(Zawgyi)
" ဆရာကြီး ရန်ကုန်တက္ကသိုလ်တွင် အလုပ်လုပ်စဉ်က စာသင်ခန်းဝင်လျှင် လန်ဒန်တက္ကသိုလ်မှ ချီးမြှင့်လိုက်သော ဘွဲ့ ဝတ်ရုံကြီးကို ဝတ်ဆင်ဝင်ရောက်လေ့ရှိတယ်လို့ ကြားဖူးပါတယ်"
ကိုယ်တိုင်မြင်လို့ တင်ပြတာမဟုတ်တဲ့ တဆင့်စကားဟာ ဒေါက်တာသန်းထွန်းကို ရည်ညွှန်းတာဖြစ်ပြီး ဒေါက်တာသန်းထွန်း ကွယ်လွန်ခြင်း ၁၀နှစ်ပြည့် အထိမ်းအမှတ် စာတမ်းများ စာအုပ်ထဲမှ ဘွဲ့ကြိုဘဝက တွေ့ဖူးခဲ့တဲ့ ပါမောက္ခဆောင်းပါးထဲမှာ ဖတ်လိုက်ရပါသည် ဆောင်းပါးရှင်ကတော့ Kပေါလို့သိရပါတယ် ဆရာ့တပည့်များကိုယ်တိုင် စာစစ်ပြီး ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်ထဲမှ အကြောင်းအရာ ဖြစ်တာကြောင့် လက်ခံရမှာပဲ
ဒေါက်တာသန်းထွန်းအမည်ကို အမြဲ မန္တလေးတက္ကသိုလ်နဲ့တွဲပြီးတွေ့ရသော်လည်း ဆရာကြီး ကနဦးအလုပ်လုပ်တဲ့နေရာကတော့ ရန်ကုန်တက္ကသိုလ်ပဲ ဖြစ်ခဲ့ပါတယ်
Thursday, 31 August 2017
ပုဂံဆိုတာ ညဘက်တွင် ပိုလှသလား
(Zawgyi)
Night Study ဆိုတာ Field Archaeology သင်ခန်းစာကို နဖူးတွေ့ ဒူးတွေ့ဆုံစည်းရန် ကြိုးပမ်းကြတဲ့ လေ့လာရေး ကျောင်းသူကျောင်းသားများအတွက် အလွန်ကြီးမားသော အခွင့်အရေးတစ်ခုဖြစ်သည်
တစ်နှစ်တာကာလအတွင်း စာသင်ခန်းတွင် ဆည်းပူးခဲ့ရသည့် သီအိုရီတို့သည် ဖြေဆိုပြီးတဲ့ စာမေးပွဲနှင့်အတူ မပါသွားခင် အတင်းခေါင်းလောင်းတီးပြီးပြန်ခေါ်ကာ မင်မိုရီ ရီဖရက်ရှ်ဖြစ်နေတုန်း လက်တွေ့ စာတွေ့ လုပ်ငန်းစဉ်အား ထပ်တူချရမည် စာရွက်ထဲက မှတ်ဥာဏ်နှင့် အပြင်မှာ တွေ့ရတဲ့ သက်မဲ့အရာဝတ္ထုတို့သည် ကိုယ့်ထင်မြင်ယူဆချက်အတိုင်း တစ်ထပ်တည်းကျပါ့မလား မျက်မြင်အယူအဆတွေ ဘယ်လောက်တိုးတက်လာမလဲ ကြံဆရမည် ဖီးလ်ကြေး ရှစ်သောင်းသွင်းပြီး ဘုရားဖူးထွက်ခဲ့တာမဟုတ် ပညာရပ်တစ်ခု တိုးပွားစေဖို့ ဗဟုသုတ ရှာမီးရန် ကွင်းဆင်းအတွေ့အကြုံယူကြခြင်းဖြစ်သည်
ပုဂံကို ရှေးဟောင်းသုတေသန ရှုထောင့်နှင့် လေ့လာဖို့က ကျယ်ပြန့်လှသည် ဗိသုကာဗျူးပါသည် သမိုင်းဗျူးလဲ ထည့်ရမည် အနုပညာဗျူး လူမှုရေးဗျူး စာပေ လက်ရေးလက်သားနဲ့အက္ခရာအစရှိတဲ့ မြန်မာစာဗျူး တို့အပြင် ထိန်းသိမ်းစောင့်ရှောက်တဲ့ ဗျူးကလည်း ချန်ထားလို့မရ တူးဖော်ဆဲ နန်းတော်ရာလဲရှိတာမို့ exploration, excavation & publication လဲထည့်ရမည်
ဒါပေမယ့်
Friday, 25 August 2017
လောကထိပ်ပန်မှမေတ္တာတရား
(ZawGyi)
