Showing posts with label ရသ. Show all posts
Showing posts with label ရသ. Show all posts

Friday, 13 April 2018

အပျော်တချို့နဲ့ ဟလင်း - ၁

(Zawgyi)
မနက်စောစော ဝေလီဝေလင်းအချိန်ကြီး
နှစ်ထပ်ကျောင်းဆောင်အောက်ထပ်မှာ လူစုံမထကြသေး ပင်ပမ်းတဲ့ အရှိန်ကြောင့် အတင်းမှေးနေကြချိန်မှာ
ဘာကြီးလဲ ဘာကောင်ကြီးလဲ
အသံက မကျယ် တိုးတိုးအုပ်အုပ်နဲ့ အလန့်တကြား ပြောနေတဲ့ အသံနဲ့ ခြင်ထောင်ကြီးတစ်ခုက လှုပ်လှုပ်ရှားရှား ဖြစ်နေသည် ဒါပေမဲ့ ဘယ်သူမှ ခြင်ထောင်ထဲက မထွက်လာတော့ သနပ်ခါးလိမ်းနေရာက သူတို့ဘက်ကို စောင်းငဲ့ကြည့်ရင်း အခြေအနေကို အကဲခတ်နေလိုက်သည်
အပြင်က ကျောင်းသူတစ်ယောက်က ကျနော့်ခေါင်းရင်းမှာ အိပ်နေတဲ့ တီချယ်ထံ ပြေးလာပြီး သတင်းပို့တော့ တီချယ်လဲ အလန့်တကြားထလိုက်သည် သို့ပေသည့်
တီချယ့်နေရာက ချောင်အကျဆုံး မနည်းတိုးထွက်ရမဲ့နေရာ သည်တော့ ကျနော်ကပဲ လွှားကနဲသူတို့ထံ ပြေးရတာပေါ့ ခြင်ထောင်ထဲမှာ ပတ်ပြေးနေတဲ့ ကောင်မလေး လေးယောက်ကြောင့် ခြင်ထောင်ကြီးက ယမ်းနေတာ ကြောက်ခမန်းလိလိ အနားရောက်တဲ့ ကျနော်ကပဲ ထွက်ကြဟဲ့ ထွက်ကြဆိုပြီး ခြင်ထောင်ကို ကျုံးမ လိုက်တော့မှ ထိုကောင်မလေးတွေကော သူတို့ခြင်ထောင်ထဲ ရောက်နေတဲ့ အကောင်ရော ကျနော့်ဘက် ပြေးထွက်လာတယ်
လူတွေက ကျနော့်နောက်ဘက် ရောက်သွားတော့ ဟိုဘာကောင်က ခရီးဆောင်အိတ်တစ်ခုကြား ပြေးဝင်သွားကြောင်း တီချယ်က အော်တယ်
ဖယ်ကြ ဖယ်ကြဆိုပြီး အနားက တံမြက်စည်းယူပြီး အိတ်ကို နေရာရွှေ့လိုက်တော့ မည်းမည်းသတ္တဝါက နေရာရွှေ့ပြန် တော့ ပြေးကြပြန်ရော တံမြက်စည်းနဲ့ လိုက်ခြောက်တော့ သည်တခါ သူပြေးတဲ့နေရာ မှန်သွားပြီး ကျောင်းဆောင်အပြင်သို့ ထွက်ပြေးပျောက်ကွယ်သွားသည်
ဟလင်းက မောင်မောင်ကင်းမြီးကောက် ရန်ကုန်သူလေးများကို အချစ်ဝင်စမ်းတာ ကံသီလို့ သူလဲမသေ ကျနော်လဲ ငရဲမကြီး
အရေးထဲ ခြင်ထောင်ထဲက ကလေးမတစ်ယောက်ထင့် တစ်ကိုယ်လုံးဝင်အိပ်ရတဲ့ စောင်ကြီးထဲ ရောက်နေတော့ သူ့ခမျာ ခုံဆွခုံဆွနဲ့ အပြာရောင် မမ်မီးကြီးအလား
တီချယ်ဒေါ်သီတာငြိမ်းက ဟဲ့အဲဒါ ဘာကြီးလဲ ဘာကြီးလဲ 

Saturday, 7 April 2018

ဟလင်းရဲ့ နန်းတော်ကြီး ဘယ်လိုပျက်ဆီးခဲ့သလဲ

(Zawgyi)
ဟလင်းနန်းတော်ကြီး ဘယ်လိုပျက်ဆီးခဲ့သလဲ ဘယ်သူဖျက်ဆီးတာခံခဲ့ရတာလဲ အပြင်ကရန်သူလား အတွင်းက အနီးကပ်ရန်ပဲလား ဒါမှမဟုတ် နေရာသစ်ကို သွားဖို့ စွန့်ခွာသွားခဲ့ကြလား တကယ့်ကို သိချင်စရာကောင်းတဲ့ ပုစ္ဆာတွေပဲ ဖြစ်ပါတယ် 
ဒီလိုပုစ္ဆာမျိုးကို ဖြေဖို့ဆိုရင် မြန်မာ့မှတ်တမ်း၊ နှုတ်ပြောရာဇဝင်နဲ့ နိုင်ငံရပ်ခြားက မှတ်တမ်းတွေ( written evidence ) ထံက လိုက်ရှာနေတာမျိုးထက် ဟလင်းက လက်ရှိကြွင်းကျန်နေဆဲဖြစ်တဲ့ နန်းတော်ရာကုန်းကို တူးဖော်ကြည့်ပြီး အဖြေထုတ်နိုင်ရင် အခိုင်လုံဆုံးပဲ ဖြစ်ပါလိမ့်မယ်
ဟလင်းကွင်းဆင်းခရီးဟာ ပိုပြီး နက်နဲလာခဲ့ပါတယ် တည်းခိုဆောင်ကနေ သွားရတဲ့ ခရီးဟာ ပိုပိုဝေးလာပြီး တောင်ဘက် မြို့ရိုး အရှေ့ဘက် ထောင့်တဝိုက်က ကုန်းများကို ဒုတိယရက်တွင် ကုန်စင်အောင် လေ့လာခဲ့ပြီး တတိယရက် နံနက်စောစောချိန်မှာ တောင်ဘက်မြို့ရိုးရဲ့ အလယ်ဘက် အကျဆုံး မြို့ဝင်ပေါက်ကို HL-31 ကိုဖြတ်သန်းကာ မြို့ရိုးကြီးရဲ့ တဘက်ပိုင်း မြို့ဟောင်းရာထဲကို လုံးလုံးလျားလျား ခြေချခွင့်ရခဲ့ပါပြီ
နန်းတော်ရာလေ့လာရေးခရီးစဉ် ကဲ့သို့ ပျူတိုရဲ့ လူနေမှုကို တတိယ စတုတ္ထနဲ့ ပဉ္စမ လေးရက်တိုက်လေ့လာရေးရလာဒ်များဟာ စာရေးသူတို့ ရှေးဟောင်းသုတေသန သမားများအတွက် သစ်လွင်တောက်ပလွန်းခဲ့ပါတယ် ပုံနှိပ် မီဒီယာများတွင် ဖော်ပြခြင်း မရှိသေးတဲ့ တူးဖော်မှုများကို လက်တွေ့ ဦးဆောင်တူးဖော်ခဲ့သူကိုယ်တိုင် ရှင်းလင်းပြသပေးခဲ့တာကြောင့် တော်တော်တွက်ခြေကိုက်ခဲ့တဲအပြင် ပညာရေးဝမ်းစာ တော်တော်ပြည့်ဝခဲ့ပါတယ်
ကွင်းဆင်းဖို့အပြင် ထပ်ပေးတဲ့ မစ်ရှင်တစ်ခုက အိုးခြမ်းကွဲ ငါးစကို နေရာမှတ်သားပြီး ကောက်ယူဖို့ပါ အိုးခြမ်းများကိုလည်း အိုးရဲ့ အထင်ကရ အစိတ်အပိုင်းများပါအောင် ကောက်လာဖို့လဲ မှာကြားတာကြောင့် စာရေးသူတို့ ကျောင်းသားတစ်စု ခေါင်းတွေ ညွတ်ပြီး တစ်လမ်းလုံး မျက်စိဒေါင်းတောက်အောင် ရှာကြရပါတယ် ရှာရင်းလျှောက်ရင်းနဲ့ ကုန်းအမှတ် ၃၉ နန်းတော်ရာ၏ အရံအတား ဂိတ်ဆီသို့ ရောက်ခဲ့ပါတယ် နန်းတော်ရာကို နံရံကုန်းရဲ့ ဝင်ပေါက်ဖြစ်တဲ့ ထိုနေရာမှာ စစ်မက်ရေးရာ ကြုံတွေ့ခဲ့ရတဲ့ လက္ခဏာတွေ တွေ့ရပါတယ် ဒီအရံအတား နံရံကြီးကို မနှစ်က ချဲ့ပြီး တူးဖော်ဖြစ်ခဲ့တာမို့ နံရံလေးဘက်လေးတန်စလုံး ဖမ်းမိထားပါပြီ စာရေးသူတို့ရဲ့ ဦးစီးကြီး ဒေါက်တာဂျုံးကိုယ်တိုင် တူးဖော်ထားတဲ့ ကုန်းအမှတ် ၄၁ဟာ နန်းတော်နံရံကြီး တိတိပပ ချိုးကွေ့သွားတဲ့ ဒေါင့်ချိုးကို မိမိရရ ဖမ်းလိုက်နိုင်ပါတယ် ထို့ကြောင့် ယခင်က တူးခဲ့ပေမဲ့ ယခုမြေပြန်ဖို့ပြီး ထိမ်းသိမ်းထားတဲ့ HL -1,2,6, 7 တို့ရဲ့ ပုံစံက တဆင့်နန်းတော်ကြီးကို ထောင့်မှန်စတုပုံစံလို့ သတ်မှတ်ထားပေမဲ့ HL 36, 39, 42, 43 တို့ရဲ့ အခင်းအကျင်း များဟာ ဟလင်းတို့ရဲ့ နန်းတော်ကြီးကို စတုရန်းပုံစံစင်စစ် ဖြစ်နေတယ် ဆိုတာကို ဖော်ပြနိုင်ခဲ့ပါတယ် မြေပြန်ဖို့ပြီး ထိမ်းသိမ်းထားတဲ့ HL -1,2,6, 7ကို ဝိုင်းပတ်ပြီး တည်ရှိနေတဲ့ နန်းတော်ရာ အသစ်ကို စာရေးသူတို့ရဲ့ ဦးစီးမှူးကြီး ဒေါက်တာဂျုံး ကိုယ်တိုင်တူးဖော်ကာ ဖော်ထုတ်နိုင်ခဲ့ပါတယ် အုတ်ရိုးတန်းကို ရိုးရိုးတူးတာ မဟုတ်ပဲ ထောင့်ချိုးနေရာများကို ထိထိမိမိ တူးခဲ့တဲ့ နည်းပညာသစ်က အချိန်နဲ့ စားရိတ်ကို များစွာ ချွေတာနိုင်ကာ အမြင်သစ်ကို တင်ပြနိုင်ခဲ့ပါတယ် HL- 39 နေရာကတော့ နန်းတော်ဝင်ပေါက်ဖြစ်ပြီး ထူးခြားတဲ့ ဝိသေသ လက္ခဏာများနဲ့ ဟလင်းရဲ့ ကံကြမ္မာကို ဖော်ပြနေပါတယ်

