅ဝ) ျပည့္ႏွစ္ ႐ႈမဝ မဂၢဇင္း အတြဲ (၃) အမွတ္ (၃၅) ဧၿပီလမွာ ေဖာ္ျပ ခဲ့တယ္။ ဆရာတို႔ ေက်ာင္းသား ဘဝနဲ႔ ျပည္ၿမဳိ႕ကို ခရီး ထြက္တုန္းက ေရ ကုသိုလ္သည္ ကေလး မ်ားနဲ႔ ေတြ႕ရေတာ့ ဒီအေတြးကို ရတယ္။ ျမန္မာ တို႔ရဲ႕ စ႐ုိက္၊ ျမန္မာ တုိ႔ရဲ႔ ယဥ္ေက်းမႈကို ေဖာ္ထုတ္ ေရးထား တာပါ။ ေရ ကုသိုလ္သည္ ကေလး ေတြနဲ႔ တူတဲ့ ေရခ်မ္းစင္၊ ႏြားလႊတ္ ပြဲေတြ ကလည္း ဒီသေဘာပဲ။
ေတြ႔တယ္ မို႔လား ဆရာ ေရးတဲ့ ‘တခုေသာ သႀကၤန္ခါ’ မွာ ႏြားႀကီးကို အေမႊး နံ႔သာ နဲ႔ပက္၊ သေျပပန္း၊ ပိေတာက္ ပန္းေတြ ခ်ဳိမွာ ခ်ည္၊ ေကာ္ေဇာႀကီး လႊမ္းေပးၿပီး ႏြားကို ေဘးမဲ့ လႊတ္ေတာ့ ဒီႏြားႀကီး သိပ္ေပ်ာ္ မွာပဲလို႔ ႏြားႀကီး စိတ္ထဲ အခဲသား ဝင္ခ်င္စိတ္ ေပၚလာတယ္။ အဲဒီ တုန္းက မလြတ္လပ္ ေသးေတာ့ ႏြားႀကီး လြတ္လပ္ တာကို အားက် မိတယ္။ ဒါေတြဟာ လူ႕ ယဥ္ေက်းမႈကို ေဖာ္ေဆာင္ တာပဲ။ ျမန္မာ့ စိတ္ထားနဲ႔ ျမန္မာ့ စိတ္ဓာတ္ကို ျပတာပဲ။ ျပဌာန္း စာအုပ္ မွာေတာ့ ‘ေရခ်မ္းစင္’ ထိပဲ ပါတယ္။ ႏြားလႊတ္ပြဲ အေၾကာင္း ထည့္ထားတာ မေတြ႕ ရဘူး။”
ေကတုမတီ
“‘ေကတု မတီ’ က ခရီးသြား ေဆာင္းပါးပါ။ ရန္ကုန္ တကၠသိုလ္ ေတာင္ငူ ခ႐ုိင္ အသင္းက (၁၉၅၈-၅၉) ထြက္တဲ့ နတ္သွ်င္ေနာင္ မဂၢဇင္း ထုတ္ေတာ့ ေရးေပး ခဲ့တဲ့ ေဆာင္းပါး ေပါ့။ ဒီ ေဆာင္းပါးကို ျမဝတီ မဂၢဇင္း ထည့္ခ်င္လို႔ ဆရာ့ဆီ ခြင့္ပန္လို႔ (၁၉၅၈) ႏုိဝင္ဘာလ အတြဲ (၇) အမွတ္ (၂) ျမဝတီ မဂၢဇင္းမွာ ထပ္ၿပီး ေဖာ္ျပ ခဲ့တယ္။ ရွင္းပါတယ္။ ေဆာင္းပါးက ေတာင္ငူရဲ႕ အတိတ္ သမိုင္းကို အသက္ ျပန္သြင္း ထားတာ။ ဆရာက ေတာင္ငူမွာ အခုေတြ႔၊ အခု ျမင္ေန ရတာ ေတြထက္ အတိတ္ ကေတာ့ ဒီ ေနရာမွာ ဒီလိုပဲ ျဖစ္လိမ့္မယ္။
ဒီမွာေတာ့ ဒီလိုမ်ား ျဖစ္ေန မလား ဆိုတဲ့ မွန္းဆ စိတ္နဲ႔ ၾကည္ႏူး ခ်င္တယ္။ သတိရ ခ်င္တယ္။ ဒါေၾကာင့္ ဒြါရဝတီ ေရာက္လို႔ ေလာကုတၲရာ ဘုရားကို ဖူးေျမႇာ္ အဓိဌာန္ ျပဳေလ မလားလို႔ ေတြးခ်င္ခ်င္ ျဖစ္လာတယ္။ ေလးကြၧန္း ကန္ကို ျမင္ေတာ့ တပင္ေရႊထီး၊ အမေတာ္ သခင္မႀကီး၊ ဘုရင့္ေနာင္ မင္းတုိ႔ ငယ္စဥ္က ဒီေရကန္မွာ ကစားၾက ေပ်ာ္႐ႊင္ ၾကမွာ ပဲလို႔ ေတြးခ်င္ခ်င္ ျဖစ္လာတယ္။ အဲဒီ အေတြး ေတြကို ‘ေကတုမတီ’ မွာ ထည့္ေရး ထားတယ္။ အတိတ္ကို လွမ္းၿပီး လြမ္းၾကည့္ တာေပါ့။ ဖတ္ရတဲ့ သူေတြ အဖို႔ အေတြးသစ္ကို ရေစ တာေပါ့။”
ပုဂံ ေစ်း
“‘ပုဂံေစ်း’ က ဝတၴဳပါ။ (၁၉၃၃) ခု၊ ဂႏၳေလာက မဂၢဇင္း၊ အတြဲ (၈) အမွတ္ (၁ဝ၈) ဇန္နဝါရီ လတြင္ ဦးဆုံး ေဖာ္ျပ ခဲ့တယ္။ စစ္ မျဖစ္မီ ကေပါ့။ (၁၉၄၈) ေမလမွာ တာရာ မဂၢဇင္း အတြဲ (၂) အမွတ္ (၂) မွာ တခါ ထပ္ၿပီး ေဖာ္ျပ ဖူးတယ္။ ‘ရွိ၍ မရွိသူ၊ မရွိ၍ ရွိသူ’ ဆိုတဲ့ ျပႆနာ ေလးကို အေၾကာင္း ျပဳၿပီး ေရးခဲ့ တာပါ။ ‘ေဇာ္ဂ်ီ၏ စာ’ ဆိုတဲ့ စာအုပ္မွာ စာတပိုဒ္ က်န္ခဲ့တယ္။ ေက်ာင္းသုံး စာအုပ္ ေကာ္မတီက ျပဌာန္းတဲ့ ပင္ရင္း စကားေျပ စာအုပ္ မွာေတာ့ အျပည့္အစုံ ပါတယ္။ က်န္ခဲ့တဲ့ စာပုိဒ္က ဘာသာျပန္တဲ့ သူက က်န္ခဲ့တာ ထင္ပါရဲ႔ ။ အဲဒီ ေနာက္ဆုံး ပိုဒ္ကေလး ပါမွ၊ ‘ပုဂံေစ်း’ က ပိုၿပီး ျပည့္စုံ၊ ပိုၿပီး ထိေရာက္၊ ပိုၿပီး အဓိပၸာယ္ ရွိတာေပါ့။
က်န္ခဲ့ေသာ စာပိုဒ္မွာ ‘ေစ်းသို႔ ေရာက္သျဖင့္ ပုဂံေစ်း လုလင္သည္ မိမိ လွည္း ရွိရာ ဘက္သို႔ ေမွ်ာ္ၾကည့္ လုိက္၏၊ လွည္းေပၚတြင္ တေယာက္ထဲ တိတ္ဆိတ္စြာ ငိုယို လွ်က္ေနေသာ မိမိ၏ ဇနီး သည္ကုိ ျမင္ေလရာ စိုးရိမ္ ႀကီးစြာျဖင့္ ဇနီးသည္ ထံသို႔ ေျပးဝင္ေလ သတည္း။’
ဒီ ‘ပုဂံေစ်း ဝတၴဳ’ ကို ေရးရတဲ့ ရည္ရြယ္ခ်က္ ကေတာ့ ပညာ ဆိုတာ စာအုပ္ထဲ မွာသာ ရွိတာ မဟုတ္ဘူး။ ေလာက ပတ္ဝန္းက်င္ ထဲမွာလည္း ရွိတယ္ ဆိုတာ သိေစ ခ်င္တယ္။ ဘဝ အေတြ႕အႀကဳံ နဲ႔သာ ေလာက ပုစာၥ ေတြကို အေျဖ ရွာလို႔ ရတယ္။ စာအုပ္ႀကီး ထဲက အတိုင္း လုပ္လုိ႔ မရဘူး ဆိုတဲ့ သေဘာကို နားလည္ ေစခ်င္လို႔ ေရးတယ္။ ေတြ႔မိ သတိထား မိလား။
လူ႕ ဘဝကို ဘာနဲ႔ ျပထား သလဲ၊။ ပုဂံေစ်း မို႔လား၊ ဟုတ္တာေပါ့။ ပုဂံ ေစ်းဟာ လူ႕ ဘဝပဲ။ ဒါကို ေလးနက္ ေစခ်င္လို႔ ‘ပုဂံေစ်းသည္ လူ အမ်ဳိးမ်ဳိး၊ လူ အစားစားတုိ႔ က်က္စားရာ ေနရာ ေပတည္း။ ရယ္သံ၊ ငိုသံ၊ ရန္ျဖစ္သံ ညည္းညဴ သံတို႔ အုတ္အုတ္ က်က္က်က္ ျမည္ဟည္းေသာ ေနရာ ေပတည္း။ အသြား အလာ အေျပး အလြား တုိ႔ျဖင့္ လႈပ္ရွား ေနေသာ ေနရာ ေပတည္း’ ဆိုတာကို (၂) ေနရာမွာ ထည့္ထားတာ သတိ ထားမိၾက မွာေပါ့။”
ဇာတိမာန္ စာဆို ဦးလြန္း
“ဒီ ေဆာင္းပါး ကလည္း ဟံသာဝတီ သတင္းစာ ထဲမွာ ေရးခဲ့တဲ့ ေဆာင္းပါး ပါပဲ။ စာဆိုႀကီး ဦးလြန္းရဲ႔ စာေတြ ထဲက ဇာတိမာန္ကို ျဖစ္ေပၚ ေစတဲ့ စာေတြ ကဗ်ာေတြ ေလးခ်ဳိး ေတြကို သုံးသပ္ ျပထားတာ။ စာေပ ေလာက ဆိုတဲ့ စာအုပ္ ထဲမွာလည္း ထည့္ေသးတယ္ မႈတ္လား။”
ခရီးသည္
“ဘိလပ္က ျပန္လာေတာ့ သူရိယ သတင္းစာ (၁၉၄၁) ခုမွာ ‘လန္ဒန္ ေဆာင္းပါး’ ဆိုၿပီး ဗုဒၶဟူးနဲ႔ စေန ေန႔တိုင္း ေရးတယ္။ ေဆာင္းပါး ေတြေတာ့ အမ်ားႀကီးပဲ။ စစ္အတြင္း တုန္းက ေပ်ာက္ပ်က္ ကုန္တာ ေတြလည္း ရွိတယ္၊ အခု ကိုဝန္ (မင္းသုဝဏ္) နဲ႔ တြဲထုတ္တဲ့ ‘ခရီးသည္’ မွာ ေဆာင္းပါး (၁၅) ပုဒ္ပဲ ပါတယ္။ (၆) ပုဒ္ က်န္ခဲ့ ေသးတယ္။ တိုက္က လာေတာင္း တုန္းက လက္လွမ္း မွီသေလာက္ ရွာေပး လိုက္တာ။
ဆရာ အေနနဲ႔ ခရီးသြား ေဆာင္းပါး ေရးတဲ့ အခါ တခ်ဳိ႕ သူေတြလို တေနရာမွာ ေတြ႕တာကို မွတ္ၿပီး ေရးတာမ်ဳိး မဟုတ္ဘူး။ အႀကိမ္ႀကိမ္ သြား အႀကိမ္ႀကိမ္ ၾကည့္တယ္။ ေလ့လာတယ္။ အဲဒီ အတြက္ ေခါင္စဥ္ တခု ေရြးတယ္။ ေခါင္းစဥ္နဲ႔ ညီၫြတ္ေအာင္ စီကာ စဥ္ကာ ေရးတယ္။ အေကာင္းအဆိုး ကိုလည္း ကိုယ့္ တိုင္းျပည္နဲ႔ ႏႈိင္းယွဥ္ၿပီး အမွန္အတိုင္း တင္ျပတယ္။ ဆရာ့ ခရီးသြား ေဆာင္းပါး တုိင္းမွာ ေကာက္ခ်က္ တခုခုကို ခ်ေပးၿပီး စာဖတ္ သူေတြ အက်ဳိး ရွိေအာင္ ေရးတယ္။”
မဟာ ဆန္ခ်င္သူ ျပဇာတ္
“‘မဟာ ဆန္ခ်င္သူ ျပဇာတ္’ ကို ပုံႏိွပ္တာ (၁၉၃၄) ေရးၿပီးတဲ့ ႏွစ္ကေတာ့ (၁၉၃ဝ) ျပည့္ႏွစ္ပါ။ ဒီျပဇာတ္ ေရးျဖစ္ တာကလည္း ဆရာ့ရဲ႕ အဘိုးေၾကာင့္ ေရးျဖစ္တာ။ ဘီေအ ေအာင္ေတာ့ ဆရာက ဘြဲ႕လက္မွတ္ ကေလး ကိုင္ၿပီး ဆရာ့ အဘိုးကို သြားႁကြား တာကိုး။ အဘိုးက ေအာင္လက္မွတ္ေလး ၾကည့္ၿပီး ‘အဂၤလိပ္ မင္းက ေပးတဲ့ ဘဲြ႔ဆို ေတာ့လည္း ေကာင္းေတာ့ ေကာင္းမွာေပါ့။ ငါ့ေျမး ဘီေအ ဘြဲ႔ရတာ ကေတာ့ ဟုတ္ပါရဲ႔ ။ အဲဒီ ရတဲ့ ဘြဲ႔က အဂၤလိပ္ ပညာ ဘာ ေကာင္းလည္းလို႔ အဘိုး သိလာေအာင္ လုပ္ မေပး ႏိုင္ဘူးလား’ လို႔ ေျပာေတာ့ တာပါပဲ။ အဘိုးက ျမန္မာစာ ႏိုင္ေပမယ့္ အဂၤလိပ္စာ မတတ္ဘူး။ အထင္လည္း မႀကီးဘူး။
အဲဒီလို အဘိုးက ေျပာလိုက္မွ ဆရာလည္း ‘ဟုတ္ပါရဲ႕၊ ငါတတ္တဲ့ ပညာနဲ႔ အဘိုးကို သိေအာင္ ငါ ဘာလုပ္ ေပးႏိုင္မလဲ’ လို႔ ေန႔ေန႔ညည စဥ္းစား မိလာတယ္။ ဒီအခ်ိန္မွာ ဆရာက ျပင္သစ္ ဆရာႀကီး မိုးလ်ဲရဲ႔ ‘The Woud Be Gentleman’ (မဟာ ဆန္ခ်င္သူ) ကို ဖတ္ေန တာကိုး။ ဖတ္ရင္း ကေန သိပ္သေဘာက်လာတယ္။ ဇာတ္လိုက္ႀကီး Jourdain (ဦးေရႊေႏွာင္း) ကျဖင့္ ဆရာတို႔ အရပ္ ထဲက ဘယ္သူနဲ႔ တူလုိက္တာ၊ အရပ္ထဲက ဘယ္သူႀကီး ကျဖင့္ ဒီ ဇာတ္လမ္း ထဲက ဇာတ္လုိက္ႀကီးနဲ႔ တူလုိက္ တာရယ္လို႔ ႏႈင္းယွဥ္ ၾကည့္ရင္း သေဘာ က်လာတယ္။
ဒီတင္ပဲ ‘ဒီ စာအုပ္ကို ငါ့အဘိုး အတြက္ ဘာသာ ျပန္မယ္’ ဆိုၿပီး ဘာသာ ျပန္တယ္။ (၇)ရက္ပဲ ၾကာတယ္။ ‘မဟာ ဆန္ခ်င္သူ’ ကို ေရးၿပီး အဘိုး ေနတဲ့ လယ္ထဲကို သြားပို႔တယ္။ အဘိုး မရွိလို႔ အဘြားဆီ ျပဇာတ္ စာအုပ္ကို ထားခဲ့တယ္။ေနာက္ (၇) ရက္ေလာက္ ၾကာေတာ့ တခါ သြားေမး ျပန္တယ္။ အဘိုး မရွိ ျပန္ဘူး။ ဒါနဲ႔ အဘြားကို ‘အဘြား ကြၧန္ေတာ္ ေပးတဲ့ စာအုပ္ အဘိုး ဖတ္တာ ေတြ႔ရဲ႕ လားဗ်’ လို႔ ေမးတယ္။ အဘြားက ဖတ္ မဖတ္ေတာ့ မသိဘူး နင့္အဘိုး အိပ္ခန္း ထဲမွာ နင့္ စာဖတ္ၿပီး တခြိခြိနဲ႕ ပါပဲ။ ၿပီးေတာ့ ေျပာေသးတယ္ နင့္ေျမး ေရးထားတာ ရယ္စရာ ေတာ္ေတာ္ ပါတယ္လို႔ အဘြားက ျပန္ေျပာ ျပတယ္။ ဟာ ဒါလည္း စာေမးပြဲ တခု ေအာင္တာပဲ ဆိုၿပီး ဆရာလည္း ဝမ္းအသာႀကီး သာသြားတယ္။
အဘိုးနဲ႔ ေနာက္က်မွ ေတြ႔လို႔ ေမးၾကည့္ေတာ့ ‘ေအး မင္းတို႔ အေနာက္ ႏိုင္ငံသား စာေတြက ေရးေရးေတာ့ အရွိသား’ လို႔ ေျပာေဖာ္ ရတယ္။ ဆရာ့ အဘိုးက ေတာ္ေတာ္ ေရွးဆန္တယ္၊ ကမာၻႀကီး လုံးတယ္ ဆိုတာကို ေသသည္ အထိ လက္ မခံဘူး။ ‘ကမာၻႀကီး လုံးေနရင္ ငါတို႔ လိမ့္က် ကုန္မွာေပါ့’ ဆိုၿပီး အဲဒီ အယူ အဆကို လက္မခံဘူး။ ဆရာ့ရဲ႕ မဟာ ဆန္ခ်င္သူ ျပဇာတ္ကို (၁၉၃၃-၃၄) မွာ ျပန္စီ စစ္ၿပီး ညီျဖစ္တဲ့ သူ႔ရဲ႕ ပုံႏွိပ္ စက္မွာ အပ္တယ္။ ဒါေၾကာင့္ (၁၉၃၄) မွာ စာအုပ္ ျဖစ္လာ တာေပါ့။” ‘ခရီးသည္’ ႏွင့္ ‘မဟာ ဆန္ခ်င္သူ’ ျပဇာတ္မွာ ျပ႒ာန္းခ်က္ စာအုပ္တြင္ မပါ ဝင္ပါ။ ဆရာ ေျပာျပ၍ မွတ္သား တင္ျပျခင္း ျဖစ္ပါသည္။
ဆရာ ေဇာ္ဂ်ီႏွင့္ စာဖတ္ဝို္င္း
“ဆရာ့ အဘိုးတို႔ အေမတို႔ ေခတ္က ေဖ်ာ္ေျဖ စရာ ဆိုလို႔ စာအုပ္နဲ႔ ႐ုပ္ေသးပဲ ရွိတယ္။ အဘိုးက တပတ္ကို တခါ စာဖတ္ ဝိုင္းေလး စီစဥ္တယ္။ ကေလးေတြ စုၿပီး စားေကာင္း ေသာက္ေကာင္း ေကြၧး ‘မင္းက ဒါဖတ္၊ မင္းက ဒါရြတ္’ ဆိုၿပီး သခင္ ကိုယ္ေတာ္မႈိင္းရဲ႕ ေလးခ်ဳိးေတြ ဖတ္ခိုင္း တာပဲ။ ဖတ္ျပ ေနတုန္းကို ေကာင္းေကာင္း နားေထာင္ ရတယ္။ ဆရာတို႔ အေမဆို ‘ကိုးခန္းပ်ဳိ႕’ ကို အလြတ္ ရတယ္။
စုံနံ႔သာၿမဳိင္ ဦးေၾကာ့ရဲ႔ စာေတြ၊ ျပဇာတ္ ေတြကို မ်ားမ်ား ဖတ္ရတယ္။ ဒီအေလ့ အက်င့္က ဆရာတို႔ အိမ္ တအိမ္ ထဲတင္ မဟုတ္ဘူး။ တျခား အိမ္ေတြ မွာလဲ ဒီလို စာဖတ္ ဝိုင္းေတြ ရွိတာပဲ။ ေပၚလာတဲ့ ျပဇာတ္ စာအုပ္ မွန္သမွ် အကုန္ ဖတ္ၾက တာပဲ။ ျပဇာတ္ ထဲမွာ ပါတဲ့ ဇာတ္ေဆာင္ ဦးေရ အလိုက္ တေယာက္ တမ်ဳိး တာဝန္ ယူၿပီး၊ ျပဇာတ္ ခင္းၾက တာပဲ။ နားေထာင္တဲ့ သူေတြ ကလဲ နားေထာင္ လို႔ေပါ့။ ဆရာနဲ႔ စာ၊ ကဗ်ာဟာ အၿမဲလိုလို လက္ပြန္း တတီး ရွိခဲ့တယ္။”