မြန်မာတွေလဲ ဘယ်တုန်းက နေဝင်ဆည်းဆာချိန်အလှကို ခံစားသွားတတ်ကြလဲမသိ ပုဂံရောက်လို့မှ နေဝင်ရီတရောချိန်ဆိုရင် ရွှေဆံတော်ကို ပြေးသွားတတ်ခဲ့ကြပြီ ရွှေရောင်တောက်နေတဲ့ နေဝင်ချိန်အလှဟာ ယဉ်ကျေးမှု ကူးလူးဆက်ဆံမှု ဆက်ခံမှုများကြားမှာ ချိုမြမြ အေးစက်စက် မန်ကျည်းဖျော်ရည်တစ်ခွက်အလား လန်းဆန်းစေသည်ဟု ခံစားမိကြတာများ ဖြစ်လေမလား
ထားပါတော့
အာနန္ဒာဂူဘုရားကြီးဆိုရင်လဲ ပုဂံသွားတောလား၏ အရေးပါသော ခေါင်းစဉ်တစ်ခုဖြစ်နေတာ မြေကြီးလက်ခတ်မလွဲ
စည်ကားသည် ခမ်းနားသည် အလှူ့ဒါယိကာကြီးကို လူတိုင်းသိကြသည် ကြည်ညိုသပ္ပါယ်စရာကောင်းလှသည့်အပြင် ကျယ်ဝန်းကာ အရိပ်အာဝါသ အပြည့်နှင့် အေးအေးလူလူ နားနေနိုင်သော နေရာဌာနတစ်ခုမို့ ပုဂံနှင့် အာနန္ဒာကို ဘယ်တော့မှ မခွဲ
ဒါလဲထားလိုက်ပါဦး
ထားလို့မရတာက ဒီဘုရားနှစ်ခုကြားက လောကထိပ်ပန်ဆိုတဲ့ အလယ်အလတ်အရွယ် ဂူဘုရားလေးကို ကပ်ကျော်နေကြတာကိုပါပဲ
ပုဂံခေတ်ကောင်းချိန်က လက်ရာတစ်ခုလို့ ခန့်မှန်းနိုင်တဲ့ လောကထိပ်ပန်ဘုရားကို လူတွေစိတ်မဝင်စားကြတာ အပြစ်လို့လဲ ပြောမရ လက်ညှိုးထိုးမလွဲအောင်များတဲ့ ပုဂံဘုရားများကို ပေးနိုင်တဲ့ အချိန်တွင်း အလျဉ်မီအောင် ဝင်ဖူးနိုင်ဖို့ဆိုတာက မလွယ်လှ လူသိများတဲ့ နေရာတွေကို ရောက်အောင်သွားနိုင်ဖို့သာ စိတ်စောနေကြရတာကိုး
မြင်းကပါကသစ္စာ
(ZawGyi)
ပုဂံရောက်ရင် မြင်းကပါ ဂူပြောက်ကြီးကိုဖြင့် လူတိုင်းရောက်အောင်သွားကြစမြဲ
ပုဂံရောက်ရင် မြင်းကပါ ဂူပြောက်ကြီးကိုဖြင့် လူတိုင်းရောက်အောင်သွားကြစမြဲ
မြင်းကပါ ဂူပြောက်ကြီး
ကျန်စစ်သားနဲ့ ရာဇကုမာရ်အမတ်ကြီးတို့ အချိတ်အဆက်
ကျောင်းနေဖူးတဲ့သူတိုင်း သိကြတဲ့သမိုင်းထဲက သရုပ်မှန်
ဘာမသိ ညာမသိနဲ့ တွေ့လေရာဘုရားတွေကို ရော်ယမ်းဦးချနေရတာနဲ့စာရင် အလွမ်းအဆွေး ကျေးဇူးတရားများနှင့် သားလိမ္မာတစ်ဦးရဲ့ ပြယုဂ်တွေရှိနေတဲ့ မြစေတီ ရာဇကုမာရ်ကျောက်စာနဲ့ မြင်းကပါ ဂူပြောက်ကြီးတို့ရဲ့ သမိုင်းက မြန်မာတို့နဲ့ မစိမ်း
သမိုင်းသမားတစ်ဦးရဲ့ ရှုထောင့်ကနေကြည့်ပြန်တော့လဲ နှစ်တစ်ထောင်ကျော်လာသည့်တိုင် အကောင်းအတိုင်းကြွင်းကျန်နေသေးတဲ့ နံရံဆေးရေးပန်းချီများက ပြောပြမဲ့ စကားသံများရဲ့ ဆွဲဆောင်မှုတို့ကြောင့် ထပ်ခါထပ်ခါ ခြေချမိတဲ့နေရာဆိုရင်လဲ မမှား
နာမည်ကျော်သော်ငြား အခါခါပြုပြင်ထားသော နောက်ခေတ်လက်ရာ မြစေတီရဲ့ ထည်ဝါမှုအောက်တွင် ငုတ်ရှိုးနေရရှာသော မူလပုဂံလက်ရာအတိုင်း ရှိနေသေးတဲ့ အရွယ်သေးသေး ဂူဘုရားရဲ့ အဝင်ဝမှာတင် ပိတ်ထားသော သံပန်းနှင့် တားမြစ်ချက်တစ်ချို့က ပထမ အတားအဆီး တစ်ခု