Tuesday, 3 April 2018

ဟလင်းကို မွှေနှောက်ခြင်း

(Zawgyi)
လေ့လာရေးခရီးစဉ် နှစ်ရက်မြောက်မှာတော့ နံနက် ၆း၃၀ မှာ စတင်ထွက်ခွာရမှာမို့ နံနက်ငါးနာရီ လောက်ကတည်းက ထပြီး ပြင်ရဆင်ရပါမယ် ထို့ကြောင့် အားလုံး စောစော အိပ်ယာဝင်ရမှာပါ ရန်ကုန်မှာဆို ညဆယ်နာရီိဆိုတဲ့ အချိန်ဟာ စောနေသေးတယ် ဆိုပေမဲ့ ထိုပထမနေ့ညမှာတော့ ကျောင်းသားတွေ အားလုံး အိပ်ယာထဲရောက်လို့ အသံငြိမ်ကာ အိပ်နေကြပါပြီ
နံနက် ငါးနာရီ နှိုးစက်တွေထမမြည်သေးခင် basic instinct နဲ့ နာရီဝက်အလိုမှာ စာရေးသူ အလိုလို နိုးလာပေမယ့် ငါးနာရီထိ ထပ်နှပ်နေပါသေးတယ် ငါးနာရီ မထိုးခင်မှာပဲ ဟိုက သည်က နှိုးစက်တွေ ထမြည်ပြီး ကလေးတွေ လှုပ်ရှားလာကြပါပြီ မိန်းကလေး အင်အားကောင်းတာကြောင့် ဟိုနေရာ တန်းစီ ဒီနေရာ တန်းစီ မဖြစ်ရအောင် ဝီရိယထားပြီး စောစော ထလုပ်ကြရပါတယ် ဒါမှသာ ဝီစီမှုတ်သံကြားတာနဲ့ အသင့်ဖြစ်နေကြမှာပေါ့
နံနက်ခင်းအတွက် ပြင်ဆင်ပေးထားတဲ့ နံနက်စာဟာ ထမင်းဆီဆမ်းနဲ့ မြေပဲကြော် သရက်ချဉ်သုပ်နဲ့ အငံကြော် တို့နဲ့ ဝမ်းရေးဖြည့်တင်းပြီး ဟန်လင်းမြို့ဟောင်းသို့ လေ့လာရေး စတင်ခဲ့ပါတယ် မြို့ဟောင်းမရောက်ခင် မြို့ရိုးရဲ့ အပြင်က သချို င်္င်းရာ တွေကို လေ့လာဖို့ အရင်သွားရပါတယ် ယနေ့ခရီးစဉ်ကိုလည်း မနေ့ကလိုပဲ ဆရာဦးစောနိုင်ကပဲ ဦးဆောင်ရှင်းပြခဲ့ပါတယ်
သချို င်္င်းရာ လေ့လာမှုဟာ မနေ့က ကုန်းနှစ်ခုနဲ့ဆိုရင် ၃ခုမြောက်ပဲ ဖြစ်ပါတယ် ဒီကုန်း၃ခုစလုံး ပျူမဆန်တဲ့ မြှုပ်နှံမှုတွေရှိပြီး နေရာကလဲ ဟလင်းမြို့ဟောင်းရာကြီးရဲ့ ပြင်ပမှာ လုံးလုံးလျားလျား တည်ရှိပါတယ် မြို့ထဲနေနေတဲ့ လူတွေနဲ့ ပတ်သက်မှု ရှိနိုင်ချေနည်းတဲ့ မြေလွှာအနေထားမှာ ထိုအရိုးစုနဲ့ အိုး လက်နက်စသည်ဖြင့်တို့ တွေ့ရပါတယ် အလွယ်သဘောပေါက်အောင် ပြောရရင် ပျူအရိုးအိုးတွေတွေ့ရတဲ့ မြေလွှာထက် ပိုနက်ပြီး ပိုရှေးကျတဲ့ နေရာက တွေ့ရပြီး မြှုပ်နှံပုံစနစ်ရယ် တွဲတွေ့ ပစ္စည်းတွေ ကွာခြားမှုကြောင့် ပျူတွေ မြို့ပြရယ်လို့ ထူထောင်မှု မရှိခင်ကာလ ကတည်းက မြှုပ်ခဲ့ကြတာ မို့ ပျူမြို့ရိုးကြီးထဲ မှာနေထိုင်ကြသူတွေနဲ့ ဆက်စပ်ပေးလို့မရနိုင်ပါဘူး