ဆရာ ေဇာ္ဂ်ီႏွင့္ ဆရာႀကီး ဦးေဖေမာင္တင္
“ေခတ္စမ္း မတုိင္ခင္က ဆရာတို႔ ေရးတဲ့ စာေတြ၊ ကဗ်ာ ေတြကို ဘယ္မဂၢဇင္း တိုက္ကမွ လက္မခံ ပါဘူး။ အဲဒီ ေခတ္တုန္းက ေရွး႐ုိး ကဗ်ာ ေတြပဲ တြင္က်ယ္ ေနတာ ဆိုေတာ့ ဆရာ့ ကဗ်ာကို စာနယ္ဇင္း ေတြက နားမလည္ ၾကဘူး။ ဒါနဲ႔ ဂႏၳေလာက မဂၢဇင္း ထူေထာင္ ျဖစ္တယ္။ ေငြ ၁ဝဝဝိ- ေလာက္နဲ႔ စထူ ေထာင္တယ္။ ဆရာတို႔ ေရးၾက သားၾက ေပမယ့္ ပိုက္ဆံ မရပါဘူး။ ေငြေၾကးကုိ ဂ႐ု မစိုက္ဘူး။ ေနာက္ ဆရာႀကီး ဦးေဖေမာင္တင္ရဲ႔ လုံ႔လေၾကာင့္ ေခတ္စမ္း ကဗ်ာ၊ ေခတ္စမ္း ဝတၴဳေတြ ေပၚလာတယ္။
ေခတ္စမ္း စာေပဟာ ဆရာႀကီး ေက်းဇူးေၾကာင့္ ေပၚေပါက္ လာတာပါ။ ခုထိ ေခတ္စမ္းရဲ႔ အရွိန္ အဝါဟာ မကုန္ ေသးပါဘူး။ ေခတ္စမ္းရဲ႕ အေငြ႔အသက္ ေတြက ကေန႔ထိ လႊမ္းမိုး ေနတုန္းပါ။ ေတြ႔ေန ရတုန္းပါ။ ေခတ္စမ္း စာေပကုိ ဆရာ တို႔က ထြင္မယ္ ဆိုၿပီး စာေရးတာ မဟုတ္ဘူး။ ဆရာ တုိ႔ရဲ႔ စာေတြကို ‘ေခတ္စမ္း’ လို႔ အမည္ ေပးလုိက္မွ ေခတ္စမ္း စာေပ ျဖစ္လာ တာပါ။ ေခတ္စမ္း စာေပနဲ႔ ပတ္သက္လို႔ ေဝဖန္ၾက၊ တိုက္ခိုက္ၾက၊ ကေလာ္ၾက၊ ဆဲၾကေတာ့ ဆရာတို႔ သိပ္ဝမ္းသာ တာေပါ့။
ဆရာ တုိ႔က မဟုတ္ တာေတြ လုပ္ေန တာမွ မဟုတ္ဘဲ။ သူတို႔ တေတြက အသစ္ ထြင္တာကုိ အျပစ္ တင္တာ၊ ႐ႈတ္ခ် တာေတြေၾကာင့္ စာဖတ္ သူေတြ ပိုၿပီးေတာ့ စိတ္ဝင္စား လာတာကုိး။ ဆရာျဖင့္ အဲဒီ တုန္းက သိပ္ဝမ္းသာ တာပဲ။ သိပၸံ ေမာင္ဝရယ္၊ ဆရာရယ္၊ ကုိဝန္ရယ္၊ စာနယ္ဇင္း ေတြကေန ‘ေမာင္ကႀကီး’၊ ‘ေမာင္ဏႀကီး’၊ ‘ေမာင္တဝမ္းပူ’ ဆိုတဲ့ ကေလာင္ နာမည္ ေတြနဲ႔ တေပ်ာ္ တပါးႀကီး၊ ျပန္ေရး ခဲ့တယ္။ ေရွး႐ုိး ႏွစ္ၿခဳိက္ သူေတြကို ‘ခင္ဗ်ားတို႔ ဥၾသေလး သာတယ္ သာတယ္လို႔ ေျပာမေန ၾကနဲ႔ ၾကက္ဖ ႀကီးလည္း သာတာပဲ’ စသျဖင့္ ေပါ့ကြာ တဖက္က ထုိးႏွက္ သမွ်ကို အမ်ဳိးမ်ဳိး ေခ်ပ ခဲ့ၾကတယ္။”
ခ်က္ႏိုင္ငံမွ အမ်ဳိးသမီး စာေပ သုေတသန ပညာရွင္ ဒဂၢမာဘက္ကိုဗာ (ျမန္မာ အမည္ – ျမသီတာ)
“ဆရာေဇာ္ဂ်ီ၏ စာေပ အျမင္ႏွင့္ ဆရာ ေဇာ္ဂ်ီ၏ စာေပ အျမင္မ်ားတြင္ ျမန္မာ့ ေရွးေဟာင္း စာေပ က်မ္းဂန္ မ်ားကို အေလးအနက္ သံုးသပ္မႈကို ေတြ႔ရသည္။ အဂၤလိပ္ စာေပႏွင့္ ကမၻာ့ စာေပကို က်ယ္က်ယ္ ျပန္႔ျပန္႔ ေလ့လာ သံုးသပ္ခ်က္ တို႔လည္း ေတြ႔ရသည္။ တကၠသိုလ္ ၀န္းက်င္၏ အေငြ႔ အသက္ကိုလည္း ေတြ႔ရသည္။ ဆရာ ေဇာ္ဂ်ီ၏ ပိေတာက္ပန္း ကဗ်ာသည္ ဆရာ ေဇာ္ဂ်ီ၏ စာေပကို လည္းေကာင္း၊ ၂၀ ရာစု ျမန္မာ ကဗ်ာ ေလာက တခုလံုးကို လည္းေကာင္း အေျပာင္းလဲႀကီး ေျပာင္းလဲ ေစသည့္ ကဗ်ာ ျဖစ္သည္။
ဆရာ ေဇာ္ဂ်ီ၏ ကဗ်ာမ်ား၊ ၀တၳဳ တိုမ်ား၊ ျပဇာတ္ မ်ားသည္ လူ႔ သေဘာ သဘာ၀ကို ေလးနက္စြာ ထင္ဟပ္ ေဖာ္ျပလွ်က္ ရွိသည္။ ေလးနက္စြာ ဆင္ျခင္မႈ မ်ားႏွင့္ ဒႆနိက ေဗဒဆိုင္ရာ ျပႆနာ မ်ားကို သူ႔ စာမ်ားတြင္ ထည့္သြင္း ေဖာ္ျပ ခဲ့သည္”။ဆရာေဇာ္ဂ်ီ၏ ကဗ်ာမ်ား၊ စာေပ လက္ရာမ်ား၊ သုေတသန စာတမ္းမ်ားကို စာေပ ပညာရွင္မ်ား၊ သုေတသီ မ်ား၊ ေ၀ဖန္ေရး ဆရာမ်ား၊ ကဗ်ာ ဆရာမ်ားက တေလးတစား ခ်ီးက်ဴး ဂုဏ္ျပဳ ခဲ့ရသည္။ စာေပေပၚတြင္ ထားရွိေသာ ဆရာ ေဇာ္ဂ်ီ၏ ေစတနာ၊ ေမတၱာ တရားတို႔သည္ ေႏွာင္းေခတ္ လူငယ္ စာေပသမားမ်ား အဖို႔ အတုယူဖြယ္ရာပင္။
[ျပင္ဆင္ရန္] ဆရာ ေဇာ္ဂ်ီႏွင့္ စာေပ အျမင္
“ဆရာ စာစ ေရးတာ ကေတာ့ (၁၄-၁၅) ႏွစ္ တည္းကပါပဲ။ ေရးတယ္ ဆိုတာ ကလည္း မဂၢဇင္းေတြ ပို႔မယ္ ဆိုၿပီး ရည္ရြယ္ ေရးတာ မဟုတ္ဘူး။ ဆရာတုိ႔ ငယ္ငယ္က ေနရတဲ့ အမ်ဳိးသားေက်ာင္း ဆိုတာ ကလည္း ကဗ်ာေတြ၊ လကၤာေတြ သင္ေပး ေနေတာ့ စာေပ ဆိုတာ ဝါသနာ မပါလို႔ မရေတာ့ ဘူးေပါ့။ ဆရာ တုိ႔ကို ကဗ်ာ သင္တဲ့ ပင္စင္ ဆရာေဟာင္းက သံေပါက္ တခုကို (၃)လေလာက္ သင္တယ္။ သံေပါက္ အမ်ဳိးမ်ဳိး အေၾကာင္းကို သင္ေပးတယ္။ ဆရာတို႔ ကလည္း သံေပါက္ေတြ အမ်ဳိးမ်ဳိး ေရးရတယ္။
တနဂၤေႏြ တပတ္ကို သံေပါက္ တပုဒ္ ေရးၿပီး ျပရတယ္။ အတန္း ထဲမွာလည္း ထဖတ္ျပ ရတယ္။ မွားေနရင္ ျပင္ေပးတယ္။ ဒါေၾကာင့္ ကဗ်ာေရးရင္ လက္က ေယာင္လုိ႔ေတာင္ မမွားဘူး။ ဆရာတုိ႔ စာေရး တာက နားနဲ႔ စာေရးတာ၊ နားက ေသခ်ာ သိေနေတာ့ မမွား ေတာ့ဘူးေပါ့။ ဖ်ာပုံမွာ ေနရင္း ေရးတဲ့ ေလးဆစ္ေတြ၊ သျဖန္ေတြ၊ ေဘာလယ္ေတြ ဆိုတာက ကာရန္ အထူး စဥ္းစားဖုိ႔ မလိုဘူး။
အလိုလို ထြက္လာ တာပဲ။ ရန္ကုန္ ေရာက္မွ မဂၢဇင္း ေတြမွာ ေရးတယ္။ ေရးနည္းကား အတိုင္း ေရးတဲ့ ကဗ်ာေတြ ဆိုေတာ့ စိတ္ထဲမွာ မရွိဘဲနဲ႔ (မခံ စားရဘဲ) လည္း ေရးလုိ႔ ရတယ္။ ဒီလို ကဗ်ာေတြ စုစုေပါင္း (၃ဝဝ) ေက်ာ္ ရွိတယ္။ ေပ်ာက္ပ်က္ ကုန္ပါၿပီ။ ဒါေပမဲ့ ဝမ္းမနည္း ပါဘူး။ ဒီလို ကဗ်ာမ်ဳိး ေတြကေတာ့ ခုေရး ခုရ တယ္ေလ။ ကဗ်ာ ေပါင္းခ်ဳပ္သစ္မွာ ‘ေရွ႕ေျပး ကဗ်ာစု’ ဆိုၿပီး အပုဒ္ (၂ဝ) ေလာက္ ပါသြားတယ္။
စေရးစဥ္က မဂၢဇင္း တိုက္ေတြ ပို႔ရင္ လက္မခံ ခဲ့ဘူး။ မေကာင္းလို႔ ေနမွာပဲ ဆိုၿပီး ဆက္ေရးၿမဲ ေရးတယ္။ ပိုႀကိဳးစား ေရးတယ္။ ကဗ်ာ ေတြကုိ ဆရာ တို႔က ဝါသနာ ပါလို႔ ေရးခဲ့တာ။ ထင္ေပၚ ေက်ာ္ၾကား ခ်င္တဲ့ စိတ္မရွိဘူး။ ဝါသနာ အရင္းခံၿပီး ေရးတဲ့ သူသာ တည္တံ့ ခုိုင္ၿမဲတယ္။ ေက်ာ္ၾကား ခ်င္လို႔ ေရးတယ္ ဆိုရင္ မလြယ္ဘူး။ ခုေခတ္ေတာ့ ကဗ်ာေတြ စာေတြ ေရးၾကတယ္။ မဂၢဇင္းတိုက္ ပုို႔လို အပယ္ ခံရရင္ မေက်နပ္ ၾကဘူး။ ဆရာ့ ဆီလည္း စာေတြ အမ်ားႀကီး လာပါတယ္။ ကိုယ့္မွာမွ ဘာမွ မရွိေသးဘူး၊ သူမ်ား ေပးခ်င္ တာက အရင္ပဲကုိး။ ကိုယ့္မွာ အရင္ ရွိေအာင္ လုပ္ၾက ေစခ်င္တယ္။ ကိုယ့္မွာ ရွိၿပီးမွ သူမ်ား ေပးရတာ ေကာင္းတယ္။ စာ မ်ားမ်ား ဖတ္ၾက ေစခ်င္တယ္။”
ဆရာေဇာ္ဂ်ီ ေလးစားေသာ စာဆိုႏွင့္ စာေပ
“ဆရာႀကီး သခင္ ကိုယ္ေတာ္မိႈင္းရဲ႕ စာေတြက မ်ဳိးခ်စ္စိတ္ ရေစပါတယ္။ (၁၉) ရာစု ေနာက္ပိုင္းမွာ ေက်ာ္ၾကားတဲ့ ရွယ္ေလး၊ ကိ၊ ဘိုင္ရြန္တို႔ရဲ႔ ကဗ်ာေတြ၊ တဂိုးရဲ႔စာ၊ ကဗ်ာ ေတြဟာ ဆရာ့ အေပၚ စာေပ ၾသဇာ သက္ေရာက္ တယ္လို႔ ဆိုရ ပါမယ္။ အေလးစားဆုံး စာဆိုနဲ႔ စာေပ ကေတာ့ အရြယ္ အလိုက္ ေျပာင္းလဲ ခဲ့တာေပါ့။ ခု ဒီအရြယ္ မွာေတာ့ ႏိုင္ငံျခား စာဆိုေတြ ထဲက ‘ပေလတို’ ကို ေလးစားတယ္။ အခု ရြယ္ထိ ဖတ္လို႔ ရေသးတဲ့ လက္ခံ ေသးတဲ႔ စာေတြ ကေတာ့ ကိုးခန္းပ်ဳိ႕၊ နတ္သွ်င္ေနာင္ ရတုေတြ၊ ဝန္ႀကီး ပေဒသရာဇာနဲ႔ ဦးပုညရဲ႔ စာေတြ ပါပဲ။ အသက္ႀကီးလို႔ ဘာသာေရးကုိ စိတ္ဝင္ စားတယ္။ ပဋိစၥ သမုပၸါဒ္နဲ႔ ဓမၼ စၾကာေတြ ကေတာ့ အယူ အဆေကာ က်င့္စဥ္ပါ ပါလို႔ ေလးစား ပါတယ္။”
ဆရာေဇာ္ဂ်ီႏွင့္ စာေပအယူအဆ
“ဆရာ ကေတာ့ ေက်ာင္းဆရာ ဘဝကုိ ႏွစ္သက္တယ္။ စာေရး ေနေပမယ့္ ‘စာေရး ဆရာႀကီး’ လို႔ ေခၚလိုက္ရင္ ေက်ာ စိမ့္စိမ့္ သြားတယ္။ စာေရး ဆရာ မျဖစ္ေသး ပါဘူး။ ကိုယ္ေရးတာ ေတြပဲ အကုန္လုံး ႏွစ္သက္တာေပါ့။ သေဘာ က်တာေပါ့။ ကိုယ့္စာ ကိုယ္ သေဘာ မက် ဘယ္ရွိ မလဲ။ အႏွစ္ သက္ဆုံး အေက်နပ္ဆုံး ကေတာ့ ‘ေဗဒါလမ္း ကဗ်ာစု’ ပဲေပါ့။ အသက္ႀကီးမွ ေရးေတာ့ ကိုယ့္အျမင္လို႔ သတ္သတ္မွတ္မွတ္ ရွိလာၿပီ။ ဒီအျပင္က ေရးတဲ့ ကဗ်ာေတြ မွာလည္း အျမင္ ရွိေပမယ့္ ဝိုးတဝါးပဲ။ ‘ပဲ့နင္း’ လို ဟိုလိုလို သည္လုိလို ျဖစ္ေန ေသးတာ ေပါ့ေလ။ ႀကီးမွ ေရးတာက ႏွလုံး က်ေနၿပီ၊ တည္ၿငိမ္မႈ ရွိလာ ၿပီေပါ့။
ကာရန္မဲ့ ကဗ်ာနဲ႔ ပတ္သက္ လို႔ေတာ့ ေရးတတ္ရင္ ေကာင္းပါတယ္။ ႀကိဳက္ပါတယ္။ မေရးတတ္ဘဲ ေရးေနေတာ့ ကာရန္မဲ့ ကဗ်ာ မျဖစ္ေတာ့ ဘူးေပါ့။ ဆရာ ကေတာ့ ကာရန္မဲ့ ကဗ်ာ ဆိုတဲ့ အေခၚကုိ မႀကိဳက္ဘူး။ ကာရန္ မဲ့တဲ့ေနာက္ ကဗ်ာ ဘယ္ျဖစ္ေတာ့ မလဲ။ ‘ေႏွာင္ႀကိဳးမဲ့ ကဗ်ာ’ ဆိုရင္ ပိုၿပီး ထိမိမယ္။ ကာရန္မဲ့ ကဗ်ာကို ေရးတဲ့ အခါ နိမိတ္ပုံေလး တခုကုိ အထူးျပဳၿပီး တိုတိုေလးေရး၊ တိုတိုေလးနဲ႔ ထိမ ိေအာင္ေရး၊ ေရးတတ္ရင္ လက္ခံမယ္။ ကဗ်ာ တပုဒ္ ေကာင္းရင္ ခ်က္ခ်င္း အလြတ္ ရတယ္။ ဒီေတာ့ ထိမိေအာင္ ေရးပါ။ လက္ခံ ပါတယ္။
ဆရာ ့စာေပ အယူအဆ ျမန္မာ့ ယဥ္ေက်းမႈ ဓေလ့ ထုံးစံ ေတြကို ေဖာ္ထုတ္ ခ်င္တယ္။ ဆင္းရဲသားေတြ ဘက္က ရပ္တည္ ခ်င္တယ္။ ဘဝ ဆန္သူကုိ ခ်ီးက်ဴး ခ်င္တယ္။ ဘယ္သူ ကမွ စံမတင္ တာကုိ စံတင္ ခ်င္တယ္။ ဒါေၾကာင့္လည္း ေဗဒါလမ္း ကဗ်ာေတြကုိ တအံု တမႀကီး ေရးျဖစ္ တာေပါ့။ အသက္ႀကီး လာေတာ့ ဘာသာေရး ဆန္လာတယ္။ တည္ၿငိမ္မႈ ရွိလာ တာေပါ့။”
ဆရာ ေဇာ္ဂ်ီ ေရးသား ထုတ္ေဝ ခဲ့သည္ စာအုပ္မ်ား
ကဗ်ာဥယ်ာဥ္
ကဗ်ာ ေပါင္းခ်ဳပ္သစ္ – ၁၉၇၄
ကာလီဒါသႏွင့္ သကု႑လ – ၁၉၅၈
ကံ့ေကာ္ၿမိဳင္ စာတမ္း
ခရီးသည္ ( + မင္းသု၀ဏ္)- ၁၉၆၅
ဂႏၳေလာက သဂၤဟသုတိ အထိမ္းအမွတ္ စာတမ္းမ်ား – ၂ဝဝဝ
ဂ်ရတ္ႏွင့္ မာဂရက္ဝတၴဳ (ဘာသာျပန္) (မဟာ ဝိဇၨာ ဘဲြ႕ရ ေမာင္သိန္းဟန္ ကေလာင္ အမည္ျဖင့္) – ၁၉၄၁
စာေပ ေလာက ( + မင္းသု၀ဏ္)- ၁၉၄၉
ေဇာ္ဂ်ီ ကဗ်ာေပါင္းခ်ဳပ္ – ၁၉၆၇
ေဇာ္ဂ်ီစာေပါင္းခ်ဳပ္ (၅-တြဲ)
ေဇာ္ဂ်ီ၏စာ – ၁၉၆ဝ
တ႐ုတ္-ဗမာ မိတ္ေဆြျဖစ္အသင္း
နင္ လားဟဲ့ ခ်စ္ဒုကၡႏွင့္ အျခား ဝတၴဳတုိမ်ား (ႏိုဗဲဆုရ-၀တၳဳတိုမ်ား) (ဘာသာျပန္) – ၁၉၇၉
ေႏြဦးက်က္သေရႏွင္႕အျခားရသစာတမ္းမ်ား
ပေလထရိုႏွင္႕ကြၽန္ေတာ္(ဘာသာျပန္)
ပေလးတိုးနိဒါန္း (ဘာသာျပန္) (၁၉၆၇-၁၉၉၆)
ပိေတာက္ေ႐ႊဝါ ကဗ်ာမ်ား – ၁၉၅၁
ပုခန္းမင္းေက်ာ္စြာ နတ္သံႏွင့္ ေပ်ာ္ခ်င္း – ၁၉၃၈
ပ်ဳိ႕ႏွင့္ ပ်ဳိ႕စာဆို
ျပည္ေထာင္စုသမိုင္းပံုျပင္မ်ား
ေဗဒါလမ္း ကဗ်ာမ်ား – ၁၉၆၃
မဟာဆန္ခ်င္သူႏွင့္ အျခား တခန္းရပ္ ျပဇာတ္မ်ား – ၁၉၇၂
မဟာဆန္ခ်င္သူ ျပဇာတ္ – ၁၉၆၅ (၁၉၃၄၊ ၁၉၇၀) ဘာသာျပန္
မိုးၾကယ့္မို႕လား (ဘာသာျပန္) – ၁၉၆၆
မိုးၾကယ္မို႕လားႏွင့္ ႏိုဗယ္ဆုရ ဝတၴဳတုိမ်ား – ၁၉၆၆
မိုးၾကယ္မို႕လားႏွင့္ လမ္းသစ္ဝတၴဳတိုမ်ား – ၁၉၇၇
ရသစာေပနိဒါန္း – ၁၉၆၅
ရသစာေပအဖြင့္ – ၁၉၆၆
ရသစာေပ အဖြင့္ႏွင့္ နိဒါန္း – ၁၉၇၆
ေ႐ြေဒါင္းညိဳ (သို႕) စနစ္တခု၏ အစ – ၁၉၉၉
ေရွးေခတ္ပုဂံ ကဗ်ာမ်ားႏွင့္ အျခားကဗ်ာမ်ား – ၁၉၈၇
လက္ေ႐ြးစင္ ျမန္မာဝတၴဳတိုမ်ား – ၁၉၈၁