ဖွင့်ထားသော တံခါးတစ်ဘက်ကို ဖြတ်ပြီး ဝင်လိုက်တယ် ဆိုရင်ပဲ ပိန်းပိတ်အောင် မှောင်မဲနေခြင်းက ဒုတိယအတားအဆီး
ထိုအမှောင်ထဲတွင် စာရေးနည်း မတွင်ကျယ်သေးသော ကာလမှာ ပြောချင်ရာများကို ရုပ်ပုံဖြင့် ဖော်ပြထားတဲ့ စာရေးနည်းတဖြစ်လဲ မြန်မာ့လက်မှု နံရံဆေးရေးပန်းချီများကရှိနေသည်ဆိုသော်ငြား မီးဆလိုက်လေးလုံးက ဘုရားဖူးများနှင့် လက်မလည်တော့ တစ်ချို့က တစ်ပတ်ပတ်ရုံနှင့် ကျေနပ်ပြီး ပြန်ထွက်သွားကြသည်
သာမန်ဘုရားဖူးများအတွက် မထူးခြားသော်လည်း တိုက်ဆိုင်လေ့လာလိုသူများအတွက်တော့ ခက်ခဲလှတယ် ဆိုနိုင်ပေမယ့် ထိန်းသိမ်းနိုင်ဖို့က ပထမဦးစားပေးဖြစ်နေသည်မို့ မှတ်တမ်းယူပြီးသား ပုံများနှင့်သာ စေ့စေ့ပေါက်ပေါက်လေ့လာကြရုံ
ထိုဂူဘုရားတွင် တတိယ အတားအဆီးတစ်ခုရှိသေးသည်
မြင်းကပါ ဂူပြောက်ကြီးကို ရောက်ဖူးသူများ ထိုအတားအဆီးကို ကျော်ရန်က အခက်ခဲဆုံးသော စိန်ခေါ်မှုတစ်ခုဆိုလည်းအမှား
မြင်းကပါ ဂူပြောက်ကြီး၏ တတိယ အတားအဆီးဟု စာရေးသူ ညွှန်းဆိုလိုသော ထိုအရာသည် မြင်းကပါ သစ္စာတရားကို အကောင်းဆုံး ဖော်ညွှန်းပြသခဲ့သည်လို့လဲ ပြောနိုင်သည်။
ထိုအရာသည် ဘာလဲ သိကြပါသလား
စာရေးသူနှင့် ထပ်တူ ခံစားမိသလား စာရေးသူနည်းတူ ကြုံတွေ့ခဲ့ဖူးသလား သင့်အတွေးကို တစ်ခုခုကို ပို့စ်အောက်မှာ ချရေးကြည့်ပါလား
Sunday, 25 June 2017
Tuesday, 13 June 2017
G. H. Luce - THE EARLY SYĀM IN BURMA’S HISTORY
Not long ago, I was asked to give an opinion about a proposal to write the history of the Shans. The proposal came from a Shan scholar for whom I have great respect, and who was as well- fitted as any Shan I know to do the work. He planned to assemble copies of all the Shan State Chronicles extant; toglean all references to the Shan States in Burmese Chronicles; andfinally to collect source materials in English. Such, in brief,was the plan. I had to point out that it omitted what, for the older periods at least, were the most important sources of all: the original Old Thai inscriptions of the north, the number of which, if those from East Burma, North Siam and Laos, are included, may well exceed a hundred;1 and the dated contem- porary records in Chinese, from the 13th century onwards.