Monday, 2 April 2018

ဟလင်းသို့ အဝင်

(Zawgyi)
ဒီတစ်နှစ်အတွက် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန အသင်းဟာဖြင့် ကွင်းဆင်းခရီးကို ဟလင်းမြို့ဟောင်းသို့ သွားဖို့အလှည့်ကျပါတယ်။ ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ဘာသာအထူးပြုကျောင်းသူ ကျောင်းသားပေါင်း ၁၂၂ယောက်ရယ် ကြီးကြပ်သူ ဆရာ ဆရာမ ၈ယောက်တို့လိုက်ပါလာတဲ့ အောင်နိုင်မန်း ရန်ကုန် ရွှေဘို ကျွန်းလှ ခရီးသည်တင် ကားကြီး၃စီးဖြင့် ရန်ကုန်တက္ကသိုလ် ရှေ့ စာတိုက်နေရာတွင် စုရပ်ပြုကာ ၁.၄.၂၀၁၈ ညနေ ၅နာရီဝန်းကျင်မှ ရန်ကုန်မြို့တွင်းမှ အမြန်လမ်းမကြီးအတိုင်း စတင်ထွက်ခွာ ခဲ့ကြပြီး ည ၇း၀၅ မိနစ်တွင် ၃၉မိုင် ယာဉ်ရပ်နားစခန်းတွင် ညနေစာ စားသောက်ရန် နာရီဝက်ခန့် ရပ်နားကာ ၈း၂၀ခန့်တွင် ခရီးဆက်ခဲ့ပါတယ် ကားနံပတ် အမှတ်(၃)ကတော့ စာရေးသူစီးခဲ့ရတဲ့ကားဖြစ်ပြီး မာစတာ အောနပ်တန်း ဒီပလိုမာ ကျောင်းသားတို့ အတူစီးရပါတယ် ခုံအမှတ် ၃၉ နဲ့ ၄၀ တို့ဟာ လှုပ်လီလှုပ်လဲ့နဲ့ ထိုင်ဖို့ရာ ဒီပလိုမာတန်းက ကွီးတင်မိုးတို့ မဲကျတယ်ပဲ ဆိုကြပါတော့ ကွီးတင်မိုးတို့ကတော့ ဒေါင်ကျကျ ပြားကျကျ လှုပ်ရုံမက ပြုတ်ရုံပါပြုတ်နေပါစေ တောထဲ တောင်ထဲတောင် မြေသားမွှေ့ယာပေါ် ကျောခင်းအိပ်ရဲတဲ့ သဘာဝရှိတဲ့ Future archaeologist ကြီးမို့ အသာအယာပဲ ထိုင်စီးပေးခဲ့ပါတယ် အကြီးပီပီ အနစ်နာခံ ပေးတဲ့ ကွီးတင်မိုးတစ်ယောက် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ဌာနနဲ့ အရှည်သဖြင့် လက်တွဲနိုင်ပါစီလို့ မေတ္တာဝေပါတယ်
အမြန်လမ်းမ အပန်းဖြေနားခိုစရာ နေရာနောက်တစ်ခုဖြစ်တဲ့ ၁၁၅မိုင် ယာဉ်ရပ်နားစခန်းမှာလဲ နာရီဝက်ခန့် နားပြီးနောက် ည၁၀နာရီ နောက်ပိုင်းမှာတော့ မရပ်တော့ပဲ တောက်လျောက်မောင်းလာခဲ့တာမို့ ရွှေဘိုမြို့ကို နံနက် ၄နာရီခွဲခန့်တွင် ရောက်ခဲ့ပါပြီ
မနက်စောစော လူခြေတိတ်တဲ့ အချိန်က ငြိမ်သက်နေတဲ့ ငါးမည်ရ ပြည်ရွှေဘိုကြီးကို ကားပေါ်က လေ့လာရင်း ဟလင်းက အပြန်မှာ ရွှေဘိုကို ဝင်လေ့လာဦးမယ်ဆိုလို့ အားမလို အားမရ ဖြစ်နေတဲ့ စိတ်ကို ချုပ်ထိမ်းထားလိုက် ပါတယ် ထပ်တွေ့ကြသေးတာပေါ့ ပြည်ရွှေဘိုကြီးရေ
ရွှေဘို မန်းလေး လမ်းပေါ်က လမ်းခွဲလေးတစ်ခုကို ချိုးကွေ့သွားတဲ့ ရှေ့ကသွားနေတဲ့ ကားနောက်မြီးကို လိုက်ကြည့်နေတော့ ချိုးကွေ့သွားတဲ့ အခါ ဟန်လင်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ရောက်ပြီဆိုတဲ့ အသိက ရင်ကို သိမ့်ကနဲ လှုပ်ရှားစေခဲ့တယ်
ကိုယ်လာပြီ ဟလင်းရေ ကုန်းပေါင်း ၃၃ခုလောက်က ကိုယ်တွေဝါသနာအိုးများ မွှေနှောက် ခြင်းဒဏ်ကို ခံစားရဖို့ အသင့်ကြို စောင့်နေလိုက်တော့ ရှေးသုစကားနဲ့ neolithic ခေတ်ကတည်းက အရပ်စကားနဲ့ဆို ကျောက်ခေတ်သစ်တည်းက ယနေ့ထိ လူခြေမပြတ်ခဲ့တဲ့ ရပ်ဝန်းကြီးထဲ ရောက်ခဲ့ပါပြီ ကွင်းမဆင်းခင် တင်ကြိုလေ့လာရေး Literature review လုပ်ထားခဲ့ရတာမို့ ဟလင်းရဲ့ လူနေမှု စီးပွားရေးနဲ့ ယဉ်ကျေးမှု အဆောက်အအုံများက စိတ်ကူးထဲမှာတော့ အရမ်းခမ်းနားခဲ့ပါတယ် အတွေးထဲက ဟလင်းရဲ့ ခမ်းနားမှုတွေကို တူးဖော်ကြည့်ဖို့ အခွင့်အရေးရလာချိန်ဆို တော့ ဘယ်နေရာမှ အလွတ်မခံပဲ တွေ့သမျှ မှတ်သားရပါလိမ့်မယ်
ရွှေဘိုလမ်းခွဲက ဟလင်းမြို့ဟောင်းဆီသို့ ဝင်လာတဲ့ လမ်းဟာ ခရီးသည်တင် ကားကြီးများအတွက် ကျဉ်းလွန်းပါတယ် express ကြီးတွေ စီးပြီး ဝင်လာကြမဲ့ နိုင်ငံခြားသားတွေကို လမ်းပြ ခေါ်ဆောင်လာဖို့အတွက် တိုးရ်ဂိုက်တွေ စိတ်ဝင်စားမှာ မဟုတ်ပါဘူး

Thursday, 31 August 2017

ပုဂံဆိုတာ ညဘက်တွင် ပိုလှသလား

(Zawgyi)
Night Study ဆိုတာ Field Archaeology သင်ခန်းစာကို နဖူးတွေ့ ဒူးတွေ့ဆုံစည်းရန် ကြိုးပမ်းကြတဲ့ လေ့လာရေး ကျောင်းသူကျောင်းသားများအတွက် အလွန်ကြီးမားသော အခွင့်အရေးတစ်ခုဖြစ်သည်
တစ်နှစ်တာကာလအတွင်း စာသင်ခန်းတွင် ဆည်းပူးခဲ့ရသည့် သီအိုရီတို့သည် ဖြေဆိုပြီးတဲ့ စာမေးပွဲနှင့်အတူ မပါသွားခင် အတင်းခေါင်းလောင်းတီးပြီးပြန်ခေါ်ကာ မင်မိုရီ ရီဖရက်ရှ်ဖြစ်နေတုန်း လက်တွေ့ စာတွေ့ လုပ်ငန်းစဉ်အား ထပ်တူချရမည် စာရွက်ထဲက မှတ်ဥာဏ်နှင့် အပြင်မှာ တွေ့ရတဲ့ သက်မဲ့အရာဝတ္ထုတို့သည် ကိုယ့်ထင်မြင်ယူဆချက်အတိုင်း တစ်ထပ်တည်းကျပါ့မလား မျက်မြင်အယူအဆတွေ ဘယ်လောက်တိုးတက်လာမလဲ ကြံဆရမည် ဖီးလ်ကြေး ရှစ်သောင်းသွင်းပြီး ဘုရားဖူးထွက်ခဲ့တာမဟုတ် ပညာရပ်တစ်ခု တိုးပွားစေဖို့ ဗဟုသုတ ရှာမီးရန် ကွင်းဆင်းအတွေ့အကြုံယူကြခြင်းဖြစ်သည်
ပုဂံကို ရှေးဟောင်းသုတေသန ရှုထောင့်နှင့် လေ့လာဖို့က ကျယ်ပြန့်လှသည် ဗိသုကာဗျူးပါသည် သမိုင်းဗျူးလဲ ထည့်ရမည် အနုပညာဗျူး လူမှုရေးဗျူး စာပေ လက်ရေးလက်သားနဲ့အက္ခရာအစရှိတဲ့ မြန်မာစာဗျူး တို့အပြင် ထိန်းသိမ်းစောင့်ရှောက်တဲ့ ဗျူးကလည်း ချန်ထားလို့မရ တူးဖော်ဆဲ နန်းတော်ရာလဲရှိတာမို့ exploration, excavation & publication လဲထည့်ရမည်
ဒါပေမယ့်

Thursday, 11 May 2017

အညာပုဂံဘုရားဖူး



<Zawgyi Version>

မြန်မာတွေရဲ့ အတိတ်သမိုင်းအစစ်ကို သိချင်ရင် ပုဂံသွားကြည့် နိုင်ပါတယ်တဲ့ ..