လမ္းသစ္ႏွင့္ အျခားဝတၴဳတိုမ်ား (ဘာသာျပန္) – ၁၉၆၆ (ႏိုဗဲဆုရ၀တၳဳတို)
သကု႑လ (ဘာသာျပန္) – ၁၉၅၅
သခင္ကိုယ္ေတာ္မႈိင္း ဋီကာ – ၁၉၅၅
သိန္းႏွင့္ က်ားဋီကာ – ၁၉၈၄
သံုးပြင့္ဆိုင္ေခတ္ ဆန္းစာေပ (သိပၸံေမာင္၀၊ မင္းသု၀ဏ္ တို႔ႏွင့္တြဲ) – ၁၉၅၅
မဟာဝိဇၨဘြဲ႕ရ ေမာင္သိန္းဟန္ ကေလာင္အမည္ျဖင့္ ဂ်ရတ္ႏွင့္ မာဂရက္ ဝတၴဳ (ဘာသာျပန္) – ၁၉၄၆
ရည္ၫႊန္း
မေဟသီ မဂၢဇင္း၊ အမွတ္ ၂၆၈ ဧၿပီ ၂ဝဝ၇။ ‘ဆရာ ေဇာ္ဂ်ီနဲ႕ ပတ္သက္တဲ့ ငုပ္ကြယ္ ေနတဲ့ အခ်က္ တစ္ခ်က္’ – ဖိုးေအာင္ေလး (စာေပဗိမာန္ စာမူဆုရ)
Credit : https://kanaung.net
ဆရာ ဇော်ဂျီသည် ဧရာဝတီတိုင်း၊ ဖျာပုံမြို့ဇာတိဖြစ်၍ အဖဦးယော၊ အမိဒေါ်စိန်ညွန့်တို့မှ ၁၉၀၇-ခုနှစ်၊ ဧပြီလ ၁၂ရက်၊ သောကြာနေ့တွင် ဖွားမြင်သည်။ မွေးချင်း ကိုးယောက် အနက် အကြီးဆုံး ဖြစ်သည်။ အမည် ရင်းမှာ ဦးသိန်းဟန် ဖြစ်ပါသည်။
(Unicode version)
ငယ်ဘဝ
ဆရာ ဇော်ဂျီသည် ငယ်စဉ်က ဖျာပုံမြ့ုိ ဘုန်းတော်ကြီး ကျောင်းတွင် ပညာ သင်ကြား ခဲ့သည်။ ထို့နောက် ဖျာပုံမြ့ုိရှိ အင်္ဂလိပ် မြန်မာ အစိုးရ အထက်တန်း ကျောင်းတွင် သတ္တမတန်း အထိ ပညာ သင်ကြား ခဲ့သည်။
ဆရာ ဇော်ဂျီသည် ငယ်စဉ် ကလေးဘဝ ကတည်းက မြန်မာမှု၊ မြန်မာ စာပေ တို့နှင့် အကျွမ်းတဝင် ရင်းနှီး ခဲ့သည်။ အကြောင်းမှာ ဆရာ ဇော်ဂျီတို့ အိမ်တွင် လူကြီးများ စုဝေးကာ စာအကြောင်း ပေအကြောင်း ပြောကြ သောကြောင့် ဖြစ်သည်။
သတ္တမတန်း အရောက်တွင် ၁၉၂ဝ ပြည့် ပထမ ကျောင်းသား သပိတ်တွင် ပါဝင် ခဲ့သည်။ အမျိုးသား ကျောင်းများ မြန်မာပြည် အနှံ့ ပေါ်ပေါက် လာသော အခါ ဆရာ ဇော်ဂျီသည် ဖျာပုံမြို့၊ အမျိုးသား ကျောင်းသို့ ပြောင်းရွှေ့ ပညာ ဆည်းပူး ခဲ့သည်။ ထိုမှ တဖန် ရန်ကုန်မြို့၊ မြို့မ ကျောင်းသို့ ပြောင်း၍ ၁၁ ဆင့် အောင်သည် အထိ ပညာ ဆည်းပူး ခဲ့သည်။ ထိုစဉ်က ကျောင်းအုပ် ဆရာကြီးမှာ ဦးဘလွင် ဖြစ်ပါသည်။
၁၉၂၄ တွင် ရန်ကုန်မြ့ုိ အမျိုးသား အထက်တန်း ကျောင်းနှင့် မြ့ုိမ အမျိုးသား အထက်တန်း ကျောင်းတို့တွင် ပညာ သင်ကြား ခဲ့သည်။ မြ့ုိမ ကျောင်းသား ဘဝတွင် ကဗျာများ စတင် ရေးသား ခဲ့သည်။ ၁၉၂၄ တွင် ဆာဂျေအေ မောင်ကြီး၏ သစ္စာ ၀ါဒီ သတင်းစာက ကြီးမှူးပြီး ကဗျာ ဘာသာပြန် ပြိုင်ပွဲ ကျင်းပ ခဲ့သည်။ မြန်မာ ဘာသာသို့ ပြန်ဆို ရမည့် ကဗျာမှာ အင်္ဂလိပ် ကဗျာ ဆရာ ဟင်နရီ ဝေါတန် (Henry Wotton) ၏ The Character of a Happy Life အမည်ရှိ ကဗျာ ဖြစ်သည်။ ဆရာ ဇော်ဂျီသည် ကဗျာ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရာ ပထမဆု ရရှိ ခဲ့သည်။
ဆာဂျေအေ မောင်ကြီးက ရွှေဒင်္ဂါး ၅ ပြား ဆုချ ခဲ့သည်။ ၁၉၂၅ တွင် ဆရာ ဇော်ဂျီသည် ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် ပညာ သင်ကြား ခဲ့သည်။ တက္ကသိုလ်သို့ ရောက်သောအခါ ရှေးဟောင်း မြန်မာ့ စာပေကို စနစ်တကျ လေ့လာခွင့် ရသကဲ့သို့ တဘက်တွင်လည်း ကမ္ဘာ့ စာပေ များကိုလည်း ကျယ်ကျယ် ပြန့်ပြန့် လိုက်စား နိုင်ခဲ့သည်။ အင်္ဂလိပ် ကဗျာများကို ဖတ်ပြီး ကဗျာသစ်ကို စမ်းသပ် ရေးဖွဲ့ချင်စိတ် ပေါက်လာသည်။ ၁၉၂၈ တွင် ဆရာ ဇော်ဂျီသည် သူ၏ နာမည်ကျော် “ပိတောက်ပန်း” ကဗျာကို ရေးဖွဲ့ ခဲ့သည်။
ဆရာ ဇော်ဂျီသည် တက္ကသိုလ် ကျောင်းသား ဘဝတွင် သူ့လို ၀ါသနာတူ သူငယ်ချင်း ဆရာ မင်းသုဝဏ်နှင့် တွဲမိ သွားသည်။ သူတို့ နှစ်ဦးသည် ရှေးဟောင်း ကဗျာများမှ တွေးပုံ တွေးနည်း၊ ရေးပုံ ရေးနည်း များကို လမ်းသစ် ခွဲထွက် ကြသည်။ မိမိ ခံစားရသော အမြင်ကိုသာ အလှပဆုံး၊ အထိမိဆုံး ရေးဖွဲ့ ကြသည်။ ထို ကဗျာများကို တက္က သိုလ် မဂ္ဂဇင်း၊ ဂန္တလောက မဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်းများတွင် ရေးသား ကြသည်။
၁၉၃၄ တွင် ဆရာကြီး ဦးဖေမောင်တင်က ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်နှင့် တက္ကသိုလ် ပုရဝဏ် အတွင်း ရေးသား နေကြသော ကဗျာ များကို စုစည်း ထုတ်ဝေရာမှ ‘ခေတ်စမ်း ကဗျာ’ ဟု အမည် တွင်လာသည်။ ဆရာ ဇော်ဂျီသည် ရန်ကုန် တက္ကသိုလ် ကျောင်းသား ဘဝတွင် တက္က သိုလ် ပုရဝဏ် ထဲမှ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာပွား၊ ပါမောက္ခ လုစ်၊ ပါမောက္ခ ဂုဒ်တို့ထံမှ အင်္ဂလိပ် စာပေ၊ မြန်မာ စာပေတို့ကို လေ့လာ ဆည်းပူးခွင့် ရခဲ့သည်။
၎င်းအပြင် ပြင်ပ စာပေ လောကမှလည်း ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ အမျိုးသား ပညာဝန် ဦးဖိုးကျား၊ ဒီးဒုတ် ဦးဘချို တို့ထံမှ ပြင်ပ စာပေ ဗဟုသုတ များကို ကြားနာခွင့် ရသည်။ ဆရာ ဇော်ဂျီသည် မိမိထက် အတန်းကြီးသော သိပ္ပံ မောင်ဝထံမှ အက်ဆေး သဘောတရားများ၊ ဗဟုသုတများ ရရှိခဲ့ပြီး မိမိထက် ငယ်သော ဆရာ မင်းသုဝဏ် နှင့်လည်း ကဗျာ ရေးဖော် ရေးဖက် ဖြစ်လာသည်။
ဆရာ ဇော်ဂျီသည် ၁၉၂၉-၃ဝ ပညာသင် နှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇဘွဲ့ ရခဲ့သည်။ ဆရာ ဇော်ဂျီသည် မိမိ ပညာ ဆည်းပူး ခဲ့ရာ မြို့မ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြ ဆရာ အဖြစ် ၁၉၃၁ ခုနှစ်မှ ၁၉၃၄ ခုနှစ် အထိ တာဝန် ထမ်းဆောင် ခဲ့ပါသည်။ ကျောင်းဆရာ လုပ်နေစဉ် မှာပင် ဖျာပုံမြို့ ကနေ ၁၉၃၁ ဇန်နဝါရီလက စပြီး ထုတ်ဝေ ခဲ့တဲ့ ‘မြန်မာ့ အာဇာနည်’ ဂျာနယ်မှာ ဆရာ ဇော်ဂျီသည် အယ်ဒီတာ အဖွဲ့ဝင် အဖြစ် တာဝန် ယူခဲဲ့သည်။
သို့သော်လည်း ဂျာနယ်သည် အမှတ် ၇ မျှသာ ရေးသား ထုတ်ဝေ ခဲ့နိုင်ပြီး ဖြန့်ချိမှု အခက်အခဲကြောင့် ရပ်ဆိုင်း ခဲ့ရသည်။၁ မြို့မကျောင်း ကျောင်းဆရာ အဖြစ် တာဝန် ထမ်းဆောင် နေစဉ် ဆရာ ဇော်ဂျီသည် ဝိုင်အမ်ဘီအေ အသင်းကြီးက ကြီးမှူး ကျင်းပသော ဟောပြောပွဲတွင် အင်္ဂလိပ် ဘာသာဖြင့် စာပေ ဝေဖန်ရေး စာတမ်း တစ်စောင် ဖတ်ကြား တင်သွင်း ခဲ့ပါသည်။ စာဆို ဝန်ကြီး ပဒေသရာဇာနှင့် စိန္ထကျော်သူ ဦးသြ တို့အကြောင်း ဖြစ်ပါသည်။ စာတမ်း အမည်မှာ ‘Eighteenth Century Poets in Burma’ ဖြစ်ပါသည်။ စာတမ်း တင်သွင်းသော ခုနှစ်မှာ ၁၉၃၂ ခု သြဂုတ်လ ၂၈ ရက် ဖြစ်ပါသည်။
သဘာပတိမှာ ဆရာကြီး ဦးလူဖေဝင်း ဖြစ်ပါသည်။ ထို စာတမ်းကို ရန်ကုန်တိုင်းမ် (Rangoon Time) အင်္ဂလိပ် ဘာသာ သတင်းစာတွင် ထည့်သွင်း ဖော်ပြ ခဲ့ပါသည်။ ထို စာတမ်းကို ဖတ်မိသော ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာ ပါမောက္ခ ရုခ်က အလွန် နှစ်သက် သဘော ကျ၍ ဆရာ ဇော်ဂျီကို ခေါ်ယူကာ မဟာ ဝိဇ္ဇာတန်း တက်ရန် တိုက်တွန်း ခဲ့လေသည်။ သို့ဖြင့် ဆရာ ဇော်ဂျီသည် ၁၉၃၄ ခုနှစ်တွင် မြို့မ ကျောင်းမှ ထွက်၍ မဟာ ဝိဇ္ဇာတန်းတွင် အင်္ဂလိပ် စာပေနှင့် မြန်မာ စာပေ နှစ်ဘာသာ (Double Literature) ယူကာ ၁၉၃၆ ခုနှစ်တွင် မဟာ ဝိဇ္ဇဘွဲ့ ရခဲ့သည်။
၁၉၃၈ ခုနှစ် အထိ မန္တလေး ဥပစာ ကောလိပ်တွင် မြန်မာစာ နည်းပြ အဖြစ် ဆောင်ရွက်သည်။ ၁၉၃၆-၄ဝ ပြည်နှစ် များတွင် အင်္ဂလန် နိုင်ငံ ဒဗ်ဗလင် တက္ကသိုလ် များတွင် စာကြည့်တိုက် ပညာ သင်ကြား၍ ဒီပလိုမာဘွဲ့ ရရှိသည်။ ၁၉၄၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး တာဝန် ထမ်းဆောင်သည်။ ၁၉၄၁-ခုနှစ်တွင် ရန်ကုန် နေရှင်နယ် အမျိုးသမီး ကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်စောရင် (ဘီအေ- ဘီအီးဒီ) နှင့် လက်ထပ် ခဲ့သည်။
၁၉၄၂ ခုနှစ် ဒုတိယ ကမ္ဘာစစ် အတွင်း မြန်မာ အစိုးရ၏ ပညာရေး ဝန်ကြီး ဌာန ဒုတိယ ညွှန်ကြားရေးဝန် (စာပေနှင့် စာကြည့်တိုက် ဌာန) တာဝန် ထမ်းဆောင်ပြီး ၁၉၄၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၄၇-၄၈ ခုနှစ် များ၌ တိုင်းပြု ပြည်ပြု လွှတ်တော် ရုံးနှင့် ရွေးကောက်ပွဲ ကော်မရှင်ရုံး အထူး အရာရှိနှင့် အခြေခံ ဥပဒေ အချောကိုင် ကော်မတီ အဖွဲ့ဝင် တာဝန် ထမ်းဆောင် ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် ဝဏ္ဏ ကျော်ထင်ဘွဲ့ ရရှိသည်။
၁၉၅၁-၅၇ ခုနှစ် များ၌ ကျောင်းသုံး စာအုပ် ပြုစုရေး (ထုတ်လုပ်ရေး) ညွှန်ကြားရေးဝန် တာဝန်နှင့် ၁၉၅၉ ခုနှစ်၌ မြန်မာ နိုင်ငံ သမိုင်း ကော်မရှင် ဥက္ကဌ တာဝန် များကို ထမ်းဆောင် ခဲ့သည်။ ၁၉၅၁ တွင် ဆရာ ဇော်ဂျီသည် အစိုးရ ပညာရေး မစ်ရှင်အဖွဲ့ နှင့်အတူ အင်္ဂလန်၊ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ နိုင်ငံ များသို့ သွားရောက် လေ့လာခဲ့သည်။ ထို့နောက် စာကြည့်တိုက်မှူး အဖြစ် ပြန်လည် ထမ်းရွက်သည်။ ၁၉၅၅ တွင် ထိုင်းနိုင်ငံ၊ ၁၉၆၁ တွင် တရုတ်နိုင်ငံ များသို့ ရန်ကုန် တက္ကသိုလ် ချစ်ကြည်ရေး အဖွဲ့နှင့် အတူ သွားရောက် ခဲ့သည်။
၁၉၆၁ ခုနှစ်တွင် ဂုဏ်ထူးဆောင် မြန်မာစာ ပါမောက္ခ အဖြစ်နှင့် သီရိပျံချီဘွဲ့ ရရှိသည်။၁၉၆၅ – ၇၅ ခုနှစ် များတွင်ပညာရပ် ဝေါဟာရ ကော်မတီ ဥက္ကဌနှင့် အမျိုးသား စာပေဆု စိစစ် ရွေးချယ်ရေး ကော်မတီ ဥက္ကဌ အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၆၇ ခုနှစ်၌ တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှူး အဖြစ်မှ အငြိမ်းစား ယူပြီး ပညာရေး အထူး အရာရှိ (၁)၊ မြန်မာ နိုင်ငံ သုတေသန အသင်း ဥက္ကဌ တာဝန် များကို ထမ်းရွက် ခဲ့ပြီး၊ ၁၉၇၆ ခုနှစ်တွင် နိုင်ငံ သမိုင်း သုတေသန ဦးစီး ဌာန အကြံပေး ပုဂ္ဂိုလ် အဖြစ်ပါ တာဝန် ယူခဲ့သည်။
ဆရာ ဇော်ဂျီသည် ‘သခင် ကိုယ်တော်မှိုင်း ဋီကာ’ စာအုပ်ဖြင့် ၁၉၅၅ ခုနှစ် အတွက် စာပေ ဗိမာန် စာပဒေသာ ဆု၊ ‘နင် လားဟဲ့ ချစ်ဒုက္ခနှင့် အခြား ဝတ္ထုတိုများ’ စာအုပ်ဖြင့် ၁၉၇၉ ခုနှစ် အတွက် အမျိုးသား စာပေဆု (ဘာသာပြန် စာပေ)၊ ‘ရှေးခေတ် ပုဂံ ကဗျာများနှင့် အခြား ကဗျာများ’ စာအုပ်ဖြင့် ၁၉၈၇ ခုနှစ် အတွက် အမျိုးသား စာပေဆု (ကဗျာဆု) တို့ကို ရရှိ ခဲ့သည်။