Wednesday, 7 June 2017
ကယန်း လူမျိုး အမျိုးသမီးများ၏ ကြေးစွပ် ဓလေ့။
(Zawgyi Version)
ကယန်းလူမျိုး များသည် အခြားမဟုတ်လည်ပင်းတွင် ခွေစွပ်ထားသော အမျိုးသမီးများ ကြောင့် ကမ္ဘာကပင် စိတ်ဝင်စားကြ သည်ကို လူတိုင်းသိရှိပြီး ဖြစ်လေသည်။ ကယန်း ဟူသောစကား သည် (ကမ်းယန့် )မှဆင်းသက် ပြောင်းလဲ လာသော စကား ဖြစ်သည်။ (ကမ်း) ဟူသော အဓိပ္ပါယ်မှာ နယ်မြေဒေသ၊ နယ်ပယ်၊ ဧရိယာ သတ်မှတ်ထားသော မြေသား အကျယ်အဝန်း ဖြစ်၍ ၊(ယန့် ) ဆိုသည်မှာ စွဲစွဲ မြဲမြဲရှိခြင်း၊ အတည်တကျ ရှိခြင်းဟု အဓိပ္ပါယ် ဆောင်သည်။ သို့ ဖြစ်ပါ၍ ကယန်း၏ အဓိပ္ပါယ် မှာ နယ်မြေဒေသ တစ်ခုအတွင်းအတည်တကျ နေသော သူများကို ခေါ်ဆိုခြင်းဖြစ်သည်။ ၎င်းတို့ အား (ပဒေါင်) ဟု ခေါ်လျှင် နှစ်သက်လေ့ မရှိပေ။ ပဒေါင် ဟုခေါ်ဆိုခြင်း မှာ ကယန်းဘာသာစကား မဟုတ်ပဲ ၊ ရှမ်းဘာသာစကား (ယန်းပဒေါင်း) ဟု အဓိပ္ပါယ်ရှိရာရှမ်းဘာသာ စကားဖြင်း ယန်း= ကရင်မျိုးနွယ် ၊ ပဒေါင်း= ကြေးပတ် ဖြစ်ရာ ယန်းပဒေါင်းကို ကြေးခွေစွပ်ထား သော ကရင်လူမျိုး ၊ရှမ်းဘာသာစကားဖြစ်သော ယန်းပဒေါင်း မှတွင်လာခြင်း ကြောင့် ဖြစ်သည်။ ကယန်း ပဒေါင် တို့ သည် အခြားတိုင်းရင်းသာ များနည်းတူ မွန်ဂိုကုန်းမြင့် ဒေသမှ ရေကြည်ရာ မြက်နုရာ အရပ်သို့  တရွေ့ ရွေ့  ဆင်းလာကြရာ မှ ယန်းစီမြစ် နှင့် ဟန်ဟို မြစ်ဖျားတွင် နေထိုင်ခဲ့ ဖူး သဖြင့် ယင်းဒေသ များမှ ဆင်းသက်လာသည်ကို အစွဲပြု၍ ကယန်းဟု ခေါ်ခြင်းဖြစ်သည် ဟုယူဆခဲ့ ကြသည်။
Tuesday, 6 June 2017
John Carman - Archaeology and Heritage - An Introduction
heritage field itself and, indeed, to the interpretation of our pasts.