ကိုယ့်အရှင် ကိုယ့်သခင် ကိုယ့်ဘုရင် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှာန်းနဲ့ နေထိုင်လာနိုင်ခဲ့တဲ့ သက်သေ 
နန်းတော်ရာကြီးများနှင့် နန်းမြို့ရိုး
ဓနငွေကြေး အင်အားတောင့်တင်းမှုကို အကောင်းဆုံးဖော်ထုတ်တင်ပြနေတဲ့ သက်သေ လက်ညှိုးထိုးကြည့်တိုင်း မလွဲနိုင်လောက်အောင် များပြားခဲ့တဲ့ စေတီပုထိုးများ နှင့်အတူ
စည်ပင်ပြန့်ပွားခဲ့သော ဗုဒ္ဓဘာသာရေးဆိုင်ရာပြယုတ်များ
တစ်ဖြည်းဖြည်း တိုးတက်ထွန်းကားလာတာကို တွေ့နိုင်တဲ့ ဗိသုကာလက်ရာများ သဒ္ဓါတရား ထက်သန်
လွန်းစွာခြယ်မှုန်းတင်ပြထားတဲ့ ပန်းချီလက်ရာများ အပြင်အခြားသော အနုပညာ သုခုမ ပန်းဆယ်မျိုးဆိုင်ရာ အနုစိတ်လက်ရာများ အစရှိသဖြင့်ပုဂံဟာ မြန်မာ့သမိုင်းတစ်လျောက်လုံးအတွင်း မာန်ဟုန်မည်မျှ ကြီးမားခဲ့တာကို သိနိုင်ပါတယ်
-

Monday, 1 May 2017

တံလျပ်


“ ဒုံး ”
“ ဟဲ့ ပလုပ်တုတ်” 
စက်ကို စိတ်ပါဝင်စားစွာ နင်းနေတုန်းတစ်ခုခုကို လွှတ်ချလိုက်တဲ့ အသံကြောင့် အာရုံပျက်သွားသလို စိတ်ထဲကလဲ ထိတ်ကနဲ
“ ဟူးမောလိုက်တာ အငယ်မကော မကြီး ”
“ သူ့အခန်းထဲမှာ စာကျက်နေမှာပေါ့ မျက်နှာက သိပ်မကောင်းပါလား အပြင်မှာ ဘာဖြစ်လာတာလဲ မောင်လေး ”
“ အမေကော ”
“ ကော်ပိတ်လေးတွေလိုလို့ သွားဝယ်တယ် အပြန်ကျ သူ့သူငယ်ချင်းဆိုင်ကို ခနဝင်မယ်တဲ့ ”
“ ဟူး ”
လုပ်ပြန်ပြီ သက်ပြင်းက မျက်နှာကလဲ နီရဲပြီး ပျက်ခွက်နေတဲ့ မောင်ငယ်ကို ကြည့်ရင်း 
 “ အဖေကော ”
“ သူ့အလုပ်မှာနေမှာပေါ့ နေစမ်းပါဦး မင်းပုံကြည့်ရတာ တစ်ခုခုကို စိတ်ဆိုးလာသလိုပဲ ငါမေးနေတာကျ မပြောပဲ အမေတို့ ဘယ်သွားသလဲပဲ မေးနေတော့တာပဲ မင်းစိတ်ဆိုးလာတာ အမေတို့ကဆူလို့လား ”
“ ဟယ်ကိုလေးငယ် ပြန်ရောက်နေပြီလား ခြူ့အတွက် မုန့်ဝယ်လာမယ်ဆို ဘယ်မှာလဲ ” 
“ မုန့်က အသာထားလိုက်စမ်းပါ ခုက ငါတို့မောင်နှမတွေ ဘဝပျက်တော့မယ်ထင်တယ် ”
“ ဟဲ့ဘာဖြစ်လာတာလဲ မောင်ဖြိုး ဘာဖြစ်တာလဲ ” 
စက်ခုံက ငေါက်ကနဲထပြီး သူ့မောင်နှမနှစ်ယောက်ရှိရာကို စွေ့ကနဲရောက်ချလာတော့
“ အဖေပေါ့ဗျာ ” 
ပြောစရာရှိတာကို ဆက်မပြောပဲ မျက်နှာကို လက်ဝါးအုပ်ပြီး ခွပ်ခွပ်ခွပ်ခွပ် လုပ်နေပြန်သည် 
“ ဒေါက် ဟယ် ပြောစရာရှိတာ မပြောပဲ ပြော ဘာဖြစ်တာလဲ အဖေဘာဖြစ်တာလဲ ” 
လက်စလက်နရှိတဲ့ အမက စိတ်မရှည်တော့ပဲ လက်ပါလာပြီဆိုတော့ ပူခနဲ ဖြစ်သွားတဲ့ နဖူးကိုပွတ်ပြီး အလန့်တကြားဖြင့်
“ အဖေ အဖေပေါ့ဗျာ လုပ်ရက်တယ် နောက်မိန်းမရနေပြီလားမသိဘူး ”
နောက်က ဆက်ပြောသော ဝါကျသည် မျက်နှာကို လက်နဲ့အုပ်လိုက်ရင်း ထောင်ထားတဲ့ ဒူးနှစ်ဘက်ကြား ဖွက်ရင်းပြောလိုက်တာကြောင့် ခပ်တိုးတိုးဖြစ်ပေမယ့် တထိတ်ထိတ်နှင့် နားထောင်နေသော သူ့တို့ညီအစ်မ နှစ်ဦးနားထဲမှာတော့ နူဗုံးပေါက်ကွဲသလို ကျယ်လောင်အုပ်မိုး တုန်ဟီးလျက် တစ်အီအီနှင့် ပဲ့တင်ထပ်မျှ
“ သေချာလို့လား မောင်ဖြိုးရယ် ”
မွန်းကြပ်လာသော ရင်ခွင်က ဒဏ်ရာ သက်သာလို သက်သာငြား မြက်တစ်ပင်ကို လှမ်းဆွဲဖို့ ကြိုးစားသော်လည်း
“ တည်းခိုခန်းတစ်ခုက ထွက်လာတယ်ပြောတယ် သူ့ဘေးမှာလဲ မိန်းမ တစ်ယောက်နဲ့ဆိုပဲ အဲဒီမိန်းမ မျက်နှာကို တော့မတွေ့လိုက်ဖူး ကိုယ်လုံးကိုယ်ပေါက်က လုံးကြီးပေါက်လှတဲ့ အိုက်မိန်းမ ပုခုံးကို ဖက်ပြီးသွားနေတာ အဖေက နောက်လှည့်ကြည့်လိုက်လို့ ဘယ်သူမှန်းသိရတာတဲ့ ကားတားပြီးထွက်သွားတာ ကျနော့်သူငယ်ချင်း သေချာ မြင်လိုက်တယ် ”
“ လူမှားတာများလားဟယ် ”
“ သူမြင်လာတယ်များ မှတ်နေတယ် ကောလဟာလတွေ ခြူမယုံဘူး ကိုလေးငယ် နော်မမကြီး ” 
“ အဲဒီသူငယ်ချင်းက အဖေ့ အရာရှိရဲ့ သားပါဗျာ ခင်များတို့ကလဲ ကျနော်လဲ မဖြစ်စေချင်ပါဘူး ဟူး ” 
ထို့နောက် အိမ်ထဲတွင် အပ်ကျမတတ် တိတ်ဆိတ်သွားတော့သည် 
လူချောတစ်ဦး ဖြစ်ခဲ့တဲ့ အဖေငယ်စဉ်က တော်တော် မြာပွေခဲ့သည် ရုံးဝတ်စုံ လည်ကတုံးရှပ်အင်္ကျီအဖြူနှင့် အသန့်အပြန့် ကြိုက်လွန်းတဲ့ သူတို့ဖခင်ကြီးက ခုထိတိုင် ကြည့်ကောင်းတဲ့ လူလတ်ပိုင်းအရွယ် တစ်ယောက်ဖြစ်နေဆဲ အသက်၄၅တောင် မပြည့်ချင်သေးတဲ့ အမျိုးသား ခပ်ဖြောင့်ဖြောင့်တစ်ယောက်အတွက်က ခြေလှမ်းခိုင်ခိုင် လျှောက်ဖို့က ခုခေတ်ကြီးထဲ ဘယ်လွယ်ပါ့ ရည်းစားများတဲ့ သူတို့အဖေတစ်ယောက်ဟာ အသက်ပြည့်ကာစ သူတို့အမေကိုတွေ့ခါမှ ခပ်မြင့်မြင့် ခတ်ထားတဲ့ စည်းဝိုင်းကြီးထဲ ကျေကျေနပ်နပ် ဝင်ခဲ့တာကို သူတို့မိခင်က ဂုဏ်ယူမဆုံး 
“ ရည်းစားတွေ အများကြီးတော့ရှိတာပေါ့အေ ဒါပေမယ့် အမေ့ကိုမှ သူက အိမ်ကို လာတောင်းခဲ့တာ ”
ရှက်သွေးဖြန်းနေပေမယ့် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ မျက်နှာကြီးနဲ့ ပြောတတ်တဲ့စကားက အပ်ကြောင်းထပ်မျှ