ဆရာ တက်တိုးက ဆရာ ဇော်ဂျီကို ဒဿန စာဆို (Philosopher Poet) ဟူ၍ လည်းကောင်း၊ ဆရာ မင်းသုဝဏ် ကို သုတေသီ စာဆို (Scholar Poet) ဟူ၍ လည်းကောင်း ဆိုမိန့်ဖူးသည်။
ဘဝနိဂုံး
ဆရာ ဇော်ဂျီသည် အသက် (၈၃) နှစ် အရွယ် ၁၉၉ဝ ပြည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဆရာ နေထိုင်ရာ ရန်ကုန်မြို့ ဗဟန်း မြို့နယ် ကမ္ဘောဇလမ်း အမှတ် (၁ဝ-က) နေအိမ်တွင် ကွယ်လွန် ခဲ့သည်။
ဆရာ ဇော်ဂျီ၏ မျိုးရိုးဗီဇ
ဆရာ ဇော်ဂျီသည် မြစ်ဝ ကျွန်းပေါ် ဖျာပုံ ဇာတိ ဖြစ်ပါသည်။ သို့ရာတွင် ဆရာ၏ မိဘ မျိုးရိုးမှာ အညာ ဇာတိများ ဖြစ်ကြောင်း ယခု ကဲ့သို့ အမိန့်ရှိ ခဲ့ပါသည်။“ဆရာ့ အဘိုး၊ ဆရာ့ အဖေ၊ ဆရာ့ အမေ တို့က အညာ ဇာတိပါ။ ပခုက္ကူ၊ ရေစကြို၊ ဆင်ဖြူကျွန်း ဘက်ကနေ မြစ်ဝ ကျွန်းပေါ် ဘက်ကို ရေကြည်ရာ မြက်နုရာ ရွှေ့လာ သူတွေပါ။ အဲဒီ တုန်းက အညာက ဆင်းလာ သူတွေ တပုံကြီးပဲ။ ဒါကြောင့် ဖျာပုံ၊ ကျိုက်လတ် မြို့တွေမှာ ဆင်ဖြူကျွန်း လမ်းတို့၊ ပခုက္ကူ လမ်းတို့ ဆိုပြီး ရှိကြတယ်။ အညာက တစ်မြို့တည်းသားတွေ စုနေတဲ့ နေရာကို အစွဲပြုပြီး လမ်း နာမည်တွေ မှည့်ကြတယ်။”ထို့ကြောင့် ဆရာ ဇော်ဂျီတို့ အဘိုး အဘွား တို့မှာ အညာ ဇာတိ ဖြစ်၍ ဆရာ ဇော်ဂျီလည်း အညာသွေး ပါသည်ဟု ဆိုနိုင် ပါသည်။
ဆရာ ဇော်ဂျီ ငယ်စဉ် အခါက ပညာရှာ ခဲ့ရပုံ
ငယ်စဉ် ကာလ ဖျာပုံ မြို့တွင် ပညာ ရှာခဲ့ပုံ၊ ရန်ကုန်၊ မြို့မ ကျောင်းတွင် ပညာ ဆက်လက် ဆည်းပူး ပုံနှင့် ပတ်သက်၍ ဆရာ ဇော်ဂျီ အမိန့် ရှိခဲ့ပုံ –
“၁၉၂၃-၂၄ လောက်ကပဲ တက္ကသိုလ် မရောက်ခင် အဆင့်တက်ဖို့ ဆရာ ကြိုးစား ခဲ့ရ ပုံလေးကို ပြောပြ ရဦးမယ်။ ဖျာပုံ မြို့မှာ (၇) ဆင့်ထိ စာသင် ရတယ်။ ကျောင်းသား သပိတ် ဖြစ်တော့ ဖျာပုံ မြို့မ ကျောင်းကပါ သပိတ် မှောက်တယ်။ ရန်ကုန်ကို (၇) တန်း အောင်တော့ စာသင်ဖို့ လာရတယ်။ အဲဒီ တုန်းက သရက်တော ကျောင်းတိုက်မှာ နေပြီး စာသင် ရတယ်။ နိုင်ငံရေး အခြေအနေ ကလည်း မကောင်းဘူး။ မြန်မာပြည်ကို ဒိုင်အာခီ အုပ်ချုပ်ရေး ပေးတော့ ဦးမောင်ကြီးက ပညာရေး ဝန်ကြီး၊ နိုင်ငံရေး မှာလည်း အကွဲအပြဲ တွေနဲ့။
ဦးဘဖေ တို့က ဒိုင်အာခီ အုပ်ချုပ်ရေးကို လက်ခံ လိုက်တယ်။ နေရှင်နယ် အမျိုးသား ကျောင်းတွေ ပျက်တော့ ဆရာ (၁ဝ) ဆင့် အောင်ပြီ။ ကျောင်းတွေ ပိတ်လိုက်လို့ ဖျာပုံ ကျောင်းမှာ ပြန်ပြီး လုပ်အားပေး နေရတယ်။ ဆရာက ကျောင်းပြန် တက်ချင်တယ်၊ အဖေက ခွင့်မပြုဘူး။ ဒါနဲ့ အမေ့ကို ကပ်ပြီး ပူဆာ ရတယ်။ အမေက ငွေ (၄ဝိ/-) ပေးပြီး ရန်ကုန်ကို လွှတ်လိုက်တယ်။
ရန်ကုန်၊ မြို့မ ကျောင်းမှာ ကျောင်းအုပ်ကြီးက ဆရာ ဦးဘလွင်၊ ကျောင်းအုပ်ကြီး ဆီသွား (၁၁) ဆင့်မှာ နေရဖို့ ပြောတယ်။ နေရှင်နယ် အမျိုးသား ကျောင်းက (၁ဝ) တန်းဆင့်ကို အသိအမှတ် မပြုဘူး။ (၁ဝ) ဆင့်မှာပဲ နေရမယ်တဲ့။ ဆရာ ကလည်း (၁ဝ) ဆင့်ကို အရည်အချင်း အပြည့်နဲ့ အောင်ခဲ့ တာပါ။ ဆရာကြီး မယုံရင် ကြိုက်ရာ ဘာသာကို စစ်ကြည့်ပါ။ အဖြေကို မကြိုက်ရင် (၁ဝ) ဆင့်မှာပဲ နေပါ့မယ်။ ဆရာကြီးက ကွ္ဆန်တော့် အဖြေတွေကို ကြိုက်ရင် (၁၁) ဆင့် ထားပါလို့ ပြောလိုက်တယ်။
ဒီတော့ ‘ဆရာကြီးက အာဂ၊ လာတဲ့ ချာတိတ်’ ပါလားကွယ်၊ ကပ် စျေးဆစ် တယ်လို့ ပြောပြီး နောက်နေ့ (၁၁) နာရီ လာခဲ့လို့ မှာတယ်။‘ဆရာ့ သူငယ်ချင်းတွေ ကိုနု (သခင်နု)၊ ကိုချစ် တို့က ဆရာ ရုံးခန်း ထဲက ထွက်လာတော့ အခြေ အနေ ကိုလည်းမေး။ ရ ရမှာ ပေါ့ကွာ လို့လည်း အားပေး နဲ့ပေါ့။ သူတို့နဲ့က ဘာသာ ချင်းလည်း မတူ၊ ကျောင်းချင်းလည်း ကွဲနေ ပေမယ့် ခင်ကြတယ်။
ဒီလိုနဲ့ နောက်နေ့ ဆရာကြီးဆီ သွားတော့ အင်္ဂလိပ်စာနဲ့ အတွက် (သင်္ချာ) ကို ဖြေရတယ်။ တဘာသာ တနာရီစီ ဖြေရတယ်။ အင်္ဂလိပ်စာ ဖြေပြီး (၁ဝ) မိနစ်နား၊ နောက် အတွက် ဖြေပေါ့။ ဖြေလို့ ပြီးသွားတော့ ဆရာကြီးထံ အဖြေစာအုပ် အပ်ရင်း ‘ဘယ်တော့ သိရ မလဲ ဆရာကြီး’ လို့ မေးလိုက်တယ်။
‘ဟ မြန်လှ ချေလား၊ သိရမှာ ပေါ့ကွာ’ လို့ ဆိုပြီး နောက်နေ့ (၃) နာရီကို ချိန်းလိုက်တယ်။ အဲဒီ တုန်းက ဆရာမြ (သခင်မြ)၊ ဆရာ ဦးသာခင်၊ ဆရာ ဘသန်း (ဝတ်လုံ ဦးဘသန်း) တို့က ဆရာ ဟောင်းတွေ ဖြစ်နေတော့ ကျောင်းမှာ ပဲနေ၊ ကျောင်းက ဘော်ဒါဆောင် မှာပဲ ထမင်း ဝင်စားနဲ့ နောက်နေ့ ကျတော့ ရုံးခန်းထဲ ဝင်သွား သွားချင်း ဆရာကြီးက ‘ချာတိတ်၊ ရတယ် ရတယ်၊ နက်ဖြန် ကျောင်းတက်၊ ပိုက်ဆံ ပေးခဲ့၊ ဘော်ဒါ နေမလား၊ ဆွေမျိုးတွေ ရှိလား’ လို့ မေးလိုက်တယ်။
ဒီတော့ ဆရာ ကလည်း ဆရာ့ အစီ အစဉ်ကို ပြောပြ ရတယ်။ ဆွေမျိုးတွေ ရှိပေမယ့် ဘော်ဒါ နေမှ အဆင် ပြေတာမို့ ဘော်ဒါမှာ နေမယ်လို့ ဆိုပြီး ဘော်ဒါခ တွက်တော့ (၅ဝ) ကျပ် ကျော်ကျော် ကျတယ်။ ဆရာ့မှာ အမေ ပေးလိုက်တဲ့ ငွေ (၄ဝိ) က ခရီးစရိတ်နဲ့ ငွေ (၃ဝိ) ပဲ ကျန်တော့တယ်။ ဒီတော့ တခါ ဆရာကြီးကို ပိုက်ဆံ (၃ဝိ) ပဲ ကျန်တဲ့ အကြောင်း ပြောပြ ရတယ်။ ဆရာကြီးက ‘ဘယ်ရ မလဲကွ’ တဲ့။ ဆရာလည်း ကျောင်း တက်ချင် လွန်းလို့ အဖေ့ကို ဆန့်ကျင်ပြီး အမေ့ ဆီက ပိုက်ဆံ တောင်းပြီး လာခဲ့ ရတဲ့ အကြောင်းကို ပြောပြတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဆရာကြီးက စိုက်ပေး ပါလို့ ပြောရ တာပေါ့။
ဆရာကြီးက ‘မင်း ယုံရ မလားကွ’ တဲ့။ ဆရာ ကလည်း ‘ဒါတော့ ဆရာက ဆရာကြီးပဲ၊ ကွ္ဆန်တော် လိမ်ရင် ညာရင် ကွ္ဆန်တော့်ကို ကျောင်းထုတ် နိုင်ပါတယ်’ လို့ ပြောတော့ ဆရာကြီးက ‘အေး ငါ လိုတဲ့ ငွေ (၂ဝိ) ကို စိုက် ပေးမယ်’ လို့ ပြောတယ်။
အခက် ကြုံပုံက ဆရာ့မှာ ပစ္စည်းတွေ သယ်ဖို့ ရွှေ့ဖို့က စရိတ် ချန်ရဦးမှာ မဟုတ်လား။ စရိတ် ချန်ပြီး ငွေ (၂ဝိ) ကိုပဲ ပေးနိုင် တော့မှာကို ပြောပြတော့ ‘စျေးထပ် ဆစ်ပြန်ပြီ’ လို့ ဆရာကြီးက ဆိုတယ်။ ဆရာလည်း မတတ်နိုုင် တော့ဘူးလေ ဆရာကြီးက ငွေ (၂ဝိ) ကိုပဲ ယူထား လိုက်ပါတယ်။
ကျောင်းနေခွင့် ရတော့ အမေ့ဆီ စာရေးပြီး အကျိုး အကြောင်းရေး၊ ငွေထပ် တောင်းရတယ်။ ‘အဖေက ဘာပြော သေးလဲ အမေ’ လို့ မေးတော့ ‘ဘာမှ မပြောတော ့ပါဘူး သားရယ်’ လို့ စာပြန်တယ်။”br />
ဤကား ဆရာ ဇော်ဂျီ မြို့မ ကျောင်းတွင် ပညာ သင်ယူ နိုင်ရန် ကြိုးစား ခဲ့ရပုံ အကြောင်း ဖြစ်ပါသည်။”
ဆရာဇော်ဂျီနှင့် ဟံသာ့ကြေးမုံ
“၁၉၂၄-၂၅ စာသင် နှစ်မှာ ဆရာ ရန်ကုန် ကောလိပ်ကို ရောက်လာတယ်။ ပဲခူး ကျောင်းဆောင်မှာ နေရ စဉ်က၊ ကဗျာ ဉာဏ်က မြူးချိန် ဆိုတော့ ကဗျာတွေ သိပ်ရေး ဖြစ်တယ်။ ‘ဟံသာ့ ကြေးမုံ’ ဆိုတဲ့ စာစောင်ကို ရေးတယ်။ ကိုယ်ပဲ စာရေး ဆရာ၊ ကိုယ်ပဲ အယ်ဒီတာ လုပ်တယ်။ ည (၁ဝ) နာရီ ကျော်ရင် မီး မပေး တော့ဘူး။ ဖယောင်းတိုင် ထွန်းပြီး လက်ရေး စာစောင်ကို ရေးတယ်။ ကိိုယ်ရေး တာလို့ မသိ စေချင် ပေမယ့် ကိုယ့်နာမည် လေးလည်း ဖော်ထုတ် ချင်တာကိုး။ ဟံသာ့ ကြေးမုံမှာ ‘သ’ ဆိုတဲ့ ကလောင်နာမည်တပ်တယ်။ ‘ကျောင်းချစ်’၊ ‘မောင်ပန်းမြိုင်’ စတဲ့ ကလောင်ခွဲ တွေလည်း အများကြီး ရှိတယ်။
‘ပုရစ်ဖူး အသင်း’ ဆိုပြီး ဆရာ့လို စာပေ ဝါသနာ ပါပြီး စိတ်ကူး သစ်နဲ့ ရေးချင်တဲ့ သူတွေ တွေ့ဆုံပြီး စကား ပြောကြ၊ ဆွေးနွေး ကြတယ်။ အဲဒီ အချိန် တုန်းက ကောလိပ် မဂ္ဂဇင်း ဆိုတာ အင်္ဂလိပ်စာ များတယ်။ မြန်မာစာ နှစ်ရွက် သုံးရွက်ပဲ ပါတယ်။ ပါတဲ့ နှစ်ရွက် သုံးရွက် ကလည်း အသင်းရဲ့ ရှင်းတမ်းကို ရေးထားတာ။ ဆရာ တက္ကသိုလ် ရောက်တဲ့ နှစ်မှာ မြန်မာစာ ထူလာတာ။ ထူလာ အောင်လည်း ကလောင်ခွဲ အမျိုးမျိုးနဲ့ တယောက်တည်း ရေးခဲ့ တာပဲ။”
ဆရာ ဇော်ဂျီနှင့် ကလောင်အမည်
“‘ဇော်ဂျီ’ ဆိုတဲ့ ကလောင် နာမည်ကို ဘာဘာ ညာညာကြောင့် မဟုတ်ပါဘူး။ ဇော်ဂျီ ရုပ်ကလေးကို သဘော ကျလို့ ဇော်ဂျီလို့ ယူလိုက် တာပါပဲ။ ဘယ်စာ ဘယ် ကဗျာမှာ စသုံးလည်း ဆိုတာတော့ မမှတ်မိ ပါဘူး။ ထင်တာတော့ ပိတောက်ပန်း ကဗျာ ဖြစ်မယ် ထင်တယ်။ ပိတောက်ပန်း ရေးဖြစ်တဲ့ (၁၉၂၈) ပတ်ဝန်းကျင် လောက်မှာ ဒီကလောင် အမည် ယူဖြစ် ပါလိမ့်မယ်။”
ဆရာ ဇော်ဂျီ၏ တက္ကသိုလ် ကျောင်းသား ဘဝ
“ကောလိပ် ရောက်ခါ စက တကောင်း ဆောင်မှာ နေရတယ်။ ကျောင်းသား ကလည်း ဒီလောက် မများ သေးဘူး။ ကိုစိန်တင် (သိပ္ပံ မောင်ဝ) နဲ့ တဆောင်တည်း။ Row တခု တည်းမှာ နေရတယ်။ သိပ်ရင်းနှီး ကြပါတယ်။ သူက အတန်း ပိုကြီးတယ်။ အဲဒီ တုန်းက အခု တိုးချဲ့ ဆေးရုံ နေရာမှာ ကျောင်း ရှိတယ်။ ကျောင်း သွားရင် ကြံတော သင်္ချိုင်းကို ဖြတ်ပြီး ဟံသာဝတီ ဘူတာကို သွားရတယ်။ ဘတ်စ် ကားလိုင်းတွေ မရှိ သေးဘူး။ အင်းစိန် လော်ကယ်နဲ့ လိုက်သွား။ ဘုရားလမ်း ဘူတာ ဆင်းပြီး ခြေလျင် ထပ်လျှောက် ရတယ်။ တခါ တလေ လော်ရီ ကားကြီးတွေ တားစီးပြီး ကျောင်းတက် ရတယ်။
စာမေးပွဲ မနီးခင် ရုပ်ရှင်ကြည့်၊ ကိုယ်ရေး ချင်တာ တွေရေး၊ ဖတ်ချင်တဲ့ စာအုပ်တွေ ဖတ်ပေါ့၊ ကျောင်းတော့ မပြေးပါဘူး။ အတန်း မှန်မှန်တက်၊ စာမေးပွဲ ဖြေဖို့ တလ အလို ဆိုရင် စာကျက်၊ ဖိဖိစီးစီး ကျက်တယ်။ စာမေးပွဲ နီးပေမယ့် ညဥ့်နက်ရင် မီး မပေး တော့ဘူး။ ဖယောင်းတိုင် ထွန်းပြီး စာကြည့် ကြတယ်။ စာကြည့် စားပွဲ ကနေ အိပ်ရာလေး မြင်ပြီး အိပ်လိုက် ရရင် သိပ်ကောင်း မှာပဲလို့ တွေးမိတယ်။ တကယ်တမ်းကျ မအိပ် ရဲဘူး။ စာမေးပွဲ ပြီးမှ အိပ်မယ်လို့ အားခဲ ထားပေမယ့် စာမေးပွဲ ပြီးတော့ အိပ်လို့ မရတော့ဘူး။ ပျော်ကြ၊ ရွှင်ကြ၊ ဆူကြ၊ ညံကြ နဲ့ကိုး။ အခုလို တက္ကသိုလ် ကျောင်းသား ဘဝကို ပြန်တွေးတော့ ကျောင်းသား ဖြစ်ချင်တယ်။ ဒါပေမဲ့ စာမေးပွဲတော့ မဖြေချင်ဘူး။ စာမေးပွဲ မဖြေဘဲ အောင်တဲ့ ကျောင်းသားပေါ့။”
ဆရာ ဇော်ဂျီနှင့် ကျောင်းဆရာ ဘဝ