In concentrating upon themes and issues, the book is expressly
theoretical in tone: it is not intended as a guide for practitioners on
how to 'do' heritage nor does it recommend particular ways of
managing the heritage. Nor yet should it be considered as an
examination 'primer'. Rather than offering representative examples
of heritage practices, it considers such practices in terms of the
meanings they hold and the consequences they produce. The book
therefore draws upon some current approaches to theorizing
material culture and archaeological practice to present to readers
some ideas about how we understand and relate to the remains,
sites, structures and buildings that have come into our present from
the past.
Monday, 5 June 2017
ကမ္ဘာကျော်တဲ့ မြန်မာ့လမ်းမကြီးများ
မြန်မာလမ်းBurma road နဲ့ လီဒိုလမ်းမကြီး Ledo road အကြောင်းကို လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက အင်တာနက်ပေါ်မှာ ဖတ်ဖူးပြီးသား ဖြစ်ပေမယ့် ဆရာမောင်သာ ရှေးဟောင်းသုတေသနရဲ့ အညာသားယဉ်ကျေးမှုနှင့် အခြားဆောင်းပါးများ စာအုပ်ထဲမှာ ကမ္ဘာကျော် မြန်မာလမ်းမကြီးများဆိုပြီး ထပ်တွေ့ရတော့ အရင်ဖတ်ဖူးတုန်းကနဲ့မတူပဲ တော်တော်လေး ပြည့်ပြည့်စုံစုံ ဖော်ပြထားတာကိုတွေ့ရသဖြင့် ထုံးစံအတိုင်း မနေနိုင်ပဲ စာရေးဖို့ ဖြစ်လာပါပြီ ။
ဆရာဦးဝင်းဇော် (မောင်သာရှေးဟောင်းသုတေသန)မှလဲ ကျမကို စာအုပ်ဖတ်ပြီးတဲ့အခါ feedback ပြန်ပေးဖို့ မှာကြားထားတာကြောင့်လဲ ထိုစာအုပ်ထဲတွင်ပါဝင်သော သမိုင်းဆိုင်ရာ ဆောင်းပါးကောင်းများစွာထဲမှ စိတ်ဝင်အစားဆုံးဖြစ်တဲ့ သည်ဆောင်းပါးလေးကို ရွေးထုတ်ဖြစ်ခဲ့ပါတယ် ။
ဒီလမ်းမကြီးဟာ တရုတ်နိုင်ငံ၏ အန္တရယ်အရှိဆုံး သေမင်းတမာန်လမ်းမကြီးများထဲမှာလဲ တစ်ခုအပါအဝင်ဖြစ်ခဲ့တယ်လို့ သိထားပါတယ် ။
ကျမတို့ မြန်မာနိုင်ငံဟာ အရှေ့တောင်ဘက်တွင် ရှိတဲ့တရုတ်နိုင်ငံအနောက်မြောက်ဘက်ရှိ အိန္ဒိယနိုင်ငံတို့အကြား ညှပ်နေသလို ဖြစ်နေတဲ့ ပထဝီအနေအထားကြောင့်
စစ်ရေးအရ အရေးပါတဲ့ နယ်မြေဖြစ်ခဲ့တာ ဟိုးရှေးရှေး ပဝေဏသီ ပျူခေတ်လောက် ကတည်းကပါပဲ ကုန်ကူးရင်း အနုနည်းဖြင့် နယ်ချဲ့ခြင်းခံခဲ့ရကာ ယဉ်ကျေးမှုတွေ ကိုးကွယ်ရာတွေ ဘာသာစကားနှင့် စာပေများအထိပါ မသိမသာ ရောထွေးလွှမ်းမိုးခဲ့ရပါတယ် ကဲထားပါ ဒါတွေချဲ့နေရင် လိုရင်းမရောက်ပဲ မိုးလင်းသွားပါလိမ့်မယ် ။