အမေဆီအတွေး ရောက်သွားတော့ အဖေနဲ့ အသက်၇နှစ်ကွာတဲ့ အမေကလည်း ခုချိန်ထိ သမီးတွေနဲ့ အပြိုင် အပျိုတွေ ရှုံးအောင်လှနေတုန်း တင်ပါးဖုံးထိဝဲနေတဲ့ ဆံပင်မဲမဲ ခဲခဲကြီးများကို ဖိ၍ ဆံကျစ်ကျစ်ထားတဲ့ ဆံပင်ပုံစံနဲ့ အမြဲနေတတ်ပေမယ့် ဘယ်လိုနေနေ ကြည့်လို့ကောင်းနေတာက ကိုယ့်အမေမို့လားတော့ မပြောတတ် 
“ အမေများ သိရင် ”
ထိုအတွေးကြောင့် ကိုယ်ထဲတွင် စိမ့်ခနဲ ဖြစ်လျက် 
“ အမေမသိစေနဲ့နော် ”
“ အဖေလုပ်ရက်တယ် မကြီးရာ ”
“ ဟင့်ဟင့် ရွှတ် ”
အဖေ့အသည်းကျော် အငယ်ဆုံးမက တအိအိနဲ့ စငိုပါတော့သည် 
“ ဟင့်ဟင့် မိဝါတို့ ဖေဖေလိုများ အဖေထွက်သွားခဲ့ရင် သမီးတို့ဘဝပျက်တော့မှာလား မမကြီး ”
ဘေးအိမ်က သူ့သူငယ်ချင်း မိဝါရဲ့ အဖြစ်ကို တွေးမိသွားပြီး ပိုကြောက်လာသလို ငိုချင်းချနေတဲ့ ခုနှစ်တန်းကျောင်းသူလေးကို နှစ်သိမ့်လိုသော်ငြား ကိုယ်တိုင်ကလဲ ဆို့နှင့်နေတာမို့ အင်းအဲတောင် မပြုမိပဲ ခေါင်းကို အပြင်းအထန်အလုပ်ပေးနေမိသည် 
“ ဘာဆက်လုပ်ရမှာလဲ ဘာဆက်လုပ်ရမှာလဲ ” 
လွန်ခဲ့သောတစ်နှစ်လောက်က သူတို့နံဘေးကအိမ်တွင် မုန်တိုင်းတစ်ခု ဝင်မွှေသွားခဲ့သည် ထိုမုန်တိုင်းသည် ထိုမိသားစုရဲ့ ဘဝကို တစ်စစီ ဆုတ်ဖြဲရင်း ကျော့ကျော့ မော့မော့ ပြန်ထွက်သွားခဲ့သည် ချမ်းသာသူတွေမို့ ကားတစ်ဝီဝီစီးကာ နေ့မီးညမီးဖြင့် ပျော်ပါးခဲ့ကြတုန်းကလဲ အားကျစရာပါ အစားအသောက် ကောင်းကောင်းကို ကြိုက်တတ်တဲ့ မိဝါရဲ့ မိခင် ဝဝကြီးက တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ပြုတ်စားသောက်တိုင်း သူတို့ကို ဘယ်တော့မှ မမေ့ပဲ တစ်ခွက်တစ်ချိုင့်တော့ ရောက်စမြဲ အပ်ချုပ်ကောင်းတဲ့ မိခင်ကြီးရဲ့ ဖောက်သည်လည်း ဖြစ် အိမ်က ညီမအငယ်ဆုံးလေးနဲ့ ထိုတစ်ဦးတည်းသော သမီးလေးတို့က တစ်ခန်းထဲ ကျောင်းနေဖက် ဆိုတော့ နှစ်အိမ့်တစ်အိမ်နေလာကြရင်း အစပျိုးလာတဲ့ မုန်တိုင်းသည် ထိုအိမ်သားများကို ကွေကွင်းစေပါတော့သည် 
“ မလုပ်ပါနဲ့ ဖေဖေရယ် မလုပ်ပါနဲ့ သမီးတောင်းပန်ပါတယ် ”
ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ ရန်ဖြစ်ကြရင်း ညှိနှိုင်းဖို့ မလွယ်ဖြစ်လာတော့ ထိုအိမ်က သောကများသည် သည်ဘက်အိမ်ထိ ကူးလာတော့သည် အိမ်က အပြီးထွက်သွားတဲ့ အပြင်တွင် အပျော်ရှာနေတဲ့ ယောကျာင်္းကို ဖက်တွယ်ထားလိုတဲ့ မိဝါရဲ့ မိခင်ကြီးရဲ့ အသနားခံမှုများကို မကြားချင်မှအဆုံး ငါးစိမ်းမြင်သဖြင့် ငါးကင်ကို ပစ်ချင်နေတဲ့ လင်ယောင်္ကျားတစ်ယောက်ကဖြင့် ရက်စက်သော တုံ့ပြန်ချက် ပေါင်းများစွာဖြင့် ငယ်ရွယ်နုနယ်လွန်းသော မိန်းကလေး တစ်ဦးရဲ့ စိတ်ကို ဒဏ်ခတ်နေသည့်အလား ကြာတော့ မကိုမချစ်၍ ဥကိုပါ မခင်ဖြစ်လာတဲ့ ဖခင်ရဲ့ ဒေါသမုန်ယိုမှုက ကလေးဘက်ကိုပါ လှည့်လာတော့သည် သူ့ကိုလွှတ်ပေးမချင်း သားအမိနှစ်ယောက်ကို နှိပ်စက်နေသည့်အလား နေ့တိုင်းသည်ငရဲ ညတိုင်းသည် ယောယုဝ ဖြစ်လာတော့ မခံနိုင်သည့်အဆုံး တရားတစ်ဘောင်နှင့် ခွဲခြမ်း ကွာရှင်းလိုက်ရတော့ ကွဲပြဲသွားတဲ့ ပစ္စည်းခန်းနှင့် အတူ ထိုသားအမိနှစ်ယောက်လဲ နေ့ချင်းညချင်း ဝေးရာသို့ လွင့်သွားရရှာတော့သည် 
“ ဟူး ”
မောင်ဖြိုးရဲ့ သောကအတိုင်း ပုံတူ ထွက်သွားတဲ့ သက်မတစ်ခု အမေများ ထိုသို့ အနှိပ်စက်ခံရလျှင် ... 
ဟင် မဖြစ်နိုင်ပါဘူး အဖေဆိုတာက အမေ့ကို မြင်လိုက်တာနဲ့ အမြဲပြုံးသွားတတ်တဲ့သူ ဘယ်ကပြန်လာပြန်လာ အိမ်ထဲကိုလူမှ မရောက်တတ်သေး 
“ နင်တို့အမေကော ” 
ကအရင် ရောက်လာတတ်တာ ခြေသည်းလက်သည်း ဆံပင် ညှပ်တာဘယ်မှမသွား သူ့မိန်းမ လက်ရာမှ သူ့အဝတ်အစားများ အမေမီးကြွေထိုးမပေးမိတာကို ဆိုရင်လဲ သူချက်ချင်းသိတယ် အမေများ မီးဖိုထဲ ချက်ပြုတ်နေရင် သူကပါ သတင်းစာတစ်စောင်နဲ့ မီးဖိုထဲ အပူဝင်ခံသူ အဝတ်လျှော်ရေချိုးတဲ့ နေရာထိတောင် တကောက်ကောက်လိုက်ပြီး စကားပြောတတ်သူ ရှင်းရှင်းပြောရရင် အဖေက ပိုချစ်တတ်တဲ့သူကြီး မဟုတ်ပါ လား ဒါပေမယ့် ဆယ်တန်းမအောင်၍ ကျောင်းဆက်မတက်တော့ပဲ မိခင်နဲ့ အတူ စက်ချုပ်နေတဲ့ သူမသည် ၁၈နှစ်ရှိပြီး အရွယ်ရောက်သော အပျိုတစ်ယောက် ဖြစ်နေခဲ့ပြီ ဆိုတော့ လင်မယား သဘောသဘာဝကို နားလည်သလောက်ရှိပြီ သူတို့ညီအစ်မ အရွယ်ရောက်ချိန်မှာ အိမ်တွင်ရှိသော တစ်ခန်းထဲသော အိပ်ခန်းလေးသည် အပျိုခန်းအဖြစ် ပြောင်းလဲသွားသည် သူတို့ညီအစ်မ နှစ်ယောက်နဲ့ မိခင်ကြီးတို့ အတူအိပ်စက်လျက် အပြင်မှာ အဖေနဲ့ ကိုဖြိုးတို့က တစ်ခြင်ထောင်ထဲ အိပ်ရသည် ဘယ်မလဲ လင်မယားဘာသာဘာဝ