“ဘီ အေ အောင်တော့ ဆရာ့ ရည်ရွယ်ချက်က ကျောင်းဆရာ ဖြစ်ဖို့ ပါပဲ။ ဒါကြောင့် ဘီ-အေ ဂုဏ်ထူးတန်းကို မတက်ဘူး။ ကိုယ်နေ ခဲ့တဲ့ မြို့မ ကျောင်းမှာ ကျောင်းဆရာ ဝင်လုပ်တယ်။ မြို့မကျောင်း ကျောင်းဆရာ ဘဝနဲ့ ‘စိန္ဒကျော်သူနဲ့ ဝန်ကြီး ပဒေသ ရာဇာ’ အကြောင်းကို အင်္ဂလိပ်လို စာတမ်း ရေးပြီး ဝိုင်-အမ်-စီ-အေ (Y.M.C.A) မှာ ဖတ်တယ်။ ဒီတုန်းက ထုတ်တဲ့ Evening Paper သတင်းစာမှာ စာတမ်းကို ထည့်ပြီး ဖော်ပြ ခံခဲ့ရတယ်။
စာတမ်း ဖော်ပြ ခံရပြီး တပတ်ကျော် ကျော်ကြာတော့ တက္ကသိုလ်က အင်္ဂလိပ်စာ ပါမောက္ခသစ် ဆရာကြီး ရုဒ် (W.W.Rhodes) က ဆရာ့ စာတမ်းကို သဘော ကျကြောင်း၊ ပုဂံ လမ်းက သူ့ နေအိမ်ကို စနေ နေ့မှာ လ္ဘက်ရည် သောက်လာ ပါလို့ စာရေးပြီး မှာတယ်။ ဆရာလည်း စနေ နေ့မှာ အရောက် သွားတယ်။ဆရာ့ကို ရုဒ်က လက်ဖက်ရည် တိုက်ပြီး၊ စာတမ်းနဲ့ ပတ်သက်ပြီး မေးတယ်။ ဆရာက မတတ်ဘဲနဲ့ ဖြီးဖြန်း ရေးတယ်လို့ ထင်ဟန် တူပါရဲ့။
ကဗျာ ဆရာ ရှယ်လေး၊ ကိ၊ ဘိုင်ရွန်တို့ အကြောင်း မေးတယ်။ ဆရာ နှစ်သက် ခဲ့တဲ့ ၊ဆရာ လေးစား ခဲ့တဲ့ ကဗျာ ဆရာ တွေပဲ မို့လား။ ကောင်းကောင်း ပြန်ပြော ပြလိုက်တယ်။ စကား ပြောလို့ ကျေနပ် တော့မှ ဆရာက ပြန်မယ် နှုတ်ဆက်တော့ ရုဒ်က ‘အင်္ဂလိပ်စာ ဌာနမှာ ကျူတာ ပေးမယ်။ M.A တက်ပါလို့’ တိုက်တွန်းတယ်။ ဆရာ့ ဆန္ဒ ကတော့ မတက် ချင်ဘူး။ ဒါနဲ့ ကျွန်တော် ဆရာကြီးကို တိုင်ပင် ပါဦးမယ်။ ဆရာကြီးက ခွင့်ပြုရင် လုပ်မယ်လို့ ပြောပြီး ပြန်ခဲ့ ရတယ်။
တနင်္လာနေ့ ရောက်တော့ မြို့မကျောင်း ကျောင်းအုပ် ဆရာကြီးကို အကျိုး အကြောင်း ပြောပြတယ်။ ဆရာကြီးက M.A တက်ဖို့ အားပေးတယ်။ အကူအညီ လိုရင်လည်း ပေးမယ်လို့ အားပေးရင်း ကျောင်း တက်ဖို့ တိုက်တွန်းတယ်။ ဟိုခေတ် တုန်းက ဘီအေ အောင်အောင်ချင်း ဆက်တက် ခဲ့တဲ့ မဟာ ဝိဇ္ဇာတန်း ဆိုတာ မရှိ သေးဘူး။ အမြဲတမ်း ပရော်ဖက်ဆာ နှစ်ယောက်က ကျေနပ် မှသာ M.A တက်ခွင် ့ရှိတယ်။
ဆရာက ရုဒ်ဆီ ပြန်ပြီး အကြောင်း ကြားတယ်။ ဆရာကြီး ရုဒ်က ဆရာကြီး ဦးဖေမောင်တင်ကို အကျိုး အကြောင်း ပြောပြတယ်။ ဆရာကြီး ဦးဖေမောင်တင် ကလဲ ဆရာ့ကို M.A ဆက်တက် စေချင် နေတာ။ ဒီဆရာကြီး နှစ်ယောက် ထောက်ခံ မှုနှင့် တက္ကသိုလ် ပြန်ဖွင့်တော့ မြန်မာ စာဌာနမှာ ဆရာ ဝင်လုပ်ရင်း မဟာ ဝိဇ္ဇာတန် းဆက်တက် ရတယ်။ ခေါ်တုန်း ကတော့ ရုဒ်ပဲ။ သူတို့ နှစ်ယောက် ဆရာ့ကို အပြိုင် ခေါ်ကြတာ။ နောက်ဆုံးတော့ ဆရာ ဦးဖေမောင်တင်ပဲ နိုင်သွား ပါတယ်။ ရုဒ် ကပဲ ဆရာ့ မြန်မာစာကို သဘော ကျကြောင်း Modern Style နဲ့ ရေးဖို့ အားပေးတယ်။ မဟာ ဝိဇ္ဇာ တက်တော့ ၁၉၃၅ -၃၆ ခုနှစ် မှာပေါ့။
မဟာ ဝိဇ္ဇာ အောင်ပြီးတော့ ဆရာကြီး ဦးဖေမောင်တင်က မန္တလေး ဥပစာ ကောလိပ်ကို ပြောင်းပြီး ဆရာ လုပ်ခိုင်းတယ်။ ၂ နှစ် ကျော်ကျော် လုပ်ရတယ်။ ၁၉၃၇ ခု ကနေ ၁၉၃၈ ခုနှစ် အထိပဲ။ ‘မန္တလေးမှာ ရှိစဉ်က ရုဒ် ဆီကနေ ဆရာ့ ဆီကို စာ လာတယ်။ စကောလားရှစ်နဲ့ ပိဋကတ်တိုက် ပညာ ဒီပလိုမာ ဘွဲ့ကို ဘိလပ်မှာ သွားတက်ဖို့ စာမေးပွဲ ဖြေရမယ် ဆိုတဲ့ စာပဲ။ ဆရာ့မှာ အခက်အခဲ မရှိ လှပါဘူး။ အင်္ဂလိပ် စာရယ်၊ မြန်မာ စာရယ်၊ အထွေထွေ ရယ်လို့ ဖြေပြီး အင်တာဗျူး ထိုင်ရတယ်။ အင်္ဂလိပ်စာကို ရုဒ်က စစ်တယ်။ မြန်မာစာကို ဆရာကြီး ဦးဖေမောင်တင်က စစ်တယ်။ တပည့် အကြောင်း သိပြီး သားမို့ တယ်အခက် မတွေ့ လို်က်ရဘူး။”
ဆရာ ဇော်ဂျီနှင့် ရွှေပြည်စိုး
“၁၉၃၈ မှာ ပိဋကတ် ဒီပလိုမာ အတွက် နိုင်ငံခြား ပညာသင် သွားရမယ် ဆိုတော့ အမေက ‘ရွှေပြည်စိုး’ ဝတ္ထု စာအုပ်ကို ထည့်ပေးတယ်။ ‘အမေရာ ကွ္ဆန်တော် ဖတ်ပြီး သားပါဗျာ’ ဆိုတော့ ‘ဖတ်ပြီး သားလည်း ဖတ်ရမယ်၊ အဲဒီ စာအုပ် ထဲက ဘိလပ်ပြန် မောင်သန်းဖေ အကြောင်း နာနာဖတ်’ လို့ ဘိလပ် သွားမယ့် သားကို မှာတယ်။ ရွှေပြည်စိုးကို ဆရာ ခုထိ နှစ်ခြိုက် ပါတယ်။ စာအုပ် စင်မှာ အမြဲ ထားတယ်။ ဆောင်းပါးမှာ ရေးခဲ့ သလို ပျောက်ရင်လည်း အစား ဝယ်ထည့် ထားတာပဲ။လန်ဒန်မှာ ပထမနှစ် သင်ရတယ်။ ဒီအချိန်မှာ စစ်ဖြစ် နေပြီ။ နောက်ဆုံးနှစ် ကိုတော့ အိုင်ယာလန်က ဒဗ်ဖလင် တက္ကသိုလ်မှာ တက်ခဲ့တယ်။”
ဆရာ ဇော်ဂျီနှင့် လက်ရွေးစင် ကဗျာ စကားပြေ
အလယ်တန်း မြန်မာ ကဗျာ လက်ရွေးစင် ပြဌာန်းချက် စာအုပ်တွင် ဆရာ ဇော်ဂျီ၏ ‘တို့တိုင်းပြည်’ ၊ ‘လှိုင်းကလေး သင်’ ၊’အင်းလေး လူရည်ခွ္ဆန် စခန်းမှာ’ ကဗျာများ ပါဝင်သည်။ အထက်တန်း ပင်ရင်း ကဗျာ လက်ရွေးစင် ပြဌာန်းချက် စာအုပ်တွင် ဆရာ ဇော်ဂျီ၏ ‘ရှေးခေတ် ပုဂံပြည်’၊ ‘၁၉၄၈ ခုနှစ် လွတ်လပ်ရေး အတွေး’၊ ‘ကမ္ဗောဇသို့’၊ ‘ပဲ့နင်း’၊ ‘တခုသော သင်္ကြန်ခါ’၊ ‘အို တက်လူတို့’၊ ‘ပိတောက်ပန်း’၊ ‘ဗေဒါလမ်း’ ၊ ‘မြက်ရိတ် သမား’၊ ‘တပေါင်းမိုး’၊ အလယ်တန်း စကားပြေ လက်ရွေးစင် ပြဌာန်းချက် စာအုပ်တွင် ဆရာ ဇော်ဂျီ၏ ‘မွန်ဝန်ကြီးနှင့် မြန်မာ စကားပြေ’၊ ‘ကဗျာဝိုင်း စာဝိုင်းနှင့် ကွ္ဆန်တော်’၊ ‘နွေဦး ကျက်သရေ’ စသော စကားပြေများ ပါဝင် ပါသည်။
ပင်ရင်း စကားပြေ လက်ရွေးစင် ပြဌာန်းချက် စာအုပ်တွင် ဆရာ ဇော်ဂျီ၏ ‘ကေတု မတီ’၊ ‘ပုဂံစျေး’ စကားပြေ နှစ်ပုဒ် ပါဝင် ပါသည်။ စိတ်ကြိုက် စကားပြေ လက်ရွေးစင် ပြဌာန်း ချက်တွင် ဆရာ ဇော်ဂျီ၏ ‘ဇာတိမာန် စာဆို ဦးလွန်း’ စကားပြေ ပါဝင် ပါသည်။ပြဌာန်းချက်ပါ ကဗျာ စကားပြေများ အကြောင်း၊ အချက်အလက် ရည်ရွယ်ချက် များနှင့် ပတ်သက်၍ ဆရာ ဇော်ဂျီက တပုဒ်ချင်း ရှင်းလင်း ပြောကြား ခဲ့ပါသည်။ ဆရာ ဇော်ဂျီ၏ ပြောကြားချက် များကို တပုဒ်ချင်း တင်ပြ လိုက်ပါသည်။
ဆရာ ဇော်ဂျီနှင့် အလယ်တန်း ကဗျာများ ဝေဖန်ချက်
တို့တိုင်းပြည်
“ဒီကဗျာ ကလည်း ‘အိုတက်လူတို့’ ကဗျာလိုု ပါပဲ။ ၁၉၃၅ သြဂုတ် လထုတ် ကြီးပွားရေး မဂ္ဂဇင်း၊ တွဲ (၃) အမှတ် (၁ဝ) မှာ ဖော်ပြ ထားတယ်။ မြန်မာ တွေကို နိုးကြား စေချင်လို့၊ ထကြွ စေချင်လို့ တပ်လှန့် ထားတဲ့ ကဗျာပါ။”
လှိုင်းကလေး သင်
“ဒီကဗျာက ကူညီ တတ်တဲ့ သဘော ကူညီ တတ်တဲ့ စိတ်ဓာတ်ကို ချီးကျူး ထားတယ်။ ခေတ် စကားနဲ့ ကြီးကြီး ကျယ်ကျယ် ပြောရရင် ပရဟိတ စိတ်ကို ချီးကျူး တာပေါ့ကွာ။ ဘယ်က လာလို့ ဘယ်နေရာ သွားမယ်မှန်း မသိရတဲ့ လှိုင်း ကလေးက ပန်းခဲ့တဲ့ စင်ရော် ငှက်လေးကို ကမ်း အရောက် သယ်ပိုး ပေးခဲ့ တာကို ချီးကျူး ဝမ်းမြောက် မိတယ်လို့ ရေးထားတယ်။ ဒီ ကဗျာကို ၁၉၃ဝ၊ ဒီဇင်ဘာ လထုတ် တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်းမှာ ရေးခဲ့တယ်။”
အင်းလေး လူရည်ချွန် စခန်းမှာ
“လူရည်ချွန်တွေ စပြီး ရွေးတဲ့ နှစ်ကပေါ့။အင်းလေးရဲ့ သဘာဝ အလှ၊ လူရည်ချွန် တွေရဲ့ စိတ်ဓာတ်၊ လူရည်ချွန် တွေရဲ့ လှုပ်ရှား ပုံလေး တွေကို မြင်တဲ့ အတိုင်း ရေးဖွဲ့ ထားတာ။ ဒီ ကဗျာထဲက ရေခြံဝင်း ဆိုတာ၊ ကျွန်းမျော တွေကို ဆိုချင်တာ။ အင်းသား တွေက ဒီကျွန်းမျော ပေါ်မှာ ခြံစိုက် ကြတာကိုး။ ကြာဖက်နင်း ဆိုတာ ငှက် အမည်ပဲ။ လက်သီးဆုပ် တဆုပ် စာလောက် ရှိတယ်။ ခြေတံ ရှည်ရှည်နဲ့ ခြေထောက် အစိမ်းရောင်၊ နှုတ်သီးက နီနီလေး၊ ကြာဖက်ပေါ် လျှောက်သွားလို့ ရအောင် ပေါ့ပေါ့ ပါးပါးလေး။ ဒါကြောင့် ကြာဖက်နင်း ငှက်လို့ ခေါ်တာ။”
ရှေးခေတ် ပုဂံပြည်
“ဒီကဗျာကို ရေးဖွဲ့ ဖြစ်တဲ့ အကြောင်းရင်း ခံကို ပြောပြ ရဦးမယ်။ ၁၉၂၄ ခုနှစ်မှာ အမျိုးသား သပိတ်တွေ မှောက်တယ်။ ကျောင်းသူ ကျောင်းသား တိုင်းရဲ့ ပါးစပ် ဖျားမှာ ဝံသာနု စိတ် ရှိရမယ်။ မျိုးချစ်စိတ် ရှိရမယ် ဆိုတာ ခေတ်စား နေတယ်ပေါ့။ ဆရာ ကိုယ်တိုင်လည်း ဝံသာနု စိတ်အကြောင်း ၊ တိုုင်းချစ် ပြည်ချစ် စိတ်ရှိရမယ့် အကြောင်း ပြောနေ တာပဲ။ ဒီတော့ ဆရာ့ အမေက ‘တိုင်းချစ် ပြည်ချစ်စိတ်’ ရှိရမယ် ဆိုတာက ဟုတ်ပါပြီ။ ပုဂံကို ရောက်ဖူး ရဲ့လား၊ ပုဂံကို ရောက်ဖူးမှ တိုင်းပြည် ချစ်ရမယ် ဆိုတာ ပိုပြီး သိလာမယ်။ နားလည် လာမယ်’ လို့ ပြောဖူးတယ်။ ဒီ အသိလေးက ဆရာ့ ရင်ထဲမှာ စွဲနေတယ်။
တက္ကသိုလ် ရောက်လို့ ကျောက်စာ ကူးဖို့ လေ့လာဖို့ ပုဂံကို ခဏခဏ ရောက်လာ ရတယ်။ ပုဂံကို ရောက်တော့ အမေ့ စကားကို အမှတ် ရတယ်။ ဒီကဗျာကို ရေးဖွဲ့ ဖြစ်ပုံက ဒီလို —
ရန်ကုန် မြို့မ ကျောင်းမှာ ဆရာ ဘဝနဲ့ (၂) နှစ်၊ (၃) နှစ် လုပ်တယ်။ နောက် မန္ဈလေး ကောလိပ်မှာ ဆရာ အဖြစ်နဲ့ နေရတယ်။ မြို့မ ကျောင်း မှာက ရန်ပုံငွေ ရှာတဲ့ ကပွဲ ခုန်ပွဲက အမြဲ လုပ်နေ ကျကိုး။ မြို့မ ကျောင်း ကျောင်းအုပ် ဆရာကြီးက ဆရာ့ ဆီကို လှမ်း စာရေးတယ်။ ရန်ပုံငွေ ရှာပွဲ အတွက် တခုခု လုပ်ပေး ဖို့ပေါ့။ ဒါနဲ့ ဒီ ရှေးခေတ် ပုဂံပြည် ကဗျာကို ရေးပေးတယ်။ ရန်ပုံငွေပွဲမှာ ရွတ်ဖို့ပေါ့။
ဆရာ ကိုယ်တိုင် သွားနိုင်ဖို့ ကြိုးစား ပေမယ့် အထ မမြောက်ဘူး။ ဒါနဲ့ မန္ဈလေးသား ဆရာ့ တပည့် မောင်စံရင်က ရန်ကုန် ယူနီဗာစီတီမှာ ပထမနှစ် ဂုဏ်ထူးတန်း တက်နေ တာကိုး။ သူက အသံ လည်းကောင်း၊ အဆို အရွတ် လည်းကောင်းတော့ သူ့ဆီလည်း ဆရာ့ ကဗျာကို ရွတ်ပေးဖို့ စာရေး၊ မြို့မကျောင်း ကျောင်းအုပ်ကြီး ဆီလည်း မောင်စံရင်ကို ခေါ်ပြီး ကဗျာ ရွတ်ခိုင်းဖို့ စာရေး ရတယ်။ မောင်စံရင်ပဲ ဆရာ့ ကဗျာကို ရွတ်ဖတ် ပြဖြစ်ပါတယ်။ (၁၉၃၆) ခု၊ မေလထုတ် ဂန္ထလောက အတွဲ (၂၂)၊ အမှတ် (၁၃၆) မှာ ပုံနှိပ် ဖော်ပြ ထားပါတယ်။”
၁၉၄၈ ခုနှစ် လွတ်လပ်ရေး အတွေး
“ဒီကဗျာက ကဗျာ လက်ရွေးစင်မှာ ပေးထားတဲ့ ကဗျာနာ မည်၊ ကဗျာ ပေါင်းချုပ်သစ် ထဲမှာတော့ ‘၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး နေ့တွင်’ တဲ့။ ဆရာ စရေး တုန်းက ‘၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး နေ့တွင် အတွေး’ လို့ ရေးတယ်။ ဟံသာဝတီ အထူး စာစောင် ထဲမှာ စပြီး ဖော်ပြ ခဲ့တာ။ လွတ်လပ်ရေး မပေးမီ ၁၉၄၈ ဇန်နဝါရီ (၃) ရက် ညက ဆရာတို့ ဝန်ကြီးများ ရုံးမှာ အလုပ် ရှုပ်နေတယ်။ လွတ်လပ်ရေး ကြေညာဖို့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပဲပေါ့။
