(Zawgyi)
ဒီတစ်နှစ်အတွက် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန အသင်းဟာဖြင့် ကွင်းဆင်းခရီးကို ဟလင်းမြို့ဟောင်းသို့ သွားဖို့အလှည့်ကျပါတယ်။ ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ဘာသာအထူးပြုကျောင်းသူ ကျောင်းသားပေါင်း ၁၂၂ယောက်ရယ် ကြီးကြပ်သူ ဆရာ ဆရာမ ၈ယောက်တို့လိုက်ပါလာတဲ့ အောင်နိုင်မန်း ရန်ကုန် ရွှေဘို ကျွန်းလှ ခရီးသည်တင် ကားကြီး၃စီးဖြင့် ရန်ကုန်တက္ကသိုလ် ရှေ့ စာတိုက်နေရာတွင် စုရပ်ပြုကာ ၁.၄.၂၀၁၈ ညနေ ၅နာရီဝန်းကျင်မှ ရန်ကုန်မြို့တွင်းမှ အမြန်လမ်းမကြီးအတိုင်း စတင်ထွက်ခွာ ခဲ့ကြပြီး ည ၇း၀၅ မိနစ်တွင် ၃၉မိုင် ယာဉ်ရပ်နားစခန်းတွင် ညနေစာ စားသောက်ရန် နာရီဝက်ခန့် ရပ်နားကာ ၈း၂၀ခန့်တွင် ခရီးဆက်ခဲ့ပါတယ် ကားနံပတ် အမှတ်(၃)ကတော့ စာရေးသူစီးခဲ့ရတဲ့ကားဖြစ်ပြီး မာစတာ အောနပ်တန်း ဒီပလိုမာ ကျောင်းသားတို့ အတူစီးရပါတယ် ခုံအမှတ် ၃၉ နဲ့ ၄၀ တို့ဟာ လှုပ်လီလှုပ်လဲ့နဲ့ ထိုင်ဖို့ရာ ဒီပလိုမာတန်းက ကွီးတင်မိုးတို့ မဲကျတယ်ပဲ ဆိုကြပါတော့ ကွီးတင်မိုးတို့ကတော့ ဒေါင်ကျကျ ပြားကျကျ လှုပ်ရုံမက ပြုတ်ရုံပါပြုတ်နေပါစေ တောထဲ တောင်ထဲတောင် မြေသားမွှေ့ယာပေါ် ကျောခင်းအိပ်ရဲတဲ့ သဘာဝရှိတဲ့ Future archaeologist ကြီးမို့ အသာအယာပဲ ထိုင်စီးပေးခဲ့ပါတယ် အကြီးပီပီ အနစ်နာခံ ပေးတဲ့ ကွီးတင်မိုးတစ်ယောက် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ဌာနနဲ့ အရှည်သဖြင့် လက်တွဲနိုင်ပါစီလို့ မေတ္တာဝေပါတယ်
အမြန်လမ်းမ အပန်းဖြေနားခိုစရာ နေရာနောက်တစ်ခုဖြစ်တဲ့ ၁၁၅မိုင် ယာဉ်ရပ်နားစခန်းမှာလဲ နာရီဝက်ခန့် နားပြီးနောက် ည၁၀နာရီ နောက်ပိုင်းမှာတော့ မရပ်တော့ပဲ တောက်လျောက်မောင်းလာခဲ့တာမို့ ရွှေဘိုမြို့ကို နံနက် ၄နာရီခွဲခန့်တွင် ရောက်ခဲ့ပါပြီ
မနက်စောစော လူခြေတိတ်တဲ့ အချိန်က ငြိမ်သက်နေတဲ့ ငါးမည်ရ ပြည်ရွှေဘိုကြီးကို ကားပေါ်က လေ့လာရင်း ဟလင်းက အပြန်မှာ ရွှေဘိုကို ဝင်လေ့လာဦးမယ်ဆိုလို့ အားမလို အားမရ ဖြစ်နေတဲ့ စိတ်ကို ချုပ်ထိမ်းထားလိုက် ပါတယ် ထပ်တွေ့ကြသေးတာပေါ့ ပြည်ရွှေဘိုကြီးရေ
ရွှေဘို မန်းလေး လမ်းပေါ်က လမ်းခွဲလေးတစ်ခုကို ချိုးကွေ့သွားတဲ့ ရှေ့ကသွားနေတဲ့ ကားနောက်မြီးကို လိုက်ကြည့်နေတော့ ချိုးကွေ့သွားတဲ့ အခါ ဟန်လင်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ရောက်ပြီဆိုတဲ့ အသိက ရင်ကို သိမ့်ကနဲ လှုပ်ရှားစေခဲ့တယ်
ကိုယ်လာပြီ ဟလင်းရေ ကုန်းပေါင်း ၃၃ခုလောက်က ကိုယ်တွေဝါသနာအိုးများ မွှေနှောက် ခြင်းဒဏ်ကို ခံစားရဖို့ အသင့်ကြို စောင့်နေလိုက်တော့ ရှေးသုစကားနဲ့ neolithic ခေတ်ကတည်းက အရပ်စကားနဲ့ဆို ကျောက်ခေတ်သစ်တည်းက ယနေ့ထိ လူခြေမပြတ်ခဲ့တဲ့ ရပ်ဝန်းကြီးထဲ ရောက်ခဲ့ပါပြီ ကွင်းမဆင်းခင် တင်ကြိုလေ့လာရေး Literature review လုပ်ထားခဲ့ရတာမို့ ဟလင်းရဲ့ လူနေမှု စီးပွားရေးနဲ့ ယဉ်ကျေးမှု အဆောက်အအုံများက စိတ်ကူးထဲမှာတော့ အရမ်းခမ်းနားခဲ့ပါတယ် အတွေးထဲက ဟလင်းရဲ့ ခမ်းနားမှုတွေကို တူးဖော်ကြည့်ဖို့ အခွင့်အရေးရလာချိန်ဆို တော့ ဘယ်နေရာမှ အလွတ်မခံပဲ တွေ့သမျှ မှတ်သားရပါလိမ့်မယ်
ရွှေဘိုလမ်းခွဲက ဟလင်းမြို့ဟောင်းဆီသို့ ဝင်လာတဲ့ လမ်းဟာ ခရီးသည်တင် ကားကြီးများအတွက် ကျဉ်းလွန်းပါတယ် express ကြီးတွေ စီးပြီး ဝင်လာကြမဲ့ နိုင်ငံခြားသားတွေကို လမ်းပြ ခေါ်ဆောင်လာဖို့အတွက် တိုးရ်ဂိုက်တွေ စိတ်ဝင်စားမှာ မဟုတ်ပါဘူး