သူမကလဲ ဆယ်တန်းကို နှစ်ခါ ဖြေပြီး ပညာပါရမီနည်းတာ သိရတဲ့ နောက်ပိုင်း မိခင်ကြီးကို ကူညီရင်း အိမ်ထဲတွင်သာ အောင်းနေခဲ့တာလဲ ကြာလှပြီ ခုကိုဖြိုးက ဆယ်တန်း ခြူဆည်းလည်းလေးက ခုနှစ်တန်းသာရှိသေးတာမို့ မိသားစုတွင် ဥမမယ် စာမမြောက်တွေကများနေတော့ ဝမ်းနည်းစိတ်က ရင်ထဲသို့လှိုက်ကနဲ တက်လာသည် သတင်းကြားကြားချင်း ပြေးမြင်မိနေတဲ့ မိခင်ရဲ့ ရုပ်ပုံလွှာ ခပ်နွမ်းနွမ်းလေးက ခုထိပျောက်မသွား အမေ့အတွက် အဖေက ငယ်ချစ်ဦးပင် သူဘယ်လောက်နေမကောင်းဖြစ်နေ ဖြစ်နေ ဖခင်ကြီး ရုံးကပြန်လာချိန်ဆို ဖီးလိမ်းပြင်ဆင်၍ မျှော်နေကျ မိခင်ရဲ့ မေတ္တာ အတိမ်အနက်ကို ကောင်းကောင်းသိနေသဖြင့် ရှေ့ဆက်ကြုံရမည့် ဇာတ်လမ်းကို ဆက်မတွေးရဲ ဘေးအိမ်က အန်ကယ်ကြီးလိုသာ ဖုတ်ဖက်ခါပြီး ထွက်သွားခဲ့လျှင် မိခင်ကြီး တစ်ခုခု ဖြစ်သွားမှာမလွဲတာ အသိသာချည်း
“ ကဲ အမေပြန်လာခါနီးပြီ အငယ်မ သနပ်ခါးပြန်လိမ်းပြီး စာကျက်နေတော့ မောင်လေးလဲ ရေချိုးတော့ အိနြေ္ဒမပျက်စေနဲ့နော် ”
“ ဟင့်ဟင့် ရွှတ် ”

“ အမေ ”
အတွေးကိုယ်စီနဲ့ စက်ပြိုင်နင်းနေရင်း သူ့မိခင်ထံ အကြည့်ရောက်တော့ သနပ်ခါးအဖွေးသားနှင့် ကျက်သရေရှိလွန်းတဲ့ အမေ့ကို ခနငေးနေရင်းက အသံပြုစဉ် စက်နင်းနေရင်း တန်းလန်းနဲ့ သူမထံလှမ်းကြည့်လာသည် 
“ ဈေးဝယ်သွားရအောင်လေ သမီးဝယ်စရာရှိတယ် ”
“ သွားလေသမီး အမေနဲ့ ထားခဲ့လေ ”
“မဟုတ်ဖူး အမေနဲ့ တူတူသွားချင်တာ ”
“ အင်္ကျီရွေးတဲ့သူတွေ လာမှာလေ တော်ကြာ ကတိပျက်နေပါဦးမယ် ”
“ ညနေမှ လာမှာပါ အမေရယ် ချုပ်လို့လဲ ပြီးနေပြီပဲဟာ သွားရအောင်ပါ သမီးလဲ တစ်နေ့တစ်နေ့ အိမ်ထဲမယ်နေရတာ ပျင်းလှပြီ တစ်ယောက်ထဲလဲ မသွားချင်ဘူး နော်အမေ လိုက်ခဲ့ပါနော် ”
“ အငယ်မ ကျောင်းပြန်လာရင် လိုက်ရှာနေဦးမယ် ”
“ သွားရအောင်ပါ အမေရယ် ဒါတွေ လိုက်တွက်နေရင် ပြီးတော့မှာ မဟုတ်ဖူး ” 
“ သမီးသွားချင်တယ် ဆိုတော့လဲ သွားကြတာပေါ့ ညနေ ညည်းအဖေ ပြန်ရောက်မလာခင်တော့ ပြန်ရမယ်နော် ”
“ သိပါတယ် အမေရယ် လာလာ ဒီတိုင်းသွားကြမယ် ”
“ အော်အေး ကောင်မလေးရယ် ဘယ်လိုများဖြစ်တာလဲ ”
“ ခစ် ခစ် ခစ် ”
မိခင်ကို ချွဲပြလိုက်ရင်း ရယ်သံလိုက်ပေမယ့် ရင်ထဲမှာ ပူလောင်နေတာကို ကိုယ်တိုင်အသိ 
“ အမေ ဒါလေးကြိုက်လား ”
“ ဟယ် ဘယ်သူ့အတွက်လဲ အမေ့အတွက်လား ”
“ ဟုတ်တယ်လေ ဒီလိုလေးဝတ်ပြီး ပေါ့ပေါ့ပါးပါး နေပါ အမေရယ် အသက်က ငယ်ငယ်လေးရှိသေးတယ် ”
“ အော်အေ ညည်းအိမ်ထောင်ကျများကျရင် မြေးချီရတော့မယ့်ဟာ မငယ်တော့ပါဘူး ”
“ ကြည့်စမ်းပါဦး အမေနဲ့ လိုက်တယ် ယူမယ် အမ ”
“ ဟင် မလိုပါဘူးဆို အမေ့မယ် အဝတ်အစားတွေ တပုံချည်း ”
“ အဖွားကြီး အင်္ကျီတွေများ အဝတ်အစားတဲ့လား ”
အတွေ့အကြုံအသစ်ကြောင့် မျက်နှာလေး လန်းဆန်းနေတဲ့ မိခင်ရဲ့ အပြုံးကို ကျောခိုင်းလိုက်ပြီး ပေါက်ခနဲ ကျလာတဲ့ မျက်ရည်စကို ခိုးသုတ်လိုက်သည် လူမမယ်အရွယ်နဲ့ ကလေးအမေဖြစ်ခဲ့ရှာသော မိခင်ကြီးမှာ ထိုအတွေ့အကြုံက အသစ်အဆန်းဖြစ်နေမှာမလွဲ လင်သားနဲ့ သားသမီးအတွက် အချိန်ပေးရင်း သူမအတွက် သီးသန့်ရပ်တည်မှု ပျောက်ဆုံးနေရှာသူကြီး 
ထိုနေ့က ဘာရယ်မဟုတ် ဖိနပ် အိတ် မိတ်ကပ်ပစ္စည်းတွေ အသားအရည်ထိမ်းပစ္စည်း ကောင်းနိုးရာရာတွေ ဝယ်လိုက်တာ အိမ်အပြန်လမ်းမှာ အထုပ်အပိုးတွေက တပွေ့တပိုက် ချွေးစလေးတွေနဲ့ ရယ်နေတဲ့ မိခင်မျက်နှာကို ထိုအနေအထားအတိုင်း အမြဲမှတ်မိနေချင်တဲ့ သူမရဲ့ ဆန္ဒက ပြည့်ပါ့မလား ထိုနေ့အပြန်ခရီးမှာ သူမရဲ့ ပုခုံးတစ်ဘက်က ပိုမိုလေးလံလာခဲ့သလိုလို 
“ ကိုယ်နဲ့ ရွယ်တူတွေလို လှလှပပ ပြင်ပြင်ဆင်ဆင် ဝတ်ဝတ်စားစားလေးနဲ့ အမေဘယ်လောက်လှကြောင်း အဖေ့ကို ပြလိုက်စမ်းပါ အမေရာ ”