ဒီအချိ်န်မှာ ဟံသာဝတီ သတင်းစာက ဇန်နဝါရီလ (၄) ရက်၊ လွတ်လပ်ရေး နေ့မှာ သတင်းစာ စထုတ် တာကိုး။ ဆရာ့ကို လွတ်လပ်ရေး နေ့နဲ့ ပတ်သက်ပြီး တခုခု ရေးပေးပါ ဆိုလို့ အဲဒီ ‘၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး နေ့တွင် အတွေး’ ဆိုတဲ့ ကဗျာကို ရေးပေး လိုက်တာ။ ဇန်နဝါရီ (၃) ရက်နေ့ ည (၁၂) နာရီ ခွဲလောက် ရေးတာ ဆိုတော့ (၄) ရက်နေ့ထဲ ရောက်နေ ပြီပေါ။ ကဗျာ အဓိပ္ပာယ်က ရှင်းပါတယ်။ လွတ်လပ်ရေး ရခဲ့ ပေမယ့် အတိတ်က နိုင်ငံရဲ့ အရေးကို တွေးပြီး ရှေ့ဆက် လုပ်ရမယ့် တာဝန် တွေကို တွေးမိတယ်။ ဒါနဲ့ ဒီကဗျာကို ရေးလိုက်တယ်။”
ကမ္ဗောဇသို့
“၁၉၃၇ ခုနှစ်၊ မန္ဈလေး ဥပစာ ကောလိပ်မှာ ဆရာ လုပ်နေတုန်း။ တပေါင်းလ ကျောင်းပိတ်တော့ ဘော်ကြို ဘုရားပွဲ သွားကြတော့ ဒီကဗျာ ရေးဖြစ်တယ်။”
ပဲ့နင်း
“ပဲ့နင်းနဲ့ ပတ်သက်ပြီး အမျိုးမျိုး ယူဆ ကြတာ။ သင်ပြ ကြတာ သိရတယ်။ ဆရာ ဒီကဗျာ မစပ်ခင်က မန္တလေး ဂေါဝိန် ဆိပ်ကမ်းကို ရောက်ခဲ့တယ်။ ဂေါဝိန် ဆိပ်ကမ်း ဘက်ကနေ ကြည့်နေတုန်း ဧရာဝတီ မြစ်ထဲမှာ လှေကလေး တစင်း လှိုင်း လေကြောင့် ဟိုလှည့် သည်လှည့် ဖြစ်နေ တာကို မြင်ရတယ်။ အမှန်က လှိုင်းလေ ကြောင့်ပါ။ စစ်ကိုင်း ဘက်မှာ နံကိုင်း၊ ဒီဘက် မှာက ရွှေကြက်ယက် ရွှေကြက်ကျ ရှိနေ တာကို ဆရာက သိနေတော့ လှေကလေးရဲ့ လှုပ်ရှားမှုကို ကြည့်ရင်း လှည့်စား တတ်တဲ့ လူတွေရဲ့ သဘောကို တွေးမိ လာတယ်။ ဒါနဲ့ ‘ပဲ့နင်း’ ကို ရေးဖြစ်တယ်။ ပဲ့နင်းကို ၁၉၃၆၊ ဒီဇင်ဘာလ ဂန္ထလောက၊ တွဲ (၂၂)၊ မှတ် (၁၄၃) မှာ ရေးခဲ့တယ်။”
တခုသော သင်္ကြန်ခါ
“၁၉၃၃၊ မတ်လထုတ် ဂန္ထလောက အတွဲ (၁၇) မှာ ဖော်ပြ ခဲ့တယ်။ နွားလွှတ်ပွဲကို မြင်တော့ မြန်မာ့ စရိုက်၊ မြန်မာ့ ဓလေ့ ကိုလည်း မြင်တယ်။ နွားကြီးရဲ့ လွတ်လပ်မှု ကိုလည်း အားကျတယ်။ ဒီတုန်းက လွတ်လပ်ရေး မရ သေးတော့ လွတ်လပ် သွားတဲ့ ဘဝကို အားကျ မိတာပေါ့။ ဒါနဲ့ ဒီကဗျာကို ရေးလိုက် တာပါပဲ။”
အို တက်လူတို့
“၁၉၃၅၊ ဒီဇင်ဘာလ အိုးဝေ မဂ္ဂဇင်းမှာ ဖော်ပြ ခဲ့တဲ့ ကဗျာ ပါပဲ။ ရှင်းပါတယ်။ လူငယ် လေးတွေကို အားမာန်တွေ ဝင်စေ ချင်တယ်။ အနာဂတ်ရဲ့ ခေါင်းဆောင်ကြီးတွေ ရယ်လို့ သိစေ ချင်တယ်။ လူငယ်တွေ အတွက် ရေးတဲ့ ကဗျာပါ။ ‘ဘော’ ဆိုတာ ပါဠိစကား ‘အို — အချင်းတို့’ လို့ အဓိပ္ပာယ် ရတယ်။ ဒီ ‘တက်လူ တေးသံ’၊ ‘အို တက်လူတို့’၊ ‘သင် သေသွားသော်’၊ ‘ယခုအခါ’ ဆိုတဲ့ ကဗျာ လေးပုဒ်ကို ၁၉၃၅၊ ဒီဇင်ဘာ လထုတ် အိုးဝေ မဂ္ဂဇင်းမှာ စုပြီး ဖော်ပြ ခဲ့တယ်။
‘တက် လူတေးသံ’ က လူငယ်တွေ တက်တက်ကြွကြွ ရှိဖို့၊ ‘ယခုအခါ’နဲ့ ‘သင် သေသွားသော်’ တို့ ကတော့ ဆရာ့ရဲ့ အမျိုးသား စိတ်ဓာတ် ဝံသာနု စိတ်ဓာတ်ကို ဖော်ထုတ် ရေးထားတယ်။ ရှေးခေတ်က အကြောင်း တွေကို ကြွားနေ စရာ မလိုဘူး။ ယခု လက်ရှိ အခြေ အနေက အလုပ်လုပ်ဖို့၊ ကြိုးစားဖို့၊ ရွှေထီး ဆောင်းခဲ့တာ လွမ်းနေရင် စားစရာ မဲ့လိမ့်မယ် ဆိုတဲ့ သဘောမျိုး ရေးထားတယ်။ ‘အို တက်လူတို့’ မှာလည်း ဆွေးနေ စရာ၊ တမ်းတ နေစရာ မလိုဘူး။ အဟောင်း ပျက်သွားရင် အသစ် ပြင်ရမယ် ဆိုပြီး၊ အပြု သဘောနဲ့ တည်ဆောက်ရေး ဘက်ကို ဦးတည်ပြီး ရေးခဲ့တယ်။”
ပိတောက်ပန်း
“‘ပိတောက်ပန်း’ ကဗျာ ရေးဖြစ်တာ ကတော့ ပထမနှစ် ဘီအေတန်း ကျောင်းပိတ်တော့ အိမ်ပြန် လာရတယ်။ အိမ်ခေါင်း ရင်းမှာ ပိတောက် ပင်ကြီး ရှိတယ်။ ဆရာ ကတော့ အမှတ် တမဲ့ပဲ။ မနက် အစောကြီး အိမ် ခေါင်းရင်းမှာ ဆူဆူညံညံ အသံတွေ ကြားရတယ်။ သင်္ကြန် ရက်မို့ ပွင့်နေတဲ့ ပိတောက်ပန်း တွေကို ခူးကြ၊ ချိုးကြနဲ့ကိုး။ အသံတွေ တိတ်သွားလို့ ပိတောက် ပင်ကြီးကို ကြည့်လိုက်တော့ ကိုင်းတွေက ကျိုး၊ အရွက်တွေ ကြွေနဲ့ အရုပ် ဆိုးပြီး ကျန်ခဲ့ တာကို တွေ့ရတယ်။
ဒီကနေ အတွေးတွေ ရလာတယ်။ တနှစ်မှာ တခါ ပွင့်တဲ့ ပိတောက်ကို မခူး စေချင်ဘူး။ သူလည်း သူ့ အပင်မှာ အလှဂုဏ် ဝင့်ချင် မှာပဲလို့ တွေးမိပြီး ဒီကဗျာကို ရေးခဲ့တယ်။ ပန်းတွေကို အကြောင်း ပြုပြီး ပြောခဲ့ ပေမယ့် အနှိပ်စက်ခံ၊ အညှင်းပန်း ခံရ သူတွေ ဘက်ကို လိုက်ပြီး ရေးတာပဲ။ ကျောင်းဖွင့်တော့ (၁၉၂၈) မတ်လ တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်းမှာ ‘ပိတောက်ပန်း’ ကဗျာကို ပုံနှိပ် ဖော်ပြ ခဲ့တယ်။
ဆရာ စပြီး ရေးခဲ့တဲ့ ကဗျာ တွေက ရှေးရေး ကဗျာ တွေပဲ။ လေးဆစ် ဆိုလည်း လေးဆစ် ပုံစံ အတိုင်း။ သဖြန် ဆိုလည်း သဖြန် ဖွဲ့နည်း အတိုင်း ရေးလိုက်ရင် ပြီးသွား တာပဲ။ ခံစား စရာ မလိုဘူး။ တွေးစရာ မလိုဘူး။ ကြာတော့ စိတ်ထဲမှာ မရှိဘဲ ရေးရတဲ့ ရေးနည်း ကားတွေကို ငြီးငွေ့ လာတယ်။ အင်္ဂလိပ် ကဗျာတွေ ဖတ်၊ ရှေးရေး နည်းတွေ အတိုင်း မရေး ချင်တော့ဘူး။ ဒီလိုနဲ့ ‘ပိတောက်ပန်း’ သံချိုကဗျာကို ရေးဖြစ်တယ်။ ရေးဖြစ်အောင် အိုင်းချင်း ပေးတဲ့ အဖြစ် ကလေး ကိုလည်း ပြောပြ ပြီးပြီ မို့လား။”
ဗေဒါလမ်း
“ပြဌာန်း စာအုပ်မှာ ‘ဗေဒါလမ်း’ လို့ ခေါင်းစဉ် တပ်တယ်။ ကဗျာ ပေါင်းချုပ် ထဲမှာတော့ ‘သူ့ လမ်းစဉ်’ လို့ နာမည် ပေးထားတယ်။ ဒီကဗျာ တွေကို စရေး တုန်းက ဗေဒါလမ်း (၁) (၂) (၃) ဆိုပြီး ခေါင်းစဉ် တပ်တယ်။ တပုဒ်နဲ့ တပုဒ် ကွဲပြား စေချင်လို့ ။ ကဗျာ ပေါင်းချုပ်သစ် စာအုပ်မှာ စပြီး နာမည်တွေ ပေးလိုက်တယ်။ သိပြီး ကြတဲ့ အတိုင်း ဖျာပုံကို သဘောင်္နဲ့ အပြန် တွေ့ရတဲ့ ချောင်းထဲ မြောင်းထဲ ကနေ မြစ်ထဲကို စုန်လာ ဆန်လာတဲ့ ဗေဒါ တွေရဲ့ သတ္တိကို သတိ မူမိပြီး လူ့ ဘဝနဲ့ ယှည်တဲ့ အတွေးနဲ့ ဗေဒါလမ်း ကဗျာစုကို ရေးဖွဲ့ ဖြစ်တာပဲ။ (၁၉၅၉-၆ဝ) တက္ကသိုလ် နှစ်လည် မဂ္ဂဇင်းမှာ စပြီး ဖော်ပြ ထားတယ်။”
မြက်ရိတ် သမား
“၁၉၃၅၊ ဂန္ထလောက မဂ္ဂဇင်းမှာ ပါတာ ဆိုတော့ မဟာ ဝိဇ္ဇာ တက်တုန်း ကလို့ ထင်ပါရဲ့။ အောက်တိုဘာလ အားရက်မှာ အိမ် မပြန် ကြဘူး။ မဟာ ဝိဇ္ဇာ သမားတွေ စုပြီး စာကျက်ကြ၊ ရုပ်ရှင် ကြည့်ကြ တာပေါ့။ တကောင်းဆောင် အရှေ့ဘက် အောက်ထပ် အစွန်ဆုံး အခန်း အနောက်ဘက် ခြမ်းမှာ နေတုန်း တနေ့ မနက် မြက်ရိတ် သမား ကုလားကြီးကို တွေ့ရတယ်။ ကဗျာ့ အဓိပ္ပာယ် ကတော့ လူသာလျှင် ပဓာနပေါ့။ မြေပြင်က လှတယ်။ ကောင်းကင် ကလည်း လှပါတယ်။ ချိုးသံ ကလေးတွေ ကလည်း သာယာ ပါတယ်။ ဒါပေမယ့် လူသားက ပိုလှ တယ်လို့ ရှင်းရှင်းလေး ရေးဖွဲ့ ထားတာပါ။”
တပေါင်းမိုး
“ဒီကဗျာက (၁၉၃၆)ခုနှစ်၊ မဟာ ဝိဇ္ဇာတန်း ဆက်တက်တဲ့ အချိန်က ရေးခဲ့တာ။ အဲဒီတုန်းက ဆရာတို့ တကောင်းဆောင်မှာ နေရတယ်။ တကောင်းနဲ့ ပြည်ဆောင် ကြားမှာ ဥယျာဉ်လေး ရှိတယ်။ အချိန်က တပေါင်းလ ဆိုတော့ ငုဝါ တွေက တပင်လုံး ထိန်နေအောင် ပွင့်လို့ တပေါင်းလ ရွာတဲ့ မိုး ဆိုတာ ကလည်း မရွာချင့် ရွာချင် ခပ်ဖွဲဖွဲလေး၊ မိုးစက်ကြောင့် ငုလေးတွေကြွေတယ်။ မြေပြင် မြက်ခင်းပြင်မှာ ထိန်ထိန်ဝါလို့ပေါ့။ ဒီအလှအပလေးတွေ မြင်တော့ ကဗျာမှာပါတဲ့အတိုင်း ဘယ်ဆီလွမ်းရမှန်းမသိအောင် ခံစားရတယ်။ ထူးခြားတဲ့ အလှအပလေးကို ရေးဖွဲ့ထားတာပါ။”
မွန် ဝန်ကြီးနှင့် မြန်မာ စကားပြေ
“အဲဒါက ဆောင်းပါးပါ။ စာပေ ဆောင်းပါးပါ။ (၁၉၃၇) ခုနှစ် လောက်က ဟံသာဝတီ သတင်းစာမှာ ကိုဝန် (မင်းသုဝဏ်)နဲ့ တလှည့်စီ ရေးခဲ့တဲ့ ဆောင်းပါး တွေပေါ့။ စာပေ လောက ဆိုတဲ့ စာအုပ် ထဲမှာ ထပ်ပြီး ရိုက်နှိပ် သေးတယ် မဟုတ်လား။ မွန် ဝန်ကြီး ဒညား ဗလနဲ့ သူရေးတဲ့ စကားပြေ ဟန်ကို သိစေ ချင်လို့ သုံးသပ် ပြထား တာပါ။ ”
ကဗျာဝိုင်း စာဝိုင်းနှင့် ကျွန်တော်
“(၁၉၄၈-၄၉) လောက်က ရေးတယ်လို့ ထင်တယ်။ ဘယ် မဂ္ဂဇင်းမှာ ဦးဆုံး ဖော်ပြ ခဲ့လဲ ဆိုတာတော့ မေ့နေတယ်။ ‘ကံ့ကော်မြိုင် စာတမ်း’ ထဲမှာ ထပ် ဖော်ပြ ထားသေးတယ်။ ကဗျားဝို်င်း စာဝိုင်း ထဲမှာ ဝါသနာ တူသူတွေ စုပြီး ကဗျာ အကြောင်း စာ အကြောင်းကို ပြောတယ်။ တယောက် မှားရင် တယောက် ကပြင်၊ တယောက်နဲ့ တယောက် အယူအဆ မတူရင် ငြင်း၊ ဒါ ကဗျာဝိုင်းရဲ့ သရုပ် ပဲပေါ့။ ပြဌာန်း စာအုပ် ထဲမှာ အဆုံးထိ မပါဘူး။ ဆရာက နောက်ဆုံး အဆုံးသတ်မှာ လောကမှာ အရူး အမျိုးမျိုး ရှိတယ်။ ငွေရူး၊ စာရူး စသဖြင့် ပေါ့လေ။
ဒီထဲမှာ စာရူး ရူးနေ ရတာ အကောင်းဆုံးပဲ။ စာရူးပဲ လုပ်ချင် တယ်လို့ ရေးထားတယ်။ ဒီအကြောင်း အထိ ပါမှ ဆောင်းပါးက ပိုပြီး ပြည့်စုံ တာပေါ့။ ပြဌာန်း ချက်ထဲ ထည့်တော့ ဘာလို့ ချန်ထား ခဲ့လဲ မသိဘူး။ ‘ကဗျာဝိုင်း စာဝိုင်း’ ဆောင်းပါး တခု လုံးမှာ ပြောချင် တာက လူတွေဟာ အပေး အယူနဲ့ စကားပြော ကြတယ်။ သူတမျိုး ငါတမျိုး ပြောတတ် ကြတယ်။ ဘာပဲ ဖြစ်ဖြစ် စာနဲ့ ပေနဲ့ စကား ပြောရတာ အပြစ် ကင်းတယ်။ ဆရာ လိုချင်တဲ့ ရည်ရွယ်ချက်ကို ဒီအချက် နှစ်ချက်နဲ့ တွန်းအား ပေးထားတယ်။ အိုင်ချင်း ဖွဲ့ထားတယ်။”
နွေဦး ကျက်သရေ
“‘နွေဦး ကျက်သရေ’ ကို (၁၉၅ဝ) ပြည့်နှစ် ရှုမဝ မဂ္ဂဇင်း အတွဲ (၃) အမှတ် (၃၅) ဧပြီလမှာ ဖော်ပြ ခဲ့တယ်။ ဆရာတို့ ကျောင်းသား ဘဝနဲ့ ပြည်မြို့ကို ခရီး ထွက်တုန်းက ရေ ကုသိုလ်သည် ကလေး များနဲ့ တွေ့ရတော့ ဒီအတွေးကို ရတယ်။ မြန်မာ တို့ရဲ့ စရိုက်၊ မြန်မာ တို့ရဲ့ ယဉ်ကျေးမှုကို ဖော်ထုတ် ရေးထား တာပါ။ ရေ ကုသိုလ်သည် ကလေး တွေနဲ့ တူတဲ့ ရေချမ်းစင်၊ နွားလွှတ် ပွဲတွေ ကလည်း ဒီသဘောပဲ။
တွေ့တယ် မို့လား ဆရာ ရေးတဲ့ ‘တခုသော သင်္ကြန်ခါ’ မှာ နွားကြီးကို အမွှေး နံ့သာ နဲ့ပက်၊ သပြေပန်း၊ ပိတောက် ပန်းတွေ ချိုမှာ ချည်၊ ကော်ဇောကြီး လွှမ်းပေးပြီး နွားကို ဘေးမဲ့ လွှတ်တော့ ဒီနွားကြီး သိပ်ပျော် မှာပဲလို့ နွားကြီး စိတ်ထဲ အခဲသား ဝင်ချင်စိတ် ပေါ်လာတယ်။ အဲဒီ တုန်းက မလွတ်လပ် သေးတော့ နွားကြီး လွတ်လပ် တာကို အားကျ မိတယ်။ ဒါတွေဟာ လူ့ ယဉ်ကျေးမှုကို ဖော်ဆောင် တာပဲ။ မြန်မာ့ စိတ်ထားနဲ့ မြန်မာ့ စိတ်ဓာတ်ကို ပြတာပဲ။ ပြဌာန်း စာအုပ် မှာတော့ ‘ရေချမ်းစင်’ ထိပဲ ပါတယ်။ နွားလွှတ်ပွဲ အကြောင်း ထည့်ထားတာ မတွေ့ ရဘူး။”