ဒီတော့ ဆရာ့ရဲ့ ဆောင်းပါးထဲက အချက်အလက်အချို့ကို ဖော်ပြပါ့မယ် ။ ကမ္ဘာကျော်တဲ့အထိ လူသိတဲ့ မြန်မာ့လမ်းမကြီးဟာ ၂ခုဆိုပေမယ့် တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ယူနန်ကူမင်းပြည်နယ်များနှင့် မြန်မာနိုင်ငံလားရှိုးမြို့ကို
ဆက်သွယ်ထားတဲ့ မြန်မာလမ်း နှင့် အိန္ဒိယနိုင်ငံ အာသံပြည်နယ် မြန်မာနိုင်ငံ ကချင်ပြည်နယ် ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့ကို ဆက်ထားတဲ့ လီဒိုလမ်းမကြီး ဟာဆိုရင်ဖြင့် မြန်မာနိုင်ငံ မူဆယ်မြို့အနီးတွင် ပေါင်းဆုံသွားတာကြောင့် လမ်းတစ်ခုတည်းသဖွယ်ဖြစ်နေတယ်လို့လဲ ပြောချင်ပြောနိုင်ပါသေးတယ် ။
မြန်မာလမ်းမကြီးသည် မိုင်ပေါင်း၇၁၇မိုင်ရှည်လျားသည်အထိ ကြမ်းတမ်းသော တောင်စွယ်တောင်တန်းများကို ဆက်လျက် ဖောက်လုပ်ထားပါတယ် ။
Thursday, 11 May 2017
Nancy Marie White - Archaeology For Dummies
About the Author
Being an archaeologist was something Nancy Marie White wanted to do from the time she learned how to spell the word as a kid. She was interested in Native American cultures, outdoor adventure, and the romance of finding ancient things and lost knowledge. After earning a BA in history, she went to live in Mexico, where she saw that studying archaeology and the rest of anthropology would lead to a fascinating life. She earned a PhD from Case Western Reserve University in Cleveland (home of rock and roll), and is now
professor of anthropology at the University of South Florida, Tampa, and a long-time member of the Register of Professional Archaeologists.
အညာပုဂံဘုရားဖူး
<Zawgyi Version>
မြန်မာတွေရဲ့ အတိတ်သမိုင်းအစစ်ကို သိချင်ရင် ပုဂံသွားကြည့် နိုင်ပါတယ်တဲ့ ..
ကိုယ့်အရှင် ကိုယ့်သခင် ကိုယ့်ဘုရင် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှာန်းနဲ့ နေထိုင်လာနိုင်ခဲ့တဲ့ သက်သေ
နန်းတော်ရာကြီးများနှင့် နန်းမြို့ရိုး
ဓနငွေကြေး အင်အားတောင့်တင်းမှုကို အကောင်းဆုံးဖော်ထုတ်တင်ပြနေတဲ့ သက်သေ လက်ညှိုးထိုးကြည့်တိုင်း မလွဲနိုင်လောက်အောင် များပြားခဲ့တဲ့ စေတီပုထိုးများ နှင့်အတူ
စည်ပင်ပြန့်ပွားခဲ့သော ဗုဒ္ဓဘာသာရေးဆိုင်ရာပြယုတ်များ
တစ်ဖြည်းဖြည်း တိုးတက်ထွန်းကားလာတာကို တွေ့နိုင်တဲ့ ဗိသုကာလက်ရာများ သဒ္ဓါတရား ထက်သန်
လွန်းစွာခြယ်မှုန်းတင်ပြထားတဲ့ ပန်းချီလက်ရာများ အပြင်အခြားသော အနုပညာ သုခုမ ပန်းဆယ်မျိုးဆိုင်ရာ အနုစိတ်လက်ရာများ အစရှိသဖြင့်ပုဂံဟာ မြန်မာ့သမိုင်းတစ်လျောက်လုံးအတွင်း မာန်ဟုန်မည်မျှ ကြီးမားခဲ့တာကို သိနိုင်ပါတယ်
-
Subscribe to:
Posts (Atom)