----------------------------------------
“ ဒုံး ”
မဝယ်စဖူး ဝယ်ခြမ်းလာသမျှ ပစ္စည်းတွေနဲ့ အပျော်လွန်ပြီး အလုပ်ရှုပ်နေတဲ့ သားအမိသုံးယောက်လုံးရဲ့ ဦးခေါင်းက လည်ထွက်လျက် အိမ်ရှေ့ကိုလှမ်းကြည့်လိုက်သည် ဒီအချိန်ဆို အမြဲကြားနေကျ ဓါတ်ပြားဟောင်းကြီး “ နင်တို့အမေကော ” ဆိုတဲ့ အသံအစား ကြမ်းပြင်ပေါ် လွယ်အိတ်ချလိုက်သော အသံနှင့် တင်းမာခက်ထန်နေသော အဖေ့မျက်နှာကြောင့်
“ ဘာဖြစ်လာတာလဲတော် ”
“ တောက် ” 
“ ကိုမျိုးဘာဖြစ်လာတာလဲ ”
ထူးဆန်းတဲ့ အဖေ့ပုံစံကြောင့် သူတို့သားအမိတွေ အကြောင်သား ငေးကြည့်နေစဉ် အိမ်ထဲကို ကိုဖြိုးက ဝင်ချလာသည် သူ့ပုံစံကလဲ မှုန်ကုပ်ကုပ်နဲ့ ထီမထင်သော မျက်နှာပေးနဲ့ ဖြစ်သည်
“ မင်းသား ဆေးလိပ်သောက်နေတယ် ”
“ ရှင် သား ဆေးလိပ်သောက်တယ် ”
“ ကိုဖြိုးဆေးလိပ်သောက်တယ် ”
ဖခင်ကြီးရဲ့ စကားအဆုံး သားအမိနှစ်ယောက် တစ်ပြိုက်နက် ပြောမိလိုက်သည်
“ အေး လမ်းဘေးက အုတ်ခုံမှာ ထိုင်သောက်နေတာ ငါကိုယ်တိုင် တွေ့တာ ဒါကို ငါကပြောတော့ ခုမျက်နှာပေးအတိုင်း လုပ်ထားပြီး စကားကိုလဲ မချေမငံ ပြန်ပြောတယ် လူကြားထဲ ငါမရိုက်ချင်လို့ အိမ်ပြန်လာတာ ”
“ သားဟုတ်လား ဘာလို့ လုပ်ရတာလဲသားရယ် ”
တုန်ခိုက်ခိုက် ထွက်လာတဲ့ လေသံကြောင့် မိခင်ဘက်ကို မျက်လုံးဝေ့ကြည့်ရင်း မျက်နှာကျောကို လျော့လျက် 
“ သား နောက်မလုပ်တော့ပါဘူး အမေ ”
“ အေး မင်းကျမှ စကားမေးရသေးတယ် ငါ့ကို တလမ်းလုံး စောင်ပေပေကြည့်ပြီး တစ်ခွန်းမှ ပြန်မပြောဘူး လူပါးဝနေတာ တောက် ”
“ အဖေကျနော့်ကို ဘာမှ ပြောစရာမလိုဘူး ”
မိုးကြိုးပစ်ချလိုက်သလို ခက်ထန်စွာ ပြန်ပက်လိုက်တဲ့ ကိုဖြိုးစကားက သူတို့အားလုံးကို ပိုပြီးအံ့အားသင့်စေလျက် သူမကတော့ ကိုဖြိုးလွှတ်ကနဲ ပြောချလိုက်မိမှာ ကြောက်ပြီး
“ ကိုဖြိုး နော် ”
“ သား ဘာဖြစ်တာလဲသား ကိုယ့်အဖေကို ပြန်မပြောရဘူးလေ ”
“ အမေလဲ ဘာမှ မသိပါဘူး အမေရာ ”
“ တော်တော့လို့ ငါပြောနေတယ်နော် ကိုဖြိုး ”
“ တယ်လေငါ ”
“ မလုပ်နဲ့ ” 
လက်ကိုရွယ်ရင်း ကိုဖြိုးထံသို့ ပြေးကပ်သွားတဲ့ ဖခင်နှင့် ကိုဖြိုးကြားကို သူမ ဘယ်လိုရောက်သွားမှန်း မသိ မျက်လုံးများက မီးဝင်းဝင်းတောက်နေတာကြောင့် သူမမျက်နှာထားကို တွေ့လိုက်တဲ့ ဖခင်ကြီးရဲ့ ခြေလှမ်း ချက်ချင်းရပ်သွားကာ အံသြတကြီး သူမကို ငေးကြည့်နေရင်းနဲ့ မင်သက်သွားသလို ရှုပ်သွားတဲ့ အခြေအနေကို ထိမ်းဖို့ ကြိုးစားနေတဲ့ မိခင်ကြီးကလဲ သူမမျက်နှာထားကို မြင်သွားကာ 
“ သမီးကြီး ” 
အဖေကတော့ ကြမ်းပြင်ပေါ်ကို ဒူးညွှတ်လျက် ကျသွားသည့် အထိ သူမကို ငေးကြည့်နေတုန်း အမေကလဲ သားကောင်ကို ခုန်အုပ်ဖို့ အဆင်သင့် ဖြစ်နေတဲ့ ကျားသစ်မတစ်ကောင်နားကို ကပ်ဖို့ မဝံ့မရဲ ကိုဖြိုးကလဲ ဘာစကားမှ မပြောနိုင်ပဲ ကြောင်အမ်းအမ်း အငယ်မရဲ့ ငိုသံကတော့ တအိအိ သူမကတော့ နေရာက အရှင်လတ်လတ် ပျောက်သွားချင်တဲ့ စိတ်ဖြစ်မိနေပါသည် 
ထိုနေ့က အဖေ ရှိုက်ကြီးတငင် ငိုခဲ့သလို
အမေလဲ သတိလစ်သွားခဲ့သည် 
------------------------------------------------