ကေတုမတီ
“‘ကေတု မတီ’ က ခရီးသွား ဆောင်းပါးပါ။ ရန်ကုန် တက္ကသိုလ် တောင်ငူ ခရိုင် အသင်းက (၁၉၅၈-၅၉) ထွက်တဲ့ နတ်သျှင်နောင် မဂ္ဂဇင်း ထုတ်တော့ ရေးပေး ခဲ့တဲ့ ဆောင်းပါး ပေါ့။ ဒီ ဆောင်းပါးကို မြဝတီ မဂ္ဂဇင်း ထည့်ချင်လို့ ဆရာ့ဆီ ခွင့်ပန်လို့ (၁၉၅၈) နိုဝင်ဘာလ အတွဲ (၇) အမှတ် (၂) မြဝတီ မဂ္ဂဇင်းမှာ ထပ်ပြီး ဖော်ပြ ခဲ့တယ်။ ရှင်းပါတယ်။ ဆောင်းပါးက တောင်ငူရဲ့ အတိတ် သမိုင်းကို အသက် ပြန်သွင်း ထားတာ။ ဆရာက တောင်ငူမှာ အခုတွေ့၊ အခု မြင်နေ ရတာ တွေထက် အတိတ် ကတော့ ဒီ နေရာမှာ ဒီလိုပဲ ဖြစ်လိမ့်မယ်။
ဒီမှာတော့ ဒီလိုများ ဖြစ်နေ မလား ဆိုတဲ့ မှန်းဆ စိတ်နဲ့ ကြည်နူး ချင်တယ်။ သတိရ ချင်တယ်။ ဒါကြောင့် ဒွါရဝတီ ရောက်လို့ လောကုတ္တရာ ဘုရားကို ဖူးမြှော် အဓိဌာန် ပြုလေ မလားလို့ တွေးချင်ချင် ဖြစ်လာတယ်။ လေးကွ္ဆန်း ကန်ကို မြင်တော့ တပင်ရွှေထီး၊ အမတော် သခင်မကြီး၊ ဘုရင့်နောင် မင်းတို့ ငယ်စဉ်က ဒီရေကန်မှာ ကစားကြ ပျော်ရွှင် ကြမှာ ပဲလို့ တွေးချင်ချင် ဖြစ်လာတယ်။ အဲဒီ အတွေး တွေကို ‘ကေတုမတီ’ မှာ ထည့်ရေး ထားတယ်။ အတိတ်ကို လှမ်းပြီး လွမ်းကြည့် တာပေါ့။ ဖတ်ရတဲ့ သူတွေ အဖို့ အတွေးသစ်ကို ရစေ တာပေါ့။”
ပုဂံ စျေး
“‘ပုဂံစျေး’ က ဝတ္ထုပါ။ (၁၉၃၃) ခု၊ ဂန္ထလောက မဂ္ဂဇင်း၊ အတွဲ (၈) အမှတ် (၁ဝ၈) ဇန်နဝါရီ လတွင် ဦးဆုံး ဖော်ပြ ခဲ့တယ်။ စစ် မဖြစ်မီ ကပေါ့။ (၁၉၄၈) မေလမှာ တာရာ မဂ္ဂဇင်း အတွဲ (၂) အမှတ် (၂) မှာ တခါ ထပ်ပြီး ဖော်ပြ ဖူးတယ်။ ‘ရှိ၍ မရှိသူ၊ မရှိ၍ ရှိသူ’ ဆိုတဲ့ ပြဿနာ လေးကို အကြောင်း ပြုပြီး ရေးခဲ့ တာပါ။ ‘ဇော်ဂျီ၏ စာ’ ဆိုတဲ့ စာအုပ်မှာ စာတပိုဒ် ကျန်ခဲ့တယ်။ ကျောင်းသုံး စာအုပ် ကော်မတီက ပြဌာန်းတဲ့ ပင်ရင်း စကားပြေ စာအုပ် မှာတော့ အပြည့်အစုံ ပါတယ်။ ကျန်ခဲ့တဲ့ စာပိုဒ်က ဘာသာပြန်တဲ့ သူက ကျန်ခဲ့တာ ထင်ပါရဲ့ ။ အဲဒီ နောက်ဆုံး ပိုဒ်ကလေး ပါမှ၊ ‘ပုဂံစျေး’ က ပိုပြီး ပြည့်စုံ၊ ပိုပြီး ထိရောက်၊ ပိုပြီး အဓိပ္ပာယ် ရှိတာပေါ့။
ကျန်ခဲ့သော စာပိုဒ်မှာ ‘စျေးသို့ ရောက်သဖြင့် ပုဂံစျေး လုလင်သည် မိမိ လှည်း ရှိရာ ဘက်သို့ မျှော်ကြည့် လိုက်၏၊ လှည်းပေါ်တွင် တယောက်ထဲ တိတ်ဆိတ်စွာ ငိုယို လျှက်နေသော မိမိ၏ ဇနီး သည်ကို မြင်လေရာ စိုးရိမ် ကြီးစွာဖြင့် ဇနီးသည် ထံသို့ ပြေးဝင်လေ သတည်း။’
ဒီ ‘ပုဂံစျေး ဝတ္ထု’ ကို ရေးရတဲ့ ရည်ရွယ်ချက် ကတော့ ပညာ ဆိုတာ စာအုပ်ထဲ မှာသာ ရှိတာ မဟုတ်ဘူး။ လောက ပတ်ဝန်းကျင် ထဲမှာလည်း ရှိတယ် ဆိုတာ သိစေ ချင်တယ်။ ဘဝ အတွေ့အကြုံ နဲ့သာ လောက ပုစ္စာ တွေကို အဖြေ ရှာလို့ ရတယ်။ စာအုပ်ကြီး ထဲက အတိုင်း လုပ်လို့ မရဘူး ဆိုတဲ့ သဘောကို နားလည် စေချင်လို့ ရေးတယ်။ တွေ့မိ သတိထား မိလား။
လူ့ ဘဝကို ဘာနဲ့ ပြထား သလဲ၊။ ပုဂံစျေး မို့လား၊ ဟုတ်တာပေါ့။ ပုဂံ စျေးဟာ လူ့ ဘဝပဲ။ ဒါကို လေးနက် စေချင်လို့ ‘ပုဂံစျေးသည် လူ အမျိုးမျိုး၊ လူ အစားစားတို့ ကျက်စားရာ နေရာ ပေတည်း။ ရယ်သံ၊ ငိုသံ၊ ရန်ဖြစ်သံ ညည်းညူ သံတို့ အုတ်အုတ် ကျက်ကျက် မြည်ဟည်းသော နေရာ ပေတည်း။ အသွား အလာ အပြေး အလွား တို့ဖြင့် လှုပ်ရှား နေသော နေရာ ပေတည်း’ ဆိုတာကို (၂) နေရာမှာ ထည့်ထားတာ သတိ ထားမိကြ မှာပေါ့။”
ဇာတိမာန် စာဆို ဦးလွန်း
“ဒီ ဆောင်းပါး ကလည်း ဟံသာဝတီ သတင်းစာ ထဲမှာ ရေးခဲ့တဲ့ ဆောင်းပါး ပါပဲ။ စာဆိုကြီး ဦးလွန်းရဲ့ စာတွေ ထဲက ဇာတိမာန်ကို ဖြစ်ပေါ် စေတဲ့ စာတွေ ကဗျာတွေ လေးချိုး တွေကို သုံးသပ် ပြထားတာ။ စာပေ လောက ဆိုတဲ့ စာအုပ် ထဲမှာလည်း ထည့်သေးတယ် မှုတ်လား။”
ခရီးသည်
“ဘိလပ်က ပြန်လာတော့ သူရိယ သတင်းစာ (၁၉၄၁) ခုမှာ ‘လန်ဒန် ဆောင်းပါး’ ဆိုပြီး ဗုဒ္ဓဟူးနဲ့ စနေ နေ့တိုင်း ရေးတယ်။ ဆောင်းပါး တွေတော့ အများကြီးပဲ။ စစ်အတွင်း တုန်းက ပျောက်ပျက် ကုန်တာ တွေလည်း ရှိတယ်၊ အခု ကိုဝန် (မင်းသုဝဏ်) နဲ့ တွဲထုတ်တဲ့ ‘ခရီးသည်’ မှာ ဆောင်းပါး (၁၅) ပုဒ်ပဲ ပါတယ်။ (၆) ပုဒ် ကျန်ခဲ့ သေးတယ်။ တိုက်က လာတောင်း တုန်းက လက်လှမ်း မှီသလောက် ရှာပေး လိုက်တာ။
ဆရာ အနေနဲ့ ခရီးသွား ဆောင်းပါး ရေးတဲ့ အခါ တချို့ သူတွေလို တနေရာမှာ တွေ့တာကို မှတ်ပြီး ရေးတာမျိုး မဟုတ်ဘူး။ အကြိမ်ကြိမ် သွား အကြိမ်ကြိမ် ကြည့်တယ်။ လေ့လာတယ်။ အဲဒီ အတွက် ခေါင်စဉ် တခု ရွေးတယ်။ ခေါင်းစဉ်နဲ့ ညီညွတ်အောင် စီကာ စဉ်ကာ ရေးတယ်။ အကောင်းအဆိုး ကိုလည်း ကိုယ့် တိုင်းပြည်နဲ့ နှိုင်းယှဉ်ပြီး အမှန်အတိုင်း တင်ပြတယ်။ ဆရာ့ ခရီးသွား ဆောင်းပါး တိုင်းမှာ ကောက်ချက် တခုခုကို ချပေးပြီး စာဖတ် သူတွေ အကျိုး ရှိအောင် ရေးတယ်။”
မဟာ ဆန်ချင်သူ ပြဇာတ်
“‘မဟာ ဆန်ချင်သူ ပြဇာတ်’ ကို ပုံနှိပ်တာ (၁၉၃၄) ရေးပြီးတဲ့ နှစ်ကတော့ (၁၉၃ဝ) ပြည့်နှစ်ပါ။ ဒီပြဇာတ် ရေးဖြစ် တာကလည်း ဆရာ့ရဲ့ အဘိုးကြောင့် ရေးဖြစ်တာ။ ဘီအေ အောင်တော့ ဆရာက ဘွဲ့လက်မှတ် ကလေး ကိုင်ပြီး ဆရာ့ အဘိုးကို သွားကြွား တာကိုး။ အဘိုးက အောင်လက်မှတ်လေး ကြည့်ပြီး ‘အင်္ဂလိပ် မင်းက ပေးတဲ့ ဘွဲ့ဆို တော့လည်း ကောင်းတော့ ကောင်းမှာပေါ့။ ငါ့မြေး ဘီအေ ဘွဲ့ရတာ ကတော့ ဟုတ်ပါရဲ့ ။ အဲဒီ ရတဲ့ ဘွဲ့က အင်္ဂလိပ် ပညာ ဘာ ကောင်းလည်းလို့ အဘိုး သိလာအောင် လုပ် မပေး နိုင်ဘူးလား’ လို့ ပြောတော့ တာပါပဲ။ အဘိုးက မြန်မာစာ နိုင်ပေမယ့် အင်္ဂလိပ်စာ မတတ်ဘူး။ အထင်လည်း မကြီးဘူး။
အဲဒီလို အဘိုးက ပြောလိုက်မှ ဆရာလည်း ‘ဟုတ်ပါရဲ့၊ ငါတတ်တဲ့ ပညာနဲ့ အဘိုးကို သိအောင် ငါ ဘာလုပ် ပေးနိုင်မလဲ’ လို့ နေ့နေ့ညည စဉ်းစား မိလာတယ်။ ဒီအချိန်မှာ ဆရာက ပြင်သစ် ဆရာကြီး မိုးလျဲရဲ့ ‘The Woud Be Gentleman’ (မဟာ ဆန်ချင်သူ) ကို ဖတ်နေ တာကိုး။ ဖတ်ရင်း ကနေ သိပ်သဘောကျလာတယ်။ ဇာတ်လိုက်ကြီး Jourdain (ဦးရွှေနှောင်း) ကဖြင့် ဆရာတို့ အရပ် ထဲက ဘယ်သူနဲ့ တူလိုက်တာ၊ အရပ်ထဲက ဘယ်သူကြီး ကဖြင့် ဒီ ဇာတ်လမ်း ထဲက ဇာတ်လိုက်ကြီးနဲ့ တူလိုက် တာရယ်လို့ နှုင်းယှဉ် ကြည့်ရင်း သဘော ကျလာတယ်။
ဒီတင်ပဲ ‘ဒီ စာအုပ်ကို ငါ့အဘိုး အတွက် ဘာသာ ပြန်မယ်’ ဆိုပြီး ဘာသာ ပြန်တယ်။ (၇)ရက်ပဲ ကြာတယ်။ ‘မဟာ ဆန်ချင်သူ’ ကို ရေးပြီး အဘိုး နေတဲ့ လယ်ထဲကို သွားပို့တယ်။ အဘိုး မရှိလို့ အဘွားဆီ ပြဇာတ် စာအုပ်ကို ထားခဲ့တယ်။နောက် (၇) ရက်လောက် ကြာတော့ တခါ သွားမေး ပြန်တယ်။ အဘိုး မရှိ ပြန်ဘူး။ ဒါနဲ့ အဘွားကို ‘အဘွား ကွ္ဆန်တော် ပေးတဲ့ စာအုပ် အဘိုး ဖတ်တာ တွေ့ရဲ့ လားဗျ’ လို့ မေးတယ်။ အဘွားက ဖတ် မဖတ်တော့ မသိဘူး နင့်အဘိုး အိပ်ခန်း ထဲမှာ နင့် စာဖတ်ပြီး တခွိခွိနဲ့ ပါပဲ။ ပြီးတော့ ပြောသေးတယ် နင့်မြေး ရေးထားတာ ရယ်စရာ တော်တော် ပါတယ်လို့ အဘွားက ပြန်ပြော ပြတယ်။ ဟာ ဒါလည်း စာမေးပွဲ တခု အောင်တာပဲ ဆိုပြီး ဆရာလည်း ဝမ်းအသာကြီး သာသွားတယ်။
အဘိုးနဲ့ နောက်ကျမှ တွေ့လို့ မေးကြည့်တော့ ‘အေး မင်းတို့ အနောက် နိုင်ငံသား စာတွေက ရေးရေးတော့ အရှိသား’ လို့ ပြောဖော် ရတယ်။ ဆရာ့ အဘိုးက တော်တော် ရှေးဆန်တယ်၊ ကမ္ဘာကြီး လုံးတယ် ဆိုတာကို သေသည် အထိ လက် မခံဘူး။ ‘ကမ္ဘာကြီး လုံးနေရင် ငါတို့ လိမ့်ကျ ကုန်မှာပေါ့’ ဆိုပြီး အဲဒီ အယူ အဆကို လက်မခံဘူး။
ဆရာ့ရဲ့ မဟာ ဆန်ချင်သူ ပြဇာတ်ကို (၁၉၃၃-၃၄) မှာ ပြန်စီ စစ်ပြီး ညီဖြစ်တဲ့ သူ့ရဲ့ ပုံနှိပ် စက်မှာ အပ်တယ်။ ဒါကြောင့် (၁၉၃၄) မှာ စာအုပ် ဖြစ်လာ တာပေါ့။”
‘ခရီးသည်’ နှင့် ‘မဟာ ဆန်ချင်သူ’ ပြဇာတ်မှာ ပြဋ္ဌာန်းချက် စာအုပ်တွင် မပါ ဝင်ပါ။ ဆရာ ပြောပြ၍ မှတ်သား တင်ပြခြင်း ဖြစ်ပါသည်။
ဆရာ ဇော်ဂျီနှင့် စာဖတ်ဝို်င်း
“ဆရာ့ အဘိုးတို့ အမေတို့ ခေတ်က ဖျော်ဖြေ စရာ ဆိုလို့ စာအုပ်နဲ့ ရုပ်သေးပဲ ရှိတယ်။ အဘိုးက တပတ်ကို တခါ စာဖတ် ဝိုင်းလေး စီစဉ်တယ်။ ကလေးတွေ စုပြီး စားကောင်း သောက်ကောင်း ကွေ္ဆး ‘မင်းက ဒါဖတ်၊ မင်းက ဒါရွတ်’ ဆိုပြီး သခင် ကိုယ်တော်မှိုင်းရဲ့ လေးချိုးတွေ ဖတ်ခိုင်း တာပဲ။ ဖတ်ပြ နေတုန်းကို ကောင်းကောင်း နားထောင် ရတယ်။ ဆရာတို့ အမေဆို ‘ကိုးခန်းပျို့’ ကို အလွတ် ရတယ်။
စုံနံ့သာမြိုင် ဦးကြော့ရဲ့ စာတွေ၊ ပြဇာတ် တွေကို များများ ဖတ်ရတယ်။ ဒီအလေ့ အကျင့်က ဆရာတို့ အိမ် တအိမ် ထဲတင် မဟုတ်ဘူး။ တခြား အိမ်တွေ မှာလဲ ဒီလို စာဖတ် ဝိုင်းတွေ ရှိတာပဲ။ ပေါ်လာတဲ့ ပြဇာတ် စာအုပ် မှန်သမျှ အကုန် ဖတ်ကြ တာပဲ။ ပြဇာတ် ထဲမှာ ပါတဲ့ ဇာတ်ဆောင် ဦးရေ အလိုက် တယောက် တမျိုး တာဝန် ယူပြီး၊ ပြဇာတ် ခင်းကြ တာပဲ။ နားထောင်တဲ့ သူတွေ ကလဲ နားထောင် လို့ပေါ့။ ဆရာနဲ့ စာ၊ ကဗျာဟာ အမြဲလိုလို လက်ပွန်း တတီး ရှိခဲ့တယ်။”
ဆရာ ဇော်ဂျီနှင့် ဆရာကြီး ဦးဖေမောင်တင်
“ခေတ်စမ်း မတိုင်ခင်က ဆရာတို့ ရေးတဲ့ စာတွေ၊ ကဗျာ တွေကို ဘယ်မဂ္ဂဇင်း တိုက်ကမှ လက်မခံ ပါဘူး။ အဲဒီ ခေတ်တုန်းက ရှေးရိုး ကဗျာ တွေပဲ တွင်ကျယ် နေတာ ဆိုတော့ ဆရာ့ ကဗျာကို စာနယ်ဇင်း တွေက နားမလည် ကြဘူး။ ဒါနဲ့ ဂန္ထလောက မဂ္ဂဇင်း ထူထောင် ဖြစ်တယ်။ ငွေ ၁ဝဝဝိ- လောက်နဲ့ စထူ ထောင်တယ်။ ဆရာတို့ ရေးကြ သားကြ ပေမယ့် ပိုက်ဆံ မရပါဘူး။ ငွေကြေးကို ဂရု မစိုက်ဘူး။ နောက် ဆရာကြီး ဦးဖေမောင်တင်ရဲ့ လုံ့လကြောင့် ခေတ်စမ်း ကဗျာ၊ ခေတ်စမ်း ဝတ္ထုတွေ ပေါ်လာတယ်။