ထိုနေ့နောက်ပိုင်းတွင် သူမတို့ မိသားစုလေးဟာ ပျော်စရာမကောင်းတော့သလို အခြေအနေက အေးခဲ တင်းမာလျက် သူမတို့ မောင်နှမတွေမှာ ဖုံးထားတဲ့ ကိစ္စတစ်ခုရှိမှန်း ရိပ်မိသွားတဲ့ မိခင်ကြီးရဲ့ မေးခွန်းများကို ရှောင်ရှားဖို့ အတွက်ဆိုလျှင်တော့ အလုပ်သာ ဖိလုပ်နေဖို့သာရှိသည် ကိုဖြိုးကလဲ သူ့အပြစ် သူသိပြီး စာကြိုးစားပြနေပေမယ့် စာအုပ်နဲ့ မျက်နှာ အပ်ထားတာသာ ရှိပြီး စာကျက်နေတာ ဘယ်တော့မှမတွေ့ အငယ်မလေးကတော့ ခလုတ်တိုက်တာကိုပင် ငိုနေတဲ့အထိ အသည်းငယ်တတ်သွားသည် အော် အဖေလား ညဘက်တွေလဲမအိပ် အရင်လို သူတို့မောင်နှမတွေကိုလဲ စလိုက်နောက်လိုက် မလုပ်တော့ တစ်ခုတော့ရှိသည် စစ်အေးကာလ လေးငါးခြောက်လအတွင်း အဖေ အတော်ပိန်ကျသွားခဲ့သည် အမေကတော့ သားသမီးနှင့် လင်သားကြားညှပ်နေပြီး စိတ်သောကကို အပြင်းထန်ဆုံးခံစားနေရရှာသည် ထိုအခြေအနေအတွင်း ဖခင်ကြီးရဲ့ ဖောက်ပြန်မှုကို အမေသိသွားမှာ ပိုစိုးရွံ့မိသည့်အတွက် မိခင်ကိုပါ ရှောင်ဖယ်နေရင်း သားအမိတွေ ကြားက ကွက်လပ်ပြင်ကြီးက နေရာတစ်ဖြည်းဖြည်းရလာတာကို သိသော်လည်း မတတ်နိုင်ခဲ့ အဖေ့ကို နောက်တစ်ကြိမ် ရင်ဆိုင်ရမည့် အရေးကိုလည်း သူမ တုန်လှုပ်နေခဲ့သည် သည်တစ်ခါ သူမရဲ့ စိတ်ကို ချုပ်တီးထားနိုင်ပါ့မလားလဲ အာမခံနိုင်တော့ ... 
“ ဟေ့ ကောင်မလေး ပုလဲ ”
“ အမလေး ပလုတ်တုတ် လန့်လိုက်တာ အော်ဦးလေး လာပါ အဖေတော်ကြာ ပြန်ရောက်တော့မှာပါ ”
“ အေးညည်းအမေကော ”
“ အမေလား ဟိုဘက်လမ်းကို လက်ချုပ်သွားပေးတယ် ”
“ ကိုဖြိုးကော စာတွေပိုင်နေပြီလား ”
“ ကျက်နေတုန်းပဲ ဦးလေး ”
“ အေး နှစ်ချင်းပေါက် အောင်ဖို့ ကြိုးစားနော် ယောကျာင်္းလေးက ပညာတတ်ဖို့ လိုတယ် ”
“ ဟုတ်ကဲ့ပါ ဦးလေး ” 
အဖေ့သူငယ်ချင်းက အိမ်ရှေ့ ဆက်တီတွင် ဝင်ထိုင်ပြီး သူတို့မောင်နှမ နှစ်ယောက်ကို နှုတ်ဆက်စကား ဆိုကာ သတင်းစာကို ဖြန့်ဖတ်နေသည် သူမလဲ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေရင်း တစုံတခုကို အတွေးပေါက်သွားကာ 
“ ဦးလေး ”
သတင်းစာထဲကို စိတ်ဝင်စားနေတဲ့ အဖေ့သူငယ်ချင်းက 
“ အေး ”
“ အဖေ အလုပ်မှာ အဆင်ပြေလား ”
“ အေး ထုံးစံအတိုင်းပါပဲ ဘာထူးခြားစရာရှိမှာလဲ ”
သူမသည် ယတိပြတ် ဆုံးဖြတ်ချက်ကို ချပြီး စက်ခုံမှထကာ ဆက်တီတွင် ဝင်ထိုင်လျက် 
“ အဖေ ခြေလှမ်းပျက်နေတာ ဦးလေး သတိထားမိလားဟင် ”
“ ဘာပြောတယ် ”
“ ဒီလိုရှိတယ် ဦးလေးရယ် .... ”
ထူးဆန်းတဲ့ သူမရဲ့ စကားကြောင့် လက်ထဲက သတင်းစာကို ချထားကာ နေရာကို ပြင်ထိုင်ပြီး သူမစကားကို စိတ်ဝင်တစား နားထောင်နေသည် ထိုအကြောင်းကို စပြီဆိုတာနဲ့ ကိုဖြိုးကလဲ စာကြည့်စားပွဲကို ပစ်ထားပြီး လာပူးပေါင်းသည် အခန်းထဲက အငယ်မပါ မယောင်မလည် ရောက်လာသည် သူမစကား အဆုံးတွင် အဖေ့သူငယ်ချင်း မျက်နှာက မချိုမချဉ် ဖြစ်လာသည် လူကလဲ မရိုးမရွနဲ့ တစ်စုံတစ်ခုကို ပြောရတော့မလိုလို မပြောပဲ ထားလိုက်ရမလိုလိုနဲ့ လုပြောနေကြတဲ့ သူမတို့ မောင်နှမသုံးယောက်ရဲ့ စကားကို နားထောင်ကြည့်ပြီးနောက် 
“ ဟား ဟား ဟား ဟား ဟား ”
မထင်မှတ်ပဲ ထရယ်လိုက်တဲ့ ဦးလေးကြီးကြောင့် တစ်ယောက်တစ်ပေါက် ပြောနေတဲ့ စကားတွေက တိခနဲ 
“ မင်းတို့ကွာ ငါလေ ပြောလို့လဲ မကောင်း မပြောပြန်တော့လဲ မင်းတို့ ကံကြီးထိုက်လိမ့်မယ် ”
“ ရှင် ဘာလဲ ပြောပြပါဦးလေးရယ် သမီးဆို အလုပ်တွေမှာမှား ကိုဖြိုးမှာလဲ စာမေးပွဲက နီးလှပြီ စာက ဟုတ်တိပတ်တိမရ အငယ်မကတော့ မိုးပြိုတော့မယ့်အတိုင်းပဲ သမီးတို့ အမေခမျာလဲ သနားဖို့တောင်ကောင်းတယ် သူ့ယောကျာင်္း ခြေလှမ်းပျက်နေတာ မသိရှာ အဖေကလဲ ရက်စက်လိုက်တာ လုပ်ရက် ”
“ တော်တော့ ပုလဲ နင်တို့လွန်နေပြီ ” 
သူမအသံကို အဆုံးသတ်ပေးလိုက်တဲ့ ဦးလေးက မတ်တပ်ရပ်နေသည်
“ အေး ငါမပြောချင်ပါဘူး ဒါပေမယ့် မင်းတို့ ကံကြီးထိုက်မှာ စိုးလို့ ပြောရတော့မယ် ဒီမယ် ကိုဖြိုး မင်းသူငယ်ချင်း မင်းအဖေနဲ့ တွဲမြင်ခဲ့တဲ့ မိန်းမဟာ ဘယ်သူလဲလို့ သူမပြောဘူးလား ”
“ သူကအနောက်ကပဲ မြင်တာ အဖေ့တောင် နောက်လှည့်လာလို့ တွေ့တာ ”
“ အေး အဲဒါ မင်းတို့ အမေပဲ ကွ ”
“ ဗျာ ”
“ ရှင် ” 
“ ရန်ကုန်က အိမ်ကျဉ်းကျဉ်းလေးထဲမှာ နေရတဲ့ လင်မယားတွေရဲ့ ဘဝကို မင်းတို့ မသိပဲ အရမ်းတွေ စွတ်လုပ်ခဲ့ကြတာပါလား အဖေ့ကိုကော အမေ့ကိုပါ တောင်းပန်လိုက်ကြ ....... 
အဖေ့သူငယ်ချင်း၏ အသံသည် သူမနှင့် ဝေး၍ ဝေး၍ သွားသော်လည်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် ရှိုက်ကြီးတငင် ငိုခဲ့ရှာသော အဖေ့ရဲ့ အသံက သူမရဲ့ ဘဝတစ်ခုလုံးကို ခြောက်လှန့်နေပါတော့မည်

သျှင်လေညင်း
၃၀၊ ၄၊ ၂၀၁၇