ခေတ်စမ်း စာပေဟာ ဆရာကြီး ကျေးဇူးကြောင့် ပေါ်ပေါက် လာတာပါ။ ခုထိ ခေတ်စမ်းရဲ့ အရှိန် အဝါဟာ မကုန် သေးပါဘူး။ ခေတ်စမ်းရဲ့ အငွေ့အသက် တွေက ကနေ့ထိ လွှမ်းမိုး နေတုန်းပါ။ တွေ့နေ ရတုန်းပါ။ ခေတ်စမ်း စာပေကို ဆရာ တို့က ထွင်မယ် ဆိုပြီး စာရေးတာ မဟုတ်ဘူး။ ဆရာ တို့ရဲ့ စာတွေကို ‘ခေတ်စမ်း’ လို့ အမည် ပေးလိုက်မှ ခေတ်စမ်း စာပေ ဖြစ်လာ တာပါ။ ခေတ်စမ်း စာပေနဲ့ ပတ်သက်လို့ ဝေဖန်ကြ၊ တိုက်ခိုက်ကြ၊ ကလော်ကြ၊ ဆဲကြတော့ ဆရာတို့ သိပ်ဝမ်းသာ တာပေါ့။
ဆရာ တို့က မဟုတ် တာတွေ လုပ်နေ တာမှ မဟုတ်ဘဲ။ သူတို့ တတွေက အသစ် ထွင်တာကို အပြစ် တင်တာ၊ ရှုတ်ချ တာတွေကြောင့် စာဖတ် သူတွေ ပိုပြီးတော့ စိတ်ဝင်စား လာတာကိုး။ ဆရာဖြင့် အဲဒီ တုန်းက သိပ်ဝမ်းသာ တာပဲ။ သိပ္ပံ မောင်ဝရယ်၊ ဆရာရယ်၊ ကိုဝန်ရယ်၊ စာနယ်ဇင်း တွေကနေ ‘မောင်ကကြီး’၊ ‘မောင်ဏကြီး’၊ ‘မောင်တဝမ်းပူ’ ဆိုတဲ့ ကလောင် နာမည် တွေနဲ့ တပျော် တပါးကြီး၊ ပြန်ရေး ခဲ့တယ်။ ရှေးရိုး နှစ်ခြိုက် သူတွေကို ‘ခင်ဗျားတို့ ဥသြလေး သာတယ် သာတယ်လို့ ပြောမနေ ကြနဲ့ ကြက်ဖ ကြီးလည်း သာတာပဲ’ စသဖြင့် ပေါ့ကွာ တဖက်က ထိုးနှက် သမျှကို အမျိုးမျိုး ချေပ ခဲ့ကြတယ်။”
ချက်နိုင်ငံမှ အမျိုးသမီး စာပေ သုတေသန ပညာရှင် ဒဂ္ဂမာဘက်ကိုဗာ (မြန်မာ အမည် – မြသီတာ)
“ဆရာဇော်ဂျီ၏ စာပေ အမြင်နှင့် ဆရာ ဇော်ဂျီ၏ စာပေ အမြင်များတွင် မြန်မာ့ ရှေးဟောင်း စာပေ ကျမ်းဂန် များကို အလေးအနက် သုံးသပ်မှုကို တွေ့ရသည်။ အင်္ဂလိပ် စာပေနှင့် ကမ္ဘာ့ စာပေကို ကျယ်ကျယ် ပြန့်ပြန့် လေ့လာ သုံးသပ်ချက် တို့လည်း တွေ့ရသည်။ တက္ကသိုလ် ဝန်းကျင်၏ အငွေ့ အသက်ကိုလည်း တွေ့ရသည်။ ဆရာ ဇော်ဂျီ၏ ပိတောက်ပန်း ကဗျာသည် ဆရာ ဇော်ဂျီ၏ စာပေကို လည်းကောင်း၊ ၂၀ ရာစု မြန်မာ ကဗျာ လောက တခုလုံးကို လည်းကောင်း အပြောင်းလဲကြီး ပြောင်းလဲ စေသည့် ကဗျာ ဖြစ်သည်။
ဆရာ ဇော်ဂျီ၏ ကဗျာများ၊ ဝတ္ထု တိုများ၊ ပြဇာတ် များသည် လူ့ သဘော သဘာဝကို လေးနက်စွာ ထင်ဟပ် ဖော်ပြလျှက် ရှိသည်။ လေးနက်စွာ ဆင်ခြင်မှု များနှင့် ဒဿနိက ဗေဒဆိုင်ရာ ပြဿနာ များကို သူ့ စာများတွင် ထည့်သွင်း ဖော်ပြ ခဲ့သည်”။ဆရာဇော်ဂျီ၏ ကဗျာများ၊ စာပေ လက်ရာများ၊ သုတေသန စာတမ်းများကို စာပေ ပညာရှင်များ၊ သုတေသီ များ၊ ဝေဖန်ရေး ဆရာများ၊ ကဗျာ ဆရာများက တလေးတစား ချီးကျူး ဂုဏ်ပြု ခဲ့ရသည်။ စာပေပေါ်တွင် ထားရှိသော ဆရာ ဇော်ဂျီ၏ စေတနာ၊ မေတ္တာ တရားတို့သည် နှောင်းခေတ် လူငယ် စာပေသမားများ အဖို့ အတုယူဖွယ်ရာပင်။
[ပြင်ဆင်ရန်] ဆရာ ဇော်ဂျီနှင့် စာပေ အမြင်
“ဆရာ စာစ ရေးတာ ကတော့ (၁၄-၁၅) နှစ် တည်းကပါပဲ။ ရေးတယ် ဆိုတာ ကလည်း မဂ္ဂဇင်းတွေ ပို့မယ် ဆိုပြီး ရည်ရွယ် ရေးတာ မဟုတ်ဘူး။ ဆရာတို့ ငယ်ငယ်က နေရတဲ့ အမျိုးသားကျောင်း ဆိုတာ ကလည်း ကဗျာတွေ၊ လင်္ကာတွေ သင်ပေး နေတော့ စာပေ ဆိုတာ ဝါသနာ မပါလို့ မရတော့ ဘူးပေါ့။ ဆရာ တို့ကို ကဗျာ သင်တဲ့ ပင်စင် ဆရာဟောင်းက သံပေါက် တခုကို (၃)လလောက် သင်တယ်။ သံပေါက် အမျိုးမျိုး အကြောင်းကို သင်ပေးတယ်။ ဆရာတို့ ကလည်း သံပေါက်တွေ အမျိုးမျိုး ရေးရတယ်။
တနင်္ဂနွေ တပတ်ကို သံပေါက် တပုဒ် ရေးပြီး ပြရတယ်။ အတန်း ထဲမှာလည်း ထဖတ်ပြ ရတယ်။ မှားနေရင် ပြင်ပေးတယ်။ ဒါကြောင့် ကဗျာရေးရင် လက်က ယောင်လို့တောင် မမှားဘူး။ ဆရာတို့ စာရေး တာက နားနဲ့ စာရေးတာ၊ နားက သေချာ သိနေတော့ မမှား တော့ဘူးပေါ့။ ဖျာပုံမှာ နေရင်း ရေးတဲ့ လေးဆစ်တွေ၊ သဖြန်တွေ၊ ဘောလယ်တွေ ဆိုတာက ကာရန် အထူး စဉ်းစားဖို့ မလိုဘူး။
အလိုလို ထွက်လာ တာပဲ။ ရန်ကုန် ရောက်မှ မဂ္ဂဇင်း တွေမှာ ရေးတယ်။ ရေးနည်းကား အတိုင်း ရေးတဲ့ ကဗျာတွေ ဆိုတော့ စိတ်ထဲမှာ မရှိဘဲနဲ့ (မခံ စားရဘဲ) လည်း ရေးလို့ ရတယ်။ ဒီလို ကဗျာတွေ စုစုပေါင်း (၃ဝဝ) ကျော် ရှိတယ်။ ပျောက်ပျက် ကုန်ပါပြီ။ ဒါပေမဲ့ ဝမ်းမနည်း ပါဘူး။ ဒီလို ကဗျာမျိုး တွေကတော့ ခုရေး ခုရ တယ်လေ။ ကဗျာ ပေါင်းချုပ်သစ်မှာ ‘ရှေ့ပြေး ကဗျာစု’ ဆိုပြီး အပုဒ် (၂ဝ) လောက် ပါသွားတယ်။
စရေးစဉ်က မဂ္ဂဇင်း တိုက်တွေ ပို့ရင် လက်မခံ ခဲ့ဘူး။ မကောင်းလို့ နေမှာပဲ ဆိုပြီး ဆက်ရေးမြဲ ရေးတယ်။ ပိုကြိုးစား ရေးတယ်။ ကဗျာ တွေကို ဆရာ တို့က ဝါသနာ ပါလို့ ရေးခဲ့တာ။ ထင်ပေါ် ကျော်ကြား ချင်တဲ့ စိတ်မရှိဘူး။ ဝါသနာ အရင်းခံပြီး ရေးတဲ့ သူသာ တည်တံ့ ခိုုင်မြဲတယ်။ ကျော်ကြား ချင်လို့ ရေးတယ် ဆိုရင် မလွယ်ဘူး။
ခုခေတ်တော့ ကဗျာတွေ စာတွေ ရေးကြတယ်။ မဂ္ဂဇင်းတိုက် ပိုု့လို အပယ် ခံရရင် မကျေနပ် ကြဘူး။ ဆရာ့ ဆီလည်း စာတွေ အများကြီး လာပါတယ်။ ကိုယ့်မှာမှ ဘာမှ မရှိသေးဘူး၊ သူများ ပေးချင် တာက အရင်ပဲကိုး။ ကိုယ့်မှာ အရင် ရှိအောင် လုပ်ကြ စေချင်တယ်။ ကိုယ့်မှာ ရှိပြီးမှ သူများ ပေးရတာ ကောင်းတယ်။ စာ များများ ဖတ်ကြ စေချင်တယ်။”
ဆရာဇော်ဂျီ လေးစားသော စာဆိုနှင့် စာပေ
“ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ စာတွေက မျိုးချစ်စိတ် ရစေပါတယ်။ (၁၉) ရာစု နောက်ပိုင်းမှာ ကျော်ကြားတဲ့ ရှယ်လေး၊ ကိ၊ ဘိုင်ရွန်တို့ရဲ့ ကဗျာတွေ၊ တဂိုးရဲ့စာ၊ ကဗျာ တွေဟာ ဆရာ့ အပေါ် စာပေ သြဇာ သက်ရောက် တယ်လို့ ဆိုရ ပါမယ်။ အလေးစားဆုံး စာဆိုနဲ့ စာပေ ကတော့ အရွယ် အလိုက် ပြောင်းလဲ ခဲ့တာပေါ့။ ခု ဒီအရွယ် မှာတော့ နိုင်ငံခြား စာဆိုတွေ ထဲက ‘ပလေတို’ ကို လေးစားတယ်။ အခု ရွယ်ထိ ဖတ်လို့ ရသေးတဲ့ လက်ခံ သေးတဲ့ စာတွေ ကတော့ ကိုးခန်းပျို့၊ နတ်သျှင်နောင် ရတုတွေ၊ ဝန်ကြီး ပဒေသရာဇာနဲ့ ဦးပုညရဲ့ စာတွေ ပါပဲ။ အသက်ကြီးလို့ ဘာသာရေးကို စိတ်ဝင် စားတယ်။ ပဋိစ္စ သမုပ္ပါဒ်နဲ့ ဓမ္မ စကြာတွေ ကတော့ အယူ အဆကော ကျင့်စဉ်ပါ ပါလို့ လေးစား ပါတယ်။”
ဆရာဇော်ဂျီနှင့် စာပေအယူအဆ
“ဆရာ ကတော့ ကျောင်းဆရာ ဘဝကို နှစ်သက်တယ်။ စာရေး နေပေမယ့် ‘စာရေး ဆရာကြီး’ လို့ ခေါ်လိုက်ရင် ကျော စိမ့်စိမ့် သွားတယ်။ စာရေး ဆရာ မဖြစ်သေး ပါဘူး။ ကိုယ်ရေးတာ တွေပဲ အကုန်လုံး နှစ်သက်တာပေါ့။ သဘော ကျတာပေါ့။ ကိုယ့်စာ ကိုယ် သဘော မကျ ဘယ်ရှိ မလဲ။ အနှစ် သက်ဆုံး အကျေနပ်ဆုံး ကတော့ ‘ဗေဒါလမ်း ကဗျာစု’ ပဲပေါ့။ အသက်ကြီးမှ ရေးတော့ ကိုယ့်အမြင်လို့ သတ်သတ်မှတ်မှတ် ရှိလာပြီ။ ဒီအပြင်က ရေးတဲ့ ကဗျာတွေ မှာလည်း အမြင် ရှိပေမယ့် ဝိုးတဝါးပဲ။ ‘ပဲ့နင်း’ လို ဟိုလိုလို သည်လိုလို ဖြစ်နေ သေးတာ ပေါ့လေ။ ကြီးမှ ရေးတာက နှလုံး ကျနေပြီ၊ တည်ငြိမ်မှု ရှိလာ ပြီပေါ့။
ကာရန်မဲ့ ကဗျာနဲ့ ပတ်သက် လို့တော့ ရေးတတ်ရင် ကောင်းပါတယ်။ ကြိုက်ပါတယ်။ မရေးတတ်ဘဲ ရေးနေတော့ ကာရန်မဲ့ ကဗျာ မဖြစ်တော့ ဘူးပေါ့။ ဆရာ ကတော့ ကာရန်မဲ့ ကဗျာ ဆိုတဲ့ အခေါ်ကို မကြိုက်ဘူး။ ကာရန် မဲ့တဲ့နောက် ကဗျာ ဘယ်ဖြစ်တော့ မလဲ။ ‘နှောင်ကြိုးမဲ့ ကဗျာ’ ဆိုရင် ပိုပြီး ထိမိမယ်။ ကာရန်မဲ့ ကဗျာကို ရေးတဲ့ အခါ နိမိတ်ပုံလေး တခုကို အထူးပြုပြီး တိုတိုလေးရေး၊ တိုတိုလေးနဲ့ ထိမ ိအောင်ရေး၊ ရေးတတ်ရင် လက်ခံမယ်။ ကဗျာ တပုဒ် ကောင်းရင် ချက်ချင်း အလွတ် ရတယ်။ ဒီတော့ ထိမိအောင် ရေးပါ။ လက်ခံ ပါတယ်။
ဆရာ ့စာပေ အယူအဆ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံ တွေကို ဖော်ထုတ် ချင်တယ်။ ဆင်းရဲသားတွေ ဘက်က ရပ်တည် ချင်တယ်။ ဘဝ ဆန်သူကို ချီးကျူး ချင်တယ်။ ဘယ်သူ ကမှ စံမတင် တာကို စံတင် ချင်တယ်။ ဒါကြောင့်လည်း ဗေဒါလမ်း ကဗျာတွေကို တအုံ တမကြီး ရေးဖြစ် တာပေါ့။ အသက်ကြီး လာတော့ ဘာသာရေး ဆန်လာတယ်။ တည်ငြိမ်မှု ရှိလာ တာပေါ့။”
ဆရာ ဇော်ဂျီ ရေးသား ထုတ်ဝေ ခဲ့သည် စာအုပ်များ
ကဗျာဥယျာဉ်
ကဗျာ ပေါင်းချုပ်သစ် – ၁၉၇၄
ကာလီဒါသနှင့် သကုဏ္ဍလ – ၁၉၅၈
ကံ့ကော်မြိုင် စာတမ်း
ခရီးသည် ( + မင်းသုဝဏ်)- ၁၉၆၅
ဂန္ထလောက သင်္ဂဟသုတိ အထိမ်းအမှတ် စာတမ်းများ – ၂ဝဝဝ
ဂျရတ်နှင့် မာဂရက်ဝတ္ထု (ဘာသာပြန်) (မဟာ ဝိဇ္ဇာ ဘွဲ့ရ မောင်သိန်းဟန် ကလောင် အမည်ဖြင့်) – ၁၉၄၁
စာပေ လောက ( + မင်းသုဝဏ်)- ၁၉၄၉
ဇော်ဂျီ ကဗျာပေါင်းချုပ် – ၁၉၆၇
ဇော်ဂျီစာပေါင်းချုပ် (၅-တွဲ)
ဇော်ဂျီ၏စာ – ၁၉၆ဝ
တရုတ်-ဗမာ မိတ်ဆွေဖြစ်အသင်း
နင် လားဟဲ့ ချစ်ဒုက္ခနှင့် အခြား ဝတ္ထုတိုများ (နိုဗဲဆုရ-ဝတ္ထုတိုများ) (ဘာသာပြန်) – ၁၉၇၉
နွေဦးကျက်သရေနှင့်အခြားရသစာတမ်းများ
ပလေထရိုနှင့်ကျွန်တော်(ဘာသာပြန်)
ပလေးတိုးနိဒါန်း (ဘာသာပြန်) (၁၉၆၇-၁၉၉၆)
ပိတောက်ရွှေဝါ ကဗျာများ – ၁၉၅၁
ပုခန်းမင်းကျော်စွာ နတ်သံနှင့် ပျော်ချင်း – ၁၉၃၈
ပျို့နှင့် ပျို့စာဆို
ပြည်ထောင်စုသမိုင်းပုံပြင်များ
ဗေဒါလမ်း ကဗျာများ – ၁၉၆၃
မဟာဆန်ချင်သူနှင့် အခြား တခန်းရပ် ပြဇာတ်များ – ၁၉၇၂
မဟာဆန်ချင်သူ ပြဇာတ် – ၁၉၆၅ (၁၉၃၄၊ ၁၉၇၀) ဘာသာပြန်
မိုးကြယ့်မို့လား (ဘာသာပြန်) – ၁၉၆၆
မိုးကြယ်မို့လားနှင့် နိုဗယ်ဆုရ ဝတ္ထုတိုများ – ၁၉၆၆
မိုးကြယ်မို့လားနှင့် လမ်းသစ်ဝတ္ထုတိုများ – ၁၉၇၇
ရသစာပေနိဒါန်း – ၁၉၆၅
ရသစာပေအဖွင့် – ၁၉၆၆
ရသစာပေ အဖွင့်နှင့် နိဒါန်း – ၁၉၇၆
ရွေဒေါင်းညို (သို့) စနစ်တခု၏ အစ – ၁၉၉၉
ရှေးခေတ်ပုဂံ ကဗျာများနှင့် အခြားကဗျာများ – ၁၉၈၇
လက်ရွေးစင် မြန်မာဝတ္ထုတိုများ – ၁၉၈၁
လမ်းသစ်နှင့် အခြားဝတ္ထုတိုများ (ဘာသာပြန်) – ၁၉၆၆ (နိုဗဲဆုရဝတ္ထုတို)
သကုဏ္ဍလ (ဘာသာပြန်) – ၁၉၅၅
သခင်ကိုယ်တော်မှိုင်း ဋီကာ – ၁၉၅၅
သိန်းနှင့် ကျားဋီကာ – ၁၉၈၄
သုံးပွင့်ဆိုင်ခေတ် ဆန်းစာပေ (သိပ္ပံမောင်ဝ၊ မင်းသုဝဏ် တို့နှင့်တွဲ) – ၁၉၅၅
မဟာဝိဇ္ဇဘွဲ့ရ မောင်သိန်းဟန် ကလောင်အမည်ဖြင့် ဂျရတ်နှင့် မာဂရက် ဝတ္ထု (ဘာသာပြန်) – ၁၉၄၆
ရည်ညွှန်း
မဟေသီ မဂ္ဂဇင်း၊ အမှတ် ၂၆၈ ဧပြီ ၂ဝဝရ။ ‘ဆရာ ဇော်ဂျီနဲ့ ပတ်သက်တဲ့ ငုပ်ကွယ် နေတဲ့ အချက် တစ်ချက်’ – ဖိုးအောင်လေး (စာပေဗိမာန် စာမူဆုရ)
Credit : https://kanaung